fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
အမေရိကန်သမ္မတ ထရမ့်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် "တရားမဝင် ဝင်ရောက်နေထိုင်မှုဟာ လူ့အခွင့်အရေး မဟုတ်ပါဘူး" "ဒီကမ္ဘာ့လုံးဆိုင်ရာဝါဒီ (Globalists) တွေဟာ အကန့်အသတ်မရှိ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှုကို အဆက်မပြတ် တွန်းအားပေးခြင်းအားဖြင့် အကြီးကျယ်ဆုံးသော ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေကို ဖျက်ဆီးနေကြတာ ဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
22 سپتامبر, 12:37

ဒိန်းမတ်ဝန်ကြီးချုပ် မက်တေ ဖရဲဒရစ်ဆန် (Mette Frederiksen)၊ ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်-ဖရဲဒရစ် နီးလ်ဆန် (Jens-Frederik Nielsen) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဂရင်းလန်းလုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်သည်။
22 سپتامبر, 12:31

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်သည်။ ညစာသုံးဆောင်နေစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အနုပညာအဖွဲ့နှင့် သံရုံးမှဝန်ထမ်းများက ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
22 سپتامبر, 12:29

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့တ
+5
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်   စက်တင်ဘာ ၂၂၊ ၂၀၂၆   တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်သည်။   အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။   ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။   ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။   ယင်းနောက် ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံများ ဖြစ်ကြကြောင်း၊ ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် စစ်မှန်သည့် အိမ်နီးချင်းကောင်းပီသမှုတို့ကိုအခြေခံပြီး နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုကို ပိုမိုတိုးတက်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများလည်းဖြစ်ကြကြောင်း။   ထို့ပြင် ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင်ရှိသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်း၊ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးနေမှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်များတွင် အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် မြန်မာနိုင်ငံဘက်မှ အပြုသဘောထောက်ခံကူညီပေးနေမှုများအတွက်လည်း များစွာတန်ဖိုးထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သာယာဝပြောပါစေကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုထာဝရ တည်တံ့ပါစေကြောင်း ပြောကြားသည်။   ဆက်လက်၍ ဒုတိယသမ္မတနှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
22 سپتامبر, 12:29

မကွေးတိုင်း၊ ဆိပ်ဖြူမြိုနယ်၊ ရေနံချပ် (ရွာသစ်) ကျေးရွာအနီးတွင် တရားမဝင်ရေနံတူးဖော်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲများက ဖျက်
+8
မကွေးတိုင်း၊ ဆိပ်ဖြူမြိုနယ်၊ ရေနံချပ် (ရွာသစ်) ကျေးရွာအနီးတွင် တရားမဝင်ရေနံတူးဖော်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲများက ဖျက်ဆီးခဲ့မှုမြင်ကွင်း။
22 سپتامبر, 12:28

မကွေးတိုင်း၊ ဆိပ်ဖြူမြိုနယ်၊ ရေနံချပ် (ရွာသစ်) ကျေးရွာအနီးတွင် တရားမဝင်ရေနံတူးဖော်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲများက ဖျက်
+9
မကွေးတိုင်း၊ ဆိပ်ဖြူမြိုနယ်၊ ရေနံချပ် (ရွာသစ်) ကျေးရွာအနီးတွင် တရားမဝင်ရေနံတူးဖော်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲများက ဖျက်ဆီးခဲ့မှုမြင်ကွင်း။
22 سپتامبر, 12:26

မကွေးတိုင်း၊ ဆိပ်ဖြူမြိုနယ်၊ ရေနံချပ် (ရွာသစ်) ကျေးရွာအနီးတွင် တရားမဝင်ရေနံတူးဖော်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲများက ဖျက်
+9
မကွေးတိုင်း၊ ဆိပ်ဖြူမြိုနယ်၊ ရေနံချပ် (ရွာသစ်) ကျေးရွာအနီးတွင် တရားမဝင်ရေနံတူးဖော်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲများက ဖျက်ဆီးခဲ့မှုမြင်ကွင်း။
22 سپتامبر, 12:25

မာကို ရူဘီယို (အမေရိကန် နိုင်ငံခြားရေးဝန်ကြီး)- "အိမ်ဖြူတော်ဘက်ကရော သမ္မတကိုယ်တိုင်ကပါ သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ သမ္မတ ခံစားရတာကိုလည်း ကျနော် အပြစ်မပြောနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့ ကြိုက်ချင်မှ ကြိုက်မှာပါ။ ကျနော် အမေရိကန် သတင်းတွေကို အများကြီး ကြည့်ဖြစ်တယ်။ အချို့ သတင်းဖော်ပြမှုတွေဆိုရင် ဥပမာ - သူတို့ (CNN, MSNBC စသည့် အမေရိကန် သတင်းဌာနများ) က အီရန်ဘက်ကနေ အားပေးနေသလိုတောင် ကြားရပါတယ်။ အီရန်က ပြောသမျှ၊ ထုတ်ပြန်သမျှတွေကို အမှန်တကယ်ဖြစ်ကြောင်း ပေါ်လွင်အောင် ဖော်ပြကြပြီး အမေရိကန် တာဝန်ရှိသူတွေ ပြောသမျှကိုတော့ မှားယွင်းနေသလိုမျိုး လျှော့ချဖော်ပြနေကြတာပါ။ ဒါပေမဲ့ အခု လုပ်ဆောင်ချက်နောက်ကွယ်မှာ ဒီအကြောင်းရင်းတစ်ခုတည်းရှိတာတော့ မဟုတ်ပါဘူး..." NBC Today Show သတင်းထောက်- "ဝန်ကြီးခင်ဗျာ... လေးစားစွာနဲ့ပဲ မေးပါရစေ။ သမ္မတက သူတို့ရဲ့ သတင်းဖော်ပြချက်တွေကို မကြိုက်ရုံနဲ့ သတင်းဌာနတွေကို ပိတ်ပင်တားဆီးတာမျိုး လုပ်သင့်လို့လားခင်ဗျာ..." မာကို ရူဘီယို- "သူတို့ကို ပိတ်ပင်လိုက်တာ မဟုတ်ပါဘူး။ ခဏလေးပါ... သူတို့ကို ပိတ်ပင်ထားတာ မဟုတ်ပါဘူး။" သတင်းထောက်- "အိမ်ဖြူတော်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာ မဟုတ်ဘူးလားခင်ဗျာ..." မာကို ရူဘီယို- "မဟုတ်ပါဘူး။ ကျုပ်တို့ CNN ကို ပိတ်ပစ်နေတာ မဟုတ်ပါဘူး။ သူတို့ လိုချင်တာက သမ္မတ အလုပ်လုပ်တဲ့ အိမ်ဖြူတော်ထဲမှာ သတင်းထောက်ရုံးထိုင်ခွင့် ရချင်တာပါ။ သမ္မတဘက်ကလည်း ပြင်းပြင်းထန်ထန် ခံစားရတာရှိပါတယ်။ 'ငါ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့အကြောင်းကို ရိုးရိုးသားသား သတင်းမဖော်ပြဘူးလို့ ငါယုံကြည်ထားတဲ့ သူတွေကို ငါ့အဆောက်အအုံ၊ ငါ့ရုံးခန်းထဲမှာ ဘာလို့ လာပြီး အလုပ်လုပ်ခွင့် ပေးထားရမှာလဲ' လို့ သမ္မတက ခံစားရတာပါ။ ကျုပ်တို့ CNN ကို ပိတ်ပစ်နေတာ မဟုတ်ပါဘူး။ MSNBC (သို့မဟုတ် MSNOW) ရုံးခန်းတံခါးတွေကို ရိုက်ချိုးဝင်ရောက် စီးနင်းပြီး လူတွေကို လိုက်ဖမ်းဆီးတာ၊ လျှပ်စစ်မီးကြိုးတွေ ဖြတ်တောက်တာမျိုး မရှိပါဘူး။ သူတို့ကို အိမ်ဖြူတော်ထဲမှာ ရုံးထိုင်ခွင့် မပြုတော့တာပဲ ရှိတာပါ။" သတင်းထောက်- "ဒါပေမဲ့ ခရီးစဉ်လိုက်ပါ သတင်းယူမယ့် သတင်းထောက်များအဖွဲ့ (Traveling Pool) မှာရော ပြောင်းလဲမှု မရှိဘူးလားခင်ဗျာ..." မာကို ရူဘီယို- "အင်း... အဲဒီအကြောင်းတော့ ကျုပ်တို့ ဆွေးနွေးမထားရသေးပါဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အိမ်ဖြူတော်အတွင်း သတင်းယူခွင့်နဲ့ပဲ ဆိုင်ပါတယ်။ ကျနော် ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်၊ မနက်ဖြန်လည်း လုပ်မယ်။ သတင်းဌာန ပေါင်းစုံက သတင်းထောက်တွေ လာကြမှာပါပဲ။ ကျနော်လည်း သူတို့ ဘယ်သတင်းဌာနကလဲဆိုတာ လိုက်မေးနေမှာ မဟုတ်ပါဘူး။ အိမ်ဖြူတော်ဘက်က သူတို့ကို သမ္မတအကြောင်း သတင်းမယူရဘူးလို့ တားမြစ်နေတာ မဟုတ်ပါဘူး။ သတင်းထောက်တွေအားလုံး သမ္မတအကြောင်း သတင်းတွေ ဆက်ရေးကြမှာပါ။ သမ္မတ ပြောနေတာက 'ဒီလူတွေဟာ ဒီအဆောက်အအုံထဲမှာ အခြေစိုက် ရုံးထိုင်ခွင့်ရဖို့ ဘာအခွင့်အရေး ရှိသလဲ' ဆိုတာပါ။ သူတို့ အိမ်ဖြူတော်အကြောင်း သတင်းယူလို့ ရပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ထဲမှာ သတင်းထောက်ရုံးခန်း ထားရှိခွင့် မရတော့တာပဲ ဖြစ်ပါတယ်။"
22 سپتامبر, 10:21

ယူကရိန်းသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း အမေရိကန် သင်္ဘော အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်သည်။ ယခုကိစ္စကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပြီး ဒီလိုမျိုး ဖြစ်ပျက်ခွင့် မပေးနိုင်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။
22 سپتامبر, 10:04

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် က "CNN... မင်းတို့ ဒီမှာ ရှိမနေသင့်ဘူး။" "မင်းတို့က ငါ့အကြောင်း သတင်းမယူဘူး။ သတင်းမဖော်ပြဘူးလို့ ပြောထားတာပဲ။ အခုမှ လာပြီး သတင်းမယူသင့်ဘူး။"
22 سپتامبر, 10:01

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့
+1
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက် စက်တင်ဘာ ၂၂၊ ၂၀၂၆
22 سپتامبر, 09:57

G7 အဖွဲ့ဝင်နိုင်ငံများ (ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် နှင့် အမေရိကန်) သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထံ ဒုံးကျည်များ ပံ့ပိုးပေးနေခြင်းကို ရပ်တန့်ရန် အီရန်နိုင်ငံအား တောင်းဆိုလိုက်သည်။ အီရန်ကမူ ယင်းတောင်းဆိုမှုကို ငြင်းဆန်လိုက်သည်။
22 سپتامبر, 09:48

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင
+9
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင်ပင်ခံတို့အား လက်ခံတွေ့ဆုံ စက်တင်ဘာ ၂၂၊ ၂၀၂၆ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင်ပင်ခံ Mr. Hiromichi WATANABE နှင့် အဖွဲ့ဝင်များအား ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။
22 سپتامبر, 09:46

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ညှိနှိုင်းဆောင်ရွက်ရန် "အခြေအနေများ ကိုက်ညီပါက" ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း ၎င်း၏ အကြံပေးများကို ပြောကြားခဲ့သည်ဟု ယင်းကိစ္စကို သိရှိသည့် အမေရိကန် တာဝန်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ယခုအချိန်အထိ မည်သည့်တွေ့ဆုံပွဲမျှ စီစဉ်ထားခြင်း မရှိသေးသော်လည်း၊ နယူးယောက်မြို့သို့ သမ္မတနှင့်အတူ လိုက်ပါလာသည့် ၎င်း၏ ထိပ်တန်းအကြံပေးအချို့နှင့် အီရန်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပွားနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
22 سپتامبر, 09:45

ဆော်ဒီနိုင်ငံ ရီယတ်ဒ်မြို့တော်ရှိ ဆော်ဒီနိုင်ငံသားများမှာ မြေပြင်ကျူးကျော်စစ်အတွက် ပြင်ဆင်နေကြပြီး ယီမင် ဟူသီအဖွဲ့သည် မက်ကာနှင့် မဒီနာ မြို့များကို "ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆာလမန်၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေး" အတွက် ချီတက်မှု စတင်ကောင်း စတင်နိုင် ဟူသီအဖွဲ့နှင့် အခြားတော်လှန်ရေးတပ်ပေါင်းစုများက ဆော်ဒီအာရေဗျနိုင်ငံကို ပူးပေါင်းတိုက်ခိုက်လာမည်ကို စိုးရိမ်မကင်းဖြစ်နေကြောင်း အီရတ်မီဒီယာများက ဖော်ပြကြသည်။ အီရတ်-ဆော်ဒီ နယ်စပ်တွင်လည်း ကင်းထောက်မိုးပျံပူပေါင်းများကို လွှင့်တင်ထားပြီးဖြစ်သည်။
22 سپتامبر, 06:35

ယူကရိန်းနိုင်ငံ၊ ဒနီပရို ပထရော့ဗ်စခ် (Dnipropetrovsk) မြို့ရှိ အလွန်ကြီးမားသော မီးလောင်မှုမှာ ကမ္ဘာပျက်သည့်အလား ထင်မှတ်ရ စစ်ပွဲမတိုင်မီကပင် ယူကရိန်းစစ်တပ်သည် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အရပ်ဘက် အဆောက်အအုံများကို အသုံးပြုနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
22 سپتامبر, 06:31

အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D. Vance) ရဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် မိန့်ခွန်းပြောကြားမှုကို ရီပတ်ဘလစ်ကန်ပါတီဘက်ယိမ်းတဲ့ Fox News ရုပ်သံလိုင်းက အခုလိုပြောပြီး တိုက်ရိုက်ထုတ်လွှင့်မှု ခေတ္တရပ်နားခဲ့ပါတယ် - "သူသာ အရေးကြီးတဲ့ ထုတ်ဖော်ပြောကြားချက်တွေ စတင်ပြောဆိုလာရင် ဒီမိန့်ခွန်းဆီ ချက်ချင်းပြန်လာပါ့မယ်။"
22 سپتامبر, 06:16

သံဖြူဇရပ်မြို့နယ်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM စက်တင်ဘာ ၂၂၊ ၂၀၂၆ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ဓမ္မစေတီ ရပ်ကွက်နေ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ ဦးမျိုးသီဟ (၂၉) နှစ်သည် စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ၎င်း၏နေအိမ်မှ မော်လမြိုင်မြို့သို့ ရေး-မော်လမြိုင်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် သံဖြူဇရပ်မြို့နယ်၊ ရွာသာအေးကျေးရွာအနီး ဇမြွန်းပင်လမ်းဆုံအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က ဆိုင်ကယ်အား တားဆီးကာ အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM
22 سپتامبر, 06:00

မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မြို့မရန်အောင်ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို KIA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM စက်တင်ဘာ ၂၂၊ ၂၀၂၆ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မြို့မရန်အောင်ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးရာဇာ (၄၈) နှစ်နှင့် တောင်အင်းကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောသာအေး (၃၅) နှစ်တို့သည် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အားသုံးဦးခန့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM
22 سپتامبر, 05:57

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM စက်တင်ဘာ ၂၂၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “Mgmg Win” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပုဏ္ဏားစု ရပ်ကွက်နေ တင်ဌေးအား နံနက် ၉ နာရီခွဲတွင် ပဲခူးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။ NOM
22 سپتامبر, 05:54