ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 418 名订阅者,在 新闻与媒体 类别中位列第 16 330,并在 缅甸 地区排名第 9 947 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 418 名订阅者。

根据 27 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -136,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.32% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 648 次浏览,首日通常累积 493 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 10。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 28 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 418
订阅者
-924 小时
-317 天
-13630 天
帖子存档
+8
ဥရောပ အာဏာပိုင်အဝန်းအဝိုင်း လူထုဒေါသနှင့် ရင်ဆိုင်ရန် ပြင်ဆင်နေကြရပြီ တိုက်ကြီးတစ်ဝန်းတွင် စစ်ရေးအသုံးစရိတ်များနှင့် ကြားခံစစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေချိန်၌ စာသင်ကျောင်းများ ယိုယွင်းပျက်စီးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြိုလဲလာခြင်းတို့ကြောင့် လူထု၏ မကျေနပ်ချက်များမှာ ဆူပွက်လာပြီး လမ်းမများပေါ်အထိ ပျံ့နှံ့ထွက်ပေါ်လာနေသည်။ ပြင်သစ်နိုင်ငံတွင် စာသင်ခန်းများ နေရာထိုင်ခင်းကျပ်တည်းလွန်းခြင်း၊ ဆရာ/ဆရာမ လိုအပ်ချက်နှင့် ကျောင်းများ ယိုယွင်းပျက်စီးခြင်းတို့ကြောင့် စက်တင်ဘာလနှောင်းပိုင်းက စတင်ခဲ့သော ဆန္ဒပြပွဲများသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ပြည်သူ့ဝန်ဆောင်မှုများ၊ တိုးပွားလာသော ဒုက္ခသည်များဝင်ရောက်လာမှုများ နှင့် သမ္မတ မက်ခရွန်၏ အသုံးစရိတ် ဦးစားပေးမှုများအပေါ် ဒေါသထွက်မှုများသည် ဖရိုဖရဲဖြစ်မှုများ၊ ပစ္စည်းလုယက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသို့ပါ ထိုမတည်ငြိမ်မှုများ ကူးစက်လာခဲ့ပြီး လူဦးရေ ၃၀,০০০ ခန့်က မူဝါဒတင်းကျပ်မှုကို ဆန့်ကျင်သည့် အမျိုးသားအဆင့် သပိတ်မှောက်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဘရပ်ဆဲမြို့တွင် ဆန္ဒပြလူငယ်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရဲတပ်ဖွဲ့က ရာဘာကျည်၊ မျက်ရည်ယိုဗုံးနှင့် ရေပက်ကားများ အသုံးပြု နှိမ်နင်းခဲ့သည်။ လီယေ့ဂ် (Liege) မြို့တွင်လည်း ပြင်သစ်ကို အတုယူကာ ပညာရေးဘတ်ဂျက်ဖြတ်တောက်မှုကို ဆန္ဒပြကြသည့် လူငယ်ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး လူ ၂၀၀ ခန့် အဖမ်းခံခဲ့ရသည်။ ဂျာမနီနိုင်ငံတွင် အဓိပတိခေါင်းဆောင် ဖရီးဒရစ် မာ့ဇ် (Friedrich Merz) အား ရာထူးမှနုတ်ထွက်ရန်၊ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်၊ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများချမှတ်ရန်၊ အခွန်နှင့် စွမ်းအင်စရိတ်များ လျှော့ချပေးရန်နှင့် ယူကရိန်းကြားခံစစ်ပွဲအပါအဝင် စစ်ပွဲများကို တာဝန်မဲ့ ငွေကြေးထောက်ပံ့နေမှုများ ရပ်တန့်ရန် Project M1llion လှုပ်ရှားမှုက တောင်းဆိုခဲ့သည်။ ရိုမေးနီးယားနိုင်ငံတွင်လည်း စက်တင်ဘာလအတွင်း လယ်သမားများ ဆန္ဒပြစဉ်အတွင်း အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံးများ သုံးစွဲခဲ့ရသည်။ ထိုနိုင်ငံတွင် ပိုမိုကျယ်ပြန့်လာသော မကျေနပ်ချက်များမှာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရှေ့ဆုံးမှ ရပ်တည်နေသူ ကာလင် ဂျော်ဂျက်စကူ (Calin Georgescu) ပထမအဆင့် အနိုင်ရရှိပြီးနောက် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းက နိုင်ငံကို EU ၏ လက်အောက်ခံ နယ်မြေတစ်ခုအဖြစ် ပိုမိုခိုင်မာသွားစေခဲ့သည်။ သာမန်ဥရောပပြည်သူများအနေဖြင့် စာသင်ကျောင်းများ၊ လူမှုဖူလုံရေးနှင့် လူနေမှုဘဝအဆင့်အတန်းများကို လျစ်လျူရှုထားပြီး စစ်အာဏာရှင်ဆန်ဆန် စစ်ရေးတည်ဆောက်မှုကို ငွေကြေးထောက်ပံ့နေသော EU ၏ ပုံစံကို ဆန့်ကျင်လာကြသည်နှင့်အမျှ ရဲတပ်ဖွဲ့၏ ကြမ်းကြုတ်ရက်စက်မှုများ (ရေပက်ကား၊ မျက်ရည်ယိုဗုံး၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ) မှာ ပုံမှန်လို ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
10 10月, 10:32

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
10 10月, 10:20

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
10 10月, 10:20

မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ အုပ်စု၊ မမြရေလှောင်တမံ တမံဘောင် တမံအလျား (၂၀၀)ပေခန့်၊ အနက် (၃၀)ပေခန့် လျော့ကျမှုဖြစ်ပ
+2
မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ အုပ်စု၊ မမြရေလှောင်တမံ တမံဘောင်  တမံအလျား (၂၀၀)ပေခန့်၊ အနက် (၃၀)ပေခန့် လျော့ကျမှုဖြစ်ပွား၊ Emergency Spay Way မှ ဆည်ရေများ လျှော့ချလျက်ရှိ အောက်တိုဘာ ၁၀၊ ၂၀၂၆ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မမြရေလှောင်တမံသည် အောက်တိုဘာ ၉ ရက် ည ၁၂ နာရီခန့်က တမံဘောင် လျော့အိကျမှုဖြစ်ပွားခဲ့ရာ တမံအလျား (၂၀၀)ပေခန့်၊ အနက် (၃၀)ပေခန့် လျော့ကျခဲ့ပြီး ၎င်းလျော့ကျသည့် တမံမျက်နှာပြင်နှင့် ဆည်အတွင်း ရေမျက်နှာပြင်သည် (၂၀)ပေခန့် ကျန်ရှိကြောင်း သိရသည်။ ရေလှောင်တမံ ရေထိန်းကျောက်စီမြေနံရံမှာ မြေသားအိကျမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့နံနက်ပိုင်းမှစ၍  Emergency Spay Way မှ ဆည်ရေများ လျှော့ချလျက်ရှိကြောင်း သိရသည်။ မမြရေလှောင်တမံ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိနိုင်ကြောင်း သိရသည်။ Emergency Spay Way တမံ၏ အရေးပေါ် ရေပိုလွှဲမှမှ ဆည်ရေများလျှော့ချလျက်ရှိသောကြောင့် ဆည်အနီးအနားရှိ ကျေးရွာများမှ ပြည်သူများအား ရေဘေး လွတ်ကင်းရာနေရာများသို့ ကြိုတင်ပြောင်း ရွှေ့နေရာချထားပေးကြောင်း သိရသည်။
10 10月, 10:19

အမေရိကန်နှင့် အစ္စရေးတို့၏ လပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း အီရန်သည် ၎င်း၏ ဒုံးကျည်နှင့် ဒရုန်းထုတ်လုပ်
အမေရိကန်နှင့် အစ္စရေးတို့၏ လပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း အီရန်သည် ၎င်း၏ ဒုံးကျည်နှင့် ဒရုန်းထုတ်လုပ်ရေး စက်ရုံအများစုကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ဖော်ပြသည်။ အသေးစိတ်အချက်အလက်များကို သိရှိသည့် အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦး၏ အဆိုအရ အီရန်တွင် ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများနှင့် သင်္ဘောဖျက်လက်နက်များ အလုံအလောက် ကျန်ရှိနေဆဲဖြစ်ပြီး ၎င်း၏ လက်နက်အရန်အင်အားကိုလည်း လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိကြောင်းသိရသည်။
10 10月, 10:16

ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းသည် ဆော်ဒီရေးဗီးယားနိုင်ငံ၊ ရီယာဒ်မြို့ရှိ ကင်းခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတိုက်ရိုက်ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးများရှိသည်။
10 10月, 10:13

ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် အမိန့်များ။
+4
ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် အမိန့်များ။
10 10月, 10:09
10 10月, ~10:10

+3
ယနေ့စောစောပိုင်းက ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များနှင့် ဒရုန်းများသည် ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ရေနံမြေဖြစ်သော အယ်လ်-ဂါဝါ (Al-Ghawar) သို့ ကျရောက်ထိမှန်ခဲ့သည်။ အဆိုပါ ရေနံမြေသည် ဆော်ဒီနိုင်ငံ၏ စုစုပေါင်း ရေနံထုတ်လုပ်မှု အနက် ၃၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် ရေနံမြေဖြစ်သည်။
10 10月, 10:08

ဒုတိယဝန်ကြီးနှစ်ဦးအားနေရာရွှေ့ပြောင်း NOM
+1
ဒုတိယဝန်ကြီးနှစ်ဦးအားနေရာရွှေ့ပြောင်း NOM
10 10月, 10:08

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌ ဇီဝိတ
+9
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌ ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်း အောက်တိုဘာ ၁၀၊ ၂၀၂၆ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များဖြစ်သောဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး၊ဒေါ်အိအိလှိုင်၊ ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ရန်ကုန်တိုင်းပါတီဝင်များသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက် နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌ ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင် ဒဂုံမြို့သစ် ခရိုင်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင် (၈၄) ဦးတို့ကို သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ သွေးအိတ် စုစုပေါင်း (၈၁) အိတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံမှ တပ်မမှူး ဗိုလ်မှူးချပ်မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်များ က လက်ခံရယူခဲ့ကြသည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီစုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး ၊ ဒေါ်အိအိလှိုင်နှင့် ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ပါတီဝင် (၁၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ #USDP #yangonMyanmar
10 10月, 10:04

သမ္မတ ထရမ့်သည် ကလေးဆိုးကြီးတစ်ဦးကဲ့သို့ ဆက်လက်၍ ဒေါသတကြီး ရေးသားခဲ့သည် - ‘ငါဟာ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးခဲ့
သမ္မတ ထရမ့်သည် ကလေးဆိုးကြီးတစ်ဦးကဲ့သို့ ဆက်လက်၍ ဒေါသတကြီး ရေးသားခဲ့သည် - ‘ငါဟာ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးခဲ့တယ်။ နောက်ထပ် ၂ ခုကိုလည်း ပြီးဆုံးဖို့ ဒါမှမဟုတ် ဖြေရှင်းနိုင်ဖို့ နီးစပ်နေပြီ။ သေဆုံးသွားသူတွေရော အသက်ရှင်ကျန်ရစ်သူတွေပါ အပါအဝင် နောက်ဆုံး ၂၈ ယောက် အစ္စရေး ဓါးစာခံများအားလုံးကို ပြန်လည်ကယ်ထုတ်ပေးနိုင်ခဲ့တယ်။ ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံအသီးသီးမှ ဓါးစာခံ ရာပေါင်းများစွာကို လွတ်မြောက်စေပြီး နေရပ်ပြန်ပို့ပေးနိုင်ခဲ့တယ်။ ဗင်နီဇွဲလားမှာ စစ်ပွဲကို အနိုင်ရခဲ့ပြီး အဲဒီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ နောက်ပြီး ထိပ်တန်း အကြမ်းဖက်အားပေးနိုင်ငံဖြစ်တဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကို နျူကလီးယားလက်နက် ရရှိမသွားအောင် တားဆီးနိုင်ခဲ့တယ်။ ဒါတင်မကသေး တခြားအများကြီး လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒါတွေအားလုံး လုပ်ဆောင်ခဲ့ပါလျက်နဲ့ ငါ သို့မဟုတ် အမေရိကန်ပြည်ထောင်စုဟာ နိုဘယ် ငြိမ်းချမ်းရေးဆုကို မရရှိခဲ့ပါဘူး။ အံ့ဩစရာပါပဲ!’
10 10月, 10:00

ဒုတိယဝန်ကြီးများခန့်အပ်ခြင်း NOM
ဒုတိယဝန်ကြီးများခန့်အပ်ခြင်း NOM
10 10月, 09:55

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကေါ်မရှင်အဖွဲ့ဝင်များအဖြစ်ခန့်အပ်ခြင်း NOM
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကေါ်မရှင်အဖွဲ့ဝင်များအဖြစ်ခန့်အပ်ခြင်း NOM
10 10月, 09:55

ဒုတိယဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း NOM
ဒုတိယဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း NOM
10 10月, 09:53

သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြော
သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြောင်း၊ အမှန်တကယ် ဆုရရှိသွားသည့် အမျိုးသမီး (နဗီ ပိလေး - Navi Pillay) အား 'မည်သူမျှ ကြားဖူးမည် မဟုတ်ကြောင်း' နှင့် ၎င်း (ထရမ့်) အနေဖြင့် အီရန်စစ်ပွဲ (၎င်းကိုယ်တိုင် စတင်ခဲ့သည့် စစ်ပွဲ) အပါအဝင် စစ်ပွဲ ၈ ခုကို တားဆီးပေးခဲ့သည့်အတွက် အမှန်တကယ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ၈ ဆုအထိ ရထိုက်ကြောင်း၊ မကြာမီလည်း စစ်ပွဲ ၁၀ ခုအထိ ရှိလာတော့မည်ဖြစ်ကြောင်း ရေးသားထားသည်။
10 10月, 09:53

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြော
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြောင်း
10 10月, 09:48

အမေရိကန်တွင်လိင်ဆက်ဆံခြင်းမှကူးစက်သောဝမ်းရောဂါပြန့်ပွါး NOM အမေရိကန်ပြည်ထောင်စုတွင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဝမ်း
အမေရိကန်တွင်လိင်ဆက်ဆံခြင်းမှကူးစက်သောဝမ်းရောဂါပြန့်ပွါး NOM အမေရိကန်ပြည်ထောင်စုတွင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ (Sexually Transmitted Diarrhea) ပျံ့နှံ့လျက်ရှိ သည်။ အဆိုပါရောဂါပိုးသည် နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့နေပြီး၊ ဆေးယဉ်ပါးမှု (Drug resistance) မြင့်မားလာခြင်းကြောင့် ဆေးကုသရန် အလွန်ခက်ခဲလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။
10 10月, 07:17

ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မန္တလာမင်း ခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိ NOM၊အောက်တိုဘာ၂၀၊၂၀၂
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မန္တလာမင်း ခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိ NOM၊အောက်တိုဘာ၂၀၊၂၀၂၆ ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယမန်နေ့အောက်တိုဘာ၉ရက်မွန်လွဲ၂နာရီ၄၀မီနစ်ခန့်တွင် မန္တလာမင်း ခရီးသည်တင် (Express) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း သို့ဝင်တိုက်မီခဲ့သည့်ဟုအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၃၀၉/၂-၃၀၉/၃ ကြား တွင်မန္တလေးမှ နေပြည်တော် သို့ သွားနေသည် ယာဉ်မောင်းပါ အမျိုးသား၁၈ဦး ၊အမျိူသမီး၁၄ဦး စုစုပေါင်း (၃၂)ဦးလိုက်ပါလာသည့် 1M/1863 မန္တလာမင်း ခရီးသည်တင် (Express) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်ဒဏ် ရာ မရခဲ့သော်လည်း အလယ်ကျွန်းတွင်စိုက်ပျိုးထား​သော အရိပ်ရပင်များ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
10 10月, 01:47

မရမ်းကုန်းမြို့နယ်တွင်ယာဥ်တိုက်မှုဖြစ်နှစ်ဦး‌ သေဆုံး၊သုံးဦးဒါဏ်ရာရ NOM၊အောက်တိုဘာ၁၀၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိ
မရမ်းကုန်းမြို့နယ်တွင်ယာဥ်တိုက်မှုဖြစ်နှစ်ဦး‌ သေဆုံး၊သုံးဦးဒါဏ်ရာရ NOM၊အောက်တိုဘာ၁၀၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့တွင် အောက်တိုဘာ၁၀ရက်၇နာရီ၄၅မီနစ်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့‌ ကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊အမျိုးသမီးလေးဦး၊အနက်အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦး သေဆုံးပြီးအမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများကိုလှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင် ပရဟိတအသင်းမှ သူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။
10 10月, 01:19

စဉ့်ကိုင်မြို့အနီး ဗဟိုပြု၍ အင်အား ၃.၄အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ် NOM၊အောက်တိုဘာ၁၀၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာတွင် ယနေ့(အောက်တိုဘာလ ၁၀ရက်) နံက်ပိုင်းတွင် အင်အား ပမာဏ ၃.၄(M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါမြေငလျင်သည် အောက်တိုဘာလ ၁၀ ရက်မြန်မာစံတော်ချိန် (၁) နာရီ၊ (၄၈) မိနစ်၊ (၀၂) စက္ကန့်အချိန်တွင် ‌မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၄) မိုင်ခန့်ကွာဝေး သော မြန်မာ နိုင်ငံပြည်တွင်း စဉ့်ကိုင်မြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာ အနက် (၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃.၄(M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
10 10月, 00:52