fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

رفتن به کانال در Telegram
1 032
مشترکین
-124 ساعت
اطلاعاتی وجود ندارد7 روز
-1130 روز
آرشیو پست ها
" ဟုတ်ကဲ့ ကိုချမ်း...ဘယ်ဆေးရုံလဲပဲပြောလိုက်ပါ..တပေါင်းတစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်...ပြီးတော့ တပေါင်းကဆေးရုံမှာ လူနာစောင့်မှာမို့ သင်တန်းကိုပြန်မလာသေးဘူးနော် " တပေါင်းက ကျောပိုးအိတ်ကို ပခုံးမှာလွယ်လိုက်ရင်က ပြောလိုက်တယ်။တပေါင်းရဲ့ ဖြူဖျော့အေးစက်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး ကိုချမ်းသက်ပြင်းချလိုက်မိတယ်။ပြီးတော့မှ တပေါင်းလက်ထဲက အိတ်ကိုသွားဆွဲယူလိုက်ပြီး ခုံပေါ်ပြန်တင်ထားလိုက်တယ်။ " ကိုယ်လိုက်ပို့ပေးမယ် တပေါင်း...အိတ်ထားခဲ့လိုက်အုံး..ကျေးဇူးပြုပြီး ကိုယ်ပြောတာက်ို နားထောင်ပေးပါ တပေါင်းရယ်နော်... ကိုယ်ပြောခဲ့တယ်မဟုတ်လား ... ပန်းပျိုးလက်ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီဆိုကတည်းက တစ်ယောက်တည်း လုပ်ချင်ရာလုပ်လို့မရဘူးလို့ ပြောခဲ့ပြီးသားလေ...ကိုယ်ပြောတာကို နားထောင်ပေးပါအုံး " ကိုချမ်းက တပေါင်းကိုတောင်းပန်သလိုပြောလာတာမို့ တပေါင်းခေါင်းကိုငုံ့ထားလိုက်မိတယ်။လူတိုင်းအပေါ်မှာ ကြင်နာတတ်တဲ့ ကိုချမ်းရဲ့ကြင်နာနွေးထွေးတတ်တဲ့စိတ်ရင်းကို မသာယာမိအေင် တပေါင်းကိုယ့်ကိုယ်ကိုဆုံးမလိုက်တယ်။ " တပေါင်း တောင်းပန်ပါတယ်ကိုချမ်း..တပေါင်းတစ်ယောက်တည်း သွားခွင့်ပြုပါနော် " " တပေါင်း ..မင်းဘာလို့ အဲ့ဒီလောက် တဇွတ်ထိုးဆန်နေရတာလဲ..ကိုယ်ပြောတာကို နားမထောင်ဘူးလား....ကိုယ်တောင်းပန်နေတာလေကွာ..ဘာမှထပ်မပြောနဲ့တော့ အတူတူသွားကြမယ် " လေသံနည်းနည်းတင်းမာသွားတဲ့ ကိုချမ်းရဲ့အသံကြောင့် တပေါင်းမျက်လွှာကိုချကာငြိမ်သက်နေမိတယ်။ဖြစ်နိုင်ရင် ကိုချမ်းနဲ့ဝေးအောင်ဝေးဝေးရှောင်ချင်မိတာပါ။ကိုချမ်းက သူမဘေးနားမှာ လိုက်ပါလာမယ်ဆိုတော့လဲ တပေါင်းအရမ်းကိုပျော်မိသလို အားအင်တွေပြည့်နေသလိုလဲ ခံစားရပါတယ်။ဒါပေမဲ့လဲ ဒါကို ထင်ယောင်ထင်မှားဖြစ်ပြီးတော့ နောက်ထပ်မမျှော်လင့်ချင်တော့ဘူး။ ~~~~~~~~~~~~ ကားက ဆေးရုံရဲ့ရှေ့မျက်နှာစာကပဲမဝင်ဘဲ နောက်ပေါက်ကဝင်လာတာမို့ ကိုချမ်းကိုဖျတ်ခနဲ တပေါင်းကြည့်လိုက်မိတယ်။ကိုချမ်းကလဲ တပေါင်းကို ငဲ့စောင်းကြည့်လာပြီး သက်ပြင်းချလိုက်တာကိုတွေ့လိုက်ရတယ်။ပြီးတော့ ကားကိုပါကင်ထိုးလိုက်ပြီးတော့ ကားပေါ်ကမဆင်းသေးဘဲ ကားပေါ်မှာဆက်ထိုင်နေခဲ့တယ်။ " ဆင်းမယ်လေ ကိုချမ်း ' တပေါင်းခပ်တိုးတိုးပြောလိုက်မိတဲ့အခါ ကိုချမ်းက တပေါင်းရဲ့လက်ဖဝါးတစ်ဖက်ကို ဆွဲယူလိုက်တယ်။ " တပေါင်း ...ကိုယ်ပြောမယ်..စိတ်ကိုမလွှတ်လိုက်နဲ့နော်..တပေါင်းလဲတာဝန်ကျေခဲ့ပါတယ်ကွာ..ကိုယ်တို့လဲ ကြိုးစားခဲ့ပါတယ် " ကိုချမ်းရဲ့ထူးထူးဆန်းဆန်းစကားကြောင့် တပေါင်းမျက်လုံးလေးပြူးကာကိုချမ်းကိုကြည့်နေမိတယ်။ " ဘာ..ဘာပြောတာလဲ ကိုချမ်း.....ဘာကိုပြောတာလဲဟင် " တပေါင်းနားမလည်နိုင်ဘဲ ထပ်မေးလိုက်တော့ ကိုချမ်းက တပေါက်းရဲ့လက်ကို လွှတ်မပေးဘဲ တင်းတင်းဆုပ်ကိုင်ထားပြီးတော့မှ ခပ်တိုးတိုးဖြေလာခဲ့တယ် ။ " တပေါင်းရဲ့ အဖေ ..မနေ့ညက ဆုံးသွားခဲ့ပါပြီ....ဆေးရုံကိုခေါ်လာကတည်းကအသက်မပါလာတော့ဘူးတဲ့ " " ရှင် " တပေါင်းမယုံကြည်နိုင်စွာနဲ့ ကိုချမ်းကိုမော့ကြည့်လိုက်မိပြီးတော့ " ဘာ...ဘာလို့ဆုံးတာလဲ ..တပေါင်းတို့ ရန်ဖြစ်လို့် လန့်ပြီးဖြစ်သွားတာလား " တပေါင်း အထိတ်တလန့်နဲ့မေးလိုက်မိတယ်။ " ဟာ..မ..မဟုတ်ပါဘူး တပေါင်းရယ်....လေဝင်လေထွက်မရှိတဲ့အခန်းထဲမှာ ကြာရှည်နေခဲ့တာရယ်...အစာအဟာရမလုံလောက်တာတွေရယ်ကြောင့် ဆုံးသွားတာပါ ..ပြောရရင်ဆေးရုံရောက်နောက်ကျတာပေါ့ ..သူတို့တွေသာ ခပ်စောစောကတည်းက ဆေးရုံကိုပို့ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး " " သူ...သူတို့မှာ ပိုက်ဆံမရှီဘူးလို့်ပြောတယ်...ပထမတစ်ခေါက်လာကတည်းက ..တပေါင်းသာပိုက်ဆံပေးလိုက်ရင် " တပေါင်းပြောရင်းမှ အသံက ဆို့နင့်တိမ်ဝင်ကာ ခေါင်းကိုငုံ့ချလိုက်မိတယ်။ " မဟုတ်ဘူး တပေါင်း ...ဒါကတပေါင်းအပြစ်မဟုတ်ဘူးနော် ...သူတို့ တပေါင်းကိုလာတွေ့တုန်းက...ကိုယ်လေ သူတို့ကိုပိုက်ဆံပေးလိုက်ပါတယ်...ပေးလိုက်တဲ့ပိုက်ဆံက ဆေးရုံစရိတ်အတွက် လုံလောက်ပါတယ် " " ရှင် " " ဟုတ်တယ်...တ‌ပေါင်းစိတ်ဆိုးမှာကြောက်လို့ မပြောပြခဲ့တာပါ....အားလုံးကကံစီမံရာအတိုင်းဖြစ်နေတာပါကွာ..ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့...ကိုယ့်စိတ်ကိုထိန်းနော် " ပြောရင်းနဲ့တပေါင်းလက်ကိုဆွဲလိုက်ပြီး ကားပေါ်ကနေ ကိုချမ်းဆင်းလိုက်တယ်။ ~~~~~~~~~~~ မီးခိုးခေါင်းတိုင်ကနေထွက်လာတဲ့ မီးခိုးငွေ့တွေကို တပေါင်းငေးမောကြည့်နေမိတယ်။လူ့ဘဝဆိုတာက တကယ်တမ်းစဉ်းစားကြည့်လိုက်မယ်ဆိုရင် သက်တမ်းကတိုတိုလေးမှ တကယ့်ကိုတိုတိုလေးပါ။လူတွေက အသက်အရွယ်ကန့်သက်ချက်မရှိဘဲ သံသရာခရီးကို အချိန်မရွေးထွက်ခွါသွားရတတ်တယ်။အသက်ငယ်သူ၊အသက်ကြီးသူမခွဲခြားဘဲ ရုတ်တရက်လဲ ထွက်ခွါသွားရတတ်တယ်မဟုတ်ပါလား ။ ~~~~~~~~~~

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၃၁) akyiphyu ********* '' ကို ...ကိုချမ်း " ရုတ်တရက် ကိုချမ်းကို တွေ့မြင်လိုက်ရတဲ့အချိန်မှာ လူကရှက်ခြင်း၊ ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းစတဲ့ ခံစားချက်ပေါင်းများစွာနဲ့ တပေါင်းသတိ ကင်းမဲ့သူလိုဖြစ်သွားမိတယ်။ ကိုချမ်းရဲ့ မျက်နှာကို မျက်လုံးပြူးကြီးတွေနဲ့သာငေးကြည့်နေမိတယ်။ " တပေါင်း သတိထားလေ...အသက်ရှုလေ .. တောင့်မထားနဲ့ " ကိုချမ်းရဲ့ စိုးရိမ်တကြီး ပြောနေသံကို ကြားနေရပေမဲ့ တပေါင်းရှေ့က မြင်ကွင်းက တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်လာခဲ့တယ်။ " တပေါင်း " ကိုချမ်းရဲ့ ခေါ် သံတိုးတိုးကို ခပ်သဲ့သဲ့ကြားလိုက်ရပြီးနောက်မှာတော့ လောကကြီးတစ်ခုလုံးက မှောင်အတိကျသွားခဲ့တော့တယ်။ ~~~~~ ဖျတ်ခနဲသတိဝင်လာချိန်မှာ တပေါင်းထိတ်ထိတ်ပျာပျာနဲ့ထထိုင်လိုက်မိတယ်။ " တပေါင်းမထနဲ့လေ....ပြန်လှဲနေလိုက်အုံး...အဆောင်မှာပြန်ရောက်နေပြီ ဘာမှစိတ်မပူနဲ့တော့နော် ... တပေါင်းရဲ့အဖေကိုလဲ ..ဆေးရုံတင်ပေးဖို့ စီစဉ်နေပြီ .... တပေါင်းကို ဆရာဝန်ကြီးဆေးလာထိုးပေးထားလို့ ...ဒီညတော့ အိပ်ရေး၀အောင် အိပ်လိုက်တော့ ..မနက်ကျမှ ကိုယ်နဲ့အတူ ဆေးရုံသွားမယ်လေ " ကိုချမ်းက တပေါင်းကို အိပ်ရာပေါ်ပြန်လှဲစေလိုက်ပြီး နဖူးပြင်လေးကို ခပ်ဖွဖွစမ်းကာ ပြန်အိပ်ခိုင်းလိုက်တယ်။ ကိုချမ်းဆီက နွေးထွေးတဲ့ အကြင်နာတွေကြောင့် တပေါင်းမျက်လုံးလေးမှိတ်ကာ ငြိမ်သက်နေမိတယ်။ရင်ထဲမှာတော့ လှိုက်ဆို့ကာ နေခဲ့တယ်။ထိန်းထားတဲ့ကြားက မျက်ရည်စတွေက မျက်လုံးအိမ်ပေါ် စို့တက်လာတာမို့ တပေါင်းကိုယ်လေးကို တစ်ဖက်ကို စောင်းလှည့်လိုက်တယ်။ ~~~~ " တပေါင်းကိုကြည့်ပေးထားပါအုံးနော် မနွေး.....ကျွန်တော်ဆေးရုံကိစ္စလုပ်ပေးလိုက်အုံးမယ် .....လူမမာက အခြေအနေသိပ်မကောင်းဘူးလို့ ပြောတယ်မနွေးရယ် " " ဟုတ်လား .. စိတ်မကောင်းစရာပဲ....စိတ်ချသွားပါကိုချမ်းရယ် ... တပေါင်းအတွက်စိတ်မပူပါနဲ့ " " ဟုတ်ကဲ့ ..ဒါဆို ..ကျွန်တော် လိုက်သွားကြည့်လိုက်အုံးမယ်နော် မနွေး " လိုအပ်တာတွေ မနွေးကိုမှာပြီးတာနဲ့ ဆေးရုံကိုလိုက်သွားဖို့ကိုချမ်းထွက်ခဲ့လိုက်တယ်။ ~~~~~~ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မိခင်ဖြစ်သူရဲ့မျက်နှာကို ဖိုးဇင် သေချာစူးစိုက်ကြည့်နေမိတယ်။ " ကျွန်တော်ပြောတာကို ဘာမှဝင်မပြောဘဲနားထောင်ပါ အမေ...တပေါင်းက ကျွန်တော့်ဆီကနေ ... ငွေတစ်ကျပ်တောင် အကူအညီမတောင်းခဲ့ဖူးပါဘူး...ကျွန်တော်သူများနိုင်ငံမှာ... ပင်ပင်ပန်းပန်းသွားရှာထားတဲ့ငွေတွေကို ..ဘယ်မိန်းကလေးကိုမှလဲ မပေးခဲ့ဖူးပါဘူး..အားလုံးကို အမေတို့ပဲ ယူခဲ့သုံးခဲ့တာပါ ...ကျွန်တော်က ခေါက်ဆွဲပြုတ်ပဲစားပြီး အစားကိုချွေတာပြီးပိုက်ဆံရှာနေချိန်မှာ ...အမေတို့က ဆိုင်ကယ်ဝယ်တယ်... တီဗီတွေ ဝယ်တယ်.....အိမ်တွေဆောက်တယ်...ဈေးကြီးပေ့ဆိုတဲ့ အဝတ်အစားအသုံးအဆောင်တွေဝယ်တယ်...သားဖြစ်သူကထမင်းငတ်နေချိန်မှာ ..အမေတို့က ငွေတွေတောင်းပြီး ..အပြိုင်အဆိုင်အလှူတွေလုပ်တယ်...ဒါနဲ့ မကျေနပ်သေးလို့ လောင်းကစားတွေလဲ လုပ်တယ်...ဖြစ်နိုင်ရင် အမေတို့က ...ကျွန်တော့်ကို သူများနိုင်ငံမှာ တစ်သက်လုံးကျွန်အဖြစ်နေစေချင်တာ မဟုတ်လား ..ပြီးတော့....အခု ကျွန်တော့်မှာငွေတွေသိန်းချီပြီးရှိတယ်ထင်နေတာလား...ကျွန်တော့်မှာ ပိုင်ဆိုင်တာဆိုလို့ အဝတ်အစားသစ်သုံးစုံပဲရှိတယ်...အမေတို့တွေ ကျွန်တော့်အပေါ်မှာ... ငယ်ငယ်တုန်းကလဲ တိရစ္ဆာန်တစ်ကောင်လိုပဲ သဘောထားခဲ့ကြတာမဟုတ်လား ...မိဘကျေးဇူးဆိုတာ ဘာလဲ..စိတ်ချပါ...အဲ့ဒီကျေးဇူးကို အဝေးကနေဆပ်ပေးပါ့မယ်...အချိန်တန်ရင် ငွေပို့ပေးလိုက်မှာမို့ ...ကျွန်တော့်ကို လုံးဝမဆက်သွယ်ပါနဲ့ အမေ...အငယ်လေးတွေကိုလဲ ဒုက္ခမပေးပါနဲ့ ....သားသမီးတွေမွေးပြီးရင် မချစ်တတ်ရင်နေပါ ....ထမင်းတစ်လုတ်တု*တ်တစ်ချက်နဲ့ တိရစ္တာန်တွေလိုမ ဆက်ဆံပါနဲ့ ... .အသားနာတာထက်အသည်းနာတာကပိုပြီး နာကျင်ရပါတယ်... အသက်တွေလဲကြီးနေပြီမို့ အတ္တတွေလျှော့ပြီး သားသမီးတွေအပေါ် ရော...တခြားသူတွေအပေါ်မှာပါ မေတ္တာထားကြည့်ပါ...သားသမီးပဲဖြစ်ဖြစ် မေတ္တာပေးမှမေတ္တာပြန်ရမှာပါ...ဒီလိုပုံစံမျိုးနဲ့ပဲ ရှေ့ဆက်သွားနေမယ်ဆိုရင် ကလေးတွေကိုလဲ ငရဲပေးရာရောက်ပါလိမ့်မယ် " " ဘာ..နင်ဘာပြောလိုက်တယ် ဖိုးဇင် ... နင့်ကိုငါမွေးထုတ်ထားတာပါဟဲ့ ...မိန်းမတစ်ယောက်ကြောင့်များ မိဘကိုစော်ကားတဲ့ စကားတွေပြောရလားဟဲ့ အကောင်ရဲ့ " ဒေါ်အေးလှိုင်က မကျေမနပ်နဲ့အော်ဟစ်လိုက်တယ်။ဖိုးဇင် ဘာမှရှင်းပြမနေတော့ဘဲ ထွက်လာခဲ့လိုက်တယ်။ထွက်လာရင်းနဲ့ တပေါင်းပြောခဲ့တဲ့ ပြင်မရတဲ့ဗီဇနဲ့စရိုက်အဆင့်အတန်းဆိုတဲ့စကားလုံးတွေအကြောင်းကိုတွေးမိပြီး ဖိုးဇင်နာနာကျင်ကျင်နဲ့ ပြုံးလိုက်မိတယ်။ ~~~~~~~ " တပေါင်း ..နိုးနေပြီလား ..ဝင်လာခဲ့မယ်နော် " အသံနဲ့အတူ အခန်းထဲဝင်လာသူက ကိုချမ်း။ " နေလို့ကောင်းလား...သက်သာလား တပေါင်း...ဆေးရုံသွားရအောင်လေ "

မုဆိုးဖိုးတောင်မရှောင်ဘဲ ချူစားတဲ့အတန်းအစားမဟုတ်ဘူး ..ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာစားခဲ့တာ " " တော်စမ်းပါအေ...မအေးလှိုင်သားဆီက ညည်းချူစားခဲ့တယ်မဟုတ်လား ...မအေးလှိုင်က သူ့သားနဲ့သဘောမတူဘူးလို့..တစ်ရပ်ကွက်လုံးကိုလိုက် ပြောနေတာဟဲ့ သိရဲ့လား ..ညည်းအစားငါတို့ရှက်တယ် " " ဘာ ..ဘာပြောတယ် ....ကျွန်မက သူ့သားဆီကချူစားတယ်ပေါ့ ဟုတ်လား ....ဘာလဲ ...အဲ့ဒီမိန်းမကြီးရူးနေတာလား " ကြားလိုက်ရတဲ့ စကားတွေကြောင့် တပေါင်းရဲ့ဒေါသတွေ ဘယ်လိုမှ ထိန်းချုပ်လို့မရချင်တော့။ဒေါ်အေးလှိုင်နဲ့ ဒေါ်သိန်းနုတို့လို လူမျိုးတွေဆီမှာ အမှန်တရားဆိုတာမရှိဘူး။ သူတို့က သူတို့ထင်ရာကိုပဲ အမှန်လို့ ယူဆတဲ့သူတွေ ။ " အဲ့ဒီမိန်းမကြီး ဘယ်မှာလဲ..အခုချက်ချင်းရှင်းမယ် " " ဟဲ့ တပေါင်း ....ငါ ဒီမှာရှိတယ် ....ညည်းကဘာဗြောင်ငြင်းချင်သေးလို့လဲ ...အေးလှိုင်ကို ငတုံးမများမှတ်နေလား ...ငါ့သားမလေးရှားစသွားကတည်းက ..ညည်းဘက်က ဆက်သွယ်ပြီး ငွေတောင်းနေတာမဟုတ်လား ...ငါ့သားက ဒီနေ့ပြန်ရောက်တယ်ဆိုတာနဲ့ ..နောက်နေ့ ညည်းကို လာတွေ့တာမဟုတ်လား ...လူကသာ ခြေမသန်တာ ..မျက်နှာလေးနဲ့တော့လုပ်စားတတ်သားပဲ ..ညည်းလိုဟာမကို ...ငါ့သားနဲ့ သဘောမတူဘူး သိရဲ့လား ...ညည်းက ပရဟိတအအသင်းဆိုပြီးယောကျာ်းတရုံးရုံးနဲ့ နေနေတာလေ ..ငါ့သားကိုတော့ လှည်းကျိုးလာမထမ်းခိုင်းနဲ့ ...ညည်းကို ဟိုအရင်ကတည်းက ကြည့်လို့မရတာ သိရဲ့လား " ဒေါ်အေးလှိုင်ရဲ့စကားတွေက အဆင်အခြင်မဲ့ အဆင့်အတန်းမဲ့လွန်းလှတယ်။ကြားလိုက်ရတဲ့ စကားတွေကြောင့် တပေါင်းတစ်ကိုယ်လုံးနတ်ပူးသလို တဆတ်ဆတ်တုန်ယင်လာတယ်။ဒေါ်အေးလှိုင်ရဲ့ မျက်နှာကို တပေါင်းလက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး "ဒေါ်အေးလှိုင်က ... လူသာအသက်ကြီးလာတယ် ..အသိဉာဏ်က တိုးမလာဘူး ...ကျွန်မက စားစရာမရှိရင်..လမ်းဘေးမှာ တောင်းစားလိုက်မယ် .. ဒေါ်အေးလှိုင်သားဆီက ငွေတစ်ကျပ်တောင် မယူဘူး ..ဘာလို့လဲသိလား ... အဒေါ်တို့နဲ့ ပတ်သက်ရမှာကို ရွံလွန်းလို့... မယူတာသိရဲ့လား .. ကိုယ့်သားသမီးကိုလဲ မေးကြည့်အုံး... အဒေါ့်သားကိုယ်က ရွှေထွက်နေရင်းတောင် ..ကျွန်မက စိတ်မဝင်စားဘူး ...ဘာလို့လဲဆိုတော့ အဒေါ်တို့လိုအဆင့်မရှိတဲ့သူတွေနဲ့ အမျိုးမတော်နိုင်လို့ " " ဘာ ..ညည်းကများ ဘာပြောလိုက်တယ်...ကောင်မလူပါးဝလို့ " ဒေါ်အေးလှိုင်က ဆဲဆိုရင်း တပေါင်းဆီကို ပြေးဝင်သွားတယ် ။တပေါင်းကလဲ တု*တ်တစ်ချောင်းကို ခပ်မြန်မြန်ကောက်ယူလိုက်တယ်။ ဒီမြင်ကွင်းကို အများနဲ့အတူ ငေးကြောင်ကြည့်နေမိသူက ဖိုးဇင်ပါ။ မနွေးဖုန်းဆက်တာကြောင့် ရပ်ကွက်ထဲအမြန်လိုက်လာခဲ့တာ။ ဒီရောက်တော့ မိခင်ဖြစ်သူနဲ့ ချစ်ရသူတို့ရဲ့ရန်ပွဲနဲ့ တန်းတိုးတာ။ သူတို့နှစ်ယောက်ရန်ပွဲကို ကြည့်ရင်း ဖိုးဇင်ကြက်သေသေနေခဲ့မိတာ။ '' ဟာ ..ဘာရပ်ကြည့်နေတာလဲ ကိုဇင်ဖြိုးပိုင် .. ဝင်ဆွဲလေဗျာ " အသံနဲ့အတူ ဖိုးဇင်ကို တွန်းတိုက်ပြီးတော့ လူတစ်ယောက်ပြေးဝင်သွားတော့မှ ဖိုးဇင် သတိပြန်ဝင်လာခဲ့မိတယ်။ တု***တ်ကို ကိုင်ထားရင်း အသင့်ပြင်ထားတဲ့ တပေါင်း။ဒေါ်အေးလှိုင် အကြောင်းကို ကောင်းကောင်း သိနေသူမို့ မိုက်မိုက်ရိုင်းရိုင်းပဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ "တပေါင်း ..တပါင်းတော်တော့ ...သတိထားလေ ..." ဒေါ်အေးလှိုင်က ပြေးအလာ ။တပေါင်းကလဲ လက်ကိုမြှောက်ဖို့ရွယ်လိုက်ချိန်မှာပဲ စိုးရိမ်တကြီး တားမြစ်သံနဲ့အတူ နောက်ကနေတပေါင်းကို အတင်းဆွဲယူလိုက်တာကို သိလိုက်ရတယ်။ " လွှတ် ..လွှတ်..ခုချက်ချင်းလွှတ် ... အဆင့်မရှိတဲ့ဟာတွေ " တပေါင်း ဒေါသတကြီး ပြောရင်းနဲ့ အတင်းရုန်းကန်အော်ဟစ်ပစ်လိုက်တယ်။တပေါင်းရုန်းကန်နေတဲ့ကြားက ဝင်ဆွဲတဲ့သူကလဲ တပေါင်း ကိုယ်လေးကို အတင်းဆွဲယူခေါ် ငင်သွားခဲ့တယ်။ " လွှတ် ..လွှတ်လို့ပြောနေတယ် .. အခုချက်ချင်း လွှတ်ပေးစမ်း " " ဘုံး ..ဘုံး " ဆွဲခေါ်လာသူကို တပေါင်း အတင်းထုရို*က်ပစ်လိုက်တယ်။ဒီလိုထုရို*က်နေတဲ့ကြားက သူက ကားတံခါးကိုဖွင့်ပြီး ကားထဲကိုတွန်းထည့်ပေးလိုက်တယ်။တပေါင့် ထိုသူ့မျက်နှာကို ရို-က်ချဖို့ရန်လက်ကို မြှောက်လိုက်ချိန်မှာပဲ သူ့မျက်နှာကို မြင်တွေ့လိုက်ရပြီး လူကကြက်သေသေသွားမိတယ်။ ================================= အပိုင်း (၃၁)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁

" ဟို..ဟို...အဲ့ဒါတွေ ညီမလေးမသိဘူးမမ " ကောင်မလေးက ပြောပြောဆိုဆိုနဲ့ တပေါင်းကိုတွန်းတိုက်ပြီး ပြေးထွက်သွားခဲ့တယ်။အခန်းထဲမှာ တပေါင်းနဲ့အဖေရယ် နှစ်ယောက်တည်းပဲ ကျန်ခဲ့တယ်။အခန်းထဲကို တပေါင်းဝင်လိုက်တယ်။အမြဲတမ်းကျော့ကော့အောင်နေခဲ့တဲ့အဖေ။သူ့အင်္ကျီတွေကို တပေါင်းမိးပူတိုက်ပေးတိုင်း ခေါက်ရာထင်တယ်ဆိုပြီးမကျေမနပ်နဲ့ ခါးပတ်နဲ့ရို/က်ခဲ့တဲ့အဖေ။အဖေ့နဲ့ မိထွေးတို့ရဲ့အင်္ကျီအစဖိနပ်အဆုံး တပေါင်းကပဲ သန့်ပြန်ကော့ကျော့နေအောင် လုပ်ပေးခဲ့တာပါ။ အမြဲလိုလို စတိုင်ပန်ဘောင်းဘီရှည်နဲ့တီရှပ်အမျိုးမျိုးနဲ့ သန့်သန့်ပြန့်ပြန့်နေခဲ့တဲ့ အဖေကအခုတော့လဲ မယုံနိုင်စရာကောင်းလောက်အောင် ပေရေစုတ်ပြတ်လို့ လူရုပ်မပေါ်အောင်ဖြစ်နေခဲ့တယ်။ခန္ဓကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ ဘောင်းဘီတိုပွယောင်းယောင်းနဲ့စွပ်ကျယ်ကလဲ အရောင်မပေါ်တော့တဲ့အပြင် စုတ်ပြဲရာတွေနဲ့ပြည့်လို့ ။တစ်ကိုယ်လုံးမှာလဲ ခြင်ကိုက်ဖုတွေနဲ့ဝဲတွေကအပြည့် ။ကြည့်ရင်းနဲ့ တပေါင်းရင်ထဲတင်းကျပ်ပြီး ဆို့နင့်လာခဲ့တယ်။အိပ်ရာဘေးမှာ တပေါင်းအသာထိုင်ချလိုက်တဲ့အခါ အရောင်မွဲမွဲမျက်လုံးတွေနဲ့မော့ကြည့်လာခဲ့တယ်။ " ဘယ်..ဘယ်သူလဲ " မေးသံက တုန်ရီဖျော့တော့လို့။အမြင်တွေရောကြည်ကြည်လင်လင်မှ ရှိပါရဲ့လားမသိတော့။ "တ...တပေါင်းပါ...ဆေး..ဆေးရုံသွားပြရအောင် " အသံကိုမတုန်အောင် ထိန်ပြီးပြောလိုက်ပေမဲ့ တပေါင်းရဲ့အသံတွေတုန်ရီဆို့နင့်ကာနေခဲ့တယ်။မျက်ရည်မကျမိအောင်ထိန်းရင်း အခန်းပြင်ကိုထွက်ခဲ့လိုက်တယ်။အခန်းပြင်ကိုရောက်တော့ တစ်မနက်လုံးပိတ်ထားခဲ့တဲ့ဖုန်းကို ဖွင့်လိုက်တယ်။ဆေးရုံတင်ဖို့အတွက် ဘယ်သူ့ဆီကမှအကူအညီမတောင်းချင်။ဒါကြောင့်လဲ လူနာတင်ကားကိုပဲဖုန်းဆက်ခေါ်ဖို့ပြင်လိုက်တယ်။ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်တည်နိုင်ဖို့အတွက် နှစ်ရှည်လများစုထားခဲ့တဲ့ ငွေတွေကိုပဲ သုံးပစ်ဖို့အတွက် တပေါင်းဆုံးဖြတ်ချက်ချလိုက်တယ်။ " တပေါင်း ...ညည်းကကြီးကြီးကျယ်ကျယ်နဲ့ဘာစကားတွေမေးလိုက်တာလဲ...ခြံရောင်းတဲ့ပိုက်ဆံတွေက ဘယ်မှာလဲလို့မေးတယ်ဆိုဟုတ်လား...နင့်အဖေဖြစ်နေတာ... နှစ်နှစ်ပြည့်တော့မယ်ဟဲ့သိလား..ခြံရောင်းတဲ့ပိုက်ဆံက ဘယ်လောက်များနေလို့် ...နင်ကလာမေးနေရတာလဲ ..." တပေါင်းဖုန်းဆက်ဖို့ ပြင်နေချိန်မှာပဲ ဒေါ်သိန်းနုက ဒေါကြီးမောကြီးနဲ့ရောက်ချလာပြီး ဆဲဆိုရန်တွေ့တော့တယ်။တပေါင်းလဲဖုန်းဆက်ဖို့ ပြင်နေတာကိုပြန်ချလိုက်ပြီး ဒေါ်သိန်းနုကို ရင်ဆိုင်ကြည့်လိုက်တယ်။ " တစ်မိသားစုလုံးထိုင်စားပြီး...အသုံးအဖြုန်းကြီးနေရင်တော့ ...ငွေဘယ်လောက်များများကုန်မှာပဲပေါ့...ပြောတော့ လူမမာကထိုင်စားလို့ကုန်တယ်ဆိုပြီး ...လူမမာကိုလဲသွားကြည့်ပါအုံး ...ကိုယ့်တစ်လှည့်စာတောင်မရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ထားထားပြီး ...အလွယ်တကူစားဖို့သောက်ဖို့ မုန့်တစ်ထုပ်တောင်အနားမှာ မရှိဘူး... ဝတ်ထားတဲ့အဝတ်တွေကလဲ လက်နှီးစုတ်လောက်တောင်မှ မပြောင်ရောင် ဘူး...ဘာကိုလူမမာအတွက်သုံးတာလဲ ...လူမမာကိုအစားကောင်းကောင်းကောင်းမကျွေးနိုင်ရင်ထားပါရပါတယ်...အဝတ်အစားမဝယ်ပေးနိုင်ရင်လဲထားပါ ...ဒါပေမဲ့ ဒီလောက်ကျယ်တဲ့အိမ်မှာ အိမ်ထောင်ဦးစီးက နေစရာနေရာတောင်မရှိဘူးလား...သူ့အတွက်နေစရာက မိးဖိုချောင်အတက်အဆင်းနေရာတဲ့လား ပြောစမ်းပါအုံး ...ပြီးတော့ အခန်းတစ်ခုလုံးလဲပေရေ ရှုပ်ပွနေတာပဲ " " ဟဲ့ ...တပေါင်း ..နင်ကဘာတွေကြီးကြီးကျယ်ကျယ်ပြောနေတာလဲ ....နင်ကဘယ်နှစ်ပြားထောက်ပံ့ထားလို့ စကားကြီးစကားကျယ်တွေ လာပြောနေတာလဲ ...နင်ထွက်သွားတာ ဘယ်နှစ်နှစ်ရှိနေပြီးလဲ ..တစ်ခေါက်တလေအိမ်ပြန်လာဖူးလား ....မိဘကိုလာကြည့်ဖူးလားပြော...ရုပ်လေးဗန်းပြပြီး ...ပျော်ပါးအလေလိုက်နေတာမဟုတ်လား ... ငါတို့လဲ နိုင်သလောက်လုပ်ပေးနေတာပဲဟဲ့..ငါတို့မှာစားဖို့လဲရှာရသေးတယ် " ဒေါ်သိန်းနုရဲ့အောက်တန်းကျလှတဲ့စကားတွေကြောင့် တပေါင်းရင်ထဲကအုံခဲနေတဲ့ဒေါသအစိုင်အခဲတွေက ဝုန်ခနဲပေါက်ကွဲထွက်သွားခဲ့တော့တယ်။ " စကားကိုအဆင့်တန်းရှိရှိမပြောတတ်ဘူးလား...ကျွန်မကဒီအိမ်ပေါ်ကနေ... ကိုယ့်ဆန္ဒနဲ့ကိုယ်ဆင်းသွားခဲ့တာမဟုတ်ဘူးနော်...ဒေါ်သိန်းနုမောင်သူခိုးကြောင့်ဆင်းခဲ့ရတာလေ...မမှတ်မိဘူးလား..ပြောပြရအုံးမလား ...ကျွန်မအဖေက ဒေါ်သိန်းနုတို့တစ်မိသားစုလုံးကို နှစ်ရှည်လများ ရှာကျွေးခဲ့တာလေ....အခုနေမကောင်းတာ တစ်နှစ်ကျော်လေးကို လူရုပ်တောင်မပေါက်တော့ဘူး..မ‌ေသရုံတမယ်ကျွေးပြီးပစ်ထားတာမဟုတ်ဘူးလား...ခြံဘယ်တုန်းကရောင်းလိုက်တာလဲ....ဘယ်လောက်ရလိုက်လဲဆိုတာကို အခုချက်ချင်းစုံစမ်းလို့ရတယ်နော် ...အလုပ်လုပ်နိုင်တုန်းကတော့ တစ်မိသားစုလုံးထိုင်စာပြီး... နေမကောင်းတော့မှ ကျွန်မတာဝန်ပေါ့ဟုတ်လား..ရတယ်လေ.....ကျွန်မလဲသားသမီးဆိုတော့ပြုစုပေးရမှာပေါ့ ...ပြီးတော့ ဒီအိမ်ကကျွန်မအမေလက်ထက်ထဲကတည်းက အိမ်နော်..ဒီအိမ်ရဲ့အမွေတစ်စုကိုလဲ ကျွန်မဆိုင်တယ်...ဒါကြောင့်အခန်းတစ်ခန်းကို ခုချက်ချင်းရှင်းပေး...ကျွန်မပြောင်းလာခဲ့မယ် ...လိုအပ်ရင် ဒီခြံကိုဆယ်ပေရောင်းပြီး ...ကျွန်မအဖေကို ဆေးကုမယ်...ကျွန်မပြောတာတွေကိုတော့ လက်မခံနိုင်ဘူး...ဆေးဖိုးငွေပဲပေးလို့တော့ လာမတောင်းနဲ့...ငွေတစ်ပြားတောင်မပေဘူးမှတ်ထား ... ပြီးတော့ ထပ်ပြောလိုက်အုံးမယ် ....ကျွန်မကအဒေါ့်လိုမျိုး...

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၃၀) akyiphyu ********* တက္ကစီပေါ်က ဆင်းလိုက်တာနဲ့မြင်ကွင်းတွေက အရင်ကနဲ့ လုံးဝမတူဘဲ ပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်။အရင်ကခြံနဲ့ဝန်းနဲ့အိမ်တွေကလဲ ခြံရယ်လို့မရှိတော့ဘဲ ဆယ်ပေအိမ်လေးတွေပြွတ်သိပ်နေတာကိုတွေ့ရတယ်။အိမ်ခြေတွေပိုတိုးလာတယ်။ဈေးဆိုင်တွေ ပိုများလာတယ်။လေးငါးရှစ်နှစ်အတွင်းမှာအရာရာကပြောင်းလဲခဲ့ပြီး။ကားပေါ်ကဆင်းလိုက်တာနဲ့ အဖေ့အိမ်ရှိရာကိုတပါင်းဦးတည်ပြီသွားလိုက်တယ်။ " အို " မိမိနေခဲ့ဖူးတဲ့အိမ်လေးကိုမြင်လိုက်ရတော့ တပေါင်းရင်ထဲမှာဆို့သွားမိတယ်။အမေရှိစဉ်တုန်းက အမေနဲ့အတူနေခဲ့တဲ့အိမ်လေး။အိမ်လေးက ပေလေးဆယ်ခြောက်ဆယ်ခြံဝန်းကျယ်ထဲမှာတည်ရှိခဲ့တာ။အခုတော့လဲခြံထဲမှာ တိုက်ကြီးတစ်လုံးတည်ဆောက်ထားပြီး အိမ်လေးကမှေးမှိန်ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့တယ်။အဖေတို့တွေ တိုက်အိမ်များဆောက်ထားတာလား။တိုက်အိမ်ကြီးရှိရဲ့နဲ့ သူမဆီကငွေကို ဘာလို့်တောင်းနေရတာလဲလို့ တွေးလိုက်မိတယ်။အတွေးပေါင်းစုံကိုတွေးရင်းအိမ်ရှေ့မှာခပ်ကြောင်ကြောင်နဲ့ရပ်နေမိတယ်။အတော်လေးကြာတော့မှ အိမ်ပေါ်ကိုအကဲခတ်လိုက်ပြီးတပေါင်းလှမ်းတက်ခဲ့လိုက်တယ်။ " မစားချင်လဲ မစားနဲ့လေ....တစ်နေ့တစ်နေ့အဖေရစ်နေတာနဲ့ ..သမီးတို့လဲ အားချိန်ကိုမရဘူး...လူမမာလိုဟန်ဆောင်မနေနဲ့တော့ ...အမေလဲမအားဘူး...သမီးလဲမအားဘူး....အဖေက အိမ်မှာအလကားထိုင်စားပြီးရစ်နေတယ် " "ဒုန်း " ကြားလိုက်ရတဲ့ ရင့်ရင့်သီးသီးစကားသံတွေကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲ တုန်သွားမိပြီး အသံကြားရာဆီကို အပြေးသွားလိုက်မိတယ်။ " သူများသားသမီးတွေများ ..တစ်နေ့တစ်နေ့လှလှပပဝတ်စားပြင်ဆင်ပြီး ..တက္ကသိုလ်တက်နေကြတာ..သမီးမှာတော့ ဖအေလူမမာကိုပြုစုပေးနေရတယ်....စားတာသောက်တာလေးတော့... ကိုယ့်ဘာသာလုပ်ပေါ့ ...သမီးတို့က အဖေ့ကျွန်တွေလား....တစ်နေ့တစ်နေ့အဖေ့အလုပ်တွေချည်းပဲ...အဲ့ဒါကြောင့် အမေကအိမ်ပြန်မလာချင်တာပေါ့..နည်းနည်းပါးပါးလဲ ကြိုးစားပြီးလှုပ်ရှားပါအုံးလား ...အဖေကိုယ်တိုင်အပျင်းထူနေလို့ကတော့ ..ရောဂါကဘယ်တော့မှပျောက်မှာမဟုတ်ဘူး..သမီးလဲစိတ်ညစ်လာပြီ ..အိမ်မှာမနေချင်တော့ဘူး...နေရတာစိတ်ပျက်လာပြီ " "ဒုန်း...ဒိုင်း " မိန်းမငယ်လေးရဲ့ဆူပူပြောဆိုသံနဲ့ ပစ္စည်းတွေကို ဆောင့်အောင့်ပြီးပစ်ပေါက်တဲ့အသံတွေက ပိုပြိးကျယ်လာခဲ့တယ်။အသံထွက်ပေါ်လာရာအခန်းက တပေါင်းငယ်ငယ်ကအိပ်ခဲ့တဲ့နေရာက ထွက်ပေါ်လာတာ။အနားရောက်တော့တွေ့လိုက်ရတာက တပေါင်းငယ်ငယ်ကအိပ်ခဲ့ရတဲ့ မီးဖိုချောင်အတက်အဆင်းထောင့်ကွေးကနေရာလေးကို အထပ်သားပြားနဲ့ကန့်ပြီးအခန်းလုပ်ပေးထားတာ။အသံက အဲ့ဒီအခန်းထဲကထွက်လာတာ။အခန်းဆိုပေမဲ့ရှည်ရှည်မျောမျောနဲ့ကျဉ်းမြောင်းလှတဲ့အခန်းလေး။နဂိုကမှ ခပ်မှောင်မှောင်ဖြစ်နေတဲ့ ဒီနေရာမှာ အခန်းဖွဲ့လိုက်တယ်ဆိုတော့ ကျဉ်းကျဉ်းမှောင်မှောင်အခန်းလေးပေါ့။တပေါင်းရင်ထဲ တလှပ်လှပ်တုန်ခါရင်း အခန်းတံခါးဝကနေရပ်ကြည့်လိုက်မိတယ်။တွေ့လိုက်ရတာက ငယ်ငယ်ချောချောကောင်မလေးတစ်ယောက်က အဖေ့ကိုရန်တွေ့နေတာ ။အဖေကအခန်းထဲက ဖျာစုတ်လေးပေါ်မှာခွေခွေလေးလှဲလို့။အခန်းတစ်ခုလုံးကလဲ ကြွက်သိုက်လိုရှုပ်ပွနေပြီး ညစ်ပတ်နံစော်နေခဲ့တယ်။အိပ်ရာပေါ်လှဲနေတဲ့ အဖေ့ပုံစံကလဲ အရိုးပေါ်အရည်တင်လို့် ပိန်လှီခြောက်ကပ်နေတယ်။တကယ်ဆိုအသက်ငါးဆယ်ကျော် ယောက်ျားတစ်ယောက်ဆိုတာ ဒီလောက်အခြေအနေအထိကိုဖြစ်စရာအကြောင်းမရှိဘူးလေ။ဘဝကို ရိုးရိုးရှင်းရှင်းနေသွားမယ်ဆိုရင် အသက်ငါးဆယ်ကျော်ဆိုတာ သုံလေးဆယ်အရွယ်တွေနဲ့သိပ်မကွာခြားလှဘဲနေနိုင်တဲ့အရွယ်မျိုး။အခုတော့ အဖေ့ပုံစံက အသက်ရှစ်ဆယ်နီးပါး အဘိုးအိုကြီးလို အိုနာကျနေခဲ့တာ။တပေါင်းအသံတိတ်ပြီး အခန်းဝမှာရပ်ကြည့်နေချိန်မှာပဲ ကောင်မလေးကနောက်ကိုလှည့်ကြည့်လာခဲ့တယ်။ " ဟင်...ဘယ်..ဘယ်သူလဲ " ကောင်မလေးကတပေါင်းကိုမြင်တော့ တအံ့တဩနဲ့မေးလာတယ်။ကောင်မေးလေးကို တပေါင်းချက်ချင်းမှတ်မိလိုက်တယ်။သူလေးက တပေါင်းခါးထစ်ခွင်ပြီး ချီထိန်းခဲ့ရတဲ့ကောင်မလေးလေ။ " မမ..မမတပေါင်းလား " ကောင်မလေးကတုန်တုန်ယင်ယင်နဲ့မေးလာတယ်။ " နင်တို့အဖေဘာဖြစ်တာလဲ " တပေါင်းကလဲ ခပ်ကြောင်ကြောင်ပြန်မေးလိုက်မိတယ်။ " ဟို...ဟို ..အဖေက ဆိုင်ကယ်မှောက်တာ ခြေထောက်ကိုထိသွားပြီး ...လမ်းမလျှောက်နိုင်ရာကစဖြစ်တာပါ....နောက်ပိုင်း အလုပ်မလုပ်နိုင်ရာက စိတ်ညစ်ပြီး အရက်သောက်တယ်..အဲ့ဒီကနေ အလုပ်လုံးဝမလုပ်နိုင်တော့ဘဲ .အိပ်ရာပေါ်လဲတာပဲ ...ဖြစ်တာတစ်နှစ်ကျော်နေပြီ..အခုတော့ အရက်လဲ မသောက်နိုင်တော့ပါဘူး " " ဪ...ဆိုင်ကယ်မှောက်တယ်ဆိုတော့ ဘယ်သွားတာလဲ " " အလုပ်ကပြန်လာရင်းမှောက်တာပါ မမ " " အလုပ်ကပြန်လာရင်းနဲ့မှောက်တာလား...ဒါဆိုရင် နင်တို့သားအမိတွေ ...စားသောက်ဖို့ငွေရှာထွက်ရင်း ...နင်တို့အဖေဖြစ်တာပဲ ...နင်တို့အဖေကိုလဲကြည့်အုံး...လူကအရိုးပဲ‌ရှိတော့တယ်...ဆေးရုံဘာလို့မတင်တာလဲ " " ဟို..ပိုက်ဆံမရှိဘူးတဲ့ ...ညီမလေးလဲ အဖေ့ကိုဆေးရုံတင်ပေးဖို့ ....အမေ့ကိုပြောနေပါတယ် " " ခြေရင်းဘက်ကခြံကိုဘယ်တုန်းကရောင်းလိုက်တာလဲ...လူမမာကို ဆေးရုံတောင် မတင်နိုင်ဘူးဆိုတော့ ...ခြံရောင်းတဲ့ငွေတွေက ကုန်ပြီလား .. ."

ခံစားချက်ကဆိုးဝါးလွန်းလှတယ်။ရင်ထဲမှာ ဆူးတစ်ချောင်းဝင်စူးနေသလိုမျိုး တဆစ်ဆစ်တနုံ့နုံ့နဲ့ခံစားနေခဲ့ရတာ။တပေါင်းတွေးလေလေ နာကြည်းမိလေလေဖြစ်ကာ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားမိတယ်။ " ကလင်...ကလင် ..ကလင် " တပေါင်းအတွေးထဲ စိတ်တိုဒေါသထွက်နေမိချိန်မှာ ရုံးဖုန်းသံကိုကြားလိုက်ရတယ်။မနွေးဖုန်းပြောနေသံကိုလဲ ကြားနေခဲ့ရတယ်။ " တပေါင်းရေ... ဖုန်းလာနေတယ် ...လာပြောလိုက်ပါအုံး " မနွေးရဲ့ခေါ်သံကြောင့် တပေါင်းကိုယ်လေး တွန့်ခနဲဖြစ်သွားမိတယ်။လက်ကိုင်ဖုန်းကို ပိတ်ထားတာမို့ ဖိုးဇင်များဆက်တာလားလို့ တွေးလိုက်မိတယ်။ဖိုးဇင်ဆက်တာဆိုရင် သွားမပြောချင်ဘူး။ဒါပေမဲ့ တပေါင်းသွားမပြောမချင်း လှမ်းကြည့်နေတဲ့ မနွေးကြောင့်စိတ်မပါလက်မပါနဲ့ နေရာကနေထသွားလိုက်ပြီး ဖုန်းကိုင်လိုက်တယ်။ " ဟယ်လို ...တပေါင်းပြောနေပါတယ် " " အေး...တပေါင်...ငါပဲ..နင့်အဖေအတော်လေးဖြစ်နေတယ် ..နင်လာမကြည့်ဘူးလား ..လာမကြည့်လဲရတယ်..နင့်သဘောပဲ ....ငါကဝတ္တရာအရအသိပေးတာဒါပဲ " ပြောပြောဆိုတိုနဲ့တစ်ဖက်ကဖုန်းချသွားခဲ့တယ်။ တစ်ဖက်က ဖုန်းချသွားခဲ့ပေမဲ့ တပေါင်းဖုန်းကိုမချနိုင်ဘဲ ငိုင်နေမိတယ်။ " တပေါင်း ...ဘယ်သူဆက်တာလဲ....ဘာဖြစ်လို့်လဲပြောပါအုံး " မနွေးရဲ့မေးသံကိုကြားလိုက်ရမှ တပေါင်း သတိဝင်လာမိပြီး လက်ထဲကဖုန်းကို နေရာမှာ ပြန်ချလိုက်မိပြီး " ဟို..ဟို ...အဖေမသက်သာလို့တဲ့ မနွေး ..." ဒါပဲပြောပြီးတော့ တိုင်ကပ်နာရီကို တပေါင်းလှမ်းကြည့်လိုက်မိတယ်။အချိန်ကနေ့လယ်တစ်နာရီကျော်ပဲရှိသေးတယ်။တပေါင်း နေရာကိုပြန်လာပြီး လုပ်လက်စအလုပ်ကို အမြန်လက်စသပ်လိုက်တယ်။ပြီးတော့ ကွန်ပျုတာကိုပိတ်လိုက်တယ်။ " မနွေး...တပေါင်း အပြင်ခဏသွားချင်ပါတယ်...ခွင့်ပြုပေးပါ နော်...ညနေမိုးမချုပ်ခင်ပြန်လာခဲ့ပါမယ် ...အဖေ့အခြေအနေကို သွားကြည့်မလို့ပါ " တပေါင်းရဲ့ခွင့်တောင်းစကားကြောင့် မနွေးဘာပြောရမှန်းမသိဖြစ်သွားမိတယ်။ကိုချမ်းကလဲမရှိသလို ကျန်တဲ့သူတွေကလဲ သင်တန်းတွေနဲ့သူတို့အလုပ်တွေနဲ့ရှုပ်နေကြတာ။ " အဖေ့ကို သွားကြည့်မလို့လားတပေါင်း ...ဟို ..သင်တန်းကကောင်းလေးတစ်ယောက်ယောက်ကို အဖော်ခေါ်သွားပါလား..မနွေးကားငှားပေးလိုက်မယ်‌လေ " " ရပါတယ် မနွေး..ကလေးတွေစာသင်နေကြတာလေ...တပေါင်းတစ်ယောက်တည်း သွားလို့ဖြစ်ပါတယ်...စိတ်မပူပါနဲ့ .. ဘာမှမဖြစ်ပါဘူးမနွေးရဲ့...အဲ့ဒီမှာ တပေါင်းရဲ့ကြီးကြီးနဲ့လဲ နီးပါတယ် ..စိတ်မပူပါနဲ့နော် " တပေါင်းက ပြောပြီးတာနဲ့ အခန်းထဲကထွက်သွားတာမို့ မနွေးမတားလိုက်နိုင်တော့ ။ဘာလုပ်လို့်လုပ်ရမှန်းလဲမသိတော့ဘဲ အချိန်အတော်ကြာကြာထိုင်ပြီး စဉ်းစားနေမိတယ်။နောက်ဆုံးတော့ စဉ်းစားလို့မရတာနဲ့ ကိုချမ်းဆီကိုဖုန်းခေါ်လိုက်တော့တယ်။ " ဟယ်လို မနွေး..ပြောလေ ..သင်တန်းမှာကိစ္စရှိလို့လား " " သင်တန်းကိစ္စမဟုတ်ဘူးကိုချမ်း...တပေါင်းလေ..သူ့မိထွေးကဖုန်းဆက်ခေါ်တာထင်တယ်...အဲ့ဒါသူတစ်ယောက်တည်းထွက်သွားတယ်လေ " " ဟာဗျာ..မနွေးကမ တားဘူးလား ...အဖော်တစ်ယောက်ယောက်ရအောင်ထည့်ပေးလိုက်မှပေါ့ " "မနွေးလဲ ...အဖော်ခေါ်သွားဖို့ ပြောပါသေးတယ် ကိုချမ်းရယ်...ဒါပေမဲ့လေ ..ဒီနေ့ တပေါင်းဘာဖြစ်နေလဲမသိဘူး....ငိုထားပုံလဲရတယ်.....မျက်နှာလဲလုံးဝမကောင်းဘူးလေ " " ဟုတ်လား...ဘာဖြစ်လို့လဲမသိဘူး..မနက်တုန်းက ..ဟိုတစ်ယောက်လာတာတွေ့တယ်..သူတို့စကားများကြလို့များလား ...ဒုက္ခပါပဲ မနွေးရာ .....ကျွန်တော်က ညနေလောက်မှ ပြန်လို့်ရမှာ ....ဒီမှာက မာရီ့မိဘတွေလဲရောက်နေတယ်လေ ...ဒီလိုလုပ်ပါလားမနွေး..သူ့သူငယ်ချင်းဆီကို ဖုန်းဆက်လိုက်ပါလား...ဖုန်းဆက်ပြီး လိုက်သွားခိုင်းကြည့်လိုက်ပါ " " ဟုတ်ကဲ့...ဟုက်ကဲ့ ကိုချမ်း ...ဖိုးဇင်ဆီကို မနွေးဖုန်းဆက်လိုက်မယ် ..ဒါပဲနော် " ပြောပြီးတာနဲ့မနွေးဖုန်းကိုချလိုက်ပြီး ဖိုးဇင်ဆီကိုခေါ်လိုက်တယ်။ဖုန်းကဝင်သွားပေမဲ့ တော်တော်နဲ့မကိုင်တာမို့ မနွေးစိတ်ညစ်သွားမိတယ်။နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်တော့လဲ မကိုင်တာမို့ မကိုင်မချင်းမကြာခဏခေါ်ကြည့်ဖို့ ဆုံဖြတ်လိုက်ပြီး ဖုန်းကိုပြန်ချထားလိုက်တယ်။ ================================= အပိုင်း (၃၀)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/

" နင်...နင်ဘာပြောလိုက်တယ် ဖိုးဇင်...နင်ကငါ့ကိုတော်တော်အထင်သေးနေတာပဲ ...နင့်မို့ ဒီလိုစကားကိုပြောထွက်တယ်နော်...ငါက ..အခုဘယ်လိုနေနေလို့ သိက္ခာကိုထိန်းရမှာလဲ ပြောပါအုံး....တစ်ခုတော့ပြောလိုက်မယ်ဖိုးဇင်...ဘယ်ယောက်ျားအတွက်မှ... ငါ့သိက္ခာကိုအကျမခံဘူးသိလား...ပြီးတော့လေ...နင့်ကိုငါသံယောဇဉ်သိပ်ရှိပါတယ်ဖိုးဇင်...ငါ့အတွက်တော့ ...နင်ကယုံကြည်ရတဲ့အားကိုးရတဲ့လူတစ်ယောက်ပါပဲ...ဒါပေမဲ့အချစ်ဆိုတာ အဲ့ဒါတွေနဲ့မဆိုင်ဘူး...နင့်ကိုဘယ်လောက်ပဲသံယောဇဉ်ရှိရှိ နင့်နဲ့တော့ လက်တွဲမှာမဟုတ်ဘူး " " ဘာ...မင်းဘာပြောလိုက်တယ်တပေါင်း ....ဘာဖြစ်လို့လဲ ...ဘာဖြစ်လို့...ငါနဲ့လက်မတွဲနိုင်ရတာလဲ..ငါကဘာဖြစ်နေလို့လဲ..မချမ်းသာလို့လား..ကိုယ်ပိုင်ကားမရှိလို့်လား..ကိုယ်ပိုင်အိမ်နဲ့မထားနိုင်လို့လား ...ငါအခုကြိုးစားနေတယ်လေဟာ..ပြောစမ်းပါအုံးတပေါင်းရဲ့.....ငါ့နဲ့ဘာလို့လက်မတွဲနိုင်ရတာလဲ...မင်းအထင်ကြီးနေတဲ့ကောင်လို ငါက ကျော့ကျော့လေးမနေပြလို့လား " ဖိုးဇင်ကနာကျင်ခံခက်စွာနဲ့တပေါင်းကိုမေးလိုက်တယ်။ စိတ်တိုဒေါသထွက်လာပုံရတဲ့ဖိုးဇင်ကို တပေါင်းကြည့်လိုက်မိပြီး " အမှန်တိုင်းပြောရရင် ,,နင်ပြောတဲ့ စည်းစိမ်ဥစ္စာတွေကို ငါမက်မောပါတယ်ဖိုးဇင် ......ဒါပေမဲ့ အဲ့ဒါတွေက... အရမ်းအရေးကြီးတဲ့ဟာတွေတော့မဟုတ်ဘူးဖိုးဇင်....ငါအမှန်တိုင်းပြောမယ် ...နင်စိတ်မဆိုးနဲ့နော်...နင့်အမေက ဒေါ်အေးလှိုင်ဖြစ်နေလို့ ...ငါနင်နဲ့လက်မတွဲနိုင်တာပါ ....နင့်မိဘတွေက ဦးမောင်ခိုင်နဲ့ဒေါ်အေးလှိုင်ဖြစ်နေတာမို့ ..နင့်ကိုငါ့ချစ်လို့မရဘူး....ငါ့ဘဝမှာ... ငါ့အဖေဦးအောင်မင်းတစ်ယောက်နဲ့တင် .... ဘဝသင်ခန်းစာတွေကလုံလောက်နေပါပြီ ..နင့်မိဘတွေနဲ့တော့ ထပ်ပြီးမပတ်သက်ပါရစေနဲ့ " " တပေါင်း ...မင်း...မင်းဘယ်လိုပြောလိုက်တာလဲ ...." ဖိုးဇင်က တုန်တုန်ယင်ယင်နဲ့ မေးလိုက်ရင်းမှ ဒေါသသံတွေပါလာပြီး အသံကခက်ထန်တင်းမာလာခဲ့တယ်။ ဖိုဇင်ရဲ့ တင်းမာခက်ထန်တဲ့အသံနဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအမူအရာကြောင့် တပေါင်းအလန့်တကြားနဲ့ ဖိုးဇင်ကိုမော့ကြည့်လိုက်မိတယ်။ '' ငါပြောတာ မှားလို့လားဖိုးဇင် ... နင် ဒေါသသမထွက်နဲ့..နင်သာ ဒေါ်အေးလှိုင်ရဲ့သား မဟုတ်ခဲ့ရင် ..ငါ့ကိုအမြဲသတိတရရှိပေးခဲ့တဲ့နင့်ကို...ငါချစ်မိချင်လဲချစ်မိခဲ့လိမ့်မယ် ...ဒါပေမဲ့ နင့်ကိုသတိရလို့ ...နင့်အကြောင်းကိုတွေးလိုက်တိုင်းမှာ... နင့်မိဘတွေအကြောင်းကလဲအမြဲပါလာတယ်လေ ... နင့်ကို ငါပြောမယ်...ငါ့ချစ်နေမိတဲ့သူက... ငါ့ကိုပြန်မချစ်နိုင်မှန်းလဲငါသိတယ် ..ဒါကြောင့် ငါလဲ ..သူ့ကို မမျှော်လင့်ဘူး ..သူ့ကိုမမျှော်လင့်သလို...နင့်ကိုလဲလက်မခံနိုင်ဘူး ..အဲ့ဒါ ငါ့ရဲ့ရွေးချယ်မှုပဲ ...အိမ်ထောင်ရေးဆိုတာနှစ်ယောက်တည်း တည်ဆောက်လို့ရရင်တောင် ... ဆွေမျိုးသားချင်းဆိုတာ မခေါ်ချင်လို့ဘဲရမယ်...မတော်ချင်လို့မရဘူး...ဒါကြောင့်မို့ ငါတို့က လုံးဝမဖြစ်နိုင်ဘူးဖိုးဇင် " " တပေါင်းရယ် ..မင်း စကားပြောတာ ပြတ်သားလှချ ည်လား ...ငါ့အမေ့လဲ အသက်ကြီးလာပါပြီကွာ ..အရင်လို မဟုတ်တော့ပါဘူး ..ငါကိစ္စတွေမှာလဲ ဝင်မပါတော့ပါဘူး " ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်းမဲ့ပြုံးပြုံးလိုက်မိတယ်။ ''တော် ..တော်ပါတော့ ဖိုးဇင်ရယ် ..နင့်အမေအကြောင်းကို ..ခုချိန်ထိသေချာမသိသေးဘူးလား ..လူတစ်ယောက်ရဲ့မွေးရာပါဗီဇဆိုတာ 6သခါမှပျောက်တာပါ ...နင့်အမေက ငါ့အဖေနဲ့ ဘာကွာလို့လဲ ....သူဘယ်လောက်အထိ ကြောက်ဖို့ကောင်းလဲ ...နင်အသိဆုံးပါ....ကိုယ့်သွေးသားရင်းကို Dar ကြိမ်းကြိမ်းပြီး Darနဲ့ အကြိမ်ကြိမ်ပေါက်ခဲ့တဲ့... နင့်အမေလိုလူမျိုးကို ငါမပတ်သက်ရဲဘူး...ယောက္ခမ အဖြစ်လက်မခံနိုင်ဘူး " " တပေါင်း ...မင်း ... မင်း တော်တော့ ....မင်းရဲ့အကြောင်းပြချက်ကအဓိပ္ပါယ်ကင်းမဲ့လှချည်းလားတပေါင်း ...ငါလိုကောင်ကို... လက်မခံနိုင်ဘူးဆိုရင်လဲ ..ဒီတိုင်းပြောလိုက်လို့ရတယ်...ဘာမှမဆိုင်တဲ့ ငါ့အမေ့ကို ထည့်ပြောဖို့မလိုဘူး...အမေက မင်းကိုဘာလုပ်နေလို့လဲ ..မင်းကအရင်ကလို ရိုးသားတဲ့ကောင်မလေးမဟုတ်တော့ဘူးပဲ...သူဌေးတစ်ယောက်ကို အပိုင်ဖမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ...မာယာများတဲ့ မိန်းမလည်မဖြစ်နေပြီပဲ..." " ဘာ..နင်ဘာပြောလိုက်တယ်ဖိုးဇင် " "ဖြန်း " တပေါင်းဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဖိုးဇင်ရဲ့ ပါးပြင်းကို ခပ်ကြမ်းကြမ်းရို)က်ချပစ်လိုက်တယ်။ " နင်နဲ့ငါ့...ဒီနေ့ကစပြီး လုံးဝမသိတဲ့သူတွေလိုပဲ နေသွားကြစို့ ဖိုးဇင် " တပေါင်းပြောပြီးတာနဲ့ ချာခနဲကျောခိုင်းလှည့်ထွက်ခဲ့တယ်။ " တောက် " နေရာမှာ ကျန်ခဲ့တဲ့ဖိုးဇင်လဲ တောက်တစ်ချက်ခေါက်လိုက်ပြီး ကားပေါ်ကိုတက်ကာ ခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~~~ အလုပ်ခန်းက အရင်နေ့တွေနဲ့ မတူဘဲတိတ်ဆိတ်နေခဲ့တယ်။အခန်းထဲမှာ တပေါင်းနဲ့မနွေးနှစ်ယောက်တည်း ရှိနေခဲ့တာ။မနွေးကလဲ အလုပ်လုပ်ရင်းနဲ့ တပေါင်းကို မသိမသာအကဲခတ်နေခဲ့တယ်။တပေါင်းကတော့ စာစီစရာရှိတာတွေကို ခပ်မြန်မြန်လုပ်နေလိုက်တယ်။ လူကအလုပ်လုပ်နေပေမဲ့ တပေါင်းရင်ထဲမှာတော့ မီးတောင်တွေ ပေါက်ကွဲနေသလိုခံစားနေရတယ်။တစ်ရက်တည်းမှာပဲ ချစ်ရသူကိုရောငယ်သူငယ်ချင်းကိုပါ ဆုံးရှုံးလိုက်ရတဲ့

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၉) akyiphyu ********* " နင် ..နင် ..အစောကြီးပါလား ဖိုးဇင် ..ကိစ္စရှိလို့လားဟင် " " အင်း ... မနေ့ညတုန်းက ....အိမ်ပြေးကလေးနှစ်ယောက်တွေ့လို့လေ ....ညကတော့ နောက်ကျနေလို့ အလုပ်ရုံမှာပဲခေါ်ထားလိုက်ပြီး ..ဒီမနက်မှ လာပို့တာလေ ..ဒါနဲဈေးကပြန်လာတာလား " တပေါင်းလက်ထဲမှာ ဆွဲလာတဲ့အထုပ်တွေကိုကြည့်ပြီး ဖိုးဇင်က မေးလိုက်တယ်။ " အင်း ....ဟုတ်တယ် ..သင်တန်းကလူတွေကို ..ကြာဆံချက်... ချက်ကျွေးမလို့ပါ.... .နင်လဲ စားပြီးမှပြန်လေ " " အင်း ..စားရမှာပေါ့ ..နင့်လက်ရာကို ငါမှသေချာမစားဖူးသေးတာ .....ငါလဲဝိုင်းကူချက်ပေးမယ်လေ ....အဲ့ဒီအလုပ်တွေက ....ငါကျွမ်းကျင်တဲ့ အလုပ်တွေပဲဟာ " " ဝိုင်းကူပေးတော့ ကောင်းတာပေါ့ ..လာလေ ...သွားကြမယ် " ကိုချမ်းတို့ကို ကျောခိုင်းပစ်လိုက်ပြီး ဖိုးဇင်နဲ့အတူမီးဖိုဆောင်ဆီကို တပေါင်းလျှောက်လာခဲ့လိုက်တယ်။ရင်ထဲမှာတော့ နာကြည်းမှုနာကျင်မှုတွေနဲ့ပေါ့ ။ ~~~~~~~ " တပေါင်း.... မင်းဘာဖြစ်နေတာလဲ ...ငါ့အပေါ် လဲစိမ်းကားသွားသလိုပဲ....ဘာဖြစ်နေတာလဲဟာ..တစ်ခုခုဖြစ်နေတာလား...လိုင်းပေါ်က စာပို့လဲ ချက်ချင်းမပြန်ဘူး " ဖိုးဇင်နဲ့ တပေါင်းတို့နှစ်ယောက်သား စားပြီးသောက်ပြီးတော့ ခြံထဲမှာခဏဆင်းထိုင်ပြီး စကားပြောနေကြတာ။ဖိုးဇင်ရဲ့ အမေးကြောင့် တပေါင်းဘာဖြေရမှန်းမသိဖြစ်သွားမိတယ်။ဖိုးဇင်ပြောသလိုပဲ တပေါင်းဘက်ကလဲ ခပ်စိမ်းစိမ်းပဲနေခဲ့တာ အမှန်ပါ။ဒါကလဲ ဖိုးဇင်ကိုမုန်းလို့မဟုတ်ဘဲ သူ့အမေဒေါ်အေးလှိုင်ကြောင့်ပါပဲ။ သူ့သားနဲ့ သဘောမတူနိုင်ဘူးလို့ ဒေါ်အေးလှိုင်က ရင့်ရင့်သီးသီးပြောသွားပြီးကတည်းက တပေါင်းဘက်က အနေအထိုင်ကိုပိုပြီး ဆင်ခြင်လိုက်တာပါ။ဒေါ်အေးလှိုင်မသိနိုင်ပေမဲ့လဲ ဖိုးဇင်နဲ့အွန်းလိုင်းပေါ်မှာလဲ စကားသိပ်မပြောဖြစ်တော့ဘူး ။ ညဘက်ဆိုရင်လဲ အရင်ကလိုမျိုး အွန်လိုင်းမသုံးဖြစ်ဘဲ ဝရန်တာမှာထိုင်တာ၊ စောစောအိပ်တာနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တာ။ ဘယ်သူ့ကြောင့်မှ တပေါင်းအပြောမခံနိုင်တော့ဘူးလေ။ ကိုထိုက်ကိစ္စနဲ့လဲ အထင်သေးခံခဲ့ရပြီးပြီလေ။တပေါင်းဆီမှာလဲ ဒီမာနလေးပဲချမ်းသာတာမဟုတ်လား ။ " ပြောလေ တပေါင်း...မင်းဘာဖြစ်နေတာလဲလို့ ..ဒီမှာနေရတာ အဆင်မပြေဘူးလား " " ပြေပါတယ် ဖိုးဇင်ရယ်...ငါ အခုတလောသိပ်ပြီးနေမကောင်းလို့ပါ ...နင့်အပေါ် စိမ်းကားတာလဲ မဟုတ်ပါဘူး " ဒေါ်အေးလှိုင်အကြောင်းကိုမပြောပြဘဲ တပေါင်းကစကားကို လွှဲပြောလိုက်တယ်။ " မင်းကိုပြောစရာရှိတယ် တပေါင်း....ဒီစကားကို ပြောချင်ခဲ့တာကြာပါပြီ...မင်းအထင်လွဲမှာစိုးလို့ မပြောဘဲနေခဲ့တာ..." လေးနက်တည်ကြည်တဲ့ ပုံစံနဲ့ ပြောလာတဲ့ ဖိုးဇင်ကို တပေါင်းကြည့်လိုက်မိတယ်။ " ဘာပြောမလို့လဲ ....ပြောလေ " " အင်း ..ငါ..ငါလေ.. မင်းကိုချစ်တယ်တပေါင်း...ငါငယ်ငယ်ကတည်းက ...မင်းကိုပဲချစ်ခဲ့တာပါ ....မင်းနဲ့ချစ်သူတွေဖြစ်ချင်တယ် ... ပြီးရင်... တို့နှစ်ယောက်အမြန်ဆုံးလက်ထပ်ချင်တယ်တပေါင်းရာ " " နင် ..နင်ဘာပြောလိုက်တယ် ဖိုးဇင် " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်း အံ့ဩသွားမိပြီး ခပ်ကြောင်ကြောင်နဲ့ ပြန်မေးလိုက်မိတယ်။ " မင်းကိုချစ်တယ်လို့ပြောတာလေတပေါင်း...ငါငယ်ငယ်ကတည်းက ... မင်းကိုချစ်နေခဲ့တာပါ ..မင်းကြောင့်ပဲ ငါ့ဘဝကိုပြောင်းလဲပစ်ခဲ့တာပါ တပေါင်းရယ် ..ငါ့ကိုအဖြေပေးပါအုံး ...ငါ့ဘက်ကတော့ မင်းနဲ့အမြန်ဆုံးလက်ထပ်ချင်တယ် တပေါင်းရယ် ... မင်းကိုစိတ်မချတော့ဘူး " ဖိုးဇင်က သူ့ရင်ထဲက စကားတွေကို ပြောနေချိန်မှာ တပေါင်းတိတ်ဆိတ်စွာနားထောင်နေမိတယ်။ " တပေါင်းဖြေလေကွာ " ငြိမ်သက်တိတ်ဆိတ်နေတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်က မချင့်မရဲနဲ့ ထပ်မေးလိုက်တယ်။ သူမရဲ့လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ပြီးမေးလာတဲ့ ဖိုးဇင်ကိုကြည့်ပြီး တပေါင်းဦးခေါင်းကို ယမ်းခါလိုက်မိတယ်။ " ငါတောင်းပန်ပါတယ် ဖိုးဇင်.....ငါလေနင့်ကိုမောင်နှမတွေလို...သံယောဇဉ်တကယ်ရှိပါတယ်...အဲ့ဒီထက်ပိုပြီး တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး ....ပြီးတော့ ငါလေ...အိမ်ထောင်မပြုဘူး...တစ်ယေက်တည်းပဲနေမှာ " " ဘာ..ဘယ်လို ...တကယ်ပဲငြင်းလိုက်တာလား တပေါင်းရာ...ငါ့ဘဝမှာ...မင်းတစ်ယောက်တည်းကိုပဲ စဉ်းစားပြီးနေလာခဲ့တာပါတပေါင်းရယ် ....သေချာလဲ ပြန်စဉ်းစားပေးပါအုံး" " ငါတောင်းပန်ပါတယ်ဖိုးဇင် ရယ်.....ငါတို့မဖြစ်နိုင်ပါဘူး " တပေါင်းအားနာနာနဲ့ပဲ ဆက်ပြီးငြင်းလိုက်မိတယ်။ " ဘာ...ဘာလို့လဲတပေါင်း...တကယ်ပဲ ..ငါ့ကိုဘာလို့လက်မခံနိုင်ရတာလဲ...မင်းကိုပွင့်ပွင့်လင်းလင်းပဲမေးမယ်...ချမ်းပြည့်စုံကို မင်းစိတ်ဝင်စားနေတာလား တပေါင်း...သူက... မင်းအတွက်မဖြစ်နိုင်ဘူးဆိုတာ သိတယ်မဟုတ်လား ..သူလိုလူမျိုးက မင်းကိုစိတ်ဝင်စားရင်တောင် အပျော်ပဲတွံမှာ ...မင်းအဲဒီလောက်မရူးနဲ့တပေါင်း ...မိန်းကလေးသိက္ခာကိုလဲ ထိန်းအုံး " ဖိုးဇင်ရဲ့ရင့်သီးလှတဲ့စကားတွေကြောင့် တပေါင်းထိုင်နေရာက ဝုန်းခနဲထရပ်လိုက်မိတယ်။

အဒေါ်နဲ့အဖေကတော့ကံကောင်းသွားတာပေါ့နော်...ဒါပေမဲ့နောက်နောင်ကိုဆင်ခြင်နိုင်ရင်ပိုကောင်းတာပေါ့ ....ကိုယ့်မွေးထားတဲ့ကလေးဆိုပြီး ကိုယ်စိတ်တိုင်းကျရို//က်နှက်နှိပ်စက်ပိုင်ခွင့်မရှိပါဘူး ..ကလေးသူငယ်အခွင့်အရေးဆိုတာရှိပါတယ်..သားသမီးကို ကျွန်တစ်ယောက်လိုနှိ//ပ်စက်ခဲ့.....ရို//က်နှက်ခဲ့ပြီတော့ ...အရွယ်ရောက်လာတော့မှ မိဘကျေးဇူးဆပ်ပါလို့်အော်နေလို့မရဘူးနော်...မေတ္တာပေးခဲ့မှမေတ္တာပြန်ရတာပါ " " ဘာ..ဘာပြောတယ်...နင်ကဘာကြီးကြီးကျယ်ကျယ်စကားတွေလာပြောနေတာလဲ...နင်က ဒီလိုစကးတွေကို ငါ့သားသမီးတွေဆီကိုလာပြောနေတာလား.....နင့်လိုမျိုး... မိဘကိုစော်ကားတတ်အောင် သင်ပေးနေတာပေါ့ဟုတ်လား " ဒေါ်အေးလှိုင်ရဲ့မျက်နှာကြီးက ဒေါသကြောင့်နီရဲခက်ထန်လာပြီး တပေါင်းကိုစားတော့ဝါးတော့မလိုကြည့်ကာကြိမ်းမောင်းလိုက်တယ်။ " မကျေနပ်တာတွေရှိရင်...နောက်မှပြောပါ...ဒီနေရာက အသင်းအဖွဲ့ရုံးခန်းမို့ပြောချင်ရာတွေပြောလို့မရပါဘူး ..ကျွန်မလဲ အချိန်မရတော့ပါဘူး....ပြန်ကြပါတော့ " တပေါင်းပြောပြီးတာနဲ့ ကျောခိုင်လှည့်ထွက်ခဲ့လိုက်တယ်။ " ဟေ့..နင်ခဏနေအုံး ..အရေးကြီးတဲ့ စကးပြောဖို့ကျန်သွားလို့ " ဒေါ်အေးလှိုင်ရဲ့စကားကြောင့် တပေါင်းနောက်ကိုလှည့်ကြည့်လိုက်တယ်။ " ငါပြောတာကို သေချာနားထောင်စမ်း...နင့်လိုခြေမသန်တဲ့သူနဲ့ငါ့သားနဲ့မတန်ဘူးဆိုတာကိုသိရဲ့လား..ငါ့သားသမီးတွေနားကိုမလာနဲ့ ...ငါ့သားကို အမိဖမ်းဖို့မကြိုးစားနဲ့.....ငါ့သားကိုနင့်ထက်သာတဲ့မိန်းမနဲ့ပေးစားမှာ ..နင်လိုအရိုင်းအစိုင်းမနဲ့ လုံးဝသဘောမတူဘူးဟဲ့ သိရဲလား...ကိုယ့်အခြေအနေကိုကိုယ်သိ " ဒေါ်အေးလှိုင်ရဲ့နှုတ်ကထွက်လာတဲ့ ရင့်သီးလှတဲ့စကားတွေကြောင့် တပေါင်းဒေါသထွက်လွန်းလို အသားတွေဆိုးဆိုးဆတ်ဆတ်တုန်လာခဲ့တယ်။ဒေါသထွက်တာထက် ရှက်စိတ်ကြောင့် လူကမျက်လုံးတွေပါ ပြာဝေလာတယ်။ " တပေါင်း..ဘာဖြစ်တာလဲ ..ဘယ်ကဧည့်သည်တွေလဲ " တပေါင်းဒေါသထွက်လွန်းလို့ အသားတွေတုန်ပြီး စိတ်တွေလှုပ်ရှားလာချိန်မှာ အသံနဲ့အတူအခန်းထဲကိုဝင်ရောက်လာခဲ့သူက ကိုချမ်း ။ကိုချမ်းက ဒေါ်အေးလှိုင်နဲ့ဒေါ်သိန်းနုကို သေချာစူးစိုကြည့်လိုက်ပြီးတော့ " အန်တီတို့ ဘာကိစ္စများလဲ..အရေးကြီးတဲ့ကိစ္စဆိုရင် ..ကျွန်တော်တို့ရှေ့နေ့နဲ့ပြောလို့ရပါတယ်..ပန်းပျိုးလက်ရုံးထဲအထိဝင်ပြီး..ပန်းပျိုးလက်အဖွဲ့ဝင်တစ်ယောက်ကို စော်ကားတဲ့အပြုအမူမျိုးကို ...ကျွန်တော်တို့ဘက်ကသည်းခံမှာမဟုတ်ပါဘူး...ရှင်းရှင်းပြောရရင် ..မိဘညီကိုမောင်နှမဆိုရင်တောင် ခွင့်မပြုပါဘူး....တပေါင်းရဲ့ကိုယ်ရေးရာဇဝင်ထဲမှာလဲ ...မိခင်ဖြစ်သူဆုံးပါးလို့ရေးထားတာမို့ ...ဘာကိစ္စမဆို ဒေါ်ဒေါ်တို့မှာပြောပိုင်ခွင့်မရှိပါဘူး...ဒါကြောင့် ဒီနေရာကအမြန်ဆုံးထွက်သွားပေးကြပါ..မသွားဘူးဆိုရင် လုံခြုံရေးကို ခေါ်ရလိမ့်မယ် " ကိုချမ်းက မျက်နှာထားတင်းတင်းနဲ့ပြောလိုက်ရင်းမှ အားလုံးကိုထွက်သွားခိုင်းလိုက်တယ်။ " ခ..ခဏလေးပါ မောင်ရင်...အန်တီက တပေါင်းအဖေရဲ့နောက်အိမ်ထောင်ပါ...တပေါင်းတို့အဖေသိပ်ပြီး မကျန်းမာလို့ ...တပေါင်းကိုအကြောင်းလာကြားတာပါ ...ဖြစ်နိုင်ရင် ..သားသမီးတစ်ယောက်အနေနဲ့ ဖအေကြီးကို လာပြီးပြုစုပေးစေချင်တာ..တကယ်လို့်မပြုစုနိင်ရင်လဲ နည်းနည်းလောက်ထောက်ပံ့ပေးစေချင်တာပါ.....အန်တီလဲအသက်ကြီးမှာရှာဖွေစားသောက်နေရတာမို့ အဆင်မပြေလို့ပါ ...အခုဆိုရင် အန်တီ့မောင်လေးကပဲ..အန်တီတို့မိသားစုကို ရှာဖွေကျွေးနေတာပါ " ဒေါ်သိန်းနုက ကိုချမ်းသနားအောင်ပြောပြလိုက်တယ်။ " ကျွန်မ လာခဲ့မယ်လို့ပြောပြီးသွားပြီမဟုတ်လား အမေသိန်းနု..ပြန်ပါတော့ ..နောက်ကို ကျွန်မရဲ့အလုပ်ထဲကို လုံးဝမလားပါနဲ့..ဒါကနောက်ဆုံးသတိပေးတာပါ ..နောက်တစ်ခါထပ်လာရင် သည်းခံမှာမဟုတ်ဘူးနော် " " တပေါင်းတော့တော့....မင်း မပြောနဲ့တော့ .. အလုပ်ခန်းထဲ ပြန်သွားတော့ ...တပေါင်းကို ခေါ်သွားလိုက်ပါ ကိုစိုင်း " ကိုချမ်းက တပေါင်းလက်ကိုဆွဲကာ အခန်းဝမှာရပ်နေတဲ့ ကိုစိုင်းဆီကို တွန်းပို့လိုက်တယ်။တပေါင်းအပြင်ကိုရောက်သွားတာနဲ့ ကိုချမ်း အခန်းတံခါးကို ဆွဲပိတ်ပစ်လိုက်တယ်။ ================================= အပိုင်း (၂၈)ဆက်ရန် (ည ၈ နာရီမှာ အပိုင်း (၂၈) တင်ပါမယ် ) A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/

သင်တန်းကအသိတစ်ယောက်လိုပဲ သဘောထားတာပါ ...အဲ့ဒီနေ့ကလဲ ... တပေါင်းကကိုယ့်ဘာသာစိတ်ရှုပ်အတွေးလွန်နေ ပြီး... အခန်းမှားဝင်သွားမိတော့ ..ကိုထိုက်ကဘာအကူအညီပေးရမလဲ ..ကိုသက်တော့မရှိဘူးလို့ပြောခဲ့တယ်..တပေါင်းကလဲ ....အခန်းမှားဝင်မိတာပါ..တောင်းပန်းပါတယ်ကိုထိုက်လို့်ပြောပြီးတာနဲ့ချက်ချင်းပြန်ထွက်လာခဲ့တာပါ ....ကိုထိုက်နဲ့ပတ်သက်ပြီး... မနွေးတို့အားလုံးစိတ်ရှင်းသွားအောင်ရှင်းပြတာပါ " သုံးယောက်လုံးက တပါင်းရှင်းပြတာကို ငြိမ်သက်စွာနားထောင်နေခဲ့ကြတယ်။ " ပြီးတော့ အားလုံးကို...အခုကတည်းက အသိပေးထားပါမယ်နော်...ဒီနှစ်မကုန်ခင်မှာ သင်တန်းကနေတပေါင်းထွက်မှာပါ ...ရက်ကိုအတိအကျမပြောနိုင်သေးတာမို့ ...ကိုချမ်းကိုတော့ မပြောရသေးပါဘူး...မနွေးတို့ကိုတော့.... အတူနေကြသူတွေမို့ ကြိုပြီးပြောပြထားတာပါရှင် ..တပေါင်းသွားအိပ်တော့မှာမို့ ခွင့်ပြုကြပါအုံး " အားလုံးကိုပြောပြီးတာနဲ့ တပေါင်းအခန်းထဲကပြန်ထွက်ခဲ့လိုက်တယ်။စိတ်ထဲမှာရှုပ်နေတာတွေကို ဖွင့်ပြောလိုက်ရတာမို့ ရင်ထဲမှာတော့ စိတ်နည်းနည်းရှင်းသွားသလို ခံစားလိုက်ရတယ်။ ~~~~~~~~~~~ "တပေါင်း ...ဧည့်သည်ရောက်နေတယ်တဲ့ " တစ်ယောက်ယောက်ရဲ့ လှမ်းပြောလိုက်သံကြောင့် တပေါင်းအံ့ဩသွားမိတယ်။တပေါင်းဧည့်သည်တဲ့ တပေါင်းဆီကို လာလည်မဲ့ဧည့်သည်မှ မရှိတာ။လာလည်စရာလူရယ်လို့လဲ ဖိုးဇင်တစ်ယောက်ပဲရှိတာလေ။ဖိုးဇင်ကလဲ ပန်းပျိုးလက်အဖွဲ့ဝင်ဖြစ်တာမို့ တပေါင်းကိုတွေ့ချင်ရင် ခွင့်တောင်းစရာမလိုဘဲနဲ့ တပေါင်းရဲ့အလုပ်ခန်းကိုလာလည်လို့ရတဲ့သူလေ ။၊အခုတော့ ထူးထူးခြားခြားဧည့်သည်လို့ ပြောသံကြားလိုက်ရတာမို့ တပေါင်းရင်တထိတ်ထိတ်နဲ့ ဧည့်သည်ခန်းကိုထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~~ ဧည့်ခန်းဆီကိုအရောက်မှာ အခန်းထဲမှာ ထိုင်နေကြသူတွေကို မြင်လိုက်ရတော့ တပေါင်းအသက်ရှူရပ်သွားသလိုဖြစ်သွားမိပြီး ကြက်သေသေကာ ငေးကြောင်ကြည့်နေမိတယ်။ " တပေါင်း ...လာလေ..ဘာရပ်ကြည့်နေတာလဲ ..ဘာလဲ...ငါတို့ကိုမမှတ်မိတာလား.....နင်ကမာနကြီးနေတာလား " ဒေါ်အေးလှိုင်ရဲ့အသံကစူးခနဲထွက်လာတော့မှ တပေါင်းသတီဝင်လာမိပြိး ယိုင်လဲမလိုတောင် ဖြစ်သွားမိတယ်။ဒေါ်အေးလှိုင်၊အမေသိန်းနုနဲ့အမေသန်းနုရဲ့မောင် ။အမေသိန်းနုကတပေါင်းကို အံ့ဩသလိုကြည့်နေခဲ့တယ်။အမေသိန်းနုမောင်ကတော့ တပေါင်းတစ်ကိုယ်လုံးကို စူးစူးရဲရဲကိုလှမ်းကြည့်နေခဲ့တာ။သူတို့သုံးယောက်ကို တပေါင်းနားမလည်နိုင်စွာကြည့်နေမိတယ်။သူတို့သုံးယောက်က တပေါင်းဆီကို လာစရာအကြောင်းမှမရှိတာလေ။တပေါင်းမျက်နှာကို တင်းပြီး အခန်းထဲကိုဝင်ချသွားလိုက်တယ်။ " ဘာကိစ္စရှိလို့ ရောက်လာကြတာလဲမသိဘူး...ဒါကရုံးခန်းပါ.....ပြောစရာရှိတာကို လိုရင်းပဲပြောကြပါ " တပေါင်းမျက်နှာကိုတင်းပြီး အသံမာမာနဲ့ပြောလိုက်တယ်။ " အမယ်လေးဟယ် ...ကြီးကျယ်လိုက်တာ...နင်စကားပြောတာကောင်းကောင်းပြောပါ တပေါင်း...တို့တွေက နင့်အဖေကိစ္စကိုပြောပြချင်လို့လာခဲ့တာ ...နင့်အဖေနေမကောင်းဘူး......တို့မိသားစုလဲ တတ်နိုင်သလောက်ပြုစုပေးနေတာပဲ .....ဒါပေမဲ့သူမသက်သာဘူးဖြစ်နေတယ်...အဲ့ဒါ နင်ပြန်လာပြီး .... ပြုစုပေးတာပဲဖြစ်ဖြစ် ..နင့်အဖေအတွက်ငွေထောက်ပံ့ပေးတာပဲဖြစ်ဖြစ်လုပ်ပေးပါ ...နင်ကတော့ ကောင်းကောင်းစားကောင်းကောင်းနေနေပြီး ...မိဘကိုတောင်သတိမရဘူးပဲ ...." အမေသိန်းနုရဲ့စကားကြောင့် တပေါင်းစိတ်ထဲထောင်းခနဲဒေါသဖြစ်သွားပေမဲ့ စိတ်ကိုထိန်းချုပ်လိုက်တယ်။ " ကောင်းပြီးလေ..အဖေ့ကိုလာကြည့်ခိုင်းတာမဟုတ်လား.....ကျွန်မလာကြည့်ပါ့မယ် ..ပြောလို့ပြီးရင် ..ကျွန်မသွားတော့မယ်..အလုပ်လုပ်နေတာမို့ပါ " တပေါင်းပြောပြီးတာနဲ့နေရာကထလိုက်တယ်။ " နေပါအုံး တပေါင်း...ငါတို့ပြောလို့တောင် မပြီးသေးဘူး ...ညည်းကဘာဖြစ်နေတာလဲ...အသင်းအဖွဲ့နဲ့အဲကွန်းခန်းထဲမှာ အလုပ်လုပ်နေရတယ်ဆိုပြီး မာန်တက်နေတာလား ....ငါ့တို့ကိုတော့ ....နင်လာပြီး မာန်တက် မပြနဲ့နော်.....နင်ဘာလဲဆိုတာကို ငါတို့ကသိပြိးသားပဲ...နင့်က ...အဖေရင်းကိုတောင် ...ဗိုက်ကိုဖန်ခွက်ကွဲနဲ့ထိုးခဲ့တဲ့သူဆိုတာကို ..ပရဟိတအဖွဲ့ကသိရဲ့လား.." ဒေါ်အေးလှိုင်ရဲ့ခနဲ့တဲ့တဲ့အမေးကြောင့် တပေါင်းလက်သီးကိုဆုပ်လိုက်မိပြီး အံကိုကြိတ်လိုက်မိတယ်။ပြီးတော့ ဒေါ်အေးလှိုင်ရဲ့မျက်နှာကိုကြည့်လိုက်ပြီး " ကျွန်မတို့ ပန်းပျိုးလက်ပရဟိတအသင်းက ..ဘယ်လိုလူတွေကို အဓိကထားပြီး ကူညီကယ်တင်ပေးတယ်ဆိုတာကိုရော သေချာသိရဲ့လား အဒေါ်.....မသိရင်မှတ်သွားလိုက်ပါ...ပန်းပျိုးလက်ပရဟိတအသင်းကြိးက.... မြို့နယ်တိုင်း ....ရပ်ကွက်တိုင်းမှာ အသင်းဝင်တွေရှိနေပြီးတော့ ..အဓိကလုပ်ဆောင်တဲ့လုပ်ငန်းကတော့ ...မိဘတွေရဲ့အိမ်တွင်းအကြမ်းဖက်တာကို ခံနေရတဲ့ ကလေးငယ်တွေကို ,.ကူညီကယ်တင်ပေးနေတာပါ...ဒီလိုကယ်တင်ပေးရာမှာ ..ငါ့သားသမီးငါဆုံးမတာ ..ဘယ်သူ့ဂရုစိုက်ရမှာလဲပြောတတ်ကြတဲ့ .....အသိဉာဏ်နည်းတဲ့လူမျိုးတွေကိုလဲ... တရားစွဲထောင်ချပြီး ...ဒဏ်ငွေလဲရို//က်ပါတယ် ..

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၇) akyiphyu ********** " တပေါင်း ..ထိုင်ပါအုံး ...မင်းနေကောင်းရဲ့လား...မျက်နှာသိပ်မကောင်းသလိုပဲ " " ဟုတ်...ဟုတ်ကဲ့ ...နေကောင်းပါတယ် ကိုချမ်း.." " အင်း...တပေါင်းကိုပြောစရာရှိလို့ .....အခုပြောမဲ့စကားက တပေါင်းကိုဆူတာမဟုတ်ဘူးနော် ...တပေါင်းအတွက်ပြောတာ....တပေါင်းကို တခြားသူတွေ အထင်လွဲတာမျိုးကို မလိုချင်ဘူး.....တပေါင်းနဲ့ကိုထိုက် ဘာမှမပတ်သက်ဘူးဆိုတာကိုလဲ ...ကိုယ်ယုံကြည်ပါတယ်...ပြီးတော့ နောက်ထပ်ပြောချင်တာက .... တပေါင်းသူငယ်ချင်နဲ့တပေါင်းက .....ရိုးရိုးသားသားသူငယ်ချင်းတွေဆိုတာသေချာလား " " ရှင်...ဟုတ်..ဟုတ်ပါတယ်ကိုချမ်း.... ဘာ..ဘာဖြစ်လို့လဲဟင် .." " ဘာမှတော့မဖြစ်ပါဘူး.....ဖြစ်နိုင်ရင်တော့ ...နောက်ဆိုရင်သူနဲ့အပြင်သွားတာကို ....ဆင်ခြင်စေချင်တယ်..ရုံးမှာက ကိုထိုက်ကိစ္စနဲ့ပတ်သက်ပြီး... မိန်းကလေးတွေက ...အမြင်မကြည်ကြဘူးမဟုတ်လား ..အဲ့ဒါကြောင့် သူတို့အထင်လွဲအထင်သေးမဲ့ကိစ္စမျိုးတွေ ထပ်မရှိစေချင်ဘူး " ကိုချမ်းရဲ့အသံက ဒေါသသံမပါပါ။အေးဆးတည်ငြိမ်တဲ့အသံနဲ့ပြောနေခြင်းသာဖြစ်တယ်။သို့ပေမဲ့ ဒီအသံကပဲ တပေါင်းကို ဘယ်လောက်အထိအထင်သေးနေပြီလဲ ဆိုတာကို တပေါင်းရင်ထဲက အလိုလိုနားလည်လိုက်မိတယ်။တပေါင်းခေါင်းကိုငုံ့ချလိုက်ပြီး ဝဲတက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်နဲ့ပုတ်ခတ်ပစ်လိုက်တယ်။ " ဟုတ်ကဲ့ပါ ကိုချမ်း..တပေါင်းနားလည်ပါတယ်..နောက်ကို ဒီလိုမျိုးထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ် .." တပေါင်း ကတိပေးစကားကိုပြောလိုက်ပြီးတော့ ကြမ်းပြင်ကိုပဲ စူးစိုက်ကြည့်နေမိတယ်။ " ကဲပါကွာ..သွားတော့ ..ကိုထိုက်နဲ့ကိစ္စကိုလဲ ..အားလုံးကို...ကိုယ်ပဲ ရှင်းပြလိုက်ပါ့မယ် ...ကိုထိုက်က ရှင်းပြနေပေမဲ့ .....သူတို့တွေလက်မခံနိုင်ဘူးဖြစ်နေကြလို့်လေ...အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ..ဒီရက်တောတွင်းမှာ ...တတ်နိုင်သမျှ ငြိမ်ငြိမ်လေးနေပါတပေါင်းရယ်..နော် " " ဟုတ်..ဟုတ်ကဲ့ပါ ကိုချမ်း " ကိုချမ်းကို မော့မကြည့်ဘဲနဲ့တပေါင်း ကတိပေးခေါင်းငြိမ့်ပြလိုက်မိတယ်။ " သွားတော့ ..စောစောအိပ်တော့နော်..ဝရန်တာမှာ ထွက်မထိုင်နဲ့တော့ " " ရှင်...ဟုတ်ကဲ့" တပေါင်း ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့ပြီးမှ ကိုချမ်းရဲ့အခန်းကို လှည့်ကြည့်လိုက်မိတယ်။ကိုချမ်းကလဲ တပေါင်းကို တကယ်ပဲမယုံကြည့်ဘူးဆိုတာကို တပေါင်းသိရှိလိုက်တာမို့ ရင်ထဲမှာတဆစ်ဆစ်နဲ့နာကျင်သွားမိတယ်။တပေါင်းက ညဘက်တွေဆိုရင် မိန်းကလေးဆောင်ရဲ့ဝရန်တာဘက်မှာထွက်ထွက်ထိုင်နေတတ်တဲ့အကျင့်ရှီတယ်။သူတို့တွေက တပါင်းဒီလိုထွက်ထိုင်တာကိုလဲ မယုံသင်္ကာဖြစ်နေကြတယ်ထင်ပါရဲ့။တပေါင်းတွေးရင်းနဲ့ ခပ်မဲ့မဲ့လေးပြုံးလိုက်မိရင်း မနွေးတို့သုံးယောက်ရှိရာ အခန်းဆီကို တန်းပြီးလျှောက်သွားလိုက်တယ်။ ~~~~~~~~~~~ " မနွေး ...ခဏလေးမနွေး ..ထက်ထက်နဲ့မာလာလဲနေပါအုံး ..တပေါင်းပြောစရာလေးရှိလို့ပါ ...အားလုံးကို တပေါင်းတောင်းပန်ပါတယ်...တပေါင်းပြောပြတာကို နားထောင်ပြီးမှ ...အားလုံးစိတ်ကြိုက်ဆုံးဖြတ်လို့ရပါတယ် " တပေါင်းခေါ်လိုက်ကာမှ နေရာကထသွားဖို့ ဟန်ပြင်လိုက်ကြတဲ့ သုံးယောက်သားကို တပေါင်းအမြန်တားဆီးလိုက်တယ်။အားလုံးက မျက်နှာထားတင်းတင်းတွေနဲ့ နေရာမှာရပ်နေခဲ့ကြတယ်။ " အားလုံးကို တပေါင်းရှင်းပြစရာရှိပါတယ်..ကျေးဇူးပြုပြီး တပေါင်းပြောမဲ့စကးကို ဆုံးအောင်နားထောင်ပေးကြဖို့ ကြိုပြီးတောင်းပန်ထားပါတယ် ...ဒီသုံးယောက်ထဲမှာ... မနွေးကတပေါင်းထက်အသက်ကြီးတာမို့ ...မနွေးကိုပဲ ဦးတည်ပြီးပြောပါရစေ " တပေါင်းကပြောလိုက်ရင်းမှ အားလုံးကိုအကဲခတ်ကြည့်လိုက်တယ်။၊သုံးယောက်လုံး တပေါင်းမျက်နှာကို မကြည့်ဘဲ မျက်နှာတွေကိုလွဲထားကြတယ်။အားလုံးကိုကြည့်ပြီး တပေါင်းသက်ပြင်းချလိုက်မိတယ်။မနွေးတို့သုံးယောက်ကို တပေါင်းစိတ်မဆိုးပါဘူး။တပေါင်းတို့လို အစွန့်ပစ်ခံခဲ့ရဖူးသူတွေဟာ နောက်ထပ်စွန့်ပစ်ခဲ့ရမှာကိုတွေးပြီး ကြောက်နေကြသူတွေမဟုတ်လား။ဘဝအတွေ့အကြုံတွေအရလဲ တစ်ခုခုဆိုရင် ရင်ထဲမှာ မယုံကြည်နိုင်ခြင်းတွေနဲ့ပဲ ရှင်သန်နေခဲ့ကြတာလေ။တပေါင်းလိုလူတောင် ကိုယ်နဲ့ဘာမှမဆိုင်တဲ့သူက သူ့ကောင်မလေးနဲ့တွဲသွားတွဲလာလုပ်နေတာကို မခံစားနိုင်ဖြစ်နေသေးတာဆိုတော့ ကိုထိုက်နဲ့ပတ်သက်နေတဲ့မိန်းကလေးကလဲ တပေါင်းလိုပဲခံစားနေရမယ်ဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ပြီးတော့ မိသားစုတွေအဖြစ်အတူကြီးပြင်းခဲ့ကြတဲ့ ကျန်တဲ့နှစ်လေယာက်ကလဲ မနေ့တစ်နေ့ကမှရောက်လာတဲ့ တပေါင်းကို မု-*န်းတီးနေမယ်ဆိုတာကို တပေါင်းသိနေပါတယ်။ " အားလုံးကို တပေါင်းရှင်းပြချင်ပါတယ်...ဟိုရက်တုန်းက ...ကိုထိုက်ရဲ့အခန်းထဲကို တပေါင်းဝင်သွားတယ်ဆိုတာကလဲ ....အခန်းမှာပြီးဝင်မိတာပါ... ကျိန်ပြောရဲပါတယ်..တပေါင်း ဒီကိုရောက်ကတည်းက ... မိန်းကလေးတွေအပြင် ...ရင်းနှီးတာဆိုလို့ ကိုသက်တစ်ယောက်ပဲ ရှိတာပါ ..ကိုသက်နဲ့လဲ ရိုးရိုးသားသားခင်မင်ကြတာပါ ..ကိုထိုက်နဲ့က တစ်ခါနှစ်ခါပဲ စကားပြောဖူးတာပါ ....ကျန်တာဘာကိစ္စမှမရှိပါဘူး..ဟို...ပြီးတော တပေါင်းမှာ ချစ်ရမဲ့သူလဲရှိပါတယ်...သေချာတာက အဲ့ဒီလူက ကိုထိုက်မဟုတ်ပါဘူး.....ကိုထိုက်ကလဲ တပေါင်းကို

" သူဘာအလုပ်လုပ်တာလဲ သိလား...ခြေထောာက်မသန်ပေမဲ့ မျက်နှာလေးကတော့ လှတာပဲ....ဘာဘာညာညာတွေများ လုပ်နေတာလးမသိဘူး...ညည်းအစ်ကိုလဲ ...နိုင်ငံရပ်ခြားအထိသွားနေခဲ့ပြီးမှ ...ဒီအရိုင်းအစိုင်းမလေးနဲ့ပြန်ပတ်သက်နေတာလားမသိဘူး..တော်ကြာလှည်းကျိုးထမ်းနေရအုံးမယ် " စကားသံတွေက ရင့်သီးလွန်းလှတယ်။တပေါင်းဆက်ပြီးနားထောင်နေနိုင်စွမ်းမရှိတော့ပါ။ဆက်ပြီး နားထောင်နေခဲ့ရင် ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ ဖြစ်မှာစိုးတာကြောင့် ကားလမ်းမဆီကိုထွက်ခဲ့လိုက်တယ်။ တပေါင်းကားလမ်းမပေါ်ကိုရောက်ပြီးသိပ်မကြာခင်မှာဘဲ ဖိုးဇင်ရဲ့ကားက ရောက်လာခဲ့တယ်။ " တပေါင်းရယ်..ဘာလို့အပြင်ထွက်စောင့်နေရတာလဲကွာ...နေတွေပူနေတာကိုး " " ရပါတယ်ဖိုးဇင်ရယ်.....ဒီနေလောက်ကဘာမှမဖြစ်ပါဘူး " တပေါင်းဘာမှ မဖြစ်သလိုပြောလိုက်ရင်းနဲ့ ကားပေါ်အမြန်တက်လိုက်တယ်။ဒေါ်အေးလှိုင်ပြောနေတဲ့ စကားတွေကိုလဲ ဖိုးဇင်ကိုပြန်ပြောဖို့စိတ်ကူးမရှိပါ။စိတ်ထဲမှာတွေးလိုက်မိတာက ဖိုးဇင်တို့ဆီကို သွားလည်တာဟာ ဒီတစ်ကြိမ်က ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်စေရမယ်လို့် စိတ်ထဲဆုံးဖြတ်လိုက်မိတာပါပဲ ။ " တပေါင်း ...အမေ့ကြောင့်စိတ်ညစ်သွားတာလား ...အမေကဒီလိုပါပဲဟာ...ဒါပေမဲ့ခုနောက်ပိုင်းတော့ စကားပြောရင် လက်မပါတော့ပါဘူး ..နောက်ကိုတဖြည်းဖြည်းနဲ့အကျင့်ဆိုးတွေ ပျောက်အောင်လုပ်ရမှာပေါ့လေ ...ခုတောင် သားသမီးတွေက ...သူတို့နဲ့အတူမနေတော့ နောင်တရနေပုံပါပဲ...ညနေတိုင်းဖုန်းဆက်တယ်လေ " " ဟုတ်လား..ပြောင်းလဲသွားတော့... ကောင်းတာပေါ့ဖိုးဇင်ရယ်..အသက်တွေလဲ ကြီးပြီလေ ..." တပေါင်းဒီမျှသာပြောပြီး နှုတ်ဆိတ်ကာ ငြိမ်သက်နေမိတယ်။ကားလေးက လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေခဲ့တယ်။တပေါင်းစကားပြောချင်စိတ်မရှိတာမို့ မျက်လုံးကိုစုံမှိတ်ပြီး လိုက်ပါလာခဲ့တယ်။ ~~~~~~~~~~~ " တပေါင်း ...ထမင်းစားပြီးရင်အဆောင်ရှေ့ဝရန်တာကို ခဏလာခဲ့ပါအုံး ..ပြောစရာရှိတယ် " ထမင်းစားခန်းထဲမှာ တပေါင်းတစ်ယောက်တည်း ထမင်းစားနေချိန်မှာ ကိုချမ်းရောက်လာပြီး ပြောလိုက်တာမို့ တပေါင်းခေါင်းကိုငြိမ့်ပြလိုက်တယ်။ရင်ထဲမှာတော့ တဒိန်းဒိန်းခုန်လို့်ပေါ့။ တပေါင်းအဖြစ်က ဒီရက်ပိုင်းမှာ ပန်းပျိုးလက်မှာနေရတာ အရမ်းကိုမွန်းကျပ်လွန်းလို့ သူငယ်ချင်းဆီကို လိုက်လည်မိတော့လဲ သိက္ခာမရှိအောင် အပြောခံခဲ့ရတယ်။အခုလဲ ထပ်ပြီးအပြောခံရအုံးမှာလား ။ ကိုယ့်အတွေးနဲ့ကိုယ် တပေါင်းရင်တွေတုန်လာမိတယ်။နဂိုကမှ ထမင်းစားရတာမဝင်ပါဘူးဆိုမှ ထမင်းလဲဆက်ပြီးစားချင်စိတ်မရှိတော့။စိတ်လှုပ်ရှားရလွန်းလို့ ရင်ထဲမှာတုန်ခါပြီး မောဟိုက်လာသလိုတောင်ဖြစ်လာမိတယ်။ ================================= အပိုင်း (၂၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/ ၂၄ https://www.facebook.com/100067151540690/posts/746620510919660/ ၂၅ https://www.facebook.com/100067151540690/posts/747852280796483/