fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
အမေရိကန် စစ်ဝန်ကြီး ဟက်ဂ်ဆက်သည် ပင်တဂွန်စစ်ဌာနချုပ်၏ မဟာဗျူဟာ၊ စီမံကိန်းနှင့် မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြ
အမေရိကန် စစ်ဝန်ကြီး ဟက်ဂ်ဆက်သည် ပင်တဂွန်စစ်ဌာနချုပ်၏ မဟာဗျူဟာ၊ စီမံကိန်းနှင့် မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဘရက်တ် ဆေးလ်ဗီးယား (ပုံ- ဘယ်) ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
29 اکتبر, 01:08

အင်းတော်ဒေသက မြေပြင်အရှိတရား (၂) အလောင်းဆွဲပြေးသွားတာရယ်၊ ခွေးတွေ ဝက်တွေစားသွားတာရယ် မပါသေးဘူး။ - အကောင်းအတိုင်းကျန်ရစ်ခဲ့တဲ့
+3
အင်းတော်ဒေသက မြေပြင်အရှိတရား (၂) အလောင်းဆွဲပြေးသွားတာရယ်၊ ခွေးတွေ ဝက်တွေစားသွားတာရယ် မပါသေးဘူး။ - အကောင်းအတိုင်းကျန်ရစ်ခဲ့တဲ့ အင်းတော်ဒေသက အကြမ်းဖက်သမားများ။ တိုက်ပွဲသတင်းစုံ
29 اکتبر, 00:29

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အစိုးရနည်းပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင
+2
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အစိုးရနည်းပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံခြင်းနှင့် တက္ကသိုလ်ရှိ သင်ကြားရေးအဆောင်များအား လိုက်လံကြည့်ရှု   အောက်တိုဘာ ၂၈၊ ၂၀၂၆   စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အစိုးရနည်းပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်က ကျောင်း၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ၊ ပညာသင်နှစ်အလိုက် သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စာသင်ဆောင်၊ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းနေအိမ်များ ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။      ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာသင်နှစ်အလိုက် ကျောင်းသားဦးရေအပ်နှံမှုအတိုင်း သင်ကြားသွားရေး၊ စာသင်ဆောင်များ၊ လက်တွေ့အလုပ်ရုံ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သင်ထောက်ကူပြုပစ္စည်းများအား အမှန်တကယ်လက်တွေ့ အသုံးချကာ ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစွာသင်ကြားသွားရေး၊ ကျောင်းဆောင်အဆောက်အဦများနှင့် ဝန်ထမ်းနေအိမ်များ ပြင်ဆင်တည်ဆောက်နေမှုလုပ်ငန်းများ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရေးတို့ကို တာဝန်ရှိသူများအားမှာကြားကာ စီမံ၊ အုပ်ချုပ်၊ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ စာသင်ဆောင်များ၊ လက်တွေ့အလုပ်ရုံ အဆောက်အဦများအတွင်း လိုက်လံကြည့်ရှုခဲ့ပြီး တက္ကသိုလ်စာကြည့်တိုက်ရှိ ပရိဘောဂပစ္စည်များနှင့် စာအုပ်စာစောင်များ စနစ်တကျခင်းကျင်းထားရှိများနှင့် ကွန်ပျူတာအသုံးပြု လက်တွေ့အခန်းတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
29 اکتبر, 00:28

ကုလသမဂ္ဂစင်မြင့်ထက်မှာ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ ခုကို AA က ထိန်းချုပ်ထားတယ် ဆိုတဲ့အကြောင်း ကုလ ကိုယ်စားလှယ် ဘစ်ရှော့က ထုတ
ကုလသမဂ္ဂစင်မြင့်ထက်မှာ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ ခုကို AA က ထိန်းချုပ်ထားတယ် ဆိုတဲ့အကြောင်း ကုလ ကိုယ်စားလှယ် ဘစ်ရှော့က ထုတ်ပြောလာတယ်။ ပုံမှန်ကြည့်ရင် ဒါက ထူးခြားတယ်လို့ မဆိုသာပေမယ့် နောက်ကွယ်မှာ နိုင်ငံသစ်တခု ထူထောင်မယ်လို့ ပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေရယ်၊ ဘင်္ဂလားဒေရှ့်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲကြေညာချက်တွေကို နှိုင်းယှဉ်လေ့လာရင်တော့ ...မိကျောင်းမင်း ရေခင်းပြနေသလို ဖြစ်နေတာတော့ အမှန်ပဲ။ တဖက်မှာ နိုင်ငံတကာ အကူအညီ ရချင်လို့ တဖက်လှည့်နဲ့ ကစားတာလည်း ဖြစ်ကောင်း ဖြစ်မယ်။ ပြည်တွင်းအနေအထားကသာ အကြမ်းဖက်နဲ့ အစိုးရတို့ရဲ့ လက်နက်ကိုင်ပဋိပက္ခလို့ မြင်ကြပေမယ့် နိုင်ငံတကာ အမြင်မှာက AA ကို အကြမ်းဖက်အဖွဲ့လို့ မြင်ချင်မှ မြင်မှာ။ ဒီဒေသက အစိုးရ ထိန်းချုပ်မှုကနေ လွတ်ချင်လို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းလို့ပဲ မြင်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာမှာက နိုင်ရင် အစိုးရ တက်လုပ်၊ အတိုက်အခံရှုံးရင် ပြည်ပပြေး၊ လက်နက်ကိုင်အခင်းအကျင်းမှာလည်း ဘယ်လိုပဲ အတိုက်အခံသူပုန်လို့ ဆိုဆို....စစ်နိုင်ရင်တော့ အစိုးရ တစ်ရပ်ပုံစံပဲ သတ်မှတ်သွားကြတာပဲ။ ဒါ့ကြောင့် ရခိုင်က ရလဒ်ထွက်ဖို့ လိုတယ်လို့ ပြောခဲ့တာ။ အနည်းဆုံး တောင်ဘက် တခြမ်းပြန်ရမှ အနည်းအကျဉ်းပဲ လက်လွှတ်ထားရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်မယ်။ ဒီအနေအထားလောက် ပြန်ရမှပဲ ဆွေးနွေးမယ် ဆိုတဲ့ လေသံမျိုး ထွက်လိမ့်မယ်။ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စစ်ရေးပဲ ဖြစ်ဖြစ်..... Might is Right ပဲ။ ကိုယ်အားနည်းရင် Might ဖြစ်တဲ့သူက စားမှာပဲ။ (နရီမိုး)
28 اکتبر, 23:23

စတားလင့်ခ် (Starlink) အင်တာနက်လိုင်းများ နှေးကွေးသွားမှုအပေါ် စုံစမ်းစစ်ဆေးရန် ပင်တဂွန်စစ်ဌာနချုပ် စောင့်ကြည့်ရေးအဖွဲ့ ငြင်းဆ
စတားလင့်ခ် (Starlink) အင်တာနက်လိုင်းများ နှေးကွေးသွားမှုအပေါ် စုံစမ်းစစ်ဆေးရန် ပင်တဂွန်စစ်ဌာနချုပ် စောင့်ကြည့်ရေးအဖွဲ့ ငြင်းဆန် ယူကရိန်းနိုင်ငံအတွက် Starlink နှင့် Starshield ဂြိုဟ်တုအင်တာနက်လိုင်းများကို လျှော့ချ (Throttling) ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် နှစ်ပါတီပေါင်းစုံ၏ တောင်းဆိုမှုကို ပင်တဂွန်စစ်ဌာနချုပ်၏ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ငြင်းဆန်လိုက်ကြောင်း The Washington Post သတင်းစာက ဖော်ပြခဲ့သည်။ ယူကရိန်းဘက်က ၎င်းတို့၏ အင်တာနက် ချိတ်ဆက်မှု မြန်နှုန်းများ လျှော့ချခံနေရကြောင်း သတင်းပို့ခဲ့ပြီးနောက် ပါတီနှစ်ခုလုံးမှ ဥပဒေပြုအမတ် ၉ ဦး (ရီပတ်ဘလစ်ကန် ၄ ဦး၊ ဒီမိုကရက် ၅ ဦး) ပါဝင်သော အဖွဲ့တစ်ဖွဲ့က ယခုကဲ့သို့ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ယူကရိန်းတွင် အင်တာနက်ချိတ်ဆက်မှု မြန်နှုန်းများ နှေးကွေးသွားမှုကြောင့် မြန်ဆန်စွာသွားလာနေသည့် ရုရှား၏တိုက်ခိုက်ရေးဒရုန်းများကို ကြားဖြတ်ဟန့်တားရန် ယူကရိန်း၏ စွမ်းဆောင်ရည်ကို ပြင်းပြင်းထန်ထန် အဟန့်အတား ဖြစ်စေခဲ့သည်။ စုံစမ်းစစ်ဆေးရေးမှူးချုပ်သည် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးမည့်အစား လေတပ်သို့သာ သွားရောက်မေးမြန်းရန် ကွန်ဂရက်လွှတ်တော်သို့ ပြောကြားခဲ့သည်။ အီလွန်မက်စ်ခ်သည် အင်တာနက်ချိတ်ဆက်မှု မြန်နှုန်းလျှော့ချမှုကို ကိုယ်တိုင်အမိန့်ပေးခဲ့ပြီး ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သမ္မတ ထရမ့်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း The Wall Street Journal က ဖော်ပြခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က အီလွန်မက်စ်ခ်သည် အမေရိကန်စစ်တပ်ကို လူသိရှင်ကြား အပြစ်တင်ခဲ့ပြီး ထရမ့်ကလည်း မည်သူ့တွင် တာဝန်ရှိသည်ကို မသိရှိကြောင်း ပြောဆိုခဲ့သည်။ ယခုအခါတွင်မူ ပင်တဂွန်၏ လွတ်လပ်သော စောင့်ကြည့်ရေးအဖွဲ့က အမှန်တရားကို စုံစမ်းဖော်ထုတ်ရန် ငြင်းဆန်နေသည်။
28 اکتبر, 23:18

မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား(၁၃၆)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် သံဃာတော် အပါး ၂၂ဝဝ တို့အား သံဃဒါနဆွမ်းသပိတ်လောင်းလှူ အောက်တိ
+2
မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား(၁၃၆)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် သံဃာတော် အပါး ၂၂ဝဝ တို့အား သံဃဒါနဆွမ်းသပိတ်လောင်းလှူ အောက်တိုဘာ ၂၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား ရင်ပြင်တော်၌ ရတနာပုံမန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သည့် မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရား(၁၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာတော် အပါး ၂၂ဝဝ တို့အား သံဃဒါနဆွမ်းသပိတ်လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇နာရီက ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ဥပဒေချုပ် ဦးလှသိန်း၊ အစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦးဉာဏ်လင်းထွေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ လူမှုထူးချွန်ပထမအဆင့် ရွှေချည်ထိုး ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း ၁၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ကုသိုလ်တော်ဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြှော်ကြည်ညိုခြင်းနှင့် ပန်း၊ ရေချမ်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရင်ပြင်တော်အင်္ဂါထောင့်တွင် သံဃာအပါး ၅၀ဝ အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများမှလည်းကောင်း၊ တောင်ဘက်စောင်းတန်းတွင် သံဃာအပါး ၁၇၀ဝ အား အလှူရှင်များမှ ဆွမ်းသပိတ်နှင့် နဝကမ္မအလှူတော်ငွေများ လောင်းလှူဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
28 اکتبر, 23:10

ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်
+1
ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်   အောက်တိုဘာ ၂၉၊ ၂၀၂၆   ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။   အစည်းအဝေးတွင် ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီကို ညွှန်ကြားချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီးကော်မတီ၏ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ကော်မတီဝင်များအနေဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် ဆက်စပ်ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ၎င်းကော်မတီများ၏ လုပ်ငန်းတာဝန်များကိုလည်း အလွတ်နီးပါရအောင် လေ့လာမှတ်သားကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။   ထို့နောက် ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုင်ဖျက်ရေးဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုသည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ပြဿနာများဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်နိုင်ရေးအတွက် ပြည်သူများ အသိပညာပေးလုပ်ငန်းများအပါအဝင် သတင်းစုဆောင်းခြင်း၊ လေ့လာစောင့်ကြည့်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။   ဆက်လက်၍ ချင်းပြည်နယ်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက အွန်လိုင်းငွေကြေး လိမ်လည်သူများ ပြုလုပ်လေ့ရှိသည့်နည်းလမ်း၊ Bank Account ၊ Mail နှင့် Social Media များ လုံခြုံရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် ချင်းပြည်နယ် အွန်လိုင်းလမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။   ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆွေးနွေးတင်ပြလို သည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ အကြုံပြု ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
28 اکتبر, 23:09

စပိန်တွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရထားမတော်တဆမှုကြောင့် အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့ရပြီးနောက်၊ မက်ဒရစ်မြို့ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနရုံးပြင်ပတွင် ဝန်ကြီးအား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြနေကြသည့် လူအုပ်ကြီးကို ထိန်းသိမ်းရန် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များကို ဖြန့်ကျက်ထားရသည်။
28 اکتبر, 23:08

ဂါဇာတွင် အစ္စရေးစနိုက်ပါက ပါလက်စတိုင်းကလေးငယ်တစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ပစ်ခတ်ခဲ့ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အယ်လ
ဂါဇာတွင် အစ္စရေးစနိုက်ပါက ပါလက်စတိုင်းကလေးငယ်တစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ပစ်ခတ်ခဲ့ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အယ်လ်ဘူရိုက်ဂျ် (Al-Bureij) ဒုက္ခသည်စခန်း၏ အရှေ့ဘက်တွင် အစ္စရေးစနိုက်ပါသမားတစ်ဦးသည် ပါလက်စတိုင်းကလေးငယ် အီးမတ်ဒ် ဆာလမ် ဇာဟ်ရာ (Imad Salem Zahra) ၏ ခေါင်းကို ချိန်ရွယ်ပစ်ခတ်ခဲ့သော်လည်း ကလေးငယ်မှာ ကံကောင်းထောက်မစွာဖြင့် ကျည်ရှပ်မှန်ဒဏ်ရာသာရရှိခဲ့သည်။
28 اکتبر, 23:03

ကာတာနိုင်ငံမှတစ်ဆင့် ပေးပို့ခဲ့သည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် ပိတ်ဆို့တားဆီးမှုများ ရုပ်သိမ်းရေးဆိုင်ရာ ၇ ရက်ကြာ အစီအစဉ်ပါဝင်သော အမေရိကန်၏ အဆိုပြုချက်ကို အီရန်က ပယ်ချလိုက်ကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။ အီရန်၏ ပြောကြားချက်အရ အဆိုပါ အစီအစဉ်သည် "ကမ်းလှမ်းချက် တစ်ခုမဟုတ်ဘဲ လက်ခံနိုင်ဖွယ်မရှိသည့် တောင်းဆိုချက်များ" သာ ဖြစ်သည်ဟု သိရသည်။ အမေရိကန်ဘက်က အီရန်၏ ယူရေနီယမ်များကို ပြင်ပသို့ လွှဲပြောင်းပေးရန်နှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရှိရသည်။
28 اکتبر, 22:56

ပြင်ဦးလွင်-မန္တလေးလမ်းပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် နယူးမန္တလာထွန်း ယာဉ်လိုင်းအား ပြေးဆွဲခွင့် ယာယီပိတ်သိမ်း NOM၊အောက်တိုဘာ၂၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း၊ (၁၉) မိုင်တွင် အောက်တိုဘာ၂၄ ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် နယူးမန္တလာထွန်း ခရီးသည်တင် ယာဉ်လိုင်းကို သက်ဆိုင်ရာမှ ခရီးစဉ်ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဉ်လိုင်း၏ တောင်းပန်စာအရ သိရသည်။ ဖြစ်စဉ်မှာ ပြင်ဦးလွင်မှ ရန်ကုန်သို့ ထွက်ခွာလာသော နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်သည် ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း၊ (၁၉) မိုင်အနီးတွင် ဘရိတ်ပေါက်ကာ Nissan Wingroad AD Van ယာဉ်ကို ဝင်ရောက်တိုက်မိပြီး လမ်းဘေးချောက်ထဲသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ငါး ဦး အပါအဝင် စုစုပေါင်း ရှစ် ဦး အသက်ဆုံးရှုံးခဲ့ပြီး ခရီးသည်အများအပြားလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းထိခိုက်ဒဏ်ရာရရှိသူများကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံ၊ မန္တလေးဆေးရုံကြီးနှင့် မန္တလေးကလေးဆေးရုံတို့တွင် ဆေးဝါးကုသမှုများ ဆက်လက်လုပ်ဆောင်ပေးနေပြီး၊ ယာဉ်လိုင်းအနေဖြင့် အသက်ဆုံးရှုံးမှုများနှင့် ဒဏ်ရာရရှိမှုများအတွက် အာမခံကိစ္စရပ်များနှင့် လိုအပ်သည့် ထောက်ပံ့ကုသမှုများကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
28 اکتبر, 22:52

အီရတ်တွင် မြန်မာနိုင်ငံသူ ပြုတ်ကျသေဆုံးမှု အမှုမှန်ပေါ်ရေး ဆောင်ရွက်နေ
အီရတ်တွင် မြန်မာနိုင်ငံသူ ပြုတ်ကျသေဆုံးမှု အမှုမှန်ပေါ်ရေး ဆောင်ရွက်နေ
28 اکتبر, 22:07

နိုင်ငံ၏အားကစားကဏ္ဍမြှင့်တင်ရေးကို လေ့ကျင့်ရေးဖြင့်ပြန်လည်တည်ဆောက် သွားကြရန်လိုပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားကွင်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အားကစားကွင်းများအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း ခေတ်နှင့်လျော်ညီသည့် အားကစားကွင်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အလိုက် အားကစားကွင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ အားကစားကွင်းများစနစ်တကျ ဖြစ်စေရေးအတွက်လည်း တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အားကစားယှဉ်ပြိုင်မှုများကို အားပေးသည့် ပြည်သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြင့် အားပေးကြရန်လိုကြောင်း။ မကြာမီကာလအတွင်းဆောင်းရာသီသို့ရောက်ရှိလာတော့မည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၊ ဝန်ကြီးဌာနများအလိုက်၊ စာသင်ကျောင်းများအလိုက်၊ ကျေးလက်ဒေသအလိုက်၊ ပကာသနမဖက်ဘဲလူထုလှုပ်ရှားမှုဖြင့် စနစ်တကျကျင်းပပြုလုပ် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
28 اکتبر, 11:11

ဖြည့်စွက်မှာကြားလိုသည်မှာ နိုင်ငံ့အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် လူငယ်လူရွယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ယဉ်ကျေးမှုပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများ ဆောင်ရွက်ပေးသွားရန်လိုပြီး တတ်နိုင်ပါက ရန်ကုန်၊ မန္တလေး၊နေပြည်တော်တို့ရှိ ပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက် များသို့ လူငယ်လူရွယ်များ လာရောက်လည်ပတ်လေ့လာကြခြင်းဖြင့် မိမိတို့နိုင်ငံနှင့် လူမျိုးတို့၏သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသားရေးလက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာသာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ်သည့် ရိုးရာတန်ဖိုးများကို ပိုမိုနားလည်သဘောပေါက် သိရှိလာမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက်မပြတ် ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဖြစ်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ပညာရေးကို အထူးအလေးထား၍ အနာဂတ်နိုင်ငံတော်ကို တည်ဆောက် ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ လူသားအရင်းအမြစ်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူဦးရေ ရာခိုင်နှုန်းနှင့် မူလတန်းပညာအဆင့်၌သာရှိသူ၊ လုံးဝပညာမသင်ဖူးသူဦးရေရာခိုင်နှုန်းမှာ ကွာခြားချက်များ ကြီးမားလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့သော ကွာခြားချက်ကြီးမားမှုကိုလျှော့ချနိုင်‌ရေး မိမိတို့အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင်ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့နှင့် ချိတ်ဆက်နေပြီး လူတစ်ဦးချင်းစီ၏ဘဝကိုသာမက မိသားစုတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုလုံး၏အနာဂတ်ကိုပါ ပြုပြင်ပြောင်းလဲ စေနိုင်သည့်စွမ်းအားများရှိနေကြောင်း။ ပညာရေးကွာဟချက်များကြောင့် လူနေမှုအဆင့်အတန်းများသည်လည်း ကွာဟချက်များရှိလာပြီး မြို့ပြနှင့်ကျေးလက်များ၌ ကွာဟချက်များရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ပြည်သူများ၏ အလုပ်အကိုင်ရရှိရေးနှင့်ပညာရေးတို့တွင် လူနည်းစု အလှမ်းမီခြင်းထက် လူများစုအလှမ်းမီစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လူများစု လက်လှမ်းမီစေရေးအတွက် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့ဖြစ်၍ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို ပုံဖော်တည်ဆောက်နိုင်ရေး၊ လူနေမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်ရေး ပညာရေးကိုအလေးထား ပြုပြင်တည်ဆောက်ပေးသွားကြရမည်ဖြစ်ကြောင်း။ အားကစားကဏ္ဍမြှင့်တင်ရေး ပညာရေးကဏ္ဍမြှင့်တင်မှုနှင့်အတူ အားကစားကဏ္ဍမြှင့်တင်ရေးကိုလည်း မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ နိုင်ငံတကာနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အောင်မြင်မှုများ နည်းပါးလျက်ရှိကြောင်း၊ နိုင်ငံ၏အားကစားသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး အရှိန်အဝါကြီးမားခဲ့သည့် အားကစားအဆင့်အတန်းကို ပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အစိုးရအနေဖြင့် အားကစားနှင့်ပတ်သက်၍ အားကစားကွင်းများ၊ အထောက်အကူပြုပစ္စည်းများကို အဆင့်မြှင့်တင်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြိုင်ပွဲများ၌ အောင်မြင်မှုရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့်လည်း တစ်ဦးချင်းကြံ့ခိုင်မှုကောင်းမွန်စေရေး၊ ခံနိုင်ရည်အား ကောင်းမွန်စေရေး၊ အားကစားနည်းများအလိုက် ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေး အမြဲမပြတ်စနစ်တကျ လေ့ကျင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားနည်းအလိုက် နည်းစနစ်နည်းပြနှင့် ကြံ့ခိုင်ရေးနည်းပြများ မဖြစ်မနေထားရှိသွားရန်လည်း မိမိအနေဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း။
28 اکتبر, 11:10

ထို့ပြင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်လိုပြီး နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် နိုင်ရေးစီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုအားများလည်း ရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် လူလတ်ပိုင်း အရွယ်များ၏အားကို နိုင်ငံ့ကုန်ထုတ်လုပ်ငန်းများတွင် မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။ စီးပွားရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ် လုပ်မှုများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထိုက်သင့်သည့်တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်တိရစ္ဆာန်အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတိုးတက်မှုအားနည်းနေဆဲဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီး မတည်ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုး တက်ရရှိမှသာလျင် ပြည်တွင်းစားသုံးမှုကိုဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှုရရှိအောင်ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်လိုအပ်ချက်ကြီးမားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများအများအပြားရှိပြီးဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်တင်ပို့နိုင်ရေး စနစ်တကျဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ကုန်သွယ်မှုများတွင် အချို့သောနယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများမရှိစေရေး မိမိတို့အနေဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများသည် ရာနှုန်းပြည့် အားကိုး၍မရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ပစ္စည်းများကို သုံးစွဲကြရနိုင်ကြောင်း၊ ထို့အပြင် တရားမဝင်လမ်းကြောင်းများရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးပေး၍ သွားလာသယ်ဆောင်နေကြသည်ဖြစ်သည့်အတွက် သူခိုးဓားရိုးကမ်းသကဲ့သို့ဖြစ်နေပြီး ရရှိသည့်ငွေကြေးများဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်နေနိုင်ကြခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း။ သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုပြီး မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကိုခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုံမှန်ကုန်သွယ်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံမှ ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်သွားကြရန်လိုသကဲ့သို့ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း တရားဝင်လမ်းကြောင်းများမှသာလျင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိစစ်ဖော်ထုတ်သွားရန် တာဝန်ရှိသည့်အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူများလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့ကဏ္ဍအလိုက်ကျေပွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
28 اکتبر, 11:10

မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့် စီးပွားရေးလုပ်ငန်းများကို ရှေးအစဉ်အဆက်ကတည်းက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိရိုးဖလာနည်းလမ်းများကို အသုံးပြုဆောင်ရွက်ခြင်းမှ ဖောက်ထွက်ကာ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကိုအသုံးပြု၍သုတေသနပြု လေ့လာသုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ကြရာတွင်လည်း အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် စွမ်းအားပြည့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့် ဆည်းပေးနိုင်ရန်လိုကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက ထုတ်ကုန် ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ကာ ပြည်ပ ပို့ကုန်များကို တိုးမြှင့်ရရှိလာမည်ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့်လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ် ကြောင်း၊ CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြသူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်း အားပေးဆောင်ရွက် ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကိုကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်း။ ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည် ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ၏အနာဂတ်ကို စဉ်းစားဆောင်ရွက်ရာတွင် ရေရှည်အကျိုးစီးပွားအတွက်ကိုကြည့်၍ စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်သည့် ပညာတတ် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာစေရေးအတွက်လည်း မိမိတို့အနေဖြင့် စီးပွားရေးပညာရပ်ကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသား ၉၂ ဒသမ ၁ ရာခိုင်နှုန်းသည် အခြေခံအရေးအဖတ်အတွက်ရရှိပြီးသူများဖြစ်ပြီး တွက်ချက်နိုင်မှုနှင့်ပတ်သက်၍ ကောင်းမွန်ပြီးသားသူများဖြစ်သည်ကိုတွေ့ရကြောင်း၊ စီးပွားရေးကောင်းမွန်စေရေးအတွက် တွက်ချက်ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နိုင်ငံ့ပညာရေးအားကောင်းမှုမှတဆင့် အရည်အသွေးမြင့်လုပ်သားအင်အားလူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ထိုမှတဆင့် ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာမည်ဖြစ်သည့်အတွက် ပို့ကုန်ကဏ္ဍနှင့် နိုင်ငံ၏ဂျီဒီပီကိုလည်း တိုးတက်လာစေ မည်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြင့်မားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုအထိပါ သက်ရောက်မှုအား ကြီးမားသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက်၂၅ နှစ်အထက် အလယ်တန်းပညာပြီးဆုံးသူ ၈ သန်းခန့်ရှိပြီး ၎င်းတို့အနက်အလုပ်လုပ်နိုင်သူများအတွက် အလုပ်အကိုင်ရရှိနိုင်ရေး၊ လူမှန်နေရာ မှန်အကျိုးရှိရှိအသုံးချနိုင်ရေးတို့အတွက် အစိုးရဝန်ကြီးဌာနများက အသက်မွေး ဝမ်းကြောင်းပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားရန်လိုကြောင်း။
28 اکتبر, 11:10

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား အောက်တိုဘာ ၂၈၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။  အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကိုအမြဲမပြတ် ရွက်ဆောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့်နိုင်ငံများအနက် ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး နိုင်ငံကိုဦးဆောင်လျက်ရှိနေသည့် အစိုးရအဖွဲ့များရှိသကဲ့သို့ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ပြင်ဆင်နေကြသည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင်ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကိုရရှိကြပြီး သမိုင်းကြောင်းတွင်လည်း မှတ်ကျောက်တင်ခံနိုင်ကြသည့် နာမည်ကောင်းများဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြကြောင်း၊ ထို့အတူ ရွေးကောက်ပွဲများတွင် ဆွဲဆောင်စည်းရုံးမှုကောင်းစွာဖြင့် အနိုင်ရရှိခဲ့ကြပြီး အမှန်တကယ်နိုင်ငံ့တာဝန်များကို ဦးဆောင်ရသည့်အချိန်တွင် မျှော်မှန်းထားသည့် အတိုင်းဖြစ်မလာခဲ့သည့်၊ အားရဖွယ်လုပ်ဆောင်ချက်များမရှိဘဲ ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးနိုင်မှုများမရှိခဲ့သည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါကလည်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာခဲ့သည့် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရအဖွဲ့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ မျှော်မှန်းထားသည့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုး စီးပွားကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုမရှိခဲ့သည်ကို‌ တွေ့မြင်ရမည်ဖြစ်ကြောင်း။ ထို့သို့ဖြစ်ပေါ်ခဲ့မှုကြောင့် ပြည်သူများအနေဖြင့် အာဏာရအစိုးရနှင့် ရွေးကောက် ပွဲအပေါ်အာရုံစိုက်မှုနှင့် အလေးအနက်ထားမှုများလျော့ပါးလာခဲ့ကြပြီး ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနက် ၁၄ ရာခိုင်နှုန်းခန့်သာမဲပေးခဲ့ကြကာ No Vote လှုပ်ရှားမှုများအထိပင်ဖြစ်ပေါ် လာခဲ့ကြောင်း၊ ထို့သို့ဖြစ်ပေါ်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုကို ထိခိုက်စေ ခြင်းပင်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် ကြီးမားသည့်မဲစာရင်းကွာဟမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဦးတည်ချက်ထား၍ အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ရေခံမြေခံကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ပေါင်းစပ်အသုံးချ၍ ကြိုးပမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း။  နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
28 اکتبر, 11:09

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
28 اکتبر, 11:09

အစ္စရေး ရွေးကောက်ပွဲ မဲရေတွက်မှု ပြီးစီးလုနီးပါးဖြစ်ချိန်တွင် နေတန်ယာဟုက ဦးဆောင်လျက်ရှိ မဲရုံများ၏ ၉၃ ရာခိုင်နှုန်းကို ရေတွက်
အစ္စရေး ရွေးကောက်ပွဲ မဲရေတွက်မှု ပြီးစီးလုနီးပါးဖြစ်ချိန်တွင် နေတန်ယာဟုက ဦးဆောင်လျက်ရှိ မဲရုံများ၏ ၉၃ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးခဲ့ရာ စုစုပေါင်း မဲအရေအတွက်၏ ၈၅.၆ ရာခိုင်နှုန်း ရေတွက်ပြီးဖြစ်သည်။ • နေတန်ယာဟု မဟာမိတ်အုပ်စု- ၅၃ နေရာ • အိုင်ဆန်ကော့ မဟာမိတ်အုပ်စု- ၄၈ နေရာ • အာရပ်ပါတီများ- ၁၉ နေရာ
28 اکتبر, 11:08

ဘင်-ဂဗီးရ် (Ben-Gvir) က ဂါဇာစစ်ဘေးဒုက္ခသည်များ ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြရန် တိုက်တွန်း အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင်-ဂဗီးရ် (Itamar Ben-Gvir) က "ဂါဇာမှာ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်သလဲ" ဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ - ဂါဇာနယ်မြေတစ်ခုလုံးဟာ အစ္စရေးပိုင်ဆိုင်တာကြောင့် နယ်မြေအားလုံးကို သိမ်းပိုက်ရယူရန်၊ - ပြင်သစ်၊ ဗြိတိန် သို့မဟုတ် အခြားဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းရန်၊ - "ဥပမာ - ကျနော်ဆိုရင် သူတို့ကို ပြင်သစ်ကို ပို့ပစ်လိုက်မှာပါ။ ပြင်သစ်ကို မပို့နိုင်စရာ အကြောင်း ဘာရှိလို့လဲ။"
28 اکتبر, 11:04