fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
"လာပြန်ပြီလား ဒီသခင်မလေးက ...ကျွန်မကို နာမည်ကိုခေါ်လို့ ဘယ်နှစ်ခါပြောထားရမလဲ " " နာမည်ကို ဘယ်လိုခေါ်ရမှာလဲ မပန်းရိပ်ဖြူလို့ ခေါ်ရမှာလား အဲ့ဒီလိုခေါ်ရင်မလှပါဘူး.....ပန်းရိပ်ဖြူလို့လဲ ခေါ်လို့မဖြစ်ဘူးထင်တယ် ... ဘွားကြေးဥရှေ့ ခေါ် မိလို့ အလုပ်ပြုတ်နေပါအုံးမယ် ... မမလေးလို့ပဲခေါ်တော့မယ် ..ကဲ ...အခုရောမမလေးက ဒီမှာဘာလာလုပ်နေတာလဲ ..ကျွန်တော့်ကို ဘာမေးစရာရှိလို့လဲ " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ပန်းရိပ်ဖြူက ထိုင်နေရာကထရပ်လိုက်ပြီး ဘုန်းသိင်္ခရဲ့လက်တစ်ဖက်ကို ဆတ်ခနဲလှမ်းဆွဲကိုင်လိုက်တယ်။ "ဟာ ..ခင်ဗျား ...ခင်ဗျားဘာလုပ်တာလဲဗျ " ဘုန်းသိင်္ခ အထိတ်တလန့် မေးလိုက်ရင်းနဲ့ ပန်းရိပ်ဖြူကို အလန့်တကြားကြည့်လိုက်မိတယ်။ ================================== အပိုင်း(၁၉)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/

...စိတ်ကလဲ မဖောက်ပြန်နဲ့.....အကြည့်နဲ့လဲ မဖောက်ပြန်နဲ့ ငါသတိပေးပြီးပြီနော်.." ပန်းရိပ်ဖြူက သူမပြောချင်တာကိုပြောပြီးတာနဲ့ အခန်းထဲကပြန်ထွက်ခဲ့တယ်။အခန်းထဲမှာကျန်ခဲ့တဲ့ အလွမ်းဆွတ်မှာ အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီ နှုတ်ခမ်းကိုတင်းတင်းကိုတ်ထားမိတယ်။နှုတ်ခမ်းတွေကိုကိုက်ထားတဲ့ကြားက မျက်ရည်တွေက ပါးပြင်ပေါ်ကိုတလိမ့်လိမ့်စီးကျလာခဲ့တယ်။ ~~~~~~~~~~~~~ ဒေါ်ပန်းမြိုင်တစ်ယောက် တူမဖြစ်သူအခန်းထဲကထွက်လာတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ထိတ်လန့်သွားရတယ်။ " သမီးပန်းရိပ်...အလွမ်းဆွတ်နဲ့ဘာကိစ္စရှိလို့လဲ..." " ဘာကိစ္စမှမဟုတ်ပါဘူး အမေ...စကားပြောစရာလေးရှိလို့်ပါ....အကြောင်းမရှိဘဲနဲ့တော့ အမေ့တူမကို ...ပန်းရိပ်အနိုင်မကျင့်ပါဘူး စိတ်ပူမနေပါနဲ့ ...ဒါပေမဲ့ သမီးမကြိုက်တာကိုလုပ်ရင်တော့ ခွင့်မလွှတ်ဘူးနော်...လူတွေကဘယ််သူမှယုံရတာမဟုတ်ဘူး...အားလုံးက ပန်းရိပ်ကို အရူးလို့်သက်မှတ်ပြီး မကောင်းကြံချင်နေကြတာ " " အို..သမီးရယ်ဘယ်လိုပြောလိုက်တာလဲ...သမီးအဲ့ဒီလိုတွေ ပြောလို့ ..လူတွေက သမီးကို မုန်းကြတာလေ ... ဘာပဲဖြစ်ဖြစ်အလွမ်းကလဲ သမီးနဲ့ ညီမဝမ်းကွဲတော်တယ်....သူ့ခမျာ... အမေတို့ မိသားစုမျက်နှာကို ကြည့်နေရရှာတာပါ...ပြီးတော့ အလုပ်သမားတွေဆိုတာလဲ သူတို့ခမျာ သူတို့ဘဝကိုအလိုလိုနေရင်းအားငယ်နေကြတဲ့သူတွေလေ ... ဒီကြားထဲမှာ သမီးက အခုလိုတွေစွပ်စွဲပြောဆိုနေရင် ဘယ်ဖြစ်မလဲ...သူတို့တွေ အားလုံး သမီးကိုရွံကြောက်ကြီးဖြစ်နေကြလိမ့်မယ် ... လာမဲ့ သမီးရဲ့မွေးနေ့ပွဲက ဘယ်လောက်အရေးကြီးလဲ သိတယ်မဟုတ်လား ...သမီးရဲ့ ဘွားလေးတို့က မစားရတဲ့အမဲကို သဲနဲ့ပတ်ချင်နေကြတာနော် ..သမီးအစစအရာရာ ဂရုစိုက်ရမယ်..ဘာပဲဖြစ်ဖြစ် ...တစ်ခုခုဆိုရင် အမေတို့ကိုပြောရမယ်...မောင်စိုင်းမြတ်ကို သမီးလက်ခံစဉ်းစားတာကိုလဲ အမေတို့သဘောတူတယ်..ဒါပေမဲ့ အရမ်းတော့ မယုံကြည်ပါနဲ့ သမီး..." " ဟုတ်ကဲ့ပါ အမေ " ပန်းရိပ်ဖြူ မိခင်ဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်ပြီး ခြံထဲကို ဆင်းလာခဲ့လိုက်တယ်။ ~~~~~ " ဒေါက်...ဒေါက် " " အလွမ်းရေ ..အမေပန်းမြိုင် ပါ ...ခဏလောက်တံခါးဖွင့်ပေးပါအုံး " တံခါးခေါက်သံနဲ့အတူ နာမည်ခေါ်သံကိုပါ ကြားလိုက်ရတာကြောင် အခန်းတံခါးကို အလွမ်းဆွတ်ထဖွင့်ပေးလိုက်တယ်။ "အလုပ်ထဲသွားတော့မှာလား သမီးလွမ်း " " ဟုတ်ကဲ့ အမေပန်းမြိုင် .. အလွမ်းကို ဘာခိုင်းစရာရှိလို့လဲဟင် " " အင်း ..ခိုင်းစရာမရှိပါဘူးကွယ်... ခုနတုန်းက ပန်းရိပ်ကသမီးကို ပြဿနာလာရှာသွားတာလား ...ဘာပဲဖြစ်ဖြစ် သည်းခံပေးပါသမီးရယ် ... ပြီးတော့ သမီးလွမ်းလဲ အနေအထိုင်ဆင်ခြင်ပါနော်... ဒီစကားက သမီးကိုစိတ်ဆိုးလို့ ဆူတာမဟုတ်ဘူးနော် ...သမီး လွမ်းလိမ္မာတာကို အမေပန်းမြိုင်သိပါတယ် ... ပန်းရိပ်ကတော့... လူတကာကိုစိတ်တိုင်းမကျတာကိုလဲ အမေပန်းမြိုင်လဲသိပါတယ်ကွယ် ...အထူးသဖြင့် မောင်စိုင်းမြတ်နဲ့ မပတ်သက်နဲ့နော် သမီးလွမ်း " " ရှင်... ဟုတ်..ဟုတ်ကဲ့ပါ အမေပန်းမြိုင် " ကြီးတော်ဖြစ်သူရဲ့ စကားကြောင့် အလွမ်းဆွတ်ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားရပြီး တုန်တုန်လှုပ်လှုပ်နဲ့ ပြန်ဖြေလိုက်မိတယ်။ ~~~~~~~ ဘုန်းသိင်္ခ လက်ကနာရီကို ငုံ့ကြည့်လိုက်ပြီးတော့ ကသစ်မြိုင်စံအိမ်ကြီးဆီကို မသိမသာ လှမ်းကြည့်လိုက်မိတယ်။မနေ့မနက် ပန်းရိပ်ဖြူမေ့လဲသွားခဲ့ပြီးကတည်းက လူချင်းတွေ့ခွင့်မရတာမို့ ဘုန်းသိင်္ခစိတ်ထဲ သိချင်စိတ်တွေဖြစ်နေမိတာလေ။မပိတ်စဖူးပိတ်ထားတဲ့ ပြတင်းပေါက်ကို မြင်လိုက်ရတော့ ဘုန်းသိင်္ခခေါင်းကို အသာယမ်းခါလိုက်မိပြီး ကားဂိုထောင်ထဲကိုဝင်ခဲ့လိုက်တယ်။ " ဘာလို့နောက်ကျနေတာလဲ ...စောင့်နေတာကြာလှပြီ " " ဟာဗျာ ...လန့်လိုက်တာ သခင်မလေးရယ် " ဘုန်းသိင်္ခကားဂိုထောင်ထဲကို ဝင်လိုက်ချိန်မှာပဲ ပန်းရိပ်ဖြူကို ရုတ်တရက်တွေ့လိုက်ရတာမို့ လန့်ဖျပ်သွားရတယ်။ "ဘာလန့်တာလဲ ...ရှင့်က ဘာမဟုတ်တာတွေလုပ်ထားလို့လဲ " "ဪ ....ကျွန်တော်လန့်တာကျတော့ ...ဘာမဟုတ်တာတွေလုပ်ထားလို့လဲဆိုပြီးပြောတယ်ပေါ့ ဟုတ်လား ...ဒါနဲ့ ခင်ဗျားသက်သာလား ..မနေ့က ဘာဖြစ်တာလဲ ... ကျွန်တော့်မှာ နေရင်းထိုင်ရင်းနဲ့ ခင်ဗျား အဘွားခေါ်ဆူတာ ခံလိုက်ရသေးတယ် ...အခုရော အဆင်ပြေလား " " အင်း ပြေပါတယ် ..မနေ့ကတည်းက ဆရာဝန်ရောက်လာတယ်လေ ....အိပ်ရာကနိုးလာတော့ အဆင်ပြေသွားပါပြီ ..ဒါနဲမနေ့တုန်းက ..ရှင့်ကိုကြည့်ပြီး စိတ်ထဲမှာဘာဖြစ်သွားတာလဲ မသိဘူး ... ဟို ..အယ် ..ဆိုင်ကယ်ကြီးကလဲ အလိုလိုလဲကျလာတယ်ဆိုတော့ ...ကျွန်မကို သရဲဝင်ပူးတာလားမသိဘူးနော် ..." " ဗျာ ...သရဲပူးတယ်ဟုတ်လား .. ပေါက်ကရဗျာ ...အဲ့ဒါတွေကို ယုံတယ်လား ...အဲ့ဒီလိုစကားမျိုးတွေကို ဘယ်သူက ပြောတာလဲ " " အင်း ....ဘယ်သူမှမပြောဘူး ...သရဲစာအုပ်တွေထဲမှာ ဖတ်ဖူးတာလေ ...ရန်ကုန်မှာနေတုန်းက အိမ်ကအလုပ်သမားတွေဖတ်နေလို့ ....တောင်းဖတ်ကြည့်ရာကနေ ကြိုက်သွားပြီး အများကြီးဝယ်ဖတ်ခဲ့တာလေ ...ကသစ်မြိုင်ကိုတောင် ယူလာခဲ့သေးတယ် ... အမေတို့က စာအုပ်တွေ လွှင့်ပစ်မယ် ပြောထားလို့ ခိုးပြီးဖတ်နေရတာ " " ဪ ...ဖြစ်မှဖြစ်ရလေ သခင်မလေးရယ် "

စိုင်းမြတ်က မေးလိုက်ရင်းနဲ့ နေရာက ထလိုက်ပြီးတော့ အလွမ်းဆွတ်ရဲ့ကိုယ်လုံးလေးကို သိမ်းဖက်လိုက်တယ်။ " ပန်းရိပ်အတွက် ...အမေပန်းမြိုင်ခိုင်းတာတွေလုပ်ပေးနေရလို့်ပါ...အစ်ကိုရောအလုပ်တွေပါလာသေးတာလားဟင် " အလွမ်းဆွတ်က စိုင်းမြတ်ရဲ့ရင်ခွင်ထဲကနေ မျက်နှာလေးမော့ကြည့်ပြီး စိုင်းမြတ်ကိုမေးလိုက်တယ်။ " အလုပ်ပါလာပေမဲ့ ..အလွမ်းကိုစောင့်နေရင်းနဲ့ လုပ်လိုက်တာ ပြီးသွားပါပြီ...ပန်းရိပ်သက်သာတယ်မဟုတ်လားဟင် ...ဪ ဆောရီးနော် အလွမ်း.....အလွမ်းအတွက် အစ်ကို့မှာလက်ဆောင်ပါလာတယ် သိလား " စိုင်းမြတ်ကမေးလိုက်ပြီးမှ အလွမ်းဆွတ်ကို အားနာသွားမိကာ ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းကိုအမြန်လွဲလိုက်တယ်။တကယ်ဆိုရင် စိုင်းမြတ်နဲ့အလွမ်းဆွတ်က ချစ်သူတွေမဟုတ်ကြပေမဲ့အခုဆိုရင် သမီးရည်းစားအဆင့်ထက် ကျော်လွန်တဲ့အခြေအနေကို ရောက်ရှိနေခဲ့ကြပြီလေ။ကာမတဏှာဆိုတာကလဲ သောက်လေသောက်လေငတ်မပြေလို ဖြစ်နေလေတော့ အပန်းဖြေစခန်းမှာ နှစ်ယောက်သားမှားမိခဲ့ကြပြီးတဲ့နောက်ပိုင်းမှာ ကသစ်မြိုင်မှာလဲ တစ်ခါတစ်ရံအခုလိုမျိုးထပ်ပြီးဆုံဖြစ်ခဲ့ကြတယ်။နှစ်ယောက်သား ဒီအခြေအနေကို မသင့်တော်မှန်းသိပေမဲ့လဲ အထိအတွေ့ကိုမလွန်ဆန်နိုင်ကြဘဲ ရှေ့ဆက်တိုးနေခဲ့မိကြတာ။ပြီးတော့ နှစ်ယောက်သားကြားမှာ စည်းတွေဘောင်တွေမသက်မှတ်ထားကြတဲ့တွေ့ဆုံမှုနဲ့တွေ့ဆုံနေခဲ့ကြတာဖြစ်တယ်။တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာခံစားချက်ကိုတစ်ယောက်က မပြောကြဘဲနှစ်ယောက်သားတွေ့ဆုံနေခဲ့ကြတာဖြစ်တယ်။ဒါကြောင့်လဲ နှစ်ယောက်သား တွေ့ဆုံချိန်မှာ မလိုအပ်တဲ့ စကားတွေကိုမပြောဘဲ အလိုက်သိစွာနဲ့ ရှောင်ပြီး ပြောခဲ့ကြတာလေ။ ~~~~~~~~~~~~~~~~ ပန်းရိပ်ဖြူအိပ်ရာကနိုးတာနဲ့ မျက်နှာအမြန်သစ်ပြီး ပြတင်းပေါက်လိုက်ကာစနောက်ကနေ ကားဂိုထောင်ဘက်ကိုလှမ်းကြည့်နေလိုက်တယ်။ပန်းရိပ်ဖြူရဲ့အခန်းကနေလှမ်းကြည့်ရင် ကားဂိုထောက်ကိုလှမ်းမြင်နေရတယ်။ဒီလိုမြင်ရအောင်လဲ ပန်းရိပ်ဖြူစိတ်ကြိုက်အခန်းကိုရွေးချယ်ခဲ့တာလေ။ပန်းရိပ်ဖြူ ရဲ့ အခန်းကနေလှမ်းကြည့်ရင် ခြံထဲကပန်းခြံကိုလှမ်းမြင်ရသလို သူမရဲ့ဆိုင်ကယ်တွေကားတွေထားတဲ့နေရာကိုလဲ မြင််နေရတယ်လေ။ပန်းရိပ်ဖြူကြည့်နေတုန်းမှာပဲ ကားဂိုထောင်အပေါ်ထပ်ကနေဆင်းလာတဲ့စိုင်းမြတ်ကိုတွေ့လိုက်ရတာမို့ လိုက်ကာစ လေးကို လက်နဲ့အသာဖယ်မလိုက်ပြီး ရပ်ကြည့်နေလိုက်တယ်။စိုင်းမြတ်ကလဲ သူမအခန်းရှိရာဆီကိုတစ်ချက်လှမ်းကြည့်ပြီး လက်ကိုဝှေ့ယမ်းပြတာမို့ သူမလဲလက်ကိုဝှေ့ယမ်းပြလိုက်တယ််။သူမအတွက်တော့ အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုကောင်းကောင်းနားမလည်နိုင်ပေမဲ့ စိုင်းမြတ်ကိုအားကိုးယုံကြည်မိတယ်။ယုံကြည်တာက အချစ်ဆိုရင်တော့ စိုင်းမြတ်ကိုသူမချစ်နေတယ်လို့ပြောရလေမလား။စိုင်းမြတ်ကို လက်လှမ်းပြလိုက်ပြီးတော့ ပန်းရိပ်ဖြူလှည့်ထွက်ဖို့ပြင်လိုက်ချိန်မှာပဲ ပန်းခြံဘက်ကိုအမှတ်တမဲ့လှမ်းကြည့်လိုက်မိတယ်။ဒီအခါ ပန်းခြံထဲမှာပန်းတွေခူးနေတဲ့ အလွမ်းဆွတ်ကိုတွေ့လိုက်ရပြီး အလွမ်းဆွတ်နဲ့စိုင်းမြတ်တို့တစ်ယောက်နဲ့တစ်ယောက်လှမ်းပြီး ကြည့်နေကြတာကိုတွေ့လိုက်ရတယ်။ဒီမြင်ကွင်းက ခဏလေးဆိုပေမဲ့ စိတ်ထဲရှုပ်ထွေးသွားသလိုခံစားလိုက်ရတယ်။သူမဖတ်ဖူးကြည်ဖူးခဲ့တဲ့ ဝတ္ထုတွေဇာတ်လမ်းတွေထဲမှာ ဒီလိုမြင်ကွင်းမျိုးကို မြင်ရပြီဆိုရင် နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတတ်တယ်လေ၊။သူမစိတ်ရှုပ်ရှုပ်နဲ့ခေါင်းကိုခါယမ်းလိုက်မိပြီး ပြတင်းပေါက်လိုက်ကာစကိုဆွဲပိတ်လိုက်မိတယ်။ ~~~~~~~~~~~~~~ " ဒေါက်...ဒေါက် " တံခါးခေါက်သံကြောင့် အလွမ်းဆွတ်တံခါးကိုထဖွင့်လိုက်တယ်။ဒီအခါ တံခါးဝမှာ ရပ်နေတဲ့ ပန်းရိပ်ဖြူကိုတွေ့လိုက်ရတာမို့ အလွမ်းဆွတ်ကိုယ်လေးမသိမသာတုန်ယင်သွားမိတယ်။ " ပန်းရိပ် ...ဘာခိုင်းစရာရှိလို့လဲဟင် " အလွမ်းဆွတ်က အသံကိုမတုန်အောင် ထိန်းပြီးမေးလိုက်တယ်။ ပန်းရိပ်ဖြူက အလွမ်းဆွတ်ရဲ့အမေးကိုမဖြေဘဲ အခန်းထဲကိုဝင်ပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။ပန်းရိပ်ဖြူရဲ့အပြုအမူကြောင့် အလွမ်းဆွတ်ပိုပြီးတုန်လှုပ်သွားမိတယ်။ " ဘာ...ဘာဖြစ်လို့လဲ ပန်းရိပ် " " နင့်ကိုမေးစရာရှိလို့အလွမ်းဆွတ်...ငါမေးတာက်ို အမှန်တိုင်းဖြေပါ...လိမ်ရင်ငါမကြိုက်ဘူးနော်..." " မေး...မေးလေ...ငါသိတဲ့ကိစ္စဆိုရင် ...အမှန်အတိုင်းပြောမှာပါ " " အေး..နင်သိတဲ့ကိစ္စမဟုတ်ဘူး...နင့်ကိစ္စကိုပဲမေးမှာ ...နင်နဲ့ကိုစိုင်းမြတ်ကြားမှာ... ဘာပတ်သက်မှုရှိကြလဲ...နင်တို့နှစ်ယောက်ပတ်သက်နေကြတာလား ...ဒါမှမဟုတ် တစ်ယောက်ယောက်ဘက်က တစ်ဖက်သတ်ကြိုက်နေတာလား...အမှန်တိုင်းပြော ..." "ဘာ...ဘာပြောတယ်ပန်းရိပ်...ငါနဲ့ကိုစိုင်းမြတ်ဘာ....ဘာမှမပတ်သက်ပါဘူး ...နင်နဲ့ကိုစိုင်းမြတ်ကိုဘွားကြေးဥကသဘောတူထားတာကိုလဲ ငါသိပါတယ်...ငါတို့ရိုးရိုးသားသားခင်နေတာပါ " " ဟုတ်လား...သေချာတယ်နော်...အေး ..ငါနဲ့ကိုစိုင်းမြတ်တွဲကြည့်ဖို့အတွက် ငါလက်ခံထားတယ်...လက်ထပ်တာကတော့ အမေတို့သဘောတူမှလက်ထပ်မှာ...ငါတို့လက်ထပ်ဖို့မသေချာသေးပေမဲ့ ....ငါတို့ကရည်းစားတွေအဖြစ်သက်မှတ်ထားကြတယ်..အဲ့ဒါကြောင့် ငါ့ရည်းစားနဲ့ တခြားမိန်းမပတ်သက်တာကိုမကြိုက်ဘူး..နင်အနေအထိုင်ဆင်ခြင်ပါ...သူများရည်းစားကိုကြည့်တဲ့အကြည့်တွေကအစသတိထားပါ

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၈ ) akyiphyu ********* ပန်းရိပ်ဖြူရဲ့ ထူးထူးဆန်းဆန်းမေးခွန်းကြောင့် ဘုန်းသိင်္ခမှာ ကြောင်အမ်းအမ်းဖြစ်သွားရတယ်။ ဘုန်းသိင်္ခရဲ့အမေးကိုမဖြေဘဲ ပန်းရိပ်ဖြူက ဘုန်းသိင်္ခကိုစူးစိုက်ကြည့်နေပြီးတော့မှ " ကျွန်မကိုသိလား ....ကျွန်မတို့ ဟိုအရင်ကတွေ့ဖူးကြလား " ပန်းရိပ်ဖြူရဲ့အမေးကို ဘုန်းသိင်္ခမဖြေနိုင်ဘဲ မင်သက်နေမိချိန်မှာပဲ ဂိုထောင်ဝမှာ လူရိပ်တစ်ခုပေါ်လာခဲ့ပြီး ပန်းရိပ်ဖြူရဲ့နာမည်ကိုခေါ်လိုက်သံကို နှစ်ယောက်သားကြားလိုက်ရတယ်။ " ပန်းရိပ် ...ပန်းရိပ်ဘာဖြစ်တာလဲ " အသံနဲ့အတူ စိုးရိမ်တကြီးနဲ့ပြေးဝင်လာသူက စိုင်းမြတ်ဖြစ်နေခဲ့တယ်။စိုင်းမြတ်က အပြေးတစ်ပိုင်းနဲ့ဝင်လာခဲ့ပြီး ပန်းရိပ်ဖြူရဲ့ပခုံးတွေကိုဆုပ်ကိုင်ထားတဲ့ ဘုန်းသိင်္ခရဲ့လက်တွေကို ခပ်ကြမ်းကြမ်းဆွဲဖယ်လိုက်တယ်။ပြီးတော့ ပန်းရိပ်ဖြူရဲ့လက်တစ်ဖက်ကိုဆွဲကိုင်ကာ ခေါ်လိုက်တယ်။ပန်းရိပ်ဖြူက စိုင်းမြတ်ရဲ့ခေါ်သံကြောင့် မော့ကြည့်လိုက်ပြီးတော့ ယိုင်ခနဲခွေလဲကျသွားတော့တယ်။ " ဟာ..ပန်းရိပ် ...ပန်းရိပ်သတိထားလေ " စိုင်းမြတ်က စိုးရိမ်တကြီးနဲ့ခေါ်လိုက်ရင်း ပန်းရိပ်ဖြူရဲ့ကိုယ်လုံးလေးကို အမြန်ပွေ့ချီလိုက်ပြီး ဂိုထောင်အပြင်ကိုခပ်မြန်မြန်ထွက်သွားလိုက်တယ်။ စိုင်းမြတ်သွားရာနောက်ကို ဘုန်းသိင်္ခနောက်ကနေလိုက်သွားဖို့ပြင်လိုက်တယ်။ဒီအခါမှာတော့ စိုင်းမြတ်ဆီက လေသံမာမာနဲ့တားမြစ်ခံလိုက်ရတယ်။ " ဟေ့...မင်းမလိုက်လာနဲ့...မင်းကြောင့် ပန်းရိပ်မေ့လဲသွားတာ...ပြီးတော့မှမင်းနဲ့စကားဆက်ပြောမယ် " စိုင်းမြတ်ကလေသံမာမာနဲ့ပြောလိုက်ပြိး ပန်းရိပ်ဖြူကို ကသစ်မြိုင်စံအိမ်ကြီးဆီကိုခေါ်သွားခဲ့တယ်။ ~~~~~~~~~~~~~ " ကိုဘုန်း...ပန်းရိပ်ဘာဖြစ်တာလဲ " အလ္မမ်းဆွတ်နဲ့သန္တာအောင်က ဘုန်းသိင်္ခရှိနေရာကိုရောက်လာခဲ့ပြီး မေးလိုက်ကြတယ်။ " ကျွန်တော်လဲမသိဘူး အလွမ်း...စကားပြောနေရင်းကမေ့လဲကျသွားတာ " " ဪ .....စကားများကြတာလား ကိုဘုန်း " " မဟုတ်ပါဘူး အလွမ်းရယ်....သူ့ပေါ်ကိုဆိုင်ကယ်လဲကျမလိုဖြစ်လို့်ကူညီပေးလိုက်တာပါ...ပြီးတော့စကားပြောနေရာက ခုလိုဖြစ်သွားတာ " " ဟုတ်ပြိး..အလွမ်းသိပြီ...ပန်းရိပ်က သူ့ဘာသာလဲကျသွားတာပါ...သူအဲ့ဒီလိုပဲတစ်ခါတလေမေ့လဲကျတတ်တယ်လေ...ဘာမှမဖြစ်ပါဘူး ...နာရီဝက်တစ်နာရီအတွင်းပြန်သတိရလာလိမ့်မယ်....ဒါပေမဲ့ ဒီပုံအတိုင်းဆိုရင် ကိုဘုန်းကတော့ ...ဘွားကြေးဥနဲ့စကားနည်းနည်းပြောရလိမ့်မယ်ထင်တယ်....အမေပန်းမြိုင်တို့ကိုတော့ အလွမ်ရှင်းပြလိုက်ပါ့မယ် " " ဗျာ..ဘွားကြေဥနဲ့က ဘာဖြစ်လို့ပြောရမှာလဲ...ကျွန်တော်နားမလည်ဘူး " ဘုန်းသိင်္ခက တကယ်ပဲ နားမလည်နိုင်တာမို့ ပြန်မေးလိုက်တယ်။ " ပန်းရိပ် လဲကျသွားတဲ့အချိန်မှာ ...ကိုဘုန်းကအနီးဆုံးမှာရှိနေခဲ့လို့လေ " " ဗျာ...စိတ်ရှုပ်စရာကြီးဗျာ...ဒါနဲ့ ခင်ဗျားတို့သခင်မလေးရောသက်သာရဲ့လား " " အင်း...သက်သာပါတယ်....သူကတစ်ခါတလေဒီလိုဖြစ်နေကြပါ ...နောက်ဆိုရင်ကိုဘုန်းလဲ သတိထားပါ..ဘွားကြေးဥကသူ့မြေးနဲ့ပတ်သက်လာရင်အဖြစ်သည်းတယ်လေ " မျက်နှာလေးညှိုးညှိုးနဲ့ပြောနေတဲ့ အလွမ်းဆွတ်ကို ဘုန်းသိင်္ခကြည့်လိုက်ရင်း သက်ပြင်းကိုမသိမသာချလိုက်မိတယ်။ ~~~~~~~~~~~~~~~ ဘုန်းသိင်္ခနဲ့ဘွားကြေးဥတို့ မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြတယ်။ဘွားကြေးဥက မျက်မှန်အောက်ကနေ မျက်လုံးပြူးကြီးတွေနဲ့ဘုန်းသိင်္ခကိုသေချာ စူးစိုက်ကြည့်နေခဲ့တယ်။ " ပြောပါအုံး..မင်းက .... ငါ့မြေးကိုဘာတွေများပြောလိုက်လို့....ငါ့မြေးက သတိလစ်တဲ့အထိဖြစ်သွားရတာလဲ " ဘွားကြေးဥကအသံမာမာနဲ့မေးလိုက်တယ်။ဘုန်းသိင်္ခက ဘွားကြေးဥကို ပြန်ကြည့်လိုက်ပြီး " သူ့အပေါ်ကိုဆိုင်ကယ်လဲကျလာလို့ ကူညီပေးလိုက်တာပါ အဘွား....ဘာမှလဲ မပြောရပါဘူး " " ဟေ့...မင်းငါ့ကိုအဘွားလို့မခေါ်နဲ့...အဘွားဆိုတာငါ့မြေးတွေခေါ်ဖို့သီးသန့်နာမ်စားပဲ...မင့်ငါ့ကို ဘွားကြေးဥလို့ပဲခေါ် ...ကြားလား...နောက်ဆိုရင်..ငါ့မြေးနားမကပ်နဲ့..,ငါ့မြေးကို မောင်စိုင်းမြတ်နဲ့သဘောတူပြီးသား ...ကြားလား " " ဟုတ်ကဲ့ပါ အဘွား...ကျွန်တော် မှတ်ထားပါ့မယ် " " ဘာ ...မင်းခေါ်ပြန်ပြီလား " " ဟာ..ကန်တော့ပါ ဘွားကြေးဥ....ကျွန်တော်တူ့်ဆီမှာက အသက်ကြီးတဲ့သူတွေကို အဘွားလို့ပဲ ခေါ်လေ့ရှိကြလို့်ပါ...ဘွားကြေးဥပြောချင်တာဒါပဲဆိုရင် ...ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးခင်ဗျာ....အလုပ်လေးနည်နည်းပါလာလို့ပါ " ဘုန်းသိင်္ခပြောပြီးတာနဲ့ နေရာကထထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~ ညအမှောင်အောက်မှာ အလွမ်းဆွတ်ခြေကို အသာဖော့နင်းပြီး ကသစ်မြိုင်စံအိမ်ကြီးထဲကထွက်ခဲ့လိုက်တယ်။ပြီးတော့ ကားဂိုထောင်ဘက်ဆီကို ဦးတည်ပြီးလျှောက်ခဲ့လိုက်တယ်။ ကားဂိုထောင်အပေါ်ထပ်ဆီကို အလွမ်းဆွတ်ဖြည်းညှင်းစွာတက်လာခဲ့လိုက်ပြီး အခန်းတစ်ခန်းရှေ့အရောက်မှာ တံခါးကိုလက်နဲ့အသာတွန်းဖွင့်လိုက်တယ်။ " ဪ ...လာပြီလားအလွမ်း...အလုပ်တွေများနေတာလား.."

" ဟာ...ဆောရီး ...ကျွန်တော်ပြောတာကလေ...အလွမ်းဆွတ်က ဧည့်သည်တွေကို...အခန်းနေရာချပေးရတဲ့သူဆိုတော့ သူကပိုသိတယ်လို့ပြောတာပါ...ဒါနဲ့နေပါအုံး...ညကအိပ်ပျော်ရဲ့လား " " ကျွန်မဘာသာအိပ်ပျော်ပျော်မပျော်ပျော် ရှင့်နဲ့ဘာဆိုင်လို့်လဲ " " ဟုတ်ပါပြီဗျာ မမေးတော့ပါဘူး...အပန်းဖြေစခန်းမှာဖြစ်သလိုထပ်ဖြစ်သေးလားလို့ ...သိချင်လို့မေးကြည့်တာပါ...ခင်ဗျာကလေ ကျွန်တော်ကခင်မင်လို့်မိတ်ဆွေတစ်ယောက်လို သဘောထားလို့မေးတာကို ...နေဗျာမမေးဘူး....နောက်တစ်ခါလမ်းမှာ တွေ့ရင်လဲမခေါ်ဘူး " ဘုန်းသိင်္ခလဲစိတ်မရှည်တာမို့ ဘုနဲ့ဘောက်ပြောပြီး ဆိုင်ကယ်ကိုတွန်းထုတ်ပြီး ကားဂိုထောင်ထဲကထွက်ဖို့ပြင်လိုက်တယ်။ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ရပ်ထားတဲ့ဆိုင်ကယ်တစ်စီးက ပန်းရိပ်ဖြူရပ်နေတဲ့နေရာဆီကို ယိုင်လဲကျလာခဲ့တယ်။ရုတ်တရက်ဆိုတော့ ပန်းရိပ်ဖြူမှာရှောင်ဖို့သတိမရဘဲ လဲကျလာတဲ့ဆိုင်ကယ်ကို မျက်လုံးအကြောင်သားနဲ့ငေးကြည့်နေမိတယ်။ " ဟာ....ဟေ့..ဘာလုပ်နေတာလဲ ဖယ်လေ...ဟာကွာ ..ဒုက္ခပါပဲ " ဘုန်သိင်္ခမှာအော်ရင်းနဲ့ပဲ ပန်းရိပ်ဖြူရှေ့ကို အပြေးရောက်သွားပြီး ပန်းရိပ်ဖြူရဲ့ရှေ့ကနေဝင်ရပ်ပြီးဆိုင်ကယ်ကို လက်နဲ့အမြန်ဖမ်းထိန်းလိုက်ရတယ်။သို့ပေမဲ့ပြေးလာတဲ့အရှိန်ရယ်ပန်းရိပ်ဖြူကိုထိမှာစိုးတာကြောင့်ရယ် ဘုန်းသိင်္ခမှာ အမြန်လုပ်လိုက်ရတာဆိုတော့ ဘုန်းသိင်္ခရဲ့လက်မှာအနည်းငယ်ထိခိုက်သွားပြီး လူကလဲ အရှိန်မထိန်းနိုင်ဘဲ ယိုင်လဲကျသွားခဲ့ရတယ်။ " ဟင်...လက်...လက်ကိုထိသွားတာလားဟင်..." ပန်းရိပ်ဖြူစိုးရိမ်တကြီးမေးလိုက်ရင်းနဲ့ ဘုန်သိင်္ခလဲကျနေတဲ့နားကိုပြေးလာပြီး ဘုန်းသိင်္ခရဲ့လက်ကိုဆွဲယူကြည့်လိုက်တယ်။ပန်းးရိပ်ဖြူရဲ့လျှပ်တစ်ပြတ်အပြုအမူကြောင့် ဘုန်းသိင်္ခလဲအံ့ဩပြီးတော့ ငေးကြောင်ကြည့်နေမိတယ်။ " ဒဏ်ရာ...ဒဏ်ရာရသွားပြီ ...မပြေးရဘူး...မပြေးရဘူးဆိုတာကို... ဘယ်တော့မှပြောတဲ့စကားကိုနားမထောင်ဘူး " ပန်းရိပ်ဖြူကပြောရင်းနဲ့ ဘုန်းသိင်္ခရဲ့လက်ကိုဆွဲယူဆုပ်ကိုင်လိုက်ပြီး မျက်ရည်တွေကျကာ ငြိမ်သက်သွားခဲ့တယ်။ " ဟေ့...ဟိတ်...မင်းဘာဖြစ်တာလဲ ..." ရုတ်တရက်ကြီးငြိမ်ကျသွားကာ မျက်ရည်တွေတွေကျနေတဲ့ ပန်းရိပ်ဖြူကိုကြည့်ပြီး ဘုန်းသိင်္ခလန့်ဖျပ်သွားပြီး ပန်းရိပ်ဖြူရဲ့ပခုံးကိုကိုင်လှုပ်ပြီး အထိတ်တလန့်နဲ့ခေါ်လိုက်တယ်။ဒိအခါမှ ပန်းရိပ်ဖြူမှာသတိပြန်ဝင်လာသလိုဖြစ်သွားခဲ့ရပြီး ဘုန်းသိင်္ခကို ထိတ်လန့်တုန်လှုန်နေတဲ့မျက်နှာနဲ့ကြည့်လိုက်ပြီး " ရှင်...ရှင်ဘယ်သူလဲ " " ဗျာ " ================================== အပိုင်း(၁၈)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" ကျွန်တော့်စိတ်ကူးအတိုင်းဆိုရင်တော့ တောင်ကြားလမ်းလို့သုံးမဲ့အစား ...ချစ်သူလမ်းကြားလို့သုံးချင်ပါတယ်အန်ကယ်.. .......ဘာပဲဖြစ်ဖြစ်လမ်းကျဉ်းကျဉ်းလေးမို့ တော်ရုံမဝင်ရဲတဲ့သူတောင် ...နာမည်လေးကြားလိုက်ရတဲ့အခါ ကြည်နူးမိသွားပြီး ကြောက်စိတ်တွေပျောက်သွားနိုင်တယ်လေ...ပြီးတော့ တောင်ကြားထဲကနံရံတွေမှာ ...ပန်းချီပုံတွေနဲ့ဒီဇိုင်းဆွဲစေချင်တယ်...မီးကိုတော့ လင်းထိန်နေအောင်မထားဘဲ....လက်နှိပ်ဓါတ်မီးလို မီးအလင်းရောင်တွေနဲ့ အလှဆင်ချင်ပါတယ် " ဘုန်းသိင်္ခရဲ့စကားကြောင့် ဦးဘိုထွန်းက ဘုန်းသိင်္ခကို တစ်ချက်မော့ကြည့်လိုက်တယ်။နှစ်ယောက်သားအကြည့်ချင်းဆုံခိုက်မှာ ဦးဘိုထွန်းက ဘုန်းသိင်္ခကိုစူးစူးစိုက်စိုက်ကြည့်လိုက်ရင်း မျက်ခုံးတွေကိုတွန့်လိုက်တယ်။ " မောင်ရင်က ဘယ်ဇာတိလဲ...အသက်ကရောဘယ်လောက်ရှိပြီလဲ ...နှစ်ဆယ့်ငါးကျော်ပြီလား " စကားတွေမပြောစဖူးထပြောနေတဲ့ ယောက်ျားဖြစ်သူကို ဒေါ်ပန်းမြိုင်ကတအံ့တဩကြည့်လိုက်တယ်။ " ကျွန်တော်ကမြစ်ဝကျွန်းပေါ်ဇာတိပါခင်ဗျာ ...အထက်တန်းအောင်တော့မှ ရန်ကုန်ကိုပြောင်းလာတာပါ ..မကြာခင်ကနှစ်ဆယ့်ငါးနှစ်ပြည့်ထားတာပါ " " ဪ...မြစ်ဝကျွန်းပေါ်ဘက်ကလား ....တောင်ပေါ်မြို့နဲ့တော့တခြားစီပေါ့ " " ဟုတ်ပါတယ် အန်ကယ်...ကျွန်တော်လဲ ...တောင်ပေါ်မြို့တွေကိုတစ်ခါမှမရောက်ဖူးတာနဲ့ ...အပန်းဖြေစခန်းအတွက် ပုံကြမ်းဒီဖိုင်းဆွဲဖို့ လူခေါ်တော့ဝင်ပြိုင်လိုက်တာပါ ...." " တော်ပါပေတယ်ကွယ်...ပြီးသွားတဲ့မောင့်ရင့် ဒီဖိုင်းတွေကို ဧည့်သည်တွေလဲကြိုက်ကြပါတယ်.....မောင်ရင်သာလက်ခံမယ်ဆိုရင်... ခြောက်လစာချုပ်ပြည့်သွားရင်လဲ ဆက်ပြီးစာချုပ်ချုပ်ပါမယ် " " ကျေးဇူးပါအန်ကယ်နဲ့အန်တီ ....ကျွန်တော့ဘက်ကတော့ အဆင်သင့်ပါပဲ " " ဒီလိုဆိုရင်တော့ ...တစ်ရက်တော့ အလုပ်ကိစ္စအတွက်သေချာလေး စကားပြောကြတာပေါ့....ဒါနဲ့နောက်သုံးလနေရင်....သမီးပန်းရိပ်ရဲ့မွေးနေ့ပွဲရှိတယ်...အဲ့ဒီပွဲအတွက်ရော ...မောင်ရင်ကူညီပေးနိုင်မလား....ဧည့်သည်တွေတော်တော်များများတက်မဲ့ပွဲမို့ သေသေချာချာလှလှပပလေးဖြစ်စေချင်လို့်ပါ ....ပြီးတော့ သမီးစိတ်တိုင်းကျပြင်ဆင်ပေးချင်တယ် .." " ရပါတယ်အန်ကယ်.....ဒါနဲ့မွေးနေ့ပွဲကိုဘယ်မှာကျင်းပမှာလဲမသိဘူး ...ကသစ်မြိုင်စံအိမ်မှာပဲလား " " မဟုတ်ပါဘူးမောင်ရင်...အပန်းဖြေစခန်းမှာပါ ...ကသစ်မြိုင်က နေရာကျဉ်းတယ်လေ. " " ဟုတ်ကဲ့ပါခင်ဗျာ...ကျွန်တော်ကူညီပေးပါမယ်....လုပ်ငန်းစချင်နေတဲ့ပြောပါ " " အိုကေလေ မောင်ရင်...မောင်ရင်အချိန်ရတဲ့ရက်မှာ ...သမီးပန်းရိပ်နဲ့စကားပြောကြည့်ပါ ..သူကြိုက်တဲ့ပုံစံကို မောင်ရင်ကပုံကြမ်းထုတ်ပြီး ...အန်ကယ်တို့ကိုအရင်ပြပေးဖို့တောင်းဆိုပါတယ် " " ဟုတ်ကဲ့ပါခင်ဗျ ..စိတ်ချပါအန်ကယ် " ကိစ္စတွေအားလုံးပြောဆိုပြိးတော့ ကသစ်မြိုင်စံအိမ်ကြီးထဲကနေ ဘုန်းသိင်္ခပြန်ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~ ဘုန်းသိင်္ခ ကးဂိုထောင်ထဲဝင်ပြီး ဆိုင်ကယ်ထုတ်နေချိန်မှာ ကသစ်မြိုင်စံအိမ်ကြိးဆီကနေ ကားဂိုထောင်ဆီကို လျှောက်လာတဲ့ ပန်းရိပ််ဖြူကိုတွေ့လိုက်ရတာမို့ ဘုန်းသိင်္ခဆိုင်ကယ်ကိုနေရာမှာ အသာပြန်ထားလိုက်ပြီး ဆိုင်ကယ်နားမှာမယောင်မလည်နဲ့ရပ်နေလိုက်တယ်။ခဏအကြာမှာပဲ ကားဂိုထောင်ဝက အသံကြားလိုက်ရပြီူ ပန်းရိပ်ဖြူရဲ့အထိတ်တလန့်အသံလေးကို ဘုန်းသိင်္ခကြားလိုက်ရတယ်။ " အမယ်လေး....လန့်လိုက်တာ...အသံလေးဘာလေးလဲမပေးဘူး...ရှင်က ဘာလုပ်နေတာလဲ" " ဟော့ဗျာ...ကျွန်တော်ကဒီထဲအရင်ရောက်နေတာလေ...လန့်မယ်ဆိုရင်ကျွန်တော်ကလန့်ရမှာလေ...အသံမပေးဘာမပေးနဲ့ဝင်လာတာက ခင်ဗျားလေဗျာ " " အို..တော်စမ်းပါ...ယောက်ျားလေးဖြစ်ပြီးစွာလိုက်တာ " " အယ်ဗျာ...စွာတာမဟုတ်ပါဘူး...အကျိုးအကြောင်းကိုရှင်းပြတာပါ...မရှင်းပြရင်လဲ ခင်ဗျားကတွေးချင်ရာတွေးပြီး ထင်ချင်ရာထင်အုံးမယ် ...အခုတောင်ထင်နေပြီမဟုတ်လား...ဒါနဲ့ညကရောအိပ်ပျော်ရဲ့လား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံကပြူးကျယ်သွားရပြီး ဘုန်းသိင်္ခကိုအလန့်တကြားနဲ့မေးလိုက်တယ်။ " အိပ်ပျော်ပါတယ် ....ဘာလို့မေးတာလဲ...နေပါအုံး...ရှင်ကဘယ်အခန်းမှာအိပ်တာလဲ " ပန်းရိပ်ဖြူက ဘုန်းသိင်္ခကိုကြည့်ပြိး မေးလိုက်တယ်။ " ကျွန်တော်လား...ဒီအပေါ်ထပ်မှာလေ ..ဘာဖြစ်လို့်မေးတာလဲ ...ဘာတွေစွပ်စွဲချင်သေးလို့လဲ " ဘုန်းသိင်္ခကခပ်ရွှဲ့ရွှဲ့ပြန်မေးလိုက်တာ့ ပန်းရိပ်ဖြူက ဘုန်းသိင်္ခကိုမျက်စောင်းတစ်ချက်ထိုးကြည့်လိုက်ပြီးတော့ " အို...ဒီနေရာမှာ နေမှန်းတော့သိတာပေါ့...ဘယ်အခန်းမှာအိပ်တာလဲလို့မေးနေတာ....ကိုစိုင်းမြတ်ကရော ဘယ်အခန်းမှာနေတာလဲလို့်မေးတာ " " ဪ ...ဘာများသိချင်တာလဲလို့ ...ခင်ဗျားလူကြီးဘယ်အခန်းမှာနေတာလဲဆိုတာကို သိချင်တာများ...အလွမ်းကိုမေးပါလား " ဘုန်းသိင်္ခရဲ့အဖြေကြောင့် ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံမှာပြူးကျယ်သွားရပြီး " ဘာ...ရှင်ဘာပြောလိုက်တယ်...ရှင်ပြောတာဘာအဓိပ္ပါယ်လဲ " ပန်းရိပ်ဖြူရဲ့အလောတကြိးမေးသံကြောင့် ဘုန်းသိင်္ခမှာ ခေါင်းကိုခပ်မြန်မြန်ခါယမ်းလိုက်ပြီး

တောင်ကုန်းမှောင်မှောင်မည်းမည်းပေါ်ကိုတက်သွားတာတောင် ဒဏ်ရာဆိုလို့ခြစ်ရာလေးတစ်ခုတောင်မရှိတာကို စိတ်ထဲဘဝင်မကျနိုင်ဖြစ်နေမိတာ။ခြေထောက်ကမနာသလိုဒဏ်ရာလုံးဝမရခဲ့တာအတွက် ပန်းရိပ်ဖြူစိတ်ထဲမှာရှုပ်ထွေးနေမိတာ။ဒါကြောင့်လဲ ဒီလိုစမ်းသပ်မှုမျိုးကို ထပ်ပြီးလုပ်ကြည့်လိုက်တာ။ပန်းရိပ်ဖြူစိတ်ရှုပ်ရှုပ်နဲ့ရေချိုးခန်းထဲကိုဝင်ခဲ့လိုက်တယ်။ ~~~~~~~~~~~ " အလွမ်း...ကျွန်တော်မနက်စာစားမလို့် အဆင်ပြေလားမသိဘူး " အလွမ်းဆွတ်ပန်းခြံထဲမှာပန်းတွေခူးနေစဉ်မှာ အနားကိုရောက်လာတဲ့ ဘုန်သိင်္ခကြောင့်လူကလန့်သွားပြီး ခေါင်းလေးကို ခပ်မြန်မြန်ငြိမ့်ပြလိုက်မိတယ်။ " ပြေပါတယ်ကိုဘုန်းရဲ့ ...ထမင်းစားမလား...ထမင်းကြော်စားမလား ..." " ထမင်းဖြူပဲစားလိုက်မယ်လေ ....အလွမ်းကပန်းကြိုက်တယ်ထင်တယ်...မနက်တိုင်းလိုလိုပန်းတွေခူးနေတာတွေ့လို့ " " ပန်းက အမေပန်းမြိုင်ကြိုက်တာပဲ ...ပြီးတော့ ပန်းရိပ်ကလဲပန်းကြိုက်တယ်...သူ့အခန်းထဲမှာပန်းတွေနေ့တိုင်းလဲပေးရတယ်လေ..." " ဪ...အဲ့ဒီလိုလား...အလွမ်းကအပြင်အလုပ်လုပ်လဲလုပ်ရတာကို.... အိမ်အလုပ်ပါလုပ်ရသေးတာလား " ဘုန်းသိင်္ခက အလွမ်းဆွတ်ရဲ့မျက်နှာကိုကြည့်ပြီးမေးလိုက်တယ်။ " အဲ့ဒီလိုမဟုတ်ပါဘူးရှင်...အလွမ်းက အမေပန်းမြိုင်ရဲ့အကြိုက်ကိုသိတယ်လေ...အဲ့ဒါကြောင့်ပါ .....ပြီးတော့ပန်းခူးရတာကို အလွမ်းကိုယ်တိုင်လဲကြိုက်တယ်လေ ..လာလေ ကိုဘုန်းထမင်းစားမှာဆို သွားရအောင်လေ " အလွမ်းဆွတ်ကပြောရင်းနဲ့ရှေ့ကနေဦးဆောင်ပြီး ကသစ်မြိုင်အိမ်ကြီးဆီကိုလျှောက်သွားလိုက်ခဲ့တယ်။ဘုန်းသိင်္ခက အလွမ်းဆွတ်နဲ့ဘေးချင်းယှဉ်လျှောက်လားခဲ့ရင်းက စကားစလိုက်တယ်။ " ဟိုလေ...အလွမ်းရော... ပန်းရိပ်ဖြူရဲ့မောင်လေးနဲ့သစ်ခက်ဆိုတဲ့တစ်ယောက်အသက်ရှင်နေသေးတယ်ထင်လား " " ရှင် " ဘုန်းသိင်္ခရဲ့အမေးကြောင့် အလွမ်းဆွတ်အံ့ဩသွားရပြီး " ဘာ...ဘာလို့်မေးတာလဲဟင် " " ဪ ....ဒီလိုပါအလွမ်း...မှန်တာပြောရရင်...ကျွန်တော်ထူးဆန်းတာတွေကြုံနေရလို့ပါ...ဘယ်လိုပြောရမလဲ...တစ္ဆေခြောက်ခံရတယ်လို့်ပြောရမလား ...စိတ်မကောင်းပေမဲ့ ကျွန်တော်စိတ်ထဲမှာ... ဒါကပျောက်သွားတဲ့နှစ်ယောက်က အသိပေးချင်နေတာလို့ထင်မိတယ်...အဲ့ဒါကြောင့်ပါ...အလွမ်းက အထွန်းဆိုတဲ့ကောင်လေးကိုခေါ်ပြီးပြေးခဲ့တာဆိုတော့ သူ့နဲ့ဘယ်နေရာလောက်မှာ..... လူချင်းကွဲသွားတာလဲမှတ်မိလား " " ရှင်...ဟို...ကြာခဲ့ပြီဆိုတော့ အလွမ်းလဲ အဲ့ဒီလောက်တော့မမှတ်မိတော့ဘူး..ပြီးတော့ညဘက်ကြီးမို့... ဘယ်လိုမှမမှတ်မိဘူးလေ...သေချာတာက အလွမ်းကစမ်းချောင်းအတိုင်းပြေးရင်း ...အထွန်းလေးကိုပါခေါ်သွားခဲ့တာကိုပဲမှတ်မိတယ်....သစ်ခက်နဲ့ပန်းရိပ်ကပြေးတော့.... အထွန်းလေးတစ်ယောက်တည်းကျန်ခဲ့တာလေ ,,,အလွမ်းလဲကြောက်ကြောက်နဲ့အထွန်းလေးလက်ကိုဆွဲပြီးပြေးခဲ့တာပါ...အလွမ်းစိတ်ထင်တော့ အထွန်းလေးက တစ်နေရာရာမှာအသက်ရှင်နေသေးတယ်လို့ထင်တာပဲ ...ကဲပါ ဒီအကြောင့်တွေကို ဒီမှာမပြောပါနဲ့ကိုဘုန်း...ဘွားကြေးဥကဒီအကြောင်းတွေမပြောရဘူးလို့်မှာထားလို့်ပါ....ပန်းရိပ်ကျန်းမာရေးပိုဆိုးသွားမှာကြောက်လို့တဲ့လေ" "ဪ ....အဲ့ဒီလိုလား ..ဒါဆိုရင်လဲ တောင်းပန်ပါတယ်ဗျာ ... နောက်ကို သတိထားရမှာပေါ့ " ~~~~~~~~ " ခုရက်ပိုင်းထဲ .....မောင်ဘုန်းသိင်္ခ အပန်းဖြေစခန်းမှာ အိပ်နေတာဆို...အဆင်ပြေရဲ့လားကွယ် ... အန်တီမြိုင်တို့ကလဲ ဒီရက်ထဲ ခရီးများနေတာနဲ့ ဧည့်သည်တွေကို ဂရုမစိုက်သလိုဖြစ်သွားတယ်ကွယ် ....သန္တာရောနေလို့ အဆင်ပြေရဲ့လားကွယ် " " ဟုတ်ကဲ့ ပြေပါတယ် အန်တီမြိုင် " " ဟုတ်ကဲ့ ..ပြေပါတယ် အန်တီမြိုင် " ဘုန်းသင်္ခနဲ့ သန္တာအောင် က ပြိုင်တူလိုလိုဖြေလိုက်ကြတယ်။ '' ဒါနဲ့ ....မောင်ဘုန်းသိင်္ခရော ...ကျောက်တောင်နားမှာထားမဲ့ ဒီဇိုင်းတွေ ပုံကြမ်းထွက်လာပြီဆိုကွဲ့ ...ပုံကြမ်းကို အန်တီမြိုင်တို့ ကြည့်လို့ရမလားကွယ် " " ရပါတယ် အန်တီ " " ကဲပါကွယ်...အေးအေးဆေးဆေးစားပါအုံး...စားပြီးမှအန်တီမြိုင်တို့စာကြည့်ခန်းမှာဆုံကြမယ်လေ " " ဟုတ်ကဲ့ပါ အန်တီမြိုင် " ဘုန်းသိင်္ခက ဒေါ်ပန်းမြိုင်ကို ခေါင်းငြိမ့်ကာပြန်ဖြေလိုက်တယ်။ ~~~~~~~~~~~~~~~ " မောင်ဘုန်းသိင်္ခဒီဇိုင်းတွေကကောင်းလိုက်တာ...အန်တီမြိုင်တော့ကြိုက်ပါတယ်ကွယ်....ကိုထွန်းရောကြည့်ပါအုံး " ဒေါ်ပန်းမြိုင်က ယောက်ျားဖြစ်သူကိုပါ ဒီဇိုင်းပုံကြမ်းကို ပြလိုက်ပြီးမေးလိုက်တယ်။ဦးဘိုထွန်းက ဇနီးဖြစ်သူပြတဲ့ ပုံကြမ်းကိုယူကြည့်လိုက်ပြီးတော့ " ဒီဇိုင်းလေးကကောင်းသားပဲ မောင်ရင်...ဒါနဲ့တောင်ကြားလမ်းလေးကိုရော ဒီဖိုင်းဆွဲပေးကြည့်မလား...တောင်ကြားလမ်းရဲ့ဒီဇိုင်းကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေနဲ့ပါညှိရမယ်ထင်တယ်...မောင်ရင်ကအသက်ငယ်သေးတော့ ...မောင်ရင့်စိတ်တိုင်းကျသာဆိုရင် ဘယ်လိုပုံစံမျိုးလေးလုပ်မယ်လို့စိတ်ကူးထားလဲ..ပြောကြည့်ပါလား " သူဌေးဦးဘိုထွန်းရဲ့စကားကြောင့် ဘုန်းသိင်္ခက ဦးဘိုထွန်းကိုမျက်လုံးချင်းဆိုင်ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၇ ) akyiphyu ********* ညကတဖြည်းဖြည်းနက်သထက်နက်လာတာနဲ့အမျှ ကသစ်မြိုင်စံအိမ်ကြီးထဲက မီးအလင်းရောင်တွေလဲမှောင်မိုက်သွားခဲ့ပြီး ခြံဝန်းကြီးထဲမှာသာ မီးအချို့ထွန်းထားခဲ့တယ်။ ဘုန်းသိင်္ခအိပ်မပျော်နိုင်တာမို့ ပြတင်းပေါက်နားမှာရပ်ရင်း ကသစ်မြိုင်စံအိမ်ကြီးကိုငေးကြည့်နေမိတယ်။ကသစ်မြိုင်စံအိမ်ကြီးက ခြံထဲကမီးအလင်းရောင်မှိန်ပျပျအောက်မှာ တစ္ဆေကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသလိုရှိနေခဲ့တယ်။ကသစ်မြိုင်စံအိမ်ကြီးကို ဘုန်းသိင်္ခငေးကြည့်နေမိတုန်းမှာပဲ သူ့အခန်းနဲ့တည့်တည့်ကအခန်းထဲမှာ မီးရောင်စူးစူးတစ်ချက် လတ်ခနဲဖြစ်သွားတာကိုတွေ့လိုက်ရတယ်။မီးရောင်လတ်ခနဲဖြစ်သွားတဲ့အခန်းကိုဘုန်းသိင်္ခသေချာလှမ်းကြည့်လိုက်ရင်း လက်ထဲကမှန်ဘီလူးနဲ့အနီးကပ်ဆွဲကြည့်လိုက်တယ်။ " ဟင် " မြင်ကွင်းထဲမှာရုတ်တရက်ကြီးပေါ်လာတဲ့မျက်နှာမည်းမည်းကြီးတစ်ခုကြောင့် ဘုန်းသိင်္ခလန့်မအော်မိအောင် မနည်းထိန်းလိုက်ရတယ်။မျက်နှာမည်းမည်းကြီးကို ဘုန်းသိင်္ခအံ့ဩမင်သက်ပြီးကြည့်နေမိတုန်ုးမှာပဲ အမျိုးသမီးတစ်ယောက်ပုံဟန်သွင်ပြင်ရှိတဲ့ မျက်နှာမည်းမည်းကြီးက သူ့ကိုလှမ်းကြည့်ပြိးလက်ယပ်ခေါ်နေတာကိုတွေ့လိုက်ရတော့ ဘုန်းသိင်္ခယောက်ျားတန်မဲ့‌‌ေ*သွးပျက်ချင်သလိုဖြစ်သွားရတယ်။တကယ်ဆိုဘုန်သိင်္ခက တစ်ခန်းလုံးကိုအမှောင်ချထားပြိး ပြတင်းပေါက်နားမှာရပ်နေခဲ့တာလေ။ဘယ်လိုပဲကြည့်ကြည့် ဘုန်းသိင်္ခရှိနေတာကို ဘယ်လိုမှတွေ့စရာအကြောင်းကိုမရှိတာလေ။ဘုန်းသိင်္ခကြောင်ငေးပြီးကြည့်နေမိတုန်းမှာပဲ မျက်နှာမည်းမည်းကြိးကလွဲလို့ မျက်နှာရယ်လို့ပီပီပြင်ပြင်မရှိလှတဲ့ မည်းမည်းအရိပ်ကြီးကသူ့ကိုတစ်ခုခုလှမ်းပြောလိုက်သလို ခံစားလိုက်ရပြီး သူ့မျက်နှာကိုဖျတ်ခနဲလှမ်းရိုက်လိုက်သလိုခံစားလိူက်ရတာကြောင့် ဘုန်းသိင်္ခယောင်ယမ်းပြီး နောက်ကိုအမြန်ဆုတ်လိုက်မိတယ်။ " အင်း...အီး.ဟီး ဟင့် " ဘုန်းသိင်္ခပြတင်းပေါက်ကခွါလိုက်ပြီး နောက်ကိုခြေလှမ်းဆုတ်လိုက်ချိန်မှာပဲ နောက်ကျောဘက်ဆီက ငိုညည်းသံလိုလိုကြားလိုက်ရတာမို့ တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာခေါင်းပါကြီးသွားသလိုခံစားလိုက်ရတယ်။လူကတုန်လှုပ်ကာနောက်ကို အလန့်တကြားနဲ့လှည့်ကြည့်လိုက်တော့ မှောင်မိုက်နေတဲ့အခန်းထဲမှာ ဘာဆိုဘာကိုမှသဲသဲကွဲကွဲမတွေ့ရဘဲ အရိပ်မည်းတွေလိုလိုပဲတွေ့လိုက်ရတယ်။ဘုန်းသိင်္ခလက်ထဲကဖုန်းကိုဖွင့်ပြီးဖုန်းမီးနဲ့ထိုးကြည့်လိုက်တယ်။ " ဟာ " ဖုန်းမီးနဲ့ထိုးအကြည့်မှာ မီးသွေးတုံးလိုမည်းနက်နေတဲ့ပုံရိပ်တစ်ခုလိုမြင်လိုက်ရပြီး ပြတင်းပေါက်ဆီကိုလက်ညှိုးထိုးပြနေတာကိုတွေ့လိုက်ရတော့ ဘုန်းသိင်္ခသတိကင်းလွတ်သွားသူလို ကြက်သေသေပြီးကြည့်နေမိတယ်။ " ဘုတ် " ဘုတ်ခနဲမြည်သံတစ်ခုကိုကြားလိုက်ရတော့မှ ဘုန်းသိင်္ခသတိဝင်လာမိပြီး သူ့ရှေ့ကိုထပ်ကြည့်လိုက်မိတယ်။ဒီအခါမှာတော့ အခန်းတစ်လုံးကရှင်းလင်းတိတ်ဆိတ်နေခဲ့တယ်။ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကို ဘုန်းသိင်္ခနားမလည်နိုင်ဘဲ ခုတင်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိတယ်။မယုံနိုင်စရာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်ဆန်းကြောင့် ဘုန်းသိင်္ခအံ့ဩတုန်လှုပ်နေမိတယ်။ပန်းရိပ်ဖြူပြောနေတဲ့တစ္ဆေသရဲဆိုတာများလားလို့တွေးလိုက်မိတော့ လူကပြတင်းပေါက်နားကိုအမြန်ထသွားလိုက်မိတယ်။ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်မိတဲ့အခါ ခပ်စောစောကမြင်နေခဲ့ရတဲ့ မီးရောင်ကိုလဲမတွေ့ရတော့ဘဲ မှောင်မည်းတိတ်ဆိတ်နေခဲ့တယ်။ဘုန်းသိင်္ခပြတင်းပေါက်နားမှာအတော်ကြာကြာရပ်ကြည့်နေခဲ့မိတယ်။ခပ်ဝေးဝေးဆီကနေခွေးအူသံတွေကဆွဲဆွဲငင်ငင်ထွက်ပေါ်နေခဲ့တယ်။ ~~~~~~~~~~~~~ ကျေးငှက်တွေရဲ့တျီတျီတျာတျာအသံလေးတွေကြောင့် ပန်းရိပ်ဖြူအိပ်ရာကလန့်နိုးလာခဲ့တယ်။အိပ်ရာကနိုးလာတာနဲ့ ပန်းရိပ်ဖြူူအတင်းကုန်းထလိုက်ပြီး ညကဖုန်းထားထားတဲ့နေရာကိုထသွားလိုက်တယ်။ " ဟင် " ဖုန်းတင်ထားတဲ့ဒေါက်ကလဲကျနေတာကိုမြင်လိုက်ရတော့ စိတ်တိုသွားကာမကျေမနပ်ဖြစ်သွားမိတယ်။အတွင်းကနေ လော့ချပြီးအိပ်တတ်တဲ့ သူမအခန်းထဲကိုတခြားလူဝင်လာဖို့ဆိုတာဘယ်လိုမှကိုမဖြစ်နိုင်တာလေ။သို့ပေမဲ့ ဖုန်းနဲ့ဒီလိုစမ်းသပ်ကြည့်တဲ့အခါတိုင်း အခုလိုပဲဖြစ်နေတာကတော့ စဉ်းစားလို့မရနိုင်အောင်ပါပဲ။သေချာတာတစ်ခုက ဒါတွေအားလုံးကိုသူမကိုယ်တိုင်လုပ်ခဲ့ပြီးမမှတ်မိတာပဲဖြစ်လိမ့်မယ်ထင်ပါရဲ့။အိပ်ပျော်သွားရင်ပေါက်ကရလုပ်တတ်တဲ့ သူမအကျင့်က တချို့အရာတွေကို ကိုယ်တိုင်ထလုပ်တာကိုယ်တိုင်ဖျက်ဆီးပစ်တာတွေလုပ်ခဲ့တာလေ။ဒီလိုအဖြစ်တွေကိုစပြီး သတိထားမိချိန်က သူမဘယ်လိုမှမယုံနိုင်ဖြစ်ခဲ့ရသေးတယ်။နောက်ဆုံးမှာတော့ စီစီတီဗီရိုက်ထားပြီး ပြန်ကြည့်လို့သိခဲ့ရတာ။ကိုယ်တိုင်ဒါတွေကိုလိုက်လုပ်နေတာကိုသိလိုက်ရချိန်မှာတော့ အိမ်မှာရှိသမျှစောင့်ကြည့်ကင်မရာတွေကို ပန်းရိပ်ဖြူကိုယ်တိုင်ဖြုတ်ခိုင်းခဲ့တာပါပဲ။ဒါပေမဲ့ အပန်းဖြေစခန်းမှာကြုံလိုက်ရတဲ့အဖြစ်အပျက်အတွက်တော့ သူမစိတ်ထဲမှာဇဝေဇဝါဖြစ်ခဲ့ရတယ်။တစ်ညနေလုံးခြေထောက်နာနေတဲ့သူမက တောင်ကုန်းပေါ်ကပန်းခြံဆီကိုဘယ်လိုတက်သွားခဲ့တာလဲ။တက်သွားခဲ့တယ်ထားပါတော့ တစ်ညနေလုံးနာနေတဲ့ခြေထောက်က

" မဟုတ်ဘူးအမေ...လူတစ်ယောက်ကပြောတယ်...သမီးခံစားနေရတာတွေက ...အတိတ်ကိုသမိးမေ့နေလို့တဲ့လေ...သမီးသာအတိတ်ကိုပြန်သတိရရင် ....နေလို့အဆင်ပြေလာနိုင်တယ်တဲ့ " သမီးဖြစ်သူပန်းရိပ်ဖြူရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်သက်ပြင်းကိုမသိမသာချလိုက်မိပြီး " သမီးကို ဒီအကြောင်းတွေ ဘယ်သူပြောလိုက်တာလဲသမီး ..မောင်စိုင်းမြတ်လား " " မဟုတ်ပါဘူး အမေ ...အသိတစ်ယောက်ပါ..သူလဲသမီးပန်းခြံထဲမှာအိပ်နေတာကိုသိတဲသူလေ ..သမီးစဉ်းစားမိတာက သူပြောတာကမှန်သလိုပဲအမေ....သမီးလေကြောက်စရာအဖြစ်အပျက်တွေကိုရှောင်မနေတော့ဘဲ ရင်ဆိုင်လိုက်ပြီးတော့ အတိတ်ကိုပြန်မှတ်မိအောင်ကြိုးစားမယ်အမေ...အဲ့ဒါဆိုရင်မောင်လေးအကြောင်းကိုလဲပြန်သတိရလာမယ်လို့ထင်မိတယ် " " သမီးရယ်...အမေတို့လဲဒီအကြောင်းတွေကိုဆရာဝန်ကပြောလို့သိပါတယ်..ကြိုးလဲကြိုးစားဖူးပါတယ်...သမီးမှတ်မိလားမသိဘူး...အရင်ကဒီလိုနည်းနဲ့ကုသဖို့ကြိုးစားခဲ့လို့ သမိးအရမ်းကြောက်ပြီ'ရှော့ရသွားခဲ့တယ်လေ...အဲ့ဒီနောက်ပိုင်းကစလို့ သမီးမကြာခဏမေ့လဲတာတွေ....အိမ်မက်မက်ပြီးယောင်ပြီးလမ်းလျှောက်တာတွေဖြစ်လာခဲ့တာလေ...အမေတို့အတွက်ကတော့ သမီးကျန်းမာနေဖို့ကအဓိကပဲမို့ ကျန်တာတွေအရေးမကြီးပါဘူးကွယ်..အမေတို့ကို သမီးသတိမရရင်လဲနေပါစေ...သမီးနေကောင်နေဖို့ကအဓိကပါပဲ ...စိတ်ညစ်စရာတွေမတွေးနဲ့နော်သမီး ...ဒါနဲ့သမီးနဲ့မောင်စိုင်းမြတ်အခြေအနေကရောကွယ် အမေကိုပြောပြပါအုံး..." " သမီး ကိုစိုင်းမြတ်ကိုလေ့လာနေတုန်းပါပဲအမေ...သမီးဘယ်သူ့ကိုမှမယုံတာ အမေလဲသိတာပဲ.." " အမေကတော့ သမီးကိုတကယ်မေတ္တာရှိတဲ့သူဆိုရင်.....ဘယ်သူနဲ့ဖြစ်ဖြစ်သဘောတူပြီးသားပါ...ဒါပေမဲ့လူလိမ်လူကောက်တွေနဲ့တွေ့မှာကိုတော့ စိုးရိမ်မိတယ်ကွယ် " " ဟုတ်ကဲ့ပါအမေ...သမီးမှာချစ်သူရှိလာရင်အမေ့ကိုအရင်ဆုံးဖွင့်ပြောပါ့မယ် ...သမီးတစ်ယောက်တည်းမဆုံးဖြတ်ပါဘူး" သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်ပန်းမြိုင်ကျေနပ်စွာပြုံးလိုက်မိတယ်။ ~~~~~~~~~~~~~~ " အူ..ဝူး..ဝူး " ခွေးအူသံတွေက ကသစ်မြိုင်ခြံရဲ့ခန်ဝေးဝေးမြို့ပြင်စပ်ဆီကနေ ချောက်ချားစရာကောင်းလောက်အောင်ထွက်ပေါ်လာခဲ့တယ်။ ပန်းရိပ်ဖြူကသူမအိပ်ခန်းတစ်ခုလုံးကိုမြင်နေရလောက်တဲ့နေရာကနေ ဖုန်းလေးကိုထောင်ထားလိုက်ပြီး အိပ်ရာထဲကိုဝင်ခဲ့လိုက်တယ်။ခွေးအူသံတွေကြောင့်လူကကြက်သီးတွေထနေသလိုဖြစ်နေပေမဲ့ ညဘက်ဆေးသောက်ထားတဲ့အရှိန်ကြောင့်မျက်တောင်တွေကမဖွင့်နိုင်လောက်အောင်မှေးစင်းနေတာမို့ အိပ်ရာထဲကိုဝင်ခဲ့လိုက်တယ်။ခေါင်းအုံးနဲ့ခေါင်းထိလိုက်တာနဲ့သူမတစ်ကိုယ်လုံးပျော့ခွေသွာသလိုဖြစ်သွားပြီး လောကကြီးကမှောင်မိုက်သွားခဲ့တော့တယ်။ ================================== အပိုင်း(၁၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/

စိုင်းမြတ်ရဲ့စကားကြောင့်ပန်းရိပ်ဖြူ မယုံမရဲနဲ့စိုင်းမြတ်ကို‌ကြည့်လိုက်မိတယ်။စိုင်းမြတ်ကတကယ်ပဲ စိတ်ရင်းမှန်နဲ့ပြောနေတာလားဆိုတာကို ပန်းရိပ်ဖြူမသိဘူး။ပြီးတော့ သူတကယ်ပဲသူမကိုမြတ်နိုးချစ်ခင်နေတာလားဆိုတာကိုလဲ ပန်းရိပ်မသိပါဘူး။ပြောရရင် ပန်းရိပ်ဖြူဆိုတဲ့သူမက ဘာဆိုဘာကိုမှကောင်းကောင်းဝေဖန်ပိုင်ခြားနိုင်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူးလေ။သူမသိတာက လူတွေကမယုံကြည်ရဘူး။လူတစ်ယောက်ကိုမယုံကြည်ဘူးဆိုရင် ဖွင့်မေးဖွင့်ပြောလိုက်တာကအမှန်ကန်ဆုံးနည်းပဲလို့်သိထားခဲ့တာလေ။တကယ်တော့ သူမကျင့်သုံးနေတဲ့နည်းလမ်းတွေက မမှန်ကန်ဘူးဆိုတာကို စိုင်းမြတ်နဲ့ရင်းနှီးလာတော့မှနားလည်လာခဲ့ရတာလေ။ " ဘယ်လိုလဲဟင်ပန်းရိပ်...ကိုယ်ပြောတာတွေက်ိုရော ပန်းရိပ်ယုံရဲ့လားဟင်...ပန်းရိပ်မယုံဘူးဆိုရင် ကိုယ့်ကိုလေ့လာကြည့်လို့်ရပါတယ် " ပန်းရိပ်ဖြူက စိုင်းမြတ်ကိုသေချာမော့ကြည့်နေမိရင်းက ခပ်ဝေးဝေးကိုမျှော်ကြည့်လိုက်မိပြီး " တကယ်လို့များ ..ပန်းရိပ်ကရူးနေတာဆိုရင်ရော ကိုစိုင်းမြတ်လက်ခံနိုင်လို့လား " " ဗျာ ...ဘယ်လိုပန်းရိပ် " " ဟုတ်တယ် ကိုစိုင်းမြတ်...ပန်းရိပ်ဆေးတွေသောက်ပြီးအသက်ဆက်နေရတာကို ..ကိုစိုင်းမြတ်လဲသိတယ်မဟုတ်လား ...ဘယ်နေ့မှာဘာဖြစ်မယ်မှန်းမသိတဲ့ပန်းရိပ်ကို.... ကိုစိုင်းမြတ်လက်ခံနိုင်ရဲ့လား...ပန်းရိပ်အသက်နှစ်ဆယ့်ခြောက်နှစ်ပြည့်တဲ့မွေးနေ့မှာ ..အဘွားနှင်းမြိုင်ထားခဲ့တဲ့အမွေတွေကို ပန်းရိပ်လက်ခံရမယ် ...သေချာတာက ခုချိန်မှာပန်းရိပ်နားကိုရောက်လာတဲ့သူမှန်သမျှကို ပန်းရိပ်ရဲ့အမွေတွေကိုမက်လို့ပဲ လူတွေကဆုံးဖြတ်ကြမယ်ထင်တယ် " " ဟုတ်ပါတယ်ပန်းရိပ်..ဒါဆိုရင်ပန်းရိပ်ကရော...ပန်းရိပ်လဲအဲ့ဒီလိုပဲတွေးနေတာလား " စိုင်းမြတ်ကအလန့်တကြားမေးလိုက်တယ်။ပန်းရိပ်ဖြူက နှုတ်ဆိတ်နေမိပြီးမှ " အမှန်တိုင်းပြောရရင် ပန်းရိပ်အတွက်တော့ ...ဘယ်သူကယုံကြည်ရမဲ့သူဆိုတာကိုမသိပါဘူး ....တကယ်လို့များ အိမ်ထောင်ပြုရမယ်ဆိုရင်လဲ အမေတို့သဘောတူမှလက်ခံမှာပါ...ဒါပေမဲ့ ဒီကြားထဲမှာပန်းရိပ်ကိုကူညီနိုင်မဲ့သူနဲ့တွဲကြည့်ချင်တယ်...ဒါ...ဒါကြောင့် ကိုစိုင်းမြတ်က ပန်းရိပ်ကိုကူညီနိုင်မဲ့သူ့လို ပန်းရိပ်ထင်မိတယ်....နောက်ဆက်တွဲယုံကြည်တာတွေ ...မယုံကြည်တောတွေကတော့ နောက်မှဆက်ကြည့်ရမှာပေါ့...အဲ့ဒါကြောင့် ကိုစိုင်းမြတ်ကိုပန်းရိပ်လက်ခံမယ်ဆိုရင်တောင် အဲ့ဒါကလက်ထပ်ဖို့အထိတော့တွေးထားတာမဟုတ်ဘူးဆိုတာကိုပွင့်ပွင့်လင်းလင်းပြောထားပါရစေ " ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်ငိုင်ကျသွားခဲ့ပြိးမှ မျက်နှာကိုပြန်ပြုံးလိုက်ပြီး " ပန်းရိပ်ပြောတာလဲဟုတ်ပါတယ်လေ ....ကိုယ်လက်ခံပါတယ်....ဒါ...ဒါဆိုရင် ....ပန်းရိပ်ကကိုယ့်ကိုချစ်သူအဖြစ်တွဲကြည့်ဖို့လက်ခံလိုက်ပြီဆိုတဲ့သဘောလား " စိုင်းမြတ်ဝမ်းသာကြည်နူးစွာပြောလိုက်တော့ ပန်းရိပ်ဖြူမပြုံးမရယ်မျက်နှာလေးနဲ့ခေါင်းငြိမ့်ပြလိုက်ပြီးမှ '' အချိန်တစ်ခုအထိတော့ ပန်းရိပ်ကို စောင့်ပေးဖို့ တောင်းပန်ပါတယ် " " ဝမ်းသာလိုက်တာ ပန်းရီပ်ရယ်...ပန်းရိပ်သဘောပါ ကိုယ်စောင့်နေပါ့မယ် " စိုင်းမြတ်ကပျော်ရွင်ကြည်နူးစွာပြောလိုက်ပြီးတော့ ပန်းရိပ်ဖြူရဲ့လက်ကလေးကိုဆွဲယူလိုက်ကာခပ်ဖွဖွလေးဆုပ်ကိုင်လိုက်တယ်။ပြီးတော့ ပန်းရိပ်ဖြူရဲ့လက်ကလေးကိုဆွဲကိုင်ရင်း ထွေးဖက်ဖို့ကြိုးစားလိုက်တယ်။စိုင်းမြတ်ရဲ့အပြုအမူကြောင့် ပန်းရိပ်ဖြူရဲ့ကိုယ်လေးတွန့်ခနဲဖြစ်သွားရပြီး သူမလက်ကိုအတင်းရုန်းထွက်လိုက်ကာ ကိုယ်လုံးလေးကို ကားတံခါးဘက်ခြမ်းကို တိုးကပ်သွားလိုက်တယ်။ " ဆော....ဆောရီးနော်ပန်းရိပ်...ကိုယ်အရမ်းပျော်သွားလို့ပါကွာ " မျက်နှာပျက်ကာရှောင်တိမ်းသွားတဲ့ ပန်းရိပ်ဖြူကြောင့် စိုင်းမြတ်ကိုယ်ရှိန်သပ်လိုက်ပြီးချက်ချင်းတောင်းပန်လိုက်တယ်။ " ရပါတယ်....နောက်ဆိုရင်တော့ ....အဲ့ဒီလိုမလုပ်ပါနဲ့ ပန်းရိပ်မကြိုက်ဘူး" " စိတ်ချပါ ပန်းရိပ်ရယ်...နောက်ဆိုဒီလိုမဖြစ်စေရဘူးနော် " " ဟုတ်ကဲ့...ပန်းရီပ်တို့သွားရအောင်လေ..အဘွားမျှော်နေတော့မယ်ထင်တယ် " ပန်းရိပ်ဖြူ ခပ်တိုးတိုးပြောလိုက်ပြီး ကားပြတင်းကနေ အပြင်ကိုမျှော်ငေးကြည့်နေလိုက်တယ်။ ~~~~~~~~~~~~ " ဘယ်လိုလဲသမီး ...အမေကသမီးကိုအပန်းဖြေစခန်းကိုဘာလို့မလွှတ်ချင်တာလဲဆိုတာကို အခုသိလာပြီမဟုတ်လား ....အဲ့ဒီမှာ သမီးကိုစောင့်ရှောက်ပေးမဲ့သူဘယ်သူမှမရှိဘူး ...သမီးသာတစ်ခုခုဖြစ်သွားရင်အမေတို့ရင်ကွဲရမှာ ...အမေတို့မှာသမီးတစ်ယောက်တည်းရှိတာ ...အမှားအယွင်းအဖြစ်မခံနိုင်ဘူး.." " ဟုတ်ကဲ့ပါအမေ သမီးသိသွားပါပြီ....ဒါနဲ့အမေ့ကိုသမီမေးစရာရှိတယ်....အပန်းဖြေစခန်းမှာမီးထဲပါသွားကြသူတွေထဲမှာ အိမ်အကူအမျိုးသမီးလဲပါတယ်ဆို....သူကဘယ်လိုပုံစံမျိုးလဲအမေ...သမီးကိုပြောပြပါလား " သမီးဖြစ်သူရဲ့အမေးကြောင့် ဒေါ်ပန်းမြိုင်မျက်လုံးပြူးသွားရတော့တယ်။ " ဘယ်လိုသမီး..ဒါတွေကိုသမီးကိုဘယ်သူပြောပြလိုက်တာနဲ့...အဲ့ဒီအကြောင်းတွေကိုသိလို့် ..သမီးမှာရောဂါတိုးလာတာပဲရှိလို့ အမေတို့မပြောပြခဲ့တာလေ "

သစ်ခက်ကလုံးဝမကြောက်ဘူးလေ ...ဒါပေမဲ့သစ်ခက်က စိတ်ဆိုးပြီဆိုရင်ထအော်တတ်တဲ့အကျင့်ရှိတယ်....အလွမ်းတို့ကလေးချင်းလဲသိပ်တော့မတည့်ကြဘူး ...အလွမ်းမှတ်မိသလောက်ကတော့ အကုန်ပါပဲ..ကျန်တဲ့သူတွေဘယ်လိုဖြစ်ခဲကြတာလဲ...ပန်းရိပ်ကထွက်ပြေးနေရင်းနဲ့ အပန်းဖြေစံအိမ်ဆီကို ဘယ်လိုပြန်ရောက်သွားတာလဲဆိုတာကိုတော့ အလွမ်းလဲမသိဘူး...အဲ့ဒီနေ့ကကိစ္စဖြစ်ပြီးတော့ လေးငါးခြောက်လလောက်ကြာမှ အမေပန်းမြိုင်က ကသစ်မြိုင်ကိုပြန်လာခဲ့တာ...ပန်းရိပ်ကတော့ ..အလွမ်းတက္ကသိုလ်တက်နေတော့မှ ကသစ်မြိုင်ကိုပြန်ရောက်လာတာ ...ကိုးနှစ်နီးပါးလောက်ကို သူကရန်ကုန်မှာနေပြီးဆေးကုနေခဲ့ရတာလေ..... ကဲပါ ဒီလောက်ထိပဲပြောတော့မယ်...ကျန်တာတွေက အလွမ်းမှာပြောခွင့်မရှိတဲ့ အန်တီမြိုင်တို့မိသားစုအကြောင်းဖြစ်သွားလို့ပါ..ကိုဘုန်းလဲ ပန်းရိပ်ရဲ့အကြောင်းကိုသိသွားပြီဆိုတော့ ...ဘာပဲဖြစ်ဖြစ် သူ့ကိုနားလည်သည်းခံပေးပါနော်...ပန်းရိပ်ကိုစိတ်တိုလို့ပဲဖြစ်ဖြစ် ဘာအကြောင်းပဲရှိရှိ ..အလွမ်းတို့ကိုပြောလို့ရပါတယ် ...အလုပ်မှာကိုဘုန်းစိတ်တိုင်းကျ အေးအေးဆေးဆေးလုပ်ပါနော် " " ဟုတ်ကဲ့ပါ အလွမ်း..ဒီအတွက်တော့စိတ်ချပါ...အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ကျွန်တော်မရောပါဘူး ..." "နားလည်ပေးလို့ကျေးဇူးတင်ပါတယ်ကိုဘုန်း ...အလွမ်းသွားတော့မယ်..ကိုဘုန်းရောမနက်စာလာစားအုံးလေ ...မနက်စာအတွက်အလွမ်းပြင်ဆင်ခိုင်းထားပါတယ် " " ဟုတ်ကဲ့ တော်ကြာမှလာစားလိုက်မယ်အလွမ်း...ခုကော်ဖီသောက်ထားလို့ ဗိုက်မဆာသေးလို့ပါ " " ဒါဆို အလွမ်းသွားပြီနော် " နှုတ်ဆက်ပြီးပြန်သွားတဲ့ အလွမ်းဆွတ်ကို ဘုန်းသိင်္ခလိုက်လံငေးကြည့်နေမိတယ်။ ~~~~~~ " ပန်းရိပ် ...အိမ်ကိုတန်းပြန်မှာလား...ဘယ်သွားချင်သေးလဲ ...ကိုယ်နဲ့မြို့ထဲလိုက်ခဲ့မလား ....ဆေးခန်းရောမပြတော့ဘူးလား " စိုင်းမြတ်က ပန်းရိပ်ဖြူကိုမေးလိုက်တယ်။ပန်းရိပ်ဖြူခေါင်းလေးကိုခါယမ်းလိုက်မိပြီး " ဟင့်အင်း ဆေးခန်းတော့မပြတော့ပါဘူး...ပန်းရိပ်ဆေးခန်းပြလိုက်ရင်လဲ အိမ်ကသိသွားမှာပဲလေ ....ပန်းရိပ်လေ ကိုစိုင်းမြတ်နဲ့အေးအေးဆေးဆေးစကားပြောချင်တယ်....ပန်းရိပ်ကိုခဏလောက်အချိန်ပေးနိုင်မလား " အရင်ကလိုမျိုး စကားကိုခပ်ရိုင်းရိုင်းမပြောဘဲ အေးစက်လေးလံစွာပြောနေတဲ့ ပန်းရိပ်ဖြူကို စိုင်းမြတ်အံ့ဩတကြီးနဲ့ကြည့်လိုက်မိတယ်။နှစ်လကျော်အတွင်းမှာ စကားတွေကိုထိန်းထိန်းသိမ်းသိမ်းပဲပြောတတ်လာတာတော့မသိ။ပန်းရိပ်ဖြူပုံစံက အရင်ရက်တွေနဲ့မတူဘဲသိသိသာသာငြိမ်ကျသွားတာကို စိုင်းမြတ်သတိထားလိုက်မိတယ်။ " ရတယ်လေ ပန်းရိပ်....ရုံးကိုနောက်ကျမယ်လို့ ကိုယ်ဖုန်းဆက်လိုက်မယ်လေ ...တစ်နေရာရာမှာ ကိုယ်တို့ဝင်နားကြရအောင်လေ " " ဟုတ်ကဲ့ ...အဆင်ပြေတဲ့တစ်နေရာမှာရပ်လိုက်ပါနော်ကိုစိုင်းမြတ် " ~~~~~~~~~~~~~~~~ " ပန်းရိပ် ...ဘာပြောချင်လို့လဲ...ပြောလေ..ကိုယ်နားထောင်ပေးပါ့မယ် " စိုင်းမြတ်က ကားကိုမြို့ပြင်တစ်နေရာက ကားအသွားအလာမရှိတဲ့နေရာမှာရပ်နားလိုက်ပြီး ပန်းရိပ်ဖြူကိုပြောလိုက်တယ်။ပန်းရိပ်ဖြူက စိုင်းမြတ်ကိုမော့ကြည့်လိုက်ပြီး " ကိုစိုင်းမြတ်လဲ ..ပန်းရိပ်ထက်ပန်းရိပ်ရမဲ့အမွေတွေကို စိတ်ဝင်စားနေတာလားဟင် " " ဘယ်...ဘယ်လိုမေးလိုက်တယ်ပန်းရိပ် " ပန်းရိပ်ဖြူရဲ့အမေးကြောင့် စိုင်းမြတ်မှာ နွေခေါင်ခေါင်မိုးကြိုးပစ်ချခံလိုက်ရသလိုဖြစ်သွားပြီး တုန်လှုပ်သွားမိတယ်။ " ပန်းရိပ်ကိုအမှန်းအတိုင်းဖြေပေးပါကိုစိုင်းမြတ် " ဒုတိယအကြိမ်မြောက်ထပ်ပြီးမေးလိုက်တဲ့ ပန်းရိပ်ဖြူရဲ့အမေးစကားကြောင့် စိုင်းမြတ်ဆွံအနေသူတစ်ယောက်လိုငြိမ်သက်တိတ်ဆိတ်နေမိတယ်။ စိုင်းမြတ်အထိတ်တလန့်နဲ့ပန်းရိပ်ဖြူကို ကြည့်လိုက်မိရင်း ညကသူတို့ကိစ္စကို ပန်းရိပ်သိသွားတာများလားလို့စိုးရိမ်သွားမိတယ်။ " ဘာ..ဘာလို့ အဲ့ဒီလိုမေးတာလဲ ပန်းရိပ်.....ကိုယ့်ကိုမယုံကြည်လို့လား.." စိုင်းမြတ်တုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။ " အဲ့ဒီလိုသဘောမျိုးနဲ့မဟုတ်ပါဘူးကိုစိုင်းမြတ်....ပန်းရိပ်က ကိုစိုင်းမြတ်ရဲ့စိတ်ရင်းမှန်ကိုသိချင်လို့မေးကြည့်တာပါ " ပန်းရိပ်ဖြူဆီက စကားကိုကြားလိုက်ရမှ စိုင်းမြတ်သက်ပြင်းကိုမသိမသာချလိုက်မိတယ်။ " ပန်းရိပ်ဘာကိုစိုးရိမ်နေတယ်ဆိုတာကို ကိုယ်သိပါတယ်....ကိုယ်ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်...ပန်းရိပ်ကိုယ့်ကိုစိတ်မဆိုးရဘူးနော် ...အခုကိုယ်ပြောမဲ့စကားတွေက ကိုယ့်ရင်ထဲကလာတဲ့ စကားအမှန်တွေပါပဲ...ပန်းရိပ်ကိုကိုယ်ချစ်တယ်...အဲ့ဒါကြောင့် ပန်းရိပ်ကိုတခြားသူတွေလိုပဲ ပျော်ရွှင်နေတာမြင်ချင်တယ်....ကိုယ့်အတွက် ငွေကအရေးမကြိးပါဘူးပန်းရိပ်ရယ်....ပန်းရိပ်သာကိုယ့်အချစ်ကိုလက်ခံပြီး ကိုယ့်နောက်ကိုလိုက်ခဲ့မယ်ဆိုရင်...ကသစ်မြိုင်နဲ့ဝေးရာကိုကိုယ်ခေါ်သွားမယ်...ပန်းရိပ်စိတ်ထဲမှာ အမွေတွေကြောင့် ပန်းရိပ်ကိုလုပ်ကြံချင်တဲ့သူတွေရှိနေတယ်လို့ထင်နေတာမဟုတ်လား...ဟုတ်တယ်ပန်းရိပ်ပြောသလိုရှိနိုင်ပါတယ်...အဲ့ဒါကြောင့်... ကသစ်မြိုင်ကိုထားရစ်ခဲ့ပြီး ကိုယ့်နောက်ကိုလိုက်ခဲ့မယ်ဆိုရင်လဲကိုယ်ခေါ်သွားဖို့အဆင်သင့်ပဲ..."

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၆ ) akyiphyu ********* " ပန်းရိပ်ကဒီရောက်နေတာလား....ရှာလိုက်ရတာပန်းရိပ်ရယ်...စိတ်ပူသွားတာပဲ....မနက်စာလဲမစားရသေးဘူးမဟုတ်လား ..သွားစားရအောင်လေ " စိုင်းမြတ်က ပန်းရိပ်ဖြူနားကို လျှောက်လာပြီးပြောလိုက်တယ်။ " ဟုတ်ကဲ့ ... ပန်းရိပ် ဗိုက်မဆာတာနဲ့ ဒီဘက်ကိုလျှောက်လာတာပါ ကိုစိုင်းမြတ် " " သွားကြမယ်လေ ပန်းရိပ် ...နေ့မွန်းမတည့်ခင်ပြန်လာဖို့အဘွားကမှာလိုက်တယ်..." " ဟုတ်ကဲ့...သွားမယ်လေ " ပန်းရိပ်ဖြူကထိုင်နေရာကထလိုက်ပြီး စိုင်းမြတ်ဆွဲခေါ်ရာနောက်ကိုလိုက်ပါသွားခဲ့တယ်။နေရာမှာကျန်နေခဲ့သူတွေက ဘုန်းသိင်္ခနဲ့အလွမ်းဆွတ်သာဖြစ်တယ်။ " ကိုဘုန်းကို ပန်းရိပ်ဘာတွေပြဿနာရှာသွားသေးလဲဟင်...ကြားထဲကအလွမ်းကပဲတောင်းပန်ပါတယ်နော်...." " ရပါတယ်အလွမ်း...သူကလဲဘာမှမပြောပါဘူး....သူညကဒီဘက်ကိုလာတာမြင်သေးလားလို့မေးတာပါ " " ဪ..ဟုတ်လား.....ပန်းရိပ်က ညဘက်တွေမှာ တစ်ခါတလေယောင်ပြီး လမ်းလျှောက်တတ်တယ်လေ...အမြဲတမ်းတော့ မဟုတ်ပါဘူး ...တစ်ခါတလေမှပါ ...ညကလဲ အဲ့ဒီလိုဖြစ်သွားတယ်ထင်ပါတယ် ... ဘာမှမဖြစ်တာတော်သေးတာပေါ့ရှင် ... တစ်ခုခုများဖြစ်ရင်တော့ ဒုက္ခပါပဲ " အလွမ်းဆွတ် စိတ်မောလျစွာ ပြောလိုက်ရင်းသက်ပြင်းကို ချလိုက်တယ်။ "ဒါနဲ့ နေပါအုံး ...စီစီတီဗီတွေ ကအလုပ်မလုပ်တာလား အလွမ်း... ပြန်ကြည့်လို့မရဘူးလား " ဘုန်းသိင်္ခသိချင်တာကို မေးလိုက်တယ်။ "ပြင်ဆင်ရေးကြောင့် စီစီတီဗီတွေမဖွင့်ထားတာ သုံးလေးရက်ရှိနေပြီလေ ကိုဘုန်း " " ဪ ..ဟုတ်သားပဲ ...ကျွန်တော်လဲအလွမ်းတို့ သူဌေးမလေးကို နည်းနည်းပါးပါးစပ်စုလိုက်တာ ..သူကငယ်ငယ်ကအကြောင်းတွေကို လုံးဝမသိဘူးပဲနော် ... သူ့မောင်လေးကိုလဲမမှတ်မိဘူး....ကြည့်ရတာ ငယ်ငယ်တုန်းကအနေစိမ်းကြလို့များလား...အလွမ်းရောမှတ်မိလား " " အလွမ်းလဲ ငယ်ငယ်ကအကြောင်းတွေကို သိပ်တော့မမှတ်မိဘူး...မှတ်မိသလောက်တော့ ပန်းရိပ်ကငယ်ငယ်ကတည်းက .... နည်းနည်းမာနကြီးတယ််.. ပြီးတော့သူကကြောက်တတ်တယ် ...စိမ်းတာကတော့အားလုံးနဲ့စိမ်းတယ်..." " ဪ ..ဒါဆိုရင် ...လူကအားလုံးကိုမေ့သွားပေမဲ့... သူ့ရဲ့ပင်ကိုယ်ဗီဇကိုတော့ မမေဘူးပေါ့လေ...ဟိုလေ...ဖြစ်နိုင်ရင်ပေါ့ ...အလွမ်းတို့ အဲ့ဒီညတုန်းကကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို... မှတ်မိသလောက်လေးပြောပြလို့ရရင်ပြောပြပါလား..ကိုယ်အလုပ်လုပ်နေတဲ့နေရာကသမိုင်းကြောင်းဆိုတော့ ...ကျွန်တော်စိတ်ဝင်စားလို့်ပါ ...တောင်းဆိုတာပါ...ပြောပြလို့ရမှပြောပြပေးပါ " ဘုန်းသိင်္ခရဲ့အမေးကြောင့် အလွမ်းဆွတ်တစ်ချက်တော့ တွေခနဲဖြစ်သွားမိတယ်။ " ပြောပြလို့ရပါတယ်...အလွမ်းကတော့ တော်တော်များများကိုမှတ်မိနေခဲ့တယ်လေ ...အလွမ်းမှတ်မိသလောက်ကတော့ ...အဲ့ဒီနေ့ကအလွမ်းတို့တွေ ဒီနေရာကို အပန်းဖြေထွက်လာခဲ့ကြတယ်...ညရောက်တော့အလွမ်းတို့အိပ်ပျော်နေချိန်မှာ ...အမေပန်းမြိုင်နဲ့ဒေါ်ဒေါ်အေးပုံကလာနှိုးတယ်...အပြင်မှာလူဆိုးတွေရောက်နေလို့ ထွက်ပြေးကြဆိုတာနဲ့ အလွမ်းတို့ပြေးခဲ့ကြတာပဲ...ပြေးတော့ဟိုကတောင်ကြားလမ်းလေးထဲကနပြေးတာ ....အခုတော့ တောင်ကြားလမ်းကိုခဏပိတ်ထားတာ...အားလုံးပြင်ဆင်ပြီးရင် အဲ့ဒီတောင်ကြားလမ်းကိုပါ လူသွားလို့ရအောင်လုပ်ဖို့စီစည်ထားပါတယ်....ဆောက်လုပ်ရေးအတွက် စကားပြောထားတာလဲရှိတယ်....အင်း ...ခုနစကားကိုဆက်ပြောရမယ်ဆိုရင် ...အလွမ်းတို့ပြေးလာရင်းနဲ့ အမေအေးပုံကအမေပန်းမြိုင်ဆီကိုပြန်ပြေးသွားတယ်..အမေပန်းမြိုင်နဲ့အဘွားက အပန်းဖြေစံအိမ်မှာကျန်ခဲ့တာကို ..အလွမ်းတို့ကလေးတွေပဲဆက်ပြေးလာကြတော့... စမ်းချောင်းနားကိုအရောက်မှာ.... လူဆိုးသုံးယောက်နဲ့တွေ့တယ်..အဲ့ဒီမှာသစ်ခက်ကအရင်ထွက်ပြေးတာ...အလွမ်းတို့လဲကြောက်ကြောက်နဲ့ပြေးမိပြေးရာပြေးကြတာလေ...မောင်လေးအထွန်းကျန်ခဲ့မှာစိုးလို့တောင် အလွမ်းက အထွန်းလေးက်ိုဆွဲပြီးပြေးခဲ့တာပေါ့ ..သစ်ခက်ကတော့ အလွမ်းတို့နဲ့သွေးမတော်သားမစပ်တဲ့အလုပ်သမားသမီးမို့ အထွန်းလေးကိုဘယ်ဂရုစိုက်ပေးနိုင်မှာလဲ ....အလွမ်းတို့ကတော့ အစ်မတွေမဟုတ်လား ...အထွန်းလေးကိုဂရုစိုက်ပေးရမှာလေ...ဒါကိုပန်းရိပ်ကသူ့ကိုယ်သူပဲဂရုစိုက်ပြီးပြေးတာ ..အလွမ်းကတော့ အထွန်းလေးကိုလက်ဆွဲပြီးပြေးတာပါပဲ...ဒါပေမဲ့လမ်းမှာဓါတ်မီးကကျပျောက်ပြီ ချော်လဲကြတယ်.....နောက်ဆုံးတော့ပြေးရင်းလွှားရင်းနဲ့ အလွမ်းလဲကျသွားပြီး ...သတိလစ်သွားလိုက်တာ ..အလွမ်းသတိပြန်ရာလာတော့ ရေတံခွန်ရွာမှာရောက်နေခဲ့တာလေ " " ဪ ....ဒါဆိုရင် ..အထွန်းလေးဆိုတဲ့တစ်ယောက်နဲ့သစ်ခက်ဆိုတဲ့တစ်ယောက်ကအသက်ရှင်ချင်လဲရှင်နေနိုင်တာပဲပေါ့...သစ်ခက်ဆိုတဲ့သူကရောဘယ်လိုပုံစံမျိုးလဲ " " သစ်ခက်လား..သူကတော့တအားစွာတယ်...ကြောက်လဲမကြောက်တတ်ဘူး...တစ်ခုခုဆိုရင် ဘယ်သူ့ကိုမဆိုမကြောက်ဘူးလေ....အလွမ်းတို့ငယ်ငယ်တုန်းကဆိုရင် ....ဘွားကြေးဥကိုအရမ်းကြောက်ကြတာလေ...ဘွားကြေးဥကလဲကသစ်မြိုင်ကိုသိပ်မလာပါဘူး...အထွန်းလေးကိုတွေ့ချင်မှလာခေါ်တာလေ..ဘွားကြေးဥလာပြီဆိုရင်..အလွမ်းရောပန်းရိပ်ပါကြောက်ကြပေမဲ့....

" မတွေ့ပါဘူးဗျာ...ကျွန်တော်အိပ်ပျော်နေတဲ့အချိန်ဆိုရင်တော့မသိဘူးပေါ့ ...ဒါပေမဲ့ ဒီနားကိုလူတစ်ယောက်ရောက်လာတာကိုတောင် မသိတဲ့အထိတော့ ကျွန်တော်အိပ်ရေးမကြီးပါဘူး .....ဒါနဲ့နေပါအုံး ခင်ဗျားကညတုန်းက ဘာလို့ပန်းခြံထဲရောက်နေတာလဲ...ညကအရက်တွေဘာတွေသောက်လိုက်သေးလား...မူးပြီးလျှောက်သွားတာလား " " ဘာရှင့် ... ရှင်ဘာမဟုတ်တာတွေလာပြောနေတာလား ..ဘာအရက်လဲ...ကျွန်မညတိုင်းဆေးသောက်နေရလို့်.... အရက်မပြောနဲ့ညဘက်ဆိုကော်ဖီတောင်မသောက်ရဘူး " " ဒါဆိုရင်...ခင်ဗျားကတကယ်ပဲ... ညအိပ်ရင်ယောင်ပြီးလမ်းထလျှောက်တဲ့အကျင့်ရှိတာလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူမျက်လုံးပြူးကြီးတွေနဲ့ ဘုန်းသိင်္ခကိုကြည့်လိုက်တယ်။ " ရှင်ကကျွန်မတို့အကြောင်းတွေကိုသိလှချည်လား...ကျွန်မယောင်ပြီလမ်းထလျှောက်တတ်တာကိုတောင်သိနေတာလားဟုတ်လား " " ဟာ တစ်မျိုးမထင်ပါနဲ့ဗျာ ...ခင်ဗျားရဲ့ကျန်းမာရေးအတွက်မိသားစုကစိုးရိမ်လို့ပြောပြထားတာပါ " ဘုန်းသိင်္ခက အားနာသွားရပြီး တောင်းပန်စကားပြောလိုက်ချိန်မှာပဲ သူတို့နှစ်ယောက်နားကိုဆိုင်ကယ်နှစ်စီးထိုးရပ်လာခဲ့ပြီး ဆိုင်ကယ်ပေါ်က ဆင်းလာကြတဲ့အလွမ်းဆွတ်နဲ့စိုင်းမြတ်ကိုတွေ့လိုက်ရတယ်။ ================================== အပိုင်း(၁၆)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/

..ခင်ဗျားကသူ့ကိုသတိမရလို့စိတ်ဆိုးနေတာဖြစ်မယ်....ပြီးတော့ အိမ်အလုပ်သမားအဒေါ်ကြီးလဲဆုံးသွားတယ်ဆို " " ကျွန်မအဘွားဟုတ်လား...အိမ်အလုပ်သမားအဒေါ်ကြိးလဲဆုံးသွားတယ်ဟုတ်လား ....သူ...သူကဘယ်အရွယ်လဲ " " အယ်...ဘယ်အရွယ်လဲတော့မသိဘူးလေ...ကျွန်တော်လဲ ...ဒီအကြောင်းတွေကိုအလွမ်းပြောပြလို့သိတာပါ....အလွမ်းတောင် ဒီအကြောင့်တွေကိုမှတ်မိတယ်...ခင်ဗျားကဘာလို့မမှတ်မိတာလဲ .. " " ဘာလို့မမှတ်မိတာလဲတော့ ကျွန်မလဲဘယ်သိမလဲ.,...ဆေးတွေလဲကုနေတာပဲလေ ,,,အဘွားကတော့ ပြောတယ်....မမှတ်မိလဲအရေးမက်ြိးဘူးတဲ့.,..ကျွန်မမောင်လေးကိုလဲ အဘွားရှာပေးမယ်တဲ့လေ " " ဟုတ်လား...ဒီလောက်ကြာနေပြီ ရှာမတွေ့ဘူးဆိုတော့ ခင်ဗျားမောင်လေးကဒီလောကကြီးမှာ ရှိပါ့အုံးမလားဗျာ ...အင်း..သူမရှိတော့ အမွေတွေအကုန်လုံးကိုခင်ဗျားတစ်ယောက်တည်းအကုန်ရတာပေါ့ " " ဘာ...ရှင်ဘာစကားပြောလိုက်တာလဲ...ရှင်ဟာလေ စကားပြောလို့မကောင်းတဲ့လူ...ရှင့်ကိုကျွန်မစကားလာပြောနေတယ်ဆိုပြီး အဟုတ်မှတ်မနေနဲ့...ရှင်က ကသစ်မြိုင်ရဲ့အလုပ်သမားမဟုတ်လို့ စကားလာပြောနေတာသိရဲ့လား ..." " ဟော့ဗျာ ...ခင်ဗျားကလဲစိတ်ဆိုးပြန်ပြီး ...ကျွန်တော်ကစတာပါဗျာ.....အမှန်တိုင်းပြောရရင်ဗျာ...ကျန်တဲ့အလုပ်သမားတွေနဲ့ အဘွားကိုမမှတ်မိရင်နေပါ ....ကိုယ့်မောင်လေးကိုတော့ မှတ်မိရမှာပေါ့ ...ဘာလဲခင်ဗျားက သူ့ကိုမချစ်လို့်လား ..ပြီးတာ့ဘာလဲ..ပျောက်နေတဲ့သူထဲမှာ ခင်ဗျားတို့သူငယ်ချင်းသစ်ခက်ဆိုလားဘာလားပါတယ်ဆို ...မမှတ်မိဘူးလား သစ်ခက်တဲ့လေ...ခင်ဗျားမောင်လေးနာမည်ကလဲ အထွန်းဆိုလားဘားလားဗျာ...အလွမ်းပြောပြလို့ ကျွန်တော်တောင်မှတ်မိနေသေးတယ် " " သစ်ခက်...အထွန်းဟုတ်လား....သူတို့နာမည်တွေကိုလဲ အခုမှကြားဖူးတာ...အထွန်း..အထွန်းတဲ့လား...အဘွားတို့က အဲ့ဒီအကြောင်းတွေကိုမပြောပြဘူး....မောင်လေးနာမည်က ထွန်းမြတ်မောင်လို့တော့ အမေကပြောပြဖူးတယ်...ဒါပေမဲ့ဓါတ်ပုံတွေဘာတွေလဲ မတွေ့ဖူးဘူး....အဘွားကကျွန်မအတွက်စိုးရိမ်ပြီး ငယ်ငယ်တုန်းကပုံတွေကို အကုန်သိမ်းထားတာထင်တယ် " " အင်းလေ...ဟုတ်မှာပေါ့ ...ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ..ကျွန်တော်ကြားထားတာတော့ ...ခင်ဗျားကလူတွေကိုမယုံဘူးဆို...အားလုံးကခင်ဗျားကိုလုပ်ကြံဖို့ကြံစည်နေကြတယ်လို့ထင်နေတာဆိုဗျ.. " " ဘာ...ဘာပြောတယ်...ရှင့်ကို ဒီအကြောင်းတွေကိုဘယ်သူပြောတာလဲ " " ဘယ်သူပြောတာလဲဆိုတော့ ...လူတိုင်းပြောနေကြတဲ့စကားပဲလေ ...ပြီးတော့ ကျွန်တော့်ကိုလဲ ခင်ဗျားကိုယ်တိုင်ပြဿနာရှာခဲ့သေးတယ်လေ ...ခင်ဗျားကိုကျွန်တော်အကြံပေးမယ်နော်...အခုလိုဖြစ်နေတာက ခင်ဗျားရဲ့ငယ်ဘဝကိုမေ့နေလို့ ဖြစ်နေတာထင်တယ်...တကယ်လို့ခင်ဗျားရဲ့ငယ်ဘဝကိုသာပြန်မှတ်မိသွားရင်...ခင်ဗျားချစ်ခင်ခဲ့တဲ့သူတွေ...ခင်မင်ခဲ့တဲ့သူတွေနဲ့ငယ်ငယ်တုန်းကကျောင်းအတူတက်ခဲ့တဲ့သူငယ်ချင်းတွေကိုပါမှတ်မိလာမယ်...ဒါဆိုရင်ခင်ဗျာလူတွေနဲ့ဆက်ဆံရတာပိုပြီးအဆင်ပြေလာလိမ့်မယ်...ပြီးတော့ ခင်ဗျားအသက်ကိုးနှစ်အထိ စခန်းသာမှာနေခဲ့တာမဟုတ်လား ....ငယ်ငယ်တုန်းကသူငယ်ချင်းတွေနဲ့ပြန်မဆုံဘူးလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူခေါင်းကိုခပ်တွေတွေခါယမ်းလိုက်မိပြီး " ဟင့်အင်း...ကျွန်မစခန်းသာကိုပြန်ရောက်လာတော့ ဘယ်သူကိုမှမမှတ်မိဘူးလေ...ပြီးတော့ အလွမ်းဆွတ်ကလဲမန္တလေးမှာတက္ကသိုလ်တက်နေခဲ့တာ...တကယ်တော့ ကျောင်းမတက်ရပညာမသင်ရဘဲနဲ့အရူးလိုဖြစ်နေခဲ့တာကျွန်မတစ်ယောက်တည်းပဲလေ...ကျွန်မနဲ့အလွမ်းဆွတ်အဖြစ်ဆိုးကြုံခဲ့ရတာအတူတူ ကျွန်မကစိတ်ဓါတ်ပျော့ညံ့ခဲ့လို့ ...အဖေတို့်သိပ်ပြိးစိတ်ဆင်းရဲခဲ့ရတယ်....ရှင်းရှင်းပြောရရင် အဖေနဲ့အမေကကျွန်မကိုဂရုစိုက်ပေမဲ့ ...အတူနေရတာကြာပြီဖြစ်တဲ့ အလွမ်းဆွတ်ကိုပိုပြီးချစ်ကြတယ်လို့ ကျွန်မထင်နေမိတယ်...ဒါကြောင့်လဲ အလွမ်းဆွတ်ကိုကျွန်မကြည့်မရဖြစ်နေတာလေ...ကျွန်မကတော့ရှင်းရှင်းပဲ မုန်းရင်မုန်းတယ်..မယုံရင်မယုံဘူးလို့်ပြောလိုက်တာပဲ ...ရှင့်ကိုလဲကျွန်မ မယုံဘူး...ဘယ်သူ့ကိုမှလဲမယုံဘူး...အလွမ်းဆွတ်အပါအဝင်....အဖေ့တူတွေတူမတွေဖြစ်တဲ့ ကိုညိုတို့မောင်နှမတွေကိုလဲမယုံဘူး " ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘုန်းသိင်္ခပြုံးလိုက်မိပြီး " မယုံတာလဲကောင်းပါတယ်ဗျာ...ခင်ဗျားလို ကသစ်မြိုင်ရဲ့အမွေတွေကိုဆက်ခံမဲ့သူဌေးမက ....လူတကာကိုယုံနေရင်လဲ ဒုက္ခရောက်သွားမှာပေါ့ ...တော်ကြာအပြင်ထွက်တာနဲ့ငွေလုမဲ့သူနဲ့တိုးနေမယ် " " လုမဲ့သူနဲ့တိုးတော့လဲကောင်းတာပေါ့ရှင်.....သူ့ဆီကငွေပြန်လုလိုက်မှာပေါ့...ကျွန်မဆီမှာတော့ ငါးသောင်းတစ်သိန်းအပြင်ပိုမရှိဘူးလေ " " ဗျာ..တကယ်လား .. ပိုက်ဆံမကိုင်ရဘူးလား...ဘာလဲ..ခင်ဗျားသွာလေရာကိုငွေကိုင်တစ်ယောက်အမြဲလိုက်တာလား " " မဟုတ်ပါဘူး...လိုတာမှန်သမျှအမေတို့ကဝယ်ပေးနေတာပဲ ငွေလဲမလိုပါဘူး...အပြင်ထွက်ရင်မုန့်စားဖို့လောက်ပဲလိုတဲ့ဟာ ...နေပါအုံး...ရှင်မေးချင်တာတွေပဲမေးမနေနဲ့အုံး ...ရှုင့်ကိုမေးစရာရှိလို့်ကျွန်မလာခဲ့တာ ...ရှင်ညတုန်းကကျွန်မကိုတကယ်ပဲမတွေ့တာလား ...ကျွန်မဒီဘက်ကိုလမ်းလျှောက်လာသေးတာကိုမတွေ့တာသေချာရဲ့လား "

အဘွားလဲပါတယ်ဆို....အသက်ကိုးနှစ်လောက်တုန်းကဆိုတော့ မမှတ်မိစရာအကြောင်းလဲမရှိပါဘူး ....ဟို ...အလွမ်းဆွတ်တောင်ဒါတွေကို မှတ်မိတယ် ..ခင်ဗျားက မမှတ်မိဘူးလား " ဘုန်းသိင်္ခက နားမလည်နိုင်ဘဲ မေးလိုက်တယ်။ "ဟင့်အင်း ....မမှတ်မိဘူး " "ဗျာ ...ခင်ဗျားရဲ့အဘွားရင်းနဲ့ ခင်ဗျားမောင်လေးတစ်ယောက်လုံးပျောက်နေတာကို မမှတ်မိဘူးလား " "ဟင့်အင်း မမှတ်မိဘူး ...ပြီးတော့ အရင်ကအကြောင်းတွေကို ပြန်မပြောရဘူးလို့ အဘွားက မှာထားလို့ ...ဘယ်သူမှပြန်မပြောကြဘူး " " သြော် .... အဲ့ဒီလိုလား ...ဒါဆိုရင် အခုမှဒီအကြောင်းတွေကို ဘာလို့ သိချင်နေရတာလဲ " ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူ ဖြန်းခနဲပြန်မဖြေနိုင်ဘဲ ကျောက်တောင်ကြီးကို ငေးကြည့်နေမိတယ်။ပြီးတော့မှ ဘုန်းသိင်္ခကို ပြန်ကြည့်လိုက်ပြီး " မကြာခင်မှာ ကျွန်မအသက်နှစ်ဆယ့်ခြောက်နှစ်ပြည့်တော့မယ် ...ဒါပေမဲ့ ကျွန်မအသက်ရှင်နေရတာ အဲ့ဒီလောက်မကြာသေးဘူးလို့ စိတ်ထဲကထင်နေမိတယ်...လောကကြီးအကြောင်းကို ကျွန်မဘာမှမသိဘူး ...ပြီးတော့ ဒီနေရာအကြောင်းကိုလဲ လုံးဝမသိဘူး ...ကျွန်မသိတာက ကျွန်မအဖေနဲ့အမေရယ် အဘွားရယ် ...ပြီးတော့ ကျွန်မကို ကြည့်မရကြတဲ့အမျိုးတွေနဲ့ အလုပ်သမားတွေကိုပဲသိတယ် " "ဗျာ ....ဟိုလေ ..ခင်ဗျား ကျောင်းမတက်ခဲ့ရဘူးလား ..သူငယ်ချင်းတွေ မိတ်ဆွေတွေရောမရှိဘူးလား " ပန်းရိပ်ဖြူခေါင်းကို ခါယမ်းလိုက်ပြီး "ဟင့်အင်း ... အိမ်မှာဆရာမတစ်ယောက်ခေါ်ပြီး စာရေးတတ်ဖတ်တတ်အောင်တော့ သင်ခဲ့ရပါတယ် ... ကျွန်မဆယ့်ရှစ်နှစ်လောက်အထိ နေမကောင်းဖြစ်နေလို့လေ ... ကသစ်မြိုင်ကိုလဲ အသက် (၁၈)နှစ်မှ ပြန်ရောက်လာခဲ့တာ ..." " ဪ ..အဲ့ဒီလိုလား ...အဲ့ဒါဆို ငယ်ငယ်ကဘယ်မှာနေတာလဲ ..." "ရန်ကုန်လို့တော့ အမေကပြောတယ် ... သေချာတော့မသိဘူး ...အိမ်မှာ သူနာပြုတွေအိမ်ဖော်တွေနဲ့ပဲနေရတာ...အမေကတော့တစ်နှစ်မှာ သုံးလေးလလောက်တော့ ကျွန်မနဲ့လာနေတယ်...အဖေကတော့ အမေ့ကို လာပို့ရင်းနဲ့ လာတယ် ....." " ခင်ဗျားကလဲ ရန်ကုန်မှာနေခဲ့ပြီး... လူတွေအကြောင်းကိုမသိဘူးလား ..ဘာလဲ မိဘတွေမရှိတုန်းမှာ ...သူနာပြုတွေ အိမ်ဖော်တွေက ခင်ဗျားကို ဘယ်မှလိုက်မပို့ဘဲ နှိပ်စက်ကြတာလား " ဘုန်းသိင်္ခရဲ့ အမေးကြောင် ပန်းရိပ်ဖြူခေါင်းကိုခါယမ်းလိုက်ပြီး "ဟင့်အင်း ..မဟုတ်ပါဘူး ... သူတို့ကိုပဲ ကျွန်မကနှိပ်စက်ခဲ့တာပါ ... သူတို့အားလုံး ကျွန်မကြောင့် ထိပ်ပေါက်ခေါင်းကွဲနဲ့ ဒဏ်ရာရခဲ့တဲ့သူတွေချည်းပဲ ... ဒဏ်ရာမရတဲ့သူရယ်လို့ မရှိဘူး ... အမေကလဲပြောထားတယ် ...သူတို့က ကျွန်မကိုအနိုင်ကျင့်နှိပ်စက်ရင် မခံနဲ့တဲ့ပြန်လုပ်တဲ့ ...အမေလာရင် အကုန်ပြန်တိုင်တဲ့လေ .. အဲ့ဒီမှာနေတုန်းက ကျွန်မလုပ်သမျှကိုသည်းခံခဲ့တဲ့ .... ဒေါ်ဘောက်စိန်ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်လဲရှိတယ် ... နောက်ပိုင်းတွေမှာ ဒေါ်ဘောက်စိန်ကိုသနားလာလို့ ကျွန်မဘာမှမလုပ်တော့ဘူး ... ဒါပေမဲ့ ကျွန်မလိမ္မာလာတော့မှ ဒေါ်ဘောက်စိန်က အလုပ်ကထွက်သွားလို့ ...ကျွန်မလဲအရင်လို ပြန်သောင်းကျန်းတာပေါ့ " " အယ်ဗျာ ....အလုပ်သမားတစ်ယောက် အလုပ်ထွက်သွားတာနဲ့ပဲ ...ခင်ဗျားကသောင်းကျန်းရလားဗျ ...အလုပ်သမားပဲ သူပိုက်ဆံပိုရတဲ့ဆီကို သွားမှာပေါ့ ...ခင်ဗျားက သူ့ကိုတစ်သက်စာ စာချုပ်ချုပ်ထားလို့လား " ဘုန်းသိင်္ခရဲ့ စကားကြောင့် ပန်းရိပ်ဖြူမျက်နှာတင်းခနဲဖြစ်သွားရပြီး "တော်စမ်း ...လာပြန်ပြီလား ဒီပိုက်ဆံ ... ရှင်က ဘာသိလို့ ပြောနေရတာလဲ ..." "အယ် ..ဟုတ်ပါပြီဗျာ ....ကျွန်တော်လဲမသိပါဘူး...ဒါနဲ့ သူတို့ကခင်ဗျားခိုင်းသမျှလုပ်ရတယ်ဆိုရင် ...ခင်ဗျားကိုယ်တိုင်က အပြင်တွေဘာတွေ လျှောက်မလည်တာလား ...ဆယ်ကျော်သက်ဘဝဆိုတာ သိပ်ပျော်စရာကောင်းတာဗျ ...ကျွန်တော်ဆိုရင် ကျောင်းသွားမယ်ဆိုပြီး ...သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတာပဲ ... ဒါနဲ ခင်ဗျားက ရန်ကုန်ဘယ်နားမှာနေခဲ့တာလဲ " " ဟင့်အင်း ..မသိဘူးလေ....ပြီးတော့ ကျွန်မအပြင်လျှောက်လည်မယ်ဆိုရင်လဲ ...သူတို့တွေလိုက်ပို့ကြပါတယ်....ဒါပေမဲ့ ကျွန်မကမကြာခဏ မေ့လဲနေတတ်လို့... ကြာတော့အပြင်သွားရမှာကိုတောင်ရှက်လာတယ်....ဒါတွေပျောက်အောင် အတော်ကြာကြာဆေးကုခဲ့ရတာလေ....အသက်ဆယ့်ရှစ်ပြည့်တော့သက်သာလာသလို စခန်းသာကလဲ ... သွားရေးလာရေးဖွံ့ဖြိုးလာလို့ အဖေတို့က ပြန်ခေါ်လာခဲ့တာ ...ဒါပေမဲ့ ကျွန်မသိပါတယ်...အဖေတို့ကျွန်မကို ရန်ကုန်မှာထားခဲ့တာက ..ကျွန်မစိတ်တွေ ပုံမှန်မဟုတ်တာကို စခန်းသာကလူတွေသိသွားရင်ရှက်လို့်ဖြစ်ပါလိမ့်မယ်.....ကဲပါ ဒီကိစ္စတွေထားလိုက်စမ်းပါ...ရှင်လိုလူကိုဒီအကြောင်းတွေ ဘာလို့ပြောနေမိမှန်းမသိတော့ဘူး ...ကျွန်မမေးတာပဲဖြေစမ်းပါ....ရှင်လျှာမရှည်နဲ့ ...ဒီမှာသရဲခြောက်တယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ...ရှင်ရောအခြောက်ခံရသေးလား...သရဲကယောက်ျားလားမိန်းမလား " " အင်း ..အဲ့ဒါကဘယ်လိုပြောရမလဲ....ကျွန်တော်လဲသေချာမသိဘူးလေ....ဒီမှာက သုံးလေးခါပဲညအိပ်ဖူးသေးတာလေ ...ဝန်ထမ်းတွေပြောနေကြတာတော့ ယောက်ျားကြီးတစ်ယောက်လမ်းလျှောက်နေတာကိုလဲမြင်ဖူးတယ်လို့ပြောတယ်....ဒါပေမဲ့ကောလဟာလတွေပါပဲ...ကျွန်တော်တော့တစ်ခါမှကိုမကြုံပါဘူး...ဘာလဲခင်ဗျားညကတွေ့လို့လား....ခင်ဗျားကိုလာခြောက်တယ်ဆိုရင်တော့ ခင်ဗျားအဘွားပဲနေမှာပေါ့

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၅) akyiphyu ********* အလွမ်းဆွတ်ရဲ့ နာမည်ကို စိုင်းမြတ်ခပ်တိုးတိုးခေါ်လိုက်မိရင်း အလွမ်းဆွတ်ရဲ့လက်ဖဝါးတစ်ဖက်ကို ဆွဲကိုင်ကာ အလွမ်းဆွက်အခန်းထဲကို မြန်မြန်သွက်သွက်ဝင်လိုက်တယ်။ "ကို...ကိုစိုင်းမြတ် " အလွမ်းဆွတ်ထိတ်လန့်တုန်လှုပ်နေတဲ့အသံလေးနဲ့ ခေါ်လိုက်တယ်။ "ကျွန်တော်တောင်းပန်ပါတယ် အလွမ်း ....ကျွန်တော်တို့ကိစ္စကို ပန်းရိပ်ကိုမပြောပါနဲ့နော် ....သူက အခုမှသူစိမ်းတစ်ယောက်ကိုယုံကြည်ဖို့အစပျိုးနေချိန်မို့ပါ...သူ့စိတ်ထဲမှာလူတွေကိုမယုံကြည်ရာကနေကြောက်ရွံ့သွားမှာမျိုးအထိမဖြစ်စေချင်လို့ ...အလွမ်းနားလည်ပေးပါနော်...ကျွန်တော်မှားခဲ့မိတာအတွက် တောင်းပန်ပါတယ် " စိုင်းမြတ်ရဲ့စကားကြောင့် အလွမ်းဆွတ်ခေါင်းလေးကိုငုံ့ထားလိုက်ပြီး ခေါင်းကိုအသာငြိမ့်ပြလိုက်မိတယ်။ " အလွမ်းနားလည်ပါတယ်ကိုစိုင်းမြတ်...အလွမ်းကလဲ ပန်းရိပ်မကျန်းမာမှန်းသိလို့ အစစအရာရာအရှုံးပေးထားပြီးသားပါ....အမေပန်းမြိုင်တို့ကျေးဇူးတွေက ...အလွမ်းပေါ်မှာအများကြီးရှိနေပါတယ်...အလွမ်းအတွက်် ကိုစိုင်းမြတ်တာဝန်ယူစရာမလိုပါဘူး...ညကဖြစ်ခဲ့တဲ့ကိစ္စမှာ အလွမ်းတို့မမျှော်လင့်ထားဘဲဖြစ်ခဲ့ကြတာပဲလေ ....အလွမ်းကိုယ်တိုင်ကပါလို့ဖြစ်ခဲ့တာပါ...အဲ့ဒီအတွက် ကိုစိုင်းမြတ်စိတ်မပူပါနဲ့နော်..ဘွားကြေးဥကိုယ်တိုင်ကရွေးချယ်ထားတဲ့သူကို ...အလွမ်းမထိရဲပါဘူးရှင်...အလွမ်ကိုယ့်ဘဝကိုသိပါတယ်....အလွမ်းက ပန်းရိပ်နဲ့ညီမဝမ်းကွဲဆိုတာထက် အလုပ်သမားတစ်ယောက်ဆိုတာ...ကိုယ့်ကိုယ်ကိုသိပါတယ်ရှင် " " အလွမ်းရယ် " အလွမ်းဆွတ်ရဲ့စကားတွေကြောင့် စိုင်းမြတ်ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိသလို ကိုယ့်ကိုယ်ကိုယ်ပါ စိတ်တိုဒေါသထွက်သွားမိတယ်။သိပ်လှတဲ့ အလွမ်းဆွတ်ရဲ့အလှအပတွေအောက်မှာ ရုန်းမထွက်နိုင်ခဲဘဲယစ်မူးသွားခဲ့မိတာကတော့အမှန်ပဲဖြစ်ခဲ့ပေမဲ့ ခုလိုဖြစ်သွားတော့ ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားနေရတယ်။ "ကျွန်တော်တောင်းပန်ပါတယ် နော်အလွမ်း " စိုင်းမြတ်ကထပ်ပြီး တောင်းပန်စကားပြောလိုက်တော့ အလွမ်းဆွတ်ခေါင်းလေးငုံ့ကာ မျက်ရည်တွေတွေကျနေခဲ့တယ်။ " မ...မငိုပါနဲ့ အလွမ်းရယ် ...အားလုံးက ကျွန်တော့်အပြစ်တွေပါ " " ရ ...ရပါတယ်ကိုစိုင်းမြတ်ရယ် ...တောင်းပန်ဖို့မလိုပါဘူးရှင် ... အလွမ်းလဲမှားခဲ့တာပါ ....ကိုစိုင်းမြတ်ကပန်းရိပ်ကိုချစ်နေမှန်းသိသိနဲ့.... အလွမ်း..အလွမ်းက ကိုစိုင်းမြတ်ကို သံယောဇဉ်တွယ်နေမိတာပါ " အလွမ်းဆွတ်က ပြောပြီးတာနဲ့ အခန်းထဲကပြေးထွက်ခဲ့တယ်။အလွမ်းဆွတ် ပြောသွားတဲ့ စကားကြောင့် စိုင်းမြတ်တစ်ယောက်နေရာမှာ ငူငူချည်းကျန်နေခဲ့တယ်။ ~~~~~~~~~~~~~ ပန်းရိပ်ဖြူ အခန်းထဲက ထွက်လာတော့ စိုင်းမြတ်ကို မတွေ့တာနဲ့ တည်းခိုဆောင်အပြင်ကို ခပ်ဖြည်းဖြည်းထွက်လာခဲ့လိုက်တယ်။လူတစ်ကိုယ်လုံး ညောင်းကိုက်နေပေမဲ့ ခြေထောက်က အတော်လေး သက်သာတာမို့ အဆင်ပြေသွားတယ်။တည်းခိုဆောင်အပြင်ကို ရောက်တော့ ဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ " ကျွန်မကို အနောက်ဘက် ကျောက်တောင်နားဆီလိုက်ပို့ပေးပါ " " ဟုတ်ကဲ့ပါမမလေး " ဝန်ထမ်းလေးယူလာတဲ့ ဆိုင်ကယ်ပေါ်ကို ပန်းရိပ်ဖြူ တက်ထိုင်လိုက်တယ်။ ~~~~~~~ "ရပြီ ...ရပြီ ..ဒီနားမှာပဲ ရပ်တော့ ...အလွမ်းဆွတ်တို့က ကျွန်မပျောက်လို့ ရှာရင် ...ဒီမှာ ရှိတယ်လို့ မပြောပါနဲ့ " " ဟုတ်ကဲ့ပါမမလေး " ပန်းရိပ်ဖြူဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးတော့ ခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့ ဘုန်းသိင်္ခရှိရာဆီကို ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်။ " ဒီမှာ " ပန်းရိပ်ဖြူလှမ်းခေါ်လိုက်တော့ စောစောကတည်းက လှမ်းကြည့်နေတဲ့ ဘုန်းသိင်္ခက ပန်းရိပ်ဖြူဆီကို လျှောက်လာခဲ့ပြီး "ကျွန်တော့်ဆီကို လာတာလား သခင်မလေး ..ဘာကိစ္စရှိလို့လဲ " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူက ဘုန်းသိင်္ခကို စူးခနဲတစ်ချက်ကြည့်လိုက်ပြီး "ကျွန်မကို သခင်မလေးလို့ မခေါ်နဲ့ ...ရှင်အဲ့ဒီလိုခေါ်နေတာက ရွဲ့ပြီးခေါ်နေတယ်ဆိုတာ ကျွန်မသိတယ် ..ကျွန်မနာမည် ပန်းရိပ်ဖြူဆိုတာ ရှင်သိနေတာပဲ ..ပန်းရိပ်ဖြူလို့ပဲခေါ်ပါ ...ကျွန်မရှင့်ကို မေးစရာရှိလို့လာတာ " " ဪ ..ဟုတ်ကဲ့ မေးလေ ... ဘာမေးမလို့လဲ ..." "ရှင် ... ဒီနေရာအကြောင်း ဘယ်လောက်သိလဲ ..." "ဟော့ဗျာ ...ခင်ဗျားပိုင်တဲ့ နေရာအကြောင်းကို ကျွန်တော်ကို လာမေးနေတာလားဗျ...ကျွန်တော်ဒီကိုရောက်တာ နှစ်လကျော်ပဲရှိသေးတယ်နော် ....တခြားဝန်ထမ်းတွေပြောပြသလောက်ပဲ ကျွန်တော်လဲသိတာပါ " " ဟုတ်လား ...ဒါဆိုလဲ သိသလောက်ပြောပြပါ " "ဗျာ ..ဪ်..အင်းပါ ...ဒီလိုဗျာ ....ခင်ဗျားတို့ငယ်ငယ်က ဒီနေရာကို အပန်းဖြေထွက်လာရင်းနဲ့ ဓးးါးပြတိုက်ခံရလို့ ....လူလေးယောက် ဒီနေ့ရာမှာ မီးလောင်ခံရပြီး tသဆုံးခဲ့ကြတယ်တဲ့ ...အဲ့ဒီလေးယောက်ထဲမှာ မကျွတ်မလွတ်တဲ့သူရှိနေပြီတော့ ဒီနေရာမှာခြောက်နေတယ်လို့ပြောတယ်...ကျွန်တော်လဲ ဒါပဲသိတာဗျ....ခင်ဗျားက ဒါတွေကို မသိဘူးလား ...tသဆုံးသူတွေထဲမှာ ခင်ဗျားတို့