uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 510 підписників, посідаючи 16 060 місце в категорії Новини і ЗМІ та 10 067 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 510 підписників.

За останніми даними від 20 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -281, а за останні 24 години на -11, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.99%. Протягом перших 24 годин після публікації контент зазвичай збирає 5.36% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 250 переглядів. Протягом першої доби публікація в середньому набирає 670 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 21 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 510
Підписники
-1124 години
-757 днів
-28130 день
Архів дописів
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အကျနေ့
+4
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အကျနေ့ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်ရှိ မြို့နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုအား လိုက်လံကြည့်ရှု ဧပြီ ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် နေရာသို့ သွားရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် ပြုလုပ်လျက်ရှိသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍပ်များရှိ ယိမ်းလှပျိုဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်‌ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒီသာကျွေးမွေးနေမှုများနှင့် ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် မုန့်လက်ဆောင်၊ ဂျုံကြို၊ ကြာဇံဟင်း၊ ရွှေရင်အေးများ စတုဒိသာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုရင်ပြင်၌ ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပွဲသို့ ရောက်ရှိရာ ထမနဲထိုးရန် ပါဝင်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပျော်ရွှင်စွာထမနဲထိုးနေမှုများအား မြို့နေပြည်သူများနှင့် တစ်ပျော်တစ်ပါး စုပေါင်းအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

+2
ဂါဇာမြို့အလယ်ပိုင်းတွင် ရဲတပ်ဖွဲ့သုံး မော်တော်ယာဉ်တစ်စီးကို အစ္စရေးက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးပြီး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့သည်။ ဂါဇာတွင် အစ္စရေးတို့ကျူးလွန်နေသော လူမျိုးတုံးသတ်ဖြတ်မှုများသည် ရပ်တန့်သွားခြင်းမရှိသေးပေ။ NOM

မဟာသင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်အစရှိသည့် မဏ္ဍပ်များ၌ ရိုးရာအစဉ်အလာနှင့်အ
+9
မဟာသင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်အစရှိသည့် မဏ္ဍပ်များ၌ ရိုးရာအစဉ်အလာနှင့်အညီ ဆက်လက်ဆင်နွှဲ ဧပြီ ၁၄၊ ၂၀၂၆ ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်  (အကျနေ့)တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ဥပုသ်သတင်းသီလဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်း လျက်ရှိသည်။ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ ဒလ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ကော့မှူး၊ ကိုကိုးကျွန်း၊ တွံတေးနှင့် ဒေါပုံမြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မင်းလှ၊ ထန်းတပင်၊ ကဝ၊ ရေတာရှည်၊ ကျောက်ကြီး၊ ဇီးကုန်း၊ နတ္တလင်း၊ အုတ်ဖို၊ ကျောက်တံခါး၊ ရွှေကျင်၊ ဖြူး၊ အုတ်တွင်းမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတ၊ ကြံခင်း၊ လပွတ္တာ၊ ညောင်တုန်း၊ ငပုတော၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ သာပေါင်း၊ ငါးသိုင်းချောင်းနှင့် ရွှေသောင်ယံမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်၊ ရမည်းသင်း၊ ဝမ်းတွင်း၊ မြစ်သားမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေစကြိ၊ မင်းလှမြို့နယ်တို့လည်းကောင်း၊ မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် နမ့်စမ်၊ ဆီဆိုင်မြို့နယ် တို့၌လည်းကောင်း၊ တနင်္ဿာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တို့၌လည်းကောင်း မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန်းလက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ် ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန် အကျနေ့ နံနက်ပိုင်းတွင် လူကြီး၊ လူငယ်အရွယ် စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်း ဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူးကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။ ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ ထမနဲ့သင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကလေးငယ်များမှအစ လူငယ်၊ လူရွယ်များအထိ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

အမေရိကန်နိုင်ငံ​၏ ထိပ်တန်းခေါင်းဆောင်များက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ နေ့စဉ်အစီရင်ခံစာတင်ပြနေရမှု နှင့် ပတ်သက်၍ အီရန် ဒုသမ္မတ၏ ပြောကြားချက် နေတန်ယာဟု (Netanyahu) က ပြောကြားရာတွင် အမေရိကန်ဒုသမ္မတ "ဗန့်စ် (Vance) သည် အစ္စလာမ်မာဘတ် (ပါကစ္စတန်) မှ အပြန်ခရီးတွင် သူနေ့စဉ်ပြုလုပ်နေကျအတိုင်း ကျွန်ုပ်ထံသို့ အစီရင်ခံစာ တင်ပြခဲ့သည်" ဟု ဆိုသည်။ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးသည် အခြားအစိုးရခေါင်းဆောင်တစ်ဦးထံသို့ "နေ့စဉ်အစီရင်ခံစာများ" ပေးပို့နေရခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ထက် (အမေရိကန်၏) ဖွဲ့စည်းပုံယန္တရားတစ်ခုလုံး အရှက်တကွဲ အရှုံ့ချခံနေရခြင်းပင် ဖြစ်သည်။ အိမ်ဖြူတော်သည် အခြားအစိုးရတစ်ခုအတွက် "အစီရင်ခံစာတင်ပြရာ ဌာနခွဲ" တစ်ခုသဖွယ် ဖြစ်နေသည်ကို အမေရိကန်ပြည်သူများ သိရှိကြပါသလား။ NOM

ဟူသီလက်နက်ကိုင်အဖွဲ့​၏ ဒုံးကျည်နှင့် ဒရုန်းများ​၏ ရန်ကိုကြောက်သဖြင့် တာဝန်ထမ်းဆောင်ရမည့် နေရာသို့သွားရန် အမေရိကန်လေယာဉ်တင်သင်
ဟူသီလက်နက်ကိုင်အဖွဲ့​၏ ဒုံးကျည်နှင့် ဒရုန်းများ​၏ ရန်ကိုကြောက်သဖြင့် တာဝန်ထမ်းဆောင်ရမည့် နေရာသို့သွားရန် အမေရိကန်လေယာဉ်တင်သင်္ဘောသည် အာဖရိကတိုက်ကြီးတစ်ခုလုံးကို ပတ်၍ ခုတ်မောင်းနေရ အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ် အိတ်ချ် ဒဘလျူ ဘုရှ် (USS George H.W. Bush) သည် အန်ဆာအလ္လာဟ် (ဟူသီ) လက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ပင်လယ်နီကို ရှောင်ကွင်းကာ အာဖရိကတိုက်ကို ပတ်ပြီး အနောက်အာရှသို့ သွားရာ လမ်းကြောင်းရှည်ကို ရွေးချယ်မောင်းနှင်နေရသည်။ ဗာ့ဗ် အယ်လ်-မန်ဒပ် (Bab al-Mandeb) ရေလက်ကြားကို ဖြတ်သန်းမည့်အစား အဆိုပါ လေယာဉ်တင်သင်္ဘောသည် တစ်လနီးပါး ကြာမြင့်မည့် လမ်းလွှဲကို အသုံးပြုနေခြင်းဖြစ်သည်။ ဤသည်မှာ ပုံမှန်မဟုတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ပင်လယ်နီတောင်ဘက် ထွက်ပေါက်တွင် အမေရိကန်၏ ရေတပ်အင်အားကို စိန်ခေါ်နိုင်စွမ်းရှိလာသည့် ယီမင်၏ တိုးတက်လာသော စွမ်းဆောင်ရည်ကို မီးမောင်းထိုးပြနေသည်။ အဆိုပါ လေယာဉ်တင်သင်္ဘော ဘုရှ် သည် ဒေသတွင်းရှိ လေယာဉ်တင်သင်္ဘော လင်ကွန်း နှင့် ပူးပေါင်းပြီး အမေရိကန် လေယာဉ်တင်သင်္ဘော နှစ်စင်းအင်အားဖြင့် ပင်လယ်ပြင်တွင် အခြေစိုက်တပ်စွဲရန် မျှော်မှန်းထားသော်လည်း အမေရိကန်၏ အင်အားအကောင်းဆုံး စစ်သင်္ဘောများသည် ဟူသီလက်နက်ကိုင်တို့နှင့် မတွေ့စေရန် လမ်းကြောင်းလွှဲနေရခြင်းမှာ ပင်လယ်ပြင်ရှိ အင်အားချိန်ခွင်လျှာကို စမ်းသပ်ခံနေရခြင်းပင် ဖြစ်သည်။ NOM

ပဲခူးမြို့၏ သင်္ကြန်အကျနေ့ အထူးစည်ကား ဧပြီ ၁၄၊ ၂၀၂၆ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအ
+6
ပဲခူးမြို့၏ သင်္ကြန်အကျနေ့ အထူးစည်ကား ဧပြီ ၁၄၊ ၂၀၂၆ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့အား ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ ရေသဘင်ပွဲပါဝင်ဆင်နွှဲကြသည့် သင်္ကြန်ပွဲလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုတို့နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှဲနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲ့များ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှု ပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများမှ စတုဒီသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်အကျနေ့၊ ပြည်သူများ ပါဝင်ဆင်နွှဲကြသူများစည်ကား ဧပြီ ၁၄၊ ၂၀၂၆ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန
+6
မဟာသင်္ကြန်ပွဲတော်အကျနေ့၊ ပြည်သူများ ပါဝင်ဆင်နွှဲကြသူများစည်ကား ဧပြီ ၁၄၊ ၂၀၂၆ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် မဏ္ဍပ်များတွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ပျော်ရွှင်စွာဖြင့် စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲကြသည်။ မဟာသင်္ကြန်အကျနေ့တွင် သာကေတ၊ ထန်းတပင်(ရန်ကုန်)၊ လားရှိုး၊ မူဆယ်၊ ပြင်ဦးလွင်၊ ပြည်ကြီးတံခွန်၊ ကံမ၊ ငဖဲ၊ သနပ်ပင်၊ ရွှေသောင်ယံ၊ မင်းလှ(ပဲခူး)မြို့နယ်တို့ရှိ သင်္ကြန်မဏ္ဍပ်များတွင် တေးသံရှင်များက တေးသံသာများ၊ ယိမ်းအကအလှအဖွဲ့များက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်ပွဲတော်နှင့် စတုဒိသာမဏ္ဍပ်တို့တွင် သင်္ကြန်ပွဲတော် အကျ‌‌နေ့တွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့‌ကြောင်း သိရသည်။

ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများသင်္ကြန်အကျနေ့စတုဒီသာအလှူ။
+8
ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများသင်္ကြန်အကျနေ့စတုဒီသာအလှူ။

အကြမ်းဖက်သမား အေအေစီရဲမင်း
+8
အကြမ်းဖက်သမား အေအေစီရဲမင်း

အီတလီကအစ္စရေးနှင့်ကါကွယ်ရေးပူးပေါင်းမှုရပ်ဆိုင်း NOM အီတလီအစိုးရသည် အစ္စရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အ
အီတလီကအစ္စရေးနှင့်ကါကွယ်ရေးပူးပေါင်းမှုရပ်ဆိုင်း NOM အီတလီအစိုးရသည် အစ္စရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အလိုအလျောက်သက်တမ်းတိုးခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက အင်္ဂါနေ့တွင် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများကို ကိုးကား၍ ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံသည် ၎င်း၏ ပထမဆုံး အမျိုးသမီး ကြည်းတပ်ဦးစီးချုပ်ကို ခန့်အပ် NOM ဩစတြေးလျအစိုးရက ဒုတိယဗိုလ်ချုပ်ကြီး ဆူဇန် ကွိုင
ဩစတြေးလျနိုင်ငံသည် ၎င်း၏ ပထမဆုံး အမျိုးသမီး ကြည်းတပ်ဦးစီးချုပ်ကို ခန့်အပ် NOM ဩစတြေးလျအစိုးရက ဒုတိယဗိုလ်ချုပ်ကြီး ဆူဇန် ကွိုင်းလ်အား ဇူလိုင်လတွင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး အငြိမ်းစားယူမည့်ဒုတိယဗိုလ်ချုပ်ကြီး ဆိုင်မွန် စတူးဝပ်နေရာအား အစားထိုးရန် ကြေညာခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ကွိုင်းလ်သည် လက်ရှိတွင် ပူးပေါင်းစွမ်းရည်များ ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ၁၉၈၇ ခုနှစ်က စစ်မှုထမ်းခဲ့သည်။ ဤခန့်အပ်မှုသည် ဩစတြေးလျစစ်တပ်၏ နှစ် ၁၂၅ နှစ်တာ သမိုင်းတွင် ကြည်းတပ်ကိုအမျိုးသမီးတစ်ဦး ဦးဆောင်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိတွင် ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့၏ ၂၁ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး အဆင့်မြင့်ခေါင်းဆောင်ရာထူးများ၏ ၁၈.၅ ရာခိုင်နှုန်းရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်းပါဝင်မှု ၂၅ ရာခိုင်နှုန်းရရှိရန် ပန်းတိုင်ထားရှိသည်။ ဩစတြေးလျအစိုးရက ရေတပ်ဗိုလ်ချုပ်ကြီး မာ့ခ် ဟမ်မွန်းဒ်အား ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်အသစ်အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး ဒေးဗစ် ဂျွန်စတန်အား ဆက်ခံရန် အတည်ပြုခဲ့သည်။ ရေတပ် ဗိုလ်ချုပ် မက်သယူး ဘတ်ကလေအား ဟမ်မွန်းဒ်နေရာတွင် ရေတပ်ဦးစီးချုပ်အဖြစ် အစားထိုးမည်ဖြစ်သည်။

လက်ဘနွန်နိုင်ငံဘေရွတ်မြို့တော်ရှိနယ်ချဲ့အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့်ပြိုကျပျက်စီးနေသောအဆောက်အအုံများရှေ့တွင်လက်ဘနွန်ဂီတပညာရှင်တစ်ဦးကကြေကွဲစွာတီးခတ်နေစဉ်

ပြည်သူများကိုမကါကွယ်နိုင်သဖြင့်လက်ဘနွန်စစ်သည်တစ်ဦးမျက်ရည်ကျ NOM လက်ဘနွန်အစိုးရကလက်ဘနွန်စစ်တပ်ကိုလက်နက်ဖြုတ်သိမ်းထားဖြင့်နိုင်ငံတောင်ပိုင်းတွင်နယ်ချဲ့ဝါဒီအစ္စရေးစစ်တပ်ကပြည်သူမျာားကိုစိတ်ကြိုက်သတ်ဖြတ်နေကြောင်းဆန္ဒပြသူတစ်ဦးကပြောကြားရာလက်ဘနွန်တပ်ဖွဲ့ဝင်တစ်ဦးမျက်ရည်ကျခဲ့ရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် ဧပြီ ၁၃၊ ၂၀၂၆ မြန်မာတို့အတွက် သင်္ကြန်၏အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းချိန်ကာလတစ်ခုဖြစ်ပြီး ထိုသို့ နှစ်သစ်ကူးပြောင်းသည့်အခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကိုဆေးကြောသည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာဆင်နွှဲကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီပွဲတော်များအနက် အကြီးကျယ်ဆုံးနှင့် အစည်ကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး၌ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ၍ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် အထင်ကရပွဲတော်တစ်ခုဖြစ်သည်။ ထိုသို့ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်သည့် ဇေယျာသီရိရှိ မြက်ခင်းပြင်သို့ရောက်ရှိရာ တပ်မတော်အရာရှိကြီးများနှင့် မိသားစုများက စံပယ်ပန်းကုံးကမ်း၍ အတာရေပက်ဖျန်းကာ ကြိုဆိုကြသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက် အနုပညာရှင်များက “နှစ်သစ်မင်္ဂလာ” သီချင်းဖြင့် သီဆိုမှုနှင့်အတူ ယိမ်းအဖွဲ့သမီးပျိုများက ကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်ရေကစားမဏ္ဍပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကိုလည်း အသီးသီးသွားရောက်ဖွင့်လှစ်ပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပ၍ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်သည်။ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ၏ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း၍ လန်းဆန်းစေပြီး နှစ်သစ်တွင် နိုင်ငံတော်တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ NOM

အီရန်နိုင်ငံအား ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုကို စတင်ပြီး တစ်ရက်မပြည့်မီမှာပင် ဆော်ဒီအာရေဗျနိုင်ငံက ထိုပိတ်ဆို့မှုကို ရပ်တန့်
အီရန်နိုင်ငံအား ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုကို စတင်ပြီး တစ်ရက်မပြည့်မီမှာပင် ဆော်ဒီအာရေဗျနိုင်ငံက ထိုပိတ်ဆို့မှုကို ရပ်တန့်ရန် အမေရိကန်သမ္မတ ထရမ့်ကို ဖိအားပေးနေကြောင်း WSJ (Wall Street Journal) က ဖော်ပြသည်။ ထိုသို့ ပိတ်ဆို့ခြင်းကြောင့် ဟူသီလက်နက်ကိုင်များက ပင်လယ်နီနှင့် ဘပ်အယ်လ်မန်ဒက် (Bab Al-Mandab) ရေလက်ကြားတို့တွင် ပဋိပက္ခများကို ပိုမိုအရှိန်မြှင့်လာစေနိုင်ကြောင်း ဆော်ဒီက သတိပေးထားသည်။ NOM

မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွ
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေး ဧပြီ ၁၃၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန်အတွက် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ညနေပိုင်းတွင်ရောက်ရှိရာ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့က အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ညစာစားပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ ရောက်ရှိ နေစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Grid၊ Yunnan Energy Group ၊ Union Resources & Engineering Co., Ltd. ၊ Yunnan Xianshang Export and Import Co.,Ltd. တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ China Southern Power Grid နှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှု၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် မြန်မာ-လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှုလုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု၊ လာအို-မြန်မာနယ်စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု၊ လာအို-မြန်မာ ဖြတ်ကျော်ဓာတ်အား လိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့် ဒေသများသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်ရန် ကြိုတင်အစီအမံပြုလုပ်၍ စီမံချက်ရေးဆွဲသွားရန် လိုအပ်မှုအခြေအနေ၊ ရန်ကုန်မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေးဆောင်ရွက် လိုသည့်အခြေအနေ၊ စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေး EV Charging Stations များကို ဆိုလာနှင့် ပေါင်းစပ်ပြီး မြန်မာဓာတ်အားစနစ်နှင့် ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေး Yunnan Energy Group ၊ Union Resources & Engineering Co.,Ltd. နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်တို့ဖြင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်မည့်အခြေအနေ၊ ကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ Yunnan Xianshang Export and Import Co.,Ltd. နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီတင်သွင်းရာတွင် သက်သာသောနှုန်းထားဖြင့် ရေရှည်တင်သွင်းနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ NOM

+1
နယ်သာလန်နိုင်ငံရဲ့ ဘုရင်နဲ့ မိဖုရားကို "အမေရိကန် ယေရှု"(ထရမ့်) နဲ့ သူ့ရဲ့ ဆလားဗစ်လူမျိုး ဇနီးသည်တို့က အဖြူရောင်ဘုရားကျောင်း (အိမ်ဖြူတော်) မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ NOM

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ် ဧပြီ ၁၃၊ ၂၀၂၆ သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသော
တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ် ဧပြီ ၁၃၊ ၂၀၂၆ သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟုအနက်အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူး ချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းလေ့ရှိကြပြီး ရေသည်အကြားအလပ်မရှိ ပြင်ညီတစ်သားတည်းသဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို အေးမြစေကြောင်းရေပက်ဖျန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။ ထိုသို့ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှစ်ဦး အားမာန် နေဝန်းနီသင်္ကြန်အတာရေကစားမဏ္ဍပ် အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ် ဗဟိုမဏ္ဍပ်နှင့် နမ့်စန်တပ်နယ်ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာသင်္ကြန် မဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ မြိတ်မြို့ မြန်မာ့ရိုးရာမဟာင်္ကြန် ဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည် ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော် မဏ္ဍပ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် စစ်တွေတပ်နယ်မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ မုံရွာမြို့ဗဟိုမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမဟာသင်္ကြန်မဏ္ဍပ် တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။ NOM

+1
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအား ယေရှုခရစ်တော်အဖြစ် ပုံဖော်ထားသည့် ပုံတစ်ပုံကို လူမှုကွန်ရက်တွင်တင်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားချက်မှာ "ကျွန်တော်ကတော့ အဲဒီပုံထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဖော်ထားတာလို့ ထင်နေတာ။" NOM

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် "တရုတ်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားအတွင်းသို့ ပုံမှန်အတိုင်း ဆက်လက်ဝင်ထွက်သွားလာနေပါသည်။ ကျွန်ုပ်တို့တွင် အီရန်နိုင်ငံနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များအပြင် စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များလည်းရှိထားပြီး ၎င်းတို့ကို ကျွန်ုပ်တို့အနေဖြင့် လေးစားလိုက်နာသွားမည်ဖြစ်သည်။ အခြားသူများအနေဖြင့် ကျွန်ုပ်တို့၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် မျှော်လင့်ပါသည်။ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားပြီး ကျွန်ုပ်တို့အတွက် (လမ်းကြောင်းကို) ဖွင့်လှစ်ပေးထားပြီး ဖြစ်သည်။" NOM