803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
"မထားပါဘူး မျိုးရယ် ...ကိုကြီးတို့အကြောင်းကို အားလုံးသိသွား
တော့လည်း ရှင်းသင့်တာကိုရှင်းပြီးမျိုးဆီကိုပဲလာခဲ့မှာပါ မျိုးလေးရယ် ...ကိုကြီးဘ၀မှာ မျိုးတစ်ယောက်တည်းပဲလိုအပ်တယ် "
" သွားပါ ..အပိုတွေ "
မျိုးမမသည် မူနွဲ့နွဲ့နှင့် ပြောလိုက်ပြီးနောက် ကိုနောင့်ခန္ဓာကိုယ်ကြီးကို ခပ်တင်းတင်း သိုင်းဖက်လိုက်လေသည်။
~~~~
"သမီးဒီနေ့ဆေးရုံက ဆင်းမှာဆိုတော့ အမေပြန်တော့မယ် ....အမေ့ဆီကို သမီးလာလည်ချင်ရင် လာလည်လို့ရပါတယ် ...အမေကတော့ အဲ့ဒီအိမ်မှာသမီးကိုလာတွေ့မှာမဟုတ်ဘူး ....ပြီးတော့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျော်လွှားနိုင်အောင် ကြိုးစားပါ ...လောကကြီးမှာ ကိုယ့်အခက်အခဲကို ဘယ်သူမှနားလည်ပေးနိုင်မှာ မဟုတ်ဘူး...ကိုယ့်ဘာသာ ကြိုးစားတည်ဆောက်ပါနော် ...တကယ်လို့ သမီးရဲ့အဖေအပါအဝင်သမီးရဲ့အဘိုးအဘွားတွေနဲ့အမေ့ရဲ့ကြားမှာ ပြဿနာတွေဖြစ်ခဲ့ရင်လဲ အမေ့ကိုငဲ့ညှာစရာမလိုဘူးနော် ... အမေလဲ ဘယ်သူ့မျက်နှာကိုမှ ကြည့်မှာမဟုတ်ဘူး..အမေသွားတော့မယ် "
မပိုးဖြူတတွတ်တွတ်ပြောပြီး လူနာခန်းထဲမှထွက်ဖို့ပြင်လိုက်သော်လည်း ပိုးအိဇင်ထံမှ အသံထွက်မလာခဲ့သလို သူမ၏ အကြည့်များသည်လည်း မပိုးဖြူ ထံတွင် ရှိမနေဘဲ အခန်းထောင့်တစ်နေရာသို့သာ ကြည့်၍နေလေသည်။ဤသို့သမီးငယ်၏ အေးစက်စက်အပြုအမူများအတွက် ရင့်ကျက်နေပြီဖြစ်သော မပိုးဖြူ၏ နှလုံးသားကမနာကျင်တော့ပါလေ။မပိုးဖြူဘက်က ပေးဆပ်နိုင်စွမ်းရှိသမျှပေးလိုက်ပြီးနောက် မည်သည့်အရာကိုမျှ မမျှော်လင့်ထားသောအခါ ရင်ထဲတွင် နာကျင်ခြင်းမရှိဘဲ ငြိမ်းချမ်း၍နေလေသည်။
~~~~~
"အားလုံး အဆင်ပြေရဲ့လားပိုးဖြူ ...ပိုးဖြူသမီးလေးရော သက်သာလား .."
ဖုန်းထဲမှထွက်ပေါ်လာသော မိုးထက်၏ အသံကို နားထောင်ပြီး မပိုးဖြူ ပြုံးလိုက်မိသည်။တစ်နေ့ကိုတစ်ခါတော့ မပျက်မကွက် ဖုန်းဆက်တတ်သောမိုးထက်သည် ဖုန်းဆက်သည့်အခါတိုင်း စိုးရိမ်ပူပန်သော မေးခွန်းများသာ မေးလေ့ရှိလေသည်။
"သမီးက ဒီနေ့ပဲဆေးရုံကဆင်းမှာ ကိုမိုးထက် ....အဲ့ဒါကြောင့် ပိုးဖြူအိမ်ပြန်တော့မလို့ ....ကားဆရာကိုခေါ်ထားတယ်.... ပြီးတော့ မနက်ဖြန်ပဲ ကျွန်မကိုရုံးကဆင့်ခေါ်ထားတယ်ကိုမိုးထက် "
" ဗျာ ...ဘယ်လို...မြန်လှချည်လား ..ကလေးဆေးရုံတက်နေချိန်မှာ သူတို့ကလုပ်လိုက်တာလား "
"ဟုတ်မှာပေါ့ရှင် ...ဘာရည်ရွယ်ချက်နဲ့ သူတို့ဒီလောက်ထိလုပ်နေမှန်းမသိပေးမဲ့ .. ကျွန်မစိတ်မပူတော့ပါဘူး ....ကိုမိုးထက်လဲ ကျွန်မကိုစိတ်မပူပါနဲ့ နော် "
မပိုးဖြူပြောလိုက်ပြီးသောအခါ နှစ်ဦးသားဖုန်းများကို မချမိကြဘဲ တိတ်ဆိတ်ငြိမ်သက်နေမိကြလေသည်။
~~~~~~
"အမေ့ကို တရားစွဲမယ်ဟုတ်လား အဖေ ... ဘာအမှုနဲ့လဲ "
ဖခင်ဖြစ်သူနှင့် ဘွားအေကြီးကို ပိုးအိဇင်အံ့ဩထိတ်လန်းစွာမေးလိုက်သည်။
"မယားခေါ်လိုမှုပေါ့ ...သူ့ကို တိုက်နဲ့ကားနဲ့ အဖေထားပေခဲ့တယ်လေ ...ဒီလောက်ဆို အဖေတာဝန်ကျေတယ်လေသမီး ... သူထွက်သွားပေမဲ့လဲ အဲ့ဒီအိမ်ကို ဘယ်မိန်းမကိုမှ အဖေမခေါ်ခဲ့ဖူးဘူးလေ..... အဲ့ဒါကြောင့် အဖေသမီးကိုမှာချင်တာက ....တကယ်လို့များ သမီးအမေက မျိုးမမနိုင်နဲ့ ပတ်သက်ပြီးသမီးကို သက်သေခေါ်ခဲ့ရင် ... သမီး အဖေ့ဘက်ကပဲနေမှာမဟုတ်လား "
"အ ..အဖေတို့ ဘာတွေဖြစ်နေကြတာလဲဟင် ... အဖေတို့ ကိစ္စတွေကို သမီးစိတ်မဝင်စားဘူးလို့ ပြောခဲ့ပြီးပြီလေ ... သမီး ဘာသာ အေးအေးဆေးဆေးနေပါရစေ "
@@@@@@@@@@@@@
အပိုင်း (၂၃ ) ဆက်ရန်
#ဧကြည်ဖြူ
မပိုးဖြူအခန်းထဲသို့ရောက်သောအခါ သတိရနေပြီဖြစ်သော ပိုးအိဇင်က မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီး ချက်ချင်းမျက်လုံးကို ပြန်မှိတ်လိုက်လေသည်။မပိုးဖြူက လူနာစောင့်ခုံမှာဝင်ထိုင်လိုက်ပြီး သမီး၏လက်ကိုခပ်ဖွဖွဆုပ်ကိုင်လိုက်မိသည်။မပိုးဖြူတို့ကြားတွင် ပြောစရာစကားလည်း တစ်ခွန်းမျှမရှိပါချေ။
ကိုဇင်မောင်ကတော့ လူနာစောင့်အတွက်ထားထားသော အခန်းထောင့်မှ ဆိုဖာခုံပေါ်တွင် ထိုင်နေပြီး မပိုးဖြူကို လှမ်းကြည့်နေလေသည်။
~~~~~~
"သမီးကိုကျွန်မစောင့်ပါ့ မယ် ....ရှင်ပြန်လိုက်ပါ.... "
ကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူပြောလိုက်သည်။
"ရပါတယ်ကွာ ....မင်းတစ်ယောက်တည်း ဖြစ်နေပါ့မယ် ... ငါပါစောင့်ပေးပါ့မယ် "
" ရတယ် ...အဖော်မလိုဘူး ...ရှင်ပြန်ပါ "
မပိုးဖြူသံပြတ်နှင့်ပြောပြီး သမီးဖြစ်သူအနားသို့ ပြန်သွားရန် ပြင်လိုက်သည်။ထိုအခါ ကိုဇင်မောင်က မပိုးဖြူ၏လက်ကို ဖျတ်ခနဲဖမ်းဆွဲလိုက်ပြီး
'မင်းအခု တွေ့ပြီမဟုတ်လားပိုးဖြူ .. မင်းမရှိရင် ငါတို့သားအဖ နှစ်ယောက်တည်းနေလို့မဖြစ်ဘူးဆိုတာ သိပြီမဟုတ်လား "
" ရှင့်လက်ကိုခုချက်ချင်းဖယ်လိုက်နော် ကိုဇင်မောင် ..စကားအပိုတွေမပြောဘူးနော်.. တာဝန်ရှိသူကို ဖုန်းဆက်မခေါ်ခင် ရှင်ခုချက်ချင်းပြန်တော့ "
မပိုးဖြူ အသံမာမာနှင့်ပြောလိုက်သောအခါမှ ကိုဇင်မောင် ထိုင်နေရာမှ ထလိုက်သည်။
" ဟုတ်ပြီလေ ..... အခုသမီးနေမကောင်းဘူးဆိုတော့ နောက်မှ အေးအေးဆေးဆေးတွေ့ကြတာပေါ့ "
ကိုဇင်မောင် ပြန်သွားသည်နှင့် သမီးဖြစ်သူ၏ လူနာခုတင်နားသို့ မပိုးဖြူပြန်လျှောက်လာခဲ့လိုက်လေသည်။
~~~~~
" မိုးထက်... ငါ့ညီ....အစ်ကို့ကို တွေ့ဖို့လာတာလား ထူးထူးဆန်းဆန်း "
ကိုနောင်သည် သူ့ရုံးခန်းထဲသို့ ဝင်လာသောမိုးထက်ကို ကြည့်ပြီး အံ့ဩစွာပြောလိုက်သည်။
မိုးထက်က ယောက်ဖဖြစ်သူကို ဘာမျှ ပြန်မပြောဘဲအခန်းတံခါးကို လော့ချလိုက်သည်။
"ဒီမှာ ခဏလာထိုင်ပါအုံး ကိုနောင် ... ကျွန်တော်တို့ အေးဆေးစကားပြောရအောင် "
မိုးထက်ပြောလိုက်တော့ကို နောင်က သူ၏စားပွဲမှထလာခဲ့ပြီးလျှင် ဆိုဖာဆက်တီရှိရာဆီသို့ဝင်ထိုင်လိုက်လေသည်။
"ကဲ ပြော ငါ့ညီ ..ဘာကိစ္စရှိလို့လဲ... အစ်ကို ဘာကူညီပေးရမလဲ"
" ကျွန်တော်ရှင်းရှင်းပဲပြောမယ်ကိုနောင် ...မျိုးမမနိုင်ဆိုတဲ့အမျိုးသမီးနဲ့ကိုနောင့်ကိစ္စကို မမနဲ့ ကလေးတွေမသိခင် ရပ်တန်းကရပ်လိုက်ပါ ....ကိုနောင်တို့ရှေ့ဆက်တိုးနေရင် မကြာခင်မမသိသွားလိမ့်မယ် ... ကျွန်တော် အဲ့ဒါပြောချင်လို့ လာခဲ့တာ "
မိုးထက်၏စကားကြောင့် ကိုနောင်မှာ ခေါင်းကိုအောက်သို့ ငုံ့ထားလိုက်ပြီး
"အေပါ ငါ့ညီရာ ... အစ်ကိုတို့က ရိုးရိုးသားသားခင်မင်ရုံပါကွာ ... နောက်လဲမပတ်သက်တော့ပါဘူး "
လိမ်ညာပြောမှန်းသိသော်လည်း မိုးထက်ခေါင်းငြိမ့်ပြလိုက်ပြီး
" ဟုတ်ပါပြီ ကိုနောင်...အဓိက က ကျွန်တော့်တူလေးနဲ့တူမလေးအတွက်ပါ... ကျွန်တော်သွားတော့မယ် "
ယောက်ဖဖြစ်သူကို ပြောပြီးသည်နှင့်မိုးထက် ရုံးခန်းတံခါးကိုဖွင့်ပြီး အပြင်သို့ထွက်လိုက် သည်။တံခါးဖွင့်လိုက်လျှင် အခန်းဝတွင် အစ်မဖြစ်သူကိုတွေ့လိုက်ရသဖြင့် မိုးထက် လန့်သွားမိလေ သည်။
"ဟာ မမ "
"အမယ်လေး ငါ့မောင်ရယ်...နင့်အစ်ကို ရုံးခန်းတံခါးလော့ချထားလို့ မမဖြင့်လန့်သွားတာပဲ...ဒါနဲ့ နေပါအုံး..ဘာလို့လော့ချတာလဲ ..ဘာတွေတိုင်ပင်တာလဲ ...မမကို မညာနဲ့နော် "
" ဘာ ...ဘာမှမတိုင်ပင်ပါဘူး မမရယ် ... ကျွန်တော့်ရုံးခန်းမှာတံခါးလော့ချနေကြမို့ ..အကျင့်ပါပြီး လော့ချလိုက်မိတာပါ "
အစ်မဖြစ်သူကမည်သို့အဓိပ္ပာယ်နှင့်မေးသည်မသိသော်လည်း မိုးထက်မလုံမလဲနှင့်ပါးစပ်ထဲရှိရာကိုဖြေလိုက်မိသည်။
" ဟွန်းနော် ..မမ မသိအောင်ဘာမှလုပ်ဖို့စိတ်မကူးနဲ့နော် ကောင်လေး..."
" ဟုတ်...ဟုတ်ကဲ့ပါမမရယ် ...ကျွန်တော်ဘာမှမလုပ်ပါဘူး...ကျွန်တော်သွားတော့မယ်နော် "
"နေပါအုံး ဘယ်လိုဖြစ်နေတာလဲ...မမတို့နဲ့အတူ နေ့လယ်စာစားသွားအုံးလေ "
" မစားတော့ဘူး မမ ..အရေးကြီး ကိစ္စလေးရှိလို့ "
အစ်မဖြစ်သူ ထားနေသည့်ကြားမှ မိုးထက်အမြန်ရှောင် ထွက်ခဲ့ရလေသည်။
~~~~~~
"ဘယ်လို ကိုကြီး ....မျိုးနဲ့ ကိုကြီးအကြောင်း ကိုမိုးထက်သိသွားတာလား ဟုတ်လား "
မျိုးမမ ထိတ်လန့်တုန်လှုပ်လျက် မေးလိုက်လေသည်။
"အဲ့ဒီလိုတော့ အတိအကျမသိသေးဘူးထင်တယ် မျိုး....တစ်ယောက်ယောက်က ကိုယ်တို့အတူတွဲသွားတာလိုတွေ့လိုက်လို့ ပြောတာလဲဖြစ်နိုင်တယ် ... ဒါမှမဟုတ် သူကိုယ်တိုင် တွေ့သွားတာလဲ ဖြစ်နိုင်တယ် ..ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ကိုယ်တို့ဆင်ခြင်ရမယ်... ကိုယ်တို့ချိန်းတဲ့အခါ မျိုးနဲ့ ကိုကြီးတူတူမသွားတော့ဘူးလေ ....မျိုးလဲကိုယ့်ကားနဲ့ကိုယ်သွားလေနော် "
"ဟုတ်ကဲ့ပါ ကိုကြီး ..ဒါနဲ့ တကယ်လို့များ မကျော့ကျော့စံ သိသွားရင် ... မျိုးကို ထားခဲ့မှာလားဟင် ကိုကြီး "
မျိုးမမက မျက်ဝန်းအိမ်မှ မျက်ရည်စလေးများကို သုတ်ဟန်ပြုရင်း မေးလိုက်သည်။
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္ထု )
အပိုင်း (၂၂ )
*******
မိုးထက် ဓါတ်လှေကားနှင့် လိုက်တက်လာခဲ့သော်လည်း အပေါ်သို့ ရောက်သောအခါ အခန်းများအားလုံးမှာပိတ်လျက်သားရှိလေသည်။မိုထက်အချိန်မမိလိုက်ပါလေ။အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းများနှင့်ဧည့်ဆောင်နားနေခန်းများတွင် လိုက်ကြည့်သော်လည်း ကိုနောင်နှင့်ခပ်ဆင်ဆင်တူသည့် သူပင်မတွေ့ရပေ။အခြေအနေကို မိုးထက်သဘောပေါက်နားလည်လိုက်ပါသည်။တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်၍ မိုးထက်အောက်သို့ ပြန်ဆင်းလာခဲ့လိုက်သည်။
~~~~~~
မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသောကိုဇင်မောင်ကို မပိုးဖြူစက်ဆုပ်ရွံရှာစွာကြည့်နေမိသည်။တစ်ချိန်က မိမိချစ်ခဲ့ဖူးသောဤယောကျာ်းသည် ဇွတ်တရွက်နိုင်လှသော အကျင့်ရှိမှန်းသိသော်လည်း ဤမျှလောက် အောက်တန်းကျလိမ့်မည်ဟု မထင်ခဲ့ပေ။ယခုမူမယုံကြည်နိုင် ဖွယ်ကောင်းလောက်အောင်ပင် မျက်နှာပြောင်တိုက်ကာအောက်တန်းကျသောအပြုအမူများကို လုပ်ဆောင်နေလေသည်။ယုတ်မာရိုင်းစိုင်းသောသူ၏ အပြုအမူများကြောင့် မပိုးဖြူမှာ သူ့ကိုစကားပြန်ပြောရမည်ကိုပင် ရွံရှာနေမိလေသည်။
"ဟုတ်တယ် ရှင်ပြောသလိုပဲ ကျွန်မဆီမှာ ရှင်တို့ ပုံတွေမရှိတော့ဘူး ...အဲ့ဒီတော့ရှင့်က ကျွန်မကို တရားပြန်စွဲမယ်ပေါ့ ...စွဲလေလုပ်ချင်တာလုပ် ... ကျွန်မဂရုမစိုက်ဘူး ... ရှင် နောက်တစ်ခါ ကျွန်မနဲ့ စကားပြောမယ်ဆိုရင် ရှေ့နေ့ကတဆင့်ပဲပြောပါ ...ရှင့် မျက်နှာကိုလဲမမြင်ချင်ဘူး.... ရှင့်အသံကိုလဲမကြားချင်ဘူး "
" ဪ ဟုတ်လား..မင်းကပြောပြီပေါ့ ... အသစ်တွေ့နေတာကို ... မင်းအဲဒီကောင်နဲ့ဆက်တွဲရဲရင်.တွဲစမ်း... အဲ့ဒီကောင်ကိုပါ မယားခိုးမှုနဲ့ ထောင်ကျအောင်လုပ်မှာ ...ဇင်မောင်ကို ဘာမှတ်နေလဲ ...မင်းအဆင်သင့်ပြင်ထားလိုက် ပိုးဖြူ "
ပြောပြီးသည်နှင့်ဆိုင်ထဲမှ ထွက်သွားသောကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူတစ်ကိုယ်လုံး အသားများတဆတ်ဆတ်တုန်နေခဲ့လေသည်။
~~~~~
"မဖြစ်မနေမို့သာ ကိုမိုးထက်နဲ့လာတွေ့ရတာ ...တကယ်ဆို ကျွန်မတို့မတွေ့သင့်ဘူးထင်တယ် ... ကျွန်မကြောင့် ကိုမိုးထက်ကိုမထိခိုက်စေချင်ဘူး "
မိုးထက်၏မျက်နှာကို မကြည့်ဘဲ မပိုးဖြူပြောလိုက်မိသည်။
" ကျွန်တော့်အတွက်မစိုးရိမ်ပါနဲ့ ပိုးဖြူ ...ဆိုင်ကကောင်မလေးဖုန်းဆက်လို့ ကျွန်တော်အကုန်သိပြီးပါပြီ ...အဲ့ဒါကြောင့် ပိုးဖြူစိုးရိမ်နေမှန်းသိလို့ ...ဆိုင်ကိုမလားဘဲ အပြင်မှာချိန်းလိုက်တာ...ပိုးဖြူအရမ်းကြီးစိတ်မနှစ်ထားပါနဲ့ "
မိုးထက်၏ အားပေးနှစ်သိမ့်စကားကြောင့်မပိုးဖြူစိတ် ထဲ စိတ်ထိခိုက်ဝမ်းနည်းသွားမိလေသည်။
"ကျွန်မတောင်းပန်ပါတယ် ကိုမိုးထက်ရယ်... အမှန်တိုင်းပြောရရင် ကျွန်မအတွက်တော့ မပူတော့ပါဘူး....အဝေးဆုံးကိုပဲ ထွက်ပြေးချင်တော့တယ် ....ကိုမိုးထက်နဲ့တွေ့တာလဲ ဒီတစ်ခါနောက်ဆုံးပါပဲ ..... နောက်ထပ်မတွေ့တော့ပါဘူး ....ကိုမိုးထက်လဲ ဆိုင်ကိုမလာပါနဲ့တော့နော် "
"ပိုးဖြူမလာစေချင်ရင် ကျွန်တော်မလာပါဘူး ပိုးဖြူ ...ဒါပေမဲ့ ပိုးဖြူအဆင်ပြေဖို့ ကျွန်တော်ကူညီပေးပါရစေ ... ရှေ့နေတစ်ယောက်ရဲ့ လိပ်စာကတ်ပေးခဲ့မယ် ....ပိုးဖြူသူနဲ့ သွားတွေ့လိုက်ပါ ..သူနဲ့တွေ့ရင် ငွေကြေးအကြောင်း မပြောဘဲ ...ပိုးဖြူကြုံခဲ့ရတာတွေ ဖြစ်ချင်တာတွေကိုပဲ ပြောဆိုတိုင်ပင်ပါ ... ပိုးဖြူဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ....အစအဆုံးကျွန်တော် ကူညီပေးမယ် ..ပြီးတော့ ပိုးဖြူရဲ့ သမီးလေးနဲ့ ပတ်သက်ပြီး... ကောင်လေးကိစ္စကိုလဲဖြေရှင်းလိုက်ပါပြီး ....အဲ့ဒီကောင်လေး ပိုးဖြူရဲ့သမီးလေးနားကို ဘယ်တော့မှ မကပ်ရဲတော့ပါဘူး ... တစ်ခုတော့ရှိတယ် ကလေးမလေးစိတ်ထိခိုက်ပြီး ဘာမှတော့မလုပ်လောက်ပါဘူးနော် ....အဲ့ဒါကိုပဲ ကျွန်တော်စိုးရိမ်တာ "
မိုးထက်က မပိုးဖြူမျက်နှာ လေးကိုကြည့်ပြီးပြောလိုက်သည်။
"ဘာလဲ ကိုမိုးထက်... အမေတူသမီးဖြစ်မှာစိုးလို့လား ..မလုပ်လောက်ဘူးထင်ပါတယ် ..ကျွန်မတုန်းက ဆေးတွေဘာတွေသောက်ခဲ့တယ်ဆိုတာက... သူ့အဖေကြောင့်ဆိုတာထက် သမီးလေးကြောင့်ရင်ထဲ မခံစားနိုင်လွန်းလို့လုပ်ခဲ့မိတာပါ ...ကိုမိုးထက်သွားတော့လေ ... ကျွန်မ ရှေ့နေနဲ့သွားမတွေ့ခင် ...သူငယ်ချင်းဆီကိုသွားလိုက်အုံးမယ် "
" အဲ့ဒါဆို ကျွန်တော်သွားပြီ...ဆိုင်ရှေ့မှာ တက္ကစီအဖြူရောင် နံပတ် (.....) ကားရှိတယ် ....အဲ့ဒီကားကို ငှားစီးလိုက်ပါ .....ဒီရက်တွင်း ပိုးဖြူသွားသမျှနေရာတွေကို လိုက်ပို့ပေးလိမ့်မယ်..... "
" ကျေး...ကျေးဇူးတင်ပါတယ် ကို မိုးထက် "
မပိုးဖြူနွမ်းလျလျအသံဖြင့် ပြောလိုက်တော့ မိုးထက်က အေးမြသော အပြုံးဖြင့်ပြုံးပြလိုက်ရင်း
"ဘာမဆို ပိုးဖြူလုပ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ် .... ကျွန်တော်သွားတော့မယ်နော် "
မိုးထက်ပြန်သွားသောအခါ မပိုးဖြူရင်ထဲအထီးကျန်အားငယ်သလိုခံစားလိုက်ရသည်။မပိုးဖြူ ရင်ဆိုင်ရမည့်တိုက်ပွဲသည် လိမ်ညာလှည့်ဖြားခြင်းများဖြင့် တည်ဆောက်ထားသော တိုက်ပွဲဖြစ်သည်။ထိုအခြေအနေကိုရင် ဆိုင်ဖို့ရန်အတွက် မပိုးဖြူမှာ အမှန်တရားသာရှိလေသည်။
ဟော်တယ်၏ဓါတ်လေးကားထဲသို့ဝင်သွားသော ကိုနောင်နှင့်မျိုးမမကိုကြည့်ပြီး မိုးထက် စိတ်တိုတိုနှင့် လွတ်ခနဲရေရွတ်လိုက်မိသည်ကို ဘေးတွင်ပါလာသော အတွင်းရေးမှူးလေးမှာ နားမလည်နိုင်ဘဲမေးလိုက်လေသည်။
"ခဏလေးကွာ ... ငါအပေါ် ကိုကိစ္စလေးရှိလို့ ခဏသွားလိုက်အုံးမယ် .. ဧည့်သည်တွေရောက်လာရင် ခဏလေးပဲစောင့်ခိုင်းထားပေး
နော်...."
"ဟုတ်ကဲ့ပါ ဆရာ "
အတွင်းရေးမှူးကိုမှာပြီးသည်နှင့် အပေါ်ထပ်သို့တက်သောဓါတ်လှေကားဆီသို့ မိုးထက်အပြေးတစ်ပိုင်းနှင့် သွားလိုက်လေသည်။
@@@@@@@@@@@@@@@@@@
အပိုင်း (၂၂ ) ဆက်ရန်
#ဧကြည်ဖြူ
" ငါဘာတွေလာပြောနေတာလဲ မင်းမသိဘူးလား ... ငါက ပိုးအိဇင်ရဲ့အမေပဲ ....မင်းတို့ကို ငါဗီဒီယိုရိုက်ထားတယ် ....မင်းတို့နှစ်ယောက် ငါ့သမီးဆီက ဘယ်လောက်တောင် လိမ်စားထားကြတာလဲ ပြောစမ်း .."
မပိုးဖြူပြောလိုက်သောအခါ ကောင်မလေးက ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်ပြီး
" ဒီမှာ အဒေါ်ကြီး ....အဒေါ်ကြီး သမီးဆီက ကျွန်မတို့ကချုစားတာမဟုတ်ဘူး ...အဒေါ်ကြီးသမီးက မွန်ပြီးတော့ သူ့ဘာသာပေးတာသိရဲ့လား ...."
"သြော် ..ငါ့သမီးက (၁၈)နှစ်မပြည့်သေးဘူးဆိုတာနင်တို့သိရဲလား .. နင်တို့ ငါ့သမီးဆီက ယူထားတဲ့ ပိုက်ဆံတွေပြန်ပေးပြီး ငါ့သမီးကို အဆက်ဖြတ်မလား ...ဒါမှမဟုတ် ထောင်ထဲသွားမလားပြော "
မပိုးဖြူ ဒေါသသံနှင့်ပြောလိုက်သောအခါ ကျော်သက်တို့နှစ်ယောက်သားငြိမ်သက်သွားကြသည်။
"ပိုးဖြူ ဘာဖြစ်နေတာလဲ ...စိတ်ကိုထိန်းအုံး ...ကိစ္စရှိရင် ကျွန်တော့်ကို ဖုန်းဆက်လို့ ပြောထားတယ်လေ ... ပိုးဖြူကိုယ်တိုင် ပြောဖို့ မလိုဘူး ရှေ့နေကတဆင့်ပဲပြောပါ "
" ကို ..ကိုမိုးထက် ''
အနားသို့ ရုတ်တရက်ရောက်ချလာသော မိုးထက်ကိုကြည့်ပြီး မပိုးဖြူ အံ့ဩသွားမိလေသည်။
"လာပါ ပိုးဖြူရယ် ... ကျွန်တော်နဲ့ အရင်စကားပြောရအောင် ..ဒီက ညီနဲ့ညီမကလဲ တောင်းပန်ဖို့ စဉ်းစားထားပါ .. မဟုတ်ရင် တရားရုံးအထိ သွားရလိမ့်မယ် "
ပြောပြီးသည်နှင့် မပိုးဖြူ လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲမှ မိုးထက်ထွက်လာခဲ့လိုက်သည်။ ~~~~~~
"ပိုးဖြူကို ကျွန်တော်အပြစ်ပြောနေတာမဟုတ်ဘူး ...ပိုးဖြူဒီလိုလုပ်တာကို ပိုးဖြူရဲ့သမီးသိသွားရင် အကောင်းမမြင်တဲ့အပြင် အဆိုးဖြစ်သွားနိုင်တယ် .. ပိုးဖြူကို ပိုမုန်းသွားလိမ့်မယ် "
" အို ...အဲ့ဒါဆို ပိုးဖြူက ဒီတိုင်း ကြည့်နေရမှာလား ကိုမိုးထက်ရဲ့ ပြောပါအုံး "
မပိုးဖြူ ဒေါသသံနှင့် မိုးထက်ကို မေးလိုက်သည်။
"မဟုတ်ဘူးလေကွာ ....ကိုဇင်မောင့်ကိုပြောရမယ်...ခုချိန်မှာကိုဇင်မောင်က ပိုပြီးလုပ်ပိုင်ခွင့်ရှိတယ်လေ "
" အို.. ကိုမိုးထက်ဘာသိလို့လဲ ...သူတို့အသုံးမကျလို့ သမီးလေးဒီလို ဖြစ်ရတာ...ကလေးနဲ့မလိုက်အောင် ငွေတွေပေးသုံးတယ် ..လွတ်လပ်ခွင့်တွေပေးတယ်... ကျွန်မကတားတော့ သူတို့နဲ့အဆင့်တူအောင်မနေနိုင်ဘူး ဘာညာနဲ့ ကလေးကို မဟုတ်တာတွေ လျှောက်ပြောတယ်...သမီးက ကျွန်မကိုဘယ်လိုပြောလဲသိလား ... ကျွန်မက ကိုယ့်ဘ၀ကို သိမ်ငယ်နေပြီး သူတို့ကိုပြဿနာရှာနေတာတဲ့လေ ..."
မပိုးဖြူပြောရင်း အံလေးကြိတ်ထားလိုက်မိသည်။
"ကဲပါ ပိုးဖြူရယ် .. သူတို့တွေ ပိုးဖြူရဲ့သမီးလေးအနားကို နောက်ထပ်မလာရဲတော့အောင် ကျွန်တော်ကူညီပေးမယ် ဟုတ်ပြီလား ... တော်ကြာကလေးက ပိုးဖြူကြောင့်လို့ထင်ပြီး ...ပိုဖြူကိုပိုမုန်းသွားမှာမျိုးကို ကျွန်တော်မဖြစ်စေချင်ဘူး ...."
မပိုးဖြူ ဘာမျှပြန်မပြောဘဲ အံကိုသာကြိတ်၍ ထားမိသည်။
~~~~~~
"ဘာပြောတယ် သားငယ် .. မင်းတို့ မင်္ဂလာပွဲပျက်သွားပြီဟုတ်လား ..ဘာဖြစ်လို့လဲ "
မိခင်ကြီး၏ အမေးအား ကိုဇင်မောင် ဖြုန်းခနဲပြန်မဖြေနိုင်ဘဲ ငြိမ်သက်နေခဲ့သည်။ အတန်ကြာသောအခါမှ မိခင်ကို ကြည့်လိုက်ပြီး
" မျိုးမမကနောက်တစ်ယောက်နဲ့ တွဲနေတယ် အမေ ...ပြီးတော့ ကျွန်တော်လဲ သူ့ကိုတကယ်မချစ်ပါဘူး.... ကျွန်တော် ပိုးဖြူနဲ့ ပြန်ပြီးလက်တွဲချင်တယ် အမေ...."
" ဘာပြောတယ် သားငယ် ..မင်းပဲကွာရှင်းချင်လှချည်ရဲ့ဆိုလို့... အမေတို့ ကွာရှင်းပေးခဲ့တာလေ .."
"ဟုတ်ပါတယ်အမေရယ် ...အဲ့ဒီတုန်းက ကျွန်တော်ရူးနေခဲ့လို့ပါ ... ကျွန်တော် ပိုးဖြူကို ပြန်လိုချင်တယ် အမေ "
"ဟဲ့ သားငယ် ..မင်းပြန်လိုချင်လဲ မင်းမိန်းမကို မင်းဘာသာသွားပြောလေ ... အမေတို့ကဘာလုပ်ပေးရမှာလဲ "
မိခင်ကြီးက ကိုဇင်မောင်ကို စိတ်မရှည်စ္စာ ပြောလိုက်သည်။
''ကျွန်တော်ပြောပြီးပြီ အမေ ..ပိုးဖြူက လက်မခံဘူး ...ကျွန်တော် ဒူးထောက်ပြီးတောင် တောင်းပန်ခဲ့ပါတယ်... သူကလက်မခံဘူးတဲ့ "
"အောင်မယ် ..သူလိုဟာမကများ ကြီးကြီးကျယ်ကျယ်နဲ့ .... တစ်သက်လုံး...မပူမပင် ထိုင်စားနေခဲ့ပြီးကျေးဇူးကန်းတာပေါ့လေ ... အဲ့ဒီတော့ သားကဘာလုပ်ချင်တာလဲ အမေတို့ကဘာလုပ်ပေးရမှာလဲပြော "
" ကျွန်တော်ရှေ့နေနဲ့ စကားပြောပြီးပြီအမေ...တရားရုံမှာကွာရှင်း တာမဟုတ်ရင် ... ကွာရှင်းတာကတရားမဝင်ဘူးလို့ ပြောတယ် "
'ဟုတ်လား ...အဲ့ဒါဆို သားက ဘာလုပ်ဖို့ စဉ်းစားထားလဲ "
" ကျွန်တော် သူနဲ့ထပ်ညှိကြည့်မယ်အမေ ... တကယ်လို့ ညှိတာကိုသူလက်မခံရင် ... တရားရုံးအထိသွားမယ် .... အခုလောက်ဆို သူ့ဆီမှာ ကျွန်တော်နဲ့မျိုးမမရဲ့ပုံတွေလဲမရှိနိုင်လောက်တော့ပါဘူး ....အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမှုတွေကိုပဲကိုင်တဲ့ အတော်ဆုံးရှေ့နေကို ငှားမယ် အမေ "
" အင်းပါ ... သားသဘောပဲလေ .. သားအဖေနဲ့အစ်မတွေကို အမေပြောပြထားလိုက်မယ် .. မြေးလေးကိုလဲ ပြောပြထားလိုက်အုံး "
"ဟုတ်ကဲ့ပါ အမေ "
မိခင်ဖြစ်သူသည် သားအငယ်ဆုံးဖြစ်သော ကိုဇင်မောင်ကိုချစ်လွန်း၍ ဘာမျှထွေထွေထူးထူးမပြောဘဲ သားဖြစ်သူပြောသမျှကို ခေါင်းငြိမ့်ထောက်ခံလေသည်။
~~~~~
"ဟာကွာ .. ဒီမိန်းမနည်းနည်းတော့ လွန်သွားပြီ "
" ဘယ်သူလဲ ဆရာ ....ဘာဖြစ်လို့လဲ "
" ဒီ ..ဒီလိုပါပိုးဖြူ...သမီးလေးကခုတလော ငွေတွေတအားသုံးနေလို့ပါ..ပြီး ..ပြီးတော့ အဖေတို့မီးခံသေတ္တာထဲက ပိုက်ဆံတွေလဲ ခိုးသုံးတယ် ...ခိုးတာကလဲနည်းနည်းမဟုတ်ဘူး သိန်းရာကပ်တယ် ... သူ့ကိုဆင်ထားတဲ့လက်ဝတ်လက်စားတွေလဲ တစ်ခုမှမရှိတော့ဘူး "
" ဘာ..ဘာပြောတယ် ... အဲ့ဒီလောက်ငွေတွေသုံးရအောင် ..သမီးဘာတွေလုပ်နေလဲ ရှင်တို့မသိကြဘူးလား ...ရှင်တို့ပြောတော့ သမီးကိုတာဝန်ယူနိုင်တယ်ဆို ... သမီးဒီလောက်ထိ ဖြစ်သွားတာ ရှင်တို့ကြောင့်ဖြစ်သွားတာသိရဲ့လား...သမီးကိုရှင်တို့တာဝန်မယူနိုင်ရင် ကျွန်မကိုပေး "
သမီးအကြောင်းကို ကြားလိုက်ရသောအခါ မပိုးဖြူ ဒေါသထွက်ပြီး ကိုဇင်မောင်ကို အော်ပစ်လိုက်သည်။
"ဟုတ် ..ဟုတ်ပါတယ်ကွာ ....မောင်တို့အပြစ်တွေပါ...ပိုးဖြူကို မောင်တောင်းပန်ပါတယ်ကွာ ...ဒီ...ဒီစကားပြောဖို့အတွက် မောင့်မှာ အပြစ်ရှိတယ်ဆိုတာသိပါတယ် ..ဒါ..ဒါပေမဲ့မောင့်ကို ခွင့်လွှတ်ပါကွာ ...မောင်တို့မိသားစုလေးအတူတူပြန်နေရအောင်နော် ....ဒီလိုအမှားမျိုး မောင်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး "
ကိုဇင်မောင်၏ စကားကြောင့် မပိုးဖြူထိုင်နေရာမှဝုန်းခနဲ ထရပ်လိုက်မိပြီး ဒေါသတကြီးနှင့် အော်ပစ်လိုက်မိသည်။
" ဘာ ...ဘာပြောလိုက်တယ်ကိုဇင်မောင် ....ရှင်မို့လို့ ဒီစကားကို အရှက်မရှိ ပြောရဲတယ် ..ရှင်က ကျွန်မကို တော်တော်အထင်သေးနေတာပဲ ...ရှင်ကွာချင်ရင်ကွာပေး..ရှင်ပေါင်းချင်ရင်ပြန်ပေါင်းရအောင် ကျွန်မကိုဘာထင်နေလဲ ...ရှင့်အိမ်က ဆင်းလာပြီးက တည်းက ရှင့်ကိုရောသမီးကိုပါ တစ်ဘ၀စာလုံး ပြန်မတွေ့ဘူးလို့ ဆုံးဖြတ်ပြီးမှ ထွက်လာခဲ့တာ ..ရှင်နဲ့ ပြန်ပေါင်းမဲ့အစား... ကျွန်မသေပစ်လိုက်မယ်သိလား ..သွား.. ခုချက်ချင်း ရှင်ပြန်တော့....ကျွန်မဆိုင်ကို ဘယ်တော့မှထပ်မလာနဲ့ "
" ဒေါသမထွက်ပါနဲ့ ပိုးဖြူရယ် ... မောင်တကယ်တောင်းပန်ပါတယ် ...မောင်မှားခဲ့ပါတယ်ကွာ ... သူ့ဘက်က လိုက်လျောလွန်းလို့ မှားခဲ့မိတာပါ ....ပိုးဖြူကိုပဲ မောင်ချစ်တာပါ ..မောင်တောင်းပန်ပါတယ်နော် ... မောင်တို့မိသားစုလေးတူတူပြန်နေရအောင်ကွာ "
ကိုဇင်မောင်သည် ခုံတွင်ထိုင်နေရာမှကြမ်းပြင်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး မပိုးဖြူကို တောင်းပန်လိုက်သည်။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော ကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူခုံတွင်ထိုင်ချလိုက်သည်။ပြီးနောက် ကိုဇင်မောင်ကို ကြည့်လိုက်ပြီး
"ကျွန်မလေ (၁၈)နှစ်လုံးလုံး...ရှင့်ကိုဘုရားတစ်ဆူလိုကိုးကွယ်ပြီးနေခဲ့ပြီးပြီ ... ကျွန်မဘာတွေထပ်ပေးဆပ်ရအုံးမှာလဲ ....ရှင့်ကြောင့် တစ်ကြိမ်မကသေဖို့လဲ ကျွန်မကြိုးစားခဲ့တယ် ... အခု ကျွန်မဆီမှာ ရှင်တို့နဲ့ပတ်သက်လို့ ဘာခံစားချက်မှ မရှိတော့ဘူး ...ရှင်ပြန်ပါတော့ကိုဇင်မောင် ...ဒီကိစ္စအတွက် ဘယ်တော့မှ ထပ်မကြိုးစားပါနဲ့တော့ ..အခု ရှင့်နေရာမှာသမီးလေးကိုယ်တိုင် ဒူးထောက်တောင်းပန်နေရင်တောင် ...ကျွန်မ လက်ခံမှာမဟုတ်ဘူး ...သမီးကို ရှင်တို့ မထိန်းနိုင်ရင် .. ကျွန်မဆီကိုပေးပါ ... သူ့ကို ကျွန်မတာဝန်ယူစောင့်ရှောက်နိုင်တယ်...ရှင်ပြန်ပါတော့ ကိုဇင်မောင် ...."
မပိုးဖြူပြောပြီးသည်နှင့် မီးဖိုခန်းထဲသို့ဝင်ကာ တံခါးကိုပိတ်ပစ်လိုက်သည်။
~~~~~~~
လှည်းတန်းနှင့် မပိုးဖြူနေသော နေရာမှာ ကားမှတ်တိုင်သုံးလေးမှတ်တိုင်သာဝေးသည်။မလာချင်လျှင် ဝေးလှသော်လည်း လာချင်လျှင် လမ်းလျှောက်၍ပင်သွားလို့ရသည်လေ။မပိုးဖြူ မိုးလင်းကတည်းက လှည်းတန်းသို့ရောက်နေခဲ့သည်။သမီးဖြစ်သူ သင်တန်းတက်သောနေရာကိုစုံစမ်းပြီး လိုက်လာခဲ့သည်။တစ်နေကုန် သမီးနောက်ကို သမီးမသိအောင်းလျှောက်လိုက်သည်။သမီးနှင့်တွဲလာသောကောင်လေသည် တစ်ခါ က မပိုးဖြူတွေ့ခဲ့သောကောင်လေးပင်ဖြစ်သည်။ဖြူဖြူချောချောနှင်လူရည်သန့် ရုပ်လေးဖြစ်သည်။ သို့သော်လည်း သွားလေရာ ရောက်လေရာငွေရှင်းသူက သမီးဖြစ်နေခဲ့သည်။သမီးလေးအဖြစ်ကိုကြည့်ရင်း မပိုးဖြူ ယူကျုံးမရဖြစ်နေမိသည်။ညနေစောင်း၍ လမ်းခွဲပြီးပြန်ကြသောအခါ ကောင်လေးလက်ထဲကို သမီးကပိုက်ဆံထည့်ပေးနေသည်ကို ခပ်လှမ်းလှမ်းမှမပိုးဖြူလှမ်းမြင်နေရသည်။သမီးငယ် ပြန်သွားပြီးနောက် ကောင်လေးနောက်သို့ မပိုးဖြူ ဆက်လိုက်ခဲ့သည်။
~~~~~~
"ဘယ်လိုလဲမောင် ... ထပ်တောင်းထားတဲ့ငွေ ..ရရဲ့လား "
''ရတော့ရပေးမဲ့ ...တောင်းသလောက်တော့ မရဘူးသဲ.. "
" ဟွန်း .... ဒါများ ...သူ့ကိုယ်သူ သူဌေးသမီးဆိုပြီးမာန်တက်နေသေးတယ် ....မောင်ကိုက ညံ့တာ...ပိုးအိဇင်ရဲ့ အဘိုးအဘွားတွေ ဘယ်လောက်ချမ်းသာလဲသိရဲ့နဲ့ ...များများရအောင်လုပ်လေ .. ငွေများများပါသွားမှ....သဲတို့ စလုံးရောက်ရင်အဆင်ပြေမှာနော် "
" အင်းပါကွာ ..ခုတလော ပိုးအိအိမ်ကလူကြီးတွေ သိသွားလို့တဲ့ ..အဲ့ဒါကြောင့် ငွေကအရင်လို ယူလို့မရတော့ဘူးတဲ့လေ "
ကြားနေရသောစကားများကို မပိုးဖြူဆက်လက်နားထောင်နေနိုင်စွမ်းမရှိတော့ပေ။ထိုင်နေရာမှ ဆတ်ခနဲထလိုက်ပြီး စကားပြောနေသောစားပွဲဝိုင်းဆီသို့သွားလိုက်သည်။
"မင်းတို့က ရုပ်လေးတွေနဲ့ မလိုက်အောင် အောက်တန်းကျလှချည်လား ... ငါ့သမီးဆီကချူစားပြီး နိုင်ငံခြားသွားမယ်ပေါ့ ဟုတ်လား ....နိုင်ငံခြားတော့ မသွားရဘူး ထောင်ထဲပဲသွားရမယ် "
" ဘာ ...ခင်ဗျားဘာတွေလာပြောနေတာလဲ "
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂၁)
*******
"ကိစ္စရှိလို့ အပြင်သွားတာလေ ..ဘာဖြစ်လို့လဲ ....အပြင်
သွားတာကအစ ပြောနေရမှာလား "
မျိုးမမကလည်း လေသံမာမာနှင့် ပြန်ပြောလိုက်သည်။
"မင်းကိစ္စက တစ်နေကုန်ပါလား ... ဆိုင်ကိုငါလာတာ သုံးခေါက်ရှိနေပြီ ..ဘာလဲ စပွန်စာအသစ်တွေ့နေတာလား ...ဒီတစ်ခါဘယ်ကောင်လဲ....ငါ့ထက်ဘယ် လောက်ပိုချမ်းသာတာလဲ .."
"ဘာ....ဘာပြောတယ် ....ရှင်မိုက်ရိုင်းလှချည်လား...ကျွန်မဆိုင်မှာ ဝယ်သူတွေရောက်နေတာ ရှင်မမြင်ဘူးလား ..."
"ဪ...ရှက်တတ်သေးတယ်ပေါ့ ဟုတ်လား...မင်းဘယ်ခြေလှမ်းတွေလှမ်းနေလဲဆိုတာ ငါမသိဘူးထင်နေလား မျိုးမမ..."
"ရှင်စကားပြောတာကြည့်ပြောနော် ...မျိုးရဲ့ကိုယ်ကျင့်သိက္ခာကို မစော်ကားနဲ့ ... ရှင့်စိတ်နဲ့မနှိုင်းနဲ့ ....မျိုးကိုတော့ပြောနေပြီး ...ရှင်ကိုယ်တိုင်က ရှင့်မယားဟောင်းကို သတိရနေတာကို မျိုးမသိဘူးထင်နေလား...ရှင်နဲ့မပတ်သက်ချင်တော့ဘူး... မျိုးတို့လမ်းခွဲကြမယ် "
" ဘာပြောတယ်ကွ ... လမ်းခွဲမယ် ဟုတ်လား ..ငါ့ဆီက စားလို့ သောက်လို့၀သွားတော့လမ်းခွဲမယ်ပေါ့ဟုတ်လား ... ရုပ်လေးဗန်းပြပြီးချူစားနေတဲ့မိန်းမယုတ်မ "
" ဘာ ....ရှင်စော်ကားလှချည်လား...သွား.... ခုချက်ချင်းထွက်သွား.... မသွားရင်ရဲခေါ်လိုက်မှာနော် "
" တောက် ...မိန်းမပျက်မ "
မျိုးမမနှင့်ကိုဇင်မောင်တို့၏အခြေအနေမှာ တင်းမာလာပြီး အနားရှိလူများကပါ ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။ကိုဇင်မောင်၏ ဒေါသတကြီးပြောဆိုမှုကိုမျိုးမမကလည်းဒေါသနှင့် တုံ့ပြန်လေသည်။တစ်ဖက်နှင့်တစ်ဖက်တစ်ဖက် အခြေအနေတင်းမာလာပြီးနောက်မှာတော့ ကိုဇင်မောင်သည် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်၍ ကားပေါ်သို့တက်ကာမောင်းထွက်ခဲ့လေသည်။
မျိုးမမကမူ မျက်နှာထားတင်းတင်းနှင့်ပင်ဆိုင်၏ အတွင်းခန်းထဲသို့ ဝင်ခဲ့လေသည်။
~~~~~
" သမီး ... နေ့လယ်ကမောင်ဇင်မောင်နဲ့ ပြဿနာတတ်တယ်ဆို ... ဘယ်လိုဖြစ်တာလဲ ...သမီးတို့လက်ထပ်ဖို့ကိစ္စကရော "
မမေးစဖူးမေးလာသော မိခင်ဖြစ်သူ၏အမေးကြောင့် မျိုးမမ မျက်နှာကို တင်းလိုက်ပြီး
"သူနဲ့လမ်းခွဲလိုက်ပြီ အမေ "
" ဘယ်လို... လမ်းခွဲလိုက်ပြီး ဟုတ်လား ... အိမ်နီးချင်းတွေလဲ အကုန်သိပြီးမှကွယ် .. ဘယ်လိုဖြစ်ရတာလဲကွယ် .. အခု ဘယ်လိုဆက်လုပ်မလဲ "
" အို ဘာလုပ်ရမှာလဲ အမေ ...စိတ်သဘောထားချင်း မတိုက်ဆိုင်လို့လမ်းခွဲတာပဲဘယ်သူ့ကို အရေးစိုက်ရမှာလဲ "
" ပြောတာလွယ်လှချည်လား သမီးရယ် ... သမီးအသက်လဲမငယ်တော့ဘူးလေ .. ဘာလို့ အိမ်ထောင်သည် ယောကျာ်းတွေနဲ့ပဲတွဲနေရတာလဲ "
မိခင်ဖြစ်သူ၏ စကားကြောင့် မျိုးမမက မိခင်ကိုခပ်စိမ်းစိမ်းကြည့်လိုက်ပြီး
"အိမ်ထောင်သည် ယောက်ျားက ဘာဖြစ်လို့လဲ အမေ...လူလူချင်း ချစ်မိတာပဲလေ ..ပြီးတော့ သမီးက အတင်းလိုက်လုနေတာမဟုတ်ဘူး ...သူတို့ဘာသာ သမီးကိုတမ်းတမ်းစွဲဖြစ်နေကြတာ ... သူ့တို့မိန်းမတွေထက် သမီးကသာနေလို့ သမီးဆီကိုရောက်လာကြတာလေ "
" မဟုတ်သေးဘူးနော် ..သမီးမှားနေပြီ ...အိမ်ထောင်သည် ယောကျာ်းတစ်ယောက်က လာပတ်သက်ပြီဆိုကတည်းက အဲ့ဒီမိန်းခလေးက ..အညှာလွယ်နေလို့ အပေါစားဆန်နေလို့ပဲ ... အမေမပြောချင်လို့ ကြည့်နေတာ .. သမီး ဒီထက်မမိုက်ပါနဲ့တော့ကွယ် ... တစ်နေ့သမီးဒုက္ခတွေ့လိမ့်မယ် ... သမီးမှာငွေလိုနေရင်လဲ အမေ့အိမ်လေးကိုရောင်းလိုက်ပါ ...အမေရိပ်သာမှာပဲ သွားနေလိုက်တော့မယ် "
မိခင်၏ စကားကြောင့် မျိုး မမကနှုတ်ခမ်းကိုမဲ့ကာ ပြုံးလိုက်ပြီး
"အမေ့အိမ်ရောင်းတော့ ငွေကဘယ်လောက်ရမှာလဲ ... တစ်ပဲ ခြောက်ပြားရတဲ့ငွေနဲ့ ဘယ်မှာ သွားနေရမှာလဲ ....ပြီးတော့အမေလဲအဖေ့ကို သူများ
လက်ထဲက လုယူခဲ့တာပဲ မဟုတ်လား "
" ဘာပြောတယ် သမီး ... ညည်း အေရိုင်းလိုက်တာ ..ညည်းလုပ်ချင်ရာသာလုပ်ပါတော့အေ "
မျိုးမမ၏ စကားကြောင့် မိခင်ဖြစ်သူသည် စိတ်ပျက်လက်ပျက်နှင့်ပင် သူမအိပ်ခန်းထဲသို့ဝင်သွားခဲ့လေသည်။
~~~~
"မမဖြူ ...ဧည့်သည် လာတယ် "
အတူနေဝန်ထမ်းကောင်မလေး၏ စကားကြောင့် မပိုးဖြူရင်တထိတ်ထိတ်နှင့်ပင် ဆိုင်ဝသို့ထွက်လာခဲ့ရသည်။ဆိုင်အပေါက်ဝသို့ရောက်သောအခါ ဆိုင်၏ရှေတွင် ရပ်ထားသောကားနှင့်အတူ ကိုဇင်မောင့်ကိုတွေ့လိုက်ရသဖြင် မပိုးဖြူစိတ်ရှုပ်စိတ်တိုသွားရလေသည်။
" ရှင် ဘာလာလုပ်တာလဲ ...ရှင်နဲ့ ကျွန်မ ဘာမှမပတ်သက်တော့ဘူး..လာမနှောက်ယှက်နဲ့နော် "
မပိုးဖြူ ဒေါသသံနှင့် ပြော ပစ်လိုက်သည်။
"ငါ ..မင်းနဲ့ အေးအေးဆေးဆေး စကားပြောချင်တယ် ..သမီး အကြောင်းပြောမှာပါ ဆိုင်တစ်ဆိုင်ကိုသွားရအောင်... ကားပေါ်တက် "
ပြောရင်း ကိုဇင်မောင်က ကားတံခါးကိုဖွင့်ပေးလိုက်သည်။
"မလိုဘူး ... ပြောစရာရှိရင် ဒီမှာပဲပြော ရတယ် "
မပိုးဖြူက ငြင်းဆန်လိုက်ပြီး ဆိုင်၏အနောက်ဧည့်ခန်းရှိရာဆီသို့ ရှေ့မှဦးဆောင်၀င်ခဲ့လိုက်သည်။
~~~~
" ကဲ ပြောစရာရှိတာ မြန်မြန်ပြော ... ကျွန်မဈေးရောင်းရအုံးမှာ "
ကိုဇင်မောင်ခုံမှာဝင်ထိုင်လိုက်သည်နှင့် မပိုးဖြူ့အသံမာမာနှင့်ပြောလိုက်သည်။
ကိုဇင်မောင်တောက်တစ်ချက်ကိုခေါက်ပြီး သမီးဖြစ်သူ၏ အခန်းထဲမှ ထွက်ခဲ့လေသည်။
~~~~~
"မျိုးမှာကားမရှိတော့ သွားရေးလာရေးခက်မှာပဲ...မျိုးကားမောင်း
တတ်လာ"
ကိုနောင်၏စကားကြောင့် မျိုးမမက ခေါင်းလေးကိုငြိမ့်ပြလိုက်ပြီး
" မျိုး ကားမောင်းတတ်ပါတယ်ကိုကြီး .. စင်္ကာပူကပြန်ရောက်စတုန်းက ကားဝယ်မလို့စိတ်ကူးသေးတယ် ... နောက်တော့ ဆိုင်ထဲငွေထည့်လိုက်ရလို့ ငွေမလောက်တာနဲ့ မဝယ်ဖြစ်တော့တာလေ "
''ဟုတ်လား ...မျိုးကားမောင်းတတ်တယ်ဆိုရင်တော့ ကိုကြီးကားတစ်စီးပေးထားမယ်လေ .. ကားမဝယ်ခင်အထိသုံးပေါ့ "
"ရှင် .."
ကိုနောင်၏ စကားကြောင့် မျိုးမမမှာ အံ့ဩဝမ်းသာသွားရပြီး လက်ထဲတွင် ကိုင်ထားသောဇွန်းနှင့်ခရင်းပင်ပြုတ်ကျမလိုဖြစ်သွားရလေသည်။မျိုးမမမှာ ကိုဇင်မောင်နှင့်တွဲလာစဉ်တစ်လျောက်လုံး လိုသမျှကိုတောင်း၍ရခဲ့သော်လည်း ကြီးကြီးမားမားများများစားစားတော့မရရှိခဲ့ပေ။သူမထံတွင်ကားမရှိမှန်း ကိုဇင်မောင်သိသော်လည်း ကားနှင့်ပတ်သက်၍ .စကားမဟခဲ့သလို့ တစ်ခွန်းတစ်လေမျှမမေးခဲ့ဖူးပေ။ကိုဇင်မောင်နှင့်ပတ်သက်ခဲ့သောအကြောင်းများကိုတွေရင်း မျိုးမမတစ်ယောက် ကိုနောင်မမြင်အောင် မဲ့ပြုံးလေးပြုံးလိုက်လေသည်။
"ဘယ်လိုလဲမျိုး ... ကားယူထားမှာလား "
ကိုနောင်၏ မေးသံကိုကြားမှ မျိုးမမပစ္စုပ္ပန်အခြေအနေကို သတိဝင်လာပြီး
"ဟို ..ဟို ..ဖြစ်ပါ့မလား ကိုကြီးရယ် ... တော်ကြာ မကျော့သိသွားရင် ပြဿနာတွေတက်နေပါအုံးမယ် "
မျိုးမမက စိုးရိမ်ပူပန်သော အသံလေးဖြင့် ပြောလိုက်သည်။
" မသိပါဘူးကွာ ..သူလဲသူ့အလုပ်နဲ့ သူရှုပ်နေတာပါ ....ကိုကြီးကို စိတ်မဝင်စားပါဘူးကွာ ....ကိုကြီးက မျိုးတက္ကစီစီးပြီးသွားလာနေရတာကိုမကြည့်ရက်လို့ပါ "
ကိုနောင်၏စကားကြောင့် မျိုးမမခေါင်းကိုငုံ့ထားလျက် မသိမသာ ပြုံးလိုက်လေသည်။ကိုနောင်နှင့်မျိုးမမတို့တွေ့ဆုံချိန် တစ်လမပြည့်သေးခင်မှာပင် ဤမျှရင်းနှီးလာခဲ့ကြခြင်းဖြစ်သည်။ကိုနောင်သည် ကိုဇင်မောင့်လိုမျိုးတော့ မျိုးမမ၏ဆိုင်သို့၊ အိမ်သို့လာလေ့မရှိပေ။ သူတွေချင်လျှင် မျိုးမမကို အပြင်သို့ခေါ်ထုတ်တတ်လေသည်။
~~~~
"မင်း ဘယ်ကပြန်လာတာလဲ မျိုးမမ "
ကိုနောင်နှင့်ချိန်းဆိုပြီးနောက်ပြန်လာခဲ့သော မျိုးမမမှာ သူမဆိုင်ရှေ့သို့ရောက်သောအခါ ဒေါသမျက်နှာ၊ဒေါသအသံနှင့် စောင့်ကြိုနေသော ကိုဇင်မောင်ကိုတွေ့လိုက်ရလေသည်။
@@@@@@@@@@@@@@@@@@@@
အပိုင်း (၂၁ ) ဆက်ရန်
#ဧကြည်ဖြူ
အစ်မဖြစ်သူ၏ စကားကြောင့် မိုးထက်ခေတ္တမျှငြိမ်သက်သွားမိသည်။အတန်ကြာမှ အစ်မဖြစ်သူကို ပြန်ကြည့်လိုက်ပြီး သူသိချင်တာကို မိုးထက်မေးလိုက်သည်။
"ဒါနဲ့ နေပါအုံး ...ဒီအကြောင်းတွေကို မမဘယ်လိုသိတာလဲ ...မမက သူများအကြောင်းကို စိတ်ဝင်စားတတ်တဲ့သူမှမဟုတ်တာ ..ဘာလဲ....မဟုတ်မှ မျိုးမမနိုင်ဆိုတဲ့ တစ်ယောက် လာပြောတာလား "
"မျိုးမမနိုင်ဟုတ်လား.... ဪ သိပြီး ဟိုတစ်ခါကိုရန်ပိုင်ရဲ့ပါတီပွဲမှာရတနာစိုးနဲ့ပါလာတဲ့တစ်ယောက်ကိုပြောတာလား ... သူကဘာဆိုင်လို့ ဒီအကြောင်းကိုပြောရမှာလဲ ....အမှန်တိုင်းပြောရရင် မမဖုန်းကိုစာပို့ခဲ့တာ..ဘယ်သူမှန်းတော့ မမလဲမသိဘူး .... ဒါနဲ့ပြောပါအုံး ... ဒီကိစ္စထဲမျိုးမမနိုင်ဆိုတဲ့တစ်ယောက်က ဘာလို့ပါလာရတာလဲ "
ကျော့ကျော့စံက သိချင်စိတ်ဖြင့်မေးလိုက်သည်။
အစ်မဖြစ်သူ၏ အမေးကြောင့် မိုးထက်လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး
"ပိုးဖြူရဲ့ ခင်ပွန်းဟောင်းကဘယ်သူလဲဆိုတာမမသိလား "
မိုးထက်၏အမေးကို ကျော့ကျော့စံက ခေါင်းငြိမ့်ပြလိုက်သည်။
" မျိုးမမနိုင်ကကိုဇင်မောင်နဲ့ လူမှုရေးဖောက်ပြန်ခဲ့တဲ့သူပဲလေ မမ ....ဒီကိစ္စတွေပြောရတာကျွန်တော်တို့နဲ့တော့ မဆိုင်ပါဘူး မမရယ် ...ဒါပေမဲ့သူက ကျွန်တော့်ဆိုင်ထိလိုက်လာပြီး ကျွန်တော့်ကိုလဲ လာပြောသွားလို့လေ "
"ဟယ် ..ဟုတ်လား ..မထင်ရက်စရာဟယ်...တကယ်ကြောက်ဖို့ကောင်းပါလား ..တကယ်မလွယ်တဲ့ မိန်းခလေးပဲ ..သူဘာရည်ရွယ်ချက်နဲ့ ဒီလိုလိုက်ပြောနေရတာလဲ မမတော့နားမလည်နိုင်တော့ဘူး "
"နားမလည်လဲ ထားလိုက်မမ ...သူနဲ့လဲသွားမပတ်သက်နဲ့ .. ကျွန်တော့်မိန်းခလေးကိုလဲ ရန်သွားမရှာနဲ့နော် .... ပြောလို့ ပြီးပြီမို့ ကျွန်တော်သွားတော့မယ် "
"အေးပါ ...မင်းလဲလုပ်ချင်ရာဇွတ်မလုပ်နဲ့နော် "
ပြောပြောဆိုဆိုနှင့် ထပြန်သွားသော မောင်ဖြစ်သူကို ပြောလိုက်ရင်း ကျော့ကျော့စံတစ်ယောက်တွေဝေစဉ်းစားနေမိသည်။တစ်ဖက်မှစာပို့ခဲ့သော ကျော့ကျော့စံ၏ဖုန်းမှာ မိသားစုများသာသိသောဖုန်းနံပတ်ဖြစ်သည်။ဤအကြောင်းကို ယခုမှသူမစဉ်းစားမိခြင်းဖြစ်သည်။
~~~~~
"အမေတို့တော့ မနိုင်တော့ဘူး သားငယ် .... သူ့ကိုပေးထားတဲ့ လက်ဝတ်လက်စားတွေလဲ တစ်ခုမှ မရှိတော့ဘူး ...အခုဘာလုပ်ထားလဲသိလား ...မီးခံသေတ္တာထဲက ငွေတွေပါယူသုံးနေတယ် ... သုံးတော့လဲ တစ်သိန်းနှစ်သိန်း မဟုတ်ဘူး .....သိန်းရာနဲ့ ကပ်နေပြီ .... မေးလို့လဲမရ ပြောလို့လဲမရဘူး...ခုတလော မြေးလေးအရမ်းလဲပိန်လာတယ် "
"ဗျာ ... ဟုတ် ..ဟုတ်ရဲ့လား အမေ....အဲ့ဒီလောက်ငွေတွေကို သမီးက ဘာလုပ်မှာလဲ "
ကိုဇင်မောင်က မိခင်နှင့် ဖခင်ကို ကြည့်ပြီးထိတ်လန့်တုန်လှုပ်စွာပြောလိုက်သည်။
" အေး အမေတို့လဲ ဘယ်သိမလဲ...မင်းအဖေက မိုးလင်းမိုးချုပ်ဆိုင်မှာနေတာလေ ... အမေကလဲ ဆိုင်နဲ့ အိမ်ပြေးနေရတာ...ဒါနဲ့ မင်းရဲ့မင်္ဂလာကိစ္စကဘယ်တော့လုပ်မှာလဲ ...မလုပ်ဖြစ်သေးရင်လဲ အမေတို့အိမ်မှာလာနေပါ...မြေးလေးကို မင်းပဲထိန်းမှရတော့မှာ "
"ဟုတ်ကဲ့ပါ အမေ "
မိခင်ကိုခေါင်းငြိမ့်ပြလိုက်ပြီး ကိုဇင်မောင် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
~~~~
ယခင်ကထက် သေးသွယ်ပိန်လှီလျက်မျက်တွင်းများပင် ကျနေသော သမီးဖြစ်သူကိုကြည့်ပြီး ကိုဇင်မောင့်ရင်ထဲ ထိထိခိုက်ခိုက်ခံစားလိုက်ရသည်။
"ပိန်သွားလိုက်တာ သမီးရယ် ....နေမကောင်းဘူးလား .. သမီးဘာတွေဖြစ်နေတာလဲ ...အဖေ့ကို အမှန်တိုင်းပြောစမ်း .. ဆေးတွေဘာတွေများစွဲနေတာလား ... ငွေတွေလဲ တအားသုံးနေ တယ်ဆို "
ဖခင်ဖြစ်သူ၏ အမေးကို မဖြေဘဲ ပိုးအိဇင်က ခေါင်းကိုငုံ့ကာ ငြိမ်သက်စွာ ထိုင်လေသည်။
"ပြောလေ သမီး ..လက်၀တ်လက်စားတွေလဲ ဘာမှမရှိတော့ဘူးဆို ... အဘိုးနဲ့အဘွား မသိအောင်လဲ မီးခံသေတ္တာထဲကငွေတွေယူသုံးနေတယ်ဆိုတော့ သမီးဘာတွေလုပ်နေတာလဲအဖေ့ကိုပြော "
အတန်ကြာအောင်မေးသည့်အထိ ပိုးအိဇင်ကဘာမျှ ပြန်မဖြေသောအခါ ကိုဇင်မောင်မှာနဂိုကပင် စိတ်မကြည်ဖြစ်နေ၍ ဒေါသများထွက်လာလေတော့သည်။
"ပိုးအိဇင်ဖြေလေ ...အဲ့ဒီလောက်များတဲ့ငွေတွေ ဘာလုပ်လိုက်တာလဲလို့ ... ဘယ်နေရာမှာသုံးလိုက်တာလဲ...မင်းက ငွေခိုးသုံးတတ်နေပြီလား...သူခိုးဖြစ်နေပြီလားဖြေလေ "
မေးနေရင်းဖြင့် ကိုဇင်မောင်စိတ်မရှည်နိုင်တော့ဘဲ သမီးငယ်၏ ခန္ဓာကိုယ်လေးကို ဆွဲယမ်းလှုပ်ခါပြီးမေးလိုက်လေသည်။
"မသိဘူး ....မသိဘူး လာမမေးနဲ့ ..အဖေဆီမှာတောင်းတယ်လေ..အဖေကမပေးလို့ အဘွားတို့ပိုက်ဆံကို ယူသုံးတာဘာဖြစ်လဲ ...အဖေကျတော့ အန်တီမျိုးကို ပစွည်းတွေအမျိုးမျိုး၀ယ်ပေးနေပြီး ...သမီးတောင်းတဲ့ငွေကိုကျတော့ပေးလို့လား .... ကျောင်းစရိတ်သွင်းဖို့ငွေတောင်းတာကိုတောင် သမီးကိုမယုံလို့ အဖေကိုယ်တိုင်လိုက်ပေးမယ်လို့ပြောတာမဟုတ်လား "
"ဘာ ..ဘာပြောတယ် ပိုးအိဇင် .မင်း....မင်းတော်တော်ရိုင်းနေပါလားဟင် "
ကိုဇင်မောင်ပြောရင်း ဒေါသထွက်ထွက်နှင့် သမီးဖြစ်သူကိုရိုက်ချပစ်လိုက်လေသည်။။
"အမယ်လေး သားငယ် ....မလုပ်ပါနဲ့ မြေးလေးကိုတော့မရိုက်ပါနဲ့ကွယ်...."
မြေးဖြစ်သူ့အရိုက်ခံလိုက်ရသည်နှင့် ဘွားအေကြီးသည် အူယားဖားယားနှင့်အခန်းထဲသို့ဝင်ပြီး သားဖြစ်သူကိုဆွဲလေသည်။
"တောက် ''
" ဒီ ..ဒီလိုသဘောနဲ့မဟုတ်ပါဘူးဗျာ ..အမှန်တိုင်းပြောရရင်....ပိုးဖြူတစ်ယောက်တည်းဖြစ်နေတာကို စိုးရိမ်မိလို့ပါ ....လူတွေကကောက်ကျစ်လာပြီးဆိုရင် သိပ်ကိုကြောက်စရာကောင်းတာ...အထူးသဖြင့် မျိုးမမကဘာတွေဖြစ်ချင်နေတာလဲ ...ဘာတွေလုပ်ချင်နေတာလဲကို မသိရတော့ ..ပိုးဖြုတစ်ယောက်တည်းဖြစ်နေတာကို ကျွန်တော်စိတ်မချဘူး ...အဲ့ဒါကြောင့် အလုပ်လဲတကယ်လိုအပ်နေပြီး ပိုးဖြူအတွက်အားကိုးရလောက်မဲ့သူကို ပို့ပေးခဲ့တာပါ ...အဲ့ဒါအပြင် ဘာအကြံအစည်မှမရှိပါဘူး ပိုးဖြူရယ် "
ခေါင်းကိုငုံ့ပြီး တောင်းပန်စကားပြောနေသောမိုးထက်ကို ကြည့်ပြီး မပိုးဖြူသက်ပြင်းချလိုက်မိပါသည်။
"ကဲပါ ..အဲ့ဒီလောက်လဲရှင်းပြမနေပါနဲ့.....ရပါပြီး ...ဒါပေမဲ့ကိုမိုးထက်ရဲ့အစ်မက ....ကျွန်မတို့ခင် မင်နေတာကို သဘောမကျဘူးဆိုတော့ ရှေ့လျှောက်ကျွန်မတို့မပတ်သက်တာကောင်းမယ်ထင်တယ် ....."
" ဗျာ ....မဆိုင်လိုက်တာ ... ကျွန်တော်ကလေးမဟုတ်ပါဘူး ပိုးဖြူ ... ကျွန်တော့်လွတ်လပ်ခွင့်ကို ဘယ်သူမှတားဆီးပိုင်ခွင့်မရှိပါဘူး.... "
ပြောလျှင်လည်း ရမည့်ပုံမပေါ်သော မိုးထက်ကိုကြည့်ပြီး မပိုးဖြူသက်ပြင်းများသာအခါခါ ချနေမိသည်။မလာနှင့်ပြောလျှင် ဆိုင်ကိုတော့မလာပါ။ဆိုင်နှင့် မလှမ်းမကမ်းရှိ ကော်ဖီဆိုင်တွင် ထိုင်သည်။ပါတီပွဲမှပြန်လာကြသောညကသာ အချစ်အကြောင်းကိုရင်ဖွင့်ခဲ့ပြီး နောက်ပိုင်း၌ထိုအကြောင်းနှင့်ပတ်သက်၍ တစ်စွန်းတစ်စမျှမဟလေတော့ သူ မပြောပါဘဲနှင့်မပိုးဖြူက မည်သို့ ငြင်းရပါမည်နည်း။
"ရှင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပိုင်တယ်ပဲပြောပြော ... သွေးသားရင်းတွေဆိုတာကတော့ သူ့ကိစ္စကိုယ့်ကိစ္စဝင်ပါမှာပဲ....အဲ့ဒီအတွက်တော့ ကျွန်မစိတ်ထပ်မညစ်ချင်ဘူး .."
"အင်းပါ ...စိတ်ချပါပိုးဖြူ ... နောက်ကို ဘယ်တော့မှ ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး .. "
ကတိတွေအထပ်ထပ်ပေးနေသောမိုးထက်ကြောင့် သူပြောသမျှကိုမပိုးဖြူလက်ခံလိုက်ပါသည်။ ယခုလိုအချိန်မှာတော့ မိုးထက်လိုလူမျိုးအနားမှာရှိနေခြင်းက မပိုးဖြူအတွက်အရေးကြုံလာလျှင် အားကိုး၍ရသည်လေ။ အချိန်တစ်ခုရောက်လို့မှ မပိုးဖြူဘက်က သူ့အပေါ် မတုံ့ပြန်နိုင်တာသိလျှင် သူ့အလိုလိုနောက်ဆုတ်သွားပေလိမ့်မည်။အဲ့ဒီတော့ မပိုးဖြူအနေနှင့် မိုးထက်တစ်ယောက် သူ့ဘာသာစိတ်ကုန်ပြီး နောက်ဆုတ်သွားမည့်နေ့ကိုသာ စောင့်ရန်ရှိလေသည်။
"အလုပ်တွေ မအားတဲ့ကြားက လာခဲ့တာမဟုတ်လား...ပြန်တော့လေ "
မပိုးဖြူပြောလိုက်သောအခါ မိုးထက် ထိုင်နေရာမှ ထလိုက်ပြီး
" အဲ့ဒါဆို ပြန်တော့မယ်နော် ... ကျွန်တော်ဖုန်းဆက်ရင်လဲ မကိုင်ဘဲမနေပါနဲ့နော် "
~~~~
''အိမ်ကိုအလည်ခေါ်ရခက်တဲ့ငါ့မောင်က ချက်ချင်းရောက်လာတာပါလားကွယ် ... လာပါအုံး ထိုင်ပါအုံး ...ဟိုတစ်ယောက်က မင်းကိုဘာတွေများ ပြောလိုက်သေးလဲ "
ကျော့ကျော့စံက သူ့ရုံးခန်းထဲသို့ဝင်လာသော မောင်ဖြစ်သူ မိုးထက်ကိုကြည့်ပြီး မကျေမနပ်ပြောလိုက်သည်။
မိုးထက်သည်အစ်မဖြစ်သူနှင့်မျက်နှာချင်းဆိုင်ရှိ ဆိုဖာခုံတွင် စိတ်ပျက်လက်ပျက်နှင့်ထိုင်ချလိုက်ပြီး
"မမရယ် ... ကိစ္စရှိရင်လဲ ကျွန်တော်ဆီကို အရင်လာပြောတော့ပါလား...အခုတော့ သွားပါပြီ မမရယ် "
မိုးထက်၏ စကားကြောင့် ကျော့ကျော့စံက မောင်ဖြစ်သူကို ကြည့်လိုက်ပြီး
" ဘာသွားတာတုန်း ..သူကဘာတွေပြောလိုက်လို့လဲ ပြောပါအုံး "
" ဘာပြောရမှာလဲ မမရယ် ... သူက နဂိုကတည်းက ကျွန်တော့် ကို မိတ်ဆွေအဖြစ်တောင်လက်ခံချင်တာမဟုတ်ဘူးလေ ... "
"ဟဲ့ ....အောင်မယ် သူကများကြီးကြီးကျယ်ကျယ် ...မခင်ရလဲမခင်နဲ့ပေါ့ မင်းကဘာဖြစ်နေတာလဲမိုးထက်ရဲ့..ကိုယ့်သိက္ခာနဲ့ ကိုယ်နေပါလား "
ကျော့ကျော့စံ ဒေါသသံနှင့် ပြောလိုက်သည်။
"မနေနိုင်လို့ပေါ့ မမရယ် ...ကျွန်တော်သူ့ကိုချစ်နေမိပြီဗျ...သူ့ကိုလက်ထပ်ချင်တယ် "
" ဘာ ... ဘယ်လို ... မင်း ...မင်းဘာပြောလိုက်တယ်မိုးထက်...သူက တစ်ခုလပ်ကလေးတစ်ယောက်အမေဆိုတာ မင်းမသိဘူးလား "
မောင်ဖြစ်သူကို ကျော့ကျော့စံအထိတ်တလန့်နှင့် မေးလိုက်သည်။
"သိတယ်လေမမ ....သိသိနဲ့ပဲ ကျွန်တော့်နှလုံးသားက သူ့ကိုချစ်နေတာ ...သူနဲ့တစ်ဘ၀လုံးအတူနေချင်နေတာလေ... ကျွန်တော့်နှလုံးသားရဲ့ဆန္ဒကို မမတို့တားလို့ရဖို့မပြောနဲ့ကျွန်တော်ကိုယ်တိုင်တောင် မတားနိုင်ဘူးဖြစ်နေတာ ...."
"မိုးထက် မင်းကွာ ...ဒီအရွယ်ထိ နေလာခဲ့ပြီးမှ ဘယ်လိုဖြစ်ရတာလဲ ...တကယ်လို့ လေးလေးနဲ့ ဒေါ်ဒေါ်သိရင်ရော ဘယ်လိုလုပ်မလဲ "
" အဖေနဲ့အမေက သိပြီးသွားပြီးမမ ... ကျွန်တော်ပြောပြထားပြီးပြီ ...အခုပိုးဖြူက ကျွန်တော့်ကို လက်မခံသေးဘူး ...သူလက်ခံတဲ့နေ့ကျရင်လက်ထပ်ခွင့်ပြုပါလို့ ပြောပြီးသွားပြီ ...အမေတို့က လက်ခံပါတယ် ...အမေတို့ကအစကတည်းကပြောပြီးသားလေ ..တစ်ယောက်တည်း လျှောက်သွားနေမဲ့အစား ချစ်တဲ့သူတွေ့ရင်လက်ထပ်တဲ့..."
"အေးပါ ..ဟုတ်နေတာပဲနော် .. ဒါနဲ့ သူကွာရှင်းထားတာ နှစ်လကျော်ပဲရှိသေးတယ်ဆို ...သူတို့မှာသမီးတစ်ယောက်လဲရှိတယ်ဆိုတော့ သူတို့ကပြတ်တာသေချာလို့လား ..တော်ကြာကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မယ် "
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္ထု )
အပိုင်း (၂၀)
********
"ကျွန်မစကားပြောရိုင်းသွားရင်တော့ ခွင့်လွှတ်ပါ ... လူဆိုတာ ကိုယ်ကျင့်သိက္ခာကိုထိပါးလာရင် သည်းမခံတတ်ကြပါဘူး ....တစ်ခုလပ်ဖြစ်တာက ပြစ်မှုကျူးလွန်ထားတာလဲမဟုတ်ဘူးလေ. ....မကျော့ကျော့စံအနေနဲ့ကတော့ တစ်ကိုယ်တည်း အပျိုကြီးဖြစ်လို့ပဲဖြစ်ဖြစ်.. အိမ်ထောင်ဖက်ကောင်းကို ရရှိထားရင်ပဲဖြစ်ဖြစ် ...ကျွန်မတို့လိုတစ်ခုလပ်ဘဝတွေကို ...စာနာပေးနိုင်မှာမဟုတ်ပါဘူး ....စာနာပေးဖို့ ကိုလဲမမျှော်လင့်ပါဘူးရှင် ... ဘဝပေးကံမကောင်းလို့တစ်ခုလပ်ဖြစ်ရတဲ့ဘ၀တွေက.. အိမ်ထောင်ပြိုကွဲရလို့ခံစားရတဲ့စိတ်သောကထက် ....ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှုကြောင့် ခံစားရတဲ့စိတ်သောကကပိုပါတယ်... ကိုယ်မဖြစ်သေးလို့ တစ်ပါးသူကို အထင်းမသေးလိုက်ပါနဲ့ ...အိမ်ထောင်ပြုလိုက်သူတိုင်း တစ်နေ့မှာ တစ်ခုလပ်ဖြစ်ရမယ်လို့ရည်ရွယ်ပြီးအိမ်ထောင်ပြုခဲ့တဲ့သူ မရှိပါဘူး...အိမ်ထောင်ဖက်ရဲ့ အနိုင်ကျင့်စော်ကားတဲ့ဒဏ်ကိုမခံနိုင်လို့သား ... တစ်ခုလပ်ဆိုတဲ့ ဘ၀ကိုခံယူလိုက်ကြတာပါ ... ဒါကြောင့် ကျွန်မရဲ့ကိုယ်ကျင့်သိက္ခာကိုအထင်မသေးပါနဲ့ မကျော့ကျော့စံ......ကိုမိုးထက်ကသာ အသက်နှစ်ဆယ်မကျော်သေးတဲ့ လူငယ်လေးတစ်ယောက်ဆိုရင်တော့ မကျော့ကျော့စံအခုလိုလာပြောတာကို ကျွန်မလက်ခံမှာပါ .... ကျွန်မစကားပြောရိုင်းသွားရင် တောင်းပန်ပါတယ် "
မပိုးဖြူသည် ရင်ထဲရှိသမျှ စကားများကို သွန်ချ၍ပြောပစ်လိုက်သည်။
''မင်းကစကားပြောတတ်သားပဲ မပိုးဖြူ.... ဟုတ်ပြီလေ ...မင်းပြောသလိုပဲ .. တို့ဘက်က အဆင့်ကျော်သွားခဲ့ပါတယ် ...တကယ်ဆိုရင် တို့မောင်လေးကိုပဲပြောရမယ်ဆိုတာ တို့သိပါတယ်....ဒါပေမဲ့ တို့ဆီကိုရောက်လာတဲ့ မင်းအကြောင်းတွေက သိပ်မကောင်းလို့ပါ.... မင်းရဲ့အိမ်ထောင်ရေးမှာ မင်းကအမှားတွေလုပ်ခဲ့တယ် ... ကလေးကိုလဲ ဂရုမစိုက်ဘဲ အဘိုးအဘွားအိမ်မှာ ပစ်ထားခဲ့တယ်.... နောက်ဆုံး အိမ်ထောင်ဖက်က ကွာရှင်းခွင့် တောင်းတော့ လျှော်ကြေးရမှလက်မှတ်ထိုးပေးခဲ့တာတဲ့လေ .......မင်းအိမ်ထောင်ဖက်ကိုလဲ တို့သိပါတယ် "
ကြားလိုက်ရသော စကားများကြောင့် မပိုးဖြူဒေါသထွက်လွန်း၍ အသားများပင်တဆတ်ဆတ်တုန်ယင်လာမိသည်။ဆိုးခနဲဆတ်ခနဲ ထပြောပစ်လိုက်ချင်စိတ်ကို မနည်းပင်ထိန်းထားလိုက်ရလေသည်။
"ဒီအကြောင်းတွေကို မကျော့ကျော့စံဘယ်လိုသိလဲဆိုတာ မသိပေမဲ့ ...ဒီလိုမဟုတ်တာတွေကို လာပြောပြတဲ့သူက သုံးလေးယောက်ထက်မပိုနိုင်ပါဘူး ... နံပတ်တစ်က ကျွန်မရဲ့ အိမ်ထောင်ဖက်ဖြစ်ခဲ့ဖူးတဲ့ မိသားစု...နံပတ်နှစ်က အိမ်ထောက်ဖက်နဲ့အိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့အမျိုးသမီးပဲ ...ဘာကြောင့်လဲဆိုတော့ ပါတီပွဲညမှာ ကျွန်မအိမ်ထောင်ဖက်ရော သူနဲ့လူမှုရေးဖောက်ပြန်ခဲ့တဲ့ အမျိုးသမီးရောရှိခဲ့တယ်လေ...သူတို့ရှိမှန်းသိလို့လဲ ...ကိုမိုးထက်ဖိတ်တဲ့ အဲ့ဒီပွဲကိုကျွန်မတမင်တက်ခဲ့တာပါ ...ဒါကတော့ မိန်းမတစ်ယောက်ရဲ့မာနအတွက်ပါ...အဲ့ဒီအတွက် ကိုမိုးထက်ကိုအသုံးချမိခဲ့သလိုဖြစ်ရင်တော့ ကျွန်မတောင်းပန်ပါတယ် ... နောက်နောင် အခုလိုပြသာနာ
ဖြစ်လာရင်တော့ ကျွန်မအနေနဲ့ပါးစပ်နဲ့ပဲမဖြေရှင်းတော့ပါဘူး ...ကျွန်မအင်အားနဲ့မဖြေရှင်းနိုင်ရင် တရားရုံကပဲဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ် ... ကျွန်မသိက္ခာကိုစော်ကားတဲ့ ဘယ်သူ့ကိုမဆို ခွင့်လွှတ်မှာမဟုတ်ပါဘူး .... နောက်ဆုံးအထင်သေးစော်ကား သူက ကျွန်မရဲ့သမီးဖြစ်နေခဲ့ရင်တောင် ခွင့်လွှတ်မှာမဟုတ်ပါဘူး "
မပိုးဖြူအေးစက်ပြတ်သားစွာပြောပစ်လိုက်သည်။မိုးထက်၏ အစ်မဆိုသူသည် တော်ရုံအနေအထားမဟုတ်နိုင်သည်ကို မပိုးဖြူရိပ်စားမိပါသည်။ သို့သော်လည်း ကိုယ့်ဘ၀ကိုယ့်အကြောင်းနှင့် ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး သူများအထင်သေးစော်ကားတာကိုတော့ လက်မခံနိုင်တော့ပါ။တစ်ချိန်တုန်းကတော့ အားလုံးကို သည်းခံနိုင်သလောက်သည်းခံပြီးနေခဲ့ပြီးပြီဖြစ်သည်။ထိုသည်းခံခြင်းများအတွက်ပြန်ရလိုက်သည်မှာ အထင်အမြင်သေးစွာစော်ကားခံရခြင်းသာဖြစ်သည် မဟုတ်ပါလား။
" ဟုတ်ပါပြီလေ .. တို့ဘက်ကရိုင်းသလိုဖြစ်သွားခဲ့မိလို့ တောင်းပန်ပါတယ် ...တို့ကိုပြန်ခွင့်ပြုပါအုံး..."
ကျော့ကျော့စံတစ်ယောက် လိမ္မာပါးနပ်စွာပင် ပြောဆိုပြီး ပြန်သွားခဲ့လေသည်။ ~~~~
ကျော့ကျော့စံပြန်းသွားပြီးနောက် တစ်ခဏမျှကြာသောအခါ မိုးထက် ဆိုင်သို့ရောက်ရှိလာခဲ့လေသည်။
မိုးထက်သည် ဆိုင်ထဲသို့ရောက်သည်နှင့် မပိုးဖြူရှိရာဆီသို့ အလောတကြီးနှင့်လျှောက်သွားလိုက်လေသည်။
"ပိုးဖြူဆီကို ကျွန်တော့်အစ်မလာသွားတယ်ဆို ... အစ်မဘာတွေ ပြောသွားသေးလဲဟင်...ကျွန်တော်တောင်းပန်ပါတယ် ပိုးဖြူရယ်...နောက်ကိုဒီလိုထပ်မဖြစ်စေရပါဘူး ကျွန်တော်ကတိပေးပါတယ်...."
မောကြီးပန်းကြီးပုံစံနှင့် ဖြစ်နေသော မိုးထက်ကိုကြည့်ပြီး မပိုးဖြူမျက်မှောင်လေးကြုတ်လိုက်မိသည်။
"ရောက်လာတာမြန်လှချည်လား .... ဘာလဲ ကိုမိုးထက်က ကျွန်မဆိုင်မှာသူလျှိုထားထားတာလား "
မပိုးဖြူကအသံခပ်တိမ်တိမ်နှင့်မေးလိုက်သောအခါ မိုးထက်ခေါင်းကိုငုံ့ချလျက် တောင်းပန်စကားဆိုလိုက်လေသည်။
အေးဆေးတည်ငြိမ်သောအသံဖြင့်ပြောနေသော အမျိုးသမီးကို မပိုးဖြူဘာပြန်ပြောရမှန်းမသီဘဲကြောင်အနေမီသည်။
"ကဲပါ တို့ရှင်းရှင်းပဲပြောမယ်... တို့မောင်လေးနဲ့ မင်းမပတ်သက်ပါနဲ့တော့....လူဆိုတာ ကိုယ့်အခြေအနေကိုယ်သိတာ အကောင်းဆုံးပဲလေ "
ကြားလိုက်ရသောစကားကြောင့် မပိုးဖြူအံလေးကို မသိမသာကြိတ်လိုက်မိပြီး
" ဟုတ်ကဲ့ပါ မကျော့ကျော့စံ ...ကိုမိုးထက်နဲ့ကျွန်မကမိတ်ဆွေတွေပါ ...ကျွန်မတို့တွေ အသက်သုံးဆယ်ကျော်နေကြပြီမို့ ... မိတ်ဆွေအပေါင်းအသင်းထားတဲ့ကိစ္စက... ဒီလောက်ရေးကြီးခွင်ကျယ်ဖြစ်သွားမယ်မှန်းမသိလို့ပါ ... ကျွန်မ နဲ့ကိုမိုးထက်က မိတ်ဆွေတွေဖြစ်ခဲ့ပါတယ် ...မကျော့ကျော့စံအနေနဲ့ ဘာကိုစိတ်ပူပြီး ကျွန်မဆီကိုလာခဲ့လဲမသိပေမဲ့... ဒီလိုမျိုးပြောဖို့အတွက်ဆိုရင် ထပ်မလာပါနဲ့ရှင် .. ကျွန်မစိတ်ရူပ်မခံနိုင်လို့ပါ ... ပြောချင်ရင်မကျော့ကျော့စံရဲ့မောင်ကိုပဲပြောပါ ..."
"ဟ ...မင်းကစကားပြောတာမာလှချည်းလား "
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၂၀ ) ဆက်ရန်
#ဧကြည်ဖြူ
"ပိုးဖြူက အလုပ်ခန့်ပေးလို့ရပါတယ်...ဒါပေမဲ့ ပိုးဖြူဆိုင်က ရောင်းအားအရမ်းကြီးမကောင်းလို့ ...လစာကောင်းကောင်းပေးနိုင်မှားမဟုတ်ဘူးလေ ကိုမိုးထက်ရဲ့"
"လစာကို ပိုးဖြူနိုင်သလောက်ပဲ ပေးပါ ...အဓိကက သူ့ကိုစိတ်ချရတဲ့နေရာမှာ ထားချင်ရုံပါ...သူတို့ကမောင်နှမနှစ်ယောက်တည်းရှိတော့တာလေ ... ကျွန်တော့်တပည့်လေးကလဲ ...ကျွန်တော်တို့ အလုပ်ကပေးထားတဲ့ အဆောင်မှာနေတာမို့ သူ့အတွက် မသင့်တော်လို့ပါ "
နောက်ဆုံးတော့ ကောင်မလေးကို မပိုးဖြူလက်ခံ လိုက်ပါသည်၊၊ဘယ်လိုပဲဖြစ်ဖြစ် မပိုးဖြူတစ်ယောက်တည်းနေတာထက်စာလျှင် အဖော်လေးတစ်ယောက်ရှိတော့ မပိုးဖြူအတွက် အားကိုးရနိုင်သည်လေ။
~~~~~~~
"မင်း အခုတလော ဘာတွေလုပ်နေတာလဲ မျိုး ... ငါဆိုင်ကိုလာတိုင်း မင်းမရှိဘူး "
အဝတ်အစားလဲနေသော မျိုးမမအား ကိုဇင်မောင်သံပြတ်နှင့်မေးလိုက်သည်။
" မျိုးမှာ အလုပ်ကိစ္စတွေရှိလို့ပါ....အစ်ကိုလာတိုင်းအဆင်သင့်တွေ့ရအောင်တော့ မျိုးကထိုင်စောင့်မနေနိုင်ဘူးလေ "
မျိုးမမကလည်သံပြတ်နှင့် ပြန်ပြောလိုက်သည်။
" ဘာကွ ...မင်းဘာပြောတယ်မျိုး ...အရင်ကတော့ ငါမလာရင် မင်းပဲ ခေါ်ခဲ့တာမဟုတ်လား ... မင်းအခု ဘာအချိုးချိုးတာလဲ ပြောစမ်း "
ကိုဇင်မောင် ဒေါသကြောင့် မျက်နှာကြီးတစ်ခုလုံးနီးမြန်းလာပြီးနောက် မျိုးမမ၏ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ကာမေးလိုက်လေသည်။
"အို ဖယ်စမ်းပါ ...မျိုးကိုလာ မအော်နဲ့နော်... မျိုးကရှင့်မိန်းမလို ငြိမ်ခံနေမှာမဟုတ်ဘူး....ပါတီပွဲမှာ ရှင့်မယားဟောင်းကို တွေ့လိုက်ပြီးကတည်းက... ရှင်ကိုယ်တိုင်မူမမှန်ဖြစ်နေတာကိုရော သိရဲ့လား ... မျိုးကို အမိန့်လာမပေးနဲ့.မချုပ်ချယ်နဲ့နော် ... ရှင်နဲ့ မျိုးက လက်ထပ်ထားတာမဟုတ်ဘူး ...ရှင်မှာဘာမှပြောပိုင်ခွင့်မရှိဘူး သိရဲ့လား "
"ဘာကွ ..မင်း ...မင်း ..ငါပေးတာတွေကိုယူပြီး ဒီလိုစကားပြောထွက်တယ်ပေါ့ ဟုတ်လား "
ကိုဇင်မောင်၏စကားကြောင့် မျိုးမမလက်နှစ်ဖက်ကိုခါးမှာထောက်လိုက်ပြီး
"ပေးတယ်ဟုတ်လား ... တစ်ပဲ ခြောက်ပြားပေးတာကို ပြောတာလား...မျိုးရဲ့အပျိုစင်ဘ၀ကို ရှင် သိမ်းပိုက်ခဲ့တာကိုရော မေ့နေတာလား .... ဒီကိစ္စတွေကို မကျေနပ်ရင် တရားရုံးကပြောလို့ရတယ်နော် "
" မျိုးမမ ..မင်း...မင်းကွာ ..မိန်းယုတ်မ "
" ဘာ ...ဘာပြောတယ် ..ရှင်ဘာပြောလိုက်တယ် ...သွား... ခုချက်ချင်း ဒီကထွက်သွား ...ရှင်တို့ တစ်မိသားစုလုံး အရှက်မကွဲချင်ရင်... ကျွန်မဆိုင်ထဲကထွက်သွား "
"တောက် ''
ကိုဇင်မောင်တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး မျိုးမမ၏ ဆိုင်ထဲမှထွက်ခဲ့လေသည်။အပြန်လမ်းမတစ်လျှောက်မှာတော့ မိုးအတော်လေးချုပ်နေပြီဖြစ်၍ ကားလမ်းမတစ်လျှောက် ယာဉ်ကြောများပင်ရှင်းနေပြီဖြစ်လေသည်။
~~~~
ကိုဇင်မောင်သည် ပိတ်ထားသော အခန်းတံခါးကိုဖွင့်လိုက်ပြီးလျှင် အခန်းထဲသို့ဝင်လိုက်လေသည်။မပိုးဖြူထွက်သွားပြီးကတည်းက နှစ်လကျော်အတွင်း အခန်းထဲသို့ ကိုဇင်မောင်မဝင်ဖြစ်ခဲ့။အခန်းထဲသို့ရောက်လျှင် ခုတင်ပေါ်သို့ ကိုဇင်မောင်ခြေပစ်လက်ပစ်လှဲအိပ်ချလိုက်လေတော့သည်။
~~~~~~
"မပိုးဖြူဆိုတာရှိလား "
"ဟုတ်ကဲ့ ရှိပါတယ် ...ဆိုင်ထဲဝင်ပါရှင် ....."
"မမဖြူ ဧည့်သည်လာတယ် '"
ဆိုင်ခန်း၀မှ အသံများကြောင့် မပိုးဖြူ အင်္ကျီအဝတ်အစားများကို ဓါတ်ပုံရိုက်ယူနေရင်းမှ ဧည့်သည်ဆိုသူကို လှမ်း၍ ကြည့်လိုက်မိလေသည်။ထိုအခါ မပိုးဖြူမမြင်ဖူးသော ခေတ်ဆန်လှပသော အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
"ဟုတ်ကဲ့...ကျွန်မက မပိုးဖြူပါရှင် ... ဘာကိစ္စများရှိလို့လဲရှင် "
မပိုးဖြူ ဧည့်သည်အမျိုးသမီးကို ကြည့်ပြီးမေးလိုက်မိသည်။
" တို့ကကျော့ကျော့စံပါ....မင်းနဲ့ စကားပြောချင်လို့ ဒီမှာပဲပြောလို့ရမလား ...ဒါမှမဟုတ်ဆိုင်တစ်ဆိုင်ဆိုင်ကို သွားမလား "
ကျော့ကျော့စံက မပိုးဖြူ၏ တစ်ဆိုင်လုံးကိုဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။
''ဒီမှာပြောလဲရပါတယ် ..လွတ် လွတ်လပ်လပ်ပြောချင်ရင် အပေါ် ခန်းမှာတက်ပြောလို့ရပါတယ် ''
"ဒါဆိုလဲ ...အပေါ်မှာပဲ တက်ပြောကြတာပေါ့ '
~~~~~
အဖော်ကောင်မလေးကကော်ဖီပန်းကန်ကိုချပေးပြီး အောက်ထပ်သို့ပြန်ဆင်းသွားသည်နှင့် ကျော့ကျော့စံကစကားစလိုက်သည်။
" တို့လဲ အချိန်သိပ်မရတာမို့ လိုရင်းကိုပဲ ပြောကြပါစို့ ... မင်းနဲ့တို့ရဲမောင် မိုးထက်ကဘယ်လိုပတ်သက်နေတာလဲ ...ပါတီပွဲတောင် အတူတူတက်ခဲ့ကြတာဆိုတော့ ရိုးရိုးသာမာန်ခင်မင်မှုမျိုးတော့ မဟုတ်ဘူးထင်တယ် "
"ရှင် "
ကြားလိုက်ရသောစကားများအတွက် မပိုးဖြူမှာဖြုန်းခနဲ ဘယ်လို ပြန်ဖြေရမှန်းမသိဖြစ်သွားရလေသည်။
"ဖြေလေကွာ ...အမှန်တိုင်းပြောရရင် ..အဲဒီပါတီပွဲကို တို့မရောက်ခဲ့ပေမဲ့... ပါတီပွဲကျင်းပပြီး နာရီပိုင်းအတွင်းမှာပဲ... တို့မောင်လေးက အမျိုးသမီးတစ်ယောက်နဲ့အတူ ပွဲတက်ခဲ့တဲ့သတင်းကို စမ်း တို့သိခဲ့တယ် ... ဒါပေမဲ့တို့မောင်လေးနဲ့ ပွဲအတူတက်ခဲ့တဲ့မင်းက တစ်ခုလပ် အိမ်ထောင်ကွဲဆိုတာကိုတော့ မနေ့ကမှသိခဲ့ရတာ "
မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်တောက်တစ်ချက်ကို ခေါက်ပြီး ဆိုင်ထဲမှထွက်သွားလေသည်။
ကိုဇင်မောင်ထွက်သွားသည်နှင့် မပိုးဖြူဒေါသထွက်လွန်း၍ခြေလက်များတဆတ်ဆတ်တုန်ယင်လျက် ခုံပေါ်သို့အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိ သည်။
~~~~~
"အဘွားကိုမှန်မှန်ပြောစမ်း မြေးလေးရယ်.... မြေးလေးကို ပေးထားတဲ့ ရတနာတွေဘယ်မှာလဲ ... ဘယ်ရောက်ကုန်တာလဲကွယ် သမီးအမေ ယူသွားတာလား "
ဘွားအေဖြစ်သူက မေးနေသော်လည်း ပိုးအိဇင်ဘာမျှပြန်မဖြေဘဲ နှုတ်ဆိတ်၍ထိုင်နေလေသည်။
" ဆွဲကြိုးတွေ ...လက်ကောက်တွေ...လက်စွပ်တွေနဲ့ ဟမ်းချိန်းတွေ ဘာတစ်ခုမှကိုမရှိတော့ဘူး ...အဲ့ဒါတွေဘယ်ရောက်သွားတာလဲ မြေးလေး "
ဘွားအေကြီးက မေးလွန်းမက မေးလာသောအခါ ပိုးအိဇင် ထိုင်နေရာမှဆတ်ခနဲ ထရပ်လိုက်ပြီး
"မသိဘူး အဘွားရာ ...အဲ့ဒါတွေက ဘယ်လောက်တန်ဖိုးရှိလို့လဲ ...သမီးထက်ပိုပြီး တန်ဖိုးရှိနေလို့လားပြောပါအုံး....သမီးအတွက်ပေးထားတာပဲလေ ...သမီးသုံးလိုက်လို့မရဘူးလား .."
" မြေး .. မြေးလေး ... အဘွားကို ဘယ်လို ပြန်ပြောနေတာလဲကွယ် "
" မသိဘူးအဘွားရာ .... သမီးရဲ့ အခန်းထဲကနေ အဘွားအခုထွက်သွားပါတော့ ...သမီးနားချင်နေပြီ"
မြေးဖြစ်သူ၏ ပုံစံကြောင့်ဘွားအေကြီးမှာ အံ့ဩတုန်လှုပ်လျက် အခန်းပြင်သို့ထွက်ခဲ့လေသည်။
~~~~~~
" မျိုးထိုင်လေ... မျိုးဖုန်းဆက်တော့ အစ်ကိုကြီးကဝမ်းသာသွားမိတာကွ .....အစ်ကိုကြီးက ဖုန်းအရင်ဆက်မလို့ပဲ ...မျိုးစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့လေ "
"မဟုတ်တာ အစ်ကိုကြီးကလဲ ...အစ်ကိုကြီးလိုလူက မျိုးဆီကိုဖုန်းဆက်ရင် ...မျိုးကဂုဏ်တောင်ယူရအုံးမှာပဲရှင် "
သူဌေးကိုနောင်၏အပြောကို မျိုးမမကအပြုံးမျက်နှာလေးဖြင့်ပြန်၍ပြောလိုက်သည်။
"ကဲပါ .. ဟုတ်ပါပြီကွာ ...အခု မျိုးကို အကိုကြီးဘာကူညီပေးရမလဲပြော....အားမနာနဲ့နော်မျိုး "
ကိုနောင်က မျိုးမမတစ်ကိုယ်လုံးကို ခပ်စူးစူးကြည့်လိုက်ရင်း မေးလိုက်သည်။
"ဟို ...ဒီလိုပါအစ်ကိုကြီး...မျိုးကလေ မမကျော့နဲ့တွေ့ချင်လို့ပါ ...အဲ့ဒါမမကျော့ရဲ့ ဖုန်းနံပတ်ကလဲမရှိဘူး ...ပြီးတော့မမကျော့ကလဲ ကြိုတင်ချိန်းဆိုမထားဘဲ တွေ့လို့မရဘူးဆိုလို့ပါ ...အစ်ကိုကြီးဆီက အကူအညီတောင်းချင်လို့ပါ "
"ဪ ဒါလား ...ဘာများလဲလို့ ကွာ ... ကျော့နဲ့တွေ့ချင်တာ အလုပ်ကိစ္စအတွက်လား ....အလုပ်ကိစ္စအတွက်ဆိုရင် အစ်ကိုကြီးလဲကူညီပေးနိုင်ပါတယ် "
ကိုနောင်ကမျိုးမမ၏မျက်နှာကို အကဲခတ်ကြည့်၍ ပြောလိုက်သည်။
"အလုပ်ကိစ္စတော့ မဟုတ်ပါဘူး အစ်ကိုကြီး
~~~~~
အပြန်တွင်မျိုးမမငြင်းနေသည့်ကြားမှ ကိုနောင်ကသူကိုယ်တိုင်ပင် မျိုးမမကိုရန်ကင်း သို့လိုက်ပြန်ပို့ပေးလေသည်။
"တစ်ခုခုဝင်စားရအောင်လေမျိုး "
"ဟုတ်ကဲ့ အစ်ကိုကြီး "
ကားမောင်းလာရင်းမှ ကို နောင်က ပြောလိုက်သဖြင့် မျိုးမမခေါင်းကိုငြိမ့်ပြလိုက်လေသည်။
~~~~
အဆာပြေစာလေးစားဖို့အတွက်နှင့် ရန်ကုန်မြို့၏ ထိပ်တန်းဟော်တယ်ထဲသို့ ဝင်လာခဲ့သောအဖြစ်ကို မျိုးမမမှာမယုံကြည်နိုင်အောင် ဖြစ်နေမိလေ သည်။ကိုဇင်မောင်လိုလူမျိုးက ရက်ရောလှသည်ဟုထင်ခဲ့မိသော မျိုးမမမှာ သူဌေးကိုနောင်၏ အပေးအကမ်းရက်ရောမှုများကြောင့် အံ့ဩပြီးရင်းအံ့ဩနေမိလေသည်။
" မျိုးရဲ့ဆိုင်ရော အဆင်ပြေရဲ့လား ... "
"ဟုတ်ကဲ့ပြေပါတယ် အစ်ကိုကြီး ရယ် .. မီနီမတ်လေးဆိုတော့ ကြီးကြီးကျယ်ကျယ်တော့ ဘယ်ဟုတ်မလဲ ...အလုပ်သမားနှစ်ယောက် လောက်နဲ့ပဲ လည်ပတ်နေရတာပေါ့ "
" အင်း ... ဒီခေတ်အရ မျိုးရဲ့ဆိုင်လိုမျိုးက ဈေးဝယ်စင်တာကြီးတွေမှာ ...ဆိုင်ခန်းဖွင့်ရောင်းတာက ပိုအဆင်ပြေတာ ...အဲ့ဒီလိုမျိုး ဆိုင်ခန်းဖွင့်ချင်ရင်ပြောနော် ...အစ်ကိုကြီးကူညီပေးမယ် ...."
"ရှင်..ဟုတ်..ဟုတ်ကဲ့ "
သူဌေးကိုနောင်၏စကားကြောင့် မျိုးမမရင်တွေတထိတ်ထိတ်ခုန်သွားရလေသည်။ထို့အတူကိုနောင်၏ အကြည့်များသည်လည်း မရိုးသားကြောင်းကို မျိုး မမသိရှိလိုက်သည်။မျိုးမမလို အိမ်တစ်လုံးသာဟန်ပြရှိသူအတွက် ကိုနောင်၏ချမ်းသာကြွယ်ဝမှုသည် မက်မောစရာဖြစ်နေသည်မှာတော့ အမှန်ပါပင်။မျိုး မမသည် ခေါင်းကိုငုံ့လျက် မသိမသာပြုံးနေမိလေသည်။
ကိုနောင်သည်လည်း ဝိုင်တစ်ခွက်ကို အရသာခံသောက်ရင်း မျိုးမမကိုပြုံး၍ကြည့်နေလေသည်။
~~~~~~
" သူ ..သူကဘယ်သူလဲ "
မိုးထက်ကိုကြည့်ပြီး မပိုးဖြူခပ်တိုးတိုးမေးလိုက်မိသည်။မမေးလို့လည်းမဖြစ်။မိုးထက်က ကောင်းမလေးတစ်ယောက်ကို မပိုးဖြူ၏ ဆိုင်သို့ခေါ်လာခဲ့ခြင်းဖြစ်သည်။ကောင်မလေးက ဆယ့် ကိုးနှစ်ဆယ်အရွယ်လေး။
"ဟိုလေ .... ပိုးဖြူရဲ့ဆိုင်လဲ ရောင်းအားတက်လာပြီမဟုတ်လား ... သူ့ကို အလုပ်ခန့်လိုက်ပါ နော် ... ကျွန်တော့်တပည့်တစ်ယောက်ရဲ့ ညီမလေးပါ ... ကျွန်တော့်ဆိုင်မှာက ...အမျိုးသမီးဝန်ထမ်းမထားလို့ပါ ... ညရေးညတာဆို ပိုးဖြူလဲ အဖော်ရအောင်လေ"
မိုးထက်၏စကားကြောင့် မပိုးဖြူက မိုးထက်ကြားသာရုံ လေသံမျှနှင့် ပြန်ပြောလိုက်ရသည်။
"ကျွန်တော့်ရဲ့ ဆိုင်အထိတောင်လာခဲ့တယ်ဆိုတော့ .. မျိုးမမမှာ အရေးတကြီးကိစ္စများရှိနေတာလား ... ကားအရောင်းအဝယ်ကိစ္စဆိုရင်တော့... ကျွန်တော့်မန်နေဂျာက ...ကျွန်တော့်ထက်တောင်ပိုပြီးရှင်းပြနိုင်ပါတယ် "
မိုးထက်သည် မျိုးမမ၏ရှေ့တွင် ထိုင်လိုက်ပြီးဟန်မပျက် ပြောလိုက်သည်။ပါတီပွဲပြီးသည့် နှစ်ရက်မြောက်နေ့တွင် မျိုးမမကိုယ်တိုင်ပင် ဖုန်းဆက်ချိန်းပြီးမိုးထက်၏ကားအရောင်းပြခန်းအထိရောက်လာခဲ့ခြင်းဖြစ်လေသည်။
"ကိုမိုးထက်ကိုပြောပြစရာလေးရှိလို့.. မျိုးလာခဲ့တာပါ...ဒီစကားတွေအတွက်... မျိုးကိုတစ်မျိုးတော့မထင်စေချင်ဘူး "
"ဟုတ်ကဲ ပြောပါ ...မျိုးမမ ....ဘာအကြောင်းများလဲ မသိဘူး "
မိုးထက်က ခပ်အေးအေး ပင်ပြန်မေးလိုက်သည်။
"ဒီလိုပါ ကိုမိုးထက် ...ပါတီပွဲညက .... ကိုမိုးထက်နဲ့ပါလာတဲ့တစ်ယောက်အကြောင်းပါ......ကိုမိုးထက် သူနဲ့ဘယ်လိုဆုံခဲ့လဲမသိပေမဲ့ ...သူကအိမ်ထောင်သည်ပါ ...ကလေးလဲရှိတယ်......သူခင်ပွန်းကကိုဇင်မောင်ပါ....မျိုးက ကိုမိုးထက်ပြဿနာတက်မှာစိုးလို့ စေတနာနဲ့လာပြောပြတာပါရှင် ... ကိုဇင်မောင့်နဲ့ ရင်းနှီးတဲ့ ရတနာစိုးက မျိုးရဲ့သူငယ်ချင်းဆိုတာ..ကိုမိုးထက်သိတယ်မဟုတ်လား "
မျိုးမမ၏စကားကို ကြားလိုက်ရသောအခါ မိုးထက်မသိမသာပြုံးလိုက်မိသည်။
"အခုလိုစေတနာအပြည့်နဲ့လာပြောပြပေးလို့ ကျေးဇူးပါဗျာ ...ပိုးဖြူရဲ့ကိစ္စတွေအားလုံးကို ...ကျွန်တော်သိပါတယ် ..... ပိုးဖြူက သူအိမ်ထောင်ကွဲခဲ့တာရော ... သူ့အမျိုးသားက နောက်တစ်ယောက်နဲ့ဖောက်ပြန်ပြီး... သူနဲ့ကွာရှင်းခဲ့တာရော ...အားလုံးပြောပြပါတယ်...သူတို့လဲရှေ့နေရှေ့ရပ်နဲ့ ပြတ်ပြတ်သားသားကွာရှင်းပြီးပြီဖြစ်လို့ ကျွန်တော်တို့နှစ်ယောက်တွဲနေတာ ဘာပြဿနာမှတော့မရှိလောက်ဘူးထင်ပါတယ်.... အိမ်ထောင်သည်နဲ့တိတ်တိတ်ပုန်တွဲနေတာလဲမဟုတ်တော့ ....ကျွန်တော်သူ့ကိုပွဲအထိ ခေါ်ခဲ့တာပေါ့ ... မျိုးမမပြောပြပေးလို့လဲ ကျေးဇူးတင်ပါတယ် ... ကျွန်တော်တို့က တွေ့တာမကြာလုသေးပေမဲ့ တစ်ယောက်အကြောင်းတစ်ယောက်အကုန်ဖွင့်ပြောပြခဲ့ကြပြီး အတည်အတံ့တွဲခဲ့ကြတာ ပါ ..... အသက်တွေလဲမငယ်ကြတော့ဘူးဆိုတော့... အချိန်ကာလတစ်ခုကြာရင် လက်ထပ်ကြမှာပါ "
" ဪ ... ဟုတ်လား ...မျိုးကမသိလို့ပါနော် ..... ကိုမိုးထက်ဘာမှမသိဘဲ ပြဿနာတက်နေမှာစိုးလို့ မျိုးကလာပြောပြမိတာပါ ...မျိုးကို စိတ်မဆိုးနဲ့နော် "
"ရပါတယ်ဗျာ ....ခုလိုလာပြောပြပေးတာကိုပဲ ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ .... မျိုးကို ပြန်ခွင့်ပြုပါအုံး "
မျိုးမမက နှုတ်ဆက်ပြီး ထိုင်ရာမှထလိုက်သောအခါ မိုးထက်လည်း ထိုင်နေရာမှထလိုက်ပါသည်။
" မျိုးမမမှာ ကားမပါဘူးထင်တယ်.... ကျွန်တော့်အလုပ်သမားလေးတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်လေ "
"ရပါတယ် ကိုမိုးထက် ... မျိုးကားငှါးလာခဲ့တာပါ "
ပြောပြီးသည်နှင့် ကျောခိုင်း၍ ထွက်သွားသော မျိုး မမကိုကြည့်ပြီး မိုးထက်စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကိုခါယမ်းလိုက်မိလေသည်။
~~~~~~~
မျိုးမမသည် မိုးထက်၏ဆိုင်မှပြန်ထွက်လာခဲ့ပြီးနောက်တွင် တွေ့ရာ တက္ကစီကားကိုငှားစီးလိုက်သည်။ကားပေါ်သို့ရောက်သောအခါမှ မျိုးမမလက်သီးကို ဆုပ်၊အံကိုတင်းတင်းကြိတ်၍ ဒေါသစိတ်များကို ဖွင့်ထုတ်နေမိသည်။ဘာမဟုတ်သော မိန်းမတစ်ယောက်ဆီမှာ ရှုံးနိမ့်သွားရခြင်းအတွက် ကြိတ်မနိုင်ခဲမရဖြစ်နေမိသည်။ပါတီပွဲညက ကိုဇင်မောင်အပါအဝင် ယောကျာ်းသားများ၏ မျက်လုံးများက မပိုးဖြူအပေါ် ကျရောက်နေခြင်းကို မျိုးမမ မကျေနပ်။အထူးသဖြင့် မိုးထက်၏အရိပ်တကြည့်ကြည့်ဖြစ်နေသော အကြည့်များကို မျိုးမမမုန်းတီးလှသည်။မျိုးမမသည် မပိုးဖြူဆိုသောထိုမိန်းမနှင့်အဖက်ဖက်မှဘယ်လိုနှိုင်းယှဉ်ယှဉ်မယှဉ်နိုင်စရာအကြောင်းမရှိ။မျိုးမမ မကျေမနပ်တွေးနေမိရင်း အံလေးကိုတင်းတင်းကြိတ်လျက်ဖုန်းကိုထုတ်၍ တစ်ယောက်သောသူဆီသို့ဆက်လိုက်သည်။
~~~~~
ဆိုင်ပေါက်ဝတွင် မျက်နှာ ထားခပ်ထန်ထန်နှင့် ရပ်နေသော ကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူ အံ့သြတုန်လှုပ်သွားမိသည်။
"ရှင် ...ရှင်ဘာလာလုပ်တာလဲ ... ရှင် ဒီကိုလာစရာအကြောင်းမရှိဘူး "
ကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူ ဒေါသနှင့်ပြောပစ်လိုက်မိသည်။
"အေး ....ငါကလဲလာချင်လို့လာတာမဟုတ်ဘူး...မင်းကိုမေးစရာရှိလို့လာတာ ..မင်းကငါနဲ့ကွာရှင်းတာ နှစ်လပဲရှိသေးတယ် .. ဟို ကောင်နဲ့တွဲနေတယ်ဆိုတော့... ငါနဲ့မကွာရှင်းခင်ကတည်းက .....မင်းတို့ဖောက်ပြန်နေကြတာလား "
" ဘာ ..ဘာပြောတယ် ...ရှင်ရူးနေလား....ရှင်မရှက်တတ်ဘူးလား ...လူတိုင်းကို ရှင်တို့လို အောက်တန်းစားတွေမှတ်နေလား ... ရှင်အရင်က ကျွန်မကို စိတ်ဒုက္ခတွေအမျိုးမျိုးပေးခဲ့လဲ သည်းခံနေခဲ့တာက သမီးလေးမျက်နှာကိုထောက်ပြီးသည်းခံခဲ့တာနော် ...အခုရှင်နဲ့ ကျွန်မဘာမှမဆိုင်တော့ဘူး ... ကျွန်မကို လာပတ်သက်ပြီး အထင်သေးစကားလာမပြောနဲ့ ငြိမ်ခံနေမှာမဟုတ်ဘူး ... နောက်ထပ် ကျွန်မဆိုင်ကို ရောက်လာတာပဲဖြစ်ဖြစ်.... နှုတ်ကနေစော်ကားတာပဲဖြစ်ဖြစ် ထပ်လုပ်ခဲ့ရင်.... သက်ဆိုင်ရာကပဲ စကားပြောတော့မယ် ... ကျွန်မ ဆိုင်ကနေ...အခုချက်ချင်းရှင်ထွက်သွားပေးပါ "
" တောက် ... "
