fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 510 مشترک است و جایگاه 16 060 را در دسته اخبار و رسانه‌ها و رتبه 10 067 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 510 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 20 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -281 و در ۲۴ ساعت گذشته برابر -11 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 9.99% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.36% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 250 بازدید دریافت می‌کند. در اولین روز معمولاً 670 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 21 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 510
مشترکین
-1124 ساعت
-757 روز
-28130 روز
آرشیو پست ها
ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအနီးရှိ လယ်တဲတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို KNU နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က
ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအနီးရှိ လယ်တဲတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို KNU နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ဧပြီ ၁၅၊ ၂၀၂၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာနေ ဦးဝင်းသန်း (ခ) ခေါင်းဖြူ (၆၅) နှစ်သည် ဧပြီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ကျေးရွာအနီးရှိ လယ်တဲတွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အားသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးဝင်းသန်း (ခ) ခေါင်းဖြူတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ ကြောင်းသိရသည်။ NOM

ညောင်လေးပင်မြို့နယ်တွင် KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား ထိမိပေါက်ကွဲခဲ့သဖြင့် ဘူး
ညောင်လေးပင်မြို့နယ်တွင် KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား ထိမိပေါက်ကွဲခဲ့သဖြင့် ဘူးခွံ/ ပုလင်းခွံများ ကောက်ယူနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံး ဧပြီ ၁၅၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ (၁) ရပ်ကွက်နေ ဦးမြင့်စိုး (၆၃) နှစ်သည် ဧပြီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ အဆိုပါရပ်ကွက်ရှိ ညောင်လေးပင်-ရွှေကျင်သွားလမ်းဘေးအမှိုက်ပုံအနီးတွင် ဘူးခွံ/ ပုလင်းခွံများ ကောက်ယူနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးအား ထိမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရသစ်ကို PSLF/TNLA မှ ကြိုဆိုကြောင်းဂုဏ်ပြုသဝဏ်လွှာပေးပို့
ဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရသစ်ကို PSLF/TNLA မှ ကြိုဆိုကြောင်းဂုဏ်ပြုသဝဏ်လွှာပေးပို့

photo content

အမေရိကန်သမ္မတကပုပ်ရဟန်းမင်းကြီးကိုတက်လက်တိုက်ခိုက် NOM အမေရိကန်သ္မတထရမ့်သည်ဆိုရှယ်မီဒီယာတွင်ပို့စ်တစ်ခုတင်ပြီးပုပ်ရဟန်းမင်းကြီးကိုဆက်လက်တိုက်ခိုက်လိုက်ပြန်သည်။သူ၏ပို့စ်အပြည့်အစုံမှာ "အီရန်သည် ပြီးခဲ့သည့် နှစ်လအတွင်း လက်နက်မဲ့ အပြစ်မဲ့ ဆန္ဒပြသူ အနည်းဆုံး ၄၂၀၀၀ ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် အီရန်တွင် နျူကလီးယားဗုံးပိုင်ဆိုင်ခြင်းသည် လုံးဝလက်မခံနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုအား တစ်စုံတစ်ယောက် ပြောပြပေးပါလား။ ဤကိစ္စကို အာရုံစိုက်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ အမေရိက ပြန်လာပါပြီ!!! သမ္မတ ဒေါ်နယ် ဂျေ ထရမ့်"

နယ်ချဲ့အစ္စရေးလက်ချက်လက်ဘနွန်တွင်ပြည်သူနှစ်ထောင်ကျော်သေ NOM လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရမတ်လ ၂ ရက်နေ့တွင် အစ္
နယ်ချဲ့အစ္စရေးလက်ချက်လက်ဘနွန်တွင်ပြည်သူနှစ်ထောင်ကျော်သေ NOM လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရမတ်လ ၂ ရက်နေ့တွင် အစ္စရေး၏ တိုက်ခိုက်မှုများ စတင်ချိန်မှစ၍ လူပေါင်း ၂၁၂၄ ဦး သေဆုံး၊ ၆၉၂၁ ဦး ဒဏ်ရာရရှိပြီးလူနာတင်ယာဉ် ၁၀၆ စီး ပစ်မှတ်ထားတိုက်ခိုက်ခံရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ပြည်သူများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ NOM၊ဧပြီ ၁၅၊ ၂၀၂၆ မြန်မာရိုးရာန
+4
မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ပြည်သူများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ NOM၊ဧပြီ ၁၅၊ ၂၀၂၆ မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်  (အကြတ်နေ့)ကရန်ကုန်တိုင်းဒေသကြီးတွင်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ပြည်သူ့ရင်ပြင်၊ကမ္ဘာအေးဘုရားလမ်း၊ကျောက်မြောင်း၊တာမွေမြို့နယ်နှင့်ရပ်ကွက်များတွင်ပြည်သူများပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ စည်ကားလျက်ရှိသည်။

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်သင်္ကြန်ပွဲတော်သို့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် လာရောက်သူများ ကြိတ်ကြိတ်တိုးစည်ကားနေ Photo:
+6
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်သင်္ကြန်ပွဲတော်သို့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် လာရောက်သူများ ကြိတ်ကြိတ်တိုးစည်ကားနေ Photo: ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အီရန်နိုင်ငံသည် ၎င်း၏ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများ၏ အဝင်ပေါက်များကို လျင်မြန်စွာ ပြန်လည်တူးဖော်နေကြောင်း ဂြိုဟ်တုဓာတ်ပု
အီရန်နိုင်ငံသည် ၎င်း၏ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများ၏ အဝင်ပေါက်များကို လျင်မြန်စွာ ပြန်လည်တူးဖော်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိရသည်ဟု CNN က ဖော်ပြထားသည်။ NOM

အကြမ်းဖက်လုပ်ရပ်။
အကြမ်းဖက်လုပ်ရပ်။

ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် မိသားစုဝင်များ ရန်ကုန်မြို့ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင
ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် မိသားစုဝင်များ ရန်ကုန်မြို့ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော် ပျော်ရွှင်စွာဆင်နွှဲ ဧပြီ ၁၄၊ ၂၀၂၆ မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့အခြေစိုက်သံတမန်များနှင့် မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် မိသားစုဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ကို သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲကြသည်။ ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာရေကစားကြပြီး မြန်မာ့ရိုးရာသနပ်ခါးကို အပြန်အလှန် လိမ်းခြယ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ သံတမန်များနှင့် ဧည့်သည်တော်များသည် Royal Apex မဏ္ဍပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယိမ်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တေးသံရှင် စိုးညီညီနှင့်အဖွဲ့၏ တေးသီချင်းများဖြင့် ဖျော်ဖြေမှု၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မမများအဖွဲ့က ယိမ်းအကဖြင့်ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E.Mr. Harishchandra Ghimire က နှစ်သစ်ကူးဆုတောင်းစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် မန်းတောင်ရိပ်ခိုတေးသီချင်းကို နိုင်ငံကျော်တေးသံရှင်များနှင့်အတူ စုပေါင်းသီဆိုကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်သို့ရောက်ရှိကြပြီး မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ ဆက်လက်၍ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ယိမ်းအဖွဲ့များ၊ ရွှေဂုဏ်သူယိမ်းအဖွဲ့များ၊ ရှမ်းတိုင်းရင်းသား ကိုယ်စားပြုအကအဖွဲ့တို့၏ ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။ နှစ်သစ်ကူး ဂုဏ်ပြုအမှာစကားပြောကြား ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် သီရိလင်္ကာသံအမတ်ကြီး H.E.Mrs Ponnamperuma Arachchige Prabashini Ponnam-Peruma တို့က နှစ်သစ်ကူးဆုတောင်းစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သံတမန်များနှင့် ဧည့်သည်တော်များအား မြို့တော်ခန်းမရှိ ပထမထပ်မြေညီခန်းမ၌ နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးဂုဏ်ပြု အမှာစကားပြောကြားသည်။ ယနေ့ မဟာသင်္ကြန်အကျနေ့တွင် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဒီနှစ်တွေမှာ ပြည်သူတွေက ဘဝအမော တွေအများကြီး ရင်ဆိုင်ခဲ့ကြရတယ်။ အနည်းဆုံး သံ ပုံးမတီးရင်တောင် ဒလန် ဆိုတဲ့ အကြောင်းပြချက်တွေကို ကြောက်ပြီး ရောယောင် ပါပေးရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ Facebook ပေါ်မှာ နွေဦးတော်လှန်ရေး ပရိုဖိုင် မှ မချိန်းရင်ကို အဓမ္မ ဘက်မှာ နေတယ်ဆိုပြီး သူငယ်ချင်း/မိတ်ဆွေကြားမှာ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်သွားကြရတာတွေလည်း အများကြီး။ စစ်အာဏာရှင် ခေတ်မှာ ကြီးပြင်းခဲ့ကြသူတွေက ကျောင်းတွေပိတ်ပြီး ကလေးတွေ ကျောင်းတက်မှာကို သေမလောက် ကြောက်ခဲ့ကြတယ်။ ကျောင်းတက်တဲ့သူ၊ CDM မလုပ်တဲ့သူဆိုရင် သူတို့ တပ်တဲ့ ခေါင်းစဉ်က ဒလန်ပဲ။ ဘယ်လောက်တောင် မျိုးဆက်တွေက ဆုတ်ယုတ်သွားသလဲ ဆိုရင် ကိုယ့်စာသင်ပေးတဲ့ ဆရာမ တောင် မြောက်ဥက္ကလာမှာ ပြန်သတ်တဲ့အထိ မိုက်တွင်း နက်သွားကြတယ်။ ဆရာဝန်ဆိုတဲ့ ပုဂ္ဂိုလ်များကတော့ အဆိုးဆုံးပဲ။ အပြင်မှာ ဆေးတွေခိုးကုပြီး CDM မလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရန်သူကြီးတွေလို ဆက်ဆံလို့။ တစ်ချို့ဆရာမ တွေဆိုလည်း ရဲရဲ တောက် နီခဲ့ပြီးကာမှ ခံဝန်တွေ ပြန်ထိုးပြီး သူတို့ မဟုတ်တဲ့အတိုင်း အရှက်မရှိ နေကြပြန်တာကလည်း အံ့အားသင့်စရာ။ ထားပါ။ တကယ်တော့ ဒီ ၅ နှစ်အတွင်းမှာ ကလေးတွေ ကျောင်းမတက်ရလေအောင် နည်းမျိုးစုံနဲ့ မိုင်းတွေခွဲ ၊ လူတွေ သတ်ခဲ့ကြတဲ့ လူတန်းစား တစ်စုကို ပြည်သူက ပြတ်ပြတ်သားသား ငြင်းပယ် ပြလိုက်တာပါပဲ။ ပျော်ပွဲ ရွှင်ပွဲ သွားရင်တောင် ဘလိမ်းချင်တဲ့ လူတန်းစား တစ်စုက အများပျော်ရွှင်နေတာကို မြင်ရတာက သူတို့အတွက် ဖင် မီးခဲ ခု ထားသလို ဖြစ်နေမှာလည်း မြင်ယောင်မိတယ်။ ပြည်သူတွေ ပျော်မှာစိုးတော့ အကြောက်တရားနဲ့ လှန့်ထားကြတယ်။ ဓားမိုးပြီး ပျော်ရဲ ပျော်ကြပေါ့လေ။ ဒီလို အကြောက်တရားကြားမှာ ကျောင်းမတက်နိုင်ခဲ့ကြသူတွေလည်း အများကြီး။ တော်လှန်ရေးက ကျရှုံးသွားပြီဆိုတာ လက်ခံရမယ့် အမှန်တရား တစ်ခုပါ။ မြေပြင်မှာ NUG လုပ်တတ်တာ ဆိုလို့ အခွန်ရမယ့် နေရာတွေမှာ အချင်းချင်းတောင် စားခွက်လုပြီး အာဏာ ပြနေတာ မြင်နိုင်တာပဲ။ သူတို့အတွက် ဘုံ ရန်သူက တပ်မတော် မဟုတ်ဘူး။ သူတို့ အခွန်ဆက်ကြေးနေရာတွေမှာ NUG ကို ဦးညွှန့်ပေးကြရသူတွေ ဖြစ်ဖို့ လိုတယ်။ ဒါ့ကြောင့်လည်း LPDF နဲ့ NUG က ဖွဲ့ထားတဲ့ ပပပ၊ ပအဖ၊ ပကဖ တွေ ငြိကြတာပေါ့။ အချင်းချင်း ရှင်းခံရတာပေါ့။ လက်ရှိ အစိုးရသစ်ကို တရားဝင်ဝင် မဝင်ဝင်၊ အတုအယောင်ရွေးကောက်ပွဲပါလို့ ပြောပြော ၊ မပြောပြော လက်တွေ့ အာဏာ ကျင့်သုံးပိုင်ခွင့် ရှိတာ ဘယ်သူလဲ ဆိုတာ မြင်နိုင်ပါပြီ။ ဒီ ၅ နှစ်တာ ကာလ ဘယ်ပြည်သူက မှ မခန့်၊ ကိုယ်ရာထူး ကိုယ်ယူပြီး ရသမျှအခွန်၊ တွေ ကိုယ်ကျိုးအတွက် သုံးခဲ့တာတွေနဲ့တင် အချိန်ကုန်ခဲ့ကြတာ လူထုကလည်း သိသွားကြပါပြီ။ ဒါ့ကြောင့်လည်း MDY PDF တို့လို အားကောင်းတဲ့နေရာမှာ လက်နက်စွန့်ပြီး လူပေါင်း ရာကျော် အလင်းဝင်ခဲ့ကြတာ မြင်နိုင်တာပဲ။ တကယ်တော့ တော်လှန်ရေးဆိုတာ လိုင်းပေါ်ကနေ ခွက်ခေါက် အလှူခံရုံ သပ်သပ် မရဘူး။ ဘဝပျက်ခံထားရတဲ့ လူငယ်တွေနဲ့ တသွေးတည်း၊ တသားတည်း မြေပြင်မှာ ခေါင်းဆောင်နိုင်မှ ဦးဆောင်သူဆိုတဲ့ အခန်းကဏ္ဍကို လူထုက ပေးမှာ။ Zoom meeting တွေ တက်ပြီး လက်၃ ချောင်းထောင်နေရုံနဲ့ကတော့ ဘယ်ပြည်သူမှ မထောက်ခံတော့တာ အသေအချာပါပဲ။ တော်လှန်ရေးက ဝေးသထက် ဝေးလာတာ ပိုပြီး သေချာသွားပါပြီ။ (နရီမိုး)

မန္တလေးမြိုတော် မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားသူများ ပျော်ရွှင်စွာဆင်နွှ ဧပြီ ၁၅၊ ၂၀၂၆ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်က
+2
မန္တလေးမြိုတော် မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားသူများ ပျော်ရွှင်စွာဆင်နွှ ဧပြီ ၁၅၊ ၂၀၂၆ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှ စတင်ကာ နိုင်ငံတစ်ဝန်းလုံး စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားသူများ ပျော်ရွှင်ဆင်နွှဲလျှက်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဆောင်ရွက်ကာ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အများပြည်သူများ ပါဝင်ဆင်နွှဲနိုင်စေရန် မန္တလေးကျုံးပတ်လည်တွင် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး ၁၇ ခု၊ မဏ္ဍပ်အသေး ၂၈ ခု၊ မဏ္ဍပ်စုစုပေါင်း ၄၅ ခုဖြင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စေရန် ဆောင်ရွက်ထားရှိသည်။ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယနေ့သင်္ကြန်အကြတ်နေ့တွင် ယိမ်းအကပြိုင်ပွဲအသင်း စုစုပေါင်း ၁၂ သင်း ယှဥ်ပြိုင်ကပြသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ ဧပြီ ၁၅၊ ၂၀၂၆ ယူနက်စကို (UNESCO) ဒြပ်မဲ့ယ
+2
မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ ဧပြီ ၁၅၊ ၂၀၂၆ ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလျက်ရှိသည်။ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်၊ သုံးခွ၊ ခရမ်း၊ ကျောက်တန်း၊ ဗိုလ်တထောင်၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အလုံ၊ တိုက်ကြီး၊ အင်းစိန်နှင့် ဒေါပုံမြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သဲကုန်း၊ ပေါင်းတည်၊ ပြည်၊ မိုးညို၊ ရွှေတောင်၊ နတ်တလင်း၊ လက်ပံတန်း၊ ပေါက်ခေါင်းနှင့် ရေတာရှည် မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ စေတုတ္တရာ၊ သရက်၊ ကံမ၊ ရေစကြို၊ မင်းလှနှင့် တောင်တွင်းကြီး မြို့နယ်တို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် နမ့်စမ်၊ မိုင်းနောင်၊ လင်းခေး၊ ဆီဆိုင်၊ မိုင်းယောင်း၊ ရွာငံ၊ သီပေါ၊ လွိုင်လင်နှင့် မိုင်းယောင်းမြို့နယ် တို့၌လည်းကောင်း၊ တနင်္ဿာရီတိုင်းဒေသကြီး ဘုတ်ပြင်းနှင့် ကရသူရိ မြို့နယ်တို့၌လည်းကောင်း မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ် ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန်အကြတ်နေ့တွင် လူကြီး၊ လူငယ်အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူး ကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။ ယနေ့အကြတ်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

photo content
+9

လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အမျ
လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၁၅၊ ၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့်အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်၌ လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်နေ ဒေါ်ခင်ချိုသိန်း (၄၀) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရု
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုရေကစားမဏ္ဍပ်သို့ သွားရောက်၍ တပ်မတော်မိသားစုများနှင့်အတူ အတာရေသဘင်ပါဝင်ဆင်နွှဲ ဧပြီ ၁၄၊ ၂၀၂၆ ယနေ့ ဧပြီ ၁၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်အကျနေ့တွင် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်သို့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ သွားရောက်၍ တပ်မတော်မိသားစုဝင်များနှင့်အတူ အတာရေသဘင်အား အတူတကွ ပါဝင်ဆင်နွှဲကြသည်။ အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်သို့ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် မိသားစုဝင်များ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ စည်ကားသိုက်မြိုက်စွာဖြင့် တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်သို့ ရောက်ရှိကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများ၊ အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပက်ဖျန်းပေးကြပြီး အတာရေသဘင်ပွဲတော်ကို အတူတကွဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

အစ္စရေးကဥရောပခေါင်းဆောင်များကိုဝေဖန် NOM အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဂီဒီယွန်ဆာအာက"ဥရောပသည် ငှက်ကုလားအုတ်ကဲ့သို့ ခေါင်းကို သ
အစ္စရေးကဥရောပခေါင်းဆောင်များကိုဝေဖန် NOM အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဂီဒီယွန်ဆာအာက"ဥရောပသည် ငှက်ကုလားအုတ်ကဲ့သို့ ခေါင်းကို သဲထဲမြှုပ်ထားသည်။ ဥရောပခေါင်းဆောင်များသည် ၎င်းတို့၏ လေအေးပေးစက်ပါရုံးခန်းများမှ အစ္စရေးကို ဩဝါဒပေးနေကြသည်။"ဟုဝေဖန်လိုက်သည်။

အီရန်နိုင်ငံက အာရပ်နိုင်ငံငါးနိုင်ငံအား အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် လျော်ကြေးအမေရိကန်ဒေါ
အီရန်နိုင်ငံက အာရပ်နိုင်ငံငါးနိုင်ငံအား အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် လျော်ကြေးအမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံအထိတောင်းခံ NOM ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီးနှင့် ဂျော်ဒန်တို့အား အမေရိကန်နှင့် အစ္စရေး၏ မကြာသေးမီက တိုက်ခိုက်မှုများကို ၎င်းတို့၏ လေပိုင်နက်၊ စခန်းများ သို့မဟုတ် နယ်မြေများအား အသုံးပြုခွင့်ပေးခြင်းဖြင့် ပံ့ပိုးကူညီခဲ့ကြောင်း စွပ်စွဲကာ အီရန်က တရားဝင်လျော်ကြေးတောင်းခံလိုက်သည်။ အီရန်၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Amir Saeid Iravani က ပစ္စည်းပျက်စီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် အပြည့်အဝလျော်ကြေးငွေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံအထိ တောင်းခံကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေအတွင်းရေးမှူးထံ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့​၏ ဒရုန်းဗုံးပစ်ချမှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ NOM
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့​၏ ဒရုန်းဗုံးပစ်ချမှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ NOM