cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Saw Ka Zaw

پست‌های تبلیغاتی
23 896
مشترکین
+8224 ساعت
+2417 روز
+46630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Radical Approach ****** ပေါက်ပင်ဘာလို့ကိုင်းတာလဲ ဗျိုင်းနားလို့ကိုင်းတာပါ ဗျိုင်းဘာလို့နားတာလဲ ငါးပေါ်လို့နားတာပါ ငါးဘာလို့ပေါ်တာလဲ ရေနောက်လို့ပေါ်တာပါ ရေဘာလို့နောက်တာလဲ ကျွဲလူးလို့နောက်တာပါ ကျွဲဘာကြောင့်လူးတာလဲ ဖြုတ်ကိုက်လို့ လူးရတာ ဖြုတ်ဘာလို့ ကိုက်တာလဲ ငါ့ဝမ်းပူစာ မနေသာလို့ကိုက်တာပေါ့ ဆိုတဲ့ စာပိုဒ်လေးဟာ အင်မတန်မှ အဓိပ္ပါယ်ရှိပါတယ် ပြသနာတစ်ခုကို ဖြေရှင်းရမှာ အခြေခံအကျဆုံး အရာထိ မြင်အောင်ကြည့်ပြီး ဖြေရှင်းစေဖို့ Radical Approach လုပ်ဖို့ ညွှန်းပြထားတာပါ ပေါက်ပင်မကိုင်းအောင် ဗျိုင်းမနားနိုင်ဖို့ လုပ်မယ်ဆိုရင် ခဏတာတော့ရမယ် ငါးပေါ်နေသ၍ ဗျိုင်းက ပေါက်ပင်ပေါ်နားဖို့ချောင်းနေမှာပဲ အခွင့်အရေးရတာနဲ့ ပေါက်ပင်ပေါ် တက်နားမှာပဲ ဒါကြောင့် ပေါက်ပင်ပေါ် ဗျိုင်းမနားအောင်လုပ်တဲ့ လုပ်ဆောင်ချက်ဟာ ပေါက်ပင်ကိုင်းနေရခြင်းပြသနာရဲ့ အခြေခံကျတဲ့ဖြေရှင်းချက်အဖြေတော့ မဟုတ်နိုင်ဘူး ယာယီလက်ပူတိုက်ထားတဲ့ဖြေရှင်းချက်သာဖြစ်တယ် အဓိက ဖြေရှင်းရမှာကကျွဲကိုဖြုတ်မကိုက်အောင် စီစဉ်ပေးဖို့သာဖြစ်တယ်။ ပြသနာတစ်ခုကိုဖြေရှင်းရာမှာ ယာယီဖြေရှင်းမှုမျိုး လုပ်ရသလို အခြေခံအကျဆုံး အရင်းအမြစ်ကိုတူးဆွ ဖြေရှင်းနိုင်ပါမှ ဒီပြသနာနောက်တစ်ကြိမ် ထပ်မဖြစ် နိုင်တော့ဘူးလို့ပဲယုံကြည်ပါတယ်။ စဉ်းစားမိတာလေး မျှဝေတာပါ ။ Credit ###U Win Myat🌿🌿🌿
نمایش همه...
ဟာသပြောရအုန်းမယ်ဗျာ 1/3/21 ရက်နေ့ တပ်ကနိုင်ငံတော်တာဝန်ယူပြီကတည်းက Ocean Super Market မှာ တပ်မတော်ထုတ်ပစ္စည်းကိုသပိတ်မှောက်တဲ့အနေနဲ့ Myanmar ဘီယာတင်မရောင်းဘူးဗျာ အရင်ရက်ကOceanရောက်တော့လည့်Myanmar ဘီယာမတွေ့ရဘူးဗျာ အခုဆန်ကိစ္စအရေးယူခံရတဲ့အချိန်မှာ Ocean Super Market မှာMyanmar ဘီယာနဲ့ Dragon Beerကိုတင်ရောင်းတဲ့ဗျာ🤣🤣🤣 အံဩပ တပ်တာဝန်ယူပြီသုံးနှစ်ကျော် သူတို့ဆန်ကိစ္စနဲ့အရေးယူခံရမှာပဲတင်ရောင်းတော့တယ် 🤣🤣🤣 SKZ🌿🌿🌿
نمایش همه...
👍 40😁 21
ဒီနေ့ Oceanရောက်တယ်ဗျာ ဆန်ရောင်းတဲ့ကောင်တာမှာဆန်တွေမရှိဘူးဗျာ ဆီချိုဆန်အနည်းအကျင်းပဲရှိတယ် ဒါဟာဘာကိုပြသလဲဆိုရင် အစိုးရကအရေးယူတဲ့အတွက်အစိုးရကိုအာခံတဲ့သဘောပဲ မင်းတို့အရေးယူ ငါတို့ဆန်မရောင်းဘူးဆိုပြီ ပြည်သူတွေကိုတွေးပူအောင် အထိတ်တလန့်ဖြစ်အောင်လုပ်တာပဲ Covidကာလကတရုတ်အစိုးရကဈေးဝယ်စင်တာတွေမှာ စားသောက်ကုန်အသီးအရွက်ကအစဈေးနှူံးတင်ရောင်းတာခွင့်မပြုသလိုပစ္စည်းပြတ်လပ်တာကိုလည်းခွင့်မပြုပါဘူး ဈေးနှူံးတင်ရောင်းလျှင် ပစ္စည်းပြတ်လပ်လျှင်ပြင်းပြင်းထန်ထန်အရေးယူခဲ့ပါသည် မြန်မာမှာအစိုးရကအရေးယူလျှင်တစ်နည်းမဟုတ်တစ်နည်းပညာပြလေ့ရှိတယ် အစိုးရအနေဖြင့်ငါအရေးယူပြီးပြီပဲလိုဝတ်ကျေတန်းကျေသဘောမထားပဲပြည်သူလူထုသက်သာချောင်ချိအောင် ပညာပြနေတဲ့ကုန်သည်ကြီးတွေကိုထိထိရောက်ရောက်ကိုင်တွယ်သင့်တယ် အစိုးရကအစိုးရအလုပ်လုပ်ပါ အစိုးရတာဝန်ရှိသူကကုန်သည်နဲ့ပေါင်းကုန်သည်လုပ်လျှင်ပြည်သူလူထုနာပြီပဲမှတ်ပါ SKZ🌿🌿🌿
نمایش همه...
👍 43 2😁 2
Repost from People Media
24:17
Video unavailableShow in Telegram
ကျောက်မဲမြို့က မုတ်ဆိတ်ရှည် ဇာတ်သိမ်းပြီလား မိုးကုတ်မြို့ရဲ့ ရဲစခန်း ရှင်းတမ်း နောင်ချိုမြို့အခြေအနေ မန္တလေးကို ထိုးဖောက်ရန် ကြိုးစားလာသည့် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း အခြေအနေ #PeopleMedia
نمایش همه...
01.07.2024.mp4565.09 MB
👍 83 6🥰 4😁 3😱 1
50:42
Video unavailableShow in Telegram
ဆန်ကိစ္စ ဖမ်းဆီးခံရတဲ့ ဂျပန်အတွက် အသံထွက်လာတဲ့ ဂျပန်အစိုးရ၊ အိမ်ယာချေးငွေကိစ္စအတွက် အရေးယူခံရမယ့် ဘဏ်(၇)ခု၊ မြစ်ကြီးနားတဝိုက် ရေကြီးမှုနဲ့ သဘာဝဘေး တရားခံများ (၁-၇-၂ဝ၂၄) လစဉ်ကြေး ပေးသွင်းရန်နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်) ဖုန်း - 09-444681478 (Viber) - 09-958962052
نمایش همه...
480p.mp4302.79 MB
👍 58🥰 2😁 2
00:52
Video unavailableShow in Telegram
အကြမ်းဖက်KIAနဲ့တရုတ်အဖွဲ့တွေ ပေါင်းပြီး မြေရှားခိုးထူတ်နေတဲ့အတွက် သဘာ၀ပတ်၀န်းကျင်များထိခိုက်ပျက်စီးပြီး ​ကြောက်စရာကောင်းလောက်အောင်မြေပြိုနေတဲ့  ပန်၀ါမြေ မှိုင်းဝေ
نمایش همه...
8.91 MB
👍 45😱 18😢 6😁 3🤬 2
ငပလီဟိုတယ်လဲတစ်ခုခုလုပ်သင့်ပြီကျနော်ဒါပဲပြောမယ် သိ့ဖို့… ————————————————————— Card ,,ကော်ပီတင်ပြပေးပါတယ် ——————————————/—- ရခိုင်ကိစ္စ အခုလက်တလော တပ်ဝိုင်းခံထားရတဲ့ အခြေအနေက တပ်က လေဆိပ်ဝန်းမှာ အထိုင်ချတယ် ခန့်မှန်းခြေ မီတာ *** ဝန်းကျင်မှာ တပ်က ထိုင်ပြီး ခုခံရတယ် ( အသေးစိတ်တော့ မရေးပေးတော့ဘူး ၊ ) အဲ့တော့ လေဆိပ်ပတ်ချာလည် နေရာတွေ ကျေးရွာတွေ တော်တော်များများ ပတ်လည်က သူပုန်တွေ ဝိုင်းပြီး နေရာယူထားကြတယ် ၊ မဇင်း ၊ ဇီးဖြူကုန်း ၊ မဇင်းကုန်း စတာတွေက သူပုန်အခြေကုတ်ယူထားတာတွေ ၊ အကုန် အဲ့နေရာ တွေက သူပုန်တွေကြီး ဘာအရပ်သား ဘာသာမာန် ပြည်သူမှ မရှိတော့ဘူး ၊ ရောက်ဖူးသူတွေသိလိမ့်မယ် အခုလိုမျိုး ဝိုင်းခံ ထားရတယ်ဆိုရင် တပ်ရဲ့သက်သာပေါက်ဟာ နောက်ကျောက ပင်လယ်ဘက်ပဲ ရှိတော့တယ် ၊ အဲ့ဒီဘက်ကနေ စစ်ကူ မလိုက်ဘူးလားဆိုတော့ မလိုက်တာတော့ မဟုတ်ဘူး ၊ ငပလီရဲ့ ဒီဘက်မှာရှိတဲ့ ဟိုတယ်ဝန်း တွေထဲကနေ စနှိုက်ပါနဲ့ ရန်သူက ပစ်နေလို့ စစ်ကူက ကမ်းတက်မရဖြစ်နေတာ ၊ အဲ့ဒီဟိုတယ်ဝန်းတွေထဲမှာ တပ်က ဘာကျောင်း ညာကျောင်း ဘာကြီး ဘာကြီးရှိတယ်ဆိုတာ အခုအကုန် ဘာတစ်ခုမှ မရှိတော့ဘူး ၊ မရှိလို့လဲ ဟိုကောင်တွေက အဲ့ဒီက hotel တွေကို ဝင်နေရာယူပြီး တပ်လာတဲ့ စစ်ကူကိုရော ရှိနေတဲ့ တပ်ကိုပါ လှမ်းပစ်နေတာ အခြေအနေက အဲ့ဒါပဲ ….။ . . .
نمایش همه...
👍 160😱 11 3😁 3🕊 3👏 1
{ရှမ်းမြောက်နှင့် EROတို့ရဲ့ စစ်ရေးဗျူဟာ} အပိုင်း-၂ ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်တို့၏ ပဲ့ကိုင်ရှင် ခေါင်းဆောင်ကြီး UWSAဟာ ဘာ လိုပါ၀င်လာရသလဲ မေးစရာရှိနိုင်ပါတယ်။ ပထမ ပိုင်းမှာ "၀"တွေရဲ့ ရည်မှန်းချက်ပန်းတိုင်က ရှမ်း အောက်ကလွှတ်မြောက်ပြီး သီးခြားရပ်တည်မယ် ဆိုတဲ့ "၀"ပြည်နယ်ရရှိရေးပန်းတိုင်ဖြစ်ပါတယ်၊ သို့သော် ၂၀၁၆ လောက်ဖြစ်မယ် လောက်ကိုင် ဘက်ခြမ်းက MMDAA ဖုန်ကျားရှင်တပ်ဖွဲ့ကို မူးယစ်ဆေး၀ါး ထုတ်လုပ်မှု၊ လက်နက်စက်ရုံ တည်ဆောက်မှုဆိုတဲ့ ခေါင်းစဥ်နဲ့ တပ်မတော်က တိုက်ထုတ်လိုက်တယ်၊ ဒီလိုတိုက်တဲ့အချိန် စစ် ကူးလာမှာ စိုးရိမ်တဲ့ "၀"တပ်တွေဟာ သူတို့နယ် တွေမှာလာ ကာရံပြီး အင်အားချထားလိုက်တယ်။ တပ်မတော်က အ​ေ၀းကလှန်းကြည့်တော့ UWSAလား MMDAAလား မသဲကွဲဘူး၊ ဒါ နဲ့ "၀"ဆက်ဆံရေးရုံးလှန်းချိတ်ဆက်မေးတော့ အဲ့ဒီဘက်ကို "၀"တပ်တွေမချထားဘူး အကြောင်း ပြန်တယ်၊ အမှန်ကအောက်ခြေကနယ်ကျွန်လာတာ၊ ဒါနဲ့ တပ်က ၁၂၀ တွေအုံပစ်တဲ့ချိန် "၀"တပ်တွေ ၂၀၀လောက်ကျပြီး ၃၀၀ နီးပါး ဒန်းစီးကုန်တယ်၊ အဲ့အပြင် "၀"တွေမှန်းသိသွားတဲ့တပ်ဟာ စစ်ရေး ထဲ "၀" ၀င်ရှုပ်ပြီလို့ယူဆသွားတယ်၊ ဒါကြောင့်"၀" ကိုဖိအားပေးချင်တာနဲ့ ဦးစိုင်းလင်းခေါင်းဆောင်တဲ့ မိုင်းလားတပ် MDAAကို နယ်ခြားစောင့်လက်ခံ ဖို့ တပ်မတော်ကဖိအားသွားပေးတယ်၊ အဲ့ထဲက- တစ်ချိန်မှာတပ်မတော်ဟာ UWSAကို ဖိအားပေး မယ်လို့ "၀"ခေါင်းတွေကသံသယရှိလာကြတယ်။ ဒီနောက်ပိုင်း UWSAဟာ မဟာမိတ်ဖွဲ့ပြီး ရှေ့ကာ တပ်များအဖြစ် SSPP၊TNLA၊MDAA၊ MMDAAတို့ကို လက်နက်ကြွေးချ ထောက်ပံ့ပေး ခဲ့တယ်၊ ကြွေးချထားတဲ့ အကြွေးမျက်နာနဲ့ SSPP ဆိုရင် ရှမ်းတပ်ခြင်းဖြစ်တဲ့ RCSSကိုပင် ပြန် တိုက်ပေးရတဲ့အခြေနေရောက်လာတယ်၊ စစ်အင် အားကိုလည်း UWSAက "၀"မှန်လျှင်စစ်သားဖြစ် ရမယ်၊ သူနယ်ထဲနေ တရုတ်၊ကိုးကန့်၊ပလောင်၊ရှမ်း ၊လားဟူ၊ အခါ လူမျိုးတွေကို အဓမ္မစစ်မှုထမ်းစေ တယ်၊ "၀"လူငယ်အများစုဟာ ၁၀ နှစ်ပြည့်တာနဲ့ "၀"စစ်သင်တန်းတက်ရတယ် "၀"ကျောင်းမှာ တ ရုတ်စာနဲ့ "၀"စာကို စစ်ပညာသင်ရင်း သင်ကြားကြ ရတယ်။ UWSAဟာ သတ်မှတ်ထားတဲ့ စစ်မှုထမ်းသက် ပြည့်ရင် ဆက်လက်တာ၀န်မထမ်းဆောင်လိုတော့ ရင် ပြန်ပြီးတော့မိမိဇာတိကိုပြန်ခွင့်ရတယ်၊ ပြန်ရ တဲ့ဇာတိမှာ ရပ်ရွာပြည်သူစစ်အကြီးအကဲရှိတယ်၊ ဒီမှာတာ၀န်ပြန်ပြီး ပြည်သူစစ်အရံအဖြစ်စာရင်း သွင်းခံရတယ်၊ UWSAက အချိန်မရွေးပြန်ပြီးခေါ် ရင် သွားရောက်တာ၀န်ထမ်းပေးရပြန်ပါတယ်၊ UW SAတပ်ဖွဲ့ဟာ ဒီလိုနဲ့ အင်အားကြီးလာတော့၊ ပန်း တိုင်ဟာပြောင်းလာတယ်၊ "၀"ပြည်နယ်မှတဆင့် "၀"နိုင်ငံအဖြစ် ရှမ်းအရှေ့ပိုင်းကို ရည်မှန်းချက် ထားလာပြန်တယ်၊ ဒီမှတစ်ဆင့် မျိုးရင်းတူ တအန်း (ပလောင်)တွေကို စည်းရုံးလာနိုင်တော့ ကျယ်ပြန့် သော "၀"နိုင်ငံသစ်အဖြစ် ရည်ရွယ်ချက်ထပ်တိုး ချဲ့ခဲ့ကြပြန်တယ်။ ဒီတော့ ရှေ့ကာလည်းဖြစ် အင်းအားလည်းတက် စေမဲ့ တအာန်း(ပလောင်)တွေကို စစ်ရေးအရကူညီ ဖို့ ဖြစ်လာခဲ့တယ်။ ရှမ်းမြောက်စစ်ဆင်ရေး အောင် မြင်ခြင်းဟာ နောင်တွင် တပ်မတော်ကUWSAကို ဖိအားလုံး၀ မပေးနိုင်တော့သောအခြေအနေတစ် ရပ်အဖြစ် ရောက်လာနိုင်တာကိုသိထားသလို၊ ပန်း တိုင်ဖြစ်တဲ့ "၀"ပြည်နယ်၊ "၀"နိုင်ငံ အိမ်မက်ဟာ လည်း အခြေနေကောင်းတစ်ရပ်ဖြစ်လာမယ်ဆို တာ UWSAအနေနဲ့သိထားပုံရပါတယ်၊ ခုဆို ရှမ်းမြောက်အောင်မြင်ရေးတွက် TNLAကို လူ ပါ ဘက်ပြောင်း၀တ်ဆင်ပြီး အင်းအားဖြည့်ပေး လာနိုင်တာတွေ့ရသလို၊ TNLAတပ်ဖွဲ့တွေရဲ့ လက် နက် ၉၀% "၀"ထုတ်လက်နက်ခဲယမ်းတွေဖြစ်နေ တာကို သတိထားမိကြမယ်ထင်ပါတယ်။ စစ်ရေးပစ်မှတ်မှာ ကြားညှပ်နေတာကတော့ KIAပါ ရှမ်းမြောက်ရှိ KIA တပ်မဟာ နှစ်ခုဟာ ကိုးကန့်နယ်နဲ့ ပလောင်နယ်ကြားညှပ်နေတာကို တွေ့ရမှာဖြစ်တယ်၊ ပလောင်ဟာ KIAနဲ့ ချိတ်ဖြစ် နေတာကြာပါပြီ ၊ အဓိက -ကပလောင်တွေကနယ် ပိုလိုချင်နေတာပါ၊ KIAကိုလည်း ရှမ်းမြောက်က ထွက်သွားစေချင်တာမို့ သူ့ရဲ့စစ်ရေးပစ်မှတ်ကို မူဆယ်အထိ TNLAက သဋ်မှတ်မျဥ်းထားလိုက် တယ်၊ ဒီတော့ လားရှိုး၊ နမ့်ခမ်း၊ မူဆယ်၊ကို ပ လောင်ရသွားရင် KIAက ကချင်ထဲက KiAနဲ့ အဆက်ဖြတ်ထားလိုက်နိုင်မှာမို့ စစ်ရေးပစ်မှတ် ကို ဒီလိုသဋ်မှတ်လိုက်ကြတယ်။ သို့သော် စစ်ပါး ၀နေပြီးဖြစ်တဲ့ KIAက သူ့တပည့် AAတပ်တွေ ကို စစ်ရေးရည်မှန်းချက် စတာနဲ့ မူဆယ်နဲ့နဲ့နမ့် ခမ်းကြားက (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကိုသိမ်း ခိုင်းပြီး ကချင်နဲ့ရှမ်းမြောက်ဆက်သွယ်ရေးကို မပြတ်ရေးကာထားနိုင်ခဲ့တယ်။ TNLAက အပြန်အလှန်စစ်ရေးအကူအညီ ရှိနေတဲ့ ထွန်းမြတ်နိုင်ခေါင်းဆောင်တဲ့ AAတပ် ဖွဲ့ ဟာ (၁၀၅)မိုင်ကနေ မူဆယ်ကိုဖြတ်ထားလိုက် နိုင်တာမို့ ရှမ်းမြောက်မှာ မူဆယ်နဲ့ လားရှိုးဟာ ထီးထီးကြီးကျန်နေပြီး ၊ စစ်ရေးလည်းမဖေါ်ဆောင် နိုင်ဘဲ အ၀ိုင်းခံအခြေနေဖြစ်သွားတယ်၊ လမ်း တွေဖြတ်တောက်လိုက်ခြင်းဖြင့် မူဆယ်နဲ့ လား ရှိူးရှိ စစ်သည်နဲ့ ရဲမေတွေကို ရိက္ခာအခက်ဖြစ်တဲ့ ထိအချိန်ဆွဲထားလိုက်နိုင်တယ်၊ အဓိက ကတော့ စစ်သည်ရဲမေ အင်အား ၁၀၀၀၀ ၀န်းကျင်အတွက် လေယာဥ်နဲ့သာ ရိက္ခာကိုပို့နိုင်ပြီး တိုက်ပွဲ၀င်အ ကူ ရဟတ်ယာဥ်တွေကို မြောက်ပိုင်းမဟာမိတ် တွေက အလုပ်ပေးထားနိုင်ခဲ့တယ်။
نمایش همه...
👍 65 1😁 1
အတွင်းသတင်းကို ဖရဲသီးမှတစ်ဆင့် ရယူ နေပြီး ရိက္ခာအခက်ရှိချိန်ကို အားလုံးစုပုံပြီး တိုက်ခိုက်ဖို့ရည်ရွယ်ထားမှာအမှန်ပါပဲ၊ လားရှူိး ကျရင် မူဆယ်ကတိုက်ဖို့မလိုတော့ပါဘူး၊ သို့ သော် လားရှိုးကိုး၀ိုင်းပတ်ပိတ်ဆို့ စစ်ပန်းအောင် သာလုပ်ထားမှာဖြစ်ပြီး ပလောင်နယ်မြေရဲ့ နယ် နိမိတ်အဖြစ်လိုချင်နေတဲ့ မိုးမိတ်၊ မန္တလေးတိုင်း ထဲက မိုးကုတ်နဲ့ ပြင်ဦးလွင်သုံးချိုး ၁ချိုးကို တိုက်မှာအသေခြာပါပဲ၊ ရှမ်းမြောက်ရဲ့ ပိတ် လမ်းဖြစ်တဲ့ ဂုတ်တွင်းကိုလည်း အပြတ်ဖြတ် နိုင်ဖို့ နောင်ချိုကို မဖြစ်မနေတိုက်ယူပါလေ့မယ်။ လားရှိုးကိုတိုက်ချိန်ဟာ လေယာဥ်ပြေးလမ်းကို ပထမဆုံးပိတ်ဆို့ပါလေ့မယ်၊ ရိက္ခာအခက်ဖြစ် အောင်လုပ်မယ်၊ လေကြောင်းရန်ကာကွယ်နိုင် အောင် FM-6 တွေ ပိွုင့် 5 ကြီးတွေသုံးပြီး လေယာဥ်ကို နှောက်ယှက်နိုင်ပါတယ်။ လက်နက်တွေရွေ့ပြောင်းပြီး ပြင်ဆင်နိုင်ဖို့ အပစ်ရပ်ဖို့ ဟိုင်ဂင်စာချုပ်နဲ့ ကစားတယ်၊ လက်နက်ခဲယမ်းတွေ ရောက်ပြီဆို အကြောင်း ပြချက်တွေနဲ့ ထတိုက်တာက ခုမှမဟုတ်ပါဘူး၊ တရုတ်နယ်စပ်ကနေ ယနေ့ မန္တလေးထိရောက် လာသည့်တိုင်ပါပဲ၊ ခုအချိန်မှာ စာချုပ်ကြီး တကိုင်ကိုင်နဲ့ ဥပဒေတိုင်းလုပ်နေရမယ့် အချိန် မဟုတ်တော့ပါဘူး၊ ပြတ်သားရမယ့်အချိန်ပါ၊ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေက စစ်ကို နိုင်အောင်တိုက်နိုင်မှ ရပါမယ်၊ ဒါမှပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုရပါမယ်၊ ခုချိန်မှာ ကိုယ် မလုပ်နိုင်ရင် ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး လုပ်နိုင်မယ့်သူကို တာ၀န်တွေလွှဲအပ်သင့်ပါ တယ်၊ ဒါဟာညံ့တာမဟုတ်ဘဲ နိုင်ငံမျက်နာ ကို ပြန်ကြည့်တယ်လို့ဆိုရပါမယ်။ ဗမာPDFတွေဟာ စစ်ရေးမဟာဗျူဟာ လုံး၀ မရှိပါဘူး EROတွေရဲ့ ရှေ့ပြေးအခိုင်းခံ ဘ၀ပဲ ဒီထက်မပိုပါဘူး၊ နောက်ဆုံး TNLA က တိုင်းဒေသတွေထဲက လိုချင်သလောက်တိုက် ပြီးပိုင်းယူသွားမယ်၊ တိတိကျကျနယ်ရရင် ဗမာ မှန်လျှင်နည်းမျိုးစုံနဲ့မောင်းထုတ်မှာပါ ၊ အဲ့မောင်း ထုတ်ခံထဲမှာ PDFတွေလည်းပါ၀င်လာမှာပါ မပူပါနဲ့၊ ကယားမှာနမူနာယူပါ ဗမာ PDFတွေ ကို ရှေ့ကတက်ခိုင်းတယ် တက်မရလို့ပြန်ဆုတ် လာတော့ ခုဆို ကယားမှာ မာ၀ိဆိုတဲ့ငနဲက ဗမာPDF ရာချီပြီး အချုပ်ထိပ်တုံးထည့်ထား လိုက်ပြီး သဘောပေါက်ပေါ့ မိုးကုတ်နဲ့ပြင် ဦးလွင်မှာ PDFတွေကို ရှေ့ကထားပြီးတိုက် ခိုင်းနေတာပါ။ သက်ဆိုင်ရာလူကြီးမင်းများက တာ၀န်ရှိသလို ပြတ်ပြတ်သားသား စစ်ကိုနိုင် အောင် ခေါင်းဆောင်ပေးစေချင်ပါတယ်။ ဒီလိုမဟုတ်ပါဘဲ တိုက်ခံရလိုက် ပေးဆပ် လိုက်ရဆိုရင် စစ်သည်တွေစိတ်ဓါတ်ဟာ ပျက် စီးသွားပါလေ့မယ်၊ မတိုက်နိုင်ရင်လည်း ဆုတ် ပြီး သက်ဆိုင်ရာ တိုင်းဒေသတွေမှာ စစ်မီးညိမ်း အောင် စစ်သည်တွေကိုပြန်ခေါ်ယူလိုက်တာကမှ အားလုံးအဆင်ပြေအုံးမယ်လိုပဲ မြင်ပါတယ်ဗျာ၊ နိုင်ငံလေးတွေအများကြီးပေါ်လာမယ် ဗမာတွေကို မောင်းထုတ်ခံရတော့ ပိုပြီးကျစ်လစ် စုစည်း ခိုင်မာလာအုံးမယ်လို့ ထင်မြင်မိပါသည်။ ပြထားတဲ့ နယ်နိမိတ်တွေဟာ ရန်သူရဲ့လက် အောက်မှာ ဖြတ်တောက်ခံထားရပြီဖြစ်ပါတယ်။ videoကတော့ UWSA စစ်သားများမှ TNLA ကို စစ်ကူပေးရန် SSPP အ၀တ်စားလဲထားပြီး ချီတက်လာကြတာဖြစ်ပါတယ်။ ဆေခမ်း မိုင်းတုံမြို့၊ဟွေအော၊ ၀တောင်ပိုင်း၊ ရှမ်းအရှေ့။ 28-6-2024 Soe Kham Sae Kham🌿🌿🌿
نمایش همه...
👍 170 6😁 1
(ရှမ်းမြောက်နှင့် EROတို့ရဲ့စစ်ရေးဗျူဟာ) အပိုင်း(1) ရှမ်းမြောက်စစ်ရေးမှာEROတွေရဲ့စစ်ရေးပန်းတိုင် ကို ပထမဦးစွာလေ့လာမယ်ဆိုလျှင်၊ ကိုးကန့်ဒေသကို ယူနန်ပြည်နယ်အောက် ပူးပေါင်းပြီး သီးခြားအုပ်ချုပ် ခွင့်ရဒေသအဖြစ် နေထိုင်လိုသူ MMDAAတပ်ဖွဲ့ကို မြင်နိုင်ပါလေ့မယ်၊ ဒါကြောင့် ယူနန်ထဲကကိုးကန့်နဲ့ ယူနန်အစိုးရဟာ အများအပြား လူလက်နက်ထောက် ပံ့ခဲ့တာကို တွေ့နိုင်ပါတယ်၊ ဒါကြောင့်မို့ ယူနန်ပြည် နယ်ထဲကအစိုးရပိုင်းတွေကိုပြည်မကြီးတရုတ်အစိုးရကဖြုတ်တာ အရေးယူတာတွေလုပ်ခဲ့တာကို သိနိုင်ကြ မယ်ထင်ပါတယ်။ အကြောင့်မဲ့အရေးယူခဲ့တာမဟုတ် ပါဘူး ရှမ်းမြောက်အရေးပါ၀င်ပါတ်သက်နေလို့ပါ။ ဒုတိယကတော့ UWSA " ၀ " တပ်ဖွဲ့ပါ ဒီအ ဖွဲ့ကတော့ မြောက်ပိုင်းရဲ့စစ်ရေးပဲ့ကိုင်ရှင်လို့ဆိုရပါ လေ့မယ်၊ သူရဲ့ပန်းတိုင်ကတော့ ကျယ်ပြန့်တဲ့ "၀" နိုင်ငံတည်ဆောက်ရေးပါ၊ ထိုင်းနဲ့တရုတ်ကြားမှာ တည်ရှိပြီး မဲခေါင်မြစ်၀န်းကို ပင်လယ်ထွက်ပေါက် အဖြစ် တည်ဆောက်နိုင်ရင် ရှမ်းအရှေ့နဲ့ ပလောင် နယ်ကိုပူးပေါင်းပြီး ဒုတိယ စင်္ကာပူနိုင်ငံ လေးလိုဖြစ်လာမယ်လို့ ယုံကြည်ထားပုံရပါတယ်။ ဒီတော့ အင်အားကြီးနိုင်ဖို့ လူမျိုးတူတအာန်း(ပ လောင်)TNLAကို စည်းရုံးခဲ့တာဟာ ၂၀၁၃ခုနှစ် ထဲကစတယ်လို့ အတွင်းသတင်းလေ့လာသူ တိုင်းသိနိုင်ပါလေ့မယ်၊ ယ္ခင်က TNLAရဲ့ ဘက်တံဆိပ် ဦးထုတ်ယူနီဖေါင်း အားလုံးဟာ KiA ကိုမှီပြီးပုံတူလုပ်ထား ကြတာပါ။ သို့သော် ၂၀၁၃ နောက်ပိုင်းမှာ UWSAရဲ့စည်း ရုံးမှုအောက်ပါခဲ့ပြီး လူမျိုးတူ ပလောင်နဲ့၀ ပေါင်း ခဲ့ကြတယ်၊ ဒီနောက် လက်မောင်းဘက်တံဆိပ်ကနေ ဦးထုတ် အလံက အစ "၀"နှင့်မတိမ်းမယိမ်းတူတဲ့ အသုံးအဆောင်တွေပြောင်းခဲ့ကြသလို၊ ယ္ခင်သူ့ရဲ့ ဆရာဟောင်း KIAကိုပြန်အာခံလာတာကိုပါမြင်လာ ရတယ်၊ ဒါဟာ ကျယ်ပြန့်တဲ့ "၀"နိုင်ငံတည်ဆောက် ရေးမှာ အရေးပါတဲ့ လူမျိုးအဖြစ် ရပ်တည်ဖို့ဆုံး ဖြတ်လိုက်ဟန်ရှိပါတယ်၊ "၀"နဲ့ တအာန်းကြား နိုင် ငံရေး အပေးအယူရှိပါလေ့မယ် ၊ တစ်နိုင်ငံတည်း သီးခြားစီအုပ်ချုပ်ချင်ပုံရပါတယ်။ ဒါဆို မဟာမိတ်လုပ်ထားတဲ့ SSPPကဘယ် လမ်းလျှောက်နေသလဲမေးစရာရှိပါတယ်၊ UWSA နဲ့ TNLAက SSPPကို ရွေ့စရာပွန်းတစ်ကောင် လိုသာအသုံးချနေတာဖြစ်ပါတယ်၊ အဓိက က တော့ RCSSကို ရှမ်းအချင်းချင်း နှစ်ဖက်ကွဲပြီး အင်အားနည်းအောင် တိုက်ခိုက်ဖို့ အမြဲသွေးခွဲထား ခံရတဲ့ အဖွဲ့လောက်ပဲသဘောထားပါတယ်၊ ဒီတော့ ရှမ်းအချင်းချင်းတိုက်ဖို့ လက်တွန့် လက်ရှောင် ဖြစ်နေတဲ့အခြေနေမှာ SSPPကို ၀င်ကူသလိုလိုနဲ့ နယ်မြေ၀င်ယူကြခြင်းမျိုးလုပ်ကြပါတယ်။ SSPPရှမ်းတပ်ဟာ UWSAနဲ့TNLA အဖွဲ့ က ဖယ်ဆိုဖယ်ရတဲ့အဆင့်ထက်မပိုခဲ့ဘူး၊ ထို့အ တူ တပ်မတော်ဟာ စစ်ရေးမသာနိုင်တော့ဘူးလို့ ဆုံးဖြတ်တာနဲ့ ရှမ်းအရှေ့ကို UWSAကသိမ်းပြီး နိုင်ငံတည်ထောင်ဖို့ ယူနန်အစိုးရတွင်းက ယူနန် ဘက်နေ "၀"လူမျိုးတွေရဲ့ ထောက်ခံကူညီမှုရနေ မှာကတော့ ပြောဖို့တောင်မလိုပါ၊ ဒီတော့ "၀"နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး စာချုပ်ကြီးဘန်းပြ ပြီး ရှမ်းအရှေ့ကို"၀" ညိမ်ထားလိုက်တယ်၊ အမှန်က စစ်အင်အားကိုတိုးချဲ့ပြီး အင်အားတည်ဆောက် နေခြင်းမျှသာဖြစ်တယ်။ အခက်ရှိနိုင်တဲ့ "၀"တောင်ပိုင်း (၁၁၇)စစ်ဒေသ ရှိ တပ်မဟာ(၅)ခုကို စစ်ရေးအင်အားတည်ဆောက် ခိုင်းထားပြီး၊ မြောက်ပိုင်း"၀"ဒေသ တပ်မဟာ(၅) ခုနဲ့ အရံတပ်တွေကို မဟာမိတ်ဖြစ်တဲ့ TNLA ရဲ့စစ်ရေးမှာကူတယ် ၊ ကိုယ်တိုင်တိုက်တာနည်း တယ် TNLAတိုက်ပြီးသားစခန်းတွေကို UWSA တပ်က၀င်ထိုင်ပြီး စခန်းတွေကိုထိန်းပေးထားတယ်၊ TNLA ကဆက်ပြီးတိုက်ကွက်ဖေါ်ရာမှာ အင်အား ပိုသုံးနိုင်အောင်ဖြည့်ပေးတဲ့သဘောပေါ့။ UWSAအနေနဲ့ ရှမ်းအရှေ့ကို သိမ်းဖို့ဆိုလျှင် လက်ရှိအင်အားနဲ့(လုံး၀)မလုံလောက်ပါဘူး၊ သူ ရင်ဆိုင်ရမှာက ထိုင်းနိုင်ငံတွင်းက စခန်း(၇)ခုကို တိုက်ခိုက်သိမ်းပိုက်ထားခြင်းကြောင့် ထိုင်းတပ်မ တော်က မျက်စိစူးနေတာကြာပါပြီ၊ UWSAကနေ တောင်ပိုင်း "၀"နယ်က ထုတ်ပြီးပို့နေတဲ့ ယာမနဲ့ အိုက်စ်တွေက ထိုင်းတွေကိုအတော်ပျက်စီးစေလို့ မကျေမနပ်ဖြစ်နေတာကြာပါပြီ၊ ဒီတော့ လွယ်တိုင်း လျှန်ရှိအင်အား၁၀၀၀၀၀န်းကျင်စုထားနိုင်တဲ့RCSS တပ်တွေကသာ "၀"တပ်တွေကိုထိုးစစ်ဆင်မယ်ဆို ထိုင်းကချက်ချင်းကူမှာပါ အစဥ်လာအရယ္ခင်ကလည်း ကူခဲ့သူတွေဘဲလေ။ ထိုနည်းတူ တပ်အင်အားဟာ ရှမ်းအရှေ့မှာတပ် ရင်းပေါင်း (50)ထက်မနည်းရှိပြီး အခြေချအရံ တပ်တွေပါပေါင်းရင် ရင်းပေါင်း ရာချီရှိတယ်၊အင် အားအရ စစ်သည်မှီခိုပေါင်းရင် အင်အားမနည်း ရှိတယ်(၂)သောင်း၀န်းကျင်ပေါ့၊ ဒီအပြင် လားဟူ လူမျိုးအများစုဟာ ပြည်သူစစ်မဟုတ်ရင် BGF လုပ်ကြတယ်အင်အား ၈၀၀၀/၁၀၀၀၀ ရှိတယ်၊ ဒီတော့ အင်အားမနည်းတဲ့ ၄ဖွဲ့လောက်နဲ့ရင်ဆိုင်ရမယ့် အခြေနေရှိတာကို "၀"ကရင်မဆိုင်ပဲ ငြိမ်းချမ်းရေး အကြောင်းပြစစ်ရပ်ထားနိုင်တယ်၊ သို့သော် တပ်မတော်အင်အားချိနဲ့ပြီးတဲ့ အခြေနေရောက်ဖို့ အခြားအဖွဲ့တွေကို စစ်အင်အားလက်နက်အင်အား ရောင်းပေးတာ ထောက်ပံ့ပေးတာလုပ်တယ်။
نمایش همه...
👍 110 4😁 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.