fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ပနားမားနိုင်ငံတောင်ပိုင်းတွင်ပြင်းအား၈.၀မဂ္ဂနီကျုရှိငလျင်လှုတ်ခတ်သွားသည်။
ပနားမားနိုင်ငံတောင်ပိုင်းတွင်ပြင်းအား၈.၀မဂ္ဂနီကျုရှိငလျင်လှုတ်ခတ်သွားသည်။
10 اکتبر, 00:49

အမေရိကန်သံအမတ်တစ်ဦးကို အမေရိကန်အိတ်စ်ပရက်စ် (American Express) ကတ်ဖြင့် ဝယ်ယူခြင်း NBC News အန်ဘီစီသတင်းဌာန၏ ဖော်ပြချက်အရ ဂရိ
အမေရိကန်သံအမတ်တစ်ဦးကို အမေရိကန်အိတ်စ်ပရက်စ် (American Express) ကတ်ဖြင့် ဝယ်ယူခြင်း NBC News အန်ဘီစီသတင်းဌာန၏ ဖော်ပြချက်အရ ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကင်ဘာလီ ဂွိုင်းဖိုလ် (Kimberly Guilfoyle) နှင့် သူမဦးဆောင်သော သံရုံး၏ လုပ်ရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန စစ်ဆေးရေးအရာရှိက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ၎င်းစုံစမ်းစစ်ဆေးမှုမှာ ၂၀၂၅ ခုနှစ် သူမ​၏ရာထူးအတည်ပြုချက်ကြားနာပွဲ မတိုင်မီက သူမ၏ American Express ကြွေးမြီဘေလ်ကို ရှင်းပေးရန် ဒေါ်လာ ၁၀၀,၀၀၀ တောင်းဆိုခဲ့သည်ဟု ထရမ့်ကို ထောက်ခံအားပေးသူ အလှူရှင်ဟောင်းတစ်ဦးက စွပ်စွဲခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဓိက စွပ်စွဲချက်များနှင့် ဖြစ်စဉ်များ • အလှူရှင် Eric Deters ၏ ပြောဆိုချက် - ထရမ့်ကို ထောက်ခံသူ အလှူရှင် Eric Deters ၏ အဆိုအရ ဂွိုင်းဖိုလ်သည် အစိုးရအရာရှိကြီးများနှင့် ချိတ်ဆက်တွေ့ဆုံခွင့်ပေးမည့် အစား ငွေကြေးတောင်းခံခဲ့သည်ဟု ဆိုသည်။ • လျှို့ဝှက်ငွေလွှဲခိုင်းမှု- ငွေကြေးများကို American Express သို့ တိုက်ရိုက် လွှဲပေးရန် ဂွိုင်းဖိုလ်က ညွှန်ကြားထားကြောင်းပြသသည့် စာတိုပေးပို့မှုများကို ၎င်းက ပံ့ပိုးပေးခဲ့ပြီး သူမက ထိုသို့လွှဲခြင်းဖြင့် "ဘယ်နေရာမှာမှ အချက်အလက် ပေါ်လာမှာ မဟုတ်ဘူး" ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ • သံတမန်ရေးရာ တုန်လှုပ်မှု - အဆင့်မြင့် သံတမန်ရေးရာ အရာရှိတစ်ဦးက ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုမျိုးသည် အလွန်ရှားပါးပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများကိုပါ တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဥပဒေပြုအမတ်များက အသေးစိတ် အပြည့်အစုံ စစ်ဆေးပေးရန် တောင်းဆိုမှုများ မြင့်တက်နေသော်လည်း အပြစ်ပေးအရေးယူမှု တစ်စုံတစ်ရာ ရှိလာပုံမပေါ်ပေ။ အင်္ဂါနေ့ညသန်းခေါင်ယံ အချိန်က အေသင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ရောက်ရှိလာစဉ် ဂွိုင်းဖိုလ်သည် လေဆိပ်တွင် နွေးထွေးစွာ ကြိုဆိုခဲ့သေးသည်။
09 اکتبر, 20:55

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း တို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
09 اکتبر, 20:48

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် ၁၀ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပ
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် ၁၀ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ် အောက်တိုဘာ ၉၊ ၂၀၂၆ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက်အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦးတို့သည် လက်နက်/ခဲယမ်း များနှင့်အတူ ဥပဒေ‌ဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် AK-47 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၃လက်၊ ပစ္စတိုသေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၅လုံး၊ စကားပြောစက် ၅လုံးတို့အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် တိုင်းမှူးက မောင်းပြန်ရိုင်ဖယ် ၁ လက်အတွက် ငွေကျပ် သိန်း ၅၀၊ လက်လုပ်သေနတ် ၃လက်အတွက် ငွေကျပ်သိန်း ၉၀၊ ပစ္စတိုသေနတ် ၁လက်အတွက် ငွေကျပ် သိန်း၂၀၊ ခြောက်လုံးပြူးသေနတ် ၁လက်အတွက် ငွေကျပ် သိန်း၂၀၊ လက်ပစ်ဗုံး ၅လုံးအတွက် ငွေကျပ် ၁၅သိန်း၊ စကားပြောစက် ၅ လုံးအတွက် ငွေကျပ် ၁၀ သိန်း၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၁၀ဦးအတွက် ၁ဦးလျှင် ၅၀၀၀၀ကျပ်နှုန်းဖြင့် ငွေကျပ် ၅သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း ၂၁၀ နှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက် လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးရာ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်မှအမျိုးသား ၁ဦး၊ အင်းစိန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှအမျိုးသား ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှအမျိုးသား ၁ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ဘီးလင်းမြို့နယ်မှ အမျိုးသား ၂ ဦး၊ သထုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
09 اکتبر, 20:47

နှစ်နိုင်ငံ အကြီးအကဲတွေရဲ့အပြန်အလှန်ပြော စကားတွေကို နိုင်ငံရေးအရ လေ့လာသုံးသပ်ကြည့်တဲ့အခါ...အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အလို
နှစ်နိုင်ငံ အကြီးအကဲတွေရဲ့အပြန်အလှန်ပြော စကားတွေကို နိုင်ငံရေးအရ လေ့လာသုံးသပ်ကြည့်တဲ့အခါ...အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အလိုလို အားပျော့သွားပြီဆိုတာ ရိပ်မိကြမယ် ထင်တယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းကလည်း ဦးနုဘာသာပြန်တဲ့ မိတ္တဗလာဋီကာ (ဒေလ်းကာနက်ဂျီ) ရဲ့ စာအုပ်ကို ပြေးသတိရမိစေတယ်။ -------- ဒီစာအုပ်ရဲ့ အဓိက အနှစ်သာရကို ပြောပါဆိုရင်လည်း...လူတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တဲ့ နည်းလမ်း၊ လူတွေရဲ့ ယုံကြည်မှုကို ရ‌ အောင်ယူတဲ့နည်းလမ်း၊ ကိုယ့်ရဲ့အမြင်ကို ထိထိရောက်ရောက် ဘယ်လို ပြောရမလဲ ဆိုတာနဲ့ တခြားသူတွေကို ဘယ်လို သြဇာလွှမ်းမိုးအောင် ဆောင်ရွက်ရသလဲ ဆိုတဲ့ အကြောင်းအရာတွေပဲ ဖြစ်မယ်ထင်တယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့...သမ္မတကြီးက အန်ဝါကို ပြောတဲ့အထဲမှာ ...မြန်မာက အာဆီယံထဲ ပြန်ဝင်ချင်ပါတယ် ဆိုတာ တစ်လုံးမှမပါဘူး။ မြန်မာအစိုးရကို အသိအမှတ်ပြုပေးပါဆိုတဲ့ တောင်းဆိုချက်မျိုးလည်း မရှိခဲ့ဘူး။ စပြောပါပြီဆိုကတည်းက ...မလေးရှာကို တပ်မတော်အကြီအကဲအနေနဲ့ ၃ ကြိမ်ရောက်ခဲ့ဖူးတယ်။ တော်တော်လေးကို ပြောင်းလဲ တိုးတက်နေပြီ ဆိုပြီး ချီးမွှမ်းခန်း အရင် စလွှတ်တယ်။ ------ ၉၇ မှာ အာဆီယံထဲ ဝင်ရောက်ဖို့ မလေးရှားက ကူညီပေးခဲ့တယ်ဆိုတဲ့ အတိတ်သမိုင်းကြောင်းကို တစ်ခုတ်တရ ကျေးဇူးတင်ကြောင် သာသာလေး ထည့်လိုက်တယ်။ ပြီးတော့ ကမ္ဘာ့ Halal ဈေးကွက်ကို အတူတူပူးပေါင်း ထိုးဖောက်ကြတာပေါ့တဲ့။ မလေးရှားဆိုတာ ဘာနိုင်ငံမှန်းသိတယ်။ တကယ့်ကို ပါးပါးနပ်နပ်လေး ပြောသွားတာ။ တကယ်တော့ ဘင် အရေးနဲ့ပတ်သက်ပြီး NLD လက်ထက်က မလေး-မြန်မာ ဆက်ဆံရေး အတော် ဆိုးရွားသွားခဲ့ဖူးတယ်။ ခုလက်ရှိလည်း ဘင် အရေးနဲ့ပတ်သက်ရင် မလေးက လူစွာဖြစ်နေတုန်းပဲ။ OIC အဖွဲ့ဝင်လည်း ဖြစ်တာကိုး။ ဒီတော့ Migration နဲ့ပတ်သက်ရင်...ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ စိစစ်ပြီး အခါအခွင့်သင့်ရင် မြန်မြန်လေး ပြန်ခေါ်ပါ့မယ်ပေါ့။ မြန်မာက အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်တဲ့ မလေးလူမျိုးတွေကိုလည်း သေသေချာချာလေး ပြန်လွှဲပေးပါ့မယ်ပေါ့။ ----- ဒီနေရာမှာ အဆုံးသတ်က ပိုလှတယ်။ နှစ်နိုင်ငံပြည်သူ တွေရဲ့ အနာဂတ်ဘဝတွေအတွက် အတူတူပူးပေါင်းပြီး နီးနီးကပ်ကပ် ဆောင်ရွက်ကြရအောင် ဆိုတဲ့အကြောင်း၊ အချိန်အခါပေးရင် မြန်မာကို လာလည်ဖို့ပါ တခါတည်း ဖိတ်သွားတာလေးက ....အာဆီယံမှာ အတော်လေးအသဲမာပါတယ်ဆိုတဲ့ အန်ဝါတောင် " အာဆီယံထဲ မြန်မာပါဝင်လာဖို့ တတ်နိုင်တဲ့ နည်းလမ်းကနေ အဖြေရှာသွားမယ်" လို့ ပြောယူရတဲ့အထိပဲ။ ဒါကိုကြည့်ရင် ...အာဆီယံ ဘုံ ၅ ချက်က အတော်လေး အဝေးရောက်သွားပြီး အရေးမပါတော့တဲ့ အနေအထားမျိုး ဖြစ်သွားပြီလို့ ပြောလို့ ရလောက်ပါပြီ။ SCEF တို့ ၊ NUG တို့လည်း နားလိုက်တာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ (နရီမိုး)
09 اکتبر, 20:47

အမေရိကန်သမ္မတ ထရမ့်မှ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုသို့ ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၅ သန်းနီးပါး တင်သွင်းပေးမည်ဖြစ်ကြောင်း က
အမေရိကန်သမ္မတ ထရမ့်မှ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုသို့ ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၅ သန်းနီးပါး တင်သွင်းပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် "အလွန်အောင်မြင်သော ဆွေးနွေးမှု" ပြုလုပ်ခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
09 اکتبر, 20:44

အစိုးရ၏ Online ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအသုံးပြုလျက်ရှိသော ပုဂ္ဂလိကဒီ
+3
အစိုးရ၏ Online ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအသုံးပြုလျက်ရှိသော ပုဂ္ဂလိကဒီဂျစ်တယ် ငွေပေးချေမှုစနစ်တို့အပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့သူအား ဖမ်းဆီးရမိ အောက်တိုဘာ၉၊၂၀၂၆
09 اکتبر, 11:59

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ထိုင်းနိုင်ငံသား လေး ဦးအား သက်ဆို
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ထိုင်းနိုင်ငံသား လေး ဦးအား သက်ဆိုင်ရာနိုင်ငံသို့  ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၂ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ အောက်တိုဘာ ၉၊၂၀၂၆
09 اکتبر, 11:50

လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ငွ
+3
လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ငွေကြေးလိမ်လည်နေသူများအား ဖမ်းဆီးရမိ အောက်တိုဘာ၉၊၂၀၂၆
09 اکتبر, 11:49

အမေရိကန်စစ်တပ်တွင်းမှအကြမ်းဖက်သမားကိုသေနတ်ပစ်အဖွဲ့ဖြင့်ကွပ်မျက်မည် NOM အမေရိကန်စစ်တပ်ဆရာဝန်ဗိုလ်မှူးနီဒါးလ်မာလစ်ဟာဆန်သည်၂၀၀၉ခ
အမေရိကန်စစ်တပ်တွင်းမှအကြမ်းဖက်သမားကိုသေနတ်ပစ်အဖွဲ့ဖြင့်ကွပ်မျက်မည် NOM အမေရိကန်စစ်တပ်ဆရာဝန်ဗိုလ်မှူးနီဒါးလ်မာလစ်ဟာဆန်သည်၂၀၀၉ခုမှစ်ကအလ္လာသည်အကြီးမြတ်ဆုံးဟုအော်ဟစ်ပြီးတပ်ဖွဲ့ဝင်၁၃ဦးကိုသေနတ်ဖြင့်ပစ်သတ်ကါ၃၂ဦးကိုဒဏ်ရာရစေခဲ့သည့်အတွက်အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီးဒီဇင်ဘာလ၃ရက်နေ့တွင်သေနတ်ပစ်အဖွဲ့ဖြင့်ပစ်ခတ်ကွပ်မျက်မည်ဖြစ်ကါအဆိုပါကွပ်မျက်မှုကိုအမေရိကန်ပြည်သူများအားတိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
09 اکتبر, 11:36

အာမေးနီးယားလွှတ်တော်အတွင်းမှအမတ်ချင်းခိုက်ရန်ဖြစ်ပွါး NOM
09 اکتبر, 11:27
02 نوامبر, ~07:24

လူမှုဖူလုံရေးအာမခံထားသူများ၏ သားသမီးပညာသင်စရိတ် ကျပ် ၃ သောင်းမှ ၇ သောင်းခွဲအထိ ခံစားခွင့်ရရှိမည်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား
လူမှုဖူလုံရေးအာမခံထားသူများ၏ သားသမီးပညာသင်စရိတ် ကျပ် ၃ သောင်းမှ ၇ သောင်းခွဲအထိ ခံစားခွင့်ရရှိမည်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမည် အောက်တိုဘာ၉၊၂၀၂၆
09 اکتبر, 10:49

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုး တို့အားခန့်အပ်တာဝန်ပေး။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုး တို့အားခန့်အပ်တာဝန်ပေး။
09 اکتبر, 10:15

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် အား တာဝန်မှ အနားယူခွင့်ပြု။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် အား တာဝန်မှ အနားယူခွင့်ပြု။
09 اکتبر, 10:12

ဒုတိယဝန်ကြီးများအား တာဝန်မှ အနားယူခွင့်ပြုခြင်း
ဒုတိယဝန်ကြီးများအား တာဝန်မှ အနားယူခွင့်ပြုခြင်း
09 اکتبر, 10:10

တာဝန်မှ အနားပေးခြင်းနှင့် ခန့်အပ်တာဝန်ပေးအပ်ခြင်း အောက်တိုဘာ၉၊၂၀၂၆
+4
တာဝန်မှ အနားပေးခြင်းနှင့် ခန့်အပ်တာဝန်ပေးအပ်ခြင်း အောက်တိုဘာ၉၊၂၀၂၆
09 اکتبر, 10:10
09 اکتبر, ~10:10

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား တာဝန်မှ အနားယူခွင့်ပြု။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်န
+1
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား တာဝန်မှ အနားယူခွင့်ပြု။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း အား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး။
09 اکتبر, 10:09

ဆော်ဒီနိုင်ငံ၊ ရီယဒ် (Riyadh) လေဆိပ်ကို ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံသား ၃ ဦး သေဆုံးသွားခဲ့ကြောင်း ဆော်ဒီအာရေး
ဆော်ဒီနိုင်ငံ၊ ရီယဒ် (Riyadh) လေဆိပ်ကို ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံသား ၃ ဦး သေဆုံးသွားခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံက အတည်ပြုလိုက်ပါတယ်။ ဟူသီတို့ တိုက်ချိန်အတွင်း လေယာဉ်ပေါ်၌ ရှိနေခဲ့သည့် ဆော်ဒီ လေကြောင်းလိုင်း၏ လေယာဉ်မှူးကြီး ဟာမူးဒ် အလီ အယ်လ်-ကာသာမီ (Hamoud Ali Al-Kalthami) လည်း သေဆုံးသွားခဲ့ပါတယ်။
09 اکتبر, 09:54

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၆) မှ သဘောတူ ခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရယူရန် တင်ပြရခြင်းဖြစ်ပါကြောင်း။ သို့ပါ၍ သဘောတူစာချုပ်အား အကျိုးသက်ရောက်စေရေး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၈၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေးအတွက် အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အာဆီယံဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအရ နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေးအတွက် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအနေဖြင့် အတည်ပြုစာချွန်လွှာ (Instrument of Ratification) ကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် နဝမအကျော့ ဆွေးနွေးညှိနှိုင်းမှုများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဖြေလျှော့ပေးရန် အဆိုပြုထားသည့် အာမခံနှင့် ယင်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ကဏ္ဍ၊ ဘဏ်လုပ်ငန်းနှင့် အခြားသော ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကဏ္ဍအောက်ရှိ ကဏ္ဍခွဲများတွင် ဖြေလျှော့ခွင့်ပြုရန်ကိစ္စများပါဝင်သည့် နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်တွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအားလုံးက စုံညီစွာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံနိုင်ငံများအားလုံး၏ အကျိုးအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးထံမှ အတည် ပြုစာချွန်လွှာ(Instrument of Ratifica-tion)များ တရားဝင်ရရှိပြီးမှသာလျှင် အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်ကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ လက်မှတ်ရေးထိုးထားပြီးဖြစ်သော ဖော်ပြပါသဘောတူညီချက် အသက်ဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှပြည်တွင်း လုပ်ငန်းစဉ်များဖြစ်သည့် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတို့သို့ တင်ပြ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုးပြီး သံတမန်လမ်းကြောင်းဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။ သို့ပါ၍ အတည်ပြုစာချွန်လွှာ (Instrument of Ratification) အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး သို့ ပေးပို့နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၉၊ ပုဒ်မခွဲ (က) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို အောက်တိုဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
09 اکتبر, 09:49

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုဘဏ် မှ ချေးငွေရယူရေးကိစ္စကို ဆောင်ရွက်ရာတွင် ဥပဒေ၊ ဘဏ္ဍာရေးစည်းကမ်း၊ ငွေကြေးတည်ငြိမ်မှုများနှင့် ပြည်သူ့ဘဏ္ဍာအပေါ် ရေရှည်သက်ရောက်မှုတို့ကို စနစ်တကျထည့်သွင်းစဉ်းစား၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုများနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းတို့ကို အခြေခံသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတို့ဖြင့် စနစ်တကျ ဆောင်ရွက်ကြပါရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။ ထို့နောက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၂)ဦးသန်းအောင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်စမ်းစမ်းဌေး၊ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံနှင့် ကြည့်မြင်တိုင် မဲဆန္ဒနယ်မှ ဦးခင်လှိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းအစီအစဉ်တို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားပါကြောင်း အသိပေးသည်။ ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ် ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်နှင့် စပ်လျဉ်း ၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ၂၀၂၆ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၇/၂၀၂၆) မှ ခွင့်ပြုချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား ဝင်ငွေ အပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်သမ္မတ၏ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ပါကြောင်း။ အဆိုပါ သဘောတူစာချုပ်အကျိုးသက်ရောက်စေခြင်းနှင့် စပ်လျဉ်းပြီးစာချုပ်၏ အပိုဒ် ၃၀၊ အပိုဒ်ခွဲ(၁)အရ စာချုပ်ဝင်နိုင်ငံများအချင်းချင်း သက်ဆိုင်ရာ ဥပဒေအရ လိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပြီးစီးကြောင်း အသိပေးအကြောင်း ကြားစာ (Instru-ment of Notification) ကို အပြန် အလှန်ပေးပို့ရမည် ဖြစ်ပါကြောင်း။ ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍ တိုးတက်စေရေးနှင့် နိုင်ငံတကာ စီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာစေရေးတို့အတွက် အရေးပါသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာခြင်း၏ ပြယုဂ်တစ်ခုဖြစ်ပါကြောင်း။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်သည် ဝင်ငွေခွန်အမျိုးအစား တစ်မျိုးတည်းဖြင့်သာ သက်ဆိုင်သည့်စာချုပ်ဖြစ်ပြီး နှစ်နိုင်ငံ၏ ပြည်တွင်းနေ ပုဂ္ဂိုလ်များဖြစ်သော တစ်ဦးချင်းပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအပေါ် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း။ ထို့ပြင် အဆိုပါစာချုပ်တွင် နှစ်နိုင်ငံအခွန်ဌာနများ အကြား သတင်းအချက်အလက်ဖလှယ်နိုင်သည့် ပြဋ္ဌာန်းချက်ပါရှိသည့်အတွက် အခွန်တိမ်းရှောင်မှုများကို နှစ်နိုင်ငံ ပူးပေါင်းကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် လည်းကောင်း၊ အခြားမိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်းကောင်း စုစုပေါင်း နိုင်ငံ ရှစ်နိုင်ငံနှင့် ဝင်ငွေအပေါ် အခွန်နှစ်ထပ် ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်များ ချုပ်ဆို ထားပြီးဖြစ်၍ နှစ်နိုင်ငံအခွန်ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
09 اکتبر, 09:49