fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ကမ္ဘာ့ခေါင်းဆောင်များ၏ မိန့်ခွန်းရှည်ကြီးများ ပါဝင်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမဆုံးနေ့တွင် ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာ (Ahmad al-Sharaa) သည် ကုလသမဂ္ဂ၏ အကြီးမားဆုံး နှစ်ပတ်လည် စကားဝိုင်းကြီးမှ ခဏတာ စိတ်ထွက်သွားပုံရသည်။ အသစ်စက်စက် တည်ထောင်ထားသည့် ၎င်း၏အစိုးရကို နောက်ကွယ်မှ ပံ့ပိုးပေးနေသော တူရကီသမ္မတ အာဒိုဂန်မိန့်ခွန်းပြောကြားနေစဉ်အတွင်း အယ်လ်ရှာရာသည် အာရုံစိုက်မှုမရှိဘဲ ဖုန်းစခရင်ကိုသာ တောက်လျှောက် ပွတ်ကြည့်နေသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့သည်။
23 سپتامبر, 06:29

စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် အမေရိကန်ကုမ္ပဏီ ATAC ပိုင် Single-seat (တစ်ယောက်စီး) MK-58 တိုက်လေယာဉ်တစ်စီးသည် ကာလီဖိုးနီးယားက
စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် အမေရိကန်ကုမ္ပဏီ ATAC ပိုင် Single-seat (တစ်ယောက်စီး) MK-58 တိုက်လေယာဉ်တစ်စီးသည် ကာလီဖိုးနီးယားကမ်းလွန်တွင် ပျက်ကျခဲ့သည်။ ATAC ကုမ္ပဏီသည် အမေရိကန်ရေတပ်အတွက် လေကြောင်းတိုက်ခိုက်ရေး လေ့ကျင့်ရေးဝန်ဆောင်မှုများ ပေးအပ်နေပြီး တိုက်ပွဲဝင်ရန် ကျူးကျော်သူ လေယာဉ်အဖြစ် ဟန်ပြပါဝင်လေ့ကျင့်ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လေယာဉ်မှတ်ပုံတင်အမှတ် N345AX ရှိသော အဆိုပါ လေယာဉ်သည် လေ့ကျင့်ရေးပျံသန်းမှုပြုလုပ်စဉ် မော်ရိုဘေး၏ အနောက်မြောက်ဘက် ၆ မိုင်အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်မပျက်ကျမီတွင် လေယာဉ်မှူးသည် “မေဒေး၊ မေဒေး၊ မေဒေး၊ အင်ဂျင်မောင်းအား ကျသွားပါပြီ” ဟု အရေးပေါ်အကြောင်းကြားစာ ပေးပို့ခဲ့သည်။ လေယာဉ်မှူးကို အမေရိကန်ရေတပ် က ကယ်ဆယ်နိုင်ခဲ့သည်။ မတော်တဆမှုဖြစ်ပွားချိန်တွင် အဆိုပါ MK-58 လေယာဉ်သည် မွန်ထရီ (Monterey) နှင့် ဆန်လူးဝစ်အိုဘစ်စပို (San Luis Obispo) ခရိုင်များ၏ ကမ်းလွန်ဝေဟင်နယ်အတွင်း အခြားလေယာဉ် အနည်းဆုံး ၃ စီးနှင့်အတူ လေ့ကျင့်ရေး ပျံသန်းမှု ပြုလုပ်နေခြင်းဖြစ်သည်။
23 سپتامبر, 06:26

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ
+3
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်မျးအား တွေ့ဆုံ အမှာစကားပြောကြား လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း မိမိတို့ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြား စက်တင်ဘာ ၂၃၊ ၂၀၂၆ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်မျးအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
23 سپتامبر, 06:22

ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ကျင်းပသည့် စုပေါင်းသွေးလှူဒါန်းပွဲအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မ
+2
ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ကျင်းပသည့် စုပေါင်းသွေးလှူဒါန်းပွဲအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာရိုင်းစိုင်းစွာ အကြောင်းမဲ့လာရောက်နှောင့်ယှက်ပစ်ခတ်   စက်တင်ဘာ ၂၂၊ ၂၀၂၆   အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်သည့် ဆေးရုံ၊ ဆေးခန်းစာသင်ကျောင်းများအား နှောင့်ယှက်ပစ်ခတ်ခြင်း၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အအုံများအား မီးရှို့ခြင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်၍ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သာသနာတော်အကျိုးသယ်ပိုးလျက်ရှိသော ရဟန်းသံဃာတော်များ၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းနှင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဖမ်းဆီးနှိပ်စက်ပစ်ခတ်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာ ဥပဒေမဲ့ ကျူးလွန်လျက်ရှိကြသည်။ ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် CDF အမည်ခံအကြမ်းဖက်သမားများသည် ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သော စုပေါင်းသွေးလှူဒါန်းပွဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယုတ်မာရိုင်းစိုင်းစွာ လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။   နှောင့်ယှက်ပစ်ခတ်   ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်၌ ကျရောက်မည်ဖြစ်သည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနေစဉ် ဆေးရုံ၏မြောက်ဘက်မှ CDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအင်အား ခုနစ်ဦးခန့်သည်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။   ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်သည့် ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ အကြောင်းမဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက စက်ဆုပ်ရွံရှာမုန်းတီးစွာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။   နယ်မြေလုံခြုံရေးတိုးမြှင့်   အဆိုပါ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
23 سپتامبر, 00:35

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကြိုးပမ
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်း   စက်တင်ဘာ ၂၂၊ ၂၀၂၆   ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက်တွင် JSC Krutogorye-Petkovichi စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ နို့စားနွားခြံနှင့် အစာသိမ်းဆည်းသိုလှောင်မှုစနစ်နှင့် အစာကျွေးမှုစနစ်ကိုလည်းကောင်း၊ Mira OJSC "Mashpishcheprod" Mirabel-by လုပ်ငန်းစု၏ အာလူးစိုက်ပျိုးမှုနှင့် ထုတ်ကုန်များထုတ်လုပ်မှုကိုလည်းကောင်း လေ့လာခဲ့ကြသည်။   ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ Minsk International Exhibition Center (BELEXPO) တွင် ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗိသုကာနှင့်ဆောက်လုပ်ရေးပြပွဲ "BUDEXPO-2026" သို့ တက်ရောက်လေ့လာခဲ့ကြပြီး ဘယ်လာရုစ်နိုင်ငံ၏ ပုဂ္ဂလိကစိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများ၊ ဗိသုကာလက်ရာမြောက် အဆောက်အအုံများနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ မြေယာရှုခင်းများကိုလေ့လာခဲ့ကြပြီး သက်ဆိုင်ရာတာဝန် ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
23 سپتامبر, 00:34

ရန်ကုန်-ပြည်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသည့် အမှတ် (၇၄) အစုန်နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ အမှတ် (၈၃) အဆန် DEMU လူစီး
+1
ရန်ကုန်-ပြည်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသည့် အမှတ် (၇၄) အစုန်နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ အမှတ် (၈၃) အဆန် DEMU လူစီးအမြန်ရထားတို့ကို ခဲဖြင့်ပေါက်သူအား ဖမ်းဆီးရမိ   စက်တင်ဘာ ၂၂၊ ၂၀၂၆   မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်( ၇၄) အစုန် ပြည်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် တိုက်ကြီးမြို့နယ် ဖလုံနှင့်သနပ်ချောင်း ဘူတာအကြား မိုင်တိုင်အမှတ် ၄၈/၂၀ နှင့် ၁၉ အတွင်း ရထားဖြတ်သန်းစဉ် ရထားလမ်းအရှေ့ဘက်မှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ စက်ခေါင်းနောက်ကပ်လျက် ပထမတန်းတွဲ DEMU(F) 4019 ၏ ခုံအမှတ် 4A နှင့် 4 B အကြား ပြတင်းတံခါးဘေးလေကာမှန် ‌လေးလက်မခန့် ပေါက်ထွက်ကြေမွကွဲအက်မှုဖြစ်ပွားပြီး ခရီးသည်နှင့်ဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း သိရသည်။   အခင်းဖြစ်ပွားရာ နေရာသို့ ရထားရဲတပ်ခွဲအမှတ် (၁၉) ပြည်မှ ရထားလိုက်လုံခြုံရေး ရဲအုပ်ဦးစီး ငါးဦးနှင့်တာဝန်ရှိသူများသွားရောက်၍ တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး တိုက်ကြီးမြို့နယ်ရဲမှူးဦးစီးအင်အား စုစုပေါင်း ၁၅ ဦး ည ၈ နာရီ ၁၀ မိနစ်တွင်ရောက်ရှိ စုံစမ်းစစ်ဆေးခဲ့ရာ တရားခံဇော်ရဲအောင် အသက် (၃၄) နှစ် (ဘ) ဦးဝင်းဇော်လင်း၊ ဒုံးခိုက်ရွာ ဖလုံကျေးရွာအုပ်စုနေသူအား ဖြစ်စဉ်ဖြစ်ပွားသည့် စက်တင်ဘာ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင်ဖမ်းဆီးရမိပြီး တရားခံမှ ဝန်ခံထွက်ဆိုသဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ (၈၄) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၅ မိနစ်ဖြစ်ပေါ်ခဲ့ပြီး အခြားရထားများကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြောင်း သိရသည်။   အလားတူ ယနေ့နံနက် ၁၀ နာရီ ၂၇ မိနစ်တွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသော အမှတ် (၈၃) အဆန် DEMU လူစီးအမြန်ရထားသည် ပေါင်ဘူတာမှ နံနက် ၁၀ နာရီ ၁၃ မိနစ်တွင်ထွက်ခွာလာရာ ပေါင်မြို့နယ် ပေါင်နှင့်သဲဖြူကုန်း ဘူတာအကြား မိုင်တိုင်အမှတ် ၁၆၄/၉ နှင့် ၁၀ အတွင်း ရထားဖြတ်သန်းစဉ် ရထားလမ်း၏လက်ဝဲဘက်မှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ စက်ခေါင်းနောက် သုံးတွဲမြောက် အထက်တန်းတွဲ (၂) DEMU (U) 5007 ၏ ခုံအမှတ် 10 A နှင့် 10 B အကြား ပြတင်းတံခါးဘေး လေကာမှန်ပေါက်ပြီး စက်ခေါင်းနောက်ငါးတွဲမြောက် ပထမတန်းတွဲ (၄) DEMU (F) 4013 ၏ ခုံအမှတ် 10 A နှင့် 10 B အနီး ပြတင်းတံခါးမှန် ပေါက်ထွက်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့သည်။ ခရီးသည်နှင့်ဝန်ထမ်းများထိခိုက်မှုမရှိဘဲ ဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၈ မိနစ်ဖြစ်ပေါ်ခဲ့ပြီး အခြားရထားကြန့်ကြာမှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ အဆိုပါရထားအား နောက်ပြန်ဆုတ်ပြီး တရားခံအားရှာဖွေဖော်ထုတ်ခဲ့ရာတွင် ကျော်လင်းထွန်း၊ အသက် (၄၄) နှစ် (ဘ) ဦးမောင်အေး၊ ဘန့်ဘွေးကုန်းကျေးရွာ ရာသက်ပန်လမ်း ပေါင်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ (၈၄) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။   မြန်မာ့မီးရထားအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ပြီး ဖမ်းဆီးရမိသောတရားခံများကို ဥပဒေနှင့်အညီ ထောင်ဒဏ်များ အသီးသီးချမှတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သိရသည်။
23 سپتامبر, 00:33

ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သူများ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်ကာ ရွှေ့ဆိုင်းခွင့်ပြုသူများ
ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သူများ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်ကာ ရွှေ့ဆိုင်းခွင့်ပြုသူများ
22 سپتامبر, 23:50

ကြည့်မြင်တိုင်တွင် ယာဉ်တိုက်မှုဖြစ် ၁၁ ဦး ဒဏ်ရာရရှိ NOM၊စက်တင်ဘာ ၂၃၊၂၀၂၆ ရန်ကုန်တိုင်း‌ေဒသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် စက
ကြည့်မြင်တိုင်တွင် ယာဉ်တိုက်မှုဖြစ် ၁၁ ဦး ဒဏ်ရာရရှိ NOM၊စက်တင်ဘာ ၂၃၊၂၀၂၆ ရန်ကုန်တိုင်း‌ေဒသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်၊ နံနက် ၂ နာရီကျော်က ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ဟုမ်းလမ်းမှတ်တိုင်အနီးတွင် Hijet ကားနှင့် Probox ကားတို့ဝင်တိုက်မှုကြောင့် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ယာဉ်တိုက်မှုဖြစ်စဉ်ကိုတော့ သေချာမသိလိုက်ရဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန် လူနာများတော့ ဖြစ်စဥ်မစုံစမ်းနိုင်ပဲ လူနာတွေကို အရေးပေါ်ပြုစုပြီး ဆေးရုံပို့ရတာမို့လို့ပါ။ ကားကတော့ Hijet နဲ့ Probox တိုက်တာ။ လူနာတွေက ဒလဘက်ကလို့သိရတယ်။ စျေးကြိုကားလို့ထင်တယ်။ စိုးရိမ်ရတဲ့သူကတော့ ကျွန်တော်အမြင်တော့ သုံးယောက်တော့ပါမယ်ထင်တယ်။ ကျန်တာတွေကတော့ ဆရာဝန်တွေပဲ အသေးစိတ်သိမှာပါ။” ဟု မြို့ခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူများကို ကြီးလေးကြီးအသင်းလူမှုကူညီရေးအသင်း အားမာန်အသင်းနှင့် ပြည်သူလူရွှင်တော်အသင်းတို့က ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
22 سپتامبر, 23:07

အစ္စရေးက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များအား 'ကြက်တူရွေး’ များအဖြစ် လှောင်ပြောင် 'အစ္စရေးကိုပဲ အပြစ်ပုံချ’ ဟုပြော ‘ကုလသမဂ္ဂ အတွင်းထဲမှ တိုက်ရိုက်ထုတ်လွှင့်မှု။ ဒီနှစ်ရဲ့ ကြက်တူရွေးများ… ’ ဟုပြော ‘မုသားတွေကို ထပ်ခါထပ်ခါ ပြောနေရုံနဲ့ အမှန်ဖြစ်မလာပါဘူး’ ဟုပြော
22 سپتامبر, 22:34

ယင်းအခမ်းအနားတွင် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့ (CIS)၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) တို့မှလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံအပါအဝင် ဗင်နီဇွဲလား၊ မာလီ၊ ဘာရိန်း၊ အဘ်ခါဇီးယား၊ တာဂျစ်ကစ္စတန်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ္စတန်၊ မော်လဒိုက်၊ သီရိလင်္ကာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR)၊ အီကွေဒေါ၊ တွန်ဂါ၊ တောင်ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် မာဒါဂတ်စကာနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ၊ အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် ဗဟိုအာဖရိကစီးပွားရေးနှင့် ငွေကြေးအသိုက်အဝန်းလူငယ်များသမဂ္ဂ (UJ-CEMAC) တို့မှ ကိုယ်စားလှယ်အဖွဲ့များက မှတ်ချက်ပြုပြောကြားခဲ့သည်။ လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအကအလှများကိုလည်း လေ့လာခွင့်ရရှိခဲ့ပြီး အထင်ကရနေရာများသို့လည်း လှည့်လည်ကြည့်ရှုခွင့်ရရှိခဲ့သည်။ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲသို့ နိုင်ငံပေါင်း ၁၃၃ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၃ ခုမှ ရွေးကောက်ပွဲလေ့လာသူ ၁၁၂၆ ဦး၊ နိုင်ငံပေါင်း ၅၃ နိုင်ငံမှ နိုင်ငံတကာ သံတမန် ၁၂၈ ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
22 سپتامبر, 22:27

ရုရှားဖက်ဒရေးရှင်းနိုင်ငံ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲသို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရ
+1
ရုရှားဖက်ဒရေးရှင်းနိုင်ငံ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲသို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ   စက်တင်ဘာ ၂၂၊ ၂၀၂၆   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲသို့ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်အဖွဲ့သည် ယနေ့ ညနေ ၄ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။   လေ့လာရေးခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Pavel Andreev နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက်စင်တာသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်ပုံနည်းလမ်းများကို လေ့လာခြင်း၊ ပြည်သူ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဌာနချုပ် (Public Election Observation Head Quarters) သို့ သွားရောက်လေ့လာခြင်းနှင့် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် “Elections in Times of Turbulence” ခေါင်းစဉ်ဖြင့်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။   ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း မော်စကိုမြို့ Central Administrative Okrug၊ Tagansky District ရှိ မဲရုံအမှတ် ၁၈၂၊ Southern Administrative Okrug၊ Donskoy District ရှိ မဲရုံအမှတ် ၁၇၇၂ နှင့် ၁၇၇၉၊ Moscow Oblast ၊ Klinsky District ရှိ မဲရုံအမှတ် ၈၈၂ ၊ ၈၈၃ နှင့် ၈၈၄ တို့သို့ သွားရောက်လေ့လာခဲ့ပြီး မဲလက်မှတ် အသုံးပြုမဲပေးနေမှု၊ E-Voting စနစ်ဖြင့် မဲပေးနေမှုတို့ကိုလေ့လာကြည့်ရှု၍ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်းစစ်ဆေးသည့်အဆင့်မှသည် မဲပုံးအတွင်းသို့ မဲစာရွက်ထည့်သည့်အဆင့်ထိ အသေးစိတ်လေ့လာကာ မဲရုံဆောင်ရွက်နေမှု အခြေအနေများအား CCTV ဖြင့် စောင့်ကြည့်လေ့လာနေမှုတို့ကိုလည်း လေ့လာကြည့်ရှုခဲ့သည်။   ရုရှားဖက်ဒရေးရှင်းနိုင်ငံ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၉၁၀၀၀ ကျော်၊ မဲဆန္ဒရှင်စုစုပေါင်း ၁၁၁ သန်းကျော်ရှိပြီး တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၂၀၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။   စက်တင်ဘာ ၂၁ ရက်တွင် ကိုယ်စားလှယ်အဖွဲ့သည် ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခဲ့ခြင်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်နှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအဖြစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာခဲ့ရာတွင် မဲရုံများနှင့်မဲပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများသည် စနစ်ကျနမှုရှိပြီး မဲဆန္ဒရှင်များအနေဖြင့် မည်သည့်နှောင့်ယှက်ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှုမျှမရှိဘဲ မိမိတို့၏မဲပေးပိုင်ခွင့်ကို လွတ်လပ်စွာကျင့်သုံးနိုင်သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ မဲရုံတာဝန်ရှိသူများအနေဖြင့် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေ့စပ်တိကျစွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်တစ်လျှောက် ပွင့်လင်းမြင်သာမှုရှိပြီး E-Voting စနစ်များ၊ Portable Electronic Voting Machine များကိုလည်း အသုံးပြုထားသည့်အတွက် မဲဆန္ဒရှင်များအနေဖြင့် ပိုမိုလွယ်ကူချောမွေ့စွာ မဲပေးနိုင်သည်ကိုလည်း လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ ကျန်းမာရေးမကောင်းသူများနှင့် မသန်စွမ်းသူများအတွက် နေအိမ်မှမဲပေးခြင်း (Home Voting) စနစ် ဆောင်ရွက်ပေးထားရာ မဲဆန္ဒရှင်များအတွက် အဆင်ပြေစေပြီး မဲပေးမှုရာခိုင်နှုန်း ပိုမိုတိုးတက်စေသည့်စနစ်တစ်ခုအဖြစ် လေ့လာခဲ့ရပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရသကဲ့သို့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များသည်လည်း ၎င်းတို့၏တာဝန်များကို စနစ်တကျဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ဒူးမားလွှတ်တော်ရွေးကောက်ပွဲသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အေးချမ်းစွာကျင်းပနိုင်ခဲ့ပြီး လွတ်လပ်မျှတကာ ပွင့်လင်းမြင်သာမှုအပြည့်ရှိသည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။
22 سپتامبر, 22:27

+4
4926 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဒေသတွင် ခိုအောင်းနေသည့် အကြမ်းဖက် AA သူပုန်များအား ချေမှုန်းသုတ်သင်ခြင်း။
22 سپتامبر, 22:23

ဟူသီစနိုက်ပါသမားက ဆော်ဒီကြေးစားစစ်သားတစ်ဦးရဲ့ ဦးခေါင်းကို တည့်တည့်ပစ်ခတ် ထိမှန်ခဲ့သည်။
22 سپتامبر, 21:52

ထရမ့်က အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ ပြောလိုက်ပြီးတဲ့နောက် ကမ္ဘာ့ရေနံစျေးတွေ သိသိသာသာ ထိုးဆင်းသွားပါတယ်။
ထရမ့်က အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ ပြောလိုက်ပြီးတဲ့နောက် ကမ္ဘာ့ရေနံစျေးတွေ သိသိသာသာ ထိုးဆင်းသွားပါတယ်။
22 سپتامبر, 20:29

ကုလသမဂ္ဂအထွေထွေညီလာခံတွင်တူရကီသမ္မတမိန့်ခွန်းပြောစဉ်အစ္စရေးကိုယ်စားလှယ်အဖွဲ့ကညီလာခံခန်းမအတွင်းမှထွက်ခွါသွားသည်။ NOM
22 سپتامبر, 14:34

ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် ဂူတာရက်စ်က အစ္စရေးနိုင်ငံအပေါ် ပြောကြားချက် NOM သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အစ္စရေး၏ အကြမ်းဖက်မှု၊ ရွှေ့ပြောင်းမှုနှင့် အခြေချနေထိုင်မှု တိုးချဲ့မှုများသည် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖျက်ဆီးနေပြီး လူမျိုးတုန်းသတ်ဖြတ်မှုအရိပ်အယောင်ကို မြှင့်တင်ပေးနေပါသည်။
22 سپتامبر, 14:19

ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည့် စုပေါင်းသွေးလှူဒါန်းပွဲအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာရိုင်းစိုင်းစွာ အကြောင်းမဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်
22 سپتامبر, 12:53

ကြက်ဥပဲ စားကြပါတော့ - ဈေးကြီးတဲ့ အမဲသားအစား အခြားအစားအစာတွေကို ပြောင်းလဲစားသုံးဖို့ အကြံပြုခဲ့ပြီးနောက် အမေရိကန် စိုက်ပျိုးရေ
ကြက်ဥပဲ စားကြပါတော့ - ဈေးကြီးတဲ့ အမဲသားအစား အခြားအစားအစာတွေကို ပြောင်းလဲစားသုံးဖို့ အကြံပြုခဲ့ပြီးနောက် အမေရိကန် စိုက်ပျိုးရေးဝန်ကြီး ဝေဖန်ခံနေရ The Independent သတင်းစာ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် သြဂုတ်လအတွင်း အမေရိကန်၌ အမဲသားနုတ်နုတ်စင်း တစ်ပေါင်လျှင် ပျမ်းမျှ ၇.၁၆ ဒေါ်လာအထိ ရှိခဲ့ပြီး လွန်ခဲ့သော တစ်နှစ်က ၆.၆၃ ဒေါ်လာသာ ရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ စိုက်ပျိုးရေးဝန်ကြီး ဘရုခ် ရိုလင်းစ် (Brooke Rollins) ကိုယ်တိုင်ကလည်း စားသောက်ကုန်ဈေးနှုန်းများ အလွန်မြင့်မားနေဆဲဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း အစိုးရအဖွဲ့အနေဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းရေးအတွက် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ 'ကျမတို့ဆီမှာ အမဲသား စားသုံးသူဦးရေဟာ စံချိန်တင်အောင် ပိုများလာပါတယ်။ ဒါပေမဲ့ အမဲသားက ဈေးအလွန်ကြီးနေရင်တော့ စက်သုံးဆီနဲ့မတူဘဲ ကြက်သား၊ ဝက်သား၊ ဆယ်လ်မွန်ငါးနဲ့ ကြက်ဥတွေကို ပြောင်းလဲစားသုံးနိုင်ပါတယ်။ ဒါတွေဟာလည်း အရည်အသွေးမြင့် ပရိုတင်းဓာတ် ရရှိနိုင်တဲ့ အခြားအရင်းအမြစ်တွေဖြစ်ပြီး ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း ကျဆင်းနေပါပြီ' ဟု ဝန်ကြီးက ဆိုခဲ့သည်။
22 سپتامبر, 12:52

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မက္ကဆီကိုနိုင်ငံအပေါ် သမ္မတထရမ့်၏ ပြောကြားချက် - အမေရိကန်ပြည်ထောင်စုအနေဖြင့် ရန်သူမူးယစ်ဂိုဏ်းများ စိုးမိုးထားသော နယ်မြေတစ်ခုနှင့် မိုင်ပေါင်း ၂,၀၀၀ နီးပါး ထိစပ်နေသည့် နယ်နိမိတ်ကို မျှဝေထားရခြင်းသည် လက်ခံနိုင်စရာ မရှိပါ။ ထို့ကြောင့် မက္ကဆီကိုနိုင်ငံသည် မိမိတို့၏ ပိုင်နက်နယ်မြေကို လူသားမျိုးနွယ်၏ ရန်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက် ထိန်းချုပ်ရမည် ဖြစ်ပါသည်။
22 سپتامبر, 12:47

+1
စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ဂျာမနီနိုင်ငံရှိ Spangdahlem လေတပ်စခန်းတွင် အမှတ် (၄၈၀) တိုက်လေယာဉ်အုပ်စုမှ အမေရိကန်လေတပ်ပိုင် F-16C တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။ လေယာဉ်မှူးမှာ အချိန်မီ အရေးပေါ်ခုန်ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
22 سپتامبر, 12:42