803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
နှစ်ချက်သုံးချက်ဆင့်ပြီး အကန်ခံလိုက်ရတာကြောင့် တပေါင်းကြမ်းပြင်ပေါ်မှောက်ရက်လဲကျပြီး မထနိုင်ဖြစ်နေမိတယ်။အကန်ခံနေရချိန်မှာ အင်အားချင်း မမျှတာမို့ တပေါင်းမှာ လှိမ့်ခံနေရတယ်။တပေါင်း အံကိုတင်းတင်းကြိတ်ပြီး ဇော်မင်းကို မုန်းတီးစက်ဆုပ်စွာကြည့်လိုက်တယ်။
ဇော်မင်းက အားရအောင် ကန်ပြီးတော့မှ အိမ်ပေါ်ကဆင်းသွားခဲ့တယ်။ဇော်မင်း အိမ်ပေါ်က ဆင်းသွားတာနဲ့ တပေါင်းနေရာကနေ အတင်းကုန်းရုန်းထလိုက်ပြီး စားပွဲပေါ်ကဆေးလိပ်ပြာခွက်ကိုကောက်ယူလိုက်တယ်။ပြီးတော့ အိမ်ပေါက်ဝကိုအမြန်လျှောက်သွားလိုက်ပြီး ဇော်မင်းကိုလှမ်းအော်လိုက်တယ်။
"ဟဲ့ကောင် သူခိုး ...အိမ်က ပိုက်ဆံတွေလာလာခိုးနေတဲ့ သူခိုး ... သူခိုးပါဗျို့..သူခိုးပါ... "
တပေါင်းအသံပြဲကြီးနဲ့ အော်လိုက်ပြီး ဆေးလိပ်ပြာခွက်နဲ့ .လှမ်းပစ်ပေါက်လိုက်တယ်။တပေါင်းလှမ်းပစ်လိုက်ချိန် ဇော်မင်းကလဲလှည့်ကြည့်လိုက်တာမို့ ဆေးလိပ်ပြာခွက်က ဇော်မင်းရဲ့နဖူးပြင်ကိုထိမှန်သွားခဲ့တယ်။
ဇော်မင်းက သူ့အသားနာသွားတာမို့ ဒေါသထွက်သွားပြီး တပေါင်းကို လက်သီးနဲ့ထိုးဖို့ ပြေးချလာတယ်။တပေါင်းကလဲ အိမ်တံခါးနောက်မှာ အမြဲထိုးထားတဲ့ တုတ်ရှည်ကို အမြန်ထုတ်ယူလိုက်ပြီး ပြေးလာတဲ့ ဇော်မင်းကို ဦးအောင်ရို****ချပစ်လိုက်တယ်။
==================================
အပိုင်း (၁၁)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
ညီမလေးနဲ့အတူ ပါလာတဲ့အမေသိန်းနုမောင်ကိုဇော်မင်းကိုကြည့်ပြီး တပေါင်းစိတ်ညစ်သွားမိတယ်။သူ့ပုံစံက အိမ်ထဲဝင်လာကတည်းက ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေတော့ မသင်္ကာစရာကောင်းလှတေယ်။ညီမလေးက ကျောင်းကပြန်လာတာမို့ တပေါင်းကအဝတ်အစားလဲဖို့ကို သူ့ကိုစိတ်မချနိုင်တာနဲ့ အဝတ်တက်ိုင်ကိုင်နဲ့သူ့ဆိကိုပဲ လှမ်းကြည့်နေမိတယ်။သူကလဲ တပေါင်းကြည့်နေတာသိပုံရတယ်။မျက်လုံးပြူးကြီးတွေနဲ့ တပေါင်းကိုတစ်ချက်တစ်ချက်လှမ်းကြည့်တာကိုတွေ့ရတယ်။
" ဟဲ့ ..ထော့ကျိုး ..ငါ့တူမကိုထမင်းကျွေးတော့လေ...ကလေးဗိုက်ဆာနေပြီပေါ့ "
လူကိုခပ်နှိမ်နှိမ်ခေါ်တဲ့ သူ့ကိုတပေါင်းမုန်းတီးစွာကြည့်လိုက်မိတယ်။ညီမလေးကျောင်းကပြန်လာရင် အဝတ်အစားလဲပေးပြီး ထမင်းကျွေးရမယ်ဆိုတာကို တပေါင်းသိတာပေါ့။ဒါပေမဲ့ တပေါင်းမိးဖိုခန်းထဲဝင်ပြီး ထမင်းသွားထည့်တာနဲ့ သူခိုးကျင့်သူခိုးကြံနဲ့သူက အဖေတို့အခန်းထဲကိုဝင်ပြိးပိုက်ဆံခိုးမှာလေ။ဒါကိုသိသိနဲ့ တပေါင်းက မီးဖိုထဲကို ဘယ်လိုဝင်ရမှာလဲ ။အရင်နေ့တွေကဆိုရင် ညီမလေးကို သူတို့အဘွားပဲ လိုက်ပို့တာများတယ်။တပေါင်းက အိမ်အလုပ်အကုန်လုပ်ရပေမဲ့ ညီမလေးကို ကျောင်းပို့ကျောင်းကြိုတော့ မခိုင်းကြဘူး။ဘာလို့်မခိုင်းကြတာလဲကို တပေါင်းသေချာတော့ မသိဘူး။ဒါပေမဲ့ မခိုင်းလို့ကျေးဇူးတင်မိတယ်။ကျောင်းကိုသွားရင် ကိုယ်သင်ခဲ့တဲ့ ဆရာမတွေနဲ့ပြန်တွေ့ရမှာကို တပေါင်းကြောက်တယ်။စာသိပ်တော်ပြီး အတန်းထဲမှာ အတော်ဆုံးစာရင်းဝင်ခဲ့တဲ့ တပေါင်းက အခုတော့လဲ ခြေတစ်ဖက်မသန်တော့တဲ့ဘဝနဲ့ထမင်းချက်ဘဝရောက်နေခဲ့ပြီလေ။ခြေထောက်ကို ဆေးရုံပြပေးမယ်ဆိုတဲ့ အမေသိန်းနုရဲ့စကားတွေကလဲ လေထဲမှာပျောက်ကွယ်သွားခဲ့တယ်။တစ်နှစ်ပဲကျောင်းနားပြီး ကျောင်းပြန်တက်ခိုင်းမယ်ဆိုတဲ့စကားတွေကလဲ ပုံပြင်တွေပဲဖြစ်ခဲ့တယ်။
" ဟဲ့ ...ငါပြောနေတာမကြားဘူးလား..ငါ့တူမကိုထမင်းကျွေးတော့လေ ..ကလေးဗိုက်ဆာနေပြီလို့ပြောနေတာ နင်မကြားဘူးလား ထော့**ကျိုးမရဲ့ "
သူ့ဆီကစကားသံထပ်ထွက်လာချိန်မှာ တပေါင်းညီမလေးလက်ကိုဆွဲပြိးထမင်းစားခန်းထဲကိုဝင်လာခဲ့တယ်။ညီမလေးအတွက် ထမင်းဟင်းတွေမြန်မြန်ခူးနေရင်းက စိတ်ကမဖြောင့်ဘဲဖြစ်နေမိတယ်။
"ညီမလေး ...မမ အိမ်ရှေ့သွားလိုက်အုံးမယ် ..တစ်ယောက်တည်း စားတတ်တယ်မဟုတ်လား "
တပေါင်းပြောပြီးတာနဲ့ ညီမလေးကို ထမင်းပန်းကန်ပေးလိုက်ပြီး အိမ်ရှေ့ကို မြန်မြန်ထွက်လာခဲ့တယ်။ညီမလေးကိုတောင်မစောင့်ဘဲ တပေါင်းအမြန်ထွက်လာလိုက်တာ မှန်သွားတယ်လို့ပဲပြောရမလား။တပေါင်းအိမ်ရှေ့ကိုရောက်တော့ ကိုဇော်မင်းကိုအိမ်ရှေ့မှာမတွေ့တော့ဘူး။တပေါင်းထူပူဒေါသထွက်သွားကာ ဖခင်ဖြစ်သူတို့ရဲ့အခန်းကိုအမြန်သွားဖွင့်ကြည့်လိုက်မိတယ်။
" ဟင် "
တပေါင်းတံခါးဖွင့်လိုက်ချိန်မှာပဲ အဖေ့အိတ်ထဲက ပိုက်ဆံကို နှိုက်ယူလိုက်တဲ့ ကိုဇော်မင်းကိုတွေ့လိုက်ရတာမို့ ဒေါသထွက်သွားပြိး အော်ပစ်လိုက်တယ်။
" ကိုဇော်မင်း ..အဲ့ဒါဘာလုပ်နေတာလဲ ...ပိုက်ဆံခိုးနေတာ မဟုတ်လား...အဖေတို့ ပိုက်ဆံတွေမကြာခဏပျောက်နေတာ ကိုဇော်မင်းခိုးနေတာကိုး ...အခုတော့လက်ပူးလက်ကြပ်မိပြီ "
" ဘာ ..ထော့ကျိုးမ ..နင်ကများ ငါ့ကိုသူခိုးစွပ်စွဲတယ်ပေါ့ ဟုတ်လား ...ပိုက်ဆံလိုချင်ရင် ငါ့အစ်မဆီမှာ တောင်းလို့ရတယ် ....ငါနားထောင်ချင်တဲ့ သီချင်းခွေမရှိလို့ လာဝင်ရှာတာ ..နင်ကများ ငါ့ကိုသူခိုးစွပ်စွဲချင်သေးတယ်ပေါ့ ဟုတ်လား ..နင်နာချင်နေတာလား ထော့ကျိုးမ "
" နင်ခိုးလာ ..မခိုးလား နင်အသိဆုံးနေမှာပေါ့ဟဲ့ သူခိုးရဲ့ ..နင် ..ငါတို့အိမ်ကို ကလေးလာပို့သလိုလိုနဲ့ ပိုက်ဆံလာလာခိုးနေတာကို ငါမသိဘူးထင်နေလား ...နင့်အကြောင်းကိုသိလို့... လက်ပူးလက်ကြပ် ဖမ်းဖို့စောင့်နေတာ သိရဲ့လားဟဲ့ "
ထော့ကျိုးမလို့ ပါးစပ်ကမ နားတမ်းခေါ်နေပြီး ဇွတ်ငြင်းနေတဲ့ ဇော်မင်းကိုကြည့်ပြီး တပေါင်းလဲ ခပ်ရိုင်းရိုင်းပဲ ပြ အော်ပစ်လိုက်တယ်။
" ဟာ ...တောက် ....ဒီထော့**ကျိုးမတော့ နာတော့ မယ် .. "
" နင်...ငါ့အဖေအိတ်ထဲက ပိုက်ဆံခိုးထားတယ် မဟုတ်လား ..ခုချက်ချင်းပြန်ပေးစမ်း "
တပေါင်းအသံမာမာနဲ့လှမ်းတောင်းလိုက်တယ်။ဇော်မင်းက တပေါင်းပြောတာကို ဂရုမစိုက်ဘဲ တပေါင်းကို ဆောင့်ထွန်းလိုက်ပြီး အခန်းပြင်ကိုထွက်ကာ ပြန်ဖို့ပြင်လိုက်တယ်။
" ဟဲ့ကောင် ..ငါ့အဖေ ပိုက်ဆံပြန်ထားခဲ့နော် ....မထားခဲ့ဘဲ ပြန်ရင် ..သူခိုးလို့လိုက်အော်မှာ "
" ဘာ ..တောက် ... နင် tသချင်နေတာလား ထော့ **ကျိုးမ... ငါ( .....) "
" ဘုံး "
" အား "
တပေါင်းလှမ်းပြောလိုက်တော့ ဇော်မင်းကမိုက်မိုက်ရိုင်းရိုင်းဆဲဆိုကာ တပေါင်းကိုပိတ်ကန်ပစ်လိုက်တယ်။ကန်တာမှ တပေါင်းရဲ့ဖခင်ကိုအောင်မင်းကန်သလို သုံးလေးချက်ဆင့်ကန်ပစ်တာ။ သူ့ရှေ့မှာ ကိုအောင်မင်းက တပါင်းကို ကန်ကျောက်ရို*က်နှက်နေတာကို မကြာခဏမြင်နေကြဆိုတော့ ကိုအောင်မင်းပုံစံမျိုးချိုးနေတာ။
" အသံမထွက်နဲ့နော် ထော့ကျိုးမ ..နောက်တစ်ခါ ငါ့ကိုပြောရဲပြောကြည့်...ဒါနမူနာပဲရှိသေးတယ် "
အဖေ့စကားကြောင့် တပေါင်းတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်ကာ အဖေ့ကိုမော့ကြည့်လိုက်မိတယ်။အဖေက စာအုပ်တွေကိုဆွဲယူပြီးမီးဖိုထဲကို တစ်ရွက်ချင်းစုတ်ကာပစ်ထည့်တယ်။ဒီမြင်ကွင်းကို တပေါင်းမျက်လုံးအကြောင်သားနဲ့ငေးကြည့်နေမိတယ်။စာရွက်တွေကိုစုတ်ဖြဲနေတဲ့အသံတွေက တပေါင်းရဲ့အသွေးအသားတွေကို တစ်စစီဆွဲစုတ်နေသလိုခံစားနေရတယ်။အသက်ဆယ့်ငါးနှစ်ပြည့်လာပြီးတဲ့အချိန်အထိအသက်ရှင်နေခဲ့တဲ့တလျှောက်မှာ ဒီတစ်ကြိမ်ကတော့ တပေါင်းရင်ထဲအနာကျင်ဆုံးပါပဲ။မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားတဲ့ စာအုပ်တွေကိုကြည့်ရင်း တပေါင်းအံကိုတင်းတင်းကြိတ်ထားမိတယ်။
~~~~~~~~~~
" တပေါင်းရေ..တပေါင်း "
ခြံရှေ့ကခေါ်သံကြောင့် တပေါင်းညာဘက်ပေါင်ကိုလက်ဝါးနဲ့ဖိထိန်းကာ အိမ်ရှေ့ကိုထွက်ခဲ့လိုက်တယ်။အိမ်ရှေ့ရောက်တော့ ဖိုးဇင်ကိုတွေ့လိုက်ရတာမို့ အံ့ဩသွားမိတယ်။ဖိုးဇင်က ခြံဝမှာရပ်ပြီး သူမကိုလှမ်းကြည့်နေခဲ့တယ်။
တပေါင်းအိမ်ပေါ်ကဆင်းခဲ့လိုက်ပြီး ဖိုးဇင်ရပ်နေတဲ့ခြံရှေ့ဆီကိုထွက်သွားလိုက်တယ်။
" ဖိုးဇင်...ဘာဖြစ်လို့လဲဟင် "
တပေါင်းရင်တုန်ပန်းတုန်နဲ့မေးလိုက်မိတယ်။ဖိုးဇင်ပုံစံကပြေးလာတာဖြစ်ပုံရပြီး မျက်နှာပြင်ပေါ်မှာလဲ ချွေးတွေ စီးကျနေတာကိုတွေ့ရတယ်။
ဖိုးဇင်က တပေါင်းကိုကြည့်လိုက်တယ်။ဒီအခါမှာ မတော်တရော်ဘောင်းဘီတိုတိုပွပွကြီးအောက်ကခြေသလုံးသားဖြူဖြူတွေပေါ်မှာ နီရဲနေတဲ့ အရှိုးရာတွေကို တွေ့လိုက်ရတာမို့ ဖိုးဖင်စိတ်မကောင်းဖြစ်သွားမိတယ်။
" တပေါင်း...နင့်ခြေထောက်ကဘာဖြစ်တာလဲ...နင့်အဖေခါးပက်နဲ့ရို/*က်ပြန်ပြီလား "
ဖိုးဇင်ရဲ့အမေးကိုတပေါင်းလေးလေးတွဲတွဲနဲ့ခေါင်းငြိမ့်ပြလိုက်မိပြီး
" ဒီဒဏ်ရာတွေက ဘာမှမဖြစ်ပါဘူးဟာ...ဒါ...ဒါပေမဲ့ ..ငါ့စာအုပ်တွေမရှိတော့ဘူးဟ...အကုန်လုံးအဖေမီးရှို့ပစ်လိုက်ပြီ "
ဖိုးဇင်ရဲ့အမေးကို တပေါင်းဖြေရင်းမှ အံလေးကိုတင်းတင်းကြိတ်ထားကာမျက်ရည်တွေ ပါးပြင်ပေါ်ကိုစီးကျလာခဲ့မိတယ်။
" မ...မငိုပါနဲ့ တပေါင်းရာ..ငါ့ကိုငါ့ဘကြီးလာခေါ်လို့် ...အခုပဲငါလိုက်သွားရတော့မယ်...အဲ့ဒါကြောင့် နင့်ကိုလာနှုတ်ဆက်တာဟ...ငါအလုပ်လုပ်လို့်ပိုက်ဆံရရင် ...နင့်ကိုစာအုပ်တွေဝယ်ပေးမယ်သိလား...ငါလုပ်အားခရလာပြီဆိုရင်.... နင့်အတွက်ပါ ပိုက်ဆံစုပေးမယ်နော်သိလား...နင့်အရိုက်မခံရအောင်နေနော်..ငါ့သွားတော့မယ်နော် "
ဖိုးဇင်ရဲ့နှုတ်ဆက်စကားကြောင့် တပေါင်းဆွံ့အနေမိတယ်။ဒီတစ်ရပ်ကွက်လုံးမှာ သူမကိုစာနာသူ။သူမကိုအမြဲအားပေးစကားပြောခဲ့တဲ့သူ။အခုတော့သူလဲပဲ အဝေးကိုသွားတော့မယ်။နှုတ်ဆက်ပြုံးပြနေတဲ့ ဖိုးဇင်ကို တပေါင်းအားတင်းကာပြုံးပြလိုက်တယ်။ဖိုးဇင်တစ်ယောက်ကတော့ အရို**က်ခံနေရတဲ့ဘဝကနေလွတ်သွားခဲ့ပြီ။တပေါင်းကရောဘယ်နေ့လွတ်မှာလဲ ။အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့လား။ဒါမှမဟုတ် အသက်ေ//သမှလွတ်မှာများလား။ရပ်ကွက်ထဲက တပေါင်းနဲ့အသက်အရွယ်တူတဲ့သူတွေရော တပေါင်းထက်ငယ်တဲ့သူတွေပါ အထည်ချုပ်စက်ရုံ၊ဖိနပ်စက်ရုံစတဲ့ ပညာရေးမလိုတဲ့ စက်ရုံတွေမှာ ဝင်လုပ်နေကြချိန်မှာ တပေါင်းကတော့ ထမင်းချက်အဝတ်လျှော်ဘဝနဲ့ပဲ အိမ်ထဲကအိမ်ပြင်မထွက်နိုင်ခဲ့။အလုပ်ရှင်တွေကလဲ တပေါင်းကိုမခန့်ကြသလို အိမ်ကလဲ အလုပ်ထွက်လုပ်ဖို့ကိုခွင့်မပြုခဲ့ဘူး။အကြောင်းအရင်းကိုမသိသူတွေအဖို့ကတော့ တပေါင်းဘဝက ဖအေနဲ့မိထွေးရှာကျွေးနေတာကို အေးအေးလူလူထိုင်စားနေရတယ်ဆိုပြီး အားတောင်ကျနေကြလေရဲ့။တကယ့်တမ်း အိမ်တွင်းအပူကိုတော့ ဘယ်သူကမှစာနာပေးနိုင်ကြမယ်မထင်။ရပ်ကွက်ထဲက ဖိနပ်ဘော်ကြယ်ထိုးတာလေးတွေယူထိုးတော့လဲ အိမ်အလုပ်တွေလစ်ဟင်းတယ်ဆိုကာ အရို/*က်ခံရတယ်။တပေါင်းမှာ ဝင်ငွေရတဲ့အလုပ်ကိုလုပ်ခွင့်မရတဲ့ဘဝပါ။မုန့်ဖိုးဆိုတာလဲ မရဘူး။မုန့်ဆိုတာလဲ တစ်ခါမှကိုဝယ်မကျွေးဘူး။ထမင်းနဲ့ဟင်းနပ်မှန်အောင်စားနေရရင်ကျေးဇူးတင်ဆိုတဲ့လက်သုံးစကားက ဖခင်ကြီးအမြဲပြောနေကြလက်သုံးစကားပါပဲ ။မုန့်ဟင်းခါးအသုပ်ဆိုတာလဲ ညီမလေးစားလို့ ပိုမှစားရတာ။အဝတ်အစားဆိုတာ မိထွေးဖြစ်သူက မကြိုက်လို့ပေးတာကိုဝတ်ရတာ။ဒီလိုမတော်မရော်အဝတ်တွေကိုပဲ တပေါင်းဝတ်ခဲ့ရတာကြာခဲ့ပါပြီ။အန်တီကြီးတို့ဝယ်ပေးလိုက်တဲ့ အင်္ကျီတွေကလဲ တပေါင်းနဲ့မတော်တော့ဘူးလေ။တပေါင်းကအရပ်နည်းနည်းရှည်လာတော့ အင်္ကျီတွေက အကုန်သေးကုန်တယ်။အန်တီကြီးတို့ပေးလိုက်တဲ့ လက်ဆောင်ဆိုလို့် တပေါင်းဆီမှာ ပိုက်ဆံတွေပဲကျန်တော့တာ။ပိုက်ဆံကိုတော့ ဘယ်သူမှမသိနိုင်တဲ့ လုံခြုံတဲ့နေရာမှာတပေါင်းသိမ်းထားခဲ့တာ။မတော် အန်တိကြီးမုန့်ဖိုးပေးခဲ့တဲ့ပိုက်ဆံတွေကို ခိုးထားတဲ့ပိုက်ဆံတွေပါလို့် ဖခင်ကြီးက စွပ်စွဲနေမှာစိုးလို့် ဘယ်သူမှမသိနိုင်တဲ့နေရာမှာ ဝှက်ထားခဲ့တာ။အဲ့ဒီငွေတွေက တပေါင်းအသက်ဆယ့်ရှစ်နှစ်ပြည့်လို့အိမ်ကထွက်သွားတဲ့အခါ အရေးပေါ်သုံးဖို့သိမ်းထားတာပါ။တပေါင်းဘဝကရှေ့ဆက်ဘာဆက်ဖြစ်မယ်ဆိုတာကိုမပြောနိုင်ဘူးလေ။
~~~~~~~~~~~
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၀)
akyiphyu
**********
" တပေါင်း ...တပေါင်း...ဒီကိုမြန်မြန်လာစမ်း "
အဖေ့ရဲ့ခေါ်သံကြောင့် တပေါင်းအိမ်ရှေ့ကိုအမြန်ထွက်လာခဲ့တယ်။အမြန်သွားပါတယ်ဆိုမှ ညာခြေထောက်ကထုံးစံအတိုင်း တရွတ်ဆွဲချင်နေပြန်တယ်။
" ဟုတ်...ဟုတ်ကဲ့အဖေ...ဘာခိုင်းမလို့လဲ ... တပေါင်းဘာလုပ်ပေးရမလဲ "
အဖေ့ကိုတွေ့ မြင်လိုက်ရတာနဲ့ တပေါင်းတစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်လာမိပြီး အသံတွေပါအထစ်ထစ်အငေါ့ငေါ့ဖြစ်လာပြန်တယ်။
" နင်လာစမ်း တပေါင်း...ငါတို့အခန်းထဲကို နင်ဝင်သေးလား ...ပိုက်ဆံငါးထောင်ပျောက်နေတယ် ..နင်ယူသေးလား "
" ရှင်..မယူပါဘူး....အဖေတို့အခန်းထဲကိုလဲ တပေါင်းမဝင်ပါဘူး "
"ဘာ ...အိမ်မှာ နင်ပဲကျန်ခဲ့တာ ...နင်မယူလို့ ဘယ်သူကယူမှာလဲ ...ပြောလေ..ငါ့သီချင်းခွေတွေလဲ ဖွထားတယ် ..နင်က ..ငါတို့အိမ်မှာမရှိတုန်း ..တီဗီတွေဖွင့်ကြည့်ပြီး လုပ်ချင်တာတွေလုပ်နေတာလား...ပိုက်ဆံငါးထောင်ဘယ်မှာလဲ ပြန်ပေးစမ်း "
" ဟင့်အင်း..တပေါင်းမယူပါဘူးအဖေ...တီဗီလဲ ဖွင့်မကြည့်ပါဘူး..."
တပေါင်းအသည်းအသန်ငြင်းလိုက်မိတယ်။တပေါင်းတို့အိမ်မှာ တီဗီနဲ့ဗွီစီဒီစက်ရှိပေမဲ့ တပေါင်းလုံးဝကိုဖွင့်မကြည့်တာပါ။ဖွင့်လဲမကြည့်ရဲပါဘူး။တော်ကြာ တပေါင်းဖွင့်ကြည့်မှ စက်ပျက်သွားတာမျိုးဖြစ်မှာစိုးလို့တစ်ခါမှကိုဖွင့်မကြည့်တာပါ။
" အ်မ်မှာ နင်တစ်ယောက်တည်းရှိတာကို... နင်မယူလို့်ဘယ်သူယူမလဲ ...လက်ပိုက်ပြိးတိုင်မှာကပ်စမ်း "
အဖေကအသံမာမာနဲ့ပြောလိုက်ရင်း ခါးပက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။
" တပေါင်းမယူဘူးအဖေ...မနက်တုန်းက အမေသိန်းနုမောင် ကိုဇော်မင်းအိမ်ကိုလာတယ်...ပြီးတော့ အဖေတို့အခန်းထဲကိုလဲဝင်တယ်...ညီမလေးနဲ့တီဗီလဲကြည့်ကြတယ် "
ဒီစကားကိုတပေါင်းမပြောချင်ပေမဲ့ပြောလိုက်ရတယ်။အမေသိန်းနုရဲ့မိဘတွေကတပေါင်းတို့ရပ်ကွက်ထဲကိုပြောင်းလာတာမကြာသေးဘူး။အမေသိန်းနုမှာမောင်တစ်ယောက်ရှိတယ်။အသက်က တပေါင်းတို့ထက်တော့ကြီးတယ်။သူကအိမ်လာရင် အရမ်းမွှေတယ်။သူလာတဲ့အချိန်အမေသိန်းနုရှိနေရင် ပိုဆိုးတယ်။အမေသိန်းနုကလဲ သူ့မောင်ကိုသိပ်အလိုလိုက်တာ ဘာမွှေမွှေဘာမှကိုမပြောဘူး။အမေသိန်းနုမရှိတဲအချိန်ဆိုရင်တော့ တပေါင်းက အိမ်ရှေ့တံခါးကိုပိတ်ထားတာ ဘယ်သူလာလာဖွင့်မပေးဘူး။မနက်တုန်းကတော့ ညီမလေးနဲ့လာတာဆိုတော့ တံခါးဖွင့်ပေးလိုက်ရတယ်။တပေါင်းတံခါးဖွင့်ပေးလိုက်တော့ သူပါအိမ်ပေါ်တက်လာပြီး ဟိုဝင်ဒီထွက်လုပ်ပြီး သီချင်းတွေဖွင့်ကာရာအိုကေတွေဆိုပြီးမှပြန်သွားတာ။ပိုက်ဆံကိုသူယူသွားလာဆိုတာ တပေါင်း သေချာတော့မမြင်လိုက်ပါဘူး။ဒါပေမဲ့ အဖေကပိုက်ဆံပျောက်တာသေချာတယ်ဆိုရင် အဲ့ဒီပိုက်ဆံကို သူယူတာဖြစ်ဖို့များတယ်။ဟုတ်တယ် သူလာတုန်းက တပေါင်းကိုထော့ကျိုးမရေ ..ဘာဟင်းချက်လဲ လက်ဖက်လေးသုပ်ပေးပါလား "ဆိုပြီး ခိုင်းသေးတာ။ဒါကလက်ဖက်သုပ်စားချင်လို့မဖြစ်နိုင်ဘူး။သူ့ကို တပေါင်းစောင့်ကြည့်နေမှန်းသိလို့ တမင်သက်သက်အလုပ်ခိုင်းတာပဲဖြစ်မှာ ။
" သူယူသွားတာဖြစ်နိုင်တယ်အဖေ...သူက တပေါင်းကိုလက်ဖက်သုပ်ခိုင်းတယ်...ပြီးတော့ အဖေတို့အခန်းထဲကို သူဝင်သွားတာတွေ့တယ် "
တပေါင်းအကျိုးအကြောင်းရှင်းပြလိုက်တော့ တပေါင်းကိုရိုက်နေတဲ့အဖေ့ရဲ့လက်တွေ တစ်ခဏငြိမ်ကျသွားခဲ့တယ်။ပြီးတော့ အဖေ့ဆီကလေသံမာမာထွက်လာခဲ့ပြန်တယ်။
" အေး..အဲ့ဒီလိုဝင်သွားတော့ နင်ကကြည့်နေတာပဲလား...သူယူသွားတာကို နင်မြင်လိုက်လား....ပြောလေ...မြင်လိုက်လား "
" မ..မမြင်ပါဘူးအဖေ "
"မမြင်ဘဲနဲ့ ... ငါ့ကိုဆင်ခြေပေးနေတာပေါ့ ဟုတ်လား...ငွေငါးထောင်ကိုယူပြိး နင်ဘာလုပ်လိုက်လဲ ...စာအုပ်တွေဝယ်တာလား..ငှားဖတ်တာလား ပြောစမ်း..အမှန်တိုင်းဖြေနော် "
"မ..မဟုတ်ပါဘူး အဖေ.....ပိုက်ဆံကို တပေါင်းမယူပါဘူး "
တပေါင်းဘယ်လိုငြင်းငြင်း အဖေ့လက်ထဲက ခါးပက်က တပေါင်းရဲ့တင်ပါးနဲ့နောက်ကျောတစ်လျှောက်ပေါ်အရှိန်ပြင်းပြင်းနဲ့ကျရောက်လာခဲ့တယ်။
" လာစမ်း ..နင့်သေတ္တာဖွင့်ပြစမ်း "
ရို//က်လို့ဝသွားတော့လဲ အဖေကကျေနပ်သေးပုံမရဘဲ တပေါင်းကို မိးဖိုချောင်ဘက်ကိုတရွတ်တိုက်ဆွဲခေါ်လာခဲ့ပြီး တပေါင်းရဲ့ သေတ္တာကိုဖွင့်ပြခိုင်းတယ်။တပေါင်းတုန်ုတုန်ယင်ယင်နဲ့ သံသေတ္တာအဟောင်းလေးကို ဖွင့်ပြလိုက်တယ်။ဒီအခါတပေါင်းရဲ့သေတ္တာထဲမှာ အဝတ်ဟောင်းသုံးလေးစုံနဲ့စာအုပ်တွေထွက်လာခဲ့တယ်။စာအုပ်တွေက အိမ်မှာရှိသမျှပုံပြင်ဘုရားစာအုပ်တွေနဲ့ အန်တီကြီးပေးထားတဲ့စာအုပ်တွေပဲရှိတာ။ဘွားဘွားကြီးဆုံးသွားပြီးတော့ အန်တီကြိး သူ့ညီမနဲ့မြို့ထဲကိုပြောင်းသွားချိန်က ပေးခဲ့တဲ့စာအုပ်တွေလဲရှိတော့ တပေါင်းရဲ့သေတ္တာထဲမှာ စာအုပ်တွေနဲ့ပြည့်နေခဲ့တာ။
" ပြစမ်း..စာအုပ်တွေကများလှချည်လား..ဒီစာအုပ်တွေ နင်ဘယ်ကရတာလဲ ...ပိုက်ဆံတွေခိုးပြီး ဝယ်ထားတာမဟုတ်လား ...ဒီစာအုပ်တွေဖတ်တော့ရောဘာအကျိုးရှိလဲ ...မိဘကိုစော်ကားဖို့နဲ့ ပြန်ခံပက်ဖို့ပဲသိတာမဟုတ်လား ..ပေးစမ်းနင့်စာအုပ်တွေ အကုန်မီးရှို့ပစ်မယ်..."
မိခင်ရဲ့ စကားကြောင့် အမှိုက်ပုံရှိရာဆီကို ဖိုးဇင်ယောင်ယမ်းပြီး အကြည့်ရောက်သွားမိတယ်။အမှိုက်ကောက်ရမှာကို ဖိုးဇင်မကြောက်ပါဘူး။ ဒါပေမဲ့ သံလုံးတို့ဘဝလဲ သူနဲ့ သိပ်မကွာလှဘူးလေ။တစ်နေကုန် ပလုံလိုက်ကောက်ပြီး ညနေအိမ်ပြန်ရောက်ရင် ရတဲ့ငွေနည်းတဲ့အခါ သံလုံးတို့လဲ သူတို့မိဘတွေရို*က်တာကို ခံရတာပဲ။ ခံရတယ်ဆိုပေမဲ့ သံလုံးကလည်တယ်။သူ့ကိုရို*က်တော့မယ်ဆိုရင်ပြေးတော့တာပဲ ။ပြေးရင်းလဲကောင်းကောင်းပြေးတာမဟုတ်ဘူး။ပါးစပ်ကလဲ မျိုးစုံအောင် ပြောဆိုသွားသေးတာ။နောက်ကနေ သူ့အဖေနဲ့အမေက လိုက်ရိုက်ရင်လဲ ရိုက်ရို**က်ပဲ။သံလုံးကကြောက်တတ်တဲ့ကောင်မဟုတ်ဘူး။သူ့အဖေက တစ်ချက်ရို*က်ရင် သူကတစ်ခါပြေးတယ်။ဒါကြောင့် ကိုယ့်ဘဝနဲ့သိပ်မကွာတဲ့ သံလုံးဘဝကိုတော့ ဖိုးဇင်အားမကျဘူး။ဖြစ်နိုင်ရင် အဖေ့လို မိုးလင်းမိုးချုပ်ဆိုက်ကားဂိတ်မှာနေပြီး ဆိုက်ကားလေးနင်းလိုက်၊ ကျားလေးထိုးလိုက်၊ အရက်လေးပြေးသောက်လိုက်နဲ့ နေချင်တာ။လူဆိုတာကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်လာရတယ်ဆိုပေမဲ့ ဖိုးဇင်ကိုယ့်ဘဝဖြစ်တည်မှုကိုတော့ လုံးဝသဘောမကျဘူး။ဖြစ်နိုင်ရင် ဘဝကိုပြန်စလို့ရင် တခြားအမေတစ်ယောက်ရဲ့ ဗိုက်ထဲမှာပြန်ဝင်စားပြီး ဘဝသစ်ပြန်လိုချင်မိတယ်။
" ဟဲ့ ...ပြောနေတဲ့ကြားက ဘာငိုင်နေတာလဲ ....အလုပ်ထလုပ်လေ... tသချင်နေပြီလား ..... အရည်မရအဖက်မရတဲ့ စာတွေဖတ်ပြီး အပျင်းထူနေတာလား ... မှတ်လောက်သားလောက်အောင် နင့်ကိုထမင်းမကျွေးဘဲ အငတ်ထားရမယ် "
မအေးလှိုင်က သူ့ဝသီအတိုင်း ပွစိပွစိပြောရင်းနဲ့ လက်ကလဲ ဖိုးဇင်ရဲ့ခေါင်းကို ဒေါက်ခနဲဒေါ်ခနဲ ခေါက်ပစ်လိုက်တယ်။
မိခင်ကမကျေမနပ်ပြောရင်းနဲ့ ခေါင်းကိုခေါက်တော့လဲ ဖိုးဇင်မျက်လုံးတောင် ဝံ့မကြည့်ရဲဘဲ ငြိမ်ခံနေလိုက်တာပဲ။ဒါကိုမကျေနပ်သေးလို့ တွေ့ရာပစ္စည်းတွေနဲ့ထုရိုက်ရင်လဲ ငြိမ်ခံနေလိုက်တာပဲ။ဘာဆိုဘာမှပြောခွင့်မရှိ၊ အကျေိုးအကြောင်းရှင်းပြခွင့်မရှိတဲ့ဘဝမှာ ဖိုးဇင်နေသားကျနေခဲ့ပါပြီ။ဆယ့်လေးနှစ်ကျော်လို့ ဆယ့်ငါးနှစ်ထဲဝင်လာပြီးဖြစ်တဲ့ဖိုးဇင်အတွက် အကြောက်တရားထက် အရှက်တရားကကြီးစိုးလာခဲ့ပေမဲ့ ရှက်ဖို့ကိုမတွေးရဲဘူး။မိခင်ကစိတ်ဆိုးနေရင် လူကြားထဲ ပါးရိုက်ရင်လဲခံ၊မိုးမွန်အောင်ဆဲရင်လဲခံ၊တံမြက်စည်းရိုးနဲ့လိုက်ရိုက်ရင်လဲငြိမ်ခံနေရာတာပဲ။တစ်ခါတစ်ခါတော့လဲ ဖိုးဇင်တွေးမိတာက သူလူဖြစ်လာရတာက မိခင်ရဲ့အရို//က်အနှက်အပြောအဆိုကိုခံဖို့သက်သက် လူဖြစ်လာတာများလားလို့်တွေးမိတယ်။စာဖတ်ကျင့်ရအောင် ပြောပြပေးခဲ့တဲ့တပေါင်းကြောင့် ဖိုးဇင်စာအုပ်ဖတ်တာဝါသနာပါလာခဲ့ပေမဲ့ စာအုပ်ဖတ်တိုင်း မိခင်နဲ့ပြဿနာဖြစ်ရတယ်။စာအုပ်တွေလွှင့်ပစ်ခံရတယ်။ဆွဲစုတ်ခံရတယ်။စာအုပ်ဆိုင်က ငှားဖတ်တဲ့စာအုပ်ဖိုးတွေ လျော်ပေးရတဲ့အကြိမ်ပေါင်းလဲ မနည်းတော့ဘူး။
" ဟဲ့ ..ေ*သနာလေး..မြန်မြန်သွက်သွက်လုပ်စမ်း ....စားနှေးသွားနှေးနဲ့လက်တွေက ကျိုးနေလို့လား ..အလုပ်လုပ်နေတာမပြိးတော့ဘူး "
စာအုပ်လေးတစ်အုပ်ဖတ်မိတာကို ပြောလို့မဆုံးဆူလို့မဆုံးဖြစ်နေတဲ့မိခင်ကြောင့် အပြစ်မရှိတဲ့စာအုပ်တွေကိုတောင် ဖိုးဇင်စိတ်နာသလိုဖြစ်လာမိတယ်။အခုလဲ ကျူရှင်လွှတ်လိုက်တဲ့ ကျောင်းသူလေးတွေ ဆိုင်ထဲရောက်လာတာမို့ ဖိုးဇင်ရှက်သလိုလိုဖြစ်နေမိတယ်။အမေကတစ်ခါဆဲလိုက်တိုင်းမှာ သူ့မျက်နှာကို လှမ်းကြည့်တတ်တဲ့ကောင်မလေးတွေကြောင့် ဖိုးဇင်မျက်နှာမမော့ရဲအောင်အတော်လေးရှက်နေမိတယ်။ဘာပဲဖြစ်ဖြစ် နောက်သုံးလေးလဆိုရင် ဘကြီးရဲ့ဝပ်ရှော့ကိုသွားရတော့မှာမို့အဲ့ဒီအချိန်တွေကိုပဲ ဖိုးဇင်မျှော်နေမိတော့တယ်။
==================================
အပိုင်း (၁ဝ)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
" နောက်တစ်ခါ စာအုပ်ဖတ်တာတွေ့ရင် tသမယ်နော်...လူက အရွယ်မရောက်သေးဘူး ..စာအုပ်တွေဖတ်ပြီး ရည်းစားထားချင်နေတာလား "
ပါးစပ်ကပြောရင်းနဲ့ ခြေထောက်နဲ့ပါပိတ်က*န်လိုက်တာမို့ တပေါင်းကိုယ်လေးအိမ်ထရံနားကို ပစ်လဲကျသွားရတယ်။တပေါင်းအံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။ အဖေက စာအုပ်တွေစုတ်ဖြဲလို့ဝတော့ ပြန်ထွက်သွားခဲ့တယ်။ကျောခိုင်းထွက်သွားတဲ့ အဖေ့ကိုကြည့်ပြီး ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာမဲ့မိတယ်။မျက်ရည်မကျတတ်တော့တာကြာပြီဖြစ်ပေမဲ့ တစ်စစီစုတ်ပြဲသွားတဲ့ စာအုပ်တွေကို ကြည့်ပြီးတပေါင်းဝမ်းနည်းပက်လက်ငိုချလိုက်မိတယ်။ အားကိုးဖော်ကင်းမဲ့နေတဲ့ တပေါင်းအတွက် စာအုပ်တွေကပဲ အဖော်ဖြစ်ခဲ့တာ ။ အားကိုရာဖြစ်ခဲ့တာ ။ ဒီစာအုပ်တွေကို ရက်ရက်စက်စက်စုတ်ဖြဲခံလိုက်ရတော့ တပေါင်း ရင်တွေကွဲလုမတတ်ခံစားရကာ အသံတိတ်ငိုငိုကြွေးနေမိတယ်။
~~~~~
"တပေါင်း ...ဘွားဘွားကြီးဆုံးသွားပြီ သိလား ...ဆေးရုံမှာ ဆုံးတာတဲ့ "
"ရှင် "
ကြီးကြီးအေးခင်ရဲ့ စကားကြောင့် တပေါင်းရင်ထဲ တလှိုက်လှိုက်နဲ့ ဆို့နင့်လာတယ်။တပေါင်း အသက် (၁၈)နှစ်ပြည့်ရင် ပြန်လာခဲ့လို့ မှာလိုက်တဲ့ ဘွားဘွားကြီးက အခုတော့ တပေါင်းအသက်ဆယ့်ငါးနှစ်မှာပဲ ဆုံးပြီတဲ့ ။တပေါင်းကို ချစ်ခင်ကြင်နာပေးသူတစ်ယောက်တော့ ကမ္ဘာလောကကြီးကနေ ထွက်သွားရပြန်ပြီ။
" မနက်ဖြန် အသုဘချမှာ...အသုဘလိုက်ပို့မယ်ဆိုရင် မနက်ဖြန်မနက် ဆယ့်တစ်နာရီလောက် အရောက်လာခဲ့နော်...."
" ဟုတ်ကဲ့ပါ ကြီးကြီး "
" အေး ..အေး ..ငါသွားတော့မယ် "
ကြီးကြီးနှုတ်ဆက်ပြီးထွက်သွားတော့မှ တပေါင်း သတိ ပြန်ဝင်လာပြီး သက်ပြင်းကို ချလိုက်မိတယ်။မနက်ဖြန် ဘွားဘွားကြီး အသုဘကို လိုက်ပို့နိုင်ဖို့ အိမ်ကို ဘယ်လိုပြောရမလဲလို့ တပေါင်း တွေးနေမိတယ်။
~~~~~~
" အဲ့ဒီအချိန်တော့ မအားဘူးလေကွယ် ..ပြီးတော့ မနက်ဖြန် ညောင်ပင်လေးဈေးသွားဖို့ကား လဲ ပြောပြီးပြီ ..အဆင်မပြေဘူးလေ တပေါင်းရယ် "
အမေသိန်းနုဆီက ညည်းညည်းညူညူနဲ့ ငြင်းပယ်သံကြားလိုက်ရတော့ တပေါင်း ဝမ်းနည်းသွားမိတယ်။ဒီအချိန်မှာပဲ ဧည့်ခန်းထဲကို မျက်နှာထားတင်းတင်းနဲ့ဝင်လာတဲ့ အဖေ့ကို တွေ့လိုက်ရတယ်။
" အလုပ်အားတာတွေ..မအားတာတွေ သူ့ကိုရှင်းပြနေစရာမလိုပါဘူး မိန်းမရာ ...သူက လူတတ်ကြီးလုပ်ပြီး...အရေးမပါတာတွေ ပြောနေတယ်... သိန်းနု အားအား မအားအား နင်မသွားရဘူး .....နင့်ကိစ္စက ဘာအရေးကြီးနေလို့လဲ ....လူဆိုတာ အချိန်တန်ရင် tသမှာပဲ ..အဲ့ဒီအဘွားကြီးနင်နဲ့ ဘာတော်နေလို့လဲ ...မနက်ဖြန် ငါမသိအောင် ခိုးသွားလို့ကတော့ အဲ့ဒီအသုဘအိမ်ကိုပါ ပြဿနာသွားရှာမှာနော်....ငါ့အကြောင်း နင် သိတယ်နော် တပေါင်း ..ဟင်း ဟင်း ..သွားတော့ ...နင့်မျက်နှာကို မမြင်ချင်တော့ဘူး "
အဖေ့ရဲ့ ကြိမ်းမောင်းဆူငေါက်သံအဆုံးမှာ တပေါင်း ခြေတစ်ဖက်ကို ဆာတာဆာတာနင်းပြီး ဧည့်ခန်းထဲက ထွက်လာခဲ့တယ်။
~~~~~
" တပေါင်း ... နင့်ဘွားဘွားကြီး အသုဘချတော့လဲ နင်မလားဘူး.... ရက်လည်တော့လဲ မလာဘူး....ဘာလို့ မလာတာလဲ ..ဟို ကောင် အောင်မင်းမလွှတ်တာ မဟုတ်လား ..အကုသိုလ်ကောင် ... ရော ..ဒီမှာ နင့်အတွက် နင့် အန်တီကြီးပေးခဲ့တာ ...နင့်အန်တီကြီးက သူ့ညီမ မိသားစုနဲ့ မြို့ထဲမှာ သွားလိုက်နေတယ် ....."
" ရှင် ....အန်တီကြီး အိမ်ပြောင်းသွားပြီဟုတ်လား "
ကြီးကြီးဆီက ကြားလိုက်ရတဲ့ စကားကြောင့် တပေါင်းမြေကြီးပေါ်လဲကျ tသချင်စိတ်ပါ ပေါက်သွားမိတယ်။
" အခုမှ ငိုမနေနဲ့တော့ ....အထုပ်ယူပြီး ပြန်တော့ "
ကြီးကြီးပါလာတဲ့ အထုပ်ကို တပေါင်းလက်ထဲကို ထည့်ပေးပြီး ပြန်ထွက်သွားခဲ့တယ်။တပေါင်းကတော့ နေရာမှာ ငူငူကြီးရပ်နေမိတယ်။
~~~~~~~~
" ဖိုးဇင် ..နင်အဲ့ဒါဘာလုပ်နေတာလဲ ..စာအုပ်ဖတ်နေပြန်ပြီလား.....နင့်ကိုစာအုပ်မဖတ်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ..စျေးရောင်းချိန်မှာ ဈေးမရောင်းဘဲ ဆိုင်လဘ်ပိတ်အောင် ...စာအုပ်ထိုင်ဖတ်နေတယ်ပေါ့ ဟုတ်လား... အတတ်ကောင်းတွေ ဘယ်ကတတ်လာတာလဲ ....ဘာလဲစာအုပ်ဖတ်ပြီး စိတ်ကူးယဉ်မလို့လား ..လူက အရွယ်မရောက်သေးဘူး ..ရည်းစားထားချင်နေတာလား ..ပေးစမ်း အဲ့ဒီစာအုပ် .. သောက်လုပ်ကျ အချိုးပြေအောင်မလုပ်ချင်ဘူး......အေး..စာအုပ်ဖိုးလျော်ရရင် ..နင့် ထမင်းဖိုးထဲကလျော်လိုက် "
မအေးလှိုင်က ပြောပြောဆိုဆိုနဲ့ ဖိုးဇင်လက်ထဲက စာအုပ်ကိုဆွဲယူပြီးစုတ်ဖြဲပစ်လိုက်တယ်။မိခင်ရဲ့လုပ်ရပ်ကြောင့် ဖိုးဇင်ဘာမှပြန်မပြောရဲဘဲ နှုတ်ဆိတ်ကာ ခေါင်းငိုက်စိုက်ချထားမိတယ်။တပေါင်းပေးထားတဲ့ စာအုပ်လေးကတော့ မြေပြင်ပေါ်မှာတစ်စစီနေခဲ့ပြီ။
"အလုပ်တော့ အချိုးပြေအောင် မလုပ်ချင်ဘူး ...အရေးမပါတဲ့ စာအုပ်ကိုထိုင်ဖတ်နေတယ်...စာအုပ်က နင့်ကိုထမင်းကျွေးလား ...ရေတိုက်လားပြော ...မအေနဲ့ ဖအေကတော့ မိုးလင်းမိုးချုပ်လုပ်လိုက်ရတာ ....သင်းကတော့ အလုပ်လေးနည်းနည်းပါးပါးဝိုင်းကူရတာကိုတောင် အသုံးမကျဘူး....နင် ကြပ်ကြပ်သတိထားနော် ... ငါအမြင်ကပ်လာရင် အလုပ်ထွက်လုပ်ခိုင်းပစ်လိုက်မှာ ငါ့ကိုဘာအောက်မေ့နေလဲ ....ထမင်းတစ်လုတ်ကို အေးအေးလူလူမစားချင်ဘူးလား...သံလုံးတို့လို တစ်မြို့လုံးအနှံ့ အမှိုက်လိုက်ကောက်ချင်တာလား "
တပေါင်းရဲ့လက်ကခရင်းကိုဆုပ်ကိုင်လိုက်မိတယ်။ဘယ်လောက်ပဲကန်ကန်မျက်ရည်မကျတော့ဘူး။နာကျင်ရမှန်းမသိတော့ဘူး။ဒါပေမဲ့ အသားထဲကနာကျင်မှုက်ို စိတ်ကမခံစားနိုင်တော့ပေမဲ့ လက်ကသူ့အလိုလိုတုံ့ပြန်ချင်နေမိတယ်။ခရင်းကိုကိုင်ထားမိတဲ့လက်က လေထဲမြှောက်တက်လာချင်တာမို့ တပေါင်းမနည်းစိတ်ကိုချုပ်တည်းထားလိုက်ရတယ်။
" သွားစမ်း....ငါ့မျက်စိရှေ့ကမြန်မြန်ထွက်သွားစမ်း "
ဖခင်ကြီးဆီက မောင်းထုတ်လိုက်သံကိုကြားလိုက်တော့ တပေါင်း ခြေကိုတရွတ်ဆွဲကာ နေရာကနေအမြန်ထွက်လာခဲ့လိုက်တယ်။
" ဟဲ့..ဂန်းနာမ ခြေသံမထွက်စေနဲ့ ..,ငါ့သမီးအိပ်နေတယ် "
ဒေါသတကြိးနဲ့လှမ်းအော်လိုက်တဲ့ ဖခင်ဖြစ်သူကြောင့် တပေါင်း ခြေသံမထွက်အောင်နင်းရင်း နောက်ဖေးမီးဖိုချောင်ဆိကို ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~
" တပေါင်း..နင်လဲကျောင်းမတက်ရတော့ဘူးလား "
နေ့လယ်ခင်းမှာ တပေါင်းက မိထွေးဖြစ်သူရဲ့ဆိုင်ကိုလာကူစောင့်နေပေးချိန်မှာ ဖိုးဇင်ကတပေါငးကိုအပြေးအလွှားစကားလာပြောနေတာ ။တပေါင်းအိမ်ပြန်ရောက်တာ တစ်လပြည့်တော့မှာဖြစ်ပေမဲ့ ဖိုးဇင်နဲ့မတွေ့ရသေးဘူး။တပေါင်းဈေးထဲလာချိန်မှာ မိခင်ဖြစ်သူရှိနေတာမို့ တပေါင်းကို ဖိုးဇင်မခေါ်ရဲဘူး။
" တပေါင်းနဲ့အပေါင်းအသင်းမလုပ်ရဘူးဆိုတဲ့ မိခင်ဖြစ်သူရဲ့ စကားကြောင့် တပေါင်းကိုမသိချင်ယောင်ဆောင်နေရတယ်။ဆိုင်ရှေ့က တပေါင်းဖြတ်သွားရင်တောင် မျက်လုံးဝေ့မကြည့်ရဲဘူး။တပေါင်းကတော့ ဖိုးဇင်ရဲ့အဖြစ်ကို သိမယ်မထင်ဘူး။
" အေး..ငါကျောင်းမတက်ရတော့ဘူးဖိုးဇင်....နင်ရောကျောင်းမတက်ရတောဘူးလား.."
" အေး..ငါလဲကျောင်းထွက်လိုက်ပြီ ...အိမ်မှာကျောင်းသားသုံးယောက်တောင်ဆိုရင် အမေတို့မတတ်နိုင်ဘူးလေဟာ...အဲ့ဒါကြောင့် ငါကအမေ့ကိုဈေးကူရောင်းပေးပြီး ငွေကူရှာပေးရမှာပေါ့....ငါ့အဖေကလဲ ခုတလော ဆိုက်ကားဆွဲမကောင်းဘူးတဲ့လေ "
" အေးပါ..ငါတို့ စာဆက်မသင်ရလဲ ...စာတွေကိုမမေ့အောင် စာအုပ်တွေဖတ်လို့ရတယ်ဖိုးဇင် "
" စာဟုတ်လား..ဘာစာလဲတပေါင်းရဲ့ "
ဖိုးဇင်ကအူကြောင်ကြောင်နဲ့မေးလိုက်တယ်။
" ဘာစာဖြစ်ဖြစ်ပေါ့ဟာ...ကာတွန်း...ဝတ္ထုနဲ့ဘုရားစာတွေ...တွေ့သမျှစာအကုန်သာဖတ်ပေါ့...အဲ့ဒါမှငါတို့ စာဖတ်တတ်မှာ..မဟုတ်ရင်စာတွေကိုမေ့သွားပြီး အသက်ကြီးလာရင် စာမဖတ်တတ်ဘဲနေမယ်...စာမဖတ်တတ်တဲ့သူက မျက်လုံးမမြင်တဲ့သူနဲ့တူတယ်လို့ ဆရာမကပြောဖူးတယ်လေဟယ်...စာမတတ်တော့ သူများတွေနှိမ်တာခံရတတ်တယ်တဲ့...ငါတော့ အိမ်မှာရှိသမျှစာအုပ်တွေအကုန်ဖတ်တယ်...ပြိးတော့ အန်တီကြီးတို့အိမ်က... ငါ့အတွက်စာအုပ်တွေဝယ်ပေးတယ်လေ....ငါပြန်လာတော့ အဲ့ဒီစာအုပ်တွေကို အန်တီကြီးကအကုန်ပေးလိုက်တယ်လေ...နင်ဖတ်မယ်ဆို ငါပေးဖတ်ပါ့မယ် "
" အေးလေ..နောက်နေ့ကျရင်တစ်အုပ်ယူလာခဲ့ဟာ...ရယ်ရတဲ့စာအုပ်ပဲယူလာခဲ့နော်တပေါင်း..ငိုရတာမျိုးတွေ ငါမဖတ်ချင်ဘူး "
" အေးပါ ဖိုးဇင်ရဲ့..ဒါနဲ့ နင်သွားတော့လေဖိုးဇင်..အမေသိန်းနုပြန်လာတော့မယ်ဟ "
" အေးပါ...ငါသွားတော့မယ်နော် တပေါင်း "
ဖိုးဇင်လဲ တပေါင်းကိုနှုတ်ဆက်ပြီးတာနဲ့ သူတို့ဆိုင်ဘက်ကိုပြန်ပြေးလာခဲ့တယ်။
~~~~~~~~~~
တစ်အိမ်လုံးတိတ်ဆိတ်သွားပြီမို့အဖေနဲ့အမေပန်းနုတို့ အိပ်သွားကြပြီဆိုတာကို တပေါင်းသိလိုက်တယ်။တပေါင်းမှာ အိပ်မပျော်နိုင်သေးတာမို့ အိပ်နေရာကအသာထလိုက်ပြီး ဖယောင်းတိုင်မီးကိုထွန်းလိုက်တယ်။ဖယောင်းတိုင်ထွန်းပြီးသွားတော့ အန်တီကြီးပေးလိုက်တဲ့စာအုပ်တွေထဲက စာအုပ်တစ်အုပ်ကို ယူဖတ်လိုက်တယ်။အန်တီကြီးက တပေါင်းဖတ်ဖို့အတွက် ကာတွန်းစာအုပ်လေးတွေ ဝယ်ပေးသလို၊ သူဖတ်ခဲ့တဲ့ ၀တ္ထုတွေလဲပေးလိုက်တယ်။ အန်တီကြီးပေးလိုက်တဲ့ စာအုပ်တွေအားလုံးကို တပေါင်းကြိုက်တယ်။ရုပ်ပြကာတွန်းစာအုပ်တွေထဲမှာဆိုရင် မိုက်မိုက် (ပြည်) ရုပ်ပြတွေက တပေါင်းတို့လိုဆင်းရဲတဲ့ ရပ်ကွက်က လူတွေအကြောင်း တွေကို ရေးတာမို့ ဖတ်လို့ကောင်းတယ်။ဟာသရုပ်ပြကာတွန်းတွေကတော့ ဖတ်ရင် စိတ်ပျော်ရွှင်ရတယ်။ဝတ္ထုတွေထဲမှာတော့ မိုးမိုး(အင်းလျား) နဲ့ မစန္ဒာဝတ္ထုတွေ အများဆုံးတည့်ပေးလိုက်တာ။ ၀တ္ထုတွေဖတ်ရတာ တပေါင်းသိပ်နားမလည်သေးဘဲ ခေါင်းထဲမှာတွေးစရာတွေ အမြဲကျန်နေခဲ့တယ်။ ဒါကြောင့်လဲ အန်တီကြီးမှာလိုက်သလို သိပ်နားမလည်သေးတာတွေကို မကြာခဏ ထုတ်ဖတ်နေမိတာ။အိမ်မှာက နေ့ခင်းဆိုရင် စာအုပ်ဖတ်ချိန်မရတာမို့ ညဘက်အဖေတို့အိပ်မှ ခိုးဖတ်ရတာ။
" ဒုန်း "
တပေါင်းစာအုပ်ကိုကိုင်ပြီး အတွေးများနေချိန်မှာရုတ်တရက် နောက်ကနေဒုန်းခနဲအသံထွက်လာတာမို့ အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။
" ဟင် ..အ..အဖေ "
" နင် ..အဲ့ဒါဘာလုပ်နေတာလဲ...ညကြီးအချိန်မတော် စာအုပ်ခိုးဖတ်နေတယ်ဟုတ်လား ...ဘာလဲ အိမ်ကိုမီးနဲ့ရှို့မလို့လား ...စာအုပ်တွေဖတ်ပြီး ရည်းစားထားမလို့လား ...သူများအိမ်မှာ အိမ်ဖော်သွားလုပ်ပြီး အတတ်ကောင်းတွေ တတ်လာတယ်ပေါ့ ဟုတ်လား ...ပေးစမ်း အဲ့ဒီစာအုပ်တွေ "
အဖေကပြောပြောဆိုဆိုနဲ့ စာအုပ်တွေကို ကောက်ယူပြီး ဆွဲဖြဲပစ်လိုက်တယ်။
" မ ..မလုပ်ပါနဲ့ အဖေ .. နောက်ကို မဖတ်တော့ပါဘူး "
တပေါင်းကြောက်ကြောက်ရွံ့ရွံ့နဲ့ တောင်းပန်နေပေမဲ့ အိပ်ရာဘေးနားမှာ ချထားတဲ့ စာအုပ်တွေက အဖေ့လက်ထဲမှာ တစ်စစီဖြစ်သွားခဲ့ပြီ။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၉)
akyiphyu
**********
" တပေါင်း ...ဒီနှစ်တော့ ကျောင်းမတက်နဲ့တော့နော်...နင့်ခြေထောက်ကိုလဲ ဆေးကုပေးရအုံးမှာဆိုတော့ ...ငါတို့မှာ ပိုက်ဆံသိပ်မရှိလို့်ပါ "
မသိန်းနုတ တပေါင်းကို အကျိုးအကြောင်းပြောပြလိုက်တယ်။ကိုအောင်မင်းက မသိန်းနုကို စောင်းငဲ့ကြည့်လိုက်ပြီး
" ရှည်ရှည်ဝေးဝေးရှင်းပြနေဖို့မလိုဘူး သိန်းနု.....သူလုပ်လို့ ငါဆေးရုံတက်လိုက်ရတယ်...ဆေးရုံစရိတ်ကြောင့် ငွေတွေကုန်သွားတယ်...လက်ထဲမှာပိုက်ဆံမရှိတော့ ဘာကျောင်းမှမထားပေးနိုင်ဘူး...ငါရှာထားတဲ့ငွေက အလကားကုန်သွားတာ...ဒါတွေအားလုံး သင်းကြောင့်ပဲဖြစ်တာ ...နင့်မျက်နှာကိုမြင်ရတာ ဒေါသပိုထွက်တယ်..."
ကိုအောင်မင်းကပြောနေရင်းက ဒေါသထွက်လာပြီး အိပ်ခန်းထဲကိုဝင်သွားးခဲ့တယ်။
" ကဲ ..တပေါင်း သွားအိပ်တော့ ...နောက်တစ်ခါနင့်အဖေရှိတဲ့အချိန်... အိမ်ရှေ့ခန်းကို ထွက်မလာနဲ့တော့ ..နင်တို့သားအဖတွေကြောင့် ငါလဲစိတ်ညစ်ပါတယ်.... "
မိထွေးဖြစ်သူဆီက ခွင့်ပြုချက်ရတာနဲ့ တပေါင်းလဲ အိမ်နောက်ဖေးအတက်အဆင်းနားက သူမအိပ်ရာဆီကို ပြန်လာခဲ့လိုက်တယ်။ဧည့်ခန်းကိုဖြတ်လျှောက်လာခဲ့ချိန်မှာ ဖခင်ဖြစ်သူဝင်သွားတဲ့အခန်းထဲက ရယ်သံတွေကြားလိုက်ရတာမို့ တပေါင်းရဲ့ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားရတယ်။ရယ်သံတွေက အဖေနဲ့ညီမငယ်လေးတို့ရဲ့ရယ်သံတွေဖြစ်တယ်။ အဖေ့ရဲ့ရယ်သံတွေကို နားထောင်ပြီး တပေါင်းအလိုလိုဝမ်းနည်းလာမိတယ်။တပေါင်းကိုတွေ့ရင် အမြဲဒေါသထွက်စိတ်တိုနေတတ်တဲ့ အဖေက ညီမလေးနဲ့တော့ပြုံးရွှင်ကြည်နူးနေတတ်တယ်။
" ဟဲ့..ဘာရပ်လုပ်နေတာလဲ ..သွားတော့လေ...တော်ကြာ ဟိုကထွက်လာလို့ ....အိပ်ခါနီး အရို/က်ခံနေရအုံးမယ်...သွားအိပ်တော့ .."
ရုတ်တရက်အနားကိုရောက်လာပြီး ခပ်ဆတ်ဆတ်ငေါက်လိုက်တဲ့ မိထွေးဖြစ်သူရဲ့အသံကြောင့် တပေါင်း ခြေထောက်တစ်ဖက်ကို ဆာတာတာနင်းပြီးအဖေတို့အခန်းနားက ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~
" တပေါင်းလာစမ်း....ရေခဲသွားဝယ်ပေးစမ်း ...ဉီးကြင်ဆိုင်ကနော်...ဝက်ခေါက်ကြော်တစ်ထုပ်လဲ ဝယ်လာခဲ့....မြန်မြန်သွားမြန်မြန်လာ '
ဦးကြင်ဆိုင်ဆိုတာကြောင့် တပေါင်းကိုယ်လေးတွန့်ခနဲဖြစ်သွားမိတယ်။ဦးကြင်ဆိုင်ဆိုတာက အရက်ဆိုင်လေ။မသွားချင်ဘူးလို့ တပေါင်းပြောလိုက်ချင်ပေမဲ့ ဖခင်ကိုကြောက်တာမို့ ပိုက်ဆံယူပြီးထွက်လာခဲ့ရတယ်။လမ်းထိပ်က ကွမ်းယာနဲ့ဆေးလိပ်တောင် ကြောက်ကြောက်နဲ့သွားဝယ်ရတဲ့ တပေါင်းအတွက် အရက်ဆိုင်သွားဖို့ကို ရှက်ကြောက်နေမိတယ်။
~~~~~~~~~~~
အဖေ့ကိုကြောက်လို့သာ တပေါင်းကြောက်ကြောက်နဲ့ထွက်လာခဲ့ရပေမဲ့ အရက်ဆိုင်ရှေ့နားရောက်တော့ ဆိုင်ထဲမဝင်ရဲဘဲ ဖြစ်နေမိတယ်။ကြောက်တာရယ်၊လန့်တာရယ်ရှက်တာရောပေါင်းပြီး လူကဆိုင်ရှေ့နားမှာ တုံ့းဆိုင်းနေမိတယ်။ဒီအချိန်မှာပဲ ဆိုင်ရှေ့ကို ဦးကြင်ထွက်လာတာမို့ တပေါင်းဝမ်းသာသွားမိတယ်။
" ဦး...ဦးလေး ... ရေခဲနဲ့ဝက်ခေါက်ကြော်ထုပ်ပေးပါ "
အထစ်ထစ်အငေါ့ငေါ့ပြောလိုက်တဲ့ တပေါင်းရဲ့စကားကြောင့် ဦးကြင်ကတပေါင်းကိုကြည့်လိုက်ပြီး
" ကလေးမကဘယ်သူလဲ ..ဪ..အောင်မင်းသမီးမဟုတ်လား...ခဏစောင့်အုံး "
ဦးကြင်က တပေါင်းကိုစောင့်ခိုင်းထားပြီး ဆိုင်ထဲကိုပြန်ဝင်သွားခဲ့တယ်။တပေါင်းမှာ ဆိုင်ရှေ့မှာရပ်ပြီးအသားတွေတုန်ကာရှက်နေမိတယ်။
~~~~~~~~~~~
တပေါင်းအိမ်ရှေ့ကို ရောက်တော့ ခါးကြီးထောက်ကာရပ်နေတဲ့ အဖေ့ကိုတွေ့လိုက်ရတာမို့ အသားတွေတုန်းအောင်လန့်သွားမိပြန်တယ်။
" လာစမ်း...နင်မြန်မြန်လာစမ်း...သွား..အိမ်ပေါ်တက် "
ဒေါသသံနဲ့ပြောလိုက်တဲ့ ဖခင်ကြီးရှေ့ကနေ တပေါင်းမြန်မြန်သွားလိုက်ပြိး အိမ်ပေါ်ကိုတက်လိုက်တယ်။အိမ်ပေါ်ရောက်တော့ ဝက်ခေါက်ကြော်နဲ့ရေခဲတုံးတွေကို ပန်းကန်တွေထဲအမြန်ထည့်ပေးလိုက်တယ်။
" ဖုံး "
" အား "
နောက်ကနေကျောကုန်းကိုရုတ်တရက်အကန်ခံလိုက်ရတာမို့ တပေါင်းလန့်ဖျပ်ကာအော်လိုက်မိတယ်။
" ဂန်းနာမ နင့်ပါးစပ်ကိုပိတ်ထားစမ်း..အသံမထွက်နဲ့ ...မြေမျိုမဲ့ဟာမဲ့ ..ငါ့ကိုပေစောင်းစောင်းနဲ့ပြန်မကြည့်နဲ့...နင်ေသတော့မယ်...ခိုင်းလိုက်ရင်ပေါ်မလာဘူး..လမ်းမှာဘာလုပ်နေတာလဲ အလေလိုက်နေတာလား..ငါ့သောက်နေတာတစ်လုံးကုန်တော့မယ်..ကလေးတောင်အိပ်ပျော််သွားပြိး ..လမ်းမှာေသနေတာလား "
မကျေမချမ်းပြောရင်း ခြေထောက်နဲ့ထပ်ကန်လိုက်တာမို့ တပေါင်းမှာအရှိန်မထိန်းနိုင်တော့ဘဲ စားပွဲပေါ်ကို လက်ထောက်ကာကျသွားတယ်။ဖြစ်ချင်တော့ တပေါင်းလက်ထောက်လိုက်မိတာက ဖခင်ဖြစ်သူရဲ့သောက်လက်စအရက်ဖန်ခွက်ဖြစ်နေခဲ့တယ်။
" ဟာ..ငါ့အရက်တွေကုန်ပြိး...ဒီဂန်းနာမလေးတော့ ငါလုပ်ရင်ေ/**သတော့မယ် "
ပါးစပ်ကပြောရုံပဲရှိသေးတယ်။လက်ကနားရင်းအရင်အုပ်လိုက်တာမို့ တပေါင်းရဲ့ဦးခေါင်းညွှတ်ခနဲစိုက်ကျသွားရတယ်။မျက်နှာကစားပွဲပြင်နဲ့အပ်လုမတက်ဖြစ်သွားချိန်မှာ တပေါင်းရဲ့လက်က စားပွဲပေါ်ချထားတဲ့ ခရင်းပေါ်ကိုသွားထောက်မိတယ်။ဖခင်ကြီးက နောက်တစ်ချက်ထပ်ပြီးလက်ပြန်ရိုက်လိုက်ချိန်မှာ
ဥက္ကဌကြီး ရှင်းပေးလို့ပြီးတော့ အားလုံးရုံးခန်းထဲက ထွက်ခဲ့ကြတယ်။
~~~~~~
'' လိုတာရှိရင် ..အန်တီကြီးတို့ကို လာပြောနော်တပေါင်း .. အန်တီကြီးတို့က တပေါင်းကိုမခေါ်ထားချင်လို့ မဟုတ်ဘူးနော် ... သမီးက အရွယ်မရောက်သေးတော့... မိဘခွင့်ပြုမှ အန်တီကြီးတို့ကခေါ်လို့ရမှာ ... သမီးအရွယ်ရောက်လာရင် အန်တီကြီးတို့ဆီ အချိန်မရွေးလာခဲ့နော်..."
" ဟုတ်..ဟုတ်ကဲ့ပါ....အန်တီ ..ဘွား...ဘွားဘွားကြီး .... "
တပေါင်းအသံတုန်တုန်ယင်ယင်နဲ့ ပြန်ပြောလိုက်မိတယ်။ အဖေ့အိမ်ကိုပြန်ရတော့မယ်ဆိုတော့ တပေါင်းရင်ထဲမှာ မွန်းကျပ်နေမိပြီး ကိုယ်တွေပါပူလာခဲ့တယ်။လူတစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး တုန်တုန်ယင်ယင်ဖြစ်နေခဲ့ပေမဲ့ ငိုဖို့ရန်လဲ တပေါင်းသတိမရ။ဘွားဘွားကြီး၊ အန်တီကြီး တို့နဲ့ ခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းစိတ်နဲ့ လည်ချောင်းတစ်လျှောက်မှာ ဆို့နင့်နာကျင်နေပေမဲ့ မျက်ရည်တွေကကျမလာခဲ့ဘူး။
'' တပေါင်းသွားတော့မယ်နော် ဘွားဘွားကြီး ... တပေါင်းသွားတော့မယ်နော် အန်တီကြီ "
" အေး ..အေးပါကွယ် ... တပေါင်း ... ရော့ ..ဒီပိုက်ဆံကိုဝှက်ထားနော် ... သမီးဗိုက်ဆာတဲ့အခါ မုန့်ဝယ်စား.....မုန့်စားဖို့ ပိုက်ဆံမရှိရင်ဖြစ်ဖြစ် ....ကျောင်းတက်လို့ပိုက်ဆံမရှိရင် လာယူနော် ... အန်တီကြီးပေးလိုက်တဲ့ ပိုက်ဆံကို သေချာသိမ်းထားနော် "
" ဟုတ် .. ဟုတ်ကဲ့ပါ အန်တီကြီး ...တပါင်းသွားတော့
မယ်နော် "
အန်တီကြီးပေးလိုက်တဲ့ ပိုက်ဆံကို သေချာသိမ်းပြီး လက်ဆွဲအိတ်ကိုဆွဲကာ ခြံပြင်ကို တပေါင်းထွက်ခဲ့တယ်။ အဖေ့အိမ်က ထွက်လာချိန်က ကြွပ်ကြွပ်အိတ်နဲ့ အဝတ်ဟောင်းတွေပဲ ပါလာတာဖြစ်ပေမဲ့ အန်တီကြီးတို့အိမ်က ပြန်ချိန်မှာတော့ လက်ဆွဲအိတ်အကောင်းစားနဲ့ အဝတ်အစားသစ်တွေနဲ့ပေါ့။
" တပေါင်း ...သမီးကို ဟို ကောင်အောင်မင်းရို**က်ရင် ..ရပ်ကွက်ရုံးမှာ သွားတိုင်နော် ကြားလား "
" ဟုတ်ကဲ့ပါ ကြီးကြီး "
ခြံရှေ့မှာရပ်စောင့်နေတဲ့ ကြီးတော်ဖြစ်သူရဲ့ အမှာစကားကို တပေါင်းခေါင်းငြိမ့်ပြလိုက်တယ်။
" ဆိုက်ကားဆရာ...တူမလေးကို သေချာလိုက်ပို့ပေးပါနော်... သမီးဆိုက်ကားပေါ်တက်တော့ "
ကြီးကြီးရဲ့ စကားကြောင့် တပေါင်းဆိုက်ကားပေါ်တက်ထိုင်လိုက်တယ်။ပြီးတော့ အိမ်ဘက်ကို ကြည့်လိုက်မိချိန်မှာ မျက်ရည်ကျနေတဲ့ ဘွားဘွားကြီးနဲ့ အန်တီကြီးကို တွေ့မြင်လိုက်ရတာမို့ တပါင်းလဲကြောင်ကြောင်ကြီးကြည့်နေမိတယ်။
~~~~~~~
" ဘယ်လိုသိန်းနု ....တပေါင်းကို အိမ်ပြန်ခေါ်ထားလိုက်ပြီ ဟုတ်လား ....ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ဟာမလေးကို ဘာလို့များပြန်ခေါ်ရတာလဲဟယ်...ဘာလဲ..အောင်မင်းက ပြန်ခေါ် တာလား "
မုန့်ဟင်းခါးစားနေတဲ့ မသိန်းနုကို မအေးလှိုင်ကမေးလိုက်တယ်။
" ဟုတ်တယ် မအေးလှိုင်...သူ့ကြီးတော်က ကောင်မလေးကို သူများအိမ်ပို့ထားတာလေ.... အိမ်ဖော်အဖြစ်ခိုင်းထားတာလေ... ကျွန်မတို့သိသွားလို့ ရုံးတိုင်တော့မှ ..မွေးစားမယ်ပြောတာတော်ရေ....တကယ်မွေးစားချင်ရင် ...အိမ်ကို သူတို့အရင်လာပြောရမှာပေါ့ ...ဒါနဲ့ပဲ အိမ်ပြန်ခေါ် လိုက်ရတယ်မအေးလှိုင်ရေ "
" အေးဟယ်....သတိတော့ထားပေါ့ ...ကလေးမက လက်ရဲဇက်ရဲနော် ..သနားတာလဲ ကြည့်သနားနော်သိန်းနု ...ပြန်မလှန်ရဲအောင် ဦးချိုးထားအုံး ...အိမ်ကကောင်တော့ ဒီနှစ်ကျောင်းထုတ်လိုက်ပြီ ... နောက်တစ်နှစ်ကျော်လောက်ဆို သူ့ဘကြီးဝပ်ရှော့ကိုပို့တော့မှာ "
မိခင်ဖြစ်သူနဲ့ ဒေါ်သိန်းနုတို့ ပြောနေကြတဲ့ စကားသံတွေကြောင့် ဖိုးဇင်စိတ်မောသွားမိတယ်။တပေါင်းတစ်ယောက် အိမ်ပြန်ရောက်လာတာကို ဖိုးဇင်ဝမ်းမသာမိပါဘူး။တပေါင်းအိမ်ပြန်ရောက်လာတယ်ဆိုတော့ အရင်တုန်းကလို သူ့မိထွေးဈေးဆိုင်မှာ နေ့လယ်နေ့ခင်းဆိုင်စောင့်ပေးတဲ့အခါ ဖိုးဇင်တို့တွေ့တော့တွေ့ရတာပေါ့ ။ဒါပေမဲ့ တပေါင်းခမျာသူ့အဖေရိုက်တာကို ခံရပေအုံးတော့မယ်။ဒီလိုတွေးမိတော့ ဖိုးဇင် လုံးဝဝမ်းမသာနိုင်ပါ။တပေါင်းကို အရို**က်မခံရတဲ့နေရာမှာပဲနေစေချင်မိတာက ဖိုးဇင်ရဲ့စိတ်ရင်းပါ။
" ဟဲ့ ကောင်လေး....အလုပ်လုပ်ရင်း စိတ်ကဘယ်ရောက်နေတာလဲ ...ခေါ်နေတာမကြားဘူးလား...ထလုပ်လိုက်ရင် နာတော့မယ်....ဘာခိုင်းခိုင်းစိတ်ချရတာကို မရှိဘူး "
မအေးလှိုင်က ဖိုးဇင်ကိုလှမ်းငေါက်လိုက်ရင်း ကော်ယပ်တောင်နဲ့ကောက်ပေါက်လိုက်တယ်။မအေးလှိုင်အဖို့မှာ သားဖြစ်သူကိုစကားပြောရင် ချိုချိုသာသာပြောဖို့အသာထား။စကားပြောရင်းနဲ့ဒေါ်သတွေထွက်လာပြီး တွေ့ရာပစ္စည်းတွေနဲ့ကေက်ပေါက်လိုက်တာဖြစ်ဖြစ် ရို*က်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရမှ ကျေနပ်တော့တာ။
==================================
အပိုင်း (၉)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
တပေါင်းအိမ်ရှေ့ရောက်တော့ အမေသိန်းနုစီးနေကျ ဆိုက်ကားကို တွေ့လိုက်ရတာမို့ အံ့သြသွားရတယ်။
" ဦးညိုကြီး..ဘာကိစ္စရှိလို့လဲဟင် "
" အေး ..တပေါင်းရဲ့ ..နင့်အဖေခေါ်ခိုင်းလိုက်လို့ဟ ..နင့်ကြီး တော်အိမ်က ကောင်မလေးတစ်ယောက်က ..နင်ဒီအိမ်ရောက်နေတယ်ပြောလို့ ဦးညိုကြီးလိုက်လာတာ ....ပြန်ကြမယ်လေ ..နင့်အဖေက နင့်ကိုခွင့်လွှတ်တယ်တဲ့ "
"ရှင် "
ဦးညိုကြီးရဲ့ စကားကြောင့် တပေါင်းထိတ်လန့်တုန်လှုပ်သွားပြီး ဘွားဘွားကြီးနားကို အမြန်ပြန်ပြေးသွားလိုက်မိတယ်။
" မောင်ရင် ..မင်းဘာပြောလိုက်တယ် ..တပေါင်းကို သူ့အဖေ ခေါ်ခိုင်းလို့... ဟုတ်လား ...ဘယ်မှာလဲ သူ့အဖေ ... အေး ...ကလေးကို ပြန်ခေါ်ချင်ရင်.. သူ့ကြီးတော်နဲ့ သူ့အဖေပါခေါ်လာခဲ့ ...မောင်ရင်နဲ့တော့ မထည့်လိုက်နိုင်ဘူ "
" ဟာဗျာ ...မသိတော့ဘူး ..သူတို့ခေါ်ခိုင်းလို့ လာခေါ်ရတာ ..ရှုပ်နေတာပဲ ..ဘာတွေမှန်းမသိဘူး "
ဘွားဘွားကြီးရဲ့ စကားကြောင့် ဆိုက်ကားဆရာညိုကြီးလဲ မကျေမနပ်ပြောဆိုကာ ဆိုက်ကား ကို ပြန်နင်း ထွက်သွားခဲ့တယ်။
တပေါင်းမှာတော့ ဘွားဘွားနားမှာရပ်လျက်မှ အသက်ရှူတွေကျပ်ပြီး အသားတွေပါ တဆတ်ဆတ်တုန်နေမိတယ်။
~~~~~~
" ကျုပ်နေမကောင်းလို့ ..ကျုပ်သမီးကို ခဏအပ်ထားတာလေဗျာ ...အခုတော့ ခင်ဗျားသဘောနဲ့ ခင်ဗျား ...ကျုပ်သမီးကို အိမ်ဖော်လုပ်ခိုင်းထားတာလား ...ခင်ဗျားကိုတရားစွဲမယ် မအေးခင် "
မတ်ဖြစ်သူအောင်မင်းရဲ့ စွပ်စွဲပြောဆိုတဲ့ စကားကြောင့် မအေးခင်ထိုင်နေရာက ဝုန်းခနဲ ထရပ်လိုက်တယ်။
" ဘာ ..ဘာပြောတယ် အောင်မင်း ..နင်က ယောက်ျားတန်မဲ့ ...( ....) စကားပြောတာလား ...နင်ပဲ ပြန်မခေါ်တော့ဘူးဆို ... အေး ..ငါ့တူမကို .. ငါခိုင်းစားထားတာမဟုတ်ဘူးဟဲ့ ..ကောင်းကောင်းနေကောင်းကောင်းစားစေချင်လို့ ...စိတ်ထားကောင်းတဲ့သူတွေဆီကို ပို့ထားတာ ....အပျိုကြီးတို့သားအမိတွေက ဘယ်လိုလူတွေလဲဆိုတာကို ..ရပ်ကွက်ထဲလာစုံစမ်းကြည့်လိုက်အုံး ..ကလေးက နင့်အိမ်မှာနေတာထက် အများကြီးသာတယ်ဟဲ့ "
" ဘာသာတာလဲ ...တော်စမ်းပါဗျာ ...သူများသားသမီးကို အလကား ခေါ်ခိုင်းနေတာကို များ ... ဒီကိစ္စမှာ ခင်ဗျားအကြံတွေချည်းပဲဆိုတာ ကျုပ်မသိဘူးထင်နေလား ...ကျုပ်သမီးကို ဘယ်လောက်နဲ့ရောင်းစားလိုက်တာလဲ ပြောစမ်းပါအုံး "
" ဟဲ့ ..နင် ..ခွေး စကားမပြောနဲ့ အောင်မင်"
" ဒုန်း "
" တော်ကြစမ်း ... ငါတို့လူကြီးတွေရှိနေတာကိုလဲ ..မင်းတို့ သတိရကြအုံး ... မင်းတို့ပါးစပ်တွေပိတ်ထား ...ဘာမှမပြောကြနဲ့ ...ငါတို့ရှင်းပေးမယ်...တိတ်တိတ်နေကြ ..မနေရင် အကုန်စခန်းပို့ပစ်လိုက်မယ် "
ဥက္ကဋ္ဌက အသံမာမာနဲ့ ထအော်လိုက်မှ မအေးခင်နဲ့ ကိုအောင်မင်းတို့အုပ်စုလဲ ငြိမ်ကျသွားတယ် ။မအေးခင်တို့ အုပ်စုမှာက မအေးခင်နဲ့အပျိုကြီးတို့သားအမိပါတယ်။ကိုအောင်မင်းတို့အုပ်စုမှာက ကိုအောင်မင်း၊မပန်းနုနဲ့ သူတို့အသိအချို့လဲ ပါလာကြတယ်။
" အခု ...မောင်အောင်မင်းတို့က သမီးဖြစ်သူကို ပြန်ခေါ်ချင်တာလား "
" ဟုတ်ပါတယ် ဥက္ကဌကြီး "
" သူပြောတာကြားတယ်နော် မအေးခင် ... သူတို့သမီးကို ပြန်ခေါ်မယ်တဲ့ ... မအေးခင် ဘက်က ...ဘာလို့ ပြန်မပေးနိုင်တာလဲဆိုတာ ရှင်းပြပါ "
" ဟုတ်ကဲ့ပါ ဥက္ကဌကြီး ..ကျွန်မက ပြန်မပေးနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး....တူမလေးကို သင့်တော်အဆင်ပြေတဲ့အိမ်မှာ ပို့ထားတာမလို့ ..ကလေးရဲ့ ဆန္ဒကိုမေးစေချင်တာပါ ...ကလေးကလိုက်ချင်ရင် ပြန်ခေါ်ပါ ..မလိုက်ချင်ဘူးဆိုရင် မွေးစားဖို့ပေးလိုက်ဖို့ ပြောချင်တာပါ ....တူမလေးကို လက်ခံထားတဲ့ အပျိုကြီးတို့သားအမိကလဲ ... တူမလေးရဲ့ ခြေထောက်အတွက် ဆေးကုပေးပြီးရင် ....ကျောင်းတက်ဖို့ပါပြင်ဆင်ထားပြီးသားပါ ဥက္ကဌကြီး "
" တော်စမ်းပါဗျာ... လူကြားကောင်းအောင် လျှောက်ပြောမနေနဲ့ ....တစ်သက်လုံးခိုင်းကောင်းအောင် လျှောက်ပြောနေတာတွေ ...ဖအေတစ်ယောက်လုံးရှိနေတာကို ဖအေကိုအသိမပေးဘဲလုပ်ချင်ရာလုပ်နေကြတာပဲ...ကျုပ်သမီးကို ဘယ့်သူ့ကိုမှမပေးဘူး ... သူ့ခြေထောက်ကိုလဲ ကျုပ်တို့ ဆေးကုပေးဖို့ စီစဉ်ထားပြီးသား ...ရှင်းရှင်းပဲပြောမယ် ..ကျုပ်သမီးကို အေးအေးဆေးဆေး ပြန်ခေါ်လို့ ရရင်...ရမရရင်အကုန်လုံးကို တရားစွဲမှာ ...ကလေးဆန္ဒတွေ ဘာတွေလာမပြောနဲ့ ....အရွယ်မရောက်သေးတဲ့ကလေးကို .....မိဘပဲပိုင်တာ ...ဆန္ဒရှိရင်လဲ တရားရုံးသွားဖို့ ပြင်ဆင်ကြတာပေါ့ "
ကိုအောင်မင်းရဲ့စိန်ခေါ် စကားကြောင့် အပျိုကြီးတို့သားအမိမှာ နှုတ်ဆိတ်ကာငြိမ်သက်နေမိကြတယ်။သူတို့အနေနဲ့ တပေါင်းကို သနားစိတ်နဲ့ ချစ်ခင်နေမိကြတယ်ဆိုပေမဲ့ တရားတပေါင်ရင်ဆိုင်ရမှာကိုတော့ ကြောက်မိကြတယ်။တစ်သက်လုံးက ခပ်အေးအေးနေလာကြသူတွေမို့ အောင်မင်းတို့လိုလူမျိုးတွေနဲ့လဲ ပြဿနာမဖြစ်ချင်ကြဘူး။နောက်ဆုံးတော့လဲ အပျိုးကြီးတို့သားအမိ ခေါင်းငုံ့ကာ အရှုံးပေးလိုက်ရတော့တယ်။
" ကဲ ..ဒါဆိုရင် ..အားလုံးဒီမှာပဲ အဆင်ပြေသွားပြီနော် ... ကလေးမလေးက သူနေခဲ့တဲ့ အိမ်မှာ အဝတ်အစားတွေသွားပြန်ယူချင်တာကိုတော့ ခွင့်ပြုပေးလိုက်ပါ မောင်အောင်မင်း .. အစ်မကြီးတို့ကလဲ ...မိုးမချုပ်ခင် ကလေးမကိုပြန်ပို့ပေးလိုက်ပါ "
" ဟုတ်ကဲ့ပါ ဥက္ကဌကြီး "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၈)
akyiphyu
***********
" တပေါင်းရေ ... ဒီနေ့ရော ....ဘွားဘွားကြီးနဲ့ နေလို့ အဆင်ပြေတယ် မဟုတ်လား ..ဘွားဘွားကြီးက ဆူသေးလား "
" မဆူပါဘူး အန်တီ "
တပေါင်းက အပျိုကြီးကို ပြန်ဖြေလိုက်ပြီး အပျိုကြီးလက်ထဲက ဆွဲခြင်းကိုကူဆွဲပေးလိုက်တယ်။ဆွဲခြင်းကလေးတာမို့ တပေါင်းရဲ့ ညာခြေထောက်က သိသိသာသာကို တရွတ်ဆွဲသွားရတယ်။
" အို ..ရပါတယ် တပေါင်းရယ် ...အန်တီပဲသယ်သွားလိုက်ပါမယ် "
" ရပါတယ် အန်တီ....တပေါင်းနိုင်ပါတယ်... အန်တီမောလာမှာပေါ့ နားပါအုံး ..အန်တီ့အတွက် တပေါင်းရေခပ်ပေးထားပါတယ်ရှင် "
ပြောပြောဆိုဆိုနဲ့ ညာခြေထောက်ကို ဆာတာတာနင်းကာ မီးဖိုခန်းဘက်ဆီကိုထွက်သွားတဲ့ တပေါင်းရဲ့ကျောပြင်ကို အပျိုကြီးတို့ သားအမိကငေးကြည့်နေမိကြတယ်။
" ကလေးမခြေထောက်အတွက် ဆေးရုံပြပေးမယ်ဆို သမီးကြီး .....ဘယ်တော့ပြပေးမှာလဲ "
" သမီး စုံစမ်းထားတယ်အမေ...နောက်တစ်ပတ်ထဲမှာသွားပြမယ်...သမီးကလဲ ခွင့်ယူလို့မရတော့ တခြားသူကိုအကူအညီတောင်းရမှာ အမေရဲ့...မအေးခင်လဲ မအားလောက်ဘူးထင်ပါရဲ့ "
အပျိုကြီးက မိခင်ကိုအကျိုးအကြောင်းပြောပြလိုက်တယ်။တပေါင်းလေး သူ့တို့အိမ်ကိုရောက်လာတာ တစ်ပတ်မပြည့်သေးပေမဲ့ သားအမိနှစ်ယောက်လုံးက တပေါင်းအပေါ်မှာ သနားပြီးသံယောဇဉ်ဖြစ်နေမိကြတာ။
" ဒါနဲ့ သမီးရေ....တပေါင်းကိုဆေးရုံလိုက်ပြပေးဖို့လူရှာတာကို ...အငယ်မတော့ သိလို့မဖြစ်ဘူးထင်တယ် "
မိခင်ကြီးရဲ့စကားကြောင့် အပျိုကြီးအံ့ဩသွားမိပြီး မိခင်ကို ကြည့်လိုက်တယ်။
" ဘာဖြစ်လို့လဲ အမေ ..သမီးကသူ့ကို ရှာခိုင်းမလားလို့တောင်တွေးနေတာ...သူက စတိုးဆိုင်ဖွင့်ထားတော့ လူစုံနဲ့သိတယ်လေ "
" အမယ်လေး..အမယ်လေး...မဖြစ်ပါဘူး သမီးကြီးရယ်...နင့်ညီမကလေ...တပေါင်းလေးကိုမျက်မုန်းကျိုးနေပုံပဲ...အိမ်ကိုလာရင်း တပေါင်းကိုလဲ ငေါက်ငမ်းနေလို့ အမေနဲ့တောင် စကားများရသေးတယ်...သူခိုင်းစရာရှိရင်တော့ အသံလေးကိုချိုနေတာပဲ ...သူ့ကလေးနှစ်ယောက်အဝတ်တွေကိုလဲ လျှော်ခိုင်းသေးတာလေ...တပေါင်းကလဲ မငြိုမငြင်လုပ်ပေးပါတယ်...ဒါပေမဲ့ သူ့ခြေထောက်ကသိပ်မသန်တော့ လျင်လျင်မြန်မြန်တော့ ဘယ်ရှိပါ့မလဲ ...အဲ့ဒါကိုလဲ သူကစိတ်မရှည်ဘူးလေ...အမေကပြောတော့ တပေါင်းကိုမဲတာလေ..."
မိခင်ကြိးရဲ့စကားကြောင့် အပျိုကြီးစိတ်ရှုပ်သွားမိတယ်။အမွေခွဲစီးပွားခွဲပြီးပြီဖြစ်ပေမဲ့လဲ သူ့ယောက်ျားကအဝေးရောက်နေလို့.အနားမှာခေါ်ထားတာကို အငယ်မကဗိုလ်ကျချင်နေတာ။ သူတို့သားအမိကိစ္စတွေမှာပါ ဆရာဝင်လုပ်နေတာကိုတော့ အပျိုကြီးလဲစိတ်ရှုပ်နေမိတယ်။
" အင်းပါ ..အမေရယ်...မအေးခင်ကိုပဲ လူရှာခိုင်းလိုက်ပါတော့မယ်...နောက်ဆိုရင် ...အမေ့သမီး ..အိမ်ကိုလာရင်...တပေါင်းကို အမေကအရင်ဦးအောင် ခိုင်းထားလိုက်နော်...သူလဲသူ့ယောက်ျားမြန်မြန်ပြန်လာမှ အေးမှာ...သူ့တို့အိမ်ကိုတော့ငှားစားထားပြီးတော့ ...သမီးတို့ကို ဗိုလ်လာကျနေတာလေ....တကယ်ဆို သူတို့နေတဲ့အခန်းကို ငှါးစားရင် သမီးတို့အတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရတော့ ...အမေသုံးချင်တာ ပိုသုံးလို့ရတာပေါ့"
"ကဲပါ ...သမီးကြီးရယ် ...မပြောစမ်းပါနဲ့အေ ..ဒီကောင်မလေး အသက်သာကြီးလာတာ... အလိုက်သိတာမှ ဟုတ်တာ ..ကိုယ်ကအကြီးပဲ ခွင့်လွှတ်ပေးလိုက်သမီး "
" ဟုတ်ကဲ့ပါ အမေ ..သမီးလဲ အမေ့ကိုပြောပြတာပါ .... သူ့ကိုမပြောပါဘူး ..ဒါပေမဲ့ တပေါင်းကို လာအနိုင်ကျင့်ရင်တော့ သမီးက ပြောမှာနော် "
အပျိုကြီးက မိခင်ကို ပြန်ပြောလိုက်ရင်း အဝတ်အစားလဲဖို့အတွက် သူမ အခန်းရှိရာကို သွားဖို့ပြင်လိုက်တယ်။
~~~~~~
" တပေါင်းရေ လာပါအုံး ... သနပ်ခါးလာသွေးပေးပါအုံး ...ကလေးတွေ ကျောင်းနောက်ကျနေလို့ပါ "
ဘေးအခန်းက အန်တီမိုးရဲ့ခေါ် သံကြောင့် တပေါင်းခြေလေးကို ဆာတာဆာတာနင်းရင်း ဘေးအခန်းဆီကို အမြန်ကူးသွားလိုက်တယ်။
" တပေါင်း ...သမီးရေ...ဖြည်းဖြည်းသွားပါကွယ်....မိုးမိုးဟာလေ ကလေးကိုပဲခေါ်ခိုင်းနေတယ် "
ဘွားဘွားကြီးရဲ့ စိုးရိမ်တကြီးပြောသံနဲ့အတူ အန်တီမိုးကို မကျေမနပ်ပြောတာကို ကြားလိုက်ရပေမဲ့ တပေါင်း အန်တီမိုးတို့ ဘေးအခန်းဆီကို ဆက်လျှောက်သွားလိုက်တယ်။အန်တီမိုးတိုသားအမိတွေ အပြင်ထွက်ခါနီးဆိုရင် ဒီလိုပဲဗျာများနေကြ။ သူတို့အလုပ်ရှုပ်ပြီဆိုရင် တပေါင်းကို ခေါ်ခိုင်းတယ်။ခိုင်းရင် စိတ်တော့သိပ်မရှည်ဘူး။သူစိတ်မရှည်တဲ့အခါ ခေါင်းတော့အခေါက်ခံရတာပေါ့ ။ဒါပေမဲ့ ဒီလောက်လေးက အဖေတို့အိမ်၊ကြီးကြီးတို့အိမ်နဲ့ယှဉ်ရင် တပေါင်းအတွက်နေပျော်တဲ့အရပ်မို့ တပေါင်းစိတ်မတိုစိတ်မဆိုးပါဘူး။အန်တီကြီးတို့အိမ်မှာ တပေါင်းကိုဆူဆဲမဲ့သူမရှိသလို ရို***က်နှက်မဲ့သူလဲမရှိဘူး။ ဒီလောက်နဲ့တင် တပေါင်းရဲ့ ဘဝကအေးချမ်းနေပါပြီ။အန်တီမိုးခိုင်းတာလောက်၊ ပြောတာလောက်ကိုလဲ တပေါင်းကျေနပ်ပါတယ်။
~~~~~
" ကလင် ... ကလင် "
" တပေါင်းရေ ..သမီး....အိမ်ရှေ့က ဆိုက်ကားဘဲလ်သံကြားတယ် ....သမီးအန်တီကြီး ပြန်လာတာလား...အန်တီမိုးလား ထွက်ကြည့်ပါအုံးကွယ် "
အိမ်ပေါက်ဝမှာထိုင်နေတဲ့ဘွားဘွားကြီးရဲ့အသံကြောင့် တပေါင်း တိုက်လက်စမီးပူကို ချခဲ့ပြီး အိမ်ရှေ့ကိုထွက်ခဲ့လိုက်တယ်။
" အင်း....အလုပ်ပြန်ဆင်းလို့ရတာနဲ့ စရိတ်ထောက်ပံ့ပေးပါမယ် ..ပြန်ခေါ်ဖို့ အဆင်မပြေသေးလို့ပါလို့ ပြောခဲ့လိုက်တာ...သူတို့ကတော့ပြောတာပေါ့ ...ဘာပဲဖြစ်ဖြစ် သမီးမိန်းကလေးဆိုတာ ဖအေအရင်းနဲ့က ပိုပြိးသင့်တော်တယ်တဲ့လေ...ဟိုမှာကသွေးမတော်သားမစပ်သူစိမ်းယောက်ျားလဲရှိတာမို့ ...ကိုယ့်သားသမီးကိုပြန်ခေါ်ထားလိုက်တဲ့...ဆေးကုတာမကုတာကတော့... ငွေရေးကြေးရေးကိစ္စမို့ သူတို့လဲဘာမှဝင်မစွက်ဖက်ဘူးတဲ့လေ "
ယောက်ျားဖြစ်သူရဲ့စကားကြောင့် မသိန်းနု မသိမသာသက်ပြင်းချလိုက်မိတယ်။
" လူကြီးတွေပြောတာလဲ ဟုတ်ပါတယ်...သမီးမိန်းကလေးဆိုတော့ သူစိမ်းယောက်ျားရှိတဲ့အိမ်မှာထားလို့်... မသင့်တော်ဘူးလေ ...အိမ်ကိုပဲပြန်ခေါ်ရမှာပေါ့ ..ရှင်လဲဒေါသကိုလျှော့ပါ...သူလဲကလေးပဲရှိသေးတာမဟုတ်လား ...သူ့ကြီးတော်မှာလဲ ကလေးသုံးယောက်ရှိတာမဟုတ်လား..တော်ကြာလူတွေက ကျွန်မတို့ကိုကဲ့ရဲ့နေပါအုံးမယ်...ပြန်ခေါ်လိုက်တာပဲကောင်းမယ်ထင်ပါတယ် "
ဇနီးဖြစ်သူရဲ့ ပြေရာပြေကြောင်းပြောတဲ့ စကားကြောင့် ကိုအောင်မင်းအံ့ဩသလိုတော့ဖြစ်သွားမိတယ်။အရင်ကဆိုရင် သူဘာပဲပြောပြော မသိန်းနုကသိပ်ပြီးဝင်ပြောလေ့ရှိတာ မဟုတ်ဘူးလေ။
" အေးကွာ ...ဒီလိုဆိုလဲ မင်းသဘောပဲလေ...ပြန်ခေါ်မယ်လို့ ဥက္ကကြီးကို ပြန်ပြောလိုက်တာပေါ့ .. နောက်ရက်လမ်းလျှောက်ထွက်ရင်း ပြောလိုက်မယ်လေ "
" အို .. ဘယ်နှယ့် .....နောက်ရက်လဲ ...ပြန်ခေါ်တော့မယ်လို့ ဒီနေ့ပဲသွားပြောလိုက်ပါရှင် ... တော်ကြာ ... ကြာနေလို့ မသင့်တော်ဘူး ...ရုံးကိုပြောပြီးတာနဲ့ ...ဆိုက်ကားလွှတ်ပြီး သွားခေါ်ခိုင်းလိုက်ပေါ့ .."
"သြော် ..အေးပါကွာ ....ဒါဆို ညနေသွားပြောလိုက်မယ် ..မနက်ဖြန်မနက်မှ ဆိုက်ကား လွှတ်လိုက်ပေါ့...အခုတော့မောလို့မသွားနိုင်တော့ဘူးဟ "
ကိုအောင်မင်းကမိန်းမဖြစ်သူကိုပြောပြီးတော့ အိမ်ရှေ့ကုလားထိုင်မှာထိုင်ချလိုက်တယ်။
==================================
အပိုင်း (၈)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
J
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
အိမ်ချင်းနီးတာမို့ မအေးခင်လဲစောင့်ကြည့်နေလို့ရတယ်။ဘာပဲဖြစ်ဖြစ် မိမိတို့အိမ်မှာနေတာထက်စာရင် အပျိုကြိးတို့အိမ်မှာနေတာက ပိုပြိးအဆင်ပြေနိုင်တာကို မအေးခင်သိတယ်။
" ကျွန်မလဲ မအေးခင်တို့ လင်မယားပြဿနာဖြစ်နေကြတာကိုကြားလို့ ...ကလေးကိုသနားတာရော...မအေးခင်ကိုကူညီချင်တာကြောင့် ပြောတာပါ...တစ်မျိုးတော့ မထင်ပါနဲ့နော်မအေးခင်...ကလေးကိုကျွန်မတို့် မတရားမခိုင်းပါဘူး....သူ့ကိုဆေးရုံလဲပြပေးပါ့မယ် "
အပျိုးကြိးရဲ့စကားကြောင့် မအေးခင်ရင်ထဲထိတ်ခနဲဝမ်းသာသွားမိတယ်။
" အင်း...သူ့အဖေကတော့ ပြန်မခေါ်တော့ဘူးလို့တော့ ပြောတာပဲ အပျိုကြီးရယ်..ကျွန်မလဲသူ့အတွက်ခေါင်းပူနေတာတော့ အမှန်ပဲ...အပျိုကြီးတို့နဲ့ဆိုရင်စိတ်လဲချပါတယ်....ကိုယ်ကသွေးရင်းသားရင်းဖြစ်ပြီး... တာဝန်မယူနိုင်တာကိုလဲ ရှက်မိပါတယ် "
" မရှက်ပါနဲ့ မအေးခင်ရယ်...ကိုယ့်မိသားစုအရေး ကိုယ်သာအသိဆုံးမဟုတ်လား ...ကျွန်မတို့လဲ နားလည်ပါတယ်.. "
အပျိုကြီးရဲ့ နှစ်သိမ့်စကားကြောင့် မအေးခင်သက်ပြင်းချလိုက်မိပြီး တူမဖြစ်သူကိုကြည့်ပြီး မေးလိုက်တယ်။
" တပေါင်း ....အပျိုကြီးတို့အိမ်မှာ သွားနေမလား ...ဟိုမှာ ဘွားဘွားကြီးနဲ့ အဖော်နေပေးရမှာတဲ့ ."
ကြီးတော်ဖြစ်သူရဲ့ အမေးကြောင့် တပေါင်းမလှုပ်မယှက်ထိုင်နေရာကနေ ကြီးတော်ဖြစ်သူကို မော့ကြည့်လိုက်မိတယ်။ပြီးတော့ သူမကိုခေါ်မယ်ဆိုတဲ့ အန်တီကြီးကို မော့ကြည့်လိုက်မိပြီး ခေါင်းငြိမ့်ပြလိုက်မိတယ်။
" တပေါင်းက အန်တီတို့အိမ်လိုက်မှာလား ..တကယ်နော် ... လိုက်မယ်ဆိုရင် ..အခုပဲခေါ်သွားမှာ "
တပေါင်းကိုကြည့်ပြီး အပျိုကြီးက ဝမ်းသာအားရ မေးလိုက်တယ်။
" ဟုတ်ကဲ့ ...လိုက်မှာပါရှင် ...တပေါင်းထမင်းဟင်းလဲ ချက်တတ်ပါတယ် ..အဝတ်လဲ လျှော်တတ်ပါတယ်ရှင် "
" အိုကွယ် ... သမီးကို အဲ့ဒီလိုအလုပ်တွေ မခိုင်းပါဘူးကွယ် ...ထမင်းဟင်းကို အန်တီပဲချက်တာပါ ..အဝတ်က စက်နဲ့လျှော်တာပါ ...သမီးက ဘွားဘွားကြီးနဲ့အဖော်လုပ်ပေးရုံပါပဲ ..တစ်ခါတလေတော့ ဘွားဘွားကြီးက အိမ်သန့်ရှင်းရေးတွေ ဘာတွေထလုပ်တတ်တယ်...အဲ့ဒီလိုအချိန်မျိုးဆိုရင်တော့... သမီး နည်းနည်းပါးပါးကူပေးရမှာပေါ့ "
" ဟုတ်ကဲ့ ရပါတယ်အန်တီ ..တပေါင်းလုပ်နိုင်ပါတယ် ... တပေါင်း အန်တီနဲ့လိုက်သွားမယ်နော် ကြီးကြီး "
တပေါင်းက ကြီးတော်ဖြစ်သူကို ခွင့်တောင်းလိုက်တော့ မအေးခင်တစ်ယောက် ခေါင်းငြိမ့်ပြလိုက်တယ်။မအေးခင်ရဲ့ ရင်ထဲမှာမကောင်းလှပေမဲ့ သူမဝင်ငွေနဲ့တူမဖြစ်သူကို မစောင့်ရှောက်နိုင်ဘူးလေ။ကုန်ကုန်ပြောရရင် အလုပ်လုပ်ရတာချင်း တူနေရင်တောင် အပျိုကြီးတို့အိမ်မှာနေရင် ထမင်းတစ်ဝမ်းစားဖို့အတွက် တူမဖြစ်သူအနှိမ်ခံအပြောခံရမှာ မဟုတ်ဘူးဆိုတာကို မအေးခင်ယုံကြည်နေမိတယ်။
~~~~~~~
မသိန်းနုကလေးတစ်ဖက်နဲ့အလုပ်လုပ်ရင်း အလုပ်မတွင်တာမို့ စိတ်တိုလာမိတယ်။ယောက်ျားဖြစ်သူဆေးရုံတက်ကတည်းက မသိန်းနုမှာဈေးရောင်းလဲမထွက်နိုင်ဘူး။ယောက်ျားကတစ်ဖက် ကလေးကတစ်ဖက်နဲ့တစ်နေ့တစ်နေ့နားရတဲ့အချိန်ကိုမရှိဘူး။ဒါတောင် အဝတ်တွေမလျှော်နိုင်လို့ လျှော်သမားခေါ်လျှော်ရတာ။အလုပ်လုပ်ပြီဆိုရင် ကလေးကိုလိုက်ဆွဲရတာကတစ်လုပ်။ကလေးကလဲ နစ်နှစ်ကျော်စဆိုတော့ ဆော့လိုက်တာ ဒေါင်းတောက်နေရောပဲ။မအေက ဟင်းအိုးလေးတင်တုန်းရှိသေးတယ်။သူကလမ်းမရောက်သွားလို့ မနည်းပြေးလိုက်ရတာ။အဝတ်တွေမီးပူတိုက်တော့လဲ အော်လိုက်ပြောလိုက်ရတာ။မထင်ရင်မထင်သလို မီးပူနားကိုပြေးပြေးလာတာလေ။အနားကနေဝေးဝေးသွားခိုင်းလိုက်ရင်လဲ လမ်းပေါ်တက်ပြေးတာ။တစ်နေ့တစ်နေ့ အလုပ်နဲ့လက်နဲ့မပြတ်ဘဲလုပ်နေရတော့ မသိန်းနုအတော်လေးတောင်ပိန်ကျသွားတယ်။ကိုအောင်မင်းတစ်ယောက်ကတော့ ထူထူထောင်ထောင်ပြန်ဖြစ်လာတော့ တော်သေးတယ်လို့ပြောရမျာပဲ။ချုပ်ထားတဲ့ဒဏ်ရာကျက်သွားအောင်တော့ လအနည်းငယ်တော့ ဂရုစိုက်ရအုံးမှာ။ဘာမှမဖြစ်တာပဲ ကံကောင်းတယ်လို့်ပြောရမလား ။
" သိန်းနု ..ဘာလုပ်နေတာလဲဟ...ကလေးကပြုတ်ကျတော့မယ် "
အိမ်ရှေ့ကနေလှမ်းအော်လိုက်တဲ့ ယောက်ျားဖြစ်သူအောင်မင်းရဲ့အသံကြောင့် မသိန်းနုလန့်ပြီး အိမ်ရှေ့ကိုအမြန်ထွက်ခဲ့လိုက်တယ်။ဒီအခါ အိမ်ပေါက်ဝဖိနပ်ချွတ်မှာ လျောဆင်းနေတဲ့သမီးငယ်ကိုတွေ့လိုက်ရတာမို့ မသိန်းနုရင်တုန်ပန်းတုန်နဲ့အော်ရင်းပြေးသွားလိုက်တယ်။
" အမယ်လေး သမီးရယ်...ပြုတ်မကျလို့တော်သေးတယ်....ကိုအောင်မင်းရယ် ရှင့်သမီးကလေ......နည်းနည််းလေးမှကို အလစ်ပေးလို့မရတာသိရဲ့လား....ကျွန်မဟင်းချက်နေလို့ သူ့ကို ခဏလေးမှခဏလေး မကြည့်မိတာပါတော်..ဒါနဲ့ရှင့်ကို မေးရအုံးမယ် ... ဟိုရက်က ဥက္ကဌခေါ်တာ ဘာပြောတာလဲ ..."
" အင်း...ဘာပြောရမှာလဲဟာ တပေါင်းအကြောင်းပြောတာလေ...သူ့ခြေထောက်ကလဲ ဆေးရုံပြရမယ်တဲ့ ...မပြရင်တစ်သက်လုံးခြေတစ်ဖက်ဆာတဲ့သူလိုမျိုးဖြစ်သွားမယ်တဲ့လေ..ပြီးတော့ သူ့ကြီးတော်ကပြောတယ်တဲ့...သူ့ကိုပြန်မခေါ်ချင်ရင်လဲ စရိတ်ထောက်ပံ့ပေးရမယ်တဲ့ "
ယောက်ျားဖြစ်သူရဲ့စကားကြောင့် မသိန်းနုတွေဝေသွားပြီးမှ ယောက်ျားဖြစ်သူကိုပြန်မေးလိုက်တယ်။
" ဟုတ်လား...ရှင်ကဘာပြောခဲ့လဲ "
အချု//ပ်ထဲထည့်လို့မရဘူး....အချု*ပ်ထဲလို့်ရမယ်ဆိုရင်လဲ ... သားသမီးကိုအရွယ်နဲ့မမျှအောင်ခိုင်းစားတတ်တဲ့မိဘတွေကိုပဲ ထည့်လို့ရမှာပဲ ..အဲ့ဒီတော့ နင်တို့သားကိုနင်တို့အေးအေးဆေးဆေးပြန်ခေါ်သွားမလား..နင်တို့တစ်မိသားစုလုံး အချုပ်ထဲဝင်ကြမလား...နင့်သားကလဲ လမ်းမှူးကိုခုံနဲ့ရိုက်လိုက်တယ်သိရဲ့လား ..."
ဥက္ကဌကြီးရဲ့ စကားကြောင့် မအေးလှိုင်နဲ့ကိုမောင်ခိုင်တို့လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မျက်နှာတွေစူပုတ်သွားကြတယ်။
" ကဲ...ပြန်ကြတော့ ...ငါတို့လဲမအားဘူး...ညအချိန်မတော်ကြီးနော်..ကလေးကိုလဲ ရို**က်နှက်ဆုံးမမနေနဲ့အုံး...ကလေးတွေလဲလူပဲ..သူတို့အသာလေးတွေကနုနုလေးတွေ...သူတို့က လူကြီးတွေထက်ပိုပြီးနာကျင်တတ်ကြတယ်..အသားနာရင်ဘယ်သူမဆို ပြန်ခုခံတတ်ကြတယ်ဟ...အောင်မင်းတို့သားအဖတွေလိုပြဿနာတွေ ဖြစ်ခဲ့ရင် မိဘတွေကိုရောသားသမီးကိုပါ ...အချု///ပ်ထဲထည့်မှာနော် ..မပြောမရှိနဲ့ "
မအေးလှိုင်တို့မိသားစုကိုကြည့်ပြီး ဥက္ကဌကြီးကပြောလိုက်တယ်။ဥက္ကဌကြီးရဲ့စကားကြောင့် မအေးလှိုင်တို့လဲ မျက်နှာခုနှစ်ခေါက်ချိုးရှစ်ခေါက်ချိုးနဲ့ ရုံးထဲကထွက်ခဲ့ကြတယ်။
" ဟင်း..ဟင်း...ေ**သနာလေး...နင်အိမ်ရောက်မှသိမယ်...."
မအေးလှိုင်က ဖိုးဇင်ကိုကြည့်လိုက်ပြီး အံကိုကြိတ်ကာ ကြိမ်းမောင်းလိုက်တယ်။
~~~~~~~~~~~
" အသံမထွက်စေနဲ့နော်. ...နင်ကများ ငါ့ကိုစမ်းချင်တယ်ပေါ့လေ...နင်က... ငါ့ကိုဘာကောင်မအောက်မေ့နေလဲ ..ငါမွေးလိုလူဖြစ်လာတဲ့ကောင်ကများ ..လူလေးလက်တောက်လောက်နဲ့ ငါ့ကိုပမာမခန့်လုပ်ချင်နေသေးတယ်...နင့်ကိုလက်ခံမဲ့အိမ်ရှိတယ်များထင်နေတာလား "
မအေးလှိုင်က မေးရင်းနဲ့ဖိုးဇင်ရဲ့ဗိုက်ခေါက်ကိုခပ်ကြမ်းကြမ်းဆွဲလိမ်လိုက်တယ်။ဖိုးဇင်မှာနာလွန်းပေမဲ့ အသံမထွက်ရဲဘဲ အံကိုတင်းတင်းကြိတ်ကာ ကြိတ်ခံနေရတယ်။
" နင်တို့///မျို/*ဖိုပဲ ...ငါတို့အလုပ်လုပ်နေရတာသိရဲ့လား...ငါ့တို့ဘာသာငါတို့ဆိုရင် ..ကိုယ့်ကိုယ်ကိုရွှေကွပ်ထားလို့ရတယ်....နင်တို့မျို*ဖို့အတွက်မို့ ..ငါတို့မှာပင်ပင်ပန်းပန်းရှာနေရတ..ငါတို့မှာပင်ပန်းလွန်းလို့ေ*သတော့မယ်...ဒီကြားထဲ နင်ကဂြိုဟ်ထချင်နေသေးတယ်..."
မအေးလှိုင်က အသံကြိတ်ကြိတ်နဲ့ဆူလိုက်ပြောလိုက်ခေါင်းကိုခေါက်လိုက်၊ဗိုက်ခေါက်နဲ့ ပေါင်းတွင်းကြောကိုဆွဲလိမ်လိုက်နဲ့ မကျေနိုင်မချမ်းနိုင်ဖြစ်နေတယ်။သူ့မှာတစ်ညနေနဲ့တစ်ညလုံးဒေါသတွေကို မျိုသိပ်ထားခဲ့ရတာလေ။ညတုန်းကလဲ ဖိုးဇင်မရှိတော့ ဆိုင်သိမ်းရတာတော်တော်လေးက သီခဲ့တယ်။ယောက်ျားဖြစ်သူကလဲ ထုံးစံအတိုင်းဆိုင်ပိတ်ပြီးတော့မှရောက်လာခဲ့တာလေ။ကလေးသုံးယောက်နဲ့ ချာလပက်ရမ်းနေခဲ့ရတော့ ဖိုးဇင်ကိုနု*ပ်နု*ပ်စင်းပစ်ချင်လောက်အောင် ဒေါသတွေထွက်နေခဲ့ရတာ။ဆိုင်မှာလူကျချိန်ဆို ပိုဆိုးတာပေါ့ အလတ်မလေးကလဲအသက်ကိုးနှစ်ဆိုပေမဲ့ မယ်မယ်ရရခိုင်းလို့မရသေးဘူး။မနေ့ကတစ်ညနေလုံး ဈေးရောင်းရတာဒုက္ခရောက်ခဲ့တာကိုတွေးမိပြိး မအေးလှိုင်ဒေါသတွေပိုထွက်လာတယ်။ညတုန်းက ရုံးကပြန်ခေါ်လာပြီးကတည်းက ဆုံးမချင်နေတာကို မအေးလှိုင်စိတ်ကို မနည်းထိန်းထားခဲ့ရတာ။ဥက္ကဌနဲ့လမ်းမှူးတွေ ရပ်ကွက်ထဲလှည့်ပတ်ကြည့်နေလို့ စိတ်ကိုမနည်းထိန်းထားခဲ့ရတာ။မနက်လေးနာရီထိုးတော့ အလုပ်လုပ်ဖို့နှိုးရင်းနဲ့နှိုးမရတာနဲ့ တံမြတ်စည်းရိုးနဲ့အရင်မိတ်ဆက်ပေးလိုက်တာပဲ။
" နင်ကြပ်ကြပ်သတိထား...နောက်တစ်ခါဒီလိုထပ်လုပ်လို့ကတော့ ...နင့်ကိုအရေခွံ...ဆု...တ်ပစ်မှာ ...အလုပ်ကိုစိတ်ပါလက်ပါနဲ့မြန်မြန်လုပ် ...နောက်ကနေ ကန်ပစ်လိုက်လို့ ...မြေကြီးထဲခေါင်းစိုက်သွားမယ် "
မအေးလှိုင် မကျေနိုင်မချမ်းန်ုင်နဲ့ရေရွတ်လိုက်ရင်းနဲ့ သားဖြစ်သူရဲ့ခေါင်းကို လက်ဆစ်နဲ့ဒေါက်ခနဲမြည်အောင်ခေါက်ပစ်လိုက်တယ်။
~~~~~~~~~~
" စိတ်ချပါ မအေးခင်ရယ်.....ကျွန်မတို့်အိမ်မှာ ယောက်ျားသားမရှိတာကိုလဲ သိသားနဲ့ ...အိမ်မှာက ကျွန်မရယ်အမေရယ်ပဲ ရှိတာလေ... အငယ်မတို့သားအမိသုံးယောက်ကလဲ သူ့ဘာသာဘေးကအခန်းမှာနေတာလေ...အခုကကျွန်မကအလုပ်သွား...အငယ်မတို့သားအမိတွေကလဲ သူတို့ဘာသာအလုပ်များနေကြတော့... တစ်နေကုန်အိမ်မှာအမေတစ်ယောက်တည်းဖြစ်နေလို့ ...အဖော်အဖြစ်ပဲထားချင်တာပါ....မအေးခင်တူမကို အလုပ်လဲမခိုင်းပါဘူး..အမေရေချိုးရင်အပြင်ကစောင့်နေပေးတာနဲ့ အမေ့အတွက်သနပ်ခါးသွေးပေးတာလောက်ပဲလုပ်ပေးရမှာပါ..မုန့်ဖိုးလဲပေးမယ်...အစားကိုလဲ ဝအောင်ကျွေးမှာပါ "
ဘေးနှစ်အိမ်ကျော်က အပျိုကြီးရဲ့စကားအဆုံးမှာ မအေးခင်အသံတိတ်နေမိပြီးမှ တူမဖြစ်သူကိုလှမ်းကြည့်လိုက်မိတယ်။မတ်ဖြစ်သူဆီကလဲ တပေါင်းလေးကို ပြန်မခေါ်နိုင်ဘူးဆိုတဲ့ သတင်းစကားကိုပါးလိုက်ပြီမို့ မအေးခင်အခက်တွေ့နေခဲ့ရတာ။အခုတပေါင်းကို လာခေါ်သူက မအေးခင်တို့နဲ့ နှစ်အိမ်ကျော်ကအပျိုကြီး။သူတို့က သားအမိနှစ်ယောက်တည်းရှိတာ။အမေကြီးက အသက်ခြောက်ဆယ်ကျော်နေပြီ။တစ်ခြံထဲမှာ အတူနေကြတဲ့ သမီးငယ်ကလဲ ကလေးနှစ်ယောက်အမေ။သူ့ယောက်ျားက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေလို့ မိဘခြံထဲ ခဏလာနေတာ။ကလေးတွေက တပေါင်းထက်တောင်ငယ်သေးတယ်။လူမှုရေးအရတော့ စိတ်မချစရာအကြောင်းတော့မရှိ။အပျိုကြိးရောသူ့အမေကြိးပါ သဘောကောင်းကြတယ်။အပြောချိုကြတယ်။ပြီးတော့
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၇)
akyiphyu
***********
ရပ်ကွက်ထဲကအိမ်တွေအားလုံး မီးပိတ်သွားတော့မှ ဖိုးဇင်လဲ ရပ်ကွက်ထဲကိုပြန်ဝင်လာခဲ့တယ်။ပြန်စရာအိမ်ရယ်လို့ မိဘတွေအိမ်ပဲရှိတာမို့ ဒီညအဖို့ ဘယ်နေရာမှာအိပ်ရမလဲ စဉ်းစားနေမိတယ်။တစ်နေ့လုံး အဝေးကိုလျှောက်သွားနေခဲ့ပြီး နေဝင်မိုးချုပ်တော့မှ ရပ်ကွက်ထဲကို ပြန်လာခဲ့လိုက်တယ်။မိုးချုပ်သွားပြီး တစ်ရပ်ကွက်လုံးတိတ်ဆိတ်သွားတော့မှ ဖိုးဇင်လဲစျေးလေးထဲကို လျှောက်ဝင်လာခဲ့လိုက်တယ်။ဈေးလေးထဲရောက်တော့ မိမိတို့ရဲ့ဆိုင်လေးထဲမှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဆိုင်တွေက လမ်းဘေးမှာတဲလေးတွေထိုးပြီးရောင်းတာမို့ ညအိပ်ညနေတော့ နေခွင့်မပြုထားဘူး။
ဖိုးဇင် ဆိုင်တဲထဲကိုဝင်လိုက်ပြီး ဖင်ထိုင်ခုံတန်းရှည်ပေါ် မှာ အိပ်ဖို့ပြင်လိုက်တယ်။အိပ်မယ်ဆိုမှ ဗိုက်ထဲကတဂွီဂွီမြည်လာတာမို့ ဆိုင်ခုံဘေး ရေအိုးက ရေကိုတ၀ကြီးခပ်သောက်ပစ်လိုက်တယ်။
ရေသောက်လိုက်တာကြောင့် ဗိုက်ထဲကအော်နေတာတွေ နည်းနည်းတော့ငြိမ်ကျသွားခဲ့တယ်။ဗိုက်ဆာနေတယ်ဆိုပေမဲ့ အိပ်ချိန်တန်တော့လဲ မျက်လုံးတွေကမှေးစင်းလာတယ်။ဒီအခြေအနေမှာ ဖိုးဇင်သိလိုက်ရတာက စားဖို့အတွက် လူတွေကရှာလို့် ရနိုင်ပေမဲ့ ကျောတစ်ခင်းစာနေရာအတွက် သိပ်ကိုဒုက္ခများတာကို သိလိုက်ရတယ်။လူတွေကသတ္တဝါတွေလို တွေ့ရာနေရာမှာလဲအိပ်လို့်မရတာကိုကောင်းကောင်းသဘောပေါက်လာမိတယ်။တစ်နေကုန်လျှောက်သွားလျှောက်လာနေလို့ ရပေမဲ့ မိုးချုပ်လာတော့ နေထိုင်ဖို့အတွက်နေရာတစ်ခုလိုအပ်လာတယ်။အရိပ်အမိုးရှိတဲ့ နေရာတစ်ခုလိုအပ်လာတယ်။ဖိုးဇင်အတွက်တော့ နေစရာအရိပ်က မိဘအိမ်ကလွဲလို့ သွားစရာနေရာမရှိခဲ့ဘူး။ ဒါကြောင့်လဲ မပြန်ချင်တဲ့နေရာကိုပဲ ပြန်လာခဲ့ရတော့တယ်။
" ဟေ့...အထဲကအိပ်နေတာဘယ်သူလဲကွ ...ဒီနေရာမှာအိပ်ခွင့်မရှိဘူးဆိုတာ မသိဘူးလား....အပြင်ထွက်ချိန်ကျော်နေပြီကွ "
ဖိုးဇင် ခုံတန်းလျားပေါ်မှာ ဝမ်းလျားမှောက်ချပြီး အိပ်ဖို့ပြင်နေချိန်မှာပဲ ဈေးလမ်းလေးထဲမှာ ဓါတ်မီးရောင်တွေတဝင်းဝင်းမြင်လိုက်ရပြီး အော်မေးသံကိုပါကြားလိုက်ရတာကြောင့် ဖိုးဇင်လန့်ဖျပ်သွားမိပြီး အမြန်ထထိုင်လိုက်မိတယ်။
" ဟာ..ကလေးတစ်ယောက်ပဲ ဆရာ...ဒီကောင်တွေလမ်းဘေးနေ...လမ်းဘေးစား...လမ်းဘေးအိပ်ပြီး ,.,,လူလစ်တာနဲ့ပစ္စည်းတွေလိုက်ခိုးနေကြတာလေ ...ဟေ့ကောင်လေးထစမ်း...ထွက်ခဲ့စမ်း "
မာန်မဲ့ပြီးခေါ်လိုက်သံကြောင့် ဖိုးဇင်တုန်တုန်ယင်ယင်နဲ့ဆိုင်တဲ အပြင်ကိုထွက်ခဲ့လိုက်တယ်။
" ဟေ့ကောင် မင်းဘယ်သူလဲ ..ဘယ်ကလဲ..ဒီရပ်ကွက်မှာ ပစ္စည်းတွေ ခဏခဏပျောက်နေတာ... မင်းတို့လက်ချက်မဟုတ်လားကွ "
လူကြီးတစ်ယောက်က လေသံမာမာနဲ့မေးရင်းနဲ့ ဖိုးဇင်ကိုနားရင်းအုပ်လိုက်တာမို့ ဖိုးဇင်လဲ မတ်တတ်ရပ်နေရာကနေ ဖင်ထိုင်ရက်လဲကျသွားရတယ်။အသားနာသွားတော့ ဖိုးဇင်စိတ်တိုသွားမိပြီး အနားကခုံတစ်လုံးကိုကောက်ယူလိုက်ပြီး သူ့ကိုနားရင်းအုပ်တဲ့ လူကြီးကိုခုံနဲ့ဆော်ပစ်လိုက်တယ်။ဆော်တာမှ ပါးစပ်ကပါပြန်အော်ရင်းနဲ့ဆော်ပစ်လိုက်တာ။
" ဟော့ဒီဆိုင်က ကျုပ်တို့ဆိုင်ဗျသိရဲ့လား..ကျုပ်ဘယ်သူ့ပစ္စည်းကိုမှလဲ မခိုးဘူး...အိမ်မပြန်ရဲ့လို့် ဒီမှာလာအိပ်တာ...ခင်ဗျားကြီးရို**က်ချင်ရင် ခင်ဗျားကြီးသားသမီးတွေကိုပဲ သွားရို///က်ပါလား "
" ဟာ..ဟေ့...ဟေ့ ...မင်းတို့ဝင်ဆွဲကြလေကွာ...ဒီကောင်က အေးလှိုင်သားပဲဟ...ဒီကောင်လေးဘယ်လိုဖြစ်ဲရတာလဲ ...ခေါ်ခဲ့စမ်းကွာ..သူ့မိဘတွေကိုပါ ...သွားခေါ်ခဲ့စမ်း "
" မထိနဲ့,,,ကျုပ်ကိုလာမထိနဲ့နော်...ငါ (....)ဟာတွေ...ငါ့ဆိုင်ထဲမှာငါဘာသာအိပ်နေတာကို ...အမေတို့ကို သွားမခေါ်နဲ့ ...မလိုက်ဘူး..မလိုက်ဘူး ...လွှတ်...လွှတ်ကြ "
သူတို့ရပ်ကွက်ရဲ့ဥက္ကကပြောလိုက်ချိန်မှာ လူနှစ်ယောက်က သူ့လက်ကိုအတင်းလာဆွဲတာမို့ ဖိုးဇင်အတင်းပဲတွန်းထိုးရုန်းကန်လိုက်တယ်။
" ဟ...ဒီကောင် လူကြည့်တော့ နို့နံ့မစင်သေးဘူး..ရိုင်းလှချည်လားဟ...ဟေ့ကောင်ငြိမ်ငြိမ်နေစမ်း... မင်းကိုဘယ်သူမှဘာမှမလုပ်ဘူး ..."
မာန်မဲပြောဆိုလိုက်ရင်းနဲ့ လူသုံးလေးယောက်က သူ့ကိုဝိုင်းဝန်းချု//ပ်နှောင်လိုက်တာမို့ ဖိုးဇင်လှုပ်မရအောင်ဖြစ်သွားပြီး လူကြီးတွေခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားခဲ့ရတယ်။
~~~~~~~~~~~
" အဲ့ဒီေ/သနာလေးကို ..အချု/ပ်ထဲသာထည့်လိုက်ပါ ဥက္ကဌကြီးရယ်.....မိဘကဆုံးမတာကို ထွက်ပြေးတယ်လေ...ပြေးတော့လဲ ဝေးဝေးမပြေးဘဲ...ပြန်လာရလားဟဲ့.....မိဘအိမ်ကလွဲပြီး နင်တို့အတွက် ...သွားစရာနေရာမရှိဘူးဆိုတာသိပြီလား ....နင်တို့ကို ထမင်းတစ်နပ်ဘယ်သူကအလကားကျွေးမယ်ထင်လဲ ...အိပ်စရာနေရာပေးမယ်ထင်လဲေ**သနာလေးရဲ့ "
မအေးလှိုင်က ခုနှစ်သံချီအသံနဲ့ထအော်လိုက်တယ်။
" ဟေ့ ..တော်စမ်းအေးလှိုင်...နင်တို့တွေလဲ သားသမီးဆုံးမတာ နည်းလမ်းမကျသေးပါဘူးဟာ ...လူလိုသူလိုပြောဟ...အချု//ပ်ထဲထည့်လိုက်ဆိုပြီး လွယ်လွယ်မပြောနဲ့ ....အေး...မိမနိုင်ဖမနိုင်အောင် ဆိုးသွမ်းနေရင်တော့ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကိုပို့်လို့ရတယ်..ဒါပေမဲ့အဲ့ဒီကိုပို့ဖို့အတွက်...နင်တို့မှာခိုင်လုံတဲ့အကြေင့်ပြချက်ရှိရတယ်...သားသမီးတွေက မိဘကိုအလုပ်ဝိုင်းမလုပ်တာနဲ့တော့
