fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်က ဘယ်လာရုစ်နိုင်ငံ၏ စာချုပ်တွင် Export လမ်းကြောင်း သည် မြန်မာနိုင်ငံမှ Export လုပ်ငန်းရှင်များအတွက် Working Capital ရရှိပြီး Ex-port Order Financing, Trade Finance တိုးတက်လာနိုင်ပါကြောင်း၊ နိုင်ငံခြား ငွေပေးချေမှုလမ်းကြောင်းများလည်း တိုးတက်လာ နိုင်ပါကြောင်း၊ နိုင်ငံအတွက် ပို့ကုန်များတိုးတက်လာ နိုင်ပြီး Foreign Exchange များလည်း တိုးလာနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်ကုန်သွယ်ရေး လုပ်ငန်းတိုးလာနိုင်ပြီး ဘဏ်များအကြား Correspon-ding Banking ဆက်သွယ်မှု ပိုမိုကောင်းလာနိုင်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် အင်မတန်အကျိုးကျေးဇူးများလာမည်ဖြစ်သည့်အပြင် ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကုန်ပစ္စည်းများဝယ်ယူရာတွင် အခြေခံအဆောက်အဦစီမံကိန်းများအတွက် လိုအပ်သည့် စက်ယန္တရားနှင့် နည်းပညာများကို ဝယ်ယူအသုံးပြုခြင်းဖြင့် နည်းပညာစွမ်းရည် တိုးတက်လာနိုင်ပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။   နိုင်ငံ၏စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လွန်စွာအကျိုး ကျေးဇူးကြီးမားမည်ဖြစ်သည့်အတွက် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။   ထို့နောက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၊ ရေနံချောင်းမဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်းနှင့် ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။   ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားပါကြောင်း အသိပေးသည်။   ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။   ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်အကြား ကွာဟမှုရှိလာသည့်အခါ အဆိုပါ ဘဏ္ဍာရေးလိုငွေကို သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြည့်ဆည်းနိုင်ရေးသည် နိုင်ငံတော်ဘဏ္ဍာရေးစီမံခန့်ခွဲမှု၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်း၊ ယခု ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တင်ပြလာသည့် အစီ အစဉ်သည်လိုငွေဖြစ်ပေါ်လာပါက လိုအပ်သည့် အတိုင်းအတာအထိသာ ဗဟိုဘဏ်က အစိုးရငွေတိုက် လက်မှတ်များကို ဝယ်ယူပြီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ခွင့်ပြုချက်ရယူခြင်း ဖြစ်သောကြောင့် နိုင်ငံတော်၏ ဘဏ္ဍာရေးလိုအပ်ချက်ကို အချိန်မီ စီမံဆောင်ရွက်နိုင်ရေးအတွက် အရေးပါသည့် အစီအစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ အစိုးရ၏ လိုအပ်သည့် အသုံးစရိတ်များကို အချိန်မီဖြည့်ဆည်းနိုင်ရေးသည် အရေးကြီးသော်လည်း ဗဟိုဘဏ်မှ ငွေကြေးဖြင့် ဖြည့်ဆည်းပေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှု၊ ငွေကြေးလည်ပတ်မှုအပေါ် သက်ရောက်မှု၊ ပြည်တွင်းကြွေးမြီဝန်ထုပ်ဝန်ပိုးနှင့် ငွေကြေးတန်ဖိုးတည်ငြိမ်မှုတို့ကို စနစ်တကျထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။   ဗဟိုဘဏ်၏ ငွေကြေးမူဝါဒနှင့် အစိုးရ၏ ဘဏ္ဍာရေးမူဝါဒတို့အကြား ညှိနှိုင်းဆောင်ရွက်မှု ကောင်းမွန်စွာရှိနေရန်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းနိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးနှင့် စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။   မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေက နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွင် ဝင်ငွေနှင့်အသုံးစရိတ် မမျှတသည့်အခါ လိုငွေပေါ်ပေါက်ခြင်းသည် မလွှဲမရှောင်သာ ကြုံတွေ့နိုင်သည့် အခြေအနေတစ်ရပ်ဖြစ်ပါကြောင်း၊ ထိုသို့လိုငွေကို ချေးငွေဖြင့် ဖြည့်ဆည်းခြင်းသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနည်းလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်က အစိုးရအား ချေးငွေထုတ်ပေးခြင်းကို အကန့်အသတ်မရှိ ဆောင်ရွက်ခြင်းမပြုဘဲ ချေးငွေပမာဏ၊ သက်တမ်း၊ အတိုးနှုန်းနှင့် ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလတို့ကို ဥပဒေအရကန့်သတ်ထားသည့် နိုင်ငံများစွာရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လိုငွေဖြည့်ဆည်းရန် ချေးငွေယူသည့်အခါ ဘဏ္ဍာနှစ်အတွက်လိုငွေကို ဖြည့်ဆည်းရန်သာမကဘဲ ငွေကြေးတည်ငြိမ်မှုနှင့် အနာဂတ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။
09 اکتبر, 09:47

သို့ဖြစ်ပါ၍ အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀၉(က)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၅(က)တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြန်လည် ရှင်းလင်းသည်။   ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာသည်။   ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘယ်လာရုစ်သမ္မတနိုင်ငံ၊ DBRB နှင့် Belin-vest-bank JSC တို့မှ ပို့ကုန်ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။   မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံဘဏ်လုပ်ငန်း ချိတ်ဆက်မှုဖြင့် လက်တွေ့ကျသော အခြေခံလုပ်ငန်း စဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ပို့ကုန်ချေးငွေရယူခြင်းမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံမှ စက်ယန္တရားနှင့် နည်းပညာများ ဝယ်ယူအသုံးပြုနိုင်ခြင်း၊ နည်းပညာဆန်းသစ်တိုးတက်လာပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ စက်မှုနှင့် လျှပ်စစ်ကဏ္ဍများတွင် တိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း။   ထို့ပြင် MSME လုပ်ငန်းများအတွက် Working Capital ရရှိသွားသောကြောင့် ပို့ကုန်ပမာဏ တိုးမြှင့် လာနိုင်ပြီး ပြည်ပဈေးကွက်နှင့် ချိတ်ဆက်၍ Letters of Credit, Documentary Collection စသည့် နိုင်ငံတကာကုန်သွယ်ရေး ငွေပေးချေမှုနည်းလမ်းများ အသုံးပြုရာတွင် ဘဏ်ချိတ်ဆက်မှု ပိုမိုအားကောင်းလာ နိုင်သည့်အတွက် ပို့ကုန်ငွေပြန်လည်ရရှိရမည့် ကာလအတွင်း ငွေကြေးဖိအား လျှော့ချလာနိုင်ခြင်း၊ ကုန်သွယ်ရေးမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုကျယ်ပြန့်ကောင်းမွန်လာကာ မြန်မာ့စီးပွားရေးအတွက် Export- led Growth ကို အထောက်အပံ့ပြုစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သောကြောင့် ဘယ်လာရုစ်သမ္မတနိုင်ငံ JSC Development Bank of the Republic of Belarus (DBRB) နှင့် JSC Belarusian Bank for Development and Reconstru-ction (Belinvestbank)တို့မှ ပို့ကုန်ချေးငွေရယူနိုင်ရေးနှင့် စပ်လျဉ်း၍ ထောက်ခံပါကြောင်း ဆွေးနွေးသည်။   ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့အကြားချုပ်ဆိုထားသည့် Export Loans ဆိုင်ရာ General Agreement သည် နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်စေရန်အတွက် ငွေကြေးပံ့ပိုးမှု မူဘောင်တစ်ရပ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခု သဘောတူညီချက်သည် သက်ဆိုင်ရာချေးငွေနှင့် စာချုပ်အခြေအနေအလိုက် သင့်လျော်သည့် ငွေကြေးအမျိုးအစားကို ရွေးချယ်နိုင်မည့် အခွင့်အလမ်းရရှိပြီး နိုင်ငံခြားငွေကြေးဖြင့် ချေးယူခြင်းဖြစ်သည့်အတွက် Exchange Rate Risk နှင့် အတိုးနှုန်းပြောင်းလဲမှု အန္တရာယ်များကိုလည်း သတိပြုရန်လိုအပ်ပါကြောင်း၊ ယခု General Agreement ကိုအတည်ပြုခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရုံသာမက နိုင်ငံတကာ ဘဏ္ဍာရေးအရင်းအမြစ်များကို အသုံးချပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် စက်ပစ္စည်း၊ နည်းပညာနှင့် အရင်းအနှီးပစ္စည်းများ ရရှိနိုင်ရေးအတွက်လည်း အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း။   သို့ပါ၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး၊ နည်းပညာနှင့် အရင်းအနှီးပစ္စည်းများရရှိရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ အတွက် အကျိုးရှိစေနိုင်မည်ဖြစ်သောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
09 اکتبر, 09:47

ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ပြည်တွင်းသုံး စက်သုံးဆီနှင့် ရေနံစိမ်းလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ အဓိကတင်သွင်းနေရပါကြောင်း၊ သဘောတူညီချက်ပါ အရေးပေါ်တုံ့ပြန်ရေးယန္တရားအရ စွမ်းအင်ထောက်ပံ့မှု ရုတ်တရက် လျော့နည်းပြတ်လပ်ပါက အရေးပေါ်အခြေအနေသတ်မှတ်ပြီး အာဆီယံနိုင်ငံများ၏ ကူညီထောက်ပံ့ရေးမူဘောင်ကို စတင်အသုံး ပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဤမူဘောင်တွင်ပါဝင်ခြင်းဖြင့် မိမိတို့ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ဒေသတွင်းဈေးကွက်သို့ ပိုမို ကျယ်ပြန့်စွာ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ အနာဂတ် ပြည်တွင်းစွမ်းအင် လိုအပ်ချက်များအတွက်လည်း ဒေသတွင်း LNG Terminal များနှင့် ကွန်ရက်များမှ တစ်ဆင့် ပြန်လည်တင်သွင်းနိုင်သည့် နည်းပညာနှင့် ကုန်သွယ်ရေးအခန်းကဏ္ဍများကို ရရှိမည်ဖြစ်ပါ ကြောင်း။ ထို့ကြောင့် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ ဒေသတွင်း အခြေခံအဆောက်အအုံ ချိတ်ဆက်ရေးနှင့်် ရေရှည်စီးပွားရေး အကျိုးစီးပွားများကို ရှေးရှုပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံရေနံ ဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်ကို အသက်ဝင်စေရန် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာ Instrument of Ratification ကို တရားဝင် ထုတ်ပြန်အပ်နှံရေးအတွက် ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုပေးပါရန် ထောက်ခံပါကြောင်း ဆွေးနွေးသည်။ ထို့နောက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၊ မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၊ ကချင်ပြည်နယ် ကိုယ်စားလှယ် အမှတ်(၄)ဒေါ်မီမီကျော်ထွန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့်နှင့် ကျွန်းစုမဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်းတို့က ဆက်လက်ဆွေးနွေးကြသည်။ ယင်းနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ရေရှည်စွမ်းအင်ဖူလုံမှုရှိရေးနှင့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။ အာဆီယံဒေသတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဖူလုံစေရေးနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှ သဘာဝဘေးများ၊ ကပ်ရောဂါများ၊ စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုအရေးပေါ်အခြေအနေ ကြုံတွေ့ရပါက အဖွဲ့ဝင်နိုင်ငံများအချင်းချင်း လွတ်လပ်သော သဘောဆန္ဒအလျောက် နိုင်ငံ၏အကျိုးစီးပွားကို မထိခိုက်စေဘဲရေနံနှင့် သဘာဝဓာတ်ငွေ့များကို အရေးပေါ်အခြေအနေ ကြုံတွေ့နေသော နိုင်ငံသို့ ရောင်းချပေးနိုင်ရေးနှင့် ဒေသတွင်းရေနံနှင့်သဘာဝ ဓာတ်ငွေ့ပြတ်လပ်မှုအရေးပေါ်အခြေအနေ လျှော့ချသွားနိုင်ရေး ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံချက်များ ရေးဆွဲချမှတ်မည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် လှည့်လည်စာဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း။ အဆိုပါ သဘောတူညီချက်မူဘောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ယခင်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅)၏ သဘောတူခွင့်ပြုချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ Full Power ရယူ၍ ပါဝင်လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း။ ထိုသို့လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်၏ အခန်း(၈)အပိုဒ်(၁) တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက စာချုပ်အား အတည်ပြုပါဝင်သည့်စာလွှာ (Instrument of Ratification) ကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ ပေးပို့ပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ ပြည့်မြောက်ချိန်တွင် သဘောတူညီချက်မူဘောင် အသက်ဝင်မည်ဖြစ်ကြောင်းဖော်ပြထားရာ သဘော တူညီချက်မူဘောင် အမြန်ဆုံးအသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာကို အဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်သဖြင့် တင်ပြရခြင်း ဖြစ်ကြောင်း။ ယခုအာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့မည့်စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်ကို အတည်ပြုကြောင်း အကြောင်းကြားသည့် စာလွှာဖြစ်ပါကြောင်း။ စာလွှာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၆) မှ သဘောတူခဲ့ပြီးဖြစ်ပါ ကြောင်း။
09 اکتبر, 09:46

အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်အသက်ဝင်နိုင်ရေးအတွက် စာချုပ်အားအတည်ပြုပါဝင်သည့်စာလွှာကိစ္စ လွှတ်တော်က အတည်ပြု အေ
အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်အသက်ဝင်နိုင်ရေးအတွက် စာချုပ်အားအတည်ပြုပါဝင်သည့်စာလွှာကိစ္စ လွှတ်တော်က အတည်ပြု   အောက်တိုဘာ ၈၊ ၂၀၂၆   တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။   အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၃ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။   ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်အဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သော ဗိုလ်ချုပ်ကြီးကိုကိုဦးက ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုသည်။   ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန်အတွက် ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာသည်။   ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။   ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က ယနေ့ခေတ် စွမ်းအင်လုံခြုံရေးသည် လောင်စာဆီရရှိရေးတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်တော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလုံခြုံမှု၊ အမျိုးသားလုံခြုံရေး၊ အစားအစာလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများ၏ နေ့စဉ်ဘဝလုံခြုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်လာပါကြောင်း၊ စာလွှာကိုလက်မှတ်ရေးထိုးပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်လုံခြုံရေးကို ဒေသတွင်း ပူးပေါင်းကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ စွမ်းအင်အကျပ်အတည်းသည် အကျပ်အတည်းမဖြစ်မီ ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုထိရောက်ပါကြောင်း၊ ယခုသဘောတူညီချက်ကို အတည်ပြုခြင်းသည် မိမိနိုင်ငံ၏ စွမ်းအင်မူဝါဒကို အခြားနိုင်ငံများထံ လွှဲအပ်ခြင်းမဟုတ်ဘဲ အရေးပေါ်ကာလတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းနိုင်မည့် ဒေသတွင်းအရေးပေါ် တုံ့ပြန်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် တည်ဆောက်ခြင်း ဖြစ်ပါကြောင်း။   AFAPS ကို အတည်ပြုလက်ခံခြင်းသည် လက်ရှိအကျပ်အတည်းကိုသာ ဖြေရှင်းရန်မဟုတ်ဘဲ၊ နောင်ဖြစ်ပေါ်လာနိုင်မည့် စွမ်းအင်အကျပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု၊ သယ်ယူပို့ဆောင်ရေးတည်ငြိမ်မှု၊ ကုန်ထုတ်လုပ်မှုတည်ငြိမ်မှုနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတည်ငြိမ်မှုတို့အတွက် စွမ်းအင်လုံခြုံရေးသည် အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေသော အခြေခံလိုအပ်ချက် တစ်ရပ်လည်း ဖြစ်ပါသောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။   ပေါင်းတည် မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်းက အာဆီယံဒေသတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ တိုးမြှင့်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်များလည်း တဖြည်းဖြည်းမြင့်တက်လာ လျက်ရှိပါကြောင်း၊ အထူးသဖြင့် ရေနံနှင့် ရေနံထွက် ပစ္စည်းများသည် သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နေ့စဉ် လူမှုစီးပွားဘဝများအတွက် အရေးပါသော စွမ်းအင် အရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတကာ ရေနံ ဈေးကွက် မတည်ငြိမ်မှု၊ နိုင်ငံတကာပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် နိုင်ငံတကာထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်မှုများသည် ရေနံနှင့် ရေနံထွက်ပစ္စည်းများ၏ ထောက်ပံ့မှုနှင့် ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိနိုင်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ရေနံဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် လိုအပ်ပါကြောင်း။   အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဒေသတွင်း စွမ်းအင်ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အထောက်အကူပြုနိုင်ရေးအတွက် အဆိုပါသဘောတူညီချက်မူဘောင်တွင် အတည်ပြုပါဝင်ခြင်းသည်သင့်တော်သည့် ဆောင်ရွက်ချက်ဖြစ်ပါသောကြောင့် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။
09 اکتبر, 09:46

မြဝတီမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ရိက္ခာများ ပေးအပ် အောက်တိုဘာ ၉
+8
မြဝတီမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား  ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်  ဆန်၊ ဆီ၊ ရိက္ခာများ ပေးအပ်   အောက်တိုဘာ ၉၊ ၂၀၂၆   ကရင်ပြည်နယ် မြဝတီမြို့နယ်၌ လတ်တလောဖြစ်ပွားနေသည့်နိုင်ငံရေး အခြေအနေများကြောင့်  ယာယီနေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ရိက္ခာ များထောက်ပုံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။   ဦးစွာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။   ဆက်လက်ပြီး  ကရင်ပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်၊ ဆီ၊ ရိက္ခာများကို ပေးအပ်ခဲ့ရာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်​ ​ရေးကော်မတီဥက္ကဋ္ဌ  ဦးဇော်မော်အောင်နှင့် အဖွဲ့ဝင် ဦးရဲထွဋ်ပိုင်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖလူးကျေးရွာအုပ်စုနှင့် မဲ့ထော်သလေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၃၅) စုအတွက် အိမ်ထောင်စုတစ်စု လျှင် ဆန် (၆)ပြည်အိတ်(၁) အိတ်နှင့်စားသုံး ဆီ (၁)လီတာ(၁)ဘူးတို့ကိုပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့်  ယာယီနေရပ်စွန့်ခွာ ပြည်သူများက လက်ခံရယူခဲ့ကြသည်။   ဆက်လက်ပြီး ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့်စပ်လျဥ်း၍ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
09 اکتبر, 09:42

မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြ
+1
မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါသည်။ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဆိုသည့် စကားရပ်နှင့်အညီ မြန်မာ့ဆန်၏ အရည်အသွေး၊ အနံ့အရသာနှင့် ထူးခြားကောင်းမွန်မှုတို့ကို ကမ္ဘာက အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အမျိုးသားဂုဏ်ယူမှုကိုလည်း မြှင့်တင်ပေးနိုင်သည့် ထူးခြားသော အောင်မြင်မှုတစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့ဆန်စပါး ကဏ္ဍမှ တောင်သူလယ်သမားများ၊ ဆန်စပါးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးချီးကျူးဂုဏ်ပြုအပ် ပါသည်။
09 اکتبر, 09:40

ပါကစ္စတန်ဝန်ကြီးချုပ် ရှဲဘတ်ဇ် ရှာရီးဖ် က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နောက်တစ်ကြိမ် ထပ်မံအဆိုပြ
ပါကစ္စတန်ဝန်ကြီးချုပ် ရှဲဘတ်ဇ် ရှာရီးဖ် က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နောက်တစ်ကြိမ် ထပ်မံအဆိုပြု ပေးပို့လိုက်ပြန်ပါတယ်။ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ ဒီလောက်အထိ အလွန်အမင်း မြှောက်ပင့် ဖားယားတာမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ဖူးလို့ လေ့လာသုံးသပ်သူတွေက မှတ်ချက်ပေးထားကြပါတယ်။
09 اکتبر, 09:40

မြန်မာ့ပေါ်ဆန်း ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award 2026) ဆုရရှိမှုအပေါ် နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေး ဗ
+5
မြန်မာ့ပေါ်ဆန်း ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award 2026) ဆုရရှိမှုအပေါ် နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေး ဗျူရိုမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ကျင်းပသော International World Rice Conference 2026 တွင် နိုင်ငံတကာ ဆန်အမျိုးအစားများ ပါဝင်ပြသခဲ့ပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ့ ပေါ်ဆန်းဆန်သည် World Best Rice Award ဆု ချီးမြှင့်ခြင်းကို လက်ခံရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပသော နိုင်ငံတကာဆန်စပါးညီလာခံ နှင့် ဆန်အမျိုးအစားများပြပွဲနှင့် ယှဉ်ပြိုင်ပွဲ တွင် မြန်မာပေါ်ဆန်းသည် ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award) ကို လက်ခံရရှိခဲ့၍ ယခု ရရှိမှုသည် ဒုတိယအကြိမ် ဖြစ်ပါသည်။
09 اکتبر, 09:35

ကင်းမွန်နှင့်ကျားနဂါး အမှတ်တံဆိပ်ပါ ငံပြာရည်တို့ကို ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းစေရန် FDA သတိပေး အောက်တိုဘာ၉၊၂၀၂၆
+1
ကင်းမွန်နှင့်ကျားနဂါး အမှတ်တံဆိပ်ပါ ငံပြာရည်တို့ကို ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းစေရန် FDA သတိပေး အောက်တိုဘာ၉၊၂၀၂၆
09 اکتبر, 08:42

ဓာတ်အားသုံးစွဲသူများသို့ အသိပေးတင်ပြချက် အောက်တိုဘာ၉၊၂၀၂၆
ဓာတ်အားသုံးစွဲသူများသို့ အသိပေးတင်ပြချက် အောက်တိုဘာ၉၊၂၀၂၆
09 اکتبر, 08:41

၂၀၂၈ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂)ဘီလီယံ ရရှိရန် ရည်မှန်းထား အောက်တိုဘာ၉၊၂၀၂၆ ၂၀၂၈ခုနှစ်အတွင်းပြည်ပကိုဆန်၊ဆန်ခွဲ၊တင်ပို့မှုအမေရိကန်‌ဒေါ် လာ၂ဘီလိယံရရှိရန်ရည်မှန်ထားကြောင်းစိုက်ပျိုးရေး၊မွေးမြူရေး၊ဆည်‌ေမြာင်း၀န်ကြီးဌာနမှသိရသည်။ နှစ်စဉ်ဆန်တင်ပို့မှုကိုတန်ချိန်၄သန်းမှတန်ချိန်၅သန်းအထိတိုးမြှင့်ထုတ်လုပ်ပြီးအမေရိကန်ဒေါ်လာ ၂ဘီလီယံရရှိရန်မျှော်မှန်ထားသည်။ အဆိုပါဆန်တန်ချိန်၅သန်းတင်ပို့နိုင်ဖို့ရည်မှန်ပြည့်မှီဖို့အတွက်ပြည်ပပို့ကုန်ဆန်စပါးစိုက်ဧက၊စိုက်ပျိုးရေဧက၅သန်းဖော်ဆောင်ပေးရန်လိုအပ်‌ေကြာင်းသိရသည်။ နှစ်စဉ်တိုးတက်မှုကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုအ‌ေပါ်မှာမူတည်ပြီးဆန်စပါးကိုစိုက်ပျိုးရေးနည်းစနစ်များကိုတိုးချဲ့သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်၂၀၂၆-၂၀၂၇ခုနှစ်ဘဏ္ဍာနှစ်ပြည်ပကိုဆန်၊ဆန်ခွဲတန်ချိန်၃သန်းတင်ပို့ထားပြီးဩဂုတ်လကုန်အထိတန်ချိန်‌ရှစ်သိန်းလေးသောင်းကျော်ထပ်ပို့မှု၏အမေရိကန်ဒေါ်လာ၂၉၁သန်းရရှိထားရသည်။
09 اکتبر, 05:32

တပ်တွင်းလူသတ်သမားကိုကွပ်မျက်မှုအားတိုက်ရိုက်ထုတ်လွှင့်ပြသမည် NOM ၂၀၀၉ခုနှစ်ကအမေရိကန်တက္ကဆပ်ပြည်နယ်ရှိဟုဒ်စစ်စခန်းအတွင်းစစ်တပ်
တပ်တွင်းလူသတ်သမားကိုကွပ်မျက်မှုအားတိုက်ရိုက်ထုတ်လွှင့်ပြသမည် NOM ၂၀၀၉ခုနှစ်ကအမေရိကန်တက္ကဆပ်ပြည်နယ်ရှိဟုဒ်စစ်စခန်းအတွင်းစစ်တပ်စိတ်ရောဂါကုဆရာဝန် နီဒါးလ်မာလစ်ဟာဆန်ကသေနတ်ဖြင့်လိုက်လံပစ်ခတ်သဖြင့်လူ၁၃ဦးသေဆုံးပြီး၃၀ဦးဒဏ်ရာရခဲ့သည်။ အဆိုပါလူသတ်သမားဆရာဝန်ကိုဒီဇင်ဘာလ၃ရက်နေ့တွင်သေနတ်ဖြင့်ပစ်ခတ်ကွပ်မျက်မည်ဖြစ်ပြီးထိုကွပ်မျက်မှုကိုတိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟုအမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကကြေညာလိုက်သည်။
09 اکتبر, 04:58
02 نوامبر, ~07:24

တွံတေးမြို့နယ်၊ သဘာဝရေကန်တွင်အမျိုးသားတစ်ဥဦးရေနစ်သေဆုံး NOM၊အောက်တိုဘာ၉၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျိုက်ကလဲက
တွံတေးမြို့နယ်၊ သဘာဝရေကန်တွင်အမျိုးသားတစ်ဥဦးရေနစ်သေဆုံး NOM၊အောက်တိုဘာ၉၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျိုက်ကလဲကျေးရွာ၊ တွံတေး-ကော့မှူးလမ်းဘေးရှိ သဘာဝရေကန်တွင်ယနေ့အောက်တိုဘာ၉ရက် နံနက်၉နာရီ၄၄မိနစ်ကအမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် တွံတေးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ၁နာရီ၇မိနစ်တွင် အမျိုးသား၏ရုပ်လောင်းအား တွေ့ရှိခဲ့ပြီး စိတ္တသုခပရဟိတအသင်းသူနာတင်ယာဉ်ဖြင့် တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
09 اکتبر, 04:24
02 نوامبر, ~07:24

ရန်ကုန်၌ စက်သုံးဆီစျေးထပ်တက် NOM၊အောက်တိုဘာ၉၊၂၀၂၆ ရန်ကုန်မြို့ရှိ ဓာတ်ဆီစျေးနှုန်းများ နှစ်ပတ်ဆက်တိုက် ထပ်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကော်မတီ၏ ယနေ့(အောက်တိုဘာ၉ ရက်) ဈေးနှုန်းများအရ ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၉၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၅၀၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၇၅ ကျပ်ဖြစ်ကြောင်း သိရသည်။ ၁ရက်မှ ၈ ရက်နေ့ထိအထိ စျေးနှုန်းများအနေဖြင့် 92 တစ်လီတာလျှင် ၄၅၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၇၉၅ ကျပ် ဖြစ်သည်။
09 اکتبر, 04:11

ဟစ်တလာ မူဆိုလီနီ မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရရှိ NOM ပီရူးနိုင်ငံ၊ ကာရိုပယ်လ်ကာမြို့၏မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဟစ်တလာ
ဟစ်တလာ မူဆိုလီနီ မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရရှိ NOM ပီရူးနိုင်ငံ၊ ကာရိုပယ်လ်ကာမြို့၏မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဟစ်တလာ မူဆိုလီနီ ဖလိုရက်စ် အမည်ရှိ နိုင်ငံရေးသမားတစ်ဦးသည် ထောက်ခံမဲ ၃၄.၅၄% ဖြင့် အနိုင်ရရှိခဲ့ပါသည်။  အာဏာရှင်နှစ်ဦး၏ အမည်ကို မှည့်ခေါ်ထားသည့် ထိုသူအား လက်ဝဲယိမ်းပါတီတစ်ခုဖြစ်သည့် Ahora Nación က မြို့တော်ဝန်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
09 اکتبر, 03:29

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် မြန်မ
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်း ကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည် ဖြစ်သည်။ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်း အချောထည် အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြစ်သည်။ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
09 اکتبر, 02:40

ငပြီကျွန်းသိမ်းတိုက်ပွဲတွင် ဆုတ်ခွာထွက်ပြေးသည့် AA အကြမ်းဖက်သမားများကို တပ်မတော်မှ ဒရုန်း၊ လက်နက်ကြီးပစ်ကူများဖြင့် လိုက်လံချေမှုန်းသုတ်သင်။
09 اکتبر, 02:38

MSMEs ချေးငွေ ကျပ်ဘီလီယံ ၈၉၀၀ကျော် ထုတ်ချေးထား NOM၊အောက်တိုဘာ၉၊၂၀၂၆ အသေးစား၊အငယ်စား၊အလတ်စားဖွံ့ဖြိုးတိုးတက်ရန်မြန်မာ့စီးပွားရေးဘဏ်နှင့်ပုဂ္ဂလိဘဏ်၁၉ဘဏ်တို့တဆင့်ထုတ်ချေးငွေပမာဏသည်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်ကုန်အထိကျပ်၈၉၇၄ဒသမ၂၂ဘီလီယံအထိရှိကြောင်းစက်မှုနှင့်အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးဌာနကသိရသည်။ MSMEများအ‌ေနဖြင့်ရှင်ပြိုင်နိုင်စွမ်းမြင့်မားသည့်တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ဖို့အတွက်တိုင်း‌ေဒသကြီးနှင့်ပြည်နယ်အသီးသီးရှိလုပ်ငန်းရှင်၃၁၄၈ဦးကိုနည်းပညာနှင့်အသိပညာများပံ့ပိုး‌ပေးခဲ့သည်။ MSMEကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အလေးထားဆောင်ရွက်ရန်အတွက်စက်မှု၀န်ကြီးဌာနကိုစက်မှုနှင့်အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးဌာနအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးအတိုးနှုန်းသက်သာသည့်ချေးငွေ၊နည်းပညာပံ့ပိုးပေးမှုများပေးပြီးအလုပ်အကိုင်အခွင့်အလမ်းအသစ်ဖန်တီးပေးခဲ့ကြောင်းသိရသည်။
09 اکتبر, 02:17

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ တက်ရောက်ဆွေးနွေးပြောကြားချက်မှ ကောက်နုတ်ချက်
09 اکتبر, 01:29

+1
ပြင်သစ်နိုင်ငံပဲရစ်မြို့တွင်ဆန္ဒပြမှုများပိုများလာ NOM
08 اکتبر, 22:19