fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

رفتن به کانال در Telegram
1 033
مشترکین
+224 ساعت
+27 روز
-930 روز
آرشیو پست ها
https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/

" အစ်ကိုမှားနေပြီ ...အလွမ်းကဒီပုံတွေကို အစ်ကို့ဆီကိုပို့လိုက်ရင် ဘာအကျိုးရှိမှာလဲ ...မတော်လို့်အစ်ကိုက ...ပန်းရိပ်ဖြူကိုစိတ်မချနိုင်ဖြစ်ပြီး ချက်ချင်းလက်ထပ်ဖို့ပြင်ဆင်ရင် ......အလွမ်းအတွက်အကျိုးတောင်ယုတ်နိုင်သေးတာလေ...သူတို့ပုံတွေကို အစ်ကိုဆီကိုပို့တဲ့သူက ....အစ်ကိုအကျိုးကိုလိုလားသူဖြစ်နိုင်သလို.... ပန်းရိပ်ဖြူကိုမုန်းနေတဲ့သူလဲဖြစ်နိုင်ပါတယ်....သေချာတာက အဲ့ဒီလူကအလွမ်းမဟုတ်ပါဘူးအစ်ကို " အလွမ်းဆွတ်က ငိုရှိုက်သံလေးကိုထိန်းကာပြောလိုက်တယ််။ " အစ်ကိုစိတ်မကြည်ရင် အလွမ်းပြန်တော့မယ်အစ်ကို...အလွမ်းကအားလုံးကိုကြောက်ရတဲ့သူပါအစ်ကိုရယ်...အစ်ကို့ကိုချစ်လွန်းလို့ အရဲစွန့်ပြီးလာနေရတဲ့သူပါ...အလွမ်းပြန်လိုက်တော့မယ်အစ်ကို " အလွမ်းဆွတ်ငိုသံလေးနဲ့ပြောလိုက်ရင်း ထိုင်နေရာကထလိုက်တယ်။ဒီတစ်ခါတော့ စိုင်းမြတ်ကလဲ အလွမ်းဆွတ်ကိုလိုက်မဆွဲဘဲ ဖုန်းကိုကိုင်ကာတွေတွေဝေဝေနဲ့ထိုင်နေခဲ့တယ်။စိုင်းမြတ်ရဲ့ပုံစံကိုကြည့်ပြီး အလွမ်းဆွတ်အံလေးကိုကြိတ်ပြီးအခန်းတံခါးကိုဖွင့်ရန် တံခါးလက်ကိုင်ကိုကိုင်လိုက်ပြီးမှ စိုင်းမြတ်ကို လှည့်ကြည့်လိုက်မိပြီး " မနက်ဖြန်စီစဉ်ထားတဲ့ကိစ္စက ဘယ်လိုလုပ်မှာလဲအစ်ကို....အစီအစဉ်ဖျက်လိုက်ရမှာလား " အလွမ်းဆွတ်ရဲ့အမေးကြောင့် စိုင်းမြတ်သတီဝင်လာမိပြီး အလွမ်းဆွတ်ကို ကတိပေးထားတာကို သတိရသွားမိတယ်။ " ဟို..မနက်ဖြန်ကျရင်....အစ်ကိုခရီးမသွားဖြစ်သေးဘူးအလွမ်း....ရုံးမှာအလုပ်ကိစ္စမပြတ်သေးလို့်ပါ..သုံးလေးရက်နောက်ဆုတ်လိုက်တာပါ...အစ်ကိုပေးထားတဲ့ကတိကိုမဖျက်ပါဘူးကွာ..အစ်ကိုနဲ့အလွမ်းက ဒီအခြေအနေတောင်ရောက်နေပြီပဲ ..အစ်ကိုကတိမပျက်ပါဘူး..အစ်ကိုအော်လိုက်မိတာအတွက် တောင်းပန်ပါတယ်နော်အစ်လွမ်း " စိုင်းမြတ်ကနေရာကထလိုက်ပြီး အလွမ်းဆွတ်ရဲ့ကိုယ်လုံးလေးကိုနောက်ကနေသိုင်းဖက်ပြီးတောင်းပန်ချော့မော့လိုက်တယ်။ဒီလိုချော့လိုက်တော့လဲ အလွမ်းဆွတ်မှာ စိတ်ဆိုးနေတာတွေ ပြေပျောက်သွားရပြန်တော့တယ်။ ~~~~~~~~~~~~~~~~~ " ဂျစ်....ဂျစ် " ကြမ်းပြင်ကိုလက်သည်းနဲ့ကုတ်ခြစ်နေသံလိုလိုအသံမျိုးကို နားထဲမှာကြားနေရတာမို့ ပန်းရီပ်ဖြူအိပ်ရာပေါ်မှာလူးလိမ့်နေမိရာက ခုတင်ဘေးကိုကြည့်လိုက်မိတယ်။ " ဟင် " ဒီအခါမှာတော့ ထုံးစံအတိုင်းတွေ့မြင်နေကြအမျိုးသမီးကိုတွေ့မြင်လိုက်ရတာမို့ ပန်းရိပ်ဖြူအိပ်ရာထဲကနေအတင်းကုန်းရုန်းထလိုက်တယ်။ညအိပ်မီးအလင်းရောင်မှိန်မှိန်အောက်မှာ အမျိုးသမီးက နံရံနားမှာရပ်နေခဲ့တာ။သူမမျက်နှာကိုတော့ ဘယ်လိုမှပုံဖော်လို့မရဘဲဖြစ်နေခဲ့တယ်။အမျိုးသမီးရဲတစ်ကိုယ်လုံးမှာထင်ထင်ရှားရှားမြင်နေရတာဆိုလို့် စူးစူးရဲရဲမျက်လုံးတွေပဲရှိတယ်။မီးသွေးခဲလိုမည်းနက်နေတဲ့တစ်ကိုယ်လုံးမှာ မျက်လုံးတွေကိုသာကောင်းကောင်းတွေ့မြင်နေရတယ်။ပန်းရိပ်ဖြူ အမျိုုးသမီးကိုသတိလက်လွတ်နဲ့သေချာကြည့်နေမိချိန်မှာပဲ အမျိုးသမီးရဲ့လက်တစ်ဖက်က ရှေ့ကိုဆန့်ထွက်လာခဲ့ပြီး ပြတင်းပေါက်ဆီကိုလက်ညှိုးထိုးပြနေခဲ့တယ်။အမျိုးသမီးလက်ညှိုးညွှန်ရာဆီကို ပန်းရိပ်ဖြူလိုက်ကြည့်နေမိတော့ အမျိုးသမီးက ခြံဝဆီကိုလက်ညှိုးထိုးပြနေမှန်း ပန်းရိပ်ဖြူသဘောပေါက်လိုက်တယ်။ " သွား...ရှင်ထွက်သွား...ရှင်ကဘယ်သူလဲ...ဒေါ်အေးပုံဆိုတာလား.....ကျွန်မကိုဘာလို့်လိုက်ခြောက်နေရတာလဲ...ရှင်တို့ကိုကျွန်မသ*တ်တာမှမဟုတ်တာ" ကြောက်စိတ်ဒေါသစိတ်တွေနဲ့ပန်းရိပ်ဖြူအော်ပစ်လိုက်မိတယ်၊သို့ပေမဲ့ အသံကထွက်မလာခဲ့ဘူး။အမျိုးသမီးက ပန်းရိပ်ဖြူကိုမျက်လုံးပြူးကြီူတွေနဲ့စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက်အခန်းတံခါးဆီကိုတိုးဝင်ပျောက််ကွယ်သွားခဲ့တယ်။ " ရှပ်...ရှပ် " ခြေသံကတံခါးဝမှာထွက်ပေါ်လာခဲ့တယ်။ပန်းရိပ်ဖြူနေရာကမထမိဘဲ တံခါးဝကိုငေးကြည့်နေမိတယ်။ " ကလောက် " တံခါးရှိရာဆီကို ပန်းရိပ်ဖြူငေးကြည့်နေမိချိန်မှာပဲ တံခါးဆီကအသံတစ်ခုထွက်ပေါ်လာခဲ့ပြီး တံခါးကဖြည်းဖြည်းလေးလေးနဲ့ပွင့်လာတာကို ပန်းရိပ်ဖြုူတွေ့လိုက်ရတယ်။ပန်းရိပ်ဖြူမျက်လုံးအကြောင်သားနဲ့တံခါးဝကိုကြည့်နေမိတယ်။ပန်းရိပ်ဖြူကြည့်နေတုန်းမှာပဲတံခါးဝကနေ အနက်ရောင်အဝတ်စခြုံထားတဲ့လူတစ်ယောက်ဝင်လာတာကိုတွေ့လိုက်ရတယ်။ပန်းရိပ်ဖြူကနေရာကနေဝုန်းခနဲထရပ်လိုက်ပြီး စားပွဲပေါ်မှာရှိတဲ့ ပန်းအိုးကိုကောက်ယူပြီး ဝင်လာသူကိုချိန်ရွယ်လိုက်တယ်။ " မိပြီး...ကျွန်မကိုချောက်ချနေတဲ့သူက ရှင်လား...ငြိမ်ငြိမ်နေစမ်း..မလှုပ်နဲ့နော်..ဒီမှာတွေ့လား ခေါင်းကိုရိုက်ခွဲပစ်လိုက်မှာ...ခုချက်ချင်းရှင့်ကိုယ်ပေါ်ကအဝတ်ကိုဖယ်လိုက်စမ်း " ပန်းရိပ်ဖြူပြောရင်းနဲ့လူခေါ်ဘဲလ်ကိုနှိပ်ဖို့ပြင်လိူက်တယ်။ဒီအချိန်မှာပဲ အဝတ်နက်ခြုံထားတဲ့သူက ပန်းရိပ်ဖြူကိုအတင်းဝင်းလုံးလိုက်တာမို့ လက်ထဲကပန်းအိုးနဲ့ခေါင်းကိုရိုက်ပစ်လိုက်တယ်။ ================================== အပိုင်း(၂၉)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄

" ဗိုက်ဆာတယ်...မုန့်သွားစားလိုက်အုံးမယ် " ပန်းရိပ်ဖြူရှက်ရှက်နဲ့ပြောပြီးတော့ ဆိုင်ကယ်ပေါ်တက်ကာထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~~~ " ဆေးတွေမသောက်ဘဲနေကြည့်ပါ...မနေ့ညကလဲဘာမှမဖြစ်ဘူးမဟုတ်လား " ဘုန်းသိင်္ခပို့လိုက်တဲ့စာတိုလေးကြောင့် ပန်းရိပ်ဖြူတွေဝေသွားရတယ်။နှစ်ရက်ဆက်တိုက်ဆေးမသောက်ဘဲနေလိုက်ရင် အဆင်ပြေပါ့မလားလို့်လဲ တွေးနေမိတယ်။ " သမီး ...ဒီနေ့အလုပ်မှာပြဿနာဖြစ်တယ်ဆို ....အလုပ်သမားကို ပါးရိုက်ပစ်လိုက်တာလား " မေးသံနဲ့အတူအခန်းထဲကို ဝင်လာတဲ့မိခင်ကို ပန်းရိပ်ဖြူခေါင်းငြိမ့်ပြလိုက်မိတယ်။ " ဟုတ်တယ် အမေ..သူတို့က အလွမ်းဆွတ်စကားလောက်ကိုပဲအလေးထားကြတာကို ...အဲ့ဒါကြောင့် လုပ်လိုက်မိတာ ..သမီးမှားသွားတာလားဟင် " " အင်း ...သမီးမမှားပါဘူးကွယ်...အပန်းဖြေစခန်းရဲ့သခင်မအစစ်အမှန်က ဘယ်သူလဲဆိုတာကို ...သူတို့သိအောင်ပြပေးရမှာပေါ့....အလုပ်သမားက ကြီးစိုးတာမျိုးကိုတော့ အမေလဲသဘောမကျပါဘူး....အမေ့သမီးကို မလေးမစားလုပ်တာမျိုးကိုတော့ အမေတို့လဲ လက်မခံဘူး ...သမီးအဖေက အဲ့ဒီတစ်ယောက်ကို အလုပ်ကထုတ်ပစ်မယ်တဲ့လေ... အမေတို့သမီးကို မလေးမစားနဲ့ အထင်သေးတဲ့သူမှန်သမျှကို သမီးသည်းခံနေစရာမလိုဘူး ...အလွမ်းဆွတ်ကိုလဲ အမေသတိပေးထားရအုံးမယ် " မိခင်ဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူဝမ်းသာသွားတာမဟုတ်ပေမဲ့ စိတ်ထဲတော့ကျေနပ်သလိုဖြစ်သွားမိတယ်။အလုပ်သမားခေါင်းဆောင်ဆိုတဲ့သူရဲ့မျက်နှာက တင်းနေပြီး အလွမ်းဆွတ်ရဲ့စကားကိုပဲဦးစားပေးနေတာကိုတော့ ပန်းရိပ်ဖြူစိတ်ထဲမကျေနပ်ဘူးလေ။ " ကဲ..ကဲ ..အိပ်တော့ သမီး ...ညနက်တဲအထိရုပ်ရှင်တွေမကြည့်နဲ့နော် " " ဟုတ်ကဲ့ပါအမေ " မိခင်ဖြစ်သူအပြင်ကိုပြန်ထွက်သွားတာနဲ့ ပန်းရိပ်ဖြူခုတင်ပေါ်လှဲချပစ်လိုက်တယ်။ဒီနေ့ညအဖို့မှာတော့ ပြတင်းပေါက်မှာလဲသွားမရပ်ဖြစ်တော့ပါဘူး။မျက်နှာချင်းဆိုင်ဖြစ်နေတဲ့တိုက်မှာ ဘုန်းသိင်္ခရှိနေတော့ စိတ်ထဲရှက်သလိုလိုဖြစ်နေတာမို့ ပြတင်းပေါက်နားကိုမသွားမိအောင် စိတ်ကိုထိန်းထားလိုက်မိတယ်။ ~~~~~~~~~~~~~ " တွီ..တွီ " ဖုန်းထဲကိုရောက်လာတဲ့ ပုံတွေကိုကြည့်ပြီး စိုင်းမြတ်ဒေါသအကြီးအကျယ်ထွက်သွားမိတယ်။ပုံတွေက ပန်ရိပ်ဖြူနဲ့ဘုန်းသိင်္ခရဲ့ပုံတွေ။ပုံတွေကိုကြည့်ရတာ နှစ်ယောက်သား သမီးရည်းစားတွေလိုပဲ ပြုံးပျော်နေကြတဲ့ပုံတွေ။ပုံတွေက ကားဂိုထောင်ကပုံတွေရော အပန်းဖြေစခန်းကပုံတွေရော တော်တော်လေးများတယ်။ပို့လိုက်တဲ့ဖုန်းနံပတ်ကိုကြည့်လိုက်တော့ စိမ်းတဲ့ဖုန်းဖြစ်နေတယ်။ဒီပုံတွေကို အလွမ််းဆွတ်က ဖုန်းနံပတ်အသစ်နဲ့ပို့လိုက်တာများလားလို့ တွေးလိုက်မိတော့ ဒေါသပိုထွက်လာမိတယ်။စိုင်းမြတ်ထိုင်နေရာက ထလိုက်ပြီး ဘုန်းသိင်္ခရဲ့အခန်းရှိရာဆီကို အရင်လျှောက်သွားလိုက်တယ်။ " ဒေါက်...ဒေါက်...ဒေါက် " တံခါးခေါက်သံခပ်ကြမ်းကြမ်းကြောင့် ဘုန်းသိင်္ခစာကြည့်စားပွဲရှေ့ကထလိုက်ပြီး လက်တော့ကို ပိတ်လိုက်တယ်။ပြီးတော့မှ တံခါးပေါက်ဆီကိုထသွားလိုက်ပြီးတံခါးကိုဖွင့်လိုက်တယ်။ " ဘယ်သူများလဲလို့ ..ကိုစိုင်းမြတ်ပါလား ...ဘာကိစ္စများရှိလို့လဲ " ဘုန်းသိင်္ခကခပ်အေးအေးပဲမေးလိုက်ပေမဲ့ စိုင်းမြတ်ရဲ့မျက်လုံးတွေကတော့ မီးထတောက်လုမတတ်ဖြစ်နေခဲ့တယ်။ " အေး...မင်းကိုသတိပေးစရာရှိလို့လာခဲ့တာ...ပန်းရိပ်နဲ့အလုပ်ကိစ္စကိုရပ်လိုက်ပါ...ပန်းရိပ်နဲ့ မပတ်သက်ပါနဲ့...ငါနဲ့ပန်းရိပ်ကမကြာခင်မှာစေ့စပ်ပြီး လက်ထပ်ကြတော့မှာ ..မင်းဝင်မရှုပ်နဲ့..." သတိလက်လွတ်နဲ့ပြောနေတဲ့စိုင်းမြတ်ကိုကြည့်ပြီး ဘုန်းသိင်္ခ မသိမသာပြုံးလိုက်မိတယ်။ " ဒီမှာ ကိုစိုင်းမြတ် သတိလေးထားပါအုံးဗျာ ....ပန်းရိပ်ဖြူက ကိုစိုင်းမြတ်ရဲ့ချစ်သူဆိုရင်လဲ ....ကိုယ့်ချစ်သူကိုပဲသတိပေးလေဗျာ...ကျွန်တော်တို့ကအလုပ်တွဲလုပ်နေကြတာဆိုတော့ အတူတူတော့တွဲပြီးတွေ့နေရမှာပဲလေဗျာ...တကူးတကကြီးချိန်းတွေ့နေကြတာလဲမဟုတ်ဘူးလေ...ယောက်ျားကယောက်ျားလိုပဲ တည်တည်ငြိမ်ငြိမ်နေစမ်းပါဗျာ ..ရုပ်ပျက်လိုက်တာ...ကျွန်တော်တို့က အန်တီမြိုင်တို့ရဲ့ ခွင့်ပြုချက်နဲ့အလုပ်အတူလုပ်နေကြတာဗျ ..ကိုစိုင်းမြတ်မကျေနပ်ရင် သူဌေးလင်မယားကိုတိုက်ရိုက်သွားပြောပါ ...ကျွန်တော်ကတော့ ကိုစိုင်းမြတ်စကားကိုနားထောင်မှာမဟုတ်ပါဘူး " " ဘာကွ ...တောက် " ဘုန်းသိင်္ခရဲ့တုံ့ပြန်စကားကြောင့် စိုင်းမြတ်တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်ပြီး နေရာကပြန်လှည့်ထွက်ခဲ့တယ်။ဘုန်းသိင်္ခကတော့ နေရာမှာကျန်ခဲ့ပြီး စိုင်းမြတ်ကိုကြည့်နေလိုက်တယ်။ ~~~~~~~~~~~~~~~ " ကိုယ့်ကို မညာနဲ့အလွမ်း...ဒီပုံတွေက... အလွမ်းမပို့ရင် ကိုယ့်ဆီကို ဘယ်သူကပို့မှာလဲ " စိုင်းမြတ်ကထပ်ပြိးတော့ စွပ်စွဲပြောဆိုလိုက်တော့ အလွမ်းဆွတ်ခေါင်းကိုငုံ့ချကာ ငိုချလိုက်တော့တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၈) akyiphyu ********* "ဘာဖြစ်လို့လဲ ပန်းရိပ် ... နင်ဘာလို့လက်ပါရတာလဲ ....နင် မကျေနပ်ရင် ငါ့ကိုပြောလို့ရပါတယ်...နင်ခိုင်းသမျှကို ငါလုပ်ပေးနေတာပဲ ....ငါ့ကို အနိုင်ကျင့်ရရင်ကျေနပ်ပါတော့ ...ဝန်ထမ်းတွေအပေါ်ကိုတော့ ဒီလိုမျိုးမလုပ်ပါနဲ့ ငါ တောင်းပန်ပါတယ် " အလွမ်းဆွတ်က အလုပ်သမားခေါင်းဆောင်ကိုကြည့်ပြီး မျက်ရည်အဝဲသားနဲ့ပန်းရိပ်ဖြူကိုလှမ်းပြောလိုက်တယ်။အလွမ်းဆွတ်ရဲ့စကားကြောင့် ဘုန်းသိင်္ခလဲအံ့ဩသွားရသလို ပန်းရိပ်ဖြူလဲပိုပြီးဒေါသထွက်သွားတာကို ဘုန်းသိင်္ခသတိထားလိုက်မိတယ်။ပြီးတော့ ပိုပြီးဆိုးသွားတာက အလုပ်သမားတွေ။အလုပ်သမားတွေရဲ့အကြည့်တွေက ပန်းရိပ်ဖြူကို ရွံရှာမုန်းတီးတဲ့အကြည့်တွေနဲ့ကြည့်ကုန်ကြတာ။ဘုန်းသိင်္ခကြည့်နေချိန်မှာပဲ ပန်းရိပ်ဖြူရဲ့မျက်နှာကဒေါသကြောင့် နီရဲလာပြီးရှေ့ကိုခြေလှမ်းတိုးလိုက်တာကို တွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူရဲ့ရှေ့ကို ဘုန်းသိင်္ခအမြန်လျှောက်သွားလိုက်ရတယ်။ " စိတ်ကိုထိန်းပါမမလေး...ကျွန်တော်ရှင်းပေးပါ့မယ် " ပန်းရိပ်ဖြူနားကိုကပ်ပြီး ခပ်တိုးတိုးသတိပေးလိုက်ပြီးတော့ ဘုန်းသိင်္ခနေရာကနေ ခြေလှမ်းတွေကိုရှေ့ကိုလျှောက်လိုက်ကာ အလွမ်းဆွတ်နားကိုတိုးသွားလိုက်တယ်။ " အလွမ်း...အိမ်တွင်းရေးကိစ္စတွေကို ဒီမှာမပြောပါနဲ့ဗျာ...ဒီနေရာကပန်းအိုးတွေကိုဖယ်လိုက်မှ ပိုပြီးလှသွားမှာမို့ ...ပန်းအိုးတွေရွေ့ဖို့ ကျွန်တော်ပဲ ဒီဇိုင်းလုပ်ပေးလိုက်တာပါ...ဒါပေမဲ့ဗျာ...ဝန်ထမ်းတွေရဲ့ပြောပုံကလဲမဟုတ်ဘူးလေဗျာ ...ပြောရရင်ကျွန်တော်လိုလူတောင် သူ့ကိုမလေးမစားမပြောပါဘူး ...ဘာပဲဖြစ်ဖြစ်သူကသူဌေးသမီးမဟုတ်လား လေးစားသမှုလေးတော့ထားသင့်တယ်လေ...အလွမ်းလဲလုပ်ငန်းကြီးတစ်ခုမှာ အရေးပါတဲ့နေရာကလုပ်နေတဲ့သူပဲဗျာ...အိမ်တွင်းရေးကိစ္စတွေကို အလုပ်ထဲသယ်မလာပါနဲ့ ...အလုပ်လုပ်ရတာစိတ်အနှောက်အယှက်ဖြစ်လို့်ပါ ...ဒီဲဇိုင်းပုံကို မသန္တာဆီကို ပို့လိုက်မယ်..မသန္တာနဲ့ဆက်လုပ်လိုက်ပါ " ပြောပြီးတာနဲ့ဘုန်းသိင်္ခနေရာကသွားဖို့ပြင်လိုက်တယ်။ " ကဲ..မမလေး သွားမယ်....ဒီနေရာကိုနောက်ရက်မှလုပ်ကြတာပေါ့....အခုတော့ ကျောက်တောင်ဘက်ကိုပဲ အရင်လုပ်ကြတာပေါ့ " ဘုန်းသိင်္ခကပြောပြီးတာနဲ့ အလုပ်ခွင်ထဲမှာသုံးတဲ့ဆိုင်ကယ်ဆီကိုလျှောက်သွားလိုက်တယ်။ပြီးတော့ ဆိုင်ကယ်ဟွန်းကို တီးလိုက်တယ်။ဟွန်းသံကြောင့်အလုပ်သမားတွေကလှမ်းကြည့်ကြတယ်။ဘုန်းသိင်္ခက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ပန်းရိပ်ဖြူကိုသွားဖို့အချက်ပြလိုက်တယ်။ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် တစ်စီးစီမို့ ဘုန်းသိင်္ခဆိုင်ကယ်ကိုစက်နှိုးပြီးအရင်ထွက်ခဲ့လိုက်တယ်။ ~~~~~~~~~ " အဖြေတွေသိရပြီလား " ပန်းရိပ်ဖြူက မေးရင်းနဲ့ဘုန်းသိင်္ခရဲ့ဘေးနာမှာထိုင်ချလိုက်တယ်။ပန်းရိပ်ဖြူစိတ်တွေလှုပ်ရှားနေတာကြောင့် လက်တွေပါတဆတ်ဆတ်တုန်နေခဲ့တယ်။ " အင်း ..ဆေးနာမည်နဲ့အကျိုးအာနိသင်ကို အကြမ်းမျဉ်းတော့သိရမယ် ...သေချာအတိအကျစစ်ဖို့ကတော့ ပစ္စည်းတွေပို့လိုက်ပြီးမှသိရမှာ " " ဟုတ်လား ... သိရသလောက်က ...ဘာ..ဘာတဲ့လဲဟင်....သိချင်လိုက်တာ " " အင်း ...သူရှင်းပြထားတာကတော့ ...ဆေးတွေက အိပ်ဆေးသဘောမျိုးနဲ့စိတ်ငြိမ်ဆေးတွေပဲတဲ့ ...ပြောရမယ်ဆိုရင် ...ပုံမှန်အိပ်မပျော်တဲ့သူတွေနဲ့စိတ်ဖိစီးမှုများတဲ့သူတွေသောက်တာတဲ့..မမလေးမှာအိပ်မပျော်တဲ့ရောဂါရှိတာလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူခေါင်းကိုခါယမ်းလိုက်မိပြီး " မသိဘူးလေ...ဒါပေမဲ့ ညဘက်တွေမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရင် ယောင်ပြီးလမ်းထလျှောက်တာတွေဘာတွေလုပ်တတ်တယ်...တစ်ခါတလေဆိုရင် တိုက်ပေါ်ကခုန်ချတာတွေပါလုပ်တတ်တယ် ...ဟိုအရင်ခေါက်တွေကလိုမျိုးပေါ့ ...အိပ်မက်ထဲမှာတော့တစ်နေရာသွားနေတယ်...ဒါပေမဲ့အပြင်မှာကျတော့ မြေကြီးပေါ်မှာအိပ်နေတာပဲလေ ..ဟင်..ရှင်ဒါဘာလုပ်တာလဲ " ပန်းရိပ်ဖြူစကားပြောနေစဉ်မှာပဲ ဘုန်းသိင်္ခကပန်းရိပ်ဖြူရဲ့လက်ကိုဆွဲလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ပန်းရိပ်ဖြူရဲ့ခေါင်းကိုချစ်မြတ်နိုးတဲ့ဟန်နဲ့ခပ်ဖွဖွပွတ်လိုက်တာမို့ ပန်းရိပ်ဖြူလန့်ဖျပ်ကာမော့ကြည့်လိုက်ပြီးအသံမာမာနဲ့မေးလိုက်မိတယ်။ဒီအခါ ဘုန်းသိင်္ခက ပန်းရိပ်ဖြူကို အသာငုံ့ကြည့်လိုက်ပြီး " တိုးတိုးပြောမမလေ...ကျွန်တော်ပြောတာပဲနားထောင် လုံးဝလိုက်မကြည့်နဲ့နော်...မျက်နှာကိုရှက်နေတဲ့ပုံလိုမျိုးနေ...ကျွန်တော်တို့ကိုချောင်းကြည့်နေတဲသူရှိတယ်ဗျ ..မကြည့်နဲ့နော် ...ဟာ... မကြည့်ပါနဲ့ဆို " ပြောနေတဲ့ကြားက ပတ်ဝန်းကျင်ကိုကြည့်ဖို့ပြင်လိုက်တဲ့ ပန်းရိပ်ဖြူရဲ့မျက်နှာကို ဘုန်းသိင်္ခက သူ့လက်နှစ်ဖက်နဲ့ဆွဲညှစ်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်။၊ဘုန်းသိင်္ခရဲ့အပြုအမူကြောင့် ပန်းရိပ်ဖြူရုတ်တရက်လန့်သွားမိသလို ရင်တွေပါတလှပ်လှပ်တုန်သွားရတယ်။နှစ်ယောက်သားအကြည့်ချင်းဆုံကြခိုက်မှာ ရင်ခုန်သံတွေမြန်သွားကြပြီး ချောင်းကြည့်နေသူကိုပါ မေ့သွားသလိုဖြစ်သွားမိတယ်။တစ်ယောက်မျက်နှာကိုတစ်ယောက်သတိလက်လွတ်နဲ့ငေးကြည့်နေမိကြတယ်။ခဏအကြာမှ နှစ်ယောက်သားသတိဝင်လာသလိုဖြစ်သွားကြပြီး ထိုင်နေရာက ဝုန်းခနဲ့ထရပ်လိုက်မိကြတယ်။

J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/

" ဘာလို့ ရှင့်အခန်းက ... ကျွန်မအခန်းနဲ့တည့်တည့်မှဖြစ်နေရတာလဲ...ရှင်... ကျွန်မအခန်းကိုချောင်းကြည့်နေသေးလား " " ဟော့ဗျာ..လူကိုနှာဘူးများအောက်မေ့နေလား...အလွမ်းဆွတ်နေရာချပေးထားတဲ့နေရာမှာနေတာပဲဗျ ...မမလေးအခန်းမှန်းလဲမသိပါဘူး ...ဒီလောက်အခန်းတွေအများကြီးရှိတာကို မမလေးအခန်းနဲ့တည့်တည့်ကိုမှဘာလို့စီစဉ်ပေးတာလဲလို့် စဉ်းစားနေတာ ...အလွမ်းဆွတ်ရဲ့အကြံကိုအခုမှပဲသဘောပေါက်တော့တယ် " ဘုန်းသိင်္ခက ပြုံးစစနဲ့ပြောလိုက်တာမို့် ပန်းရိပ်ဖြူစိတ်ထဲအမြင်ကပ်သွားရတယ်။ " ပြုံးပြန်ပြီလား...ဘာပြုံးတာလဲ ...ဘာအကြံအစည်လဲပြော " ပန်းရိပ်ဖြူစိတ်တိုတိုနဲ့မေးလိုက်တယ်။ " ဟာ ...မသိချင်ပါနဲ့မမလေးရာ...တော်ကြာစိတ်တိုနေအုံးမယ် ...ပြီးတော့ အပန်းဖြေစခန်းကိုရောက်ရင်လဲ သတိလေးထားနေအုံး....အလွမ်းဆွတ်ကိုမြင်ရင် မသိချင်ယောက်ဆောင်နေနော် " " ရှင် စကားမလွှဲနဲ့နော်..ဘာအကြံလဲပြော " " တကယ်ဇွတ်ပဲဗျာ...မပြောလို့မရဘူးလား..ပြောပြလိုက်ရင် မမလေးစိတ်ဆိုးလိမ့်မယ် ....စိတ်မဆိုးပါဘူး...မအော်ပါဘူးလို့်ကတိပေးရင်ပြောပြမယ်...မအော်ဘူးလို့ကတိပေးပြီးရင်တော့ ကတိဖျက်လို့်မရဘူးနော် ...ကတိဖျက်ရင်ကျွန်တော်ကဘာမှမကူညီတော့ဘူး " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်တိုသွားပေမဲ့ သိချင်စိတ်ကြောင့် ခေါင်းငြိမ့်ပြလိုက်ရတယ်။ " ဒီလိုဗျာ...ကျွန်တော့်စိတ်ထင်ပေါ့...အလွမ်းဆွတ်က ကျွန်တော်နဲ့မမလေးကို ကြိုက်သွားစေချင်လို့ထင်တယ် " " ဘာရှင့်...ဘာပြောလိုက်တယ် " " ဟာဗျာ..လန့်လိုက်တာမမလေးရယ်..မအော်ဘူးလို့ကတိပေးထားတယ်လေ ...ကျွန်တော်က ပေးထားတဲ့ကတီကိုတည်မှသဘောကျတာဗျ...စဉ်းစားကြည့်လေဗျာ...မမလေးကသူဌေးသမီးဆိုတော့ သူမလွန်ဆန်ရဲဘူးလေ...စိုင်းမြတ်ဆိုတဲ့ကောင်ကလဲ ဘွားကြေးဥကိုမလွန်ဆန်ရဲလို့ပါဆိုပြီး သူ့ကိုပြောထားမယ်ဆိုရင်..ဒီကိစ္စမှာမမလေးဘက်ကလက်မခံမှဖြစ်တော့မှာလေ..အဲ့ဒီတော့မမလေးဘက်ကငြင်းအောင် သူအကြံထုတ်တာနေမှာပေါ့ ...ကျွန်တော်ထင်တယ်....မမလေးနဲ့ကျွန်တော်တပူးတွဲတွဲနေလိုက်ရင်...သူ့အကြံအစည်အောင်မြင်တယ်ဆိုပြီး ဝမ်းသာနေမှာပဲ...ဒီလိုထင်သွားခဲ့ရင်တော့ ကျွန်တော့်တို့အတွက်အခွင့်အရေးကောင်းတွေရနိုင်တယ် " ဘုန်းသိင်္ခပြောနေတာတွေကို ပန်းရိပ်ဖြူအံလေးကြိတ်ကာနားထောင်နေမိတယ်။ " ရှင်ပြောတာလဲဖြစ်နိုင်ပါတယ်...ဒါဆိုရင် ကိုစိုင်းမြတ်က ကျွန်မကိုဘာအကြံအစည်နဲ့လက်ထပ်ချင်တာလဲ...သူကအဘွားရဲ့လူဆိုပေမဲ့... အဘွားကတော့ အဲ့ဒီလိုလုပ်ခိုင်းမှာမဟုတ်ဘူး " "အဲ့ဒါလဲခန့်မှန်းရသလောက်တော့ ...အမွေတွေကြောင့်ပေါ့...မမလေးရမဲ့အမွေတွေကမနည်းဘူးလေဗျာ ....တကယ်လို့မမလေးနဲ့သာလက်ထပ်နိုင်ရင် ...သူကဘွားကြေးဥရဲ့အလုပ်သမားမဟုတ်တော့ဘဲ ပိုင်ရှင်ဖြစ်လာမှာလေ " " တောက် လူယုတ်မာ ....ပန်းရိပ်ဖြူအကြောင်းကိုပြရသေးတာပေါ့လေ " ပန်းရိပ်ဖြူလက်သီးကိုတင်းတင်းဆုပ်ပြီ ကြိမ်းဝါးပစ်လိုက်တယ်။ "ဒေါသကို လျှော့ပါဗျာ ....တော်ကြာ စိတ်လိုက်မာန်ပါလုပ်မိလို့ ..ဘာအကျိုးမှမရှိဘဲ ဖြစ်သွားမယ် .. အသည်းကွဲတာလဲကွဲပါ...ဒါပေမဲ့နှစ်ထပ်ကွမ်း ရှုံးတာတော့ မဖြစ်စေနဲ့.....မမလေး အဖြစ်က ရန်သူကဘယ်သူမှန်းမသိတော့ခက်တာပဲ ..ညက ရော အခန်းပြန်ရောက်သွားတော့ အိပ်မက်ဆိုးမက်သေးလား " " မမက်ပါဘူး ..ပြီးတော့ ကျွန်မ အသည်းကွဲနေတာမဟုတ်ဘူးနော် .. ကျွန်မကိုလိမ်လို့ ဒေါသထွက်နေတာ ... အရင်ကတည်းက စိတ်ထဲမသင်္ကာလို့ အလွမ်းဆွတ်ကိုလဲ ဖွင့်မေးခဲ့တာ " " အင်း...ထားလိုက်ပါဗျာ ..ဟိုရောက်ရင်သာ ကိုယ့်စိတ်ကိုထိန်းထား...ပြီးတော့ ဒီကိစ္စတွေကို ကျွန်တော်တို့ နှစ်ယောက်တည်းပဲသိပါစေနော် " " အင်းပါ " ဘုန်းသိင်္ခရဲ့ စကားကို ပန်းရိပ်ဖြူ ခေါင်းမငြိမ့်ချင်ငြိမ့်ချင်နဲ့ ပဲငြိမ့်ပြလိုက်ရတယ်။ ~~~~~~~~ " ဒီရှေ့က အပြင်အဆင်တွေကိုမကြိုက်ဘူး ...အကုန်ပြန်ပြင်မယ် ..ပန်းအိုးတွေ ဒီမှာမထားပါနဲ့ ... နေရာပြန်ရွေ့မယ်" ပန်းရိပ်ဖြူက ပန်းခြံအလုပ်သမားခေါင်းဆောင်ကို ခေါ်ပြီး သူမလိုချင်တဲ့ပုံစံကို ပြောလိုက်တယ်။ "ဟို .....ဒီနေရာက မမလေး အလွမ်းဆွတ်ရဲ့ စိတ်ကြိုက်ပြင်ဆင်ခိုင်းထားတဲ့နေရာမို့ ...မမလေးအလွမ်းဆွတ်ကို သွားမေးလိုက်ပါအုံးမယ် " " ဘာ ... ရှင်ဘာပြောလိုက်တယ် ... ကျွန်မက အပန်းဖြေစခန်းရဲ့သူဌေးဆိုတာကို မသိတာလား ..ကဲဟယ်... မသိအုံး " "ဖြန်း " " ဟာ ..မမလေး ..မလုပ်နဲ့ လေ " ဘုန်းသိင်္ခ လှမ်းတားလိုက်ပေမဲ့ အချိန်မမီတော့ပါ။လျင်မြန်လှတဲ့ ပန်းရိပ်ဖြူက အလုပ်သမားခေါင်းဆောင်ရဲ့ပါးကို ရိုက်ချပစ်လိုက်တော့တယ်။ " နင်တို့ ပြောနေတဲ့ အလွမ်းဆွတ်ဆိုတာ ငါတို့အိမ်ရဲ့ အလုပ်သမားဟဲ့ ..မသိရင်မှတ်ထား...ဘယ်မှာလဲ အလွမ်းဆွတ် ..ခုချက်ချင်းသွားခေါ်လိုက်စမ်း " ဘယ်လိုမှပြောလို့မနိုင်တော့တဲ့ ပန်းရိပ်ဖြူကို ဘုန်းသိင်္ခ စိတ်ပျက်လက်ပျက်နဲ့ပဲ ကြည့်နေမိတော့တယ်။ဒီအချိန်မှာပဲ အလွမ်းဆွတ်နဲ့ အလုပ်သမားအချို့နေရာကို ရောက်ရှိလာခဲ့တယ်။ ================================== အပိုင်း(၂၈)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/

ဘုန်းသိင်္ခကတော့ နေရာမှာရပ်ကာကျန်နေခဲ့ပြီး ပန်းရိပ်ဖြူကို လှမ်းကြည့်နေမိတယ်။ ~~~~~~~~~~~~~~~~ မနက်ခင်းအဆာပြေစာဝိုင်းက ထူးထူးခြားခြားလူစုံနေခဲ့တယ်။အထူးသဖြင့် ထမင်းစားခန်းမှာပန်းရိပ်ဖြူပါရောက်ရှိနေခဲ့တာကြောင့်ဖြစ်တယ်။ " အမယ် ..ဒီနေ့တယ်ထူးဆန်းနေပါလား...သမီးကစောစောစီးစီးနိုးနေတာလား ...ညကအိပ်ပျော်တယ်လား " ဒေါ်ပန်းမြိုင်ကပြောရင်းနဲ့သမီးဖြစ်သူဘေးမှာ ဝင်ထိုင်လိုက်တယ်။ပန်းရိပ်ဖြူက မိခင်ကိုမော့ကြည့်လိုက်ပြိး " အိပ်မက်ဆိုးတွေမက်နေလို့ စောစောနိုးလာတာအမေ ....နိုးလားတော့ဗိုက်ဆာလာလို့ အမေတို့နဲ့အတူအဆာပြေစာစားမလို့်ပါ...ဒါနဲ့အလွမ်းဆွတ်ရော မတွေ့ပါလား အမေ" ပန်းရိပ်ဖြူကပြောရင်းနဲ့အလွမ်းဆွတ်ကို လိုက်ရှာလိုက်တယ်။ပန်းရိပ်ဖြူရဲ့မေးသံကြောင့် ဘုန်းသိင်္ခကပန်းရိပ်ဖြူကိုမသိမသာလှမ်းကြည့်လိုက်မိတယ်။ " အလွမ်းက ခြံထဲကပန်းတွေခူးပြိး ...အလှပန်းအိုးတွေထိုးနေတာထင်တယ်...ပြောရင်း လာနေပါပြီး ....သမီးက အလွမ်းကိုပြောစရာရှိလို့်လား " ဒေါ်ပန်းမြိုင်က သမီးဖြစ်သူကိုမေးလိုက်ရင်းနဲ့မျက်နှာကိုအကဲခတ်လိုက်တယ်။ဒီအချိန်မှာပဲ အလွမ်းဆွတ်ကလဲ ထမင်းစားခန်းထဲကိုဝင်လာခဲ့တယ်။ပန်းရိပ်ဖြူကအလွမ်းဆွတ်ကို မျက်နှာထားတင်းတင်းနဲ့လှမ်းကြည့်လိုက်ပြီး " အလွမ်းဆွတ်က အခုတလောပိုလှလာတယ်နော် အမေ....အလွမ်းဆွတ်ဝတ်တာတွေက သိပ်ရိုးတာပဲအမေ...အလွမ်းဆွတ်ကို အဝတ်အစားအသစ်တွေဝယ်ပေးလိုက်ပါအုံး....တော်ကြာသူဌေးကတော်တူမကလဲ မပြောင်ရောင်ဘူးလို့် သူများတွေပြောနေကြပါအုံးမယ်...ဒါမှမဟုတ် ငါ့အဝတ်ဟောင်းတွေယူလိုက်လေအလွမ်း ...နင်ကလှတော့လိုက်မှာပါ...ရုပ်လှနေရုံနဲ့လဲမပြီးဘူးမဟုတ်လား ...ပြုပြင်သင့်တာရှိရင်ပြုပြင်ရမယ်လေ....ဒါမှလဲ ကသစ်မြိုင်စံအိမ်ရဲ့တန်ဖိုးနဲ့လိုက်ဖက်မှာပေါ့ အလွမ်းဆွတ်ရဲ့ " " အို..သမီး ပန်းရိပ် ...ဘာတွေပြောနေတာလဲကွယ်...မနက်စာစားမယ်ဆိုရင်စားတော့ " ဒေါ်ပန်းမြိုင်က သမီးဖြစ်သူကိုဟန့်လိုက်တယ်။အလွမ်းဆွတ်ကတော့မျက်နှာလေးကိုအောက်ငုံ့ထားပြီး ငြိမ်သက်နေခဲ့တယ်။အလုပ်သမားတွေရဲ့အကြည့်တွေက ပန်းရိပ်ဖြူကိုမုန်းတီးတဲ့အကြည့်တွေဆိုတာကို ဘုန်းသိင်္ခအကဲခတ်လိုက်မိတယ်။သူတို့်အားလုံးရဲ့အမြင်မှာတော့ သူဌေးသမီးပန်းရိပ်ဖြူက အလွမ်းဆွတ်ကိုနှိမ်နေတာ၊အနိုင်ကျင့်နေတာပဲလို့မြင်နေခဲ့ကြတယ်။ပြောရရင် ဖခင်ဖြစ်သူဦးဘိုထွန်းကိုယ်တိုင်က သမီးဖြစ်သူကို စိတ်ပျက်တဲ့မျက်နှာထားနဲ့ကြည့်နေတာဆိုတော့လဲ အလုပ်သမားတွေကပါ မသိမသာနှာခေါင်းရှုံ့ကြတာပေါ့။ ပန်းရိပ်ဖြူထိုင်နေရာကဆတ်ခနဲထရပ်လိုက်တယ်။ပန်းရိပ်ဖြူရဲ့အပြုအမူကြောင့် ဘုန်းသိင်္ခပါလန့်သွားရတယ်။ " သမီးမစားတော့ဘူးအမေ...လမ်းမှာပဲဝင်စားလိုက်တော့မယ်နော် ....အဘွားဆီကိုသမီးခဏသွားလိုက်အုံးမယ်နော် ..သမီးသွားပြီနော်အဖေ " ပန်းရိပ်ဖြူမိဘနှစ်ပါးကို ခွင့်တောင်းပြီးတော့ ထမင်းစားခန်းထဲကထွက်ခဲ့လိုက်တယ်။ပန်းရိပ်ဖြူထွက်သွားတော့မှပဲ ဘုန်းသိင်္ခမှာသက်ပြင်းချနိုင်တော့တယ်။ ထမင်းစားခန်းထဲမှာတော့ တိတ်ဆိတ်ကာကျန်ခဲ့တယ်။ ~~~~~~~~~~~~ " ခင်ဗျားဗျာ...ပြောချလိုက်တော့မလားဆိုပြီး ...ရင်တထိတ်ထိတ်နဲ့ကြည့်နေရတာ " ဘုန်းသိင်္ခကကားမောင်းနေရင်းက ပန်းရိပ်ဖြူကိုကြည့်ပြီး ပြောလိုက်တယ်။ " ပြောချင်တာပေါ့...ပြောချင်တာမှပါးစပ်ကိုမနည်းထိန်းထားရတယ်...အားလုံးရှေ့မှာပြောချလိုက်ချင်တာ....စိုင်းမြတ်ဆိုတဲ့ကောင်ကိုလဲ ....ပါးသွားရိုက်မလို့်တွေးမိသေးတယ်...ရှင်ကတရားခံဖမ်းပေမယ်ဆိုလို့်သာ စိတ်ကိုမနည်းထိန်းထားရတာ ...သိရဲ့လား...ကဲပြော...ရှင့်ရဲ့အစီအစဉ်ကဘယ်လိုလဲ ....." " ကျွန်တော့်ရဲ့အစီအစဉ်က...သူတို့နှစ်ယောက်ကို မသိချင်ယောင်ဆောင်ပြီးလွှတ်ထားလိုက်မယ်...တိုက်မှာဖြစ်သမျှကိစ္စတွေကိုကျွန်တော်စုံစမ်းပေးမယ်လေ...ကသစ်မြိုင်စံအိမ်ကြီးပေါ်မှာတော့ မမလေးကကြည့်ပေးမှရမှာ ...တစ်ခုတော့ရှိတယ် လိုက်ချောင်းပြီးမှ ....အိပ်မက်လားတကယ်လားမကွဲပြားလို့တော့မဖြစ်ဘူးနော် " " အဲ့ဒါတော့ ..ကျွန်မလဲသေချာအာမ မခံနိုင်ဘူး " ပန်းရိပ်ဖြူစိတ်ပျက်စွာပြောလိုက်မိတယ်။ " အင်း..ကျွန်တော်မှာလိုက်တာပါတယ်မဟုတ်လား ...ဒါနဲ့ ဆေးတွေမသောက်တော့ ...ညကအဆင်ပြေတယ်မဟုတ်လား....လိုက်တောင်ချောင်းနိုင်တယ်ဆိုတော့ အဆင်ပြေတဲ့ပုံပဲ ...ပြောတော့ အိမ်တံခါးတွေကသော့ခတ်ထားတာဆို ဘယ်လိုထွက်လာခဲ့တာလဲ " " အင်း ...စတိုခန်းပြတင်းပေါက်ကခုန်ချလာတာ....ညကဆေးတွေမသောက်တော့ အရင်လောက်မအိပ်ချင််ဘူး...ဒါနဲ့အခုပေးလိုက်ရင်အဖြေကဘယ်တော့သိရမှာလဲ " " ပထမအဆင့်အဖြေလောက်ကတော့ အင်တာနက်လိုင်းရတာနဲ့သိရမှာ ...ဒါပေမဲ့အားလုံးကို ရန်ကုန်ပို့ပြိး စမ်းသပ်ခိုင်းမှာမို့နည်းနည်းကြာမယ်...နေ့လယ်ကျရင်ဒါတွေကို မေးလ်နဲ့ ပို့လိုက်မယ်...အထုပ်ကိုတော့ ညနေအဝေးပြေးဂိတ်ကိုသွားပို့မယ် သသဘက်ခါလောက်ဆိုရန်ကုန်ရောက်မှာပေါ့ ..." " ကြာလိုက်တာ ..စိတ်မရှည်ပါဘူး...ဒါနဲ့ရှင့်အခန်းကကျွန်မအခန်းနဲ့တည့်တည့်ကလား " ပန်းရိပ်ဖြူကမေးလိုက်တော့ ဘုန်သိင်္ခခေါင်းကိုငြိမ့်ပြလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၇) akyiphyu ********* ရုတ်တရက်ဆိုသလို နောက်ကျောကနေ ဖမ်းချုပ်ခံလိုက်ရတာမို့ ပန်းရိပ်ဖြူ အထိတ်တလန့်နဲ့ရုန်းကန်လိုက်မိတယ်။ " အု " ပန်းရိပ်ဖြူအတင်းရုန်းထွက်ပြီးအော်ဟစ်လိုက်ပေမဲ့အသံကထွက်မလာခဲ့။ဖမ်ချုပ်ထားသူက သူမရဲ့ပါးစပ်ကိုအတင်းဖိပိတ်လိုက်ပြီးတော့ ခန္ဓာကိုယ်ကို နံရံမှာကပ်လိုက်ကာ လှုပ်မရအောင်ချုပ်ထားလိုက်တာ။ " မမလေး ..အသံမထွက်နဲ့နော်..ကျွန်တော်ဘုန်းသိင်္ခပါ..ကျွန်တော့်အခန်းကိုသွားရအောင်...အသံလုံးဝမထွက်စေနဲ့နော်..." လေသံသဲ့သဲ့မျှနဲ့နားနားကိုကပ်ပြောလိုက်တဲ့အသံကြောင့် ပန်းရိပ်ဖြူရင်ထဲကကြောက်ရွံ့စိတ်တွေ နည်းနည်းပြေလျော့သွားရပြီး ဘုန်းသိင်္ခဆွဲခေါ်ရာနောက်ကို လိုက်ပါသွားရတယ်။ ~~~~~~~ ~~~~~~~~ " ရှင်ဘာလုပ်တာလဲ..ကျွန်မ သူတို့နဲ့စာရင်းရှင်းရမယ်...လူယုတ်မာတွေ ကျွန်မကိုအရူးလုပ်နေကြတယ်...နှစ်ယောက်လုံးကို အရှက်ခွဲပစ်မယ် " ဘုန်းသိင်္ခတံခါးပိတ်လိုက်တာနဲ့ ပန်းရိပ်ဖြူဒေါသတကြီးနဲ့ပြောလိုက်ရင်း အခန်းပြင်ကို ပြန်ထွက်ဖို့ပြင်လိုက်တယ်။ဘုန်းသိင်္ခက ပန်းရိပ်ဖြူရဲ့လက်ကိုအတင်းဖမ်းချုပ်ထားလိုက်ပြီးတားဆီးလိုက်တယ်။ " ခဏလောက် ကျွန်တော်ပြောတာကိုနားထောင်ပါအုံး ....ခင်ဗျားအတွက်ပြောနေတာ ...ဒီအခန်းတွေက အသံအရမ်းကျယ်ရင်အသံမလုံဘူး...တိုးတိုးပြောစမ်းပါ " " အို...ဘာလို့တိုး" ပြောလိုက်ကာမှ ပန်းရိပ်ဖြူကထအော်လိုက်တာမို့ ဘုန်းသိင်္ခက ပန်းရိပ်ဖြူကိုနောက်ကနေအတင်းသိုင်းဖက်ကာချုပ်ထားလိုက်ပြီး ပါးစပ်ကိုပိတ်ထားလိုက်တယ်။ " တိုးတိုးပြောလို့ ခင်ဗျားကိုပြောနေတယ်လေ....ခင်ဗျားကိုမကောင်းတာကြံနေသူတွေကိုမဖမ်းချင်ဘူးလား ...ဖမ်းချင်ရင်တိတ်တိတ်နေ...မဖမ်းချင်ဘူးဆိုလဲသွား ...အခုချိန် ခင်ဗျားသွားဖမ်းလိုက်ရင် အလွမ်းဆွတ်က ပိုတောင်ဝမ်းသာသွားအုံးမယ်....ဘာလို့်လဲသိလား...ခင်ဗျားရဲ့မိဘတွေက ခင်ဗျားနဲ့ကိုစိုင်းမြတ်ကိုသဘောမတူဘူး မဟုတ်လား ....ဒီအခြေအနေနဲ့မိသွားလို့ကတော့... ခင်ဗျားမိဘတွေက သူတို့ကိုချက်ချင်းပေးစားပစ်လိုက်မှာလေ....အဲ့ဒါ့ဆိုရင်ခင်ဗျားအရှုံးကြီးရှုံးမှာသေချာတယ် " ဘုန်းသိင်္ခရဲ့စကားတွေက ဟုတ်နေသလိုရှိတာမို့ ပန်းရိပ်ဖြူတွေဝေသွားမိတယ်။ " ခင်ဗျား ..ကျွန်တော်ပြောတာကိုလက်ခံတယ်ဆိုရင် ငြိမ်နေလိုက်...ငြိမ်နေရင်လွှတ်ပေးမယ်...ကျွန်တော်က မမလေးအတွက်ပြောနေတာနော် " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူငြိမ်သက်နေလိုက်တယ်။ဒီအခါ ဘုန်သိင်္ခက သူမကိုလွှတ်ပေးလိုက်ပြီး ညအိပ်မီးအိမ်ကိုဖွင့်လိုက်တယ်။ခပ်မှိန်မှိန်လင်းနေတဲ့ အလင်းရောင်အောက်မှာ ပန်းရိပ်ဖြူတွေ့မြင်လိုက်ရတာက အိပ်ခန်းတစ်ခန်းဖြစ်နေခဲ့တယ်။ပြီးတော့ သူမလက်ကိုကိုင်ထားဆဲဖြစ်တဲ့ဘုန်းသိင်္ခ။ပန်းရိပ်ဖြူ သူမလက်ကိုဆတ်ခနဲရုန်းထွက်လိုက်ပြီး ဘုန်းသိင်္ခကိုဒေါသနဲ့ကြည့်လိုက်မိတယ်။အော်ဖို့တော့စိတ်မကူးရဲတော့ပါ ။သူ့အရပ်အမြင့်ကြီးနဲ့ပန်းရိပ်ဖြူကိုဖမ်းချုပ်လိုက်ရင် သူမဘယ်လိုမှမလှုပ်နိုင်ဘူးလေ။ဒေါသစိတ်ကြောင့်တုန်တုန်ခတ်ခတ်ဖြစ်နေတာကိုထိန်းပြီး ပန်းရိပ်ဖြူမအော်မိအောင်ကြိုးစားထိန်းရင်းပြောလိုက်တယ်။ " ကျွန်မကဘာလို့ထိန်းရမှာလဲ...ရှင်ကရောသူတို့နှစ်ယောက်ဘက်ကလား...သူတို့နှစ်ယောက်ဖြစ်နေကြတာကို ရှင်သိတယ်ပေါ့လေ...သိနေရဲ့သားနဲ့ဘာလို့မပြောရတာလဲ " " ကျွန်တော်ပြောတာကိုနားထောင်အုံး...ဇွတ်မပြောနဲ့ အခုစကားတွေအများကြိးပြောလို့မကောင်းဘူး ....မနက်မှပြောမယ်...သူတို့နှစ်ယောက်ဖြစ်နေတာကို လက်ရဖမ်းမိရုံနဲ့ဘာအကျိုးမှမရှိဘူး...အဓိကက သူတို့မှာဘာအကြံအစည်တွေရှိနေတာလဲကိုသိရဖို့ အရေးကြီးတယ်....ဘာလဲ ခင်ဗျားအခုလိုမျိုး အရူးတစ်ယောက်လိုဖြစ်နေတဲ့ဘဝကိုကျေနပ်နေတာလား ...ဒါဆိုရင်လဲသဘောပဲ ...သွားဖမ်းလိုက်....လူတွေကြားအောင်အော်ပြောလိုက်လေ...သူတို့နှစ်ယောက်က ခင်ဗျားမသိအောင်ဖောက်ပြန်နေကြတာတင်မဟုတ်ဘဲ...အဲ့ဒီထက်ပိုတဲ့အကြံအစည်တွေရှိနေရင်မဖော်ထုတ်ချင်ဘူးလား " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူငြိမ်သက်ကာတွေဝေသွားမိတယ်။ " မနက်ကျမှအကျိုးအကြောင်းကိုသေချာပြောပြမယ် ...မနက်ဖြန်ကျရင် ဆေးတွေကို သေချာယူလာခဲ့နော်...ဒီညတော့ ပြန်လိုက်တော့ ..." ဘုန်းသိင်္ခကပြောရင်းနဲ့တံခါးဝဆီကို လျှောက်သွားလိုက်တယ်။ပန်းရိပ်ဖြူကတော့ နေရာမှာတုတ်တုတ်မလှုပ်ဘဲငြိမ်သက်နေမိတယ်။ " မမလေးလာလေ ...ကျွန်တော်ကယောက်ျားလေးနော်...နှစ်ယောက်တည်းအကြာကြီးနေရင် မကောင်းဘူးဗျ " ဘုန်းသိင်္ခကခပ်တိုးတိုးလှမ်းပြောလိုက်တယ်။ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူထိုင်နေရာကဆတ်ခနဲထလိုက်ပြီး ဘုန်းသိင်္ခကိုတွန်းဖယ်ပစ်လိုက်တယ်။ " ခြေသံလဲမထွက်စေနဲ့အုံး...တော်ကြာဒေါသထိန်းထားရတာတွေအလကားဖြစ်သွားမယ်..." " ပါးစပ်ပိတ်ထား..သိတယ်....ဆရာကြီးမလုပ်နဲ့ ..." ပန်းရိပ်ဖြူအံကြိတ်သံနဲ့ပြောလိုက်ရင်း လှေကားရှိရာဘက်ကိုပြန်လျှောက်ခဲ့လိုက်တယ်။စိတ်ထဲမှာတော့ အတော်လေးကိုဒေါသထွက်နေခဲ့ပေမဲ့ ဘုန်းသိင်္ခပြောတာက နည်းလမ်းကျနေတာမို့ ဒေါသကိုထိန်းပြီးပြန်လာခဲ့လိုက်တယ်။

လှေကားထစ်တွေဆုံးသွားတဲ့အခါ မှောင်မိုက်နေတဲ့စတိုခန်းထဲကိုရောက်ရှိသွားခဲ့တယ်။စတိုခန်းတံခါးကထွက်လိုက်ရင်အပြင်ကိုရောက်နိုင်ပေမဲ့ အပြင်တံခါးမကြီးတွေရဲ့သော့တွေက ပန်းရိပ်ဖြူဆီမှာမရှိဘူးလေ။ပန်းရိပ်ဖြူစတိုခန်းထဲမှာလှည့်ပတ်ကြည့်လိုက်တော့ ပြတင်းပေါက်ကိုတွေ့လိုက်ရတယ်။ပြတင်းပေါက်က သံတိုင်တွေမရှိဘဲ မှန်ပြတင်းပေါက်ဖြစ်နေတာမို့ ပန်းရိပ်ဖြူ ဝမ်းသာသွားမိပြီး ပြတင်းပေါက်ကနေ လှစ်ခနဲခုန်ဆင်းလိုက်တယ်။အိမ်ပြင်ကို ရောက်တော့ မီးအလင်းရောင်မရောက်တဲ့နေရာတွေကို လှမ်းမျှော်ကြည့်လိုက်ပြီး ခြံနောက်ဘက်ကနေကားဂိုထောင်ဘက်ဆီကို ခပ်သုတ်သုတ်ပြေးသွား လိုက်တယ်။ဒီနေ့မှာတော့ အခန်းထဲကထွက်လာတဲ့အချိန်ကစလို့ အဆင်ပြေနေတာမို့ နည်းနည်းတော့ ထူးဆန်းနေသလိုဖြစ်နေပြီး အိပ်မက်မက်နေပြန်တာများလားလို့ စိတ်ထဲက ထင်လိုက်မိပြန်တယ် အလင်းရောင်ခပ်မှိန်မှိန်ကျရောက်နေတဲ့ တိုက်ရဲ့ လှေကားကနေခြေကိုဖွဖွနင်းကာ တက်လာခဲ့လိုက်ပြီး တကယ်လို့ တံခါးပိတ်ထားရင် ဘုန်းသိင်္ခကို ဖုန်းဆက်ခေါ် ဖို့ တွေးထားလိုက်မိတယ်။ပန်းရိပ်ဖြူအဖြစ်က ကသစ်မြိုင်ရဲ့သခင်မလေးဖြစ်နေပေမဲ့ အိမ်သော့တစ်ချောင်းကိုတောင် ကိုင်ခွင့်ရှိသူတစ်ယောက်မဟုက်ခဲ့ဘူး။သို့ပေမဲ့ အလွမ်းဆွတ်ကတော့ အိမ်သော့၊ ခြံသော့၊ ကားဂိုထောင်သော့နဲ့ အပန်းဖြေစခန်းသော့တွေကိုပါ ကိုင်ခွင့်ရှိနေခဲ့တယ်။တကယ်တော့ ဒါတွေက ဘုန်းသိင်္ခပြောသလိုပဲ ပန်းရိပ်ဖြူရူးကြောင်ကြောင်ဖြစ်နေခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ မဟုတ်လား။ တံခါးဝအရောက်မှာ ပန်းရိပ်ဖြူမရဲတရဲနဲ့ တံခါးကိုတွန်းဖွင့်ကြည့်လိုက်တယ်။ကျွီခနဲ ခပ်တိုးတိုးမြည်ပြီး လှုပ်ရှားသွားတဲ့ တံခါးကြောင့် ပန်းရိပ်ဖြူ ဝမ်းသာသွားမိကာ တံခါးကို တွန်းဖွင့်ပြီး အထဲကိုဝင်လိုက်တယ်။တိုက်ရဲ့ စင်္ကြန်လမ်းတစ်လျှောက်မှ ဝါဖန့်ဖန့်မီးလုံးလေးတစ်လုံးသာထွန်းထားတယ်။ဒီကနေလျှောက်ရင် စိုင်းမြတ်အခန်းရောက်ဖို့က အကွေ့နှစ်နေရာကျော်ရမှာ။ခြေသံကို လုံးဝမထွက်အောင် သတိထားပြီး လျှောက်သွားလိုက်တယ်။စင်္ကြန်တစ်ကွေ့ကို ကျော်ပြီးတော့ နောက်တစ်ကွေ့ကို ရောက်လာချိန်မှာ လူက နှလုံးခုန်သံတွေမြန်လာခဲ့တယ်။ရှေ့ဆက်ရမှာကိုတောင် လန့်သလုံဖြစ်နေမိတာ။သို့ပေမဲ့ သူမရဲ့ သံသယတွေကမှန်ကန်လားဆိုတာကို သိချင်စိတ်ကြောင့် လူကကြောက်စိတ်တွေလျော့ပါးလာခဲ့တယ်။ပန်းရိပ်ဖြူစင်္ကြန်ကွေ့ကို ကွေ့ဖို့လုပ်လိုက်ချိန်မှာ ရှေ့ခပ်လှမ်လှမ်းက စိုင်းမြတ်ရဲ့အခန်းရှေ့မှာ ရပ်နေတဲ့အလွမ်းဆွတ်ကိုမြင်လိုက်ရတာမို ခြေလှမ်းတွေရပ်တန့်သွားရပြီး ဒေါသအကြီးအကျယ်ထွက်သွားမိတယ်။ပန်းရိပ်ဖြူအသာလှမ်းချောင်းကြည့်နေချိန်မှာပဲ အလွမ်းဆွတ်က အခန်းထဲကိုဝင်သွားခဲ့တယ်။သံသယဖြစ်ခဲ့တဲ့အတိုင်းမှန်နေတာမို့ သူမတစ်ကိုယ်လုံးအသားတွေတဆတ်ဆတ်တုန်လာခဲ့တယ်။ဒေါသစိတ်ကြောင့် ဘာကိုမှမမြင်နိုင်တော့။မိမိကိုအရူးလုပ်နေကြသူနှစ်ယောက်ကို အမိဖမ်းကာ အရှက်ခွဲပြီးတော့ ကသစ်မြိုင်ကမောင်းထုတ်ပစ်ဖို့ တွေးလိုက်မိတယ်။ပန်းရိပ်ဖြူအံကိုတင်းတင်းကြိတ်ကာ စိုင်းမြတ်ရဲ့အခန်းဆီကို သွားရန်ခြေလှမ်းပြင်လိုက်တယ်။လူကဒေါသစိတ်ကြောင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်နေခဲ့တယ်။ စိုင်းမြတ်ရဲ့အခန်းဆီကိုသွားဖို့အတွက် ပန်းရိပ်ဖြူစင်္ကြန်လမ်းမဆီကိုထွက်လိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို နောက်ကျောကနေတစ်စုံတစ်ယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရတယ်။ ================================== အပိုင်း(၂၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀

ပန်းရိပ်ဖြူကစိုင်းမြတ်ကိုခပ်ပြုံးပြုံးကြည့်လိုက်ရင်း စိုင်းမြတ်ရဲ့လက်ဖဝါးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ညှစ်ပြီးနှုတ်ဆက်လိုက်တယ်။နှုတ်ဆက်နေရင်းနဲ့ အလွမ်းဆွတ်ရဲ့မျက်နှာကိုမသိမသာလှမ်းကြည့်လိုက်မိတော့ အေးစက်နေတဲ့အကြည့်တွေနဲ့လှမ်းကြည့်နေတဲ့ အလွမ်းဆွတ်ကိုတွေ့လိုက်ရတာမို့ ပန်းရိပိဖြူစိတ်ထဲက မတင်မကျဖြစ်နေတဲ့စိတ်က ပိုလို့တောင်ဆိုးဝါးသွားခဲ့တယ်။ပြီးတော့ချက်ချင်းဆိုသလို စိုင်းမြတ်ရဲ့မျက်လုံးတွေကို ပန်းရိပ်ဖြူဖျတ်ခနဲမော့ကြည့်လိုက်မိပြီးနေရာကထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " သမီး ခဏနေအုံး....အမေတို့စကားပြောရအောင် " မိခင်ဖြစ်သူရဲ့ခေါ်လိုက်သံကြောင့် ပန်းရိပ်ဖြူခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်။ " အခုဘယ်အချိန်ရှိနေပြီလဲသမီး...ဒီအချိန်အထိ မောင်စိုင်းမြတ်နဲ့ရှိနေတာကို သမီးအဖေသာသိရင်စိတ်ဆိုးမှာ ..မိန်းကလေးဆိုတာ ဆင်ဆင်ခြင်ခြင်နေရတယ်သမီးရဲ့...သူနဲ့သမီးနဲ့လက်ထပ်ဖို့ဆိုတာက ရာနှုန်းပြည့်သေချာတာမဟုတ်ဘူးလေ " " ဟုတ်ကဲ့ပါအမေ..သူနဲ့ စကားပြောတာမကြာသေးပါဘူး...စောစောကအဘွားတို့တိုက်မှာစကားပြောနေတာပါ..." " အေးပါကွယ် ...သွားအိပ်တေ့ မနက်ကျရင် ...အပန်းဖြေစခန်းကိုသွားအုံးမှာမဟုတ်လား " " ဟုတ်ကဲ့အမေ...သမီးသွားအိပ်တော့မယ်နော် " ပန်းရီပ်ဖြူပြောပြီးတာနဲ့အခန်းထဲကိုဝင်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~ " ဝူး...အူး..အူး " ဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးအူသံတွေက အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။ခွေးအူသံတွေကြောင့် ပန်းရိပ်ဖြူတစ်ကိုယ်လုံး ကြက်သီးတွေထသွားပြီးကျောထဲကစိမ့်တက်လာသလိုဖြစ်သွားမိတယ်။အခန်းထဲမှာက မီးအမှောင်ချထားတာမို့ တစ်ခန်းလုံးမှောင်အတိဖြစ်နေခဲ့တယ်။ကိုယ့်နေနေတဲ့အခန်းဆိုတော့ ပန်းရိပ်ဖြူသိပ်မကြောက်တော့ဘူး။ပြီးတော့ သူမကြုံတွေ့နေရတာက အိပ်မက်လိုလိုဘာလိုဆိုတော့ ကြောက်စိတ်ကသိပ်မရှိဘူး။ညဆယ့်နာရီကျော်ပြန်ရောက်ကတည်းက ပြတင်းပေါက်နားမှာ ခုံချငြီးပန်းရိပ်ဖြူထိုင်နေခဲ့တာ။ပန်းရိပ်ဖြူအခန်းကနေလှမ်းကြည့်ရင် ကားဂိုထောင်တိုက်ရဲ့တစ်ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းကိုမမြင်ရပေမဲ့ တကယ်လို့တစ်ယောက်ယောက်က ကားဂိုထောင်တိုက်ကိုသွားမယ်ဆိုရင်တော့ တစ်စိတ်တစ်ပိုင်းတော့မြင်ရတယ်။ပြောရရင်တစ်ဖက်က ဘဘလှထွန်းတို့ခြံဘက်ကနေ ဝင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ခြံနောက်ကနေဝင်တာပဲဖြစ်ဖြစ်ဝင်မှသာ မမြင်ရတာ။ကသစ်မြိုင်ခြံထဲက တစ်ယောက်ယောက်သွားမယ်ဆိုရင်တော့ လမ်တစ်ဝက်အထိတော့မြင်နေရတယ်။ မြို့ပြင်စပ်ဆီကခွေးအူသံတွေကြားနေရပြီးဆိုတော့ အချိန်ကမနည်းတော့ဘူး။လူကအိပ်ချင်နေပေမဲ့ မျက်လုံးတွေကို အတင်းပြူးပြဲဖွင့်ကာ ပန်းရိပ်ဖြူထိုင်နေခဲ့တာ။ခွေးအူသံတွေ အဆက်မပြတ်ပေါ်ထွက်လာပြီး သိပ်မကြာခင်မှာဘဲ ခြံအနောက်ဘက်ဆီက မည်းမည်းအရိပ်သဏ္ဍာန်ကိုလှမ်းမြင်လိုက်ရတာမို့ ပန်းရိပ်ဖြူတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရတယ်။မည်းမည်းအရိပ်က ကားဂိုထောင်အနောက်ဘက်ကို လှစ်ခနဲလျှောက်သွားခဲ့ပြီးပျောက်ကွယ်သွားခဲ့တယ်။ပန်းရိပ်ဖြူနေရာမှာ ခဏကြာရပ်ပြီး အရိပ်ကိုကြည့်နေလိုက်တယ်။အတော်လေားကြာအောင်ရပ်နေခဲ့ပြီးမှ နေရာကနေအသာထလိုက်ပြီး အခန်းတံခါးဝဆီကိုဖြည်းညှင်းစွာလျှောက်သွားလိုက်တယ်။ပြီးတော့ တံခါးကိုအသံမမြည်အောင်တွန်းဖွင့်လိုက်ပြီး ကသစ်မြိုင်တိုက်ကြီးရဲ့အနောက်ဘက်လှေကားဆောင်နားဆီကိုထွက်လာခဲ့လိုက်တယ်။အနောက်ဘက်လှေကားဆောင်ကအသက်ကယ်လှေကားလို့ပြောရမလား အဲ့ဒီလှေကားကဆင်းသွားရင် မီးဖိုဆောင်နောက်ဘက်စတိုခန်းထဲကိုရောက်တယ်။စတိုခန်းကသော့တော့ခတ်ထားလ့မရှိဘူး။ပစ္စည်းဟောင်းတွေပဲထားတာ။လှေကားတံခါးကိုအပေါ်ကနေပဲသော့ခတ်ထားတာ။သော့ကလဲ တံခါးနားက နံရံအမြင့်ပေါ်မှာချိတ်ထားတာ။လှေကားနဲ့မနီးမဝေးကအခန်းက အလွမ်းဆွတ်ရဲ့အခန်းပဲ။ပန်းရိပ်ဖြူလျှောက်လာခဲ့ရင်းနဲ့ အလွမ်းဆွတ်ရဲ့အခန်းရှေ့ကိုရောက်တော့ ခဏရပ်နေမိတယ်။အနောက်ဘက်စင်္ကြန်လမ်းတစ်လျှောက်လုံးက စင်္ကြန်မီးခပ်မှိန်မှိန်လေးတစ်လုံးပဲထွန်းထားတာမို့ ချောက်ချားစရာတော့ကောင်းနေတယ်။တစ်လောကလုံးအိပ်စက်နေကြတဲ့ ခုလိုညသန်းခေါင်အချိန်ကချောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေခဲ့တာ။အလွမ်းဆွတ်ရဲ့အခန်းရှေ့မှာရပ်ပြီး တံခါးကို ပန်းရိပ်ဖြူတိုးဖွဖွခေါက်လိုက်တယ်။အထဲက လှုပ်ရှားသံကိုလုံးဝမကြားရဘူး။ဒုတိယအကြိမ်မြောက်တိုးဖွဖွလေးထပ်ခေါက်ကြည့်လိုက်တယ်။အထဲကလှုပ်ရှားသံလုံးဝမကြားရဘဲ တိတ်ဆိတ်နေခဲ့တယ်။တုံ့ပြန်မှုမရှိတဲ့ အခန်းရှေ့ကနေ ပန်းရိပ်ဖြူအသာလှည့်ထွက်လာခဲ့လိုက်ပြီး အနောက်ဘက်လှေကားရှိရာကိုလျှောက်လာလိုက်တယ်။ဒီလှေကားကနေ ပန်းရိပ်ဖြူအောက်ထပ်ကိုမဆင်းဖူးဘူး။လှေကားနားကိုရောက်တော့ သော့တံချိတ်ထားတဲ့နေရာကိုကြည့်လိုက်တယ်။သော့ကနေရာမှာရှိနေတယ်။သော့ကိုယူလိုက်ပြီး လှေကားတံခါးကိုဖွင့်လိုက်တယ်။တံခါးပွင့်သွားတာနဲ့အသာပြန်ခတ်ထားလိုက်ပြီး အောက်ကိုအမြန်ဆင်းလာခဲ့လိုက်တယ်။လှေကားက သိပ်မသုံးတာမို့ လှေကားမီးတွေကိုအကုန်ပိတ်ထားပြီး ကြောက်စရာကောင်းလောက်အောင်မှောင်မိုက်နေခဲ့တယ်။ပန်းရိပ်ဖြူဖုန်းမီးကိုထွန်းပြီး လှေကားအတိုင်းဆင်းလာခဲ့လိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၆) akyiphyu ********* " ပန်းရိပ်...ပန်းရိပ်ဘာဖြစ်လို့လဲ ...ဘာဖြစ်တာလဲ " ထိတ်လန့်တကြားနဲ့အော်လိုက်ပြိး ကြမ်းပြင်ပေါ်ကိုဘုတ်ခနဲထိုင်လျက်သားလဲကျသွားတဲ့ပန်းရိပ်ဖြူကိုကြည့်ပြီး စိုင်းမြတ်စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ဒီအချိန်မှာပဲ အခန်းပြင်ကနေခြေသံထွက်ပေါ်လာခဲ့ပြီး အခန်းဝကိုလူတစ်ယောက်ရောက်လာခဲ့တယ်။ " ကိုစိုင်းမြတ်...ကိုစိုင်းမြတ်အခန်းကအော်သံကြားလို့ ဘာဖြစ်တာလဲဗျ ...ဟာ...မမလေးပါလား...နေမကောင်းတာလား....ဘာဖြစ်တာလဲ " ရောက်လာသူက ဘုန်းသိင်္ခဖြစ်ပြီး လဲကျနေတဲ့ပန်းရပ်ဖြူကိုတွေ့တော့ ဘုန်းသိင်္ခကအခန်းထဲကိုဝင်လာပြီး ပန်းရိပ်ဖြူရဲ့ဘေးနားမှာထိုင်လိုက်တယ်။ " သူဘာဖြစ်တာလဲ ကိုစိုင်းမြတ် " ဘုန်းသိင်္ခရဲ့မေးသံကနည်းနည်းမာဆတ်နေခဲ့တယ်။ဘုန်းသိင်္ခရဲ့အသံကိုကြားလိုက်ရတော့ ပန်းရိပ်ဖြူမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပြီး " ခြံ,,,ခြံထဲမှာမိန်းမတစ်ယောက်...ပန်းရိပ်ကိုလှမ်းကြည့်နေတယ်...မျက်...မျက်နှာက ကြောက်...ကြောက်စရာကြိး " ပန်းရိပ်ဖြူကတုန်တုန်လှုပ်လှုပ်နဲ့ပြောရင်း ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်တယ်။ပန်းရိပ်ဖြူလက်ညှိုးထိုးပြလိုက်တာနဲ့ ဘုန်းသိင်္ခကပြတင်းပေါက်ကိုချက်ချင်းထကြည့်လိုက်တယ်။ပြီတော့ ခေါင်းကိုခါယမ်းလိုက်ပြီး " မမလေး အမြင်မှားတာလဲဖြစ်ချင်ဖြစ်မှာ...ဘာမှမရှိဘူး မမလေး....ကိုစိုင်းမြတ် မမလေးကိုကသစ်မြိုင်ကိုပြန်လိုက်ပို့ပေးလိုက်တာကောင်းမယ်ထင်တယ်...သူအရမ်းလန့်နေတယ်ထင်တယ်....သောက်ရေရှိရင်တိုက်လိုက်ပါအုံး " ဘုန်းသိင်္ခပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူကို လဲကျနေရာကထခိုင်းလိုက်ပြိး ခုံပေါ်မှာထိုင်စေလိုက်တယ်။ " မမလေးအဆင်ပြေလား ...အသက်ရှူတာကိုအောင့်မထားနဲ့ဖြည်းဖြည်းမှန်မှန်ရှုပါ " ဘုန်းသိင်္ခပြောနေချိန်မှာပဲ စိုင်းမြတ်က ရေတစ်ခွက်ယူလာပေးတာမို့ ပန်းရိပ်ဖြူကယူသောက်လိုက်တယ်။ " မမလေး အဆင်ပြေလား...ခဏထိုင်နားပြီးမှ ပြန်မလား " " ကျေးဇူးပဲဘုန်းသိင်္ခ...ရပါပြီ...ပန်းရိပ်ကို ကိုယ်လိုက်ပို့ပေးလိုက်ပါ့မယ်...အလုပ်ပျက်အောင်နှောင့်ယှက်သလိုဖြစ်သွားမိလို့်တောင်းပန်းပါတယ် " ဘုန်းသိင်္ခကပန်းရိပ်ဖြူကိုပြောနေချိန်မှာပဲ စိုင်းမြတ်က ပန်းရိပ်ဖြူနားမှာထိုင်ချလိုက်ပြိး ပန်းရိပ်ဖြူရဲ့လက်မောင်းကနေဖေးမလိုက်ရင်း ဘုန်းသိင်္ခကို လေသံအေးစက်စက်နဲ့ပြောလိုက်တယ်။ " ကျေးဇူးပါနော် ကိုဘုန်းသိင်္ခ...ဒါနဲ့နှစ်ယောက်လုံးကို ပန်းရိပ်အကူအညီတောင်းပါတယ်..ပန်းရိပ်အခုဖြစ်သွားတာကို အမေတို့အဘွားတို့ကိုမပြောပါနဲ့နော် ...ရုတ်တရက်ကြီးဆိုတော့ ပန်းရိပ်လဲလန့်သွားတာပါ...အခုဘာမှမဖြစ်တော့ပါဘူး ...ပန်းရိပ်တို့ ဧည့်ခန်းထဲမှာခဏထိုင်ပြီး စကားသွားပြောကြရအောင်လေ " ပန်းရိပ်ဖြူပြောပြီးတော့ နေရာကနေအားယူပြီးထလိုက်တယ်။ ~~~~~~~~~~~~~~ အလွမ်းဆွတ် သော့တွဲတွေကိုကိုင်ပြီး ဒေါ်ပန်းမြိုင်တို့အခန်းဆီကိုလျှောက်လာခဲ့လိုက်တယ်။အခန်းရှေ့ကိုရောက်တော့ တံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်တယ်။ " ဒေါက်...ဒေါက် " " လာပြီ...လာပြီ ..." ဒေါ်ပန်းမြိုင်ကတံခါးကိုဖွင့်ပေးလိုက်ပြီး အခန်းဝမှာအလွမ်းဆွတ်ကိုမြင်လိုက်ရတေ့ မျက်ခုံးလေးကိုပင့်လိုက်ပြီး " ဘာဖြစ်လို့လဲသမီးလွမ်း...မအိပ်သေးဘူးလား " " ဟုတ်ကဲ့ အမေပန်းမြိုင်...အလွမ်းအိပ်တော့မလို့်ပါ...အဲ့ဒါ...ဟိုလေ..ပန်းရိပ်ပြန်မရောက်သေးဘူးလို့ မဇာယုကပြောလို့်ပါ...အဘွားတို့အိမ်ကိုလိုက်ခေါ်လိုက်ရမလားအမေပန်းမြိုင် " အလွမ်းဆွတ်ရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မျက်လုံးပြူူးသွားရပြီး " ဘယ်လို ...ပန်းရိပ်ပြန်မလာသေးဘူးလား ...ဆယ်နာရီကျော်နေပြီမဟုတ်လား...ဒီကောင်မလေးတော့ ပြောစကားကိုနားမထောင်ဖူးဘဲ ..ကဲ..လာ..လာ...သမီးလွမ်းတစ်ယောက်တည်းတော့သွားလို့်မဖြစ်ပါဘူး...အမေပန်းမြိုင်လဲလိုက်ခဲ့မယ် ..သွားရအောင် " ဒေါ်ပန်းမြိုင်ကပြောပြောဆိုဆိုနဲ့အခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~~ " ဟင်...သူ့အဘွားအိမ်လဲမီးတွေပိတ်သွားပါပြီ ...ဒီကောင်မလေးဘယ်သွားတာလဲ ...အောင်မောင်းတို့်ကိုခေါ်လိုက်အုံးသမီးလွမ်း " ဒေါ်ပန်းမြိုင်ကပြောပြီးတော့ ခြံထဲကိုလှည့်ပတ်ကြည့်လိုက်တယ်။ဒီအချိန်မှာပဲ ကားဂိုထောင်ဘက်ဆီကလျှောက်လာကြတဲ့ ပန်းရိပ်ဖြူနဲ့စိုင်းမြတ်တို့ကိုတွေ့လိုက်ရတာမို့ ဒေါ်ပန်းမြိုင်ရဲ့မျက်နှာတင်းမာသွားရတယ်။ " သမီးရယ် ဘယ်တွေရောက်နေတာလဲ...အမေတို့ကလိုက်ရှာနေတာ " " သမီး ...ကိုစိုင်းမြတ်နဲ့စကားပြောနေလို့ နည်းနည်းနောက်ကျသွားတယ်အမေ...သမီးတောင်းပန်းပါတယ်နော်...သမီးဆေးသောက်ချိန်ရောက်နေပြီမို့သွားတော့မယ်အမေ...ကိုစိုင်း..ပန်းရိပ်သွားတော့မယ်နော်...စောစောအိပ်အုံးနော် "

ပြောပြောဆိုဆိုနဲ့ အနားကိုကပ်လာပြီး သူမလက်ကိုလှမ်းဆွဲလိုက်တဲ့ စိုင်းမြတ်ရဲ့လှုပ်ရှားမှုကြောင့် ပန်းရိပ်ဖြူခြေလှမ်းတွေကို နောက်ကိုမသိမသာပြန်ဆုတ်လိုက်တယ်။ " ကိုစိုင်းက သိပ်တော်တာပဲ ..ပန်းရိပ်ကတော့ ဒီလိုတွေမရှင်းတတ်ဘူးနော် " " ပန်းရ်ပ်က ဒါတွေလုပ်စရာမလိုပါဘူး ..ကိုယ်တို့တွေ အလုပ်သမားမငှားနိုင်ရင်တောင် ကိုယ်ပဲလုပ်ပေးမှာပေါ့ " ပြောရင်းနဲ့စိုင်းမြတ်ကအခန်းတံခါးကိုပိတ်ဖို့ပြင်လိုက်တာမို့ ပန်းရိပ်ဖြူမျက်စိတွေပြာခနဲဖြစ်သွားရပြီ ကမန်းကတန်းလှမ်းတားလိုက်မိတယ်။ " ဟို...ပန်းရိပ်ပြန်တော့မယ်လေကိုစိုင်း...ဆယ်နာရီထိုးတော့မယ်လေ ..ဒါနဲ့ဘုန်းသိင်္ခရဲ့အခန်းကဘယ်နားမှားလဲ " ပန်းရိပ်ဖြူလန့်လန့်နဲ့အသံကျယ်ကျယ်စကားပြောလိုက်တော့ စိုင်းမြတ်မျက်နှာပျက်သွားတာကို သတိထားလိုက်မိတယ်။ " ပန်းရိပ်ရယ်...ကိုယ်နဲ့ရှိနေချိန်မှာ တခြားလူအကြောင်းကိုမပြောပါနဲ့ကွာ ..ကိုယ်တောင်းပန်ပါတယ်နော် ...ပန်းရိပ်မကြိုက်ရင် ကိုယ်လေပန်းရိပ်အသားကိုလုံးဝမထိပါဘူး " စိုင်းမြတ်ကဝမ်းနည်းသွားဟန်နဲ့ပြောလာတော့ သူ့အပေါ်မယုံမကြည်ဖြစ်သွားမိတာကို ပန်းရိပ်ဖြူအားနာသွားမိတယ်။ " ဟိုလေ...အဲ့ဒီလိုသဘောမျိုးမဟုတ်ပါဘူးကိုစိုင်းရယ်...ပန်းရိပ်စိတ်ထဲဘာမှမရှီပါဘူး..သိချင်ရုံသက်သက်မေးလိုက်မိတာပါ ...ပန်းရိပ်တောင်းပန်ပါတယ်နော်" ပန်းရိပ်ဖြူကမန်းကတန်းပြန်တောင်းပန်လိုက်ပြီး သူကျေနပ်သွားအောင် အခန်းထဲကိုလှည့်ပတ်ကြည့်လိုက်တယ်။စိုင်းမြတ်ကလဲ ပန်းရိပ်နားကနေကပ်ပါလာခဲ့တယ်။ပန်းရိပ်ဖြူလဲ ဘာမှမဖြစ်သလိုဟန်နဲ့ ပြတင်းပေါက်နားကိုလျှောက်သွားလိုက်ပြီး ခြံထဲကိုလှမ်းကြည့်လိုက်မိတယ်။ခြံထဲကိုကြည့်မိလိုက်တဲ့ ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံက ပြူးကျယ်ဝိုင်းစက်ကာ ထိတ်လန့်တုန်လှုပ်သွားမိတယ်။ခြံကနေ သူမတို့ကိုကြည့်နေတဲ့အမျိုးသမီးတစ်ယောက်။အမျိုးသမီးရပ်နေတဲ့နေရာက မီးအလင်းရောင်သိပ်မရှိတာမို့ လူပုံကိုသဲသဲကွဲကွဲမမြင်ရဘူး။ပန်းရိပ်ဖြူမျက်လုံးအကြောင်းသားနဲ့ကြည့်နေမိစဉ်မှာပဲ အမျိုးသမီးရဲ့မျက်လုံးတွေကမီးလုံးတွေလိုစူးရဲတောက်ပလာတာကိုတွေ့လိုက်ရတယ် ။ပြီးတော့ မီးသွေးတုံးကြိးလိုမည်းနက်နေတဲ့မျက်နှာကြီးကိုပါထင်ထင်ရှားရှားမြင်လိုက်ရတယ်။ပန်းရိပ်ဖြူကြောက်စိတ်ကိုမထိန်းထားနိုင်တော့ဘဲ လွှတ်ခနဲအော်လိုက်မိတော့တယ်။ " အား " ================================== အပိုင်း(၂၆)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/