ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

الذهاب إلى القناة على Telegram
1 033
المشتركون
+224 ساعات
+27 أيام
-930 أيام
أرشيف المشاركات
" ဪ...ဟုတ်ကဲ့ ...သိပါပြီ...အဲ့ဒီကိစ္စကို ကျွန်တော်ရှင်းပြပါအုံးမယ်...သူထွက်မသွားအောင်လို့... ကိုအောင်မောင်းလူတွေကိုကြည့်ခိုင်းထားလိုက်ပါအုံး " ဘုန်းသိင်္ခက အောင်မောင်းကိုပြောလိုက်ရင်း ခပ်လှမ်းလှမ်းကိုဆွဲခေါ်ခဲ့လိုက်ကာစကားပြောလိုက်တယ်။ " သူ့ကိုတားပေးထားလို့ကျေးဇူးတင်ပါတယ်ကိုအောင်မောင်း...ဖြစ်ပုံကဒီလိုပါ...မနက်တုန်းက ...သူကအလွမ်းကိုပါးရိုက်လိုက်တယ်ဗျာ...သတင်းကြားလားတော့မသိဘူး ...အဲ့ဒါ...ခုနတုန်းကကျွန်တော်က သူ့ကိုယ်စား အလွမ်းကိုတောင်းပန်နေတာဗျာ ...အဲ့ဒါကိုတွေ့သွားပြီး စိတ်ဆိုးသွားတာလေ.....ဒီလောက်ပြောရရင် ...ကျွန်တော်တို့နှစ်ယောက်ကြားကအခြေအနေကို ကိုအောင်မောင်းလဲရိပ်မိမှာပါ ...ကျွန်တော်သူ့ကိုချော့ချင်လို့်.....သူ့ကို ကျွန်တော်လိုက်ပို့ပေးလို့ရမလား..သူဌေးဆီမှာပြောကြည့်ပေးပါ ....ကိုအောင်မောင်းပြောပြီးရင်ကျွန်တော်ပြောပါ့မယ်...ဒီပုံအတိုင်းဆိုရင်...သူကလွယ်လွယ်နဲ့လိုက်မှာမဟုတ်ဘူး...အသားနာခံပြီးရုန်းကန်နေလိမ့်မယ် " ဘုန်သိင်္ခပြောတာလဲမှန်နေတာမို့ အောင်မောင်းကသူဌေးဆီကိုဖုန်းဆက်လိုက်ပြီး အကျိုးအကြောင်းရှင်းပြလိုက်တယ်။အောင်မောင်းက မိနစ်အနည်းငယ်ကြာအောင် ဖုန်းပြောနေခဲ့ပြီးနောက်မှာ ဘုန်းသိင်္ခနားကိုပြန်လျှောက်လာခဲ့လိုက်ပြီး " သူဌေးကခွင့်ပြုလိုက်တယ်..,,,ဒါပေမဲ့ အပန်းဖြေစခန်းမှာလဲအကြာချည်းမနေရဘူး....ကသစ်မြိုင်ကိုပြန်ပို့ပေးပါတဲ့....ပြန်တဲ့လမ်းမှာလဲ ကျွန်တော်တို့ရှိနေပါမယ် " " ဟာ...ကျေးဇူးတင်ပါတယ်ကိုအောင်မောင်း...ကျွန်တော်တို့ သိပ်ကြာကြာလဲစကားမပြောပါဘူး...စခန်းမှာပစ္စည်းတွေသွားသိမ်းပြီးရင်ပြန်မှာပါ " ဘူန်းသိင်္ခဝမ်းသာပျော်ရွှင်စွာပြောလိုက်ပြီးတော့ ပန်းရိပ်ဖြူနားကိုလျှောက်သွားလိုက်တယ်။ပန်းရိပ်ဖြူက သူမနားကိုလျှောက်လာတဲ့ဘုန်းသိင်္ခကို ဒေါသမျက်ဝန်းတွေနဲ့မော့ကြည့်လိုက်တယ်။ဘုန်းသိင်္ခက ပန်းရိပ်ဖြူရဲ့လက်ကိုဆွဲယူလိုက်ပြီး အနားကိုတိုးကပ်လိုက်ပြီးတော့လေသံသဲ့သဲ့မျှနဲ့ ပန်းရိပ်ဖြူကြားသာရုံနဲ့ပြောလိုက်တယ်။ "မမလေး..ပြဿနာမတက်ချင်ရင် ကျွန်တော်နဲ့လိုက်ခဲ့..." ဘုန်းသိင်္ခရဲ့စကားကကြောင့် ပန်းရိပ်ဖြူအံလေးကိုကြိတ်ကာ ဘုန်းသိင်္ခကခေါ်ရာနောက်ကိုလိုက်သွားလိုက်တယ်။ ~~~~~~~~~~~ ဘုန်းသိင်္ခက ပန်းရိပ်ဖြူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ပန်းရိပ်ဖြူရဲ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လိုက်တယ်။ " ကျွန်တော့်ပါးကို ဘာလို့်ရိုက်တာလဲမမလေး ..." ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူမဖြေဘဲ မျက်နှာကိုတစ်ဖက်ကိုလွှဲထားလိုက်တယ်။ " ကျွန်တော်နဲ့မမလေးက.... ချစ်သူတွေဖြစ်နေကြတဲ့ပုံစံမျိုးနဲ့ အောင်မောင်းကို အကူအညီတောင်းလိုက်တယ် ...အောင်မောင်းသူဌေးကို ဘယ်လိုပြောလိုက်လဲဆိုတာတော့ မသိဘူး...ဒါနဲ့မမလေးကဘယ်ကိုသွားမလို့်လဲ " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ပန်းရိပ်ဖြူ မျက်နှာလေးတင်းသွားရပြီး " ကျွန်မကဘယ်ကိုသွားရမှာလဲ...ဒီလိုပဲဆိုင်ကယ်လိုက်စီးနေတာလေ ...ဘာထူးဆန်းနေလို့ဖြစ်နေကြမှန်းမသိဘူး...ရန်သူနဲ့မတွေ့ခင်မှာ...သက်တော်စောင့်တွေသ/တ်လို့သေမယ်ထင်တယ် " ပန်းရိပ်ဖြူမကျေမနပ်ပြောရင်းနဲ့ထိုင်နေရာကထလိုက်တယ်။ " ပြန်တော့မလို့်လား...ဆေးတွေကိုစစ်ထားတဲ့အဖြေတွေကို သိရပြီလေ ...ဘာလဲမသိချင်ဘူးလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူမဲ့ပြုံးလေးပြုံးလိုက်ရင်း " ကျွန်မက ကိုယ့်မိဘထက်...ဘေးသူစိမ်းကိုပိုယုံမယ်လို့ ရှင်ကထင်နေထာလား " ================================== အပိုင်း(၃၃)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈

" လူယုတ်မာ....နင်ကစိုင်းမြတ်ဆိုတဲ့ကောင်ထက်ပိုပြီးအောက်တန်းကျတယ်....နင်တို့ကအလွမ်းဆွတ်ရဲ့ကျေးကျွန်တွေပဲ " " ဖြန်း " ဒေါသသံနဲ့အတူ ပန်းရိပ်ဖြူရဲ့လက်ဝါးတစ်ဖက်က ဘုန်းသိင်္ခရဲ့ပါးပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ကျရောက်လာခဲ့တယ်။မမျှော်လင့်ထားတဲ့ အခြေအနေမို့ ဘုန်းသိင်္ခကြောင်အအဖြစ်သွားမိပြီးမှ ချက်ချင်းသတိဝင်လာပြီး ပန်းရိပ်ဖြူရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။သို့ပေမဲ့ဘုန်းသိင်္ခနောက်ကျသွားခဲ့ပြီ။ပန်းရိပ်ဖြူက ဆိုင်ကယ်ပေါ်ကိုရောက်ရှိသွားခဲ့ပြီဖြစ်တယ်။ " ခဏနေအုံး မမလေး..ကျွန်တော်တို့စကားပြောရအောင်..ကျွန်တော့်မှာ ရန်ကုန်ကိုစစ်ခိုင်းထားတဲ့ အဖြေတွေရနေပြီ " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူက မဲ့ပြုံးတစ်ချက်နဲ့လှမ်းကြည့်လိုက်ပြီး " မလိုတော့ဘူး...ဘာအဖြေကိုမှလဲ ကျွန်မ မသိချင်တော့ဘူး...ခုနပန်းခြံထဲမှာ... ရှင်နဲ့အလွမ်းဆွတ်ဖက်နေကြတာကိုမြင်လိုက်ပြီးကတည်းက ... အဖြေကရှင်းနေပြီပဲ ...ဘာကိုကျွန်မကယုံကြည်ရအုံးမှာလဲ ပြောစမ်းပါအုံး ....နောက်နောင်လဲရှင်နဲ့ပတ်သက်စရာအကြောင်းမရှိတော့ပါဘူး " ပန်းရိပ်ဖြူဒေါသနဲ့ပြောပြီးတော့ ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့တယ်။ " ဟာ...နေအုံး ...ခင်ဗျားမသွားနဲ့အုံး " ဘုန်းသိင်္ခလှမ်းတားလိုက်ပေမဲ့ ပန်းရိပ်ဖြူရဲ့ဆိုင်ကယ်ကခပ်ကြမ်းကြမ်းထွက်သွားခဲ့လေပြီ ။ ~~~~~~~~~~~ ပန်းရိပ်ဖြူ ဆိုင်ကယ်ကိုအပန်းဖြေစခန်းထဲက မောင်းထွက်လာခဲ့ပြီတော့ နောက်ကနေအောင်မောင်းမလိုက်လာနိုင်အောင် ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းခဲ့လိုက်တယ်။ဆိုင်ကယ်မောင်းနေရင်းနဲ့စိတ်တွေလှုပ်ရှားနေတာကြောင့် စိတ်ကိုမနည်းတည်ငြိမ်အောင်ထိန်းနေရတယ်။မျက်ရည်တွေကလဲ ကျလာပြန်တာမို့ အမြင်တွေကလဲ တစ်ချက်တစ်ချက်ဝေးဝါးချင်လာတယ်။လမ်းကွေ့တစ်ခုမှာ စခန်းသာဘက်ကိုသွားတဲ့လမ်းမဘက်ကို ဆိုင်ကယ်ကိုမကွေ့ဘဲ ရေတံခွန်ရွာဘက်သွားတဲ့လမ်းကိုကွေ့ချလိုက်တယ်။ရေတံခွန်ရွာကနေဆက်သွားရင် ကုန်းထိပ်ဆိုတဲ့လမ်းခွဲမြို့တစ်ခုကိုရောက်မယ်။ကုန်းထိပ်က စခန်းသာလောက်မစည်ဘူး။အနီးဆုံးမြို့ကြီးတစ်ခုကိုရောက်ဖို့ ဆိုင်ကယ်နဲ့သွားရင်လမ်းမှာညအိပ်ရမယ်။အမျိုးသမီးတစ်ယောက်လမ်းမှာ ညအိပ်ဖို့ဆိုတာကဘယ်လိုမဖြစ်နိုင်ဘူး။ကြားထဲကမြို့ငယ်တွေမှာ ဝင်တည်းဖို့ကအဆင်ပြေနိုင်ပါ့မလား။အစီအစဉ်ဆွဲဖို့အတွက်တောင် သူမမှာအချိန်မှာမရှိတော့ပါ။နောက်ကြည့်မှန်ကနေအကြည့်မှာနောက်ကနေလိုက်လာတဲ့ဆိုင်ကယ်တစ်စီးမှမတွေ့တာမို့် ဝမ်းသာသွားမိတယ်။ရှေ့တစ်ကွေ့ဆိုရင် ရေတံခွန်ရွာကိုကျော်ပြီ။ရေတံခွန်ရွာကိုကျော်ရင် သူမကိုသိတဲ့သူရယ်လို့သိပ်မရှိနိုင်လောက်တော့ဘူး။မိုးမချုပ်ခင်စပ်ကြားမှာ စခန်းသာနဲ့အလှမ်းဝေးတဲ့နေရာတစ်ခုကို အမြန်ဆုံးရောက်ရှိသွားမှဖြစ်မှာ။သူမမှာငိုနေဖို့၊လွမ်းဆွေးနေဖို့အချိန်မရှိတော့ဘူး။ " တီ..တီ...တီ " တီ...တီ...တီ " " ပွမ်...ပွမ်..ပွမ် " အဆက်မပြတ်ပေါ်ထွက်လာတဲ့ ဟွန်းတီးသံတွေနဲ့အတူ ရှေ့လမ်းကွေ့ကနေရုတ်တရက်ကြီးပါ်လာတဲ့ ဆိုင်ကယ်သုံးလေးစီးကိုကြည့်ပြီး ပန်းရိပ်ဖြူကြက်သေသေသွားရတယ်။ဘယ်လိုမှရှောင်လို့်မလွတ်တော့တာမို့ သူမဆိုင်ကယ်ကိုထိုးရပ်လိုက်ရတော့တယ်။ဆိုင်ကယ်ကိုရပ်လိုက်ချိန်မှာပဲ ဆိုင်ကယ်တစ်စီးပေါ်ကနေဆင်းလာတဲ့အောင်မောင်းကိုတွေ့လိုက်ရတယ်။ " မမလေးဆိုင်ကယ်စီးလာတာ စခန်းသာနယ်နိမိတ်ကိုကျော်နေပြီ မမလေး...ရှေ့ဆက်သွားဖို့ခွင့်မပြုပါဘူး...ကသစ်မြိုင်ကိုပြန်ရမယ်လို့ သူဌေးကအမိန့်ပေးလိုက်ပါတယ် " အောင်မောင်းရဲ့စကားကြောင့် ပန်းရိပ်ဖြူဆတ်ခနဲတုန်သွားရပေမဲ့ ဟန်မပျက်ဘဲရပ်နေလိုက်ပြီး " အစောကြီး ရှိသေးတာကို ဘာဖြစ်နေတာလဲ..ကျွန်မမှာဆိုင်ကယ်လိုက်စီးခွင့်တောင်မရှိဘူးလား...ဟိုရှေ့ဘက်ကရွာကို သွားလည်မို့ပါ ဘာတွေအပိုလုပ်နေကြတာလဲ.." " အပိုလုပ်တာမဟုတ်ပါဘူးမမလေး....ရှေဆက်မသွားဖို့ သူဌေးကအမိန့်ပေးလိုက်ပါတယ်...မမလေးကဆိုင်ကယ်စီးခွင့်မရှိတော့ပါဘူး...ကားနဲ့ကသစ်မြိုင်ကိုပြန်ရပါမယ် " " ဘာ...နင်ဘာပြောလိုက်တယ်...နင်ကများငါ့ကိုအမိန့်ပေးရဲတယ်ပေါ့လေ..နင်တို့နဲ့ ငါပြန်မလိုက်ဘူးဆိုရင်ဘာလုပ်မလဲပြောလေ...ပြောစမ်း...ဘယ်ကားနဲ့မှငါမလိုက်ဘူး...ငါ့ဆိုင်ကယ်နဲ့ပဲပြန်မယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ဆိုင်ကယ်ကို ပြန်ကွေ့ဖို့လုပ်လိုက်တယ်။ဒီအခါအောင်မောင်းတို့အုပ်စုထဲကဆိုင်ကယ်သုံးစီးက ရှေ့ကိုတက်လာပြီး ပန်းရီပ်ဖြူရဲ့ဆိုင်ကယ်ရှေ့မှာပိတ်ရပ်လိုက်တယ်။ " ပြောစကားနားမထောင်ဘဲ ရှေ့ဆက်သွားရင် ...ကျွန်တော်တို့ရတဲနည်းနဲ့တားရပါလိမ့်မယ်မမလေး " အောင်မောင်းကပြောပြောဆိုဆိုနဲ့ သူ့ဘေးနားကလူနှစ်ယောက်နဲ့အတူ သူမကိုဆိုင်ကယ်ပေါ်ကဆွဲချလိုက်တယ်။ပန်းရိပ်ဖြူအတင်းရုန်းကန်လိုက်ပြီး ကျောပိုးအိတ်နဲ့လွှဲရိုက်ပစ်လိုက်တယ်။ဒီအချိန်မှာပဲ သူတို့နားကိုဆိုင်ကယ်တစ်စီးရောက်လာခဲ့တယ်။ " ကိုအောင်မောင်း...ဘာတွေဖြစ်နေတာလဲ..ခဏလေးနေပါအုံးဗျာ...ဘာတွေဖြစ်နေကြတာလဲ " ဆိုင်ကယ်ပေါ်ကဆင်းလာသူက ဘုန်းသိင်္ခ ။သူကအောင်မောင်းကိုအော်ဟစ်တားလိုက်ရင်း ပန်းရိပ်ဖြူရဲ့ရှေ့ကပိတ်ရပ်လိုက်တယ်။ " ရှေ့ကဖယ်ပါ ကိုဘုန်းသိင်္ခ...မမလေးကနယ်ကျော်ပြီးသွားဖို့ပြင်နေလို့် ...သူဌေးကပြန်ခေါ်လာခဲ့ခိုင်းလို့်ပါ "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၂) akyiphyu ********* ပန်းရိပ်ဖြူ ဆိုင်ကယ်ကို ဖြည်းဖြည်းနဲ့မှန်မှန်မောင်းလာခဲ့ပြီးတော့ အပန်းဖြေစခန်းကို ဝင်လာခဲ့လိုက်တယ်။ ~~~~~~~~ အလုပ်သမားတွေအားလုံး ပျော်ပါးစားသောက်နေကြချိန်မှာ အလွမ်းဆွတ်တစ်ယောက်တည်း ပန်းခြံထောင့်မှာ လာထိုင်နေမိတယ်။သူမရဲ့ပျော်ပွဲရွှင်ပွဲကို ချစ်ရသူကို မဖိတ်နိုင်တဲ့အတွက်တော့ ရင်ထဲမှာနာကျင်နေမိသလို နာလဲနာကြည်းနေမိတယ်။ " အလွမ်း စိတ်မကောင်းဖြစ်နေတာလား " အသံနဲ့အတူအနားကို ရောက်လာတဲ့ ဘုန်းသိင်္ခကို အလွမ်းဆွတ်မော့ကြည့်လိုက်မိတယ်။ " မမလေးကလဲ ဘယ်လိုပြောရမလဲဗျာ ...သူ့စိတ်အခြေအနေက ဆိုးတယ်ပဲပြောရမလား...သနားစရာကောင်းတယ်ပဲပြောရမလားမသိတော့ပါဘူးဗျာ...သူ့စိတ်အခြေအနေအတက်အကျမြန်လွန်းတော့ ပြောရခက်သားလား " " ဟုတ်ပါတယ်ကိုဘုန်းရယ်...အလွမ်းလဲ ရုတ်တရက်ကြိးအရိုက်ခံလိုက်ရတော့ ရှက်ပြီးစိတ်တိုသွားခဲ့မိပေမဲ့ .....သေချာပြန်စဉ်းစားကြည့်တော့လဲ ...စိတ်မကောင်းပဲဖြစ်မိပါတော့တယ်...နောက်ကို သူ့ရှေ့မှာဆင်ခြင်ပြီးနေရတော့မှာပေါ့ရှင်...ကျေးဇူးရှင်အမေပန်းမြိုင်တို့မျက်နှာတွေကိုလဲထောက်ရအုံးမှာမဟုတ်လား " " အင်...ခက်တော့ခက်ခဲမှာပေါ့ဗျာ...ဖြစ်နိုင်ရင်တော့ အလွမ်းလဲအိမ်ထောင်ပြုပြီး .....ဝေးရာကိုထွက်သွားမှ ဒီဒုက္ခတွေကလွတ်မယ်ထင်တယ် " " အဲ့ဒီလိုထွက်သွားဖို့ကို အလွမ်းအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတာပေါ့ ကိုဘုန်းရယ်....ဒါပေမဲ့ အလွမ်းကငယ်ငယ်လေးကတည်းက....ကသစ်မြိုင်မှာကြီးပြင်းလာခဲ့ရတဲ့သူလေ...ကသစ်မြိုင်ကိုလဲ အလွမ်းကိုယ်တိုင်ကမခွဲမခွါနိုင်ဘူးဖြစ်နေမိတယ်ရှင် " " အလွမ်းရယ်...ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူးဗျာ " အလွမ်းဆွတ်ကပြောနေရင်းနဲ့မျက်ရည်ဝဲလာတာမို့ ဘုန်းသိင်္ခမှာ အလွမ်းဆွတ်ကိုနှစ်သိမ့်စကားပြောလိုက်တယ်။ "စိတ်မကောင်းမဖြစ်ပါနဲ့ အလွမ်းရယ်... ...စဉ်းစားကြည့်တော့လဲ မမလေးစိတ်မတည်မငြိမ်ဖြစ်မယ်ဆိုလဲဖြစ်လောက်ပါတယ်လေ....အသက်ဆယ်နှစ်တောင်မပြည့်သေးတဲ့ ကလေးတွေက ...ညအမှောင်ကြီးထဲမှာ လူဆိုးတွေကလက်ကနေအသ*က်လုပြီးထွက်ပြေးရတယ်ဆိုတာတွေးတောင်မတွေးရဲ့ဘူး...ကြောက်တတ်တဲ့သူဆိုရင် 6သွးပျက်သွားမှာပဲ...အလွမ်းကိုတော့တကယ်ချီးကျူးတယ်ဗျာ ...ရန်သူတွေလက်ကနေ ကိုယ်တစ်ယောက်တည်း လွတ်အောင်ပြေခဲ့တာမဟုတ်ဘဲ ...မောင်လေးကိုပါခေါ်ခဲ့တာဆိုတော့ မယုံနိုင်စရာပဲ ....မောင်လေးက အလွမ်းတို့ထက်နှစ်နှစ်ငယ်တယ်ဆိုတော့ သူကဘယ်လိုကောင်းကောင်းပြေးနိုင်မှာလဲ...အလွမ်း သူ့ကိုချီပြီးပြေးခဲ့တာလား .." " အဲ့ဒီအကြောင်းတွေကိုပြန်ပြောရင်း စိတ်မကောင်းဖြစ်ရပါတယ်ကိုဘုန်းရယ်...အလွမ်းကတော့ အလွမ်းရဲ့အသက်ကိုတောင်မငဲ့ဘဲ အထွန်းလေးကို ချီပြီးပြေးခဲ့တာပါ...မှောင်မှောင်မည်းမည်းဆိုတော့ အလွမ်းကို့ချော်လဲကြတာပေါ့ ...ကံကောင်းလို့်ပေါ့ ..စမ်းချောင်းတစ်လျှောက်ကနေပြေးတော့ ...ထိခိုက်ဒဏ်ရာတော့သိပ်မရပါဘူ....နောက်ဆုံး ပြေးရင်းနဲ့မောလွန်းလို့ လဲကျသွားခါနီးအထိ အထွန်းလေးမထိခိုက်အောင် အလွမ်းပဲအနာခံခဲ့တာပါ...ဒါပေမဲ့နောက်နေ့မနက်စောစောမှာ ..အလွမ်းတစ်ယောက်တည်းကိုရေတံခွန်ရွာစပ်နားမှာတွေ့တာတဲ့လေ ...အထွန်းလေးကို အလွမ်းကယ်ခဲ့ပါတယ်လို့ ဘယ်လိုပြောပြော...ဘွားကြေးဥကစိတ်ဆိုးမပြေဘူးလေ...အားလုံးက အဘွားနှင်းမြိုင်နဲ့အမေပန်းမြိုင်တို့ကြောင့်ဖြစ်တာဆိုပြီး ဘွားကြေးဥက... အလွမ်းကိုပါမုန်းနေတာလေ...ပန်းရိပ်ရန်ကုန်မှာဆေးရုံတက်နေရတဲ့နှစ်တွေအကြာကြီးမှာလဲ အလွမ်းကိုအသိအမှတ်မပြုခဲ့ဘူးလေ " " ဪ...အဲ့ဒီလိုလား ...ဘွားကြေးဥကတော်တော်မာနကြီးပြီးအတ္တကြီးတာပဲနော်...ဘာပဲဖြစ်ဖြစ်...အလွမ်းကတော့ စိတ်ဒဏ်ရာရောလူဒဏ်ရာပါမရခဲ့လို့်ကံကောင့်တာပေါ့...တစ်နေ့တော့ အလွမ်းရဲ့စိတ်ကို ဘွားကြေးဥလဲ နားလည်လာမှာပါ " ဘန်းသိင်္ခက အလွမ်းဆွတ်ကိုနှစ်သိမ့်ပေးရင်း အားပေးစကားပြောလိုက်တယ်။ ~~~~~~~~~~~~~~~ " တောက် " ခပ်လှမ်းလှမ်းကမြင်နေရတဲ့မြင်ကွင်းကို လှမ်းကြည့်လိုက်မိပြိး ပန်းရိပ်ဖြူတောက်တစ်ချက်ကိုခေါက်လိုက်မိပြီး အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။မဟုတ်နိုင်ပါဘူးလေလို့် တွေးထားခဲ့တဲ့ကြားက ခုလိုမျက်မြင်ကိုယ်တွေ့ပက်ပင်းမြင်လိုက်ရတော့ စိတ်ထဲမှာနာကြည်းသွားမိတယ်။ ~~~~~~~~~~~~~~~~~~ ဘုန်းသိင်္ခစားသောက်ပွဲကနေပြန်လာခဲ့ပြီး ကျောက်တောင်နားမှာရှိတဲ့သူ့ရဲ့ယာယီအလုပ်ခန်းဆီကိုပြန်လာခဲ့လိုက်တယ်။ကျောက်တောင်နား အရောက်မှာ ပန်းရိပ်ဖြူကို လှမ်းမြင်လိုက်ရတာမို့ ဘုန်းသိင်္ခအံ့ဩသွားမိတယ်။ " မမလေး ဘယ်တုန်းကရောက်နေတာလဲ...သက်သာရဲ့လား .. " ဘုန်းသိင်္ခဆိုင်ကယ်ကိုရပ်ရင်းမေးလိုက်တယ်။ပန်းရိပ်ဖြူက ဘာမှပြန်မဖြေဘဲ မျက်လုံးစိမ်းကြီးတွေနဲ့စိုက်ကြည့်နေတာမို့ ဘုန်းသိင်္ခခပ်တွေတွေစိုက်ကြည့်လိုက်မိပြီး ပန်းရိပ်ဖြူနားကိုလျှောက်သွားလိုက်တယ်။ဘုန်းသိင်္ခရဲ့ခြေလှမ်းတွေ ပန်းရိပ်ဖြူနားကို အရောက်မှာပဲ ပန်းရိပ်ဖြူဆီက မမျှော်လင့်ထားတဲ့အပြုအမူကိုတွေ့ရှိလိုက်ရတယ်။

J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035 ၃ဝ https://www.facebook.com/100067151540690/posts/725989312982780/

" ဟုတ်ကဲ့ပါ အမေ..သမီးမွေးနေ့ကျရင် ...အမေနဲ့အဖေက ဘာလက်ဆောင်ပေးမှာလဲဟင် " ပန်းရိပ်ဖြူက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။ "အင်း ... သမီးကို ဘယ်သူမှ မပေးနိုင်တဲ့ တန်ဖိုးကြီးလက်ဆောင်ကို ပေးမှာပေါ့....ပေးဖို့အတွက်လဲ အမေတို့ စီစဉ်နေကြပါပြီ " " ဝေး ..တကယ်လား ..ပျော်လိုက်တာ အမေရယ် ...အဘွားက ဘာပေးမလဲ မသိဘူးနော် ...ကိုစိုင်းကို မသိမသာ အစ်အောက်ကြည့်လိုက်တော့ အဘွားက ... သမီးအတွက်အမွေတစ်စုပေးမယ်လို့ထင်တယ်တဲ့ " " ဟုတ်လား ....အမေ့သမီး တော့ သူဌေးမကြီးဖြစ်ပြီပေါ့လေ " ဒေါ်ပန်းမြိုင်က သမီးဖြစ် သူကို သေချာစူးစိုက်ကြည့်ပြီး ကြည်နူးကျေနပ်စွာပြောလိုက်တယ်။ "ကဲ ...သမီး အိပ်ရေးမဝသေးရင် တရေးအိပ်လိုက်အုံးနော် ... အမေရွှေဆိုင်ဘက်သွားလိုက်အုံးမယ်... အပြန်မုန့်ဝယ်လာခဲ့မယ် " " ဟုတ်ကဲ့ အမေ " မိခင်ဖြစ်သူ အခန်းထဲက ထွက်သွားတာနဲ့ ပန်းရိပ်ဖြူ အိပ်ရာထဲလှဲချလိုက်ပြီး မျက်လုံးတွေကို မှိတ်ကာငြိမ်သက်နေလိုက်တယ်။လူကငြိမ်သက်နေခဲ့ပေမဲ့ နှလုံးသားတွေက ပေါက်ကွဲလုမတတ်ခုန်လှုပ်နေခဲ့တယ်။ ပန်းရိပ်ဖြူမျက်လုံးတွေကို မှိတ်ကာ မိနစ်အတော်ကြာငြိမ်သက်နေခဲ့ပြီးနောက် အိပ်နေရာ အသာထလိုက်ပြီး ဗီရိုနားကိုလျှောက်သွားလိုက်တယ်။ ဗီရိုကိုဖွင့်ပြီး အိတ်တွေကိုယူထုတ်လိုက်တယ်။ အိတ်တွေကိုတစ်လုံးပြီး တစ်လုံးဖွင့်ကြည့်လိုက်တော့ အိတ်ထဲမှာရွှေဆွဲကြိုးတစ်ကုံးနဲ့ဟန်းချိန်းတစ်ခုကိုတွေ့လိုက်ရတယ်။ရှိသမျှအိတ်တွေအားလုံးကို လှန်လောရှာဖွေကြည့်လိုက်တော့ ငွေစက္ကူအချို့ထွက်လာခဲ့တယ်။ငွေစက္ကူတွေကို အလောတကြီးနဲ့ရေတွက်လိုက်မိတယ်။ အားလုံးကိုရှာဖွေပြီးချိန်မှာတော့ သူမလက်ထဲမှာငွေသားသုံးသိန်းကျော်ရောက်ရှိလာခဲ့တယ်။အားလုံးကို အိတ်လေးတစ်လုံးထဲမှာစုပေါင်းထည့်ထားလိုက်ပြီးတော့ ဘောင်းဘီတစ်ထည်ရဲ့အိတ်ထဲမှာထည့်ထားလိုက်တယ်။လူကတုန်တုန်ယင်ယင်နဲ့လုပ်ကိုင်လို့ပြီးသွားတော့ အားလုံးကိုနေသားတကျ ထားခဲလိုက်ပြီးအခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~ " အဘွားကို ပြောစရာရှိလို့ " " ပြောလေ သမီးရဲ့ ...မနေ့ညက ဖျားသေးတယ်ဆို....အခု သက်သာပြီလား.....အဘွားကိုဘာပြောချင်လို့လဲပြောလေ " ဘွားကြေးဥက မြို့ထဲရုံးခန်းကိုမသွားခင် ပြင်ဆင်နေချိန်မှာပဲ ပန်းရိပ်ဖြူကဘွားကြေးဥရဲ့တိုက်ဘက်ကိုကူးလာခဲ့လိုက်တာ။ " ဟုတ်ကဲ့ ...သက်သာပါတယ်အဘွား...ဟိုလေ...သမီးကို မုန်ု့ဖိုးပေးပါအုံးအဘွားရယ်....သမီးလိုချင်တာတွေရှိလို့ပါ " " မြေးလေးက ဘာတွေများလိုချင်လို့လဲ...လိုချင်တာရှိရင်ဝယ်ပေါ့မြေးရဲ့...ငွေလိုရင် မောင်စိုင်းမြတ်ကို အဘွားလာရှင်းခိုင်းလိုက်ပါ့မယ် " ဘွားကြေးဥရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်ညစ်သွားရတယ်။ " ဟို..အဘွားကလဲ..သမီးကိုယ်တိုင်ပိုက်ဆံကိုင်သုံးချင်လို့်ပါ...မုန့်ဖိုးနည်းနည်းလောက်ပေးပါနော်..." " ငါ့မြေးကတော့လုပ်ပြီး ...ကဲပါ....ဘယ်လောက်ပေးရမလဲပြော " ဘွားကြေးဥရဲ့စကားကြောင့် ပန်းရိပ်ဖြူဝမ်းသာသွားမိပြီး လက်ချောင်းလေးတွေကို ထောင်ပြလိုက်တယ်။ "ဪ...သုံးသိန်းလားသမီး ...ပေးမှာပေါ့ " အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်ပျက်သွားမိပြီး ခေါင်းကိုအမြန်ခါယမ်းပြလိုက်ရင်း " သုံးသိန်းမဟုတ်ဘူးအဘွား...သိန်းသုံးဆယ်ပါ...သုံးသိန်းနဲ့ဘာမှသုံးလို့်မရဘူးလေအဘွားရဲ့ " ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘွားကြေးဥမှာ မျက်လုံးအစုံပြူးကျယ်သွားရပြီး " ဘယ်...ဘယ်လိုမြေးလေး..သိန်းသုံးဆယ်ဟုတ်လား...ဒီလောက်များတဲ့ငွေကိုဘာလုပ်မလို့လဲကွယ် ..." " ဟာ...အဘွားကလဲ...သိန်းသုံးဆယ်ကဘာများလို့်လဲ...ပစ္စည်းတွေဒီလောက်ဈေးကြီးနေတာအဘွားလဲသိနေတာပဲ...ဘာလဲမပေးချင်ဘူးလား " " မြေးလေးရယ်...အဘွားကမပေးချင်ဘဲနေမလား...တော်ကြာငါ့မြေးအမေက ......သူ့သမီးကို အကျင့်ဖျက်တယ်လို့် အဘွားကိုပြောအုံးမယ်...သိန်းသုံးဆယ်တောင် ဘာလုပ်မလို့ကွယ်...အဲ့ဒီလောက်မယူနဲ့နော် ..အဘွား(၅)သိန်းပေးလိုက်မယ်နော်သမီး " အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူမျက်နာလေးပျက်သွားမိပေမဲ့ ပေးသလောက်ကိုယူပြီး စံအိမ်ကြီးဆီကို ပြန်လာခဲ့လိုက်တယ်။ ~~~~~~~~~~ ပန်းရိပ်ဖြူဆိုင်ကယ်ကို မောင်းထွက်လာခဲ့ပြီး သိပ်မကြာခင်မှာဘဲ သူမနဲ့ ခပ်လှမ်းလှမ်းကနေ အောင်မောင်းရဲ့ ဆိုင်ကယ်လိုက်လာတာကို တွေ့လိုက်ရတယ်။ပန်းရိပ်ဖြူ အပြင်သွားရင် နောက်ခပ်လှမ်းလှမ်းကနေ စောင့်ရှောက်သူတစ်ယောက်လိုက်ပါလာတတ်တာက အခုမှတော့မဟုတ်ပါ။ဒါက ပန်းရိပ်ဖြူရယ်လို့ ကိုယ့်ကိုယ်ကို သိလာချိန်ကတည်းက ရှိခဲ့တဲ့ထုံးစံပဲလေ။ ဒီထုံးစံတွေကို ပျောက်သွားဖို့ဆိုရင် သူမတစ်ယောက်ယောက်နဲ့ အမြန်ဆုံးလက်ထပ်လိုက်တာပဲဖြစ်ဖြစ် သို့မဟုတ်လျှင် ပန်းရိပ်ဖြူဆိုတဲ့သူမပျောက်ကွယ်သွားတာပဲဖြစ်ဖြစ်ပေါ့။သူမမှာရွေးချယ်လမ်းရယ်လို့လဲ များများစားစားမရှိတော့ဘူးလေ။ ================================== အပိုင်း(၃၂)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/

အလွမ်းဆွတ်ရဲ့လေသံက အရင်နဲ့မတူဘဲ မာဆတ်ဆတ်ဖြစ်နေခဲ့တာမို့ စိုင်းမြတ်စိတ်လှုပ်ရှားကာ အလွမ်းဆွတ်ကို မရဲတရဲနဲ့လိုက်ကြည့်နေခဲ့မိတယ်။ " နန်းကြီးသုပ်ဟုတ်လား...နန်းကြီးသုပ်ကို ငါမကြိုက်တာနင်မသိဘူးလား...ငါ့အတွက်ဘာလုပ်ပေးထားလဲ " ပန်းရိပ်ဖြူက နှစ်ယောက်သားကို မသိမသာအကဲခတ်ရင်းနဲ့ လေသံမာမာနဲ့အလွမ်းဆွတ်ကိုပြောလိုက်တယ်။ " ဪ ....ဟုတ်သားပဲ ...နင်ကနန်းကြိးသုပ်မကြိုက်တာကို ငါမေ့သွားလို့်ပါ...အဖေဘိုကလဲနန်းကြီးသုပ်ကြိုက်တော့... ဒီနေ့တော့ နန်းကြိးသုပ်ပဲရှိတယ်...နင်မကြိုက်ရင် ...ထမင်းကြော်ခိုင်းလိုက်မယ်လေ...ထမင်းကြော်နဲ့စားဖို့ အကြော်စုံလဲရှိတယ် " အလွမ်းဆွတ်ရဲ့နှုတ်က ထွက်လာတဲ့စကားကြောင့် ပန်းရိပ်ဖြူဒေါသထောင်းခနဲထွက်သွားပြိး ထိုင်နေရာကဆတ်ခနဲထရပ်လိုက်တယ်။ ' ကိုစိုင်း ရုံးသွားရမှာမဟုတ်လား ...သွားတော့လေ...နေ့လ ယ်ကျမှ ...ပန်းရ်ပ်သက်သာရင် မြို့ထဲကိုထွက်လာခဲ့မယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ထမင်းစားခန်းဆီကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~ " အမေ ...အမေ " ပန်းရိပ်ဖြူရဲ့အော်ခေါ်သံစူးစူးကြောင့် ထမင်းစားခန်းထဲမှာရှိနေကြတဲ့သူတွေအားလုံး အခန်းဝဆီကို မျက်လုံးအကြည့်တွေရောက်သွားခဲ့ကြတယ်။ " အမေ့တူမ စကားပြောတာအချိုးမပြေဘူးနော်အမေ..နန်းကြီးသုပ်ကိုသမီးမကြိုက်ဘူးလို့်ပြောတာကို ...အကြော်စုံးရှိတယ်တဲ့လေ...သူကဘာအချိုုးချိုးတာလဲ " ပန်းရိပ်ဖြူအော်ကြီးဟစ်ကျယ်နဲ့ပြောရင်းဝင်လာတော့ ဖခင်ဖြစ်သူဦးဘိုထွန်းက တစ်ချက်မော့ကြည့်လိုက်တယ်။ဒေါ်ပန်းမြိုင်က ထိုင်နေရာကထသွားခဲ့ပြိး သမီးဖြစ်သူကိုချော့မော့လိုက်တယ်။ " မဟုတ်ပါဘူးသမီးရယ်...သမီးမစားချင်ရင်...စားချင်တာကို မဇာယုတို့ကိုလုပ်ခိုင်းလေ...ဒါနဲ့သမိးသက်သာရဲ့လား...ဘယ်လိုနေသေးလဲ " " ဟုတ်ကဲ့ အမေ...သမီးသက်သာပါတယ်..ညတုန်းကတော့... သမီးကိုလှေကားပေါ်ကနေ လူတစ်ယောက်ကတွန်းချတယ်လို့် အိပ်မက်မက်သေးတယ်...လှေကာားပေါ်ကပြုတ်ကျသွားပြီး ပြန်နိုးလာတော့ ...အိပ်ရာထဲမှာဖြစ်နေတယ်လေ " " ဟုတ်လား...လမ်းထမလျှောက်လို့တော်သေးတာပေါ့သမီးရယ်....ဒီနေ့ အပန်းဖြေစခန်းကိုသွားမှာလားသမိး " " ဟင့်အင်း ..ဒီနေ့တော့ နားမယ်အမေ ...လူကအိပ်ရေးမဝသလိုဖြစ်နေလို့ပါ...သမီးအတွက်အဆာပြေစာကို ထမင်းပဲလုပ်ပေးတော့အမေ ..အဖေလဲ သမီးကိုမုန့်ဖိုးပေးပါအုံး " ပန်းရိပ်ဖြူက ဖခင်ကြီးနားကိုသွားရပ်ကာပြောလိုက်တယ်။ပြီးတော့ ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်မီတယ်။ဘုန်းသိင်္ခကလဲ မျက်လုံးစူးစူးတွေနဲ့ပြန်ကြည့်တာမို့ ပန်းရိပ်ဖြူအကြည့်ကိုလွှဲလိုက်ပြီး ထမင်းစားခန်းထဲကပြန်ထွက်လာခဲ့လိုက်တယ်။ထမင်းစားခန်းက ပြန်အထွက်မှာ အလွမ်းဆွတ်နဲ့မျက်နှာချင်းဆိုင်ဆုံလိုက်ရတယ်။နှစ်ယောက်သားဆုံခိုက်မှာ အလွမ်းဆွတ်ကမျက်နှာလေးကိုမဲ့ပြလိုက်တာမို့ ပန်းရိပ်ဖြူစိတ်ကိုတင်းလိုက်ကာ အလွမ်းဆွတ်ရဲ့ မျက်နှာကို လက်ဝါးနဲ့ရိုက်ချပစ်လိုက်တယ်။ " ဖြန်း " " အား " " ဟင် ..သမီးလွမ်း ... ပန်းရိပ် .. ဘယ်လိုလုပ်လိုက်တာလဲ ..ဘာလို့ လက်ပါရတာလဲ " ဒေါ်ပန်းမြိုင်က အထိတ်တလန့်နဲ့အော်လိုက်ရင်း ပန်းရိပ်ဖြူတို့နားကိုပြေးသွားလိုက်တယ်။ " သူက ..သမီးကိုရွှဲ့သလိုစောင်းသလိုပုံစံနဲ့ လာကြည့်နေလို့... အမြင်ကပ်လို့ ရိုက်ပစ်လိုက်တာလေ.. ကျန်တဲ့ အလုပ်သမားတွေအားလုံးလဲ ကြည့်ထားကြနော် ... ငါ့ကို မလေးမစားလာမလုပ်ကြနဲ့ ...အားလုံးကို မောင်းထုတ်ပစ်မှာ " " ပန်းရိပ်ဖြူ ..သမီးတော်လိုက်တော့ ...ဒီမှာ အဖေတို့ရှိနေတာကို သမီးဘယ်လိုဖြစ်နေတာလဲ ....အပေါ်ထပ်ကိုသွားတော့ ...အဖေ ဘာသံမှထပ်မကြားချင်ဘူးနော်... " ဖခင်ဖြစ်သူ ဦးဘိုထွန်းက မျက်နှာထားတင်းတင်းနဲ့ လှမ်း အော်လိုက်တော့မှ ပန်းရိပ်ဖြူလဲ နှုတ်ခမ်းကိုစူကာ ခြေကိုဆောင့်နင်းပြီး အပေါ်ထပ်ကို ပြန်တက်သွားခဲ့တယ်။အလွမ်းဆွတ်ကလဲ သူမမျက်နှာကို လက်ဖဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင်ငိုပြီး ပြေးထွက်သွားခဲ့တယ်။ " ဧည့်သည်တွေကို အားနာပါတယ် ...သမီးက နေမကောင်းတဲ့အချိန်ဆို အဲ့ဒီလိုပဲနည်းနည်းဆိုးတယ်...မောင်ဘုန်းသိင်္ခလဲ သမီးအကြောင်းကို အတော်အသင့်သိနေလောက်ပြီပေါ့ ... သမီးကို သည်းခံပေးပါကွာ " ဦးဘိုထွန်းက ဘုန်းသိင်္ခနဲ့ သန္တာအောင်ကို တောင်းပန်စကားပြောလိုက်ပြီး နေရာကထထွက်သွားခဲ့တယ်။ဒေါ်ပန်းမြိုင်ကလဲ စားလက်စမုန့်ပန်းကန်ကို ထားပစ်ခဲ့ပြီး အပေါ်ထပ်ကို အပြေးလေးလိုက်တက်သွားခဲ့တယ်။ထမင်းစားခန်းထဲမှာတော့ ဘုန်းသိင်္ခတို့နဲ့ အလုပ်သမားတွေသာ ကျန်နေခဲ့တော့တယ်။ ~~~~~ " သမီးလုပ်တာ မှားတယ်လို့ အမေပြောတာမဟုတ်ဘူး...ဒါပေမဲ့ ပါးစပ်နဲ့ပဲပြောရမယ်လေ သမီးရယ်... တခြားလူဆိုရင် ထားပါတော့ ...အလွမ်းက သမီးရဲ့ညီမဝမ်းကွဲလေကွယ်...သူမလိမ္မာရင် အမေဆုံးမပေးမှာပေါ့ " ဒေါ်ပန်းမြိုင်က သမီးဖြစ်သူကို ချော့မော့ပြောလိုက်တယ်။ " တော်ပါ အမေရယ် ...အမေ့ တူမအကြောင်းကို အမေမသိပါဘူး ....သူက အဘွားပြောသလိုပဲ ကုပ်ကမြင်းအမေရဲ့ " " အိုကွယ် ..သမီးစကားပြောတာတွေရိုင်းလိုက်တာ..တော်ပြီကွယ်...အမေတို့ ဒါကိုထပ်မပြောတော့ဘူး ..သမီးမွေးနေ့အတွက် ပြင်ဆင်ဖို့ပဲတွေးထားပါ "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၁) akyiphyu ********* နဖူးပြင်ကို ထိကိုင်စမ်းလိုက်တဲ့လက်တစ်ဖက်ရဲ့ အထိ တွေ့နဲ့အတူ သူမရဲ့မျက်နှာနားကိုတိုးကပ်လာတဲ့အသက်ရှူသံသဲ့သဲ့။မွှေးရနံ့သင်းပျံ့နေတဲ့ တစ်စုံတစ်ရာက သူမရဲ့နှာခေါင်းဝကို ထိကပ်လာခဲ့တယ်။အနည်းငယ်ကြာပြီးချိန်မှာတော့ လက်တစ်စုံကသူမရဲ့လက်မောင်းရင်းကို ခပ်ဖွဖွဆုပ်ကိုင်လာခဲ့ပြီး ညင်ညင်သာသာပွတ်သပ်ပေးနေပြန်တယ်။သူမအနားမှာ ဖြည်းညင်းစွာလှုပ်ရှားလုပ်ကိုင်နေတဲ့ လူတစ်ယောက်ရဲ့လှုပ်ရှားနေမှုကို ပန်းရိပ်ဖြူသိနေခဲ့ပေမဲ့ သူမတစ်ကိုယ်လုံးလှုပ်ရှားလို့မရဘဲဖြစ်နေကာ အိပ်မက်မက်နေသလိုမျိုးခံစားနေခဲ့ရတယ်။သူမရဲ့လက်မောင်းကို ညင်ညင်သာသာပွတ်သပ်ပေးနေတာကို စိတ်ကသိနေခဲ့တယ်။လက်မောင်းကို ခဏကြာပွတ်သပ်ပြီးတဲ့နောက်မှာ သူမရဲ့လက်ဖဝါးကို ခပ်တင်းတင်းဆုပ်ကိုင်ဆုပ်ညှစ်လိုက်တာကို ခံစားသိရှိလိုက်ရပြန်တယ်။ဒါဟာ အိပ်မက်မဟုတ်ဘူး။နိုးထမှဖြစ်မယ်လို့ ပန်းရိပ်ဖြူ ကိုယ့်ကိုယ်ကို သတိပေးနေတဲ့ကြားက အသိစိတ်က အားလုံးကို မေ့လျော့သွားရပြန်တယ်။ ~~~~~~~ " ပန်းတွေကလှလိုက်တာဗျာ ..." ဘုန်းသိင်္ခကပြောရင်းနဲ့ အလွမ်းဆွတ်နားကို လျှောက်သွားလိုက်ပြီး ပန်းတွေကိုမွှေးကြူလိုက်တယ်။ "ကိုဘုန်းရော ပန်းကြိုက်တာလား...မထင်ရဘူးနော် " အလွမ်းဆွတ်ရဲ့ အပြောကြောင့် ဘုန်းသိင်္ခရယ်မောလိုက်ပြီး " အလွမ်းရယ် ....ယောက်ျားတွေလဲ ပန်းကြိုက်ပါတယ်ဗျာ ...မိန်းကလေးတွေလို ခေါင်းမှာ မပန်တာပဲရှိတာပါ...ပန်းစိုက်တဲ့ ဥယျာဉ်မှူးအများစုက ယောက်ျားတွေပါဗျာ ..ဒါနဲ့ ...အလွမ်းကို ဒီနေ့ကြည့်ရတာ မျက်နှာလေးလန်းပြီး ပျော်နေသလိုပဲနော် ... ပျော်စရာကိစ္စရှိရင် မျှပါအုံးဗျာ " ဘုန်းသိင်္ခက ပြုံးစစနဲ့ ပြောလိုက်တော့ အလွမ်းဆွတ်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လိုက်ပြီး " ဟုတ်တယ် ကိုဘုန်းရဲ့ ...အလွမ်းမှာ ပျော်စရာကိစ္စရှိတယ်...အဲ့ဒါကြောင့်... ဒီနေ့ ...အပန်းဖြေစခန်းမှာ မုန့်ကျွေးမှာလေ " " ဟာ ..တကယ်လား ...ဒါနဲ့ ...ဒီနေ့က အလွမ်းရဲ့မွေးနေ့လား ..ဒါမှမဟုတ် ကောင်လေးက လက်ထပ်ခွင့်တောင်းလိုက်ပြီလား " " ဒါကတော့ ပြောလို့မရဘူးနော် .... လျှို့ဝှက်ချက်ပါရှင့် ... ဒီနေ့ မုန့်စားပွဲကိုသာ လာတက်ပါလို့ ဖိတ်ပါရစေရှင်....ဒီမနက်လဲ အသားများများနဲ့ နန်းကြီးသုပ်လေးပြင်ဆင်ပေးထားလို့ စားသွားလိုက်ပါအုံး ... ကော်ဖီလဲပြင်ဆင်ပေးထားပါတယ်ရှင် " " ဟား ...မိုက်ပြီပဲ ...ကျေးဇူးတင်စွာနဲ့ စားလိုက်ပါ့မယ်ဗျာ " ~~~~~~~ လူကဖျတ်ခနဲ့လန့်နိုးလာချိန်မှာ နေရောင်ကသူမအခန်းထဲကို ကျရောက်နေခဲ့ပြီ။အိပ်ရာထဲကအတင်းလူးလဲထလိုက်ပြီး လက်မောင်းကို ပန်းရိပ်ဖြူကြည့်လိုက်မိတယ်။ညကသူမကြုံခဲ့ရသမျှက အိပ်မက်လိုဖြစ်နေခဲ့ပြီး အိပ်ရာခုတင်ပေါ်မှာနိုးထလာခဲ့ရတဲ့အဖြစ်က ပထမဆုံးအကြိမ့်တော့ မဟုတ်တော့ပါဘူး။သို့ပေမဲ့ သူမလက်မောင်းကိုညင်သာစွာ ပွတ်သပ်ပေးခဲ့သူ။သူမရဲ့နဖူးပြင်လေးကို ညင်ညင်သာသာနဲ့ကိုင်တွယ်ခဲ့သူ။အားလုံးဟာအိပ်မက်တွေလိုပဲ သက်သေပြစရာမရှိခဲ့ပါဘူး။အတွေးပေါင်းများစွာနဲ့ခုတင်ပေါ်မှာ ထိုင်နေမိရာက လက်နှိပ်ဓါတ်မီးကိုလှမ်းယူကြည့်လိုက်မိတယ်။လက်နှိပ်ဓါတ်မီးကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်စစ်ဆေးကြည့်ရှုလိုက်မိရင်း ခပ်မဲ့မဲ့လေးပြုံးလိုက်မိပြီး ပြတင်းပေါက်နားကိုထသွားလိုက်တယ်။ " ဟင် " ပန်းခြံထဲကမြင်ကွင်းကြောင့် ပန်းရိပ်ဖြူရင်တွေတလှပ်လှပ်တုန်သွားကာ ခြေအစုံကိုနောက်ကို ကမန်းကတန်းပြန်ဆုတ်လိုက်မိတယ်။ပန်းခြံထဲမှာတော့ အပြုံးမျက်နှာတွေနဲ့စကားပြောနေကြတဲ့ ဘုန်းသိင်္ခနဲ့အလွမ်းဆွတ်။သူတို့တွေ သူမကိုမမြင်ကြပါဘူး။ပန်းရိပ်ဖြူ နှုတ်ခမ်းလေးကိုကိုက်ကာ ခပ်မဲ့မဲ့လေးပြုံးလိုက်မိပြန်တယ်။ ~~~~~~~~~~~~~~~~ " ပန်းရိပ် နေမကောင်းဘူးဆိုလို့် ...ကိုယ်လာကြည့်တာ ..သက်သာရဲ့လား " အောက်ထပ်ကို ပန်းရိပ်ဖြူဆင်းလာချိန်မှာ စိုင်းမြတ်ရောက်လာတာမို့ နှစ်ယောက်သားဧည့်ခန်းထဲမှာ စကားထိုင်ပြောဖြစ်ကြတယ်။ " ဟုတ်ကဲ့ ..သက်သာပါတယ် ကိုစိုင်း...ဒါပေမဲ့ အိပ်မက်ဆိုးတွေလဲမက်တော့... လူကအိပ်ရေးမဝသလိုဖြစ်နေပြီး အားမရှိဘူးဖြစ်နေတယ် " " ဟုတ်လား...တစ်ခုခုစားပြီး ပြန်အိပ်လိုက်မှထင်တယ်...ဒီနေ့ အပန်းဖြေစခန်းကိုသွားအုံးမှာလား ...နေလို့်မကေင်းရင် မသွားနဲ့လေကွာ..ကိုယ်လဲစိတ်မချဘူး " " ဟုတ်ကဲ့ ...အပန်းဖြေစခန်းကိုတော့ ...ဒီနေ့မသွားတော့ဘူးလားလို့် " ပန်းရိပ်ဖြူနဲ့စိုင်းမြတ်စကားပြောနေချိန်မှာပဲ ဧည့်ခန်းထဲကို အလွမ်းဆွတ်ဝင်လာတာကို နှစ်ယောက်သားတွေ့လိုက်ရတယ်။အလွမ်းဆွတ်ဝင်လာတော့ စိုင်းမြတ်မှာမျက်နှာပျက်သွားပေမဲ့ ပန်းရိပ်ဖြူကမျက်နှာထားတင်းတင်းနဲ့ အလွမ်းဆွတ်ကိုကြည့်လိုက်ပြီး မေးလိုက်တယ်။ " ငါတို့စကားပြောနေတယ်လေအလွမ်းဆွတ်...နင်ဘာကိစ္စရှိလို့လဲ " " ငါ့ကို အမေပန်းမြိုင်လွှတ်လိုက်တာ...အိမ်မှာနန်းကြိးသုပ်လုပ်စားကြတာမို့ ...ကိုစိုင်းမြတ်ကိုပါ လာစားဖို့ခေါ်ခိုင်းလိုက်တယ်...နင်လဲစားချင်ရင်လာစားလေ...."

တစ်ယောက်ယာက်ရဲ့ဆူပူကြိမ်းမောင်းသံကိုနားထဲမှာ တိုးသဲ့သဲ့ကြားလိုက်ရပြီးနောက် အားလုံးကိုသူမမေ့လျော့သွားတော့တယ်။ ================================== အပိုင်း(၃၁)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035

" ဇာယုရေ .. နင်တို့ ဆရာကို ဆရာဝန်ကြီးကိုခေါ်ခိုင်းလိုက်ပါအုံး ..... သမီးပန်းရိပ်ဖျားနေတယ်လို့ " " ဟုတ်ကဲ့ပါ မမကြီး " ဒေါ်ပန်းမြိုင်ရဲ့ စကားကြောင့် မဇာယုကအပြေးလေး ပြန်ထွက်သွားခဲ့တယ်။ ~~~~~~~~~ " သမီးဖျားနေတယ်မောင်ဘုန်းသိင်္ခရေ ...ကြည့်ရတာ ဒီနေ့ သမီးအလုပ်တွေ အများကြီးလုပ်လိုက်တယ်ထင်တယ် " " ဟုတ်ကဲ့ အန်တီပြိုင် ..မမလေးက မနက်ကတည်းကသိပ်မလန်းဘူးလို့ပြောတယ်...ပြီးတော့ ချောက်ဘက်သွားရင် ချော်လဲသွားခဲ့လို့ လန့်သွားတာ ထင်တယ် ...ကျွန်တော်က မမလေး တည်းခိုဆောင်ဘက်ကို ပြန်သွားတယ်ထင်ပြီး လွှတ်ထားလိုက်မိတာပါ " " အို ..ဟုတ်လားကွယ် ...သမီးက သူချော်လဲခဲ့တာကို မပြောပြဘူးလေ ...အင်း...နောက်နေ့ အပန်းဖြေစခန်း မလွှတ်မှာစိုးလို့ မပြောတာထင်ပါတယ်...သမီးကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းပါရစေ မောင်ဘုန်းသိင်္ခရယ် ..... သမီးက တစ်ခါတစ်ခါထဖောက်တတ်ပေမဲ့ ... ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပါဘူးကွယ် " " ဟုတ်ကဲ့ပါ အန်တီမြိုင် " " ကဲပါကွယ် ... ထမင်းအေးအေးဆေးဆေးစားပါမောင်ဘုန်းသိင်္ခရေ ..အန်တီမြိုင်သွားလိုက်အုံးမယ် " ဒေါ်ပန်းမြိုင် နှုတ်ဆက်ပြီး ထွက်သွားတော့ ဘုန်းသိင်္ခတစ်ယောက်သာ ထမင်းဝိုင်းမှာကျန်နေခဲ့တယ်။ညပိုင်း ထမင်းစားချိန်တော်တော်များကတော့ ဘုန်းသိင်္ခနောက်ကျမှ လာစားလေ့ရှိတာမို့ ထမင်းဝိုင်းမှာတစ်ယောက်တည်းဖြစ်နေတာများတယ်။ ~~~~~~~ ပန်းရိပ်ဖြူနေမကောင်းဘူးဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ အလွမ်းဆွတ်အတိုင်း မသိ ပျော်ရွှင်သွားမိတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တစ်ရက်နောက်ဆုက်သွားတာက ကံကြမ္မာက အလွမ်းဆွတ်ကို မျက်နှာသာပေးလိုက်တာပဲ မဟုတ်လား။ ဘာကြောင့်လဲဆိုတော့ သဘက်ခါဆိုရင် စိုင်းမြတ်နဲ့ အလွမ်းဆွတ်တရားရုံးမှာ နှစ်ဦးသဘောတူသွားလက်ထပ်ကြတော့မှာလေ။ ဒီလိုဆိုရင်ဖြင့် အလွမ်းဆွတ်ဆိုတဲ့ သူမက စိုင်းမြတ်ရဲ့ တရာဝင် မယားကြီးဖြစ်သွားပြီလေ။ဒါဆိုရင်ဖြင့် ကသစ်မြိုင်ရဲ့ အရှင်သခင်မအဖြစ် မော်ကြွားချင်နေတဲ့ ပန်းရိပ်ဖြူကို အလွမ်းဆွတ်အနိုင်ရရှိပြီးပဲပေါ့။အလွမ်းဆွတ်နဲ့ စိုင်းမြတ် တရားဝင်လက်ထပ်ပြီးသွားတဲ့အခါကျရင် အလွမ်းဆွတ်ဘက်က ရေငုံနှုတ်ပိတ်နေနေပြီးမှ ပန်းရိပ်ဖြူနဲ့ စိုင်းမြတ်ရဲ့မင်္ဂလာပွဲကို လက်ထပ်စာချုပ်ကိုကိုင်ပြီး ပွဲတက်ပစ်လိုက်မှာပေါ့။ပြီးတော့ မင်္ဂလာပွဲမှာတရားဝင် မယားကြီးအဖြစ် အရှက်ခွဲပစ်လိုက်ရုံပေါ့။အလွမ်းဆွတ် ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိပြီး အသံလေးထွက်ကာရယ်ပစ်လိုက်မိတယ်။ရယ်လို့ဝတော့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး စာလေးတစ်စောင်ပို့လိုက်တယ်။ " အစ်ကို ... အလွမ်းကို သစ္စာမဖောက်ပါနဲ့နော် " စာတိုလေးတစ်ကြောင်းကို ပို့လိုက်ပြီးတော့ အိပ်ရာပေါ် အလွမ်းဆွတ်လှဲအိပ်ချပစ်လိုက်တယ်။ ~~~~~~- ညနေပိုင်းက ဆရာဝန် ဆေးထိုးသွားတဲ့အရှိန်ကြောင့် ညဦးပိုင်းတစ်ညလုံး ပန်းရိပ်ဖြူအိပ်ပျော်သွားခဲ့တယ်။ပန်းရိပ်ဖြူဖျတ်ခနဲလန့်နိုးလာချိန်မှာ အခန်းထဲမှာ ညအိပ်မီးရောင်ပြာလဲ့လဲ့ကိုတွေ့ရှိလိုက်ရတယ်။ " ဒေါက်....ဒေါက် " ခပ်တိုးတိုးထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့် ပန်းရိပ်ဖြူ ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားရပြီး တံခါးဆီကို အထိတ်တလန့် လှမ်းကြည့်လိုက်မိတယ်။အိပ်ချင်းမူးတူးနဲ့ စားပွဲပေါ်ကနာရီကိုကြည့်လိုက်မိတော့ ညနှစ်နာရီကျော်။ " ဒေါက်,,,,ဒေါက် " တံခါးခေါက်သံက ထွက်ပေါ်လာပြန်တယ်။သူမလှဲနေရာကနေ အသံမထွက်အောင်ထလိုက်တယ်။ပြီးတော့ စားပွဲပေါ်မှာတင်ထာတဲ့လက်နှိပ်မီးကိုလှမ်းယူလိုက်ပြီး အိပ်ရာဘေးမှာထားတဲ့ တုတ်ကိုပါကောက်ယူလိုက်ကာ တံခါးဝဆီကိုလျှောက်သွားလိုက်တယ်။တံခါးကို အသံမမြည်အောင်ဖြည်ညင်းစွာဖွင့်လိုက်တော့ အခန်းပြင်စင်္ကြန်တစ်လျှာက်မှာရှင်းလင်းတိတ်ဆိတ်နေတာကိုတွေ့လိုက်ရတယ်၊။ဝါဖန့်ဖန့်မီးအလင်းရောင်အောက်မှာ ဘေးအခန်းတွေကို စောင်းငဲ့ကြည့်လိုက်ရင်း မိဘနှစ်ပါးရဲ့အခန်းဆီကို ပန်းရိပ်ဖြူမရဲတရဲလှမ်းကြည့်လိုက်မိတယ်။ " ရှပ်...ရှပ် " ဒီအချိန်မှာပဲ အိမ်ရှေ့လှေကားဘက်ဆီကိုသွားရာလမ်းဘက်က ခြေသံထွက်ခပ်သဲ့သဲ့ထွက်ပေါ်လာတာမို့ ပန်းရိပ်ဖြူလှေကားဘက်ဆီကို အမြန်လျှောက်သွားကြည့်လိုက်တယ်။လျှောက်သွားနေရင်းနဲ့ မျက်နှာမည်းနဲ့အမျိုးသမီးကြီးနဲ့တွေ့ပါစေဆိုလို့ စိတ်ထဲကနေဆုတောင်းနေမိ တယ်။ ပန်းရိပ်ဖြူစိတ်ထဲအခါခါဆုတောင်းမိရင်းနဲ့ လှေကားထိပ်နားကိုရောက်လာချိန်မှာပဲ စင်္ကြန်တောက်လျှောက်ကမီးတွေအားလုံး အမှောင်ကျသွားခဲ့တယ်။ရုတ်တရက်ကြီး မီးတွေမှောင်ကျသွားတာကိုကြည့်ပြီး ပန်းရိပ်ဖြူအခြေအနေကိုရိပ်စားမိလိုက်တာမို့ နေရာကလှည့်ထွက်ဖို့ပြင်လိုက်ပေမဲ့နောက်ကျသွားခဲ့လေပြီ။သူမနောက်ကျောဆီမှာ တစ်စုံတစ်ယောက်ရောက်နေတာကိုခံစားသိရှိလိုက်ရပြီးနောက် မကျောပြင်ကိုအရှိန်ပြင်းပြင်းနဲ့ဆောင့်တွန်းလိုက်တာကိုခံစားသိရှီလိုက်တယ်။သူမဘက်ကအသိနောက်ကျသွားပြီးမိူ့ ဖြစ်ချင်ရာဖြစ်ပါစေတော့လို့်စိတ်ကိုလျှော့ချလိုက်ချိန်မှာပဲ သူမရဲ့လက်တစ်ဖက်ကို ခပ်တင်းတင်းဆောင့်ဆွဲခံလိုက်ရပြီးနောက်မှာတော့ လက်မောင်းတစ်ဖက်မှာ စူးခနဲနာကျင်မှုတစ်ခုကိုခံစားလိုက်ရတယ်။တစ်ခုခုကိုခံစားသိရှိလိုက်ပြီးနောက်မှာတော့

ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူထိတ်လန်သွားမိပြီး ခေါင်းကိုအတင်းယမ်းခါလိုက်မိတယ်။၊ " မမလေးကိုတွန်းချတဲ့သူရှိတယ်ဆိုရင် ရအောင်စုံစမ်းဖော်ထုတ်ရမှာပေါ့ ...မမလေးရော အရင်တုန်းကအကြာင်းတွေကို နည်းနည်းလေးမှသတိမရဘူးလား ...စိတ်ကိုတင်းမထားနဲ့လေ " ဘုန်းသိင်္ခပြောတာကို ပန်းရိပ်ဖြူဘာမှပြန်မပြောဘဲ ငြိမ်သက်ကာနေမိတယ်။ဒိလိုနဲ့ပဲ သူမတို့အလုပ်လုပ်တဲ့နေရာကို ပြန်ရောက်လာခဲ့တယ်။ဘုန်းသိင်္ခက သူမကိုခုံမှာထိုင်စေလိုက်ပြီး ရေဘူးကိုယူလိုက်တယ်။ရေဘူးကိုဖွင့်ပြီးတော့ ကမ်းပေးလာချိန်မှာတော့ ပန်းရိပ်ဖြူမဝံ့မရဲနဲ့ယူလိုက်မိပြီး အငမ်းမရသောက်ချပစ်လိုက်တယ်။ " အရမ်းလန့်သွားတာလား...ဘာမှမဖြစ်တာကံကောင်းတယ်... မတော်လို့ တစ်ခုခုဖြစ်သွားရင် ...ကျွန်တော်ပါ မသင်္ကာမှုနဲ့ အချုပ်ထဲရောက်မယ်ထင်တယ် " " ကျွန်မ.....ကျွန်မနားချင်တယ် ...တည်းခိုဆောင်မှာသွားနားပြီး ပြန်လိုက်တော့မယ်နော် ...ဒီနေ့တော့ အလုပ်မလုပ်နိုင်လောက်တော့ဘူး " " ဘယ်လို... ကသစ်မြိုင်ကို ပြန်တော့မလို့လား...ဘယ်သူနဲ့ ပြန်မှာလဲ ..ဟိုလူလာကြိုမှာလား " " အင်း...သူလာကြိုမှာပါ....ရှင်က အလုပ်မပြီးသေးဘူးလေ.. အခုချိန်မှာတော့ ... အလုပ်သမားတွေထက်စာရင် ...သူကစိတ်ချရတယ်လေ...ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ လက်ထပ်ခွင့်ရမှ ...ကျွန်မရဲ့စည်းစိမ်တွေကို သူပိုင်ဆိုင်ခွင့်ရမှာလေ...အဲ့ဒါကြောင့် .....ကျွန်မကို သူအန္တရာယ်မပေးလောက်သေးဘူးထင်တယ်...သတ်ချင်ရင်လဲ ယူပြီးမှသ*တ်မှာပေါ့ " ပန်းရိပ်ဖြူ နှုတ်ခမ်းလေးကိုတွန့်ကွေးကာ ခပ်မဲ့မဲ့လေးပြုံးရင်း ပြောလိုက်မိတယ်။ ~~~~~~~~ "ကျေးဇူးပါနော် ....ကိုစိုင်း အလုပ်မပြီးသေးဘူးမဟုတ်လား ..ရုံးကိုပြန်သွားရအုံးမှာလား " " ဟုတ်တယ် ... ဒါပေမဲ့ ဒီညနေစောစောပြန်လာခဲ့မယ် ..ဘွား ကြေးဥနဲ့လဲ ပြောစရာရှိသေးတယ်လေ " " ဟုတ်ကဲ့ ..စောစောပြန်လာခဲ့ပါ ... ပန်းရိပ်တို့ကိစ္စကိုတော့ ...မနက်ဖြန်လောက် သေချာပြောကြမယ်လေ " နှစ်ယောက်သား စကားပြောပြီးတော့ စိုင်းမြတ်က မြို့ထဲရုံးကို ပြန်သွားခဲ့ပြီး ပန်းရိပ်ဖြူက စံအိမ်ကြီးထဲကို ဝင်လာခဲ့လိုက်တယ်။ ~~~~~~~ နေ့လယ်နှစ်နာရီကျော်ပဲရှိသေးတာဆိုတော့ အိမ်မှာမိဘနှစ်ပါးလုံး ပြန်မရောက်ကြသေးဘဲအလုပ်သမားတွေသာ ရှိနေခဲ့တယ်။ပန်းရိပ်ဖြူ အပေါ်ထပ်က မိမိအခန်းရှိရာကို ခပ်သုတ်သုတ်တက်လာခဲ့လိုက်တယ်။ အခန်းထဲရောက်တာနဲ့ခုတင်ပေါ်လဲချလိုက်မိပြီး ငြိမ်သက်တိတ်ဆိတ်နေမိတယ်။လူကငြိမ်သက်နေပေမဲ့ စိတ်အစဉ်က လှုပ်ရှားပြေးလွှားနေခဲ့တယ်။သစ်ရွက်ခြောက်တွေပေါ်ကနေ တလိမ့်လိမ့်နဲ့ပြုတ်ကျသွားခဲ့ချိန်မှာ နားထဲမှာကြားနေရတဲ့စကားသံတွေနဲ့မြင်နေရတဲ့မြင်ကွင်းတွေက အိပ်မက်တွေလား။တကယ်လားဆိုတာကို မကွဲပြားချင်။အားလုံးဟာ သူမမျက်စိရှေ့မှာဖြစ်ပျက်နေခဲ့သလို မြင်ယောင်နေမိတယ်။လူကလှဲအိပ်နေပေမဲ့ပန်းရိပ်ဖြူရင်ထဲပိတ်လှောင်မွန်းကျပ်လာတာမို့ လှဲနေရာကထထိုင်လိုက်ပြီး မျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့အုပ်ကာ အားပါးတရငိုချလိုက်မိတယ်။ငိုသံမထွက်အောင် ပါးစပ်ကိုလက်ဖဝါးနဲ့ဖိပိတ်ထားလိုက်တယ်။အတော်ကြာအောင် ငိုပြီးသွားတော့ ခုတင်ပေါ်ကထလိုက်ပြီး ပြတင်းပေါက်ဆီကို တရွေ့ရွေ့လျှောက်သွားလိုက်မိတယ်။ပြတင်းပေါက်ကနေ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ဘုန်းသိင်္ခရဲ့အခန်းကိုလှမ်းကြည့်လိုက်မိတော့ ပါးပြင်ပေါ်ကိုမျက်ရည်တွေအလိုလို စီးကျလာခဲ့မိပြန်တယ်။ ~~~~~~~~~~~~~~~~~ အလွမ်းဆွတ် အံလေးကိုမသိမသာကြိတ်ထားမိရင်း ကားကိုမောင်းလာခဲ့မိတယ်။အပြန်လမ်းမှာ သန္တာအောင်က ဘုန်းသိင်္ခရဲ့ကားနဲ့ပြန်လိုက်သွားတာမို့ အလွမ်းဆွတ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ်ပြန်လာခဲ့ရတာ။တစ်ယောက်တည်းဆိုတော့ ကားပေါ်မှာလွတ်လွတ်လပ်လပ်စိတ်တိုဒေါသထွက်လို့ရနေတယ်။အလွမ်းဆွတ်ကားမောင်းနေရင်းက မနက်တုန်းကပန်းရိပ်ဖြူပြောသွားတဲ့စကားတွေကို ကြားယောင်နေမိပြီး မျက်ရည်တွေဝဲလာခဲ့မိတယ်။တကယ်ဆိုအလွမ်းဆွတ်နဲ့စိုင်းမြတ်တို့ရဲ့အခြေအနေက ချစ်သူရည်းစားအဆင့်မဟုတ်တော့ဘဲ အိမ်ထောင်သည်တွေ အဆင့်ကိုရောက်ရှိနေကြပြီလေ။လက်မှတ်ထိုးထားပေးမယ်ဆိုတဲ့ ချစ်သူရဲ့စကားကိုယုံစားပြီး အလွမ်းဆွတ်စောင့်လာခဲ့တာလေ။အခုတော့ ပန်းရိပ်ဖြူဘက်ကမင်္ဂလာစကားတောင်ပြောဖို့ပြင်နေကြပြီတဲ့လေ။အလွမ်းဆွတ်ဘာလုပ်ရမှာလဲ။သူမနဲ့စိုင်းမြတ်အကြောင်းကို လူသိရှင်ကြားဖော်ထုတ်ရမှာလား။သို့မဟုတ်ပါက ပန်းရိပ်ဖြူကို ပြောပြလိုက်ရမှာလားလို့ ဝေခွဲမရနိုင်ဖြစ်နေမိတယ်။ ~~~~~~~~~ " နေမကောင်းဘူးလား သမီး ..ဒီနေ့အစောကြီး ပြန်ရောက်လာတာဆို " ဒေါ် ပန်းမြိုင်က မေးရင်းနဲ သမီးဖြစ်သူရဲ့နဖူးလေးကို ခပ်ဖွဖွစမ်းလိုက်တယ်။ " ဟယ် .. ကိုယ်တွေပူနေပါလား သမီး..အို ...ဒုက္ခပါပဲကွယ် ..နေမကောင်းလို့ ပြန်လာတာဆိုရင်လဲ အမေတို့ကိုပြောမှပေါ့ကွယ် ... " ဒေါ်ပန်းမြိုင် စိုးရိမ်တကြီးနဲ့ ပြောလိုက်ရင်း လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်တယ်။ဘဲလ်နှိပ်လိုက်ပြီး သိပ်မကြာခင်မှာဘဲ မဇာယုတစ်ယောက် အခန်းရှေ့ကိုရောက်ရှိလာခဲ့တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၀) akyiphyu ********* သူမရှိရာဆီကို တည့်တည့်ကြီးပြေးချလာတဲ့ လူကိုကြည့်ပြီး ပန်းရိပ်ဖြူအထိတ်တလန့်နဲ့ကမန်းကတန်းရှောင်တိမ်းလိုက်ပေမဲ့လဲ ပြေးလာသူရဲ့လက်အစုံက ပန်းရိပ်ဖြူကိုလျှိုချောက်ထဲကိုတွန်းထုတ်ပစ်လိုက်တယ်။ " အား " ကြောက်လန့်တကြားအော်ဟစ်လိုက်ရင်း လျှိုချောက်ထဲကို ပန်းရိပ်ဖြူနောက်ပြန်ပြုတ်ကျသွားခဲ့တယ်။ပြူးကျယ်နေတဲ့ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံက ကုန်းမြင့်ထိပ်ကို လှမ်းကြည့်နေမိတယ်။ဒီအခါချောက်ထိပ်ကနေ သူမကိုလှမ်းကြည့်နေတဲ့လူတစ်ယောက်ကိုတွေ့နေရတယ်။မသဲမကွဲမြင်နေရတဲ့ သူ့ရဲ့မျက်နှာပေါ်မှာပြုံးနေတဲ့ဂျိုကာမျက်နှာဖုံးကိုတပ်ဆင်ထားတာကို သတိထားလိုက်မိပြီးနောက်မှာတော့ လောကကြီးတစ်ခုလုံးမှောင်အတိကျသွားခဲ့တော့တယ်။၊ ~~~~~~~~ " အမယ်လေး " " ကယ်ကြပါအုံး...ကယ်ကြပါအုံး " " ကျေးဇူးကန်းတွေ " လူကသစ်ရွက်ခြောက်တွေပေါ်ကနေ တလိမ့်လိမ့်နဲ့လိမ့်ဆင်းကျလာခဲ့ရင်းနဲ့ နားထဲမှာ ကြောက်လန့်တကြားနဲ့အော်ဟစ်နေတဲ့အသံ‌တွေကြားယောင်နေခဲ့တယ်။" မလုပ်နဲ့...မလုပ်ပါနဲ့ " လို့ သူမအော်ဟစ်လိုက်ပေမဲ့ ဒဏ်ရာတွေနဲ့လဲကျသွားကြတဲ့သူတွေရယ်။သူမကိုထွက်ပြေးခိုင်းနေတဲ့သူတွေရယ်။တဟုန်းဟုန်းတောက်လောင်နေတဲ့မီးတွေကြားကနေ သူမအားတင်းကာ အတင်းပြေးထွက်လာခဲ့မိတယ်။သူမရဲ့ရှေ့က မြင်ကွင်းတစ်ခုလုံးကမှောင်မိုက်နေခဲ့တယ်။ပြေးနေရင်းနဲ့လဲကျတဲ့အခါ သူမ‌6သွးရူး6သွးတန်းနဲ့ပြန်ထပြေးခဲ့တယ်။ပြေးရလွန်းလို့ အသက်ပင်မရှူချင်လောက်အောင်မောပန်းနေခဲ့ပြီ။နောက်ဆုံးတစ်ကြိမ်လဲအကျမှာတော့ သူမပြန်ထဖို့စိတ်မကူးမိတော့ပါ။‌ေ*သလိုက‌ေ*သပါစေတော့လို့ စိတ်ထဲကဆုံးဖြတ်လိုက်ပြီး စိတ်ထဲတင်းထားသမျှတွေကို လွှတ်ချပစ်လိုက်တော့တယ်။ " မမလေး...မမလေး " ခေါ်သံနဲ့အတူ အေးစက်စက်လက်တွေက သူမရဲ့လက်တွေကိုလာရောက်ထိကိုင်လိုက်တာမို့ ပန်းရိပ်ဖြူသတိဝင်လာခဲ့မိပြိး မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ဒီအခါသူမကိုငုံ့ကြည့်နေတဲ့ ဘုန်းသိင်္ခကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူရင်တွေတလှပ်လှပ်တုန်ကာ အတင်းကုန်းရုန်းထလိုက်မိတယ်။ " အတင်းမထနဲ့လေ...ခေါင်းမူးနေမှာပေါ့...ကျွန်တော်က... မမလေး တည်းခိုဆောင်ဘက်ပြန်သွားတယ်ထင်တယ်...အတော်လေးကြာတဲ့အထိပြန်မလာတော့မှ ,,,,တည်းခိုဆောင်ဘက်ကိုဖုန်းဆက်ကြည့်တော့မလာဘူးဆိုလို့်လိုက်ရှာတာ...တော်သေးတာပေါ့ဗျာ...ချောက်ကသိပ်မနက်သလို...ဆင်ခြေလျောချောက်မို့ပေါ့.....သစ်ရွက်ခြောက်တွေကြောင့် လူတော့ဘာမှမဖြစ်ပါဘူး ..ဒါနဲ့ . ဘယ်လိုများပြုတ်ကျရတာလဲမမလေးရယ် " ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူမဖြေဘဲအားယူကာ ကုန်းထလိုက်တယ်။ " အ " ခြေထောက်တစ်ခုလုံးက ထုံကျင်ကိုက်ခဲကာနာကျင်နေတာမို့ ပန်းရိပ်ဖြူအထိတ်တလန့်နဲ့အော်လိုက်မိတယ် ။ " ဟာဗျာ...ဘာလို့အတင်းထရတာလဲ....မမလေးလမ်းလျှောက်နိုင်မှာမဟုတ်ဘူး....ကျွန်တော်တွဲသွားပါ့မယ် .." " ဟင့်အင်း...ရ...ရပါတယ်...ကျွန်မဘာသာလျှောက်မယ် " ပန်းရိပ်ဖြူငြင်းဆန်လိုက်ပြီးတော့ ကိုယ့်ဘာသာအတင်းကုန်းရုန်းပြီးပြန်ထလိုက်တယ်။ " ဟာ...ခင်ဗျားဘာဖြစ်နေတာလဲ....ခင်ဗျားပုံစံနဲ့သွားနေရင်..မနက်ဖြန်မိုးလင်းတဲ့အထိအပေါ်ပြန်ရောက်မှာမဟုတ်ဘူး " ဘုန်းသိင်္ခကပြောပြောဆိုဆိုနဲ့သူမရဲ့ချိုင်းအောက်ကနေ ဆွဲမလိုက်တာမို့် သူမတစ်ကိုယ်လုံးကြက်သီးတွေထသွားသလို ရင်တွေတဒိန်းဒိန်းဆောင့်ခုန်သွားခဲ့တယ်။လူကလဲခြေလက်တွေတဆတ်ဆတ်တုန်နေခဲ့ပြီး ဘုန်းသိင်္ခဆီကနေရုန်းထွက်ဖို့ကို အင်အားတွေကုန်ခန်းနေသလိုခံစားနေခဲ့ရတယ်။နောက်ဆုံးမှာတော့ ဘုန်းသိင်္ခကိုဖက်တွက်ပြီး လိုက်ပါခဲ့ရတယ်။ဘုန်းသိင်္ခက သူမရဲ့ကိုယ်လုံးလေးကို သန်မာလှတဲ့သူ့လက်တွေနဲ့ထိန်းပြီးပွေ့တွဲကာသွားနေခဲ့တယ်။ဘုန်းသိင်္ခသွားနေရာနောက်ကို သူမငြိမ်သက်တိတ်ဆိတ်ကာလိုက်ပါလာခဲ့မိတယ်။လူကငြိမ်သက်နေပေမဲ့ ရင်ထဲမှာတော့ နှလုံးသားတွေပေါက်ကွဲလုမတတ် တုန်လှုပ်နေခဲ့တယ်။ ဘုန်းသိင်္ခလမ်းကိုထိန်းလျှောက်နေရင်းမှ ပန်းရိပ်ဖြူကိုအသာငုံ့ကြည့်လိုက်မိတယ်။ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့ပုံက ထိတ်လန့်သွားတာကြောင့် ငြိမ်သက်နေတာမျိုးမဟုတ်တာကို ဘုန်းသိင်္ခအကဲခတ်လိုက်မိတယ်။မျက်လုံးအကြည့်တွေကိုလဲ မျက်လွှာချကာငြိမ်သက်နေပုံက အရင်ရက်တွေနဲ့မတူတာတော့ အသေအချာပါပင်။ချောက်ထဲကိုပြုတ်အကျမှာ သူမဘာဖြစ်သွားခဲ့တာလဲ။နာရီပိုင်းအတွင်းမှာ လူတစ်ယောက်ကဒီလောက်မြန်မြန်ကြီးပြောင်းလဲနိုင်စရာ မရှိဘူးမဟုတ်လား။သို့မဟုတ်ပါက သူမရဲ့ငယ်ဘဝကို ပြန်မှတ်မိသွားခဲ့တာလား။ " မမလေး ငြိမ်လှချည်လား.....ဘာလဲ...ချောက်ထဲပြုတ်ကျသွားတော့... အတိတ်ကိုပြန်သတိရသွားတာလား " " ရှင် ...မ...မသိပါဘူး...အတိတ်ဆိုတာ ဘာကိုပြောတာလဲ...ဟို..ကျွန်မရဲ့ငယ်ဘဝလား ...မ..မမှတ်မိပါဘူး..ကျွန်မကိုလူတစ်ယောက်ကတွန်းချလိုက်တယ်လို့ စိတ်ထဲထင်နေမိလို့်ပြန်တွေးကြည့်နေတာပါ " ပန်းရိပ်ဖြူအထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ဖြေလိုက်မိတယ်။ " ဘာပြောတယ်ဗျ...မမလေးကိုတစ်ယောက်ယောက်ကတွန်းချလိုက်တာပေါ့ ဟုတ်လား..ဒါဆိုရင် ...အဲ့ဒီလူရဲ့ပုံစံကို မမလေးမြင်လိုက်လား "

ဘုန်းသိင်္ခက ပြုံးစစနဲ့ပြောလိုက်ရင်း သူ့မျက်နှာက်ိုပန်းရိပ်ဖြူရဲ့မျက်နှာရှေ့ကိုတိုးကပ်လိုက်တယ်။ဘုန်းသိင်္ခရဲ့မျက်နှာကြောင့် ပန်းရ်ပ်ဖြူဲရင်တွေတလှပ်လှပ်တုန်ကာလန့်ဖျပ်သွားရတာမို့ ထိုင်နေရာအတင်းထရပ်လိုက်မိပြီး " သွားစမ်းပါ.....လာမစနဲ့နော်..ပြီးတော့ ရှင့်ကိုမပြုံးနဲ့လို့ပြောထားတယ်လေ...ဘာလို့်ပြုံးနေတာလဲ မုန်းလိုက်တာ " ပန်းရိပ်ဖြူပွစိပွစိပြောရင်း ဘုန်းသိင်္ခနဲ့ဝေးဝေးကိုလျှောက်လာခဲ့လိုက်တယ်။ ~~~~~~~ ဘုန်းသိင်္ခနဲ့ခပ်လှမ်းလှမ်းကိုလျှောက်လာခဲ့ရင်းနဲ့ မီးလောင်ကျွမ်းထားတဲ့ သစ်ငုတ်တိုကြီးတစ်ခုနားကိုရောက်လာတော့ ပန်းရိပ်ဖြူ ရပ်ပြီးငေးကြည့်နေမိတယ်။သစ်ငုတ်တိုကြီးကိုကြည့်ပြီး တစ်ယောက်ယောက်ကိုလွမ်းဆွတ်နေသလိုလိုခံစားလိုက်ရပြီး ရင်ထဲမှာမွန်းကျပ်လာမိတယ်။ဒါက တစ်ခုခုကိုအလေးအနက်စဉ်းစားမိရင် ဖြစ်နေကြခံစားချက်ကြီးတစ်ခုပါပဲ။ဒီလိုခံစားနေရတာတွေကြောင့်လဲ တော်ရုံကိစ္စဆိုရင် ပန်းရိပ်ဖြူမစဉ်းစားခဲ့ဘူးလေ။ တွေးကောင်းကောင်းငေးကောင်းကောင်းနဲ့ ပန်းရိပ်ဖြူလျှောက်လာခဲ့မိရင်း ပတ်ဝန်းကျင်ကိုသတိထားမိချိန်မျာတော့ လူကထူပူသွားမိတယ်။သူမလျှောက်လာခဲ့တာတောင်နံရံကိုကျော်ပြီး တောစပ်တစ်နေရာကိုရောက်ရှိနေခဲ့ပြီလေ။ရုတ်တရက်ကြောက်စိတ်တွေလဲဝင်လာခဲ့ပြီး နောက်ကိုလှည့်ကြည့်လိုက်မိတော့လဲ လူနဲ့တူတဲ့အရိပ်အယောင်လေးကိုတောင်မှမတွေ့ရဘူး။ဘုန်းသိင်္ခများလိုက်လာလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့နောက်ကိုမျှော်ကြည့်လိုက်ပေမဲ ဘာဆိုဘာမှမတွေ့ရတော့ စိတ်ထဲအားငယ်မိသလိုတောင်ဖြစ်သွားရတယ်။အနောက်ဘက်ကိုလှမ်းကြည့်လိုက်တော့ သစ်တောအုပ်။တောင်ဘက်ကိုလှမ်းကြည့်လိုက်တော့ အနည်းငယ်မက်စောက်ချင်တဲ့ချောက်ကမ်းပါးတစ်ခု။ချောက်ကမ်းပါးတစ်လျှောက်က သစ်ရွက်တွေနဲ့ပြည့်နေပြီး အောက်ခြေမှာတော့ စမ်းချောင်းငယ်လေးတစ်ခုကိုတွေ့မြင်နေရတယ်။လာခဲ့တဲ့လမ်းတစ်လျှောက်ကိုမျှော်ကြည့်လိုက်တော့ ရှင်းလင်းတိတ်ဆိတ်နေတဲ့ သစ်ရွက်ခြောက်တွေကြွေကျနေတဲ့လမ်းကျဉ်းလေးကိုတွေ့လိုက်ရတယ်။ဒီလမ်းကိုဖြတ်လျှောက်ခဲ့ပြီး သူမဒီနေရာကိုရောက်လာခဲ့တာတဲ့လား။သူမလမ်းလျှောက်လာခဲ့တာကို စိတ်ကသိပ်မမှတ်မိချင်။ဘုန်းသိင်္ခက်ိုရှက်ပြီး သူမဒီနေရာကိုလျှောက်လာခဲ့မိတာတဲ့လေ။ဒီလောက်ထိလျှောက်လာခဲ့မိတာကို ကိုယ်တိုင်လုံးဝသတိမထားမိခဲ့ပါ။သူမတကယ်ပဲ ရူးသွပ်နေတာလား။စိတ်ကစဉ်ကလျားရောဂါဖြစ်နေတာလားဆိုတာကို မဝေခွဲနိုင်တော့ပါ။နေရာမှာဆက်ပြီးရပ်နေချင်စိတ်မရှိတော့တာမို့ ပြန်လှည့်ဖို့ရန်ပြင်လိုက်တယ်။ဒီအချိန်မှာပဲ သူမရပ်နေရာကိုတစ်ဟုန်ထိုးပြေးချလာတဲ့လူတစ်ယောက်ကိုတွေ့လို‌က်တယ်။ ================================== အပိုင်း(၃၀)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆

" ဪ ..သူရောက်နေပြီလား ...ပန်းရိပ်က ပန်းရိပ်တို့မင်္ဂလာကိစ္စကိုဆွေးနွေးနေတာနဲ့ ကြာသွားတယ်လေ ... ကိုစိုင်းသွားရင်သွားတော့လေ ... အလုပ်ဝင်တာနောက်ကျနေအုံးမယ် ..ညကျရင် အဘွားတို့တိုက်မှာဆုံမယ်လေ ... ပန်းရိပ်လဲ အမေတို့ကိုခေါ်လာခဲ့မယ် ...အမေတို့က ပန်းရိပ်သဘောပါပဲ ကိုစိုင်းရဲ့ " အလွမ်းဆွတ်ကြားအောင် ပန်းရိပ်ဖြူပြောလိုက်ရင်း စိုင်းမြတ်ရဲ့လက်မောင်းလေးကို ဖက်တွယ်ကာ ကားဆီကို ပြန်လိုက်ပို့လိုက်တယ်။ '' သွားတော့နော် ကိုစိုင်း " စိုင်းမြတ်ရဲ့ကားလေးပန်းရိပ်ဖြူနားက ထွက်သွားတော့ ပန်းရိပ်ဖြူ တမင်ပဲရပ်ကြည့်နေလိုက်ပြီးမှ အလွမ်းဆွတ်ကို မသိမသာလှမ်းကြည့်လိုက်တယ်။ ဒီအခါ အလွမ်းဆွတ်ကလဲ လှမ်းကြည့်နေပြီးမှ သူ့ဆံပင်ရည်ရှည်တွေကို ရင်ဘတ်ရှေ့ကိုဆွဲယူလိုက်ပြီး ခေါင်းပေါ်မှာ စည်းနှောင်ထားတဲ့ လက်ကိုင်ပဝါလေးကို ဆွဲဖြည်လိုက်တယ်။ဒီလိုဖြည်လိုက်ချိန်မှာပဲ မတော်တဆလား၊တမင်ပစ်ချလိုက်တာပဲလားမသိ။လက်ကိုင်ပဝါလေးက ပန်းရိပ်ဖြူရဲ့ ခြေထောက်နားကို ပြုတ်ကျလာခဲ့တယ်။ဒီအခါ ပဝါပေါ်မှာ ချည်စနဲ့ ထိုးထားတဲ့ စိုင်းဆိုတဲ့ စာလုံးလေးကို ပန်းရိပ်ဖြူ တွေ့မြင်လိုက်ရတယ်။အလွမ်းဆွတ်က ချက်ချင်းလိုပဲ ပဝါလေးကိုပြန်ကောက်ပြီး အနားကနေထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူ ဘာမှမဖြစ်သလို ပြုံးရုံသာပြုံးနေလိုက်တယ်။ ~~~~~~~ " ဘယ်လိုဖြစ်ရတာလဲ မမလေး .. ညဘက်ဆေးတွေလဲ မသောက်ဘဲ အိပ်တာမဟုတ်လား ...အိပ်မက်လား ...တကယ်လားဆိုတာကို လုံးဝမခွဲနိုင်ဘူးလား " ဘုန်းသိင်္ခ မေးလိုက်တော့ ပန်းရိပ်ဖြူခေါင်းကို ခါယမ်းပြလိုက်တယ်။ "မမလေးရဲ့လက် ... ကျွန်တော့်ကိုခဏပြပါ " ဘုန်းသိင်္ခ ပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူရဲ့ လက်နှစ်ဖက်ကို ဆွဲယူကြည့်လိုက်တယ်။ "အို ..ရှင်... ဒါဘာလုပ်တာလဲ " " ခဏလေးပါဗျာ....ခင်ဗျားရဲ့လက်မှာ ဒဏ်ရာတွေဘာတွေများ ကျန်ခဲ့မလားလို့်ကြည့်မလို့်ပါ...ပန်းအိုးနဲ့တစ်ဖက်လူရဲ့ခေါင်းကိုရိုက်လိုက်တယ်မဟုတ်လား " " အင်း ' ပန်းရိပ်ဖြူက ခေါင်းငြိမ့်ပြလိုက်တယ်။ဘုန်းသိင်္ခက ပန်းရိပ်ဖြူရဲ့လက်ကို သေချာကိုင်တွယ်ကြည့်လိုက်ပြီး " လက်မှာစပ်ဖျဉ်းဖျဉ်းနဲ့ခံစားနေရတာတွေမရှိဘူးလား " " အင်း ...ဖြစ်တော့ဖြစ်မိသလိုပဲ...ဒါပေမဲ့ကျွန်မလက်မှာမနေ့ကလဲ ဒဏ်ရာရခဲ့သေးတယ်လေ ....အဲ့ဒါကြောင့်မခွဲခြားတတ်ဘူး " " ကောင်းရော...ဒါဆိုရင်တော့ မနက်ဖြန် ဆေးတွေစစ်ထားတာအဖြေသိရမှာကိုပဲစောင့်ရမှာပဲ ...ဒါနဲ့မင်းစိတ်ထဲမှာ ဘယ်သူ့ကိုတရားခံလို့်ထင်နေလို့်လဲ " ဘုန်းသိင်္ခက သိချင်စိတ်နဲ့မေးလိုက်တယ်။ " ထင်တာကိုပြောရရင်တော့ ...အလွမ်းဆွတ်နဲ့ မဇာယုပဲ...အပေါ်ထပ်မှာက ကျွန်မအခန်းရယ်...အမေတို့အခန်းရယ်...အလွမ်းဆွတ်အခန်းရယ်ပဲရှိတာလေ ...အမေတို့်အခန်းကနေလှမ်းကြည့်ရင် ကျွန်မအခန်းကိုမြင်ရတယ်ဆိုပေမဲ့...တကယ်တမ်းကဝေးတယ်....အမေတို့က တိုက်အရှေ့ဘက်ခြမ်းမှာရှိတာ...ကျွန်မအခန်းက တိုက်ရဲ့ခြေရင်းဘင်အဆောင်မှာလေ...အလွမ်းဆွတ်ရဲ့အခန်းက အနောက်ဘက်ဆောင်မှာရှိတာ...သူ့အခန်းနဲ့စတိုခန်းကလှေကားနဲ့လဲနီးတယ်...အိမ်ပေါ်ကိုသူစိမ်းတစ်ယောက် ခိုးဝင်မယ်ဆိုရင် ...အနောက်ဘက်လှေကားကအလွယ်ဆုံးပဲလေ " ပန်းရိပ်ဖြူတွေးတွေးဆဆနဲ့ပြောလိုက်တယ်။ " မမလေးတောင်အတော်လေးတွေးတတ်လာပြီးပဲ...ဒါပေမဲ့...ညတုန်းက အလွမ်းဆွတ်ကစိုင်းမြတ်ရဲ့အခန့်းမှာရောက်နေခဲ့တာ..သူတို့ပြောနေတာကိုကြားရသလောက်ကတော့ ....သူတို့နှစ်ယောက်မတရားရုံးမှာနှစ်ဦးသဘောတူလက်ထပ်ကြမှာတဲ့...အစတုန်းကဒီနေ့စီစဉ်ထားကြပုံရတယ်...အလုပ်မပြတ်သေးလို့ဆိူပြီး နောက်ရက်ရွေ့သွားကြတယ် " " ဘာ..တောက်...တကယ်ပဲလား....သူတို့အဲ့ဒီလိုစီစဉ်ထားကြတာပေါ့ဟုတ်လား ....လူယုတ်မာကောင်...ကျွန်မကိုလဲ လက်ထပ်ကြဖို့ပြောတယ်လေ...ညနေကျရင်အဘွားအိမ်မှာဆုံမယ်လို့ ကျွန်မပြောလိုက်တယ် ...ညနေကျရင်တော့တွေ့ကြပြီပေါ့လေ " ပန်းရိပ်ဖြူကြိမ်းဝါးပြောဆိုလိုက်ရင်းလက်သီးကိုတင်းတင်းဆုပ်လိုက်မိတယ်။ " မမလေး...စိတ်ထဲရှိတဲ့အတိုင်းလိုက်မလုပ်နဲ့နော်...မမလေးကိစ္စကလွယ်မယောင်နဲ့ခက်တယ်...ညကကိစ္စသာအိပ်မက်မဟုတ်ဘူးဆိုရင်...ရန်သူတမမလေးတို့အိမ်ပေါ်မှာလဲရှိတယ်....အပြင်ကလူလဲပါတယ်....ကိုယ့်ကိုယ်ကိုသတိလေးနဲ့နေပါ...ပြီးတော့ ဖြစ်နိုင်ရင်ပြတင်းပေါက်မှန်တွေကိုမပိတ်နဲ့လိုက်ကာစကိုလဲမပိတ်နဲ့ ...ပြတင်းပေါက်က သံဇကာတွေရှိတာပဲ လူမတတ်နိုင်ပါဘူး " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူမျက်နှာရေးရဲကာ ရှက်သွားမိပ်ြီး " အို...မပိတ်လို့်ရမလား...ရှင့်အခန်းကနေလှမ်းကြည့်ရင် ...ကျွန်မအခန်းကိုလှမ်းမြင်နေရတာလေ...ပိတ်ရမှာပေါ့ .." ပန်းရိပ်ဖြူရဲ့ခပ်စွာစွာအသံကြောင့် ဘုန်းသိင်္ခမျက်မှောင်ကြုတ်လိုက်မိပြီး " ဟော့ဗျာ...မမလေးအတွက်မမလေးအခန်းကို ကူပြီးစုံစမ်းပေးပါမယ်ဆိုမှတော့ .... မမလေးရဲ့အခန်းကိုကျွန်တော်ကြည့်နေမှရမှာပေါ့...ပြီးတော့ အတွင်းအထိမြင်ရတာလဲမဟုတ်ပါဘူး...ပြတင်းပေါက်နားကိုပဲမြင်ရတာပါ..ဘာလဲမမလေးက ...ကျွန်တော့်ကိုရှက်တာလား...ပြောတော့ ကျွန်တော့်ကို ဂရုကိုမစိုက်ဘူးဆို "

ကသစ်မြိုင်စံအိမ်ကြီးထဲမှာ ဘုန်းသိင်္ခနဲ့ သန္တာအောင်အပါအဝင် အားလုံးလူစုံတက်စုံ ရောက်ရှိနေခဲ့ကြတယ်။ "စောရီရေ ..မြေးလေးကို ကူရှာပေးလိုက်ပါအုံး ...စောရီကိုတော့ မြေးလေးကိုယ်တိုင်ရှာလိုက်ပေါ့ " ပန်းရိပ်ဖြူက အလုပ်သမားတစ်ယောက်ပြီး တစ်ယောက်ကို စေ့စေ့စပ်စပ်လိုက်ရှာကြည့်လိုက်ပေမဲ့ အားလုံးဒဏ်ရာအနာတရတွေ လုံးဝကိုမရှိကြဘူး။မယုံကြည်နိုင်စရာအခြေအနေအတွက် ပန်းရိပ်ဖြူ မကျေမနပ်နဲ့ဘဲ လက်ခံလိုက်ရတော့တယ်။အားလုံးကို စစ်ဆေးပြီးသွားတော့ ပန်းရိပ်ဖြူ မကျေမနပ်နဲ့ဘဲအပေါ်ထပ်ကို ပြန်တက်လာခဲ့လိုက်တယ်။ " အားလုံး စိတ်အနှောက်အယှက်ဖြစ်သွားရင် အန်တီမြိုင်ကပဲတောင်းပန်ပါတယ်ကွယ်...သမီးလေးပန်းရိပ်က ကျန်းမာရေးမကောင်းလို့ နားလည်ပေးကြပါနော်...အားလုံးအတွက် မနက်အဆာပြေစာ ပြင်ပေးလိုက်ပါအုံး သမီးလွမ်းရေ " ဒေါ်ပန်းမြိုင်က အလုပ်သမားတွေကို တောင်းပန်လိုက်တယ်။ ~~~~~~~~~~~~~~ " ပန်းရိပ်...ကိုယ်ဒီနေ့ ...ပန်းရိပ်ကို လိုက်ပို့မလို့်စောင့်နေတာ " ကားဂိုထောင်ရှေ့မှာ စိုင်းမြတ်ကိုတွေ့လိုက်ရတော့ ပန်းရိပ်ဖြူမျက်နှာလေးတင်းသွားမိတယ်။ပြီးတော့မှ သတိဝင်လာမိပြီး မျက်နှာကိုမနည်းပြန်လျှော့လိုက်ရတယ်။ " ကိုယ်လိုက်ပို့လို့ အဆင်ပြေတယ်မဟုတ်လား ပန်းရိပ် " စိုင်းမြတ်ကမေးလိုက်ရင်းကားတံခါးကိုဖွင့်ပေးလိုက်တယ်။ " ပြေပါတယ် ကိုစိုင်း....ဘာပြောစရာရှိလို့်လဲဟင် ...သွားမယ်လေ...တော်ကြာ ကိုစိုင်းရုံးသွားတာနောက်ကျနေအုံးမယ် " ပန်းရိပ်ဖြူကပြောပြောဆိုဆိုနဲ့ကားပေါ်ကို အရင်တက်ထိုင်လိုက်တယ်။ ~~~~~~~~~~~~~ "ပန်းရိပ် ညတုန်းကအိပ်မက်ဆိုးတွေ မက်လို့ဆို...ဘွားကြေးဉပြောလိုက်လို့ " " အင်း ..ဟုတ်တယ် ... အိပ်မက်ဆိုးမက်တာပဲနေမှာပေါ့ ....သက်သေမှမပြနိုင်တာ " ပန်းရိပ်ဖြူအေးစက်စက် အသံနဲ့ ပြန်ဖြေလိုက်မိတယ်။ " သက်သေဟုတ်လား ပန်းရိပ် ....ဒါဆို အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာလို့ ပန်းရိပ်ကပြောချင်တာလား ....." စိုင်းမြတ်တအံ့တသြနဲ့ မေးလိုက်တယ်။ " အင်း ...စိတ်က ထင်မိတာပါ....တကယ်မဟုတ်ဘူးနေမှာပေါ့ " "ပန်းရိပ်ရယ် အရမ်းပင်ပန်းလို့များဖြစ်တာလား...ကိုယ်တော့ ပန်းရိပ်ကို စိတ်ပူတယ်ကွာ ..ဖြစ်နိုင်ရင် ပန်းရိပ်ကို အနီးကပ်စောင့်ရှောက်ပေးချင်တယ်... ပန်းရိပ်နဲ့ အမြန်ဆုံးလက်ထပ်ချင်တယ် " စိုင်းမြတ်ရဲ့ စကားကြောင့် ပန်းရိပ်ဖြူစိတ်ထဲ ဒေါသထောင်းခနဲထွက်သွားမိပြီး စိုင်းမြတ်ရဲ့ပါးကို ရိုက်ပစ်လိုက်ချင်စိတ်တွေဖြစ်သွားမိတယ်။ယောင်ယမ်းကာ လက်ကိုရွယ်လိုက်မိပြီးမှ အတင်းပြန်ချုပ်တည်းထားလိုက်ရတယ်။ပြီးတော့မှ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားလိုက်ပြီး " ပန်းရိပ်ကတော့ သဘောတူပြီးသားပဲကိုစိုင်းရယ်...အမေတို့သဘောတူဖို့ပဲ အရေကြီးတာပါ ...ဒါနဲ့ ကိုစိုင်းကိုမေးချင်တာတစ်ခုရှိတယ် " " မေးလေ ပန်းရိပ် " "ဪ ..ဒီလိုပါ ...ကိုစိုင်းရဲ့ မိဘတွေကို ပန်းရိပ်မမြင်ဖူးလို့ လေ ... ပန်းရိပ်တို့ကိစ္စကို သဘောတူကြရဲ့လားလို့ " ပန်းရိပ်ဖြူရဲ့အမေးကြောင့် စိုင်းမြတ်ခေါင်းကို ငြိမ့်ပြလိုက်ပြီး " သဘောတူတာပေါ့ ပန်းရိပ်ရယ် ...ပန်းရိပ်တို့ဘက်က လက်ခံလိုက်ပြီဆိုတာနဲ့ ...ကိုယ့်မိဘတွေက လိုက်လာမှာပါ....ကိုယ်ကတော့ ကိုယ်တို့လက်ထပ်ဖို့ကိစ္စကို ...လောဖို့အတွက် ...ဘွားကြေးဥကို မနက်က ထပ်ပြောလိုက်တယ် " " ဪ ... ဟုတ်လား ...ဒါဆိုရင် ..ပန်းရိပ်လဲ ....အဖေနဲ့အမေ့ကို ထပ်ပြောလိုက်ပါ့မယ် ကိုစိုင်း " " ဟာ ...တကယ်လား ...ဝမ်းသာလိုက်တာပန်းရိပ်ရယ် " စိုင်းမြတ်က ဝမ်းသာပျော်ရွှင်စွာပြောလိုက်ပြီး ပန်းရိပ်ဖြူ ရဲ့ လက်ဖဝါးတစ်ဖက်ကို သူ့လက်နဲ့ အုပ်မိုးဆုပ်ကိုင်လိုက်တယ်။ပန်းရိပ်ဖြူ မရုန်းပါ။အလိုက်သင့် ငြိမ်သက်နေလိုက်ရင်း ကျန်တဲ့လက်တစ်ကနေ လက်သီးကို မသိမသာဆုပ်ထားလိုက်မိတယ်။သို့ပေမဲ့ အပြင်မှာတော့ပြုံးနေလိုက်ပြီး စိုင်းမြက်ရဲ့ ပခုံးပေါ်ကို ခေါင်းကို အသာမှေးတင်ထားလိုက်တယ်။ ~~~~~~~~. " ဆင်းအုံးလေ ကိုစိုင်းရဲ့ ...ပန်းရိပ်စိတ်ကြိုက်ပြင်ဆင်ထားတာတွေကို လိုက်ကြည့်ပါအုံး " ပန်းရိပ်ဖြူကားပေါ်က ဆင်းလိုက်ချိန်မှာပဲ တည်းခိုဆောင်ရှေ့မှာ မသန္တာနဲ့အတူ ရပ်နေတဲ့ အလွမ်းဆွတ်ကို တွေ့လိုက်ရတာမို့ စိုင်းမြတ်ကို ကားပေါ်ကအတင်းဆင်းခိုင်းလိုက်တယ်။စိုင်းမြတ်ကားပေါ်က ဆင်းလာတော့ စိုင်းမြတ်ရဲ့လက်မောင်းတစ်ဖက်ကို ပန်းရိပ်ဖြူဖက်တွယ်ပြီး အလွမ်းဆွတ်တို့ရပ်နေရာဆီကို လျှောက်သွားလိုက်တယ်။ " မသန္တာတို့ ရောက်နေပြီလား ..ဘုန်းသိင်္ခရော မရောက်သေးဘူးလားဟင် " " ဟုတ်ကဲ့ ကိုဘုန်းရောက်နေပြီလေ မပန်းရိပ် ....သူ့အလုပ်နေရာမှာရှိလိမ့်မယ် " သန္တာအောင်က တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၉) akyiphyu ********* " အား " အော်သံခပ်တိုးတိုးထွက်လာပြီးတော့ အခန်းကပြန်လည်တိတ်ဆိတ်သွားခဲ့တယ်။ ~~~~~~~~~~~~ " အား " မနက်ခင်းအရုဏ်ဦးရဲ့အလင်းရောင်ပေါ်ထွက်လာကာစအချိန်မှာပဲ ကသစ်မြိုင်စံအိမ်ကြီးထဲက အော်သံနက်ကြီးကြောင့် အလုပ်သမားတွေအပါအဝင် ဦးဘိုထွန်းတို့ဇနီးမောင်နှံပါ အထိတ်တလန့်နဲ့ အသံထွက်ပေါ်လာရာဆီကိုပြေးထွက်ခဲ့ကြတယ်။ အသံထွက်ပေါ်လာရာနေရာကတော့ ပန်းရိပ်ဖြူရဲ့အခန်းဆီကဖြစ်တာမို့ အားလုံးပန်းရိပ်ဖြူရဲ့အခန်းဆီကိုအပြေးရောက်သွားကြတယ်။ " သမီး....ပန်းရိပ်...ဘာ...ဘာဖြစ်တာလဲ " ဒေါ်ပန်းမြိုင်နဲ့ဦးဘိုထွန်းက ရှေ့ဆုံးကနေအခန်းထဲကိုဝင်ရောက်လာခဲ့ကြပြီး သမီးဖြစ်သူကိုစိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ ပန်းရိပ်ဖြူအခန်းထဲကိုလှည့်ပတ်ကြည့်လိုက်မိရင်း အရူးတစ်ယောက်လိုဖြစ်နေမိတယ်။ " လူ...လူသတ်သမားဘယ်ရောက်သွားလဲ အမေ...သူ...သူ...သမီးကိုသတ်ဖို့ကြိုးစားလို့ ....သူ့ခေါင်းကို ပန်းအိုနဲ့သမီးရို*က်ခွဲပစ်လိုက်တာ...သူဘယ်ရောက်သွားတာလဲ...ဘာတွေဖြစ်ကုန်တာလဲ " " သမီး...သမီးဘာတွေပြောနေတာလဲကွယ်..စိတ်ကိုထိန်းစမ်း...ကိုထွန်းအခန်းတံခါးပိတ်လိုက်ပါအုံး ..ကဲ..ကဲအလုပ်သမားတွေ....လုပ်စရာရှိတာသွားလုပ်ကြ " ဒေါ်ပန်းမြိုင်က အလုပ်သမားတွေကို သူ့နေရာသူပြန်ခိုင်းလိုက်တယ်။ဦးဘိုထွန်းက အခန်းတံခါးကိုပိတ်လိုက်ပြီး သမီးဖြစ်သူဆီကိုလျှောက်လာခဲ့တယ်။ " ဘယ်လိုဖြစ်ရတာလဲသမီး ...အဖေတို့ကိုသေချာပြောပါအုံး " ဖခင်ဖြစ်သူရဲ့အမေးစကားကြောင့် ပန်းရိပ်ဖြူကညကသူမကြုံခဲ့ရသမျှကို မိဘနှစ်ပါးကိုအစမှအဆုံးပြောပြလိုက်တယ်။ပန်းရိပ်ဖြူရဲ့စကားဆုံးတော့ ဦးဘိုထွန်းကသမီးဖြစ်သူရဲ့အခန်းထဲကိုသေချာလိုက်လံကြည့်ရှုလိုက်တယ်။ " အင်း...သမီးအခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ပုံစံတော့မရှိဘူး...ဒါနဲ့ သူခိုးရဲ့ခေါင်းကိုပန်အိုးနဲ့ရိုက်ခွဲပစ်လိုက်တယ်ဆို...ဘယ်နာကပန်းအိုးနဲ့ရိုက်လိုက်တာလဲ မှတ်မိလားသမီး " " ဟုတ်ကဲ့ မှတ်မိပါတယ်အဖေ...ဒီနားကပန်းအိုး...ဟင် " ပန်းရိပ်ဖြူဖခင်ကြီးကိုပြန်ဖြေလိုက်ရင်း စားပွဲပေါ်ကိုညွှန်ပြလိုက်တဲ့အခါမှာ စားပွဲပေါ်မှာအကောင်းတိုင်းရှိနေတဲ့ပန်းအိုးကိုမြင်လိုက်ရတာမို့ ပန်းရိပ်ဖြူုမှာ ပြောလက်စစကားပင်ရပ်တန့်သွားရပြီး ကြက်သေသေကာ ပန်းအိုးကိုကြောင်ကြည့်နေမိတယ်။ " အင်း...ဘယ်လိုလဲမြိုင်...မင်းဆရာဝန်ကတိုးတက်မှုမရှိတာလား...ဒါမှမဟုတ် သမီးလေးကိုအချိန်ဆွဲပြီးကုနေတာများလား...ကိုယ်တို့တော့ ဆရာဝန်ပြောင်းရမယ်ထင်တယ်မြိုင်...ကိုယ်တော့ သမီးကိုဒီတိုင်းကြည့်မနေနိုင်တော့ဘူး....ပြည်ပမှာသွားပြဖို့စိတ်ကူးမိတယ် " " ဒေါက်..ဒေါက်..." " မြေးလေး..ပန်းရိပ် ...မြေးလေး...ဘိုထွန်း...မင်းတို့အထဲမှာလား...တံခါးဖွင့်စမ်း " ဦးဘိုထွန်းပြောနေချိန်မှာပဲ တံခါးဝကနေ ခေါ်လိုက်တဲ့ဘွားကြေးဥရဲ့အသံကိုအားလုံးကြားလိုက်ကြရတယ်။မိခင်ကြီးရဲ့အသံကိုကြားလိုက်ရတာနဲ့ ဦးဘိုထွန်းက အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။ " ဘာ..ဘာတွေဖြစ်နေကြတာလဲ ဘိုထွန်း...မြေးလေးဘာဖြစ်လို့လဲ ....မင်းတို့်တိုက်ကအော်သံကြားတယ်တဲ့ " ဘွားကြေးဥကမေးလိုက်တော့ ဦးဘိုထွန်းက သူသိသမျှကိုမိခင်ကြီးကိုပြောပြလိုက်တယ်။ဖခင်ကြီးပြောနေတာတွေကိုနားထောင်နေပြီးတော့ ပန်းရိပ်ဖြူခေါင်းကို အတင်းခါယမ်းလိုက်မိတယ်။ " မ...မဟုတ်ဘူးအဖေ....မဟုတ်ဘူးအဘွား...သမီးတကယ်ကြုံခဲ့တာပါ...အိပ်မက်မဟုတ်ဘူး..တကယ်ဖြစ်ခဲ့တာ...ဒီအိမ်ထဲမှာ သမီးကိုသ*တ်ချင်နေတဲ့သူရှိတယ်အမေ " ပန်းရိပ်ဖြူက အဘွားဖြစ်သူနဲ့မိဘနှစ်ပါးကို ဇွတ်အတင်းရှင်းပြနေမိတယ်။ဒေါ်ပန်းမြိုင်ကတော့ သမီးဖြစ်သူပြောသမျှကို ပြိုင်မငြင်းတော့ဘဲ ခုတင်ပေါ်မှာငြိမ်သက်စွာထိုင်နေခဲ့တယ်။ဘွားကြေးဥက သားဖြစ်သူပြောသမျှကိုနားထောင်နေပြီးတော့မှ သက်ပြင်းကိုချလိုက်တယ်။ " ဘာပဲဖြစ်ဖြစ်..မြေးလေးစိတ်ကျေနပ်အောင် ...တစ်ခုခုတော့စီစဉ်ပေးပါအုံးသားရယ် " " ဟုတ်ကဲ့အမေ...အဲ့ဒါကိုကျွန်တော်လဲစဉ်းစားနေတာ...အလုပ်သမားတွေကိုလဲတာပဲဖြစ်ဖြစ် အသစ်လဲရင်ကောင်းမလားလို့်စဉ်းစားနေတာ....ပြီးတော့ စင်္ကြန်လမ်းမနဲ့သမီးရဲ့အခန်းထဲမှာ စောင့်ကြည့်ကင်မရာတပ်မလားလို့် ...မင်းရောဘယ်လိုသဘောရလဲမြိုင် " " ကျွန်မကတော့ သမီးရဲ့သဘောပါပဲ...သမီးကျေနပ်မှလုပ်ပါ " " အဲ့ဒါတော့ သမီးလက်မခံနိုင်ပါဘူးအဖေ...သမီးကိုစောင့်ကြည့်နေတာမျိုးကိုတော့ မကြိုက်ဘူး ....ပြီးတော့ ညတုန်းက ... တရားခံရဲ့ခေါင်းကို သမီးရိုက်လိုက်တယ်...တရားခံရဲ့ ခေါင်းမှာ ဒဏ်ရာရှိလိမ့်မယ် အဖေ...ကသစ်မြိုင်က အလုပ်သမားတွေအားလုံးကို စစ်ဆေးချင်တယ်..." ပန်းရိပ်ဖြူက ဖခင်ကြီးဆီမှာ ခွင့်တောင်းလိုက်တယ်။ " အဖေတို့ ခွင့်ပြုပါတယ် သမီးရယ် ...ငါ့သမီးစိတ်ရှင်းဖို့ က အဓိကပါ ..." "အေး ..အဲ့ဒါကောင်းတယ် ... အဘွားတိုက်က အလုပ်သမားတွေကိုပါ... ခေါ်လိုက်မယ် ဟုတ်ပြီလား .." ဘွားကြေးဥကလဲ မြေးဖြစ်သူကျေနပ်အောင် ဝင်ပြောလိုက်တယ်။ ~~~~~~~