863
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '260
در 3 کانالها
سپتامبر '260
در 0 کانالها
Get PRO
اوت '260
در 0 کانالها
Get PRO
ژوئیه '260
در 2 کانالها
Get PRO
ژوئن '260
در 1 کانالها
Get PRO
مه '260
در 4 کانالها
Get PRO
آوریل '260
در 3 کانالها
Get PRO
مارس '260
در 1 کانالها
Get PRO
فوریه '260
در 0 کانالها
Get PRO
ژانویه '26
+2
در 0 کانالها
Get PRO
دسامبر '25
+1
در 0 کانالها
Get PRO
نوامبر '25
+15
در 3 کانالها
Get PRO
اکتبر '25
+6
در 0 کانالها
Get PRO
سپتامبر '25
+3
در 0 کانالها
Get PRO
اوت '25
+33
در 5 کانالها
Get PRO
ژوئیه '25
+8
در 3 کانالها
Get PRO
ژوئن '25
+8
در 0 کانالها
Get PRO
مه '25
+53
در 3 کانالها
Get PRO
آوریل '25
+22
در 5 کانالها
Get PRO
مارس '25
+23
در 3 کانالها
Get PRO
فوریه '25
+62
در 2 کانالها
Get PRO
ژانویه '25
+89
در 5 کانالها
Get PRO
دسامبر '24
+39
در 6 کانالها
Get PRO
نوامبر '24
+41
در 2 کانالها
Get PRO
اکتبر '24
+29
در 2 کانالها
Get PRO
سپتامبر '24
+36
در 2 کانالها
Get PRO
اوت '24
+58
در 2 کانالها
Get PRO
ژوئیه '24
+14
در 2 کانالها
Get PRO
ژوئن '24
+18
در 2 کانالها
Get PRO
مه '24
+8
در 2 کانالها
Get PRO
آوریل '24
+7
در 2 کانالها
Get PRO
مارس '24
+25
در 2 کانالها
Get PRO
فوریه '24
+19
در 0 کانالها
Get PRO
ژانویه '24
+30
در 2 کانالها
Get PRO
دسامبر '23
+59
در 2 کانالها
Get PRO
نوامبر '23
+126
در 2 کانالها
Get PRO
اکتبر '23
+27
در 3 کانالها
Get PRO
سپتامبر '23
+54
در 0 کانالها
Get PRO
اوت '23
+39
در 0 کانالها
Get PRO
ژوئیه '23
+53
در 0 کانالها
Get PRO
ژوئن '23
+38
در 0 کانالها
Get PRO
مه '23
+35
در 0 کانالها
Get PRO
آوریل '23
+102
در 0 کانالها
Get PRO
مارس '23
+119
در 0 کانالها
Get PRO
فوریه '23
+21
در 0 کانالها
Get PRO
ژانویه '23
+340
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 15 اکتبر | 0 | |||
| 14 اکتبر | 0 |
پستهای کانال
| 2 | ၁၉၉၉ မှာတော့ ဦးနေဝင်းရဲ့ သားမက် နဲ့ မြေတစုရဲ့ အာဏာသိမ်းရန် ကြံစည်မှု ပေါ်ပေါက်သွားပြီး ဖမ်းဆီးထောင်ချခံခဲ့ရပါတယ် ။ ဦးနေဝင်း နဲ့ ဒေါ်ခင်စန္ဒာဝင်းတို့ကိုတော့ နေအိမ်အကျယ်ချုပ် ချထားခြင်းဖြင့် ဦးနေဝင်းရဲ့ သြဇာအာဏာ အငုတ်ကိုပါ ဆွဲနှုတ်လိုက်ပါတော့တယ် ။
(အေးနေဝင်းတို့ရဲ့ အာဏာသိမ်းကြံစည်မှု အတွက် တပ်မှူးတွေကို စည်းရုံးရာမှာ ယခု ကြံ့ခိုင်ရေး ဥက္ကဌ ဦးသန်းဌေးအား စည်းရုံးရာမှ ဦးသန်းဌေးက ဦးသန်းရွှေထံ သတင်းပို့လို့ ပေါ်ပေါက်ခဲ့ရတာပါ ။ အဲဒီ ရန်ငြိုးကြောင့် အေးနေဝင်းတို့က ယနေ့ထိ ဦးသန်းဌေးနဲ့ ကြံ့ခိုင်ရေးကို အခွင့်ရတိုင်း တိုက်ခိုက်ခဲ့တာပါပဲ)
ဒီနေရာမှာ စစ်အာဏာရှင် မိသားစုဝင်များရဲ့ စွက်ဖက်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်တတ်တာလည်း တင်ပြချင်ပါသေးတယ် ။ ဦးနေဝင်းရဲ့ သမီး ဒေါ်စန္ဒာဝင်းကြောင့် ဒုက္ခရောက်ခဲ့သူ နှစ်ယောက်ရှိပါတယ် (အခြား မသိနိုင်တာလည်း ရှိနိုင်ပါတယ်) ။
ပထမတဦးက မျက်မှန်ကြီးဦးတင်ဦး ပါပဲ ။ ထိုင်းမှာ ကော်ဇောနီခင်းပြီး ကြိုဆိုတာကို သူတိုင်ခဲ့လို့ ပြုတ်သွားတာပါ ။ အခြားအကြောင်းတွေ ရှိခဲ့ပေမယ့် ဖြုတ်ခံထိဖို့ လိုပါသေးတယ် ။
နောက်တဦးက ရဲချုပ်စံသိန်း ဖြစ်ပါတယ် ။ ဒေါ်စန္ဒာဝင်းက ရဲချုပ်စံသိန်း သမီးရဲ့ ကားကို ဝင်တိုက်မိပါတယ် ။ ရဲချုပ်စံသိန်း သမီးက ဒေါ်စန္ဒာဝင်းကို ဘယ်သူမှန်း မသိပဲ အဖေ့အရှိန် နဲ့ မောက်မာစွာ ဆက်ဆံပြီး ရဲ ခေါ် ဖြေရှင်းပါတယ် ။
ရဲတွေကလည်း ဒေါ်စန္ဒာဝင်းကို မသိပဲ ရဲချုပ်သမီးကိုပဲ ဖားယားပြီး ရဲစခန်းထဲ ခေါ်ရှင်းပါတယ် ။ ဒီတော့မှ ဒေါ်စန္ဒာဝင်းက ဦးနေဝင်းဆီ ဖုန်းဆက်ပြီး ပြည်ထဲရေးဝန်ကြီးကို ရဲ စခန်းလာရှင်းဖို့ ပြောလိုက်ပါတယ် ။
ပြည်ထဲရေးဝန်ကြီး မရောက်ခင်ပဲ ရဲချုပ်ဆီ ဖြုတ်တဲ့စာ အရင်ရောက်လာပါတယ် ။ ဒီတော့မှ သိသွားကြပြီး ရဲ ချုပ်သမီးက တောင်းပန်လွန်းလို့ ရဲချုပ်ကို သံတမန်အဖြစ် နိုင်ငံခြား ပို့ခဲ့ပါတယ် ။
ဒီဖြစ်စဥ်မျိုးတွေဟာ ဦးသန်းရွှေလက်ထက်မှာလည်း ဖြစ်ခဲ့တာပါပဲ ။ သား မယားတွေ ခရီးထွက်လာရင် ဆိုင်ရာတိုင်းမှူးများက သိန်းထောင်ချီ ဝယ်ပေးရတာမျိုး ဝတ်ကြီး ဝတ်ငယ် ပြုစုရတာမျိုးတွေကလည်း အတုမြင် အတတ်သင် ယခုတိုင် ဖြစ်နေဆဲလို့ ကြားသိရပါတယ် ။
ဦးနေဝင်း နဲ့ ဒေါ်စန္ဒာဝင်း တို့ကို အကျယ်ချုပ် ၊ သားမက် နဲ့ မြေး သုံးယောက်ကို အင်းစိန်ထောင် ၊ ဒေါ်စုကြည်ကို အကျယ်ချုပ်ထားပြီးနောက် ဦးသန်းရွှေဟာ နိုင်ငံတော်ကို သူ့စိတ်တိုင်းကျ တည်ဆောက်ပါတော့တယ် ။ | 122 |
| 3 | بدون متن... | 100 |
| 4 | 1976 မှာ ကျောင်းသား ဆန္ဒပြပွဲ ၊ KIA နဲ့ ဗကပ စစ်ရေးပူးပေါင်းမှု ၊ ဗိုလ်ချုပ်ကျော်ဇော တောခိုခြင်း ၊ အုန်းကျော်မြင့်တို့ရဲ့ အာဏာသိမ်းရန် ကြံစည်မှု အစရှိတဲ့ ပြဿနာကြီးတွေ တခုပြီး တခု ဆက်တိုက်ဖြေရှင်းနေရလို့ စိတ်ဂနာမငြိမ် ဖြစ်နေရပါတယ် ။
အိပ်မရတဲ့ညတွေ များလာတဲ့ အချိန်မှာ သူ့အိမ်နဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ ဟော်တယ်ကနေ ပျော်ရွှင်စွာ သီဆို ကခုန်နေသံတွေဟာ သူ့စိတ်ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့ရပါပြီ ။
အဲဒီလိုသည်းခံစိတ် ကုန်ခမ်းနေချိန်မှာ ဆင်ခြင်တုံတရား ကင်းလွတ်သွားပြီး ဆူညံနေတဲ့ ဟော်တယ်ဆီကို ဒေါသတကြီး သွားပါတယ် ။ အပေါက်ဝက ယာဥ်ထိမ်းရဲကို ပါးရိုက်တယ် ။ နိုင်ငံခြားသားကို လက်သီးနဲ့ထိုးတယ် ၊ စင်ပေါ်က တီးဝိုင်းပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးခဲ့တယ် ။
ဘယ်လိုဖြစ်ပါစေ နိုင်ငံခေါင်းဆောင် တယောက်အနေနဲ့ မပြုသင့်တာကို ပြုမိတဲ့အတွက် သမိုင်းမှတ်တမ်း အမဲစက်ကတော့ ဖျက်မရခဲ့ပါဘူး ။ အဲဒီ အဖြစ်ကြောင့် ဦးအောင်ခင်က သူတရားရနေတာ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချတာပါ ။ အမှန်တော့ လူတယောက်ရဲ့ စိတ်ကို ပြောင်းလဲဖို့ဆိုတာ အချိန်ကာလ ပိုင်းခြားမထားပါဘူး အသိတရား ပါးပါးလေး တချပ်သာ ပိုင်းခြားထားမှန်း ဦးအောင်ခင် မသိလို့သာ ဒီလို ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ် ။
ဦးနေဝင်း နဲ့ လီကွမ်ယူတို့ တွေ့ပြီး နောက်တလ အကြာ 1997 အောက်တိုဘာလကုန်မှာ ဦးခင်ညွှန့် နဲ့ အဖွဲ့ဟာ လီကွမ်ယူနဲ့ သွားရောက် တွေ့ဆုံကြပြန်ပါတယ် ။ အဲဒီ တွေ့ဆုံအပြီး မကြာခင်မှာပဲ ဝန်ကြီးများ အပြောင်းအလဲ ဖြစ်လာပြီး စီးပွားရေးဆိုင်ရာ မူဝါဒများပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြပါတယ် ။
ထူးခြားတဲ့ ဂယက်ရှေ့ပြေးအဖြစ် စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်ထွန်းက မဲ စဖောက်လိုက်ပါတယ် ။ ဗိုလ်ချုပ်ဇော်ထွန်းဆိုတာ ၁၉၉၀ UEC အဖွဲ့ဝင် ဦးစန်းမောင်ရဲ့ သားဖြစ်ပါတယ် ။ ဦးနေဝင်းမိသားစု နဲ့ အထူးရင်းနှီးတဲ့ သူဖြစ်ပြီး DSA 10 ရဲ့ best cadet ဖြစ်ပြီး လူမှန်အဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ် ။
ဖြစ်ပုံက နဝတ အစိုးရကနေ 1995 ကာလများမှာ အစိုးရရဲ့ စီးပွားရေး စီမံကိန်း နဲ့ မူဝါဒများ အောင်မြင်နေသည့်အတွက် GDP 8.7 % အထိ တိုးတက်လာနေကြောင်း ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံများကို ဖိတ်ခေါ်ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။
အဲလို ကြေငြာချက်အပေါ် သတင်းစာရှင်းလင်းပွဲ တခုမှာ ဗိုလ်ချုပ်ဇော်ထွန်းက အစိုးရ ထုတ်ပြန်ခဲ့သလို GDP 8.7% ထိ တိုးတက်တာ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ် ။ နိုင်ငံခြားရင်းမြှပ်နှံမှု အတွက် ဖိတ်ခေါ်ချက်ကို လက်နဲ့ရေး ခြေနဲ့ဖျက်ခဲ့လို့ အရေးယူခံခဲ့ရပါတယ် ။ တရားစွဲ ထောင်ချတဲ့အထိ ဖြစ်ခဲ့ရတဲ့ ဖြစ်စဥ်ပါပဲ ။
ဦးသန်းရွှေဟာ ဒီဖြစ်စဥ်အပြီးမှာပဲ နဝတ မှ နအဖ သို့ အမည်ပြောင်းပြီး လာဘ်စားမှုနဲ့ နာမည်ကြီးနေတဲ့ စီနီယာ ဗိုလ်ချုပ်ကြီးအများစုကို ဝန်ကြီးရာထူးကနေ ထုတ်ပယ်ပြီး နိုင်ငံတော်အကြံပေးအဖြစ် ခန့်အပ်ချောင်ထိုးလိုက်ပါတော့တယ် ။
၈၈ မှာ ဦးနေဝင်းရဲ့ လမ်းညွှန်မှုနဲ့ အာဏာသိမ်းခဲ့တဲ့ တပ်မတော်သည် 1996 နောက်ပိုင်းမှာ ဦးသန်းရွှေ တဦးထဲရဲ့ ထိမ်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိသွားခဲ့ရပါပြီ ။
အာဏာမရှိတော့တဲ့ ဦးနေဝင်းရဲ့ မိသားစုကတော့ ရန်ကုန်မြို့ နဝရတ်ဝေါ်တာ်လုပ်ငန်းစု ၊ တယ်လီဆက်သွယ်ရေးကုမ္ပဏီ SKY Link ၏ အစုရှယ်ယာများ ၊ ထိုင်းနိုင်ငံ Bumran grad ဆေးရုံကြီး စသည်တို့မှာ ဒေါ်လာ ၁၄၄ သန်း ခန့် ရင်းနှီးမြှပ်နှံထားပြီး ဖြစ်တယ်လို့ သတင်းထွက်ခဲ့ပါတယ် ။
ဦးသန်းရွှေဟာ အင်မတန်စိတ်ရှည်လက်ရှည် နဲ့ စေ့စပ်စွာ အကွက်ချ ကစားသူဖြစ်ပါတယ် ။ 1992 မှာ အာဏာစရလာတဲ့ ဦးသန်းရွှေဟာ 1994 မှာ ဦးနေဝင်း ရဲ့ နား ၊ မျက်စေ့ နဲ့ သွား ကျန်းမာရေးအတွက် စက်ာပူခရီးစဥ်ကို အခက်အခဲ မရှိ သွားခွင့်ပြုခဲ့ပါတယ် ။
1992 မှ 1996 အထိက အညဏာပါဝါ တည်ဆောက်ရင်းနဲ့ ဒေါ်စုကြည်ပြဿနာတွေကို သုံးသပ်ချိန်ဆ ဖြေရှင်းနေရခြင်း နဲ့ ဦးနေဝင်း သြဇာခံ စီနီယာဗိုလ်ချုပ်ကြီးတွေ ရှိနေလို့ ဖြစ်ပါတယ် ။
1997 မှာ စီနီယာဗိုလ်ချုပ်ကြီးများအား နဝတ မှ ဖယ်ထုတ်ခဲ့ပြီးနောက် ဦးနေဝင်းရဲ့ ကျောထောက်နောက်ခံ မလိုတော့ကြောင်း နဲ့ သူ့ရဲ့ကိုယ်ပိုင် အာဏာပါဝါ ပြသရန် အတွက် ဦးနေဝင်းရဲ့ စက်ာပူခရီးစဥ်ကို မီးနီပြ ကန့်သတ်လာခဲ့ပါတယ် ။
ခန့်မှန့်ကြည့်ရတာကတော့ ဒီကာလတွေမှာ ခြေလှမ်းမမှန်တော့တဲ့ ဦးနေဝင်းရဲ့ သားမက် ဦးအေးဇော်ဝင်း နဲ့ အေးနေဝင်းတို့ ညီအကို သုံးယောက်ရဲ့ သောင်းကျန်းနေမှုအပေါ် သံသယ ဝင်ခဲ့တာကြောင့်လည်း တချက်ပါ ပါလိမ့်မယ်
ကိုရွှေမျိုးဝင်း | 100 |
| 5 | بدون متن... | 87 |
| 6 | တကယ်တန်းကျတော့ ဆူဟာတိုလည်း ဆန္ဒပြမှုတွေနဲ့ ကြုံနေရပြီး အကြပ်တွေ့နေချိန်ဖြစ်ပါတယ် ။ ၃၁ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အချိန်အတွင်း နိုင်ငံရဲ့ စီးပွားရေး ၊ ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး နဲ့ နိုင်ငံတကာ သံတမန်ရေးတွေမှာ တိုးတက်ခဲ့ပေမယ့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံငွေတွေ အလွဲသုံးစားလုပ်တယ်ပြီး စွတ်စွဲခံနေရချိန်ပါပဲ ။
ဆူဟာတို နဲ့ ဦးနေဝင်းတို့ဟာ ဂျကာတာကနေ ရဟတ်ယာဉ်တွေနဲ့ Yogyakarta မြို့အနီးက. Kemusuk ဆိုတဲ့ ဆူဟာတိုရဲ့ မွေးဇာတိရွာလေးဆီ ထွက်ခဲ့ပါတယ် ။ ကလေးဘဝကတည်းက မိဘတွေ ကွဲကွာသွားလို့ အဖိုးနဲ့ ကြီးပြင်းခဲ့ရတဲ့ ဆူဟာတို အဖို့ အင်မတန် သံယောဇဉ်ကြီးရတဲ့ ရွာကလေးပါပဲ ။
ရွာလေးက မီးပုံပွဲမှာ ဂျာဗားရိုးရာ အင်္ကျီကြီး တဖားဖားနဲ့ ပျော်ရွှင်စွာ လက်တွဲ ကခုန်နေတဲ့ အဖိုးကြီး ၂ ယောက်ကတော့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နေကြပါတယ် ။ သုတို့အတွက် ၂ ယောက်တွေ့ဆုံ ပျော်ရွှင်မှုဟာ နောက်ဆုံးလို့ ထိုအချိန်ကတော့ ဘယ်သူမှ ထင်မှတ်ထားဟန် မရှိပါဘူး ။
ဦးနေဝင်း နဲ့ အဖွဲ့ဟာ အင်ဒိုမှာ ၃ ရက်ကြာ အပမ်းဖြေပြီးနောက် အပြန်မှာ စင်္ကာပူကို ဝင်ပြီး ဆေးစစ်ကြပါတယ် ။ စင်္ကာပူရောက်တော့ မိတ်ဆွေဟောင်း တရုတ်သံအမတ် ချန်ဘောင်လီက တွေ့ဆုံနုတ်ဆက်ပါတယ် ။
သူမက ဦးနေဝင်းကို နိုင်ငံရေးပြန်လုပ်မှာလား မေးတော့ နောက်ဆက်တွဲ ဒေါ်စုကြည်ရဲ့ အနာဂါတ်ကိုပါ တွဲဖက် မေးလာနိုင်တာကို တွက်ဆပြီး နိုင်ငံရေး မလုပ်တော့ဘူးလို့ ပိတ်ပြောခဲ့ပါတယ် ။
အဲဒီနောက် ဦးနေဝင်းကို လီကွမ်ယူက လာရောက်တွေ့ဆုံပြန်ပါတယ် ။ ဦးနေဝင်းက. လီကွမ်ယူကို ဝိပဿနာရှုမှတ်ခြင်းရဲ့ အကျိုးတွေကို ပြောပြပြီး သူလည်း ၁၉၈၉ ကတည်းက နိုင်ငံရေးထဲ ဝင်မပါတော့ပဲ ဝိပဿနာကို နေ့စဉ် နာရီအတန်ကြာ ငြိမ်သက်စွာ ရှုမှတ်ခဲ့သည်မှာ ယနေ့ ၁၉၉၇ အထိ ဖြစ်ကြောင်း ပြောခဲ့ပါတယ် ။
သူပြောတာကို လီကွမ်ယူက ဘာမှ မဝေဖန်ခဲ့ပေမယ့် အဲဒါ မဖြစ်နိုင်ကြောင်း ၊ အင်မတန် ဒေါသ ကြီးပြီး မာန်မာနခက်ထန်သူ ဖြစ်လို့ သူမယုံဘူးလို့ ဒေါက်တာအောင်ခင်က ဧရာဝတီ သတင်းစာကို ပြောခဲ့ပါတယ် ။ သူနမူနာ ပြောပြတဲ့ ဦးနေဝင်းဒေါသကြီးပုံတခုကတော့ ဦးနေဝင်း အိပ်မပျော်ခဲ့ရတဲ့ ၁၉၇၆ ခုနှစ်တုန်းက ပြဿနာက ဒီလိုပါ .....?
ကိုရွှေမျိုးဝင်း | 90 |
| 7 | بدون متن... | 88 |
| 8 | ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အစီအမံ နဲ့ ရှေ့က စီနီယာ တိုင်းမှူးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးကို ရောက်ခဲ့ရပါတယ် ။ ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ၄ နှစ်ခန့် နေလာပြီး သူ့ဩဇာအာဏာကို ခိုင်မာအောင် တည်ဆောက်ခဲ့ပါတယ် ။
၁၉၉၆ နှစ်ကုန်ခါနီးမှာတော့ ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ လွှမ်းမိုးမှု လောင်းရိပ်ကို စတင်ဖယ်ရှားစပြုလာပါတယ် ။ ဦးနေဝင်းရဲ့ ဩဇာကို ၁၀၀% တွန်းလှန်လိုက်ကြောင်းကိုတော့ ၁၉၉၇ မှာ ထင်ရှားစွာ ပြခဲ့ပါတယ် ။
၁၉၉၇ မှာ အင်ဒိုသမ္မတ. ဆူဟာတိုရဲ့ ပုဂ္ဂလိကဖိတ်ကြားချက် အရလည်းကောင်း ၊ စင်္ကာပူသို့ ဆေးစစ်ရန်အတွက်လည်းကောင်း ဦနေဝင်းတယောက် ပြည်ပခရီးထွက်ဖို့ ကိစ္စရှိလာပါတယ် ။
အဲဒီ ပြည်ပထွက်ခွင့်ကို ဦးသန်းရွှေ ခွင့်မပြုလို့ ၅ ကြိမ်အထိ တင်ပြခဲ့ပြီးမှ သွားခွင့်ပြုလိုက်ပါတယ် ။ ဒါဟာ နဂါးမှန်းသိအောင် အမောက်ထောင်ပြခြင်း ဖြစ်သလို ဦးနေဝင်းလည်း သူမွေးတဲ့မျောက်က သူ့ပြန်ခြောက်တာ ခံရတာပါပဲ ။
အင်ဒိုနီးရှားဟာ ဒတ်ချ် တို့ထံမှ လွတ်လပ်ပြီးနောက် ၁၉၄၉ မှာ မြန်မာနဲ့ သံအဆက်အသွယ် ရှိပေမယ့် နိုင်ငံရေး စီးပွားရေး အဆက်အဆံ မရှိခဲ့ပါဘူး ။ အင်ဒို၌ ၁၉၆၅ စက်တင်ဘာ လှုပ်ရှားမှု ( တပ်တွင်းက ကွန်မြူနစ်ပါတ်သပ်တဲ့ ဗိုလ်ချုပ်ကြီး ၆ ယောက်ကို သေဒဏ်ပေးခဲ့ပြီး ကွန်မြူနစ် ၅ သိန်း မှ တသန်း ကြား သတ်ပစ်ခဲ့တဲ့ ဖြိုခွဲမှု) အပြီး ၁၉၆၇ မှာ အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ် ။
အာဏာသိမ်းခေါင်းဆောင် ဆူဟာတိုရဲ့ Ideology များဟာ ဦးနေဝင်းနဲ့ တူနေပြီး သူတို့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုပုံစံကလည်း ထပ်တူကျနေလို့ အကိုကြီး ညီလေး ဆက်ဆံရေး စတင်လာပါတယ် ။
ဦးနေဝင်းက အသက် ၉ နှစ်ကြီးပြီး အာဏာသိမ်းသက်တမ်း ၅ နှစ်စောခဲ့တော့ အကိုကြီး ပေါ့ဗျာ ။ ဦးနေဝင်းက ပြည်သူပိုင်သိမ်းခဲ့ပေမယ့် ဆူဟာတိုက မသိမ်းပါဘူး ။ New Order လို့ခေါ်တဲ့ အစီအစဉ်အသစ်နဲ့ ရေနံလုပ်ငန်းကို ဖွံ့ဖြိုးဖို့ ကြိုးစားခဲ့ပါတယ် ။ (သမ္မတဟောင်း ဆူကာနို ရဲ့ လမ်းစဉ်ကို Old Order လို့ ခေါ်ပါတယ်)
၂၄-၁၀-၁၉၆၄ ကတည်းက ထူထောင်ခဲ့ Golkar ပါတီမှာ ဆူဟာတိုလည်း ပါတီဝင်ဖြစ်ခဲ့ပါတယ် ။ ဦးနေဝင်းရဲ့ လမ်းညွှန်မှုနဲ့ ဗိုလ်ချုပ်ခင်ညွှန့် ဦးဆောင်ပြီး နဝတ အဖွဲ့ဝင်တွေ Golkar ပါတီဥက္ကဌထံ ၁၉၉၃ မှာ အလည်လာကြပါတယ် ။
အဲဒီက ပြန်လာပြီး နဝတဟာ ကြံ့ခိုင်ရေး အသင်း ထူထောင်ခဲ့ပါတယ် ။ Golkar ပါတီရဲ့ ဆောင်ပုဒ် Golkar's voice is people's voice ဆိုတာလည်း နောင်တချိန် မြန်မာ့လွှတ်တော် ရဲ့ လွှတ်တော်အသံ ပြည်သူ့အသံဆိုပြီး ဖြစ်လာရပါတော့တယ် ။
ဆူဟာတို အာဏာသိမ်းပြီးနောက် လှို့ဝှက် ပုလိပ်အဖွဲ့များ ဖွဲ့ပြီးနောက် အာဏာခိုင်မာအောင် တည်ဆောက်ဖို့ ထောက်လှမ်းရေးကွန်ယက်ဖြန့်ပြီး အုပ်ချုပ်နေတဲ့ ဦးနေဝင်းက ဆူဟာတိုကို အကြံပေးခဲ့ပါတယ် ။ ထို့အတူ ဆူဟာတိုထံမှ ပညာယူရန် ဦးခင်ညွှန့်အား အင်ဒိုသို့ သွားစေခဲ့တဲ့ ဦးနေဝင်းကြောင့် ကြံ့ခိုင်ရေး အသင်း ပေါ်လာရတာလည်း အရှိတရားပါပဲ ။
အဲလိုနဲ့ ကိုယ်မွေးတဲ့မျောက် ပြန်အခြောက်ခံရတဲ့ ဦးနေဝင်းဟာ ဆူဟာတိုဆီ သွားခွင့်ရဖို့ ၅ ကြိမ်တိတိ ခက်ခဲစွာ ကြိုးပမ်းမှ မီးစိမ်းပြခဲ့ပါတယ် ။
၂၃-၉-၁၉၉၇ မှာ အင်ဒိုက အကြိုထောက်တဲ့ စင်းလုံးငှား အထူးလေယာဉ်ပေါ်ကို ဦးနေဝင်း ၊ ဒေါ်ခင်စန္ဒာဝင်း ၊ ဗိုလ်မှူးဘိုဘို ၊ ဗိုလ်ကြီးသိန်းလှိုင် နဲ့ ထောက်လှမ်းရေးတပ်ကြပ် တဦး အပါအဝင် လူ ၅ ဟာ တက်ရောက်ခဲ့ပြီး ဂျကာတာကို ထွက်ခွာခဲ့ကြပါတယ် ။
ညနေစောင်းမှာ ဂျကာတာလေဆိပ်ဆင်းတော့ အင်ဒို သမ္မတ ဆူဟာတို ကိုယ်တိုင် ဆင်းကြိုနေပြီး အာဏာလက်လွှတ် ငှက်တောက်ကျွတ်ဖြစ်နေရှာသူ ဦးနေဝင်းကို အကိုကြီး လို့ အားပါးတရခေါ်ပြီး ဖက်ကင်းတလှဲ အားပါးတရ ကြိုဆိုရှာပါတယ်။ | 97 |
| 9 | بدون متن... | 115 |
| 10 | ဖေဖေ ဘယ်သူက မြန်မာနိုင်ငံကို အုပ်ချုပ်နေတာလဲ ? ဒီမှာ ကော်ဇောနီခင်းပြီး ကြိုနေတာက ဖေဖေ မဟုတ်ဖူးနော် "
ဆိုတဲ့ ဖုန်းတကောလ်ဟာ ဦးနေဝင်းရဲ့ သည်းခံစောင့်ကြည့်နေတဲ့ စိတ်ကို အဆုံးသတ်စေခဲ့ပါတယ် ။
၁၉၈၃ မှာ ထောက်လှမ်းရေး တဖွဲ့လုံးကို ခြေလျှင်တပ်ပို့ပစ်ပြီး ခြေလျှင်တပ်ထဲက ထောက်လှမ်းရေး သင်တန်းဆင်းရဲဘော်တွေကို ထောက်လှမ်းရေးတပ်ထဲ လဲခှယ်ခဲ့ပါတယ် ။ မျက်မှန်ကြီးကိုလည်း ပါတီရံပုံငွေ အလွဲသုံးစားလုပ်မှု နဲ့ ထောင် ၅ နှစ် ချလိုက်ပါတော့တယ် ။
မျက်မှန်ကြီးဟာ သူဘာမှ မမှားခဲ့ကြောင်း ၊ ဦးနေဝင်းအပေါ် သစ္စာစောင့်သိခဲ့ကြောင်း အသနားခံစာ ရေးခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး ။ ၁၉၈၈. မှာ အင်းစိန်ထောင် ဆူလာတော့ သူ့တပည့်ကို လုံခြုံတဲ့နေရာကို ဦးနေဝင်းက ရွှေ့ပြောင်းစေခဲ့ပါတယ် ။
နေရာရွှေ့ဖို့ လာခေါ်တော့ မျက်မှန်ကြီးက ငါ့ကို သတ်ပစ်မှာလား လို့ မေးရှာပါတယ် ။ အခြားလုံခြုံတဲ့နေရာမှာ ကြာကြာမနေရပဲ အထွေထွေလွတ်ငြိမ်းသာခွင့်နဲ့ လွတ်သွားရပါတယ် ။ ၁၉၉၈ အထိ ရန်ကုန်မှာ နေသွားရပြီး ကွယ်လွန်ခဲ့ပါတယ် ။ သူ့နာရေးကို ဦးနေဝင်း တက်ရောက်ခဲ့ပြီး မိသားစုတွေကို စာနာမှု ပြသခဲ့ပါတယ် ။
ဦးနေဝင်းဟာ ဗိုလ်ကြီးသိန်းလှိုင်ကို ဦးနုထံက အာဏာသိမ်းဖို့ စီမံကြပုံကို ပြောပြခဲ့ပါတယ် ။
"ဟေ့ ဖိုးသိန်းလှိုင်ရေ ငါ အာဏာသိမ်းဖို့အတွက် စစ်တိုင်းမှူး( တောင်ပိုင်းတိုင်းမှူး ၊ မြောက်ပိုင်းတိုင်းမှူး နဲ့ တပ်မဟာမှူးတွေ) တွေကို တံခါးပိတ် အစည်းအဝေးလုပ်ပြီး စစ်တပ်က အာဏာသိမ်းဖို့ ချပြခဲ့ရတယ် ။ ငါတို့အာဏာသိမ်းမယ် အောင်မြင်ရင် တိုင်းပြည်ကို ငါတို့အုပ်ချုပ်ရမယ် ။ မအောင်မြင်ရင် သေဒဏ်အပေးခံရမယ် သဘောမတူတဲ့သူတွေ အခုကတည်းက မပါပဲ နေနိုင်တယ်လို့ ပြောခဲ့တယ်ကွ"
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
အဲဒီအခါ ဗိုလ်မှူးကြီးထွန်းကြည် တယောက်ပဲ မပါချင်ကြောင်း ဆန္ဒပြုပါသတဲ့ ။ အာဏာသိမ်းပြီး တလ အကြာမှာ ဗိုလ်မှူးကြီးထွန်းကြည်ကို တပ်မတော်ကနေ ထွက်ခွင့်ပြုခဲ့ကြောင်း ထပ်မံပြောကြားခဲ့ပါတယ် ။
လူအများအပြား သိမှီခဲ့တဲ့ ၈၈ အာဏာသိမ်းမှုကိုလည်း ဦးနေဝင်းကပဲ စီစဉ်ပေးခဲ့ရကြောင်း ဗိုလ်ကြီးသိန်းလှိုင်ပြန်ပြောတာကတော့ ကာချုပ် ဗိုလ်ချုပ်ကြီး စောမောင်ကို AD လမ်းရှိ နေအိမ်သို့ ခေါ်လိုက်ပြီး
"ကဲ တိုင်းပြည်ကတော့ အုပ်ချုပ်ရေး ပျက်ပြားပြီ ။ ဒီလိုဖြစ်လာရင် တို့တပ်ကပဲဝင်ထိမ်းရတော့မယ် ၊ မင်းတို့ အဖွဲ့ ဖွဲ့ကွာ ဗိုလ်စောမောင်"
"ကျနော်မလုပ်တတ်ဘူး"
"မင်းဘာမှ မပူနဲ့ ဥပဒေနဲ့အညီဖြစ်အောင် ဆရာမောင် (ဒေါက်တာမောင်မောင်) က စီစဉ်ပေးလိမ့်မယ် "
အဲလိုပြောပြီး အကယ်၍ စေတနာနဲ့လုပ်မှားကိုင်မှား ဖြစ်ခဲ့ပါက အရေးမယူကြောင်း အာမခံစာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် ။ ထိုစာချုပ်ကို လက်မှတ်ရေးထိုးပေးခဲ့တဲ့ ဖောင်တိန်အား ဦးနေဝင်းက
"ဟေ့ ဖိုးသိန်းလှိုင် ဒီသမိုင်းဝင်ဖောင်တိန်ကို သိမ်းထားစမ်း "
လို့ စေခိုင်းခဲ့ပါတယ် ။
အဲဒီနောက် နဝတဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲအပြီး လူသိထင်ရှား စကားပြော အမှားကြောင့် ထပ်မံအာဏာသိမ်းဖို့ ဦးနေဝင်း စီမံရပြန်ပါတယ် ။
"ဒီစောက်ရူးက တကယ်လုပ်မယ့်ကောင် သု့ကိုဆက်ထားလို့ မဖြစ်ဖူး ။ မင်းတို့အဖွဲ့ ထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ခွေးဘီလူး (ဦးသန်းရွှေ ) မင်း ဥက္ကဋ္ဌတက်လုပ်ကွာ"
အဲလိုနဲ့ သမိုင်းတကွေ့ ထပ်ကွေ့ရပြန်ပါတယ် ။ ဦးနေဝင်းဟာ အာဏာသိမ်းခဲ့သူပီပီ သူ့ထံက သူတပါး အာဏာပြန်သိမ်းမှာကိုလည်း ကြောက်ရွှံ့နေမှာ သေချာပါတယ်။
ထောက်လှမ်းရေး နဲ့ မိမိလူယုံ ဦးသန်းတင် ၊ လေတပ်ဦးစီးချုပ် ဦးစောဖြူတို့ ကောင်းမှုကြောင့် လုပ်ကြံမှုကနေ တကြိမ်လွတ်မြောက်ခဲ့ရလို့ မည်သူ့ကိုမျှ မယုံကြည်သည့် စိတ်ကျရောဂါ ဖြစ်ခဲ့ရပါတယ် ။
သေနတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားခဲ့တာ အဲဒီရောဂါရဲ့ လက္ခဏာပါပဲ ။
အဲဒီလို စိတ်ကျရောဂါခံစားနေရပြီး အထီးကျန်ဘဝကို ရောက်ခဲ့ရတဲ့ ရာထူးမဲ့ နေဝင်ချိန်ဘဝမှာ သူမြှောက်စားခဲ့တဲ့ ဦးသန်းရွှေက သု့အပေါ် ဘယ်လို တုန့်ပြန် ဆက်ဆံခဲ့သလဲ ဆိုတော့
ကိုရွှေမျိုးဝင်း | 115 |
| 11 | بدون متن... | 100 |
| 12 | ၁၉၈၁ မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်ဟာ ဂေါက်ရိုက်ရင်း နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ် ။ အဲဒါကို အကြောင်းပြုပြီးတော့ မျက်မှန်ကြီးက ဒီလိုကြံစည်ပါတယ် ။
အဲဒီလစ်လပ်သွာတဲ့ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူးရာထူးနေရာကို လက်ရှိကာချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကို ခန့်ထားပြီး ချောင်ထိုးထားမယ် ။ ကာချုပ်အသစ်အဖြစ် မွန်သွေးပါသူ ဗိုလ်ချုပ်တဦးဦးကို အစားထိုးမယ်လို့ ဂွင်ချပါတယ် ။
သူ့ရဲ့ အကြံကို ဦးနေဝင်းထံ တင်ပြပါတယ် ။ ဦးနေဝင်းဟာ အင်မတန်အရေးပါတဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို သူအလွန်ယုံကြည်တဲ့ ငယ်မွေးခြံပေါက် ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကိုပဲ ဆက်လက်တာဝန်ပေးဖို့ ဆုံးဖြတ်ပါတယ် ။
ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဟာ ဂျပန်တော်လှန်ရေး ကာလတလျှောက်လုံးမှာ အသက်ကလည်းငယ် လူကောင်ကလည်းသေးသေး လေးမို့ တပ်မှူးတွေက "ပုတု" ဆိုပြီး ချစ်စနိုးခေါ်ခဲ့တဲ့ သူဖြစ်ပါတယ် ။ သူ့သက်တမ်းအားလုံးမှာ တပ်မှူးတွေအနားမှာ နေရပြီး စစ်မြေပြင်မှာပဲ တောက်လျှောက်အမှုထမ်းခဲ့ရသူ လူကြီးများအပေါ် အထူးသစ္စာစောင့်သိတဲ့ ယုံကြည်ရသူဖြစ်ပါတယ် ။
ဦးနေဝင်းရဲ့ မသင်္ကာစိတ်ဟာ ဒီအကြံပေးခဲ့တဲ့ မျက်မှန်ကြီးအပေါ် စတင်ဖြစ်ပွားခဲ့ရပါပြီ ။ ဒီတော့ ဦးနေဝင်းဟာ မျက်မှန်ကြီးပေးတဲ့ အကြံကို ပြောင်းပြန်လုပ်ပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး နေရာကို မျက်မှန်ကြီးအား ထပ်မံပေးအပ်ခဲ့ပါတယ် ။
မျက်မှန်ကြီးဟာ ထောက်လှမ်းရေးညွှန်မှူး ၊ ပါတီဥက္ကဌ၏စစ်ဘက်လက်ထောက် နဲ့ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဆိုတဲ့ ရာထူး ၃ မျိုးကို ရရှိခဲ့ပါပြီ ။
တကယ်တန်းကျတော့ ဦးနေဝင်းဟာ မြင်းသမားပီပီ တာဝင် တာထွက် ခန့်မှန်းတွက်ချက်ရာမှာ ကျွမ်းကျင်လှပါတယ် ။ နိုင်ငံရေးအခင်းအကျင်းမှာ သူဖက်ကို အသာစီးရအောင် အကွက်ရွှေ့လိုက်တာကို နိုင်ငံရေး ဖျံကျတဲ့သူတွေတောင် နားမလည်နိုင်အောင် အကွက်စေ့လှပါတယ် ။
ထောက်လှမ်းရေးပညာ ကျွမ်းကျင်ပြီး သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နေတဲ့ မျက်မှန်ကြီးဟာ နိုင်ငံရေး အဆင်အကွက်တွေမှာတော့ ဦးနေဝင်းကို လိုက်မမှီခဲ့ပါဘူး ။ မျက်မှန်ကြီး ဘယ်သူတွေနဲ့ တွေ့နေပြီး ဘာတွေလုပ်နေတယ်ဆိုတာကို ဦးနေဝင်း သိနေခဲ့ပါတယ် ။
မျက်မှန်ကြီးရဲ့ စစ်ဘက်လက်ထောက် တာဝန်ဆိုတာ ကမ္ဘာ့သတင်း မြန်မာ့သတင်း နဲ့ စစ်ဖက်ထောက်လှမ်းရေး သတင်းတွေကို တည်းဖြတ်ပြီး နှုတ်နဲ့ တင်ပြရပါတယ် ။ ဖြစ်နိုင်ချေ အကျိုးဆက်များကို တွက်ချက်ပြီး ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံတွေ တင်ပြရပါတယ် ။ ဦးနေဝင်းရဲ့ လမ်းညွှန်ချက်တွေကို အရပ်ဖက် စစ်ဖက် ခေါင်းဆောင် အသီးသီးထံ ညွှန်ကြားရတဲ့ အလုပ်ကို ဆောင်ရွက်ရပါတယ် ။
အကြံကြီးတဲ့ မျက်မှန်ကြီးဟာ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ရံပုံငွေတွေကို အများအပြားသုံးစွဲပြီး သူ့ကိုယ်သူမွန်ခေါင်းဆောင် ခံယူလာပါတယ် ။ တပ်မတော်အတွင်းက ဗိုလ်မှူးချုပ်စိန်လွင်( ၈၈ မှာ ရန်ကုန်က သားသတ်သမားလို့ အခေါ်ခံရသူ) ကဲ့သို့သော မွန်စစ်ဗိုလ်တွေကို စည်းရုံးထားတယ် ။ ဦးနေဝင်း မရှိလျှင် စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ပါတီဥက္ကဌ ရာထူးယူရန် ကြံစည်တာပါ ။
ဒါပေမယ့် သူကံဆိုးတော့မယ် ကိစ္စတွေ ဖြစ်လာရပါတယ်
- ယဉ်ကျေးမှုဌာနရဲ့ ဖျော်ဖြေပွဲမှာ ရှေ့ဆုံးကကြည့်မယ့် ဦးနေဝင်း နဲ့ လူကြီးတွေကို ပစ်ခတ်ဖို့ ကြံစည်ခြင်း ခံရခြင်း
- ၁၉၈၁. မှာ ပြည်လမ်း အသံလွှင့်ရုံအား မန်းငွေအောင်မှ လောင်ချာနဲ့ ပစ်ခတ်ခဲ့ခြင်း
အစရှိတာတွေ ဖြစ်ခဲ့တာဟာ မျက်မှန်ကြီးရဲ့ ပေါ့ဆမှုကြောင့်လို့ ဦးနေဝင်းက ယူဆပါတယ် ။
ရန်ကုန်မြို့မှာ မျက်မှန်ကြီးရဲ့သား မင်္ဂလာဆောင်ပါတယ် ။ ဦးနေဝင်းကို အမှူးထားပြီး ဖိတ်ကြားခဲ့ပေမယ့် ဦးနေဝင်း မတက်ပဲ ငပလီကို ထွက်သွားပါတယ် ။ မျက်နှာမကောင်းတဲ့ မျက်မှန်ကြီးဟာ ဝီစကီပုလင်းဖွင့်ရင်း မိတ်ဆွေကို ရီကာမောကာ နဲ့
"အဖေကြီး မအားလို့ ဖြစ်မှာပါ"
လို့ ပြောခဲ့ပေမယ့် ဦးနေဝင်းရဲ့ ဒေါသစိတ်ကိုတော့ သူရိပ်မိနေပါပြီ ။
နောက်ဆုံးပြဿနာက ထိုင်းမှာ ဖြစ်ခဲ့ရတာပါ ။ မျက်မှန်ကြီး ဘန်ကောက်ကို အလည်သွားတော့ မြန်မာသံရုံးက ကော်ဇောနီခင်းပြီး ကြိုဆိုပါတယ် ။ ထိုင်းရောက်နေတဲ့ ဒေါ်ခင်စန္ဒာဝင်းက တွေ့သွားပြီး မျက်စေ့စပါးမွှေးစူးသွားကာ ဦးနေဝင်းဆီ ဖုန်းဆက်ပါတယ် ။
"ဖေဖေ ဘယ်သူက မြန်မာနိုင်ငံကို အုပ်ချုပ်နေတာလဲ ? ဒီမှာ ကော်ဇောနီခင်းပြီး ကြိုနေတာက ဖေဖေ မဟုတ်ဖူးနော် "
ဆိုတဲ့ ဖုန်းတကောလ်ဟာ ဦးနေဝင်းရဲ့ သည်းခံစောင့်ကြည့်နေတဲ့ စိတ်ကို အဆုံးသတ်စေခဲ့ပါတယ် ။
ကိုရွှေမျိုးဝင်း | 109 |
| 13 | بدون متن... | 82 |
| 14 | ဒီလို မအောင်မြင်တဲ့ အာဏာသိမ်းပွဲအပြီးမှာ တပ်မတော်ဆိုင်ရာ ထိပ်ပိုင်းရာထူးများ တိုးပေးရေး ကိစ္စတွေကို ဦးနေဝင်းကိုယ်တိုင် အတည်ပြုပေးပါတော့တယ် ။ သူအတည်ပြုပြီးမှ က က ထူး ရဲ့ m:sorder ထုတ်ပြန်ပေးရတဲ့ အခြေအနေ ရောက်ခဲ့ရပါတယ် ။
ဦးနေဝင်းဟာ ဗဟိုဦးစီးစနစ်ကို ဖောက်လှမ်းရေး အကာအရံ int-cover နဲ့ တည်ဆောက်ခဲ့ပြီး အတွင်းလူတွေကို စောင့်ကြည့်ထိမ်းချုပ်နည်းလမ်းနဲ့ အုပ်ချုပ်သွားခဲ့ပါတယ် ။ ဒီနည်းဟာ စတာလင်ရဲ့ နည်းပဲ ဖြစ်ပါတယ် ။
စတာလင်ဟာ ရုရှားပြည်တွင်းလုံခြုံရေးဌာနကြီးမှူး ဘယ်ရီးယား(Beria) ကို မြောက်စားပြီး ဒါးထက်စေခဲ့ပါတယ် ။ သူ့ရန်သူတွေကို ဘယ်ရီးယားအား ဖယ်ရှားစေပြီး အာဏာခိုင်အောင်လုပ်ခဲ့ပါတယ် ။ ၁၉၅၃ မှာ စတာလင်သေပ်တယ် ။
နောက်တက်လာတဲ့ နီကီတာခရုရှက်ကတော့ ၁၉၅၆ မှာ ဘယ်ရီးယားကို နိုင်ငံတော်သစ္စာဖောက်မှု ၊ လိင်အကြမ်းဖက်မှု ၃၅၇ မှုနဲ့ စွဲချက်တင်ပြီး သေဒဏ်ပေးခဲ့ပါတယ် ။ အာဏာခိုင်အောင် တည်ဆောက်ပေးခဲ့ရသူ ဘယ်ရီးယားရဲ့ ကံကြမ္မာအတိုင်းပဲ မျက်မှန်ကြီးလည်း ခံစားရမယ့် အလှည့် ရောက်လာပါပြီ ။
ဘယ်ရီယားဟာ သခင်ရင်း မရှိတော့လို့ ဒုက္ခရောက်ခဲ့တာ ဖြစ်ပေမယ့် မျက်မှန်ကြီးကတော့ သူ့ကို မြှောက်စားထားတဲ့ သခင်ရင်း ဦးနေဝင်းကိုယ်တိုင်က ပြန်ဆွဲချခဲ့တာ ပိုပြီးထူးဆန်းပါတယ် ။
၁၉၆၁ ကနေ ဦးနေဝင်း မြှောက်စားလို့ တောက်ကြွားခဲ့ရတဲ့ ဦးတင်ဦး(မျက်မှန်ကြီး)ဟာ ၁၉၈၁ မှာတော့ ကံဆိုးမှုတွေ အစပျိုး နိဒါန်းချီလာခဲ့ရပါပြီ ။ ကံဆိုးမှု နိဒါန်းပျိုးခဲ့ရတာကလည်း စိတ်ဝင်စားဖွယ်ပါပဲ ။ ဒီလို ဖြစ်ခဲ့တာဗျ ........?
ကိုရွှေမျိုးဝင်း#Crd | 84 |
| 15 | بدون متن... | 77 |
| 16 | ၁၉၇၆. ဟာ ဦးနေဝင်းအတွက် ကံမကောင်းတဲ့ နှစ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။
- ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းခဲ့ရတယ်
(စစ်ဦးစီးချုပ်က ယခု NLD နာယက ဦးတင်ဦး)
-KIA နဲ့ ဗကပ တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့
-ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောဟာ မိသားစုလိုက် တိတ်တဆိတ်ထွက်ခွာသွားပြီး တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သွား
-ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မအောင်မြင်သော အာဏာသိမ်းရန် ကြံစဉ်မှုဖြစ်ပွား
-ကာလကြာ လက်တွဲဖေါ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအား အနားပေးခဲ့ရ
အဲလို ဖြစ်စဉ်တွေအတွက် ဦးနေဝင်း အိပ်မပျော်တဲ့ နှစ်လို့ တင်စားကြပါတယ် ။
ကာချုပ်ဟောင်း ဦးတင်ဦး အကြောင်းကတော့ ပဲခူးရိုးမမှာ ဗပကတွေကို အမြစ်ဖြတ်ဖို့ ဖြတ်လေးဖြတ် မဟာဗျူဟာ သုံးပြီး ချေမှုံးနိုင်ခဲ့သူအဖြစ် မှတ်တမ်းကောင်း ရေးထိုးနိုင်သူ ဖြစ်ခဲ့ပါတယ် ။
ဗိုလ်ချုပ်ကြီးတင်ဦးကို တပ်တွင်းမှာ ကြည်ညိုလေးစားသူတွေ များလာပြီး တပ်တွင်းညီညွှတ်မှုကို အအောင်မြင်ဆုံး တည်ဆောက်နိုင်သူလို့ သတ်မှတ်ခဲ့ကြပါတယ် ။ အဲဒါကိုက ပါတီဥက္ကဌကြီး ဦးနေဝင်းအတွက် ရတက်မအေးစရာ ဖြစ်နေပုံရပါတယ် ။
၁၉၇၆ မတ်လ မှာ ဦးတင်ဦးကို တပ်မတော်ကနေ အနားပေးလိုက်ကြောင်း ဦးနေဝင်းကိုယ်တိုင် ကြေငြာပါတယ် ။ တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်မည် စိုးသောကြောင့် ဦးနေဝင်းကိုယ်တိုင်
"မိမိနဲ့ ကာလကြာရှည်စွာ လက်တွဲလာသူ တပ်မှူးကောင်းတယောက်ကို မတတ်သာသဖြင့် စိတ်မကောင်းစွာ လမ်းခွဲရခြင်းဖြစ်ကြောင်း"
ပြောကြားခဲ့ပါတယ် ။ အကြောင်းပြချက်ကလည်း ကလေးဆန်တာ တွေ့ရပါတယ် ။ နာတာရှည်ရောဂါသည် တဦးတည်းသော သားလေးအား ဆေးကုသရန် ပြည်ပသို့ သွားရောက်စဉ်က ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ်သူ ဒေါက်တာတင်မိုးဝေသည် လမ်းစဉ်ပါတီပိုင် ငွေကြေး အဆောင်အယောင်များအား မလျှော်ဩဇာသုံးပြီး သုံးစွဲသောကြောင့် ဆိုပြီး ထုတ်ပြန်ပါတယ် ။ ယုတ္တိမရှိဘူးလို့ သုံးသပ်ကြပါတယ် ။
ဗိုလ်ကြီးအုန်းကျော်မြင့် အကြောင်းကတော့ သူဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မယုံကြည်ပါဘူး ။ နောက်သူဟာ ကာချုပ်အသစ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ် ။
သူဟာ စစ်ရုံးမှာ နေရတဲ့ အရာရှိတွေရဲ့ ထုံးစံအတိုင်း ဦးတင်ဦး(မျက်မှန်ကြီး)ကိုလည်း အထင်မကြီးပါဘူး ။ ဦးနေဝင်းကြောင့် စစ်ရေးအတွေ့အကြုံမရှိပဲ နေရာရသူအဖြစ် အထင်သေးစွာ ရှုမြင်ကြပါတယ် ။
အဲဒီကာလတုန်းက ရန်ကုန်မြို့ အင်ယားလမ်းရှိ ထောက်လှမ်းရေးတပ်ပိုင် ခြံကြီးထဲမှာ တပ်မတော် ခေါင်းဆောင်များနဲ့ ပါတီခေါင်းဆောင်များ ရံဖန်ရံခါ တွေ့ဆုံ စားသောက်လေ့ရှိပါတယ် ။
တခုသောတွေ့ဆုံပွဲမှာ ဦးနေဝင်း နဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့ မရောက်လာခင် ဗိုလ်ကြီးအုံးကျော်မြင့်တို့လို ကိုယ်ရေးအရာရှိငယ်တွေဟာ ချောင်ကြတဲ့ အခန်းတခုထဲမှာ အဆာခံ အဖြစ် စားစရာအနည်းငယ်ကို ကပျာကရာ စားနေကြရပါတယ် (ဒါကလည်း ထုံးစံလို ဖြစ်နေတဲ့ ကိစ္စပါပဲ)
အဲဒါကို ရှေ့ပြေးရောက်လာတဲ့ ဦးတင်ဦး(မျက်မှန်ကြီး)က မြင်သွားတော့
"မင်းတို့ တံခါးဖွင့် အိတ်ဆွဲတွေက ဘာလူပါးဝတာလဲ ? လူကြီးတွေထက် ဦးအောင်စားတာ ကောင်းသလား ?"
လို့ မစာမနာ ရင့်သီး မောက်မာစွာ ကြိမ်းမောင်း ဆူပူတာဟာ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ အမုန်းမီးတောက်ထဲကို ဓါတ်ဆီဖျန်းသကဲ့သို့ ဖြစ်သွားစေခဲ့ပါတယ် ။
အဲလိုဖြစ်ပြီးတဲ့နောက်မှာ မျက်မှန်ကြီးကို မကျေနပ်ခြင်း ၊ ဆိုရှယ်လစ်စနစ်ကို မယုံကြည်ခြင်း တို့ကြောင့် ဦးနေဝင်းနဲ့ မျက်မှန်ကြီးတို့ကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းရန် ကြံစဉ်ခဲ့ခြင်းဖြစ်ပါတယ် ။
မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီးမှာ ယခု NLD ရဲ့ နာယကတွေဖြစ်တဲ့ ဦးဝင်းထိန် နဲ့ ဦးတင်ဦးတိုပါ အမှုတွဲပြီး အရေးယူခံခဲ့ရပါတယ် ။ ၂၆ နှစ်ကြာ အာဏာရှင်လုပ်ခဲ့တဲ့ ဦးနေဝင်းဟာ သူ့သက်တမ်းမှာ ဆလိုင်းတင်မောင်ဦး နဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ ၂ ဦးကိုပဲ သေဒဏ်ပေးခဲ့ပါတယ် ။
ကိုရွှေမျိုးဝင်း | 88 |
| 17 | بدون متن... | 85 |
| 18 | အဲဒီလို ထောက်လှမ်းရေး သင်တန်းတွေကို ပြည်ပကနေ တက်ရောက်လာတဲ့ ဦးတင်ဦးကို နှေးကွေးလေးလံပြီး အလုပ်သိပ်မဖြစ်တဲ့ စစ်ထောက်လှမ်းအား ပြုပြင်ပြောင်းလဲရေး လုပ်ပေးဖို့ ဦးနေဝင်းက ခိုင်းပါတယ် ။
အဲဒီမှာ ပြဿနာရှိလာပါတယ် ။ စစ်ရုံးအသိုင်းအဝိုင်းက စစ်ဆင်ရေး အတွေ့အကြုံမရှိတဲ့ ဦးတင်ဦး(မျက်မှန်ကြီး)ကို အယုံအကြည်မရှိပါဘူး ။ အထူးသဖြင့် ထောက်လှမ်းရေးဌာနကို ဦးစီးနေတဲ့ CIA သင်တန်းဆင်း ဗိုလ်မှူးချုပ် မောင်မောင် နဲ့ ဗိုလ်မှူးကြီးမောင်လွင် (မူလ ပို့စ် မှာ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့ ဖခင်လို့ ယူဆကြောင်း ရေးထားပေမယ့် မန့် အချို့မှာ မဟုတ်ကြောင်း ရေးထားတာ တွေ့ရပါတယ်). တို့ဖြစ်ပါတယ် ။
ဦးတင်ဦး(မျက်မှန်ကြီး)ဟာ ထောက်လှမ်းရေးကို ပြုပြင်ဖို့ အားထုတ်ပေမယ့် သူ့ရှေ့က ခံနေတဲ့ အုတ်တံကြီးတွေကို ကျော်လွှားမရလို့ အခက်တွေ့နေရပါတယ် ။ ပြုပြင်ပြောင်းလဲချင်နေတဲ့ ဦးနေဝင်းက သူ့ရဲ့ အခက်အခဲကို သိသွားပြီး ၁၉၆၁ ဖေဖေါ်ဝါရီလ မှာပဲ ဗိုလ်မှူးချုပ်မောင်မောင်ကို ဖယ်ရှားပြီး ထောက်လှမ်းရေး အဖွဲ့ကြီးကို ဦးတင်ဦးလက်ထဲ အပ်ပေးခဲ့ပါတယ် ။
ထိုအချိန်မှ စပြီး ဦးနေဝင်းကိုယ်ပွားလို့ တင်စားခေါ်ရမယ့် ဗိုလ်မှူးချုပ်တင်ဦး(မျက်မှန်ကြီး) ဟာ ၁၉၈၁ အထိ တပ်မတော် အတွင်း၌ လည်းကောင်း ၁၉၈၃ အထိ လမ်းစဉ်ပါတီ အတွင်း၌ နံပါတ် ၁ ဦးနေဝင်း နဲ့ နံပါတ် ၂ သမ္မတကြီး ဦးစန်းယု ကြား ထဲက နံပါတ် တစ် နှစ်ပိုင်း တပိုင်း အဖြစ် နောက်ကွယ်မှာ သတ်မှတ်ရလောက်အောင် ဩဇာ ကြီးခဲ့ရပါတယ် ။
အဲဒီအချိန်တွေမှာပဲ လက်ဇောင်းထက်နေတဲ့ ဦးတင်ဦး(မျက်မှန်ကြီး) နဲ့ ဦးနေဝင်းရဲ့ ငယ်စဉ်ကတည်းက လုပ်ဖေါ်ကိုင်ဖက် ကာချုပ်ကြီး ဗိုလ်ချုပ်တင်ဦး တို့ ဦးနေဝင်းရှေ့မှာပဲ ပြဿနာတွေ တက်ခဲ့ကြပါတယ် ။
ဦးနေဝင်း အတွက် အိပ်မပျော်တဲ့ ကာလတွေဟာ သူယုံကြည်ထားတဲ့ တင်ဦး ၂ ဦးကြားမှာ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ရပါတယ် ။ ဖြစ်ပုံကတော့........?
ကိုရွှေမျိုးဝင်း#Crd | 87 |
| 19 | بدون متن... | 78 |
| 20 | ဦးနေဝင်း တယောက် ရန်ကုန်ကနေ အာဏာဗဟိုဒေသ ရွှေ့ပြောင်းချင်တဲ့ အခြားအကြောင်းကတော့
- အင်္ဂလိပ်လက်ထက်မှ စပြီး လမ်းစဉ်ပါတီအထိ ထစ်ကနဲရှိရင် ဆန္ဒပြပြတာ ရန်ကုန်ဖြစ်ပြီး လူစုလူဝေးကို ဖြိုခွင်းဖို့ မလွယ်ကူခြင်း
- နိုင်ငံခြားသံရုံးတွေ ရုံးစိုက်ရာ အရပ်ဖြစ်လို့ ရန်ကုန်သတင်းအား ဖုံးဖိထားဖို့ မလွယ်ပဲ ကမ္ဘာသို့ ချက်ခြင်း ပျံ့နှံ့နိုင်ခြင်း
(ထိုအချိန်က it နည်းပညာ မထွန်းကားသေးလို့ အစိုးရက သတင်းထိမ်းနိုင်သေးတယ်)
-ရေတပ်အားနည်းနေသေးလို့ ပင်လယ်ပြင်ကလာမယ့် စစ်ရေးအန္တရာယ် ကို ကာကွယ်လိုခြင်း တို့ကြောင့် ဖြစ်ပါတယ် ။
ဦးနေဝင်းဟာ နယ်စပ်ဒေသမျာကိုလည်း ကြိုတင်ကာကွယ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါတယ် ။ ဘင်္ဂလားနယ်စပ်ရှိ ကျည်းကန်ပြင် လို ရွာများ ၊ အိန္ဒိယနယ်စပ် ကဘော်ချိုင့်ဝှမ်းရှိ မြို့သစ် ပလနစခမ်း နဲ့ ဗန္ဓုလရွာ အစရှိတဲ့ ရွာသစ်များ ထူထောင်ပြီး နယ်စပ်ဒေသများမှာ လူသားတံတိုင်းဖြင့် ကာရံမည့် အစီအမံများ ချမှတ်ပေးခဲ့ပါတယ် ။
အဲဒီ အစီအမံများဟာ ဦးနေဝင်းရဲ့ မူပိုင်အစီအမံတွေတော့ မဟုတ်ပါဘူး ။ သူ့ကိုတင်ပြခဲ့သူကတော့ စစ်ဘက်လက်ထောက် ရာထူး (Aide-de-Camp) ယူထားတဲ့ ဗိုလ်မှူးချုပ်တင်ဦး(မျက်မှန်ကြီး) ဖြစ်ပါတယ် ။
"နိုင်ငံကာကွယ်ရေး မဟာဗျူဟာ လွှမ်းခြုံစနစ်" ဆိုတဲ့ အမည်နဲ့ စီမံကိန်း အရ ဖြစ်ပါတယ် ။
ဩဇာကြီးလှတဲ့ ဦးတင်ဦး(မျက်မှန်ကြီး) ရဲ့ ဘဝကလည်း ငယ်စဉ်ကတည်းက ဦးနေဝင်း နဲ့ ဆက်စပ်နေပြန်ပါတယ် ။ ဦးတင်ဦး(မျက်မှန်ကြီး) ရဲ့ မိဘ နှစ်ပါးဟာ မွန်လူမျိုး နိုင်ငံရေးသမား သခင် တွေ ဖြစ်ပါတယ် ။ ညီအကို လေးယောက်အနက် သူက တတိယမြောက်သား ဖြစ်ပါတယ် ။
၁၉၄၃ မှာ ဦးနေဝင်း မုဒုံသို့ ရောက်လာစဉ် (မူလ ပို့စ် မှာ စစ်ကြောင်းနဲ့လို့ ရေးထားပေမယ့် ထိုကာလတုန်းက ဦးနေဝင်းဟာ မြေအောက်တော်လှန်ရေး လုပ်ရန် ရှေ့ပြေး ၇ ဦးထဲမှာ ဦးဆောင်ပြီး အစောကြီး ကြိုရောက်နေလို့ ဦးနေဝင်း နဲ့ စစ်ကြောင်း မသက်ဆိုင်ဘူးလို့ ယူဆပါတယ်) မိဘများက ညီအကို ၄ ဦးလုံးအား စောင့်ရှောက်ပေးပါရန် ဦနေဝင်းထံ အပ်နှံခဲ့ပါတယ် ။
ဦးတင်ဦးဟာ အသက် ၁၅ နှစ်သားပဲ ရှိသေးပေမယ့် ၁၈ နှစ်ပါဆိုပြီး လိမ်ပြောကာ စစ်ထဲ အမှုထမ်းခဲ့ပါတယ် ။ အောက်ဆုံးက ညီအငယ်ဆုံးကလည်း နောင်တချိန်မှာ စစ်ထဲဝင်ခဲ့လို့ ညီအကို လေးယောက်လုံး စစ်သားတွေချည်း ဖြစ်ပါတယ် ။
သူ့အကို အကြီးဆုံးဖြစ်သူဟာ ဗိုလ်အဆင့်မှာ တိုက်ပွဲကျခဲ့ပါတယ် ။ ဒုတိယ အကိုလည်း ကျောက်ဆည် နယ်ထဲမှာ စစ်ဆင်ရေးလုပ်နေရင်း ငှက်ဖျားမိပြီး ကျဆုံးခဲ့ပါတယ် ။ ၁၉၄၅ တော်လှန်ရေးပြီးတော့ ဦးတင်ဦးဟာ တပ်စုမှူး ဖြစ်နေပါပြီ ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ဦးတင်ဦးကို ဦးနေဝင်းက ရန်ကုန်တက္ကသိုလ် သို့ ဆက်လက်တက်စေခဲ့ပါတယ် ။ သူ ၁၅ နှစ်အရွယ်တုန်းက ၁၀ တန်းကျောင်းသား ဖြစ်လို့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်း နဲ့ စီးပွားရေး ပညာ ဘာသာရပ်များ သင်ကြားခွင့် ရခဲ့ပါတယ် ။
ကျောင်းသားဘဝမှာ အပေါင်းအသင်း များစွာရှိသည့် အနက် အထူးခင်ရတဲ့ သူငယ်ချင်ချင်းကတော့ ဦးအေးချမ်း ဖြစ်ပါတယ် ။ ဦးအေးချမ်းဆိုတာ အခြားလူ မဟုတ်ပါဘူး ရဲဘော်ရေချမ်း စာရေးဆရာကလောင်အမည် မောင်စူးစမ်း NLD CEC ဗကပ အရင့်အမာ ကြီးပဲ ဖြစ်ပါတယ် ။
ဦးတင်ဦး(မျက်မှန်ကြီး)တို့ ကျောင်းပြီးတော့ ဦးအေးချမ်းက သူငယ်ချင်းကို ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရန် ဆွယ်တရား ဟောခဲ့ပေမယ့် ဦးတင်ဦးကတော့ လက်မခံပဲ ဦးနေဝင်းရှိရာ တပ်မတော်ဆီကိုပဲ ပြန်လာခဲ့ပါတယ် ။
ဒီအချိန်မှာ စိတ်မကောင်းစရာ ရှိတာက သူ့ရဲ့ ညီအငယ်ဆုံး တပ်ကြပ်ပြီး မျိုးသွယ်တယောက် မြစ်ဝကျွန်းပေါ် မှာ KNDO စစ်ဆင်ရေး ဆင်နွဲရင်း ကျဆုံးခဲ့ရရှာပါတယ် ။
ညီအကို ၄ ယောက်အနက် ၃ ဦးဟာ တိုင်းပြည်အတွက် အသက်ပေးသွားရပြီမို့ ဦးနေဝင်းဟာ နောက်ဆုံးမျိုးဆက်ကျန်နေသူ ဦးတင်ဦး(မျက်မှန်ကြီး)ကို ရှေ့တန်းစစ်မျက်နှာများဆီသို့ မပို့တော့ပဲ သူ့နားမှာ ခေါ်ထားပါတယ် ။
ထို့နောက် ပစိဖိတ်ဒေသရှိ ဆိုက်ပန်ကျွန်း မှာ CIA ထောက်လှမ်းရေးသင်တန်း တက်ရောက်စေခြင်း နဲ့ တဆက်တည်းမှာပဲ ဗြိတိန် တော်ဝင် ကြည်းတပ်ရဲ့ထောက်လှမ်းရေး သင်တန်းပါ ဆက်လက် တက်ရောက် သင်ကြားစေခဲ့ပါတယ် ။
ငယ်ရွယ် နုပျိုပြီး ဉာဏ်ထက်တဲ့ ပညာတတ် ဦးတင်ဦးကို သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ အသုံးချသွားခြင်းဟာ ဦးနေဝင်းရဲ့ မြင်းသမား (လောင်းကစားသမား) ဗီဇ အရ ကွက်ကျော်မြင်တတ်ခြင်းသာ မကပါဘူး မိဘများကိုယ် စောင့်ရှောက်ပေးဖို့ အပ်နှံထားခဲ့ခြင်း နဲ့ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ ညီအကို ၃ ဦးရဲ့ မျက်နှာကို ထောက်ထားကြည့်ရှု စောင်မတဲ့ သဘောလည်း ပါမယ်လို့ ရှုမြင်မိပါတယ် ။ | 92 |
