ar
Feedback
စာအုပ်လင့်များ

စာအုပ်လင့်များ

الذهاب إلى القناة على Telegram
5 819
المشتركون
+424 ساعات
-127 أيام
+230 أيام
أرشيف المشاركات
တနေ့က ပန်ဝါမှာစျေးရောင်းနေတဲ့ ကချင်မတစ်ယောက် သူ့ဆိုင်နားမှာ KIAကစုဆောင်းရေးလာဆွဲလို့ KIAကိုလိုင်းပေါ်တက်ဆဲပါလေရော။ စျေးသည်ခမျာလည်း တော်တော်ပေါက်ကွဲပုံရတယ်။ ဆိုင်နားစုဆောင်းရေးလာဆွဲရင် အဲ့ဆိုင်ဖွတ်တက်တာပဲလေ။ သူ့ဆိုင်ဘယ်သူလာတော့မတုန်း။ အဲ့တော့လိုင်းပေါ်တက်ဆဲရော သူ့ဆိုင်နားဆွဲရမလားပေါ့။KIAကို Manye တွေ jinti တွေပါထည့်ဆဲတာပေါ့။ အဲ့ဒါဘာတွေလဲဆိုတာတော့ ကချင်တွေမေးကြည့်ပေါ့။ အဲ့ဒါကိုသူတို့အစိုးရကြီးကိုဆဲရကောင်းမလားဆိုပြီး ပန်ဝါမှာဖမ်းပြီးအချုပ်ထဲထည့်လိုက်သတဲ့။ ဒါတင်မကသေး ဖြူစင်သန့်ရှင်းလှပါသော KIOအစိုးရကြီးကိုဆဲတဲ့အမှုဟာ အောက်ခြေမှာပဲမပြီးသင့်ဆိုပြီး လိုင်ဇာဗဟိုအချုပ်ထိကိုပို့ပြီး အချုပ်ထဲထည့်ဖို့လုပ်သတဲ့။ ဒါက ဘာပြစ်မှုလို့နာမည်တပ်ရမလဲ။ကချင်နိုင်ငံတော်ဆဲမှုလား။ မြို့နယ်အဆင့်ဆဲမှုမဟုတ်တော့ပဲ ဗဟိုအဆင့်ထိရှင်းရတယ်ဆိုတော့။ မလဖိုင်ဂျာဆိုင်းနူးနှင့် ကချင်နိုင်ငံတော်ဆဲမှုပေါ့။ source:Hkun Naung

ဆေးစာအုပ်ထဲမပါသေးတော့..လက်မခံချင်ကြဘူး ။ ကျနော်က လဲ ပြည်ပထွက်ခဲ့ပြီ ။ ညီမောင်ရဲ့ ဇနီး..ဒေါ်မျိုးဒူးနာတယ် ။ ဂျိုးက အထူးကုများနည်းအတိုင်း..အကိုက်ပျောက်ဆေး..စသည်ပေးတော့ အစာအိမ်ယောင် ၊ သွေးအန်ပေါ့ ။ ၂၀၁၄ - ကျနော့်မွေးနေ့မှာ..အမေက..မိသားစု ဆုံကြရန်ခေါ်တော့လာတယ် ။ မွေးနေ …့ရွှေတိဂုံရင်ပြင်ပတ်တော့..ဒေါ်မျိုးခမြာ..နာလို့ကောင်းကောင်းမလျောက်နိုင် ။ အိမ်ေ၇ာက်တော့..ကျနော့်က ဆီးဆေးပေးတာ..တဝက်သောက် ရန်ပြောတယ် ။ သူက နာလွန်းတော့ တလုံးသောက်ပြစ်တာ..ရေလဲ အများကြိးသောက်ပြစ် ။ နောက်နေ့လမ်းစလျောက်နိုင်တော့..ဂျိုး..ကိုရန်လုပ်ပါလေရော ။ ကိုကိုပြောထားတာ..မင်းက မယုံတောင်..ငါ့ပြောပြပေါ့ ၊ ငါက ကိုကိုပေးရင် ဘာဆေးဖြစ်ဖြစ်သောက်မှာ ။..ငါ ကံကောင်းလို့မသေတာ ။ ကိုကိုနယ်..ကျနော်သွေးအန်တာကို..နစ်ခါ ။ ကံကောင်းလို့သာပေါ့ ။ ၄၅ - ရက်လောက်အရမှာ..မေမေ နဲနဲမကျန်းမာလို့..ဂျိုးတို့အပြေးအလွှားဆင်းလာကြတယ် ။ ဒေါ်မျိုး..ဒူးသက်သာလားဆိုတော့.။.ကျနော်..မနက်တိုင်း..ဘော်လုံးကွင်းကို..၂ -ပတ် - ၃ -ပတ် ..ပတ်နေတာ ။ ဂျိုး..ဟုတ်ရဲ့လားဆိုတော့ ။ ကိုကို…တခါတလေ. ၅ ပတ်အထိပတ်လို့တားထားရတာတဲ့ ။ အဲဒီတော့..ကျနော့်ဆေးနည်းကတော့..ဒူးဂေါင်းကအရည်အပိုတွေကို..ဆီးဆေး နင့် ဖယ်ထုတ်တဲ့နည်းပါဘဲ ။ ဒူးဂေါင်းမှာ..အရည်ပိုတွေစုနေတာကို..ဆီးဆေး နင့်လျော့ချ လိုက်လျင်.. ဒူးအရီုးနစ်ခု..မူလအတိုင်း ပြန်ကပ်သွားတော့..ကွာမနေတော့ လမ်းလျောက်လျင်..ဆောင့်မိတာ မဖြစ်တော့ဘူး ။ မထိခိုက်တော့ဘူး ။ နစ်ပတ်လောက်အရမှာ..အရိုးနုလေးတွေအသစ်ပြန်တက်လာပြီး..မူလအတိုင်းပြန်လျောက်လာနိင်မည် ။ သို့သော်တချို့ မှာ..ဒူးဂေါင်းအဆစ်ပတ်လည်တွင်..အရည်စုတာကြာတော့..ဒူးအနီးမှာ..အရိုးတွေပွ ပြီး..ပုံပျက်သည်အထိ ဖြစ်သူတွေကတော့..တဖြေးဖြေးမှ ပုံမှန်ပြန်ရောက်ပါမယ် ။ ဆေးသောက်နည်းကတော့..ဆီးဆေးတမျိုးးမျိုး ကို..၂ - ရက်ခြားလောက်သောက်ရပါတယ် ။ အုန်းရည် နင့်သောက်ပြီး.ရေက.. တနေ့ ရေ ၂ - ပုလင်းသောက်ရပါတယ် ။ ကျနော်ကတော့ မျက်စေ့အတွင်းတိမ်သမားတွေကိုတိုက်သည့်..DIAMOX @ TEROCEC ( acetazolamide ) ကိုတခါသောက် တဝက်သောက်စေပါတယ် ။ အုန်းရည်က ခန္ဓာကိုယ်ကဓါတ်ဆားတွေ ဆုံးရှုံးတော့ နုံးလာတာမဖြစ်အောင်ကြိုတိုက်တာပါ ။ ဒါပါဘဲ ။ တခြားဘာဆေးမှ မတိုက်ပါ ။ အဲဒီတော့ဗျာ ။ ဆီးဆေးသောက်လို့ ဘာမှ အန္တရာယ်မရှိပါဘူး ။ ဆီးသွားများလျင်..ဓါတ်ဆားတွေပါ ဆုံးရှုံးတော့ နုံးတတ်တာတော့ရှိပါတယ် ။ ဆီးချုပ်လို့သေတဲ့ မသာတာများပါတယ် ။ ဆီးချုပ်လို ့ကျောက်ကပ်ဆေးနေကြတာ နည်းမှ မနည်းတာ ။ ဆီးဆေးသောက်လို့သေတာ..မရှိပါ ။ မျက်စေ့သမားတွေဆိုနေ့စဉ်သောက်နေရတာပါ ။ အသဲသမား ၊ သွေးတိုး..သောက်နေကြရတာပါ ။ စမ်းသောက်ကြည့်ပေါ့ဗျာ ။ ထူးခြားမှုက..တရက်ဆိုလျင်ပင်…သိသာစွာ ခံစားလာရပါမယ် ။ မယုံသူတွေ ဒေါ်မျိုးကို..မေးကြည့်နိုင်ပါတယ် ။ ဒေါ်မျိုးကတော့ အချိုမှုန့်တတ်နိုင်သလောက်ရှောင်ပြီး..ဆီးဆေးကိုတော့ မသောက်ရတော့ဘူးပြောပါတယ် ။ ၂၀၁၄ -ခုနစ်ကထည်းက..တခါထဲပျောက်အောင်ကုပေးထားတာ..သူ အမြဲစားရတဲ့ ဆေးဖိုးအကုန်သက်သာတာကို..ဆေးဖိုးအနေ နင့်တောင်းရဦးမယ် ။ ဒူးနာဝေဒနာကို..မြန်မာနိုင်ငံဆရာဝန်အသင်းသို့..တင်ပြပေးကြပါဦး ။ လူအများတင်ပြမှ သူတို့က သတိမူကြလေမည့်ပုံဖြစ်နေပါတယ် ။လူအများအပြား..ကိုခံစားလာနေကြရပါပြီ ။ နိုင်ငံတော်အတွက် လုပ်အားတွေလဲဆုံးရှုံး ။ သွေးအံလို့သေကြရသူတွေလဲ မနည်းတော့ ။ လူတွေလဲ..ဝဋ်နာအထင်ရောက်ကြရ ၊ စိတ်ဆင်းရဲကြနေတာတွေကို..ကျနော်တို့ဆရာဝန်များအနေ နင့် သုတေသန လုပ်ရန် မစဉ်းစားကြတော့ဘူးလား ။ ငွေကလဲ သောက်သောက်လဲကုန်ကြရ ။ ပြီးပျောက်တာလဲမဟုတ် ။ ကျနော်ယခု ဒူးနာမခံစားရပါ ။ သို့သော် အချိုမှုန့်ပြန်စားတာနင့်..နောက်နေ့ ပြန်နာလာတာပါဘဲ ။ ဒူးနာရသည့်အကြောင်းရင်းပင် တိတိကျကျ မထုတ်ပြန်ကြသေးဘူး ။ အနာမသိတော့..ဆေးမတွေ့ကြသေးဘူး ။ အဲဒီအတွက်..ဆရာဝန်များအသင်း ၊ ဆေးကောင်စီတို့မှ..Seminar တခုခေါ်သင့်ပါပြီ ။ ကျနော်က ရှေ့ကချည်း..ထထပြော ၊ ရှေ့ကရေးနေရတော့..ကြာတော့ လူလဲ..မျက်မုန်းကျိုးခံရတာများပြီ ။ ဆရာဝန်အသင်းမှ မလှုပ်လျင်..မြင်းကမလှုပ်လျင်..ခုံ က လှုပ်ဖို့လဲ..ဒူးနာသူများက အသင့်ပြင်ထားကြပါဦး ။ တခြားမဟုတ်ပါ ။ မိမိရပ်ကွက် ၊ မိမိလမ်းမှာ..ဒူးနာဝေဒနာခံစားနေရသူဦးရေ..စာရင်းကောက်ပြီး...ဖေ့ဘွတ်ပေါ်တင်ကြတာပေါ့ ။ ဆရာဝန် ( သမားဟူးရားကြိးများ )ဆိုတာ..ဆရာဝန်ဘွဲ့လက်မှတ်ခံယူသည့်အခါမှာ..Hippocratic Oath ကို ကျမ်းသစ္စာကြိမ်ဆိုရပါတယ် ။ ထိုကျမ်းသစ္စာထဲမှာ..ကုသရေးထက် ကာကွယ်ရေးက ပိုမိုထိရောက်သည့်အတွက် ကာကွယ်ရေးကိုဦးစားပေးရွတ်ဆောင်ပါမည် ဟု သစ္စာဆိုထားရပါတယ် ။ ကျနော်တို့မြန်မာနိုင်ငံဆရာဝန်များ ကောင်စီအနေ နင့် ကာကွယ်ရေးအတွက် ပထမ ခြေလှမ်းအဖြစ်..Seminar ခေါ်ရန်လိုပါကြောင်း ။ ခနခန ရေးနေရတော့..လူမုန်းအတော်များလာပြီ ။ 😮 လှိုင်မြင့်

ထိုအရိုးဂေါင်းနစ်ခုက..ထိကပ်ပြီးနေတာပါဘဲ ။ ဒူးဆစ်ရိုးကို..အရွတ်အိတ်နင့် ဖုံးအုပ်ထားးပါတယ် ။ Knee Joint Capsule ခေါ်ပါတယ် ။ အရည်စုတော့..ဒူးဂေါင်းအိတ်အတွင်းအရည်ပိုများလာတော့..ဒူးဂေါင်းမှာတင်းတာခံစားရပြီ..အရိုးဂေါင်း နစ်ခုက ထိကပ်မနေတော့ဘဲ..နဲနဲ ဝေးနေပါတော့တယ် ။ အဲဒီလိုကွာဟ ပြီးရှိနေတော့..လမ်းလျောက် ၊ ပြေးတော့..အရိုးဂေါင်းနစ်ခုကို ဆောင့်ပေးသလိုဖြစ်ပြီး..အရိုးနု ( အရိုးအနု ) ဆိုတော့ ကျေကုန်တော့တာပေါ့ ။ အရိုးအနု က ကျေဒါဏ်ရာရလျင်..သားငံရည်တွေပါထပ်ထွက်လာပြီး..ဒူးနာသူတွေ လမ်းလျောက် ၊ အပေါ်အောက်တက်ပြီးလျင်..ဒူးကြိးပိုတင်းပြီး.မနေနိင်အောင်ပိုနာလာတော့တာပါဘဲ ။ ဆရာဝန်ပြတော့..သွေးစစ် ၊ urea ဓါတ်များတာတွေ့မယ် ။ အချို အထူးကုတွေက..ဒူးဂေါင်းအိတ်ကိုဖေါက်အရည်စုတ်ထုတ်မယ်။ ခေတ္တတော့..အိုကေပေါ့ ။ ထိုအရည်တွေကိုလေသလပ်ခံလိုက်လျင်..uric acid crystal ဆားပွင့်လေးတွေရပါတယ် ။ ထိုဓါတ်ဆားပွင့်လေးတွေဟာ..အချိုမှုန့်နင့် ပုံသဏ္ဍန် တူနေကြပါတယ် ။ တချို့အထူးကုက..Steroid တွေထိုးပေးတော့..ချက်ချင်းသက်သာတာပေါ့ ။ Steroid တွေက..အယောင်ကိုလျော့စေတာကိုး ။ သို့သော် side effect ကဆိုးတယ် ။ အဲဒီမှာ အနာသက်သာအောင်..အရိုးဆိုတော့..အရိုးအကိုက်ပျေက်ဆေးတွေပေးတော့..အများစုက အစာအိမ်ကိုယောင်စေတတ်ပါတယ် ။ တချို့ဆို အစာအိမ်သွေးကျောပေါက်တဲ့အထိ ဖြစ်တတ်ပါတယ် ။ အူလမ်းကြောင်းသွေးယိုစိမ့်လို့သေကြရသူလဲ မနည်းတော့ ။ အချိုမှုန့်ကြောင့်ဆိုတာ..ကျနော် ထောင်ထဲမှာ..၂၀၀၁ ခုနစ် တန်ဆောင်မုန်းရက်ပိုင်း..ဝန်ထမ်းသွင်းလာပေးသည့် မယ်ဇလီဖူးသုတ် ( အချိုးမှုန့်များများ ) ကိုစားအပြီး..၃ ရက်လောက်အိပ်ပြီးရင်းအိပ်ချင်နေတယ် ။ တပတ်လောက်နေတော့..ဒူးနာတာစလာပြီး..နောက်ဒူးဂေါင်း ( ဘယ် ) ကွေးမရအောင်ဖြစ်ပါတယ် ။ ထောင်ကို..ငယ်သူချင်းအရိုးအထုးကုကိုဇော်ဝင်း ( မုံရွာသား ) လာကြည့်တော့..အပြင်ထုတ်..အပ်နင့်စုပ်ထုတ်ရန်တင်ပြပေမည့်..ကျနော့်အတွက် လွယ်လွယ်ခွင့်မပြုပါ ။ ထောင်ကလွှတ်တော့..အထူးကု နင့်ဆက်ကုနေရင်း.. တရက်..တူမလိုခင်မင်သည့် မမီမီး - ကိုJulian ရဲ့သမီးလေး...မကဲကဲ က လ္ဘက်သုတ်တွေကျွေပါလေရော ။ အချိုမှုန် ွအများကြိး ။ ကဲကဲလေးက..သူ့အဖေ ၊ အမေ ၊ အဖိုး အဖွား..ဘယ်သူမှ..သူ့ဆီက.. နှမ်းတစေ့လောက်ပင်..တောင်းစားလို့မရဘူး ။ ကျနော်လာလို့ကတော့..ရှိတဲ့ မုန့်ယူလာပြီး..ပေါင်ပေါ်တက်ထိုင်ပြီး..မုန့်ကိုသူက အရင်ကိုက်ကြည့်ပြီး..ကိုက်ပြီးသားကို ခွန့်တာ ။ ပါပါကြိး..ဒါလေးက စိမ့်တယ် ။ ဒါလေးကချိုတယ် ။ သူက..ကိတ်မုန့်ပေါ်က ချယ်ရီသီးအလွန်ကြိုက်သူ ။ ကျနော်ကလဲ အဲဒီအသီးမျိုလို့ကိုမရ ။ အနှံ့မခံတတ်တာ ။ သူကျွေးတာမစားလျင်..မျက်ရည်ကျ..ငိုင်နေတော့တာ ။ ကျနော်ကရွံတတ်သူ ။ ပထမပိုင်းမျိုမရဘူး..ပျို့ပျို့တက် ။ နောက်တော့.. အရင်ဘဝ..အမေတော်ခဲ့တာနေမှာတွေး.မိတော့ ၊ .မျိုနိုင်သွားတယ် ။ သူဝါးထားတာတွေ နဲအောင်ကိုယ်က လက်နင့်နိုက်ယူလျင်..လက်ကို ဖြန်းကနဲက ရိုက်ပြီး..မငတ်နဲ့နော် ။ ဒါအကုန်ကျွေးမှာက ပြောသေး ။ ဒါပါပါကြိးအတွက်ဘဲ..ဘယ်သူမျ မစားရဘူး ။ လက်ြထဲမှာ အချိုမှုန့်တွေအများကြိး ။ အိမ်ရောက်..ညပိုင်းကြတော့..ဒူးက တင်းလာ..ပူတက်လာပြီးနာတော့တာဘဲ ။ အဲဒီမှာသိလိုက်ပြီ..ဒူးနာတာ..အချိုမှုန့်ကြောင့် ။ အချိုမှုန့်ကြောင့်..ဆားဓါတ်များပြီး..အရည်စုတာ ။ ဒီတော့ ဆီးဆေးသောက်လိုက်တာ ။ တပတ်ရတော့..ဒူးနာစပျောက်လာတယ် ။ နစ်ပတ်လောက်ရတော့..နဲနဲအဝေးကိုလျောက်လာနိုင်တယ် ။ တလလောက်ရတော့..ပြည်သူ့ရင်ပြင်ကို..တစ်ပတ်ပတ်နိုင်တော့တာဘဲ ။ ဘန်ကောက်ရောက်တော့..လမ်းတွေလျောက်ရ ၊ လမ်းဂုံးကျော်တံတားတွေ တက်ရတော့..မကဲကဲလေး ကို ကျေးဇူးတင်လိုက်တာ..တင်လိုက်တာ ။ သူ သာ လ္ဘက်မကျွေးမိလျင်..ဒူးနာသည့်အကြောင်းရင်းကို..ကျနော်တွေ့ရှိမည်မဟုတ် ။ ဒီဒူးနာကိုသာမကုတတ်လျင်..အခုလောက်ဆို..ဒူး အစားထိုးလို့..နောက်တကြိမ်ပင်အစားထိးလဲရလေပြီသာ ။ ကျေးဇူးကြိးပါပေ့ မကဲကဲ လေး ။ တခါတခါတော့..ယခင်ဘဝတစ်ခုမှာ..ငါ့အမေမှ ငါ့အမေသေခြာတယ် ။ သူ ကြောင့်သာ..ဒူးနာရသည့်အကြောင်းရင်း သိသွားတာပါ ။ အခုအမေရိကန်ရောက် မလှဝင်းကလဲ..သူ့အမေ ၊ ဦးလေး ၊ အဒေါ်တွေခေါ်လာ ။ တခြားဒူးနာတွေလာကုတာကိုသေခြာလေ့လာပြီး.. သူ့ရပ်ကွက်ထဲကသူကဒူးနာတွေကို..ကျနော်ကုသလို ကုတော့တာပါဘဲ ။ ဒူးနာလာပြလျင်သူက..ဘာမှ မပြောနဲ့..ဒူးကိုလှန်.။.ပြီးသူက ကျနော်စမ်းသလို..ဒူးဂေါင်းရဲ့အပူဆုံးနေရာကို..နိုင်းယှဉ်စမ်းတယ် ။ ဒီနေရာက အနာဆုံး ( အပူဆုံးနေရာထောက်ပြ )။ ဟိုတွေကလဲ..ဟယ်တော်လိုက်တာ..အနာဆုံးနေရာမှ ကွက်တိ ။ ပြီးဆေးပေးတယ် ။ ဟိုက ဘယ်လောက်လဲမေးလျင် ။..အမလေး..ပေးမနေပါနဲ့ ။ ပျောက်မပျောက် ၂ -ပတ်လောက်ရရင်ထပ်လာပြ ။ နစ်ပတ်နေတော့..ဟယ်..အထူးကုနဲ့ကုတာ မပျောက်တာကို..မလှဝင်းကုပေးတာ..တပတ်ဆိုပျောက် ၊ နစ်ပတ်ဆို..လမ်းလျောက်ရတော့တာဘဲဆိုတော့..လာလိုက်ကြတာ ။ တရပ်ကွက်လုံးမက..တခြားရပ်ကွက်တွေကပါလာကြ ။ မြန်မာတွေကလဲ ကျေးဇူးတုန့်ပြန်..ပေးကြတာပေါ့ ။ ဆေးဖိုးတောင်းရင်တောင်..ဒီလောက်မရနိုင် ။ လှဝင်းတို့များ..ကုသိုလ်လဲရ..ဝမ်းလဲဝ ၊ နာမည်ကောင်းလဲ ။ ဒီကုနည်းကိုကျနော်..ပြည်ပမထွက်ခင်..ကျနော်ညီ ၊ ညီမတွေ ရှင်းပြတယ် ။

ထိုင်းက ကစ်ဘောက်ဆင်ပွဲတွေမှာ လက်သီးကြောင့် မျက်ခုံးကွဲ နှုတ်ခမ်းကွဲရင် သွေးမြန်မြန်တိတ်ပြီး ပွဲဆက်ထိုးလို့ရအောင် အချိုမှူန့် နဲ့ ကွဲတဲ့နေရာကို သိပ်ကြ ပါတယ်။ အချိုမှူန့်ဟာ သွေးကို အချိန်တို အတွင်း ပျစ်ခဲစေလို့ပါ။ ############## သြစတေးလျရောက် မြန်မာဆရာဝန်ကြီး ဒေါက်တာလှိုင်မြင့် ရေးတဲ့ Post ပါ။ ဆရာကြီးက နာမည်ကြီးမော်ဒယ်သန္တာလှိုင်နဲ့ ACID အဖွဲ့က အဆိုတော် ဘာဘူ တို့ရဲ့ အဖေပါ။ လက်ရှိ Sydney မှာ နေထိုင်ပါတယ်။ .......... ခေတ်စားနေ့တဲ့ ဒူးနာ ဝေဒနာ ။ ယခုတစ်ခေါက် မြန်မာပြည်ပြန်အရောက်..ရွာကိုပြန်တယ် ။ မုံရွာ ၊ မန္တလေး ၊ ရန်ကုန်က..မိတ်ဆွေတွေ ၊ အမျိုးတွေ ကျနော်ရောက်တယ်ဆိုတော့..တွေ့ချင်တာရော.၊ ကျန်းမာရေး တိုင်ပင်ချင်တာရော လာကြပါတယ် ။ မုံရွာ ၊ မန္တလေး..ကြိုတင် ဖုံးဆက်ထားပြီး..သူတို့က ကျနော် တည်းမည့် အိမ်ကြို ရောက်နေကြတယ် ။ ကြည့်ပေးရတာ.အခြားကျန်းမာရေးက..၃ -ခုဘဲရှိ ။ ကလေး ၂ ဦးပိန်လှီနေတာ ။ တဦးက မျက်စေ့ယောင်နေတာ ။ ကျန် လူအားလုံးက..ဒူးနာဝေဒနာတွေချည်းပါဘဲ ။ ရွာမှာ အတွေးတခု ဝင်လာပြီး..အမျိုးတွေကို..မေးပါတယ် ။ ၁၉၉၅ - ခုနစ် ရဲ့ဒီဖက်ကျနော်တို့ရွာမှာ..ဘယ်သူတော့..ဒူးနာလို့ လယ်ထဲမဆင်းနိုင်ဘူး..ကြားဖူးကြရဲ့လား ။ ဖြေကြတယ် ။ အယ်ဟုတ်ပါရဲ့..ကိုကိုမေးတော့မှ စဉ်းစားမိတယ် ။ ကျနော့်ကို ရွာက..ကိုကိုလို့ခေါ်ကြတာများတယ် ။ အငယ်တွေက..ပါပါကြီး လို့ခေါ်ကြတယ် ။ ထပ်မေးပြန်တယ် ။ ကဲ ကောင်းပြီ..အခုရွာမှာ ၅၅ -နစ်ကျော်ထဲက..ဒူးအကောင်းအတိုင်းသွားလာနိုင်သူရော..ရှိကြသေးရဲ့လား ။ ခနစဉ်းစားကြပြီး..ရှိတော့ ရှိပါသေးတယ် ။ ဒါပေမည့်နဲနဲဘဲရှိတော့တယ် ။ ကောင်းကြသေးရဲ့လား ။ ကျနော်တို့ဆေးကျောင်းသားဘဝ ၊ အလုပ်သင်ဆရာဝန်ဘဝ ၊ ဆေးခန်းဖွင့်သည့် တလျောက်..ဒူးနာကုပေးရတာ မရှိပါဘူးဗျာ ။ တခြားဆရာဝန်များရှိကောင်းရှိနိုင်ပါမည် ။ ကြုံ လဲမကြုံဖူးခဲ့ပါ ။ ၂၀၀၀ -ခုနစ်နောက်ပိုင်းအဖြစ်များလာပြီး..အားလုံး..ကုသာကုတယ် ၊ ပျောက်လဲမပျောက်ကြတာချည်းဘဲ ။ အနာသက်သာတဲ့ ဆေးတွေဘဲပေးနေကြတာပါ ။ palliative therapy အဆင့်သာ ။ တချို့ဆရာဝန်တွေကိုယ်တိုင်ပင်ဒူးနာတာခံစားနေကြပါတယ် ။..နောက်ဆုံး..ဘန်ကောက်သွား..အစားထိုး ။ ဟုတ်ကြသေးရဲ့လား ။ ဒါအမျိုးသားရေးပြဿနာအဆင့်ရောက်နေပါပြီ ။ What is the cause ? ဘာကြောင့်အခုခေတ်ကျမှ ထဖြစ်နေကြရတာပါလဲ ။ ၂၀၀၅- ခုနစ် မြန်မာနိုင်ငံဆရာဝန်များအသင်းက ကြိးမှုးပြီး..ပြင်ပဆရာဝန်များ၏ ဆေးပညာနှီးနှောပွဲကျင်းပပါတယ် ။ ပြင်ပဆေးခန်းဆရာဝန်တွေက..စာတမ်းမတင်ရဲကြပါဘူး ။ စာတမ်းတင်လျင်..သမားတော်ကြိးတွေ ၊ သမားတော်ပေါက်စတွေက မေးခွန်းတွေ ဒါဇင်မကမေးမြန်းတတ်ကြပါတယ် ။ ကျနော်က စာတမ်းနစ်စောင်သွားတင်ပါတယ် ။ မေးခွန်းလိုချင်နေသူလေ ။ စာတမ်းနစ်စောင်က .. ( ၁ ) အချိုမှုန့်ကြောင့်..ခေါင်မူးဝေဒနာဖြစ်ခြင်းအကြောင်းရင်း နင့် ကုသနည်း ။ ( ၂ ) အချိုမှုန့်ကြောင့်..ဒူးနာဝေဒနာများအဖြစ်များလာနေပြီ.၊ အကြောင်းရင်း နင့် .ကုသနည်း ။ ဆရာဝန်အသင်းတိုက်က..စာတမ်းလက်ခံသည့် စားပွဲက..ဆရာဝန်မတွေက စာတမ်းကိုဖတ်ကြည့်ပြီး..အားရ ၊ ဝမ်းသာသွားကြတယ် ။ စာတမ်းကောင်းကောင်း.နစ်ခုရပြီဆိုပြီးပြောပါတယ် ။ ၂ - ရက်နေတော့..ဖုံးဆက်မေးတော့..နိုင်ငံခြားတက္ကသိုလ် နစ်ခု ထပ်တိုးလာလို့ ဆရာ့စာတမ်းဖတ်ခွင့်ပေးဖို့..အချိန်မလောက်လို့ပါတဲ့ ။ တကယ်က..နိုင်ငံခြားတက္ကသိုလ်တွေက စာရင်းပေးထားတာ..လချီနေပါပြီ ။ လ္ဘက်ရည်ဆိုင်လာတာမှ မဟုတ်တာ ။ တကယ်စာတမ်းဖတ်တော့လဲ..တက္ကသိုလ်နစ်ခုကသာဖတ်ပါတယ် ။ ပြင်ပဆရာဝန်က တဦးမှ မဖတ်ဘဲ..ရန်ကုန်ဆေးရုံကြိး…ပါမောက္ခကြိးတွေကသာဖတ်သွားပါတယ် ။ ထောက်လှမ်းရေးက လိုက်ပိတ်ပင်တာပါ ။ နောက်တော့ သိရတာပါဘဲ ။ ဒူးနာဝေဒနာဖြစ်ရခြင်းအကြေင်းရင်းက..ကျနော်တို့ လူမျိုးတွေ အချိုမှုန့်အပေါစားတွေ အလွန်အကျွံသုံးစွဲမှုကြောင့်ဖြစ်ရတာပါ ။ အချိုမှုန့်တိုင်းက..salt retention side effect ရှိပါတယ် ။ ရေကိုစုပ်ထိန်းထားသည့် အာဏိသင်ရှိပါတယ် ။ ဒါကြောင့်အချိုမှုန့်စားပြီးလျင်ရေငတ် ရေဆာလာပါတယ် ။ အာခေါင်ချောက်သလိုခံစားရတာတွေက..ရေဓါတ်စုပ်ယူသည့် အာဏိသင်ပြတာပါ ။ ရေငတ်လို့ရေသောက်ပြန်တော့လဲ..ရှုးက ဆိုသလောက်မထွက် ။ ခန္ဓာကိုယ်မှာ ရေအပိုလာစုနေပါတယ် ။ အချိုမှုန့်မစားသူ တဦး အချိုမှုန့် မစားခင် ခန္ဓာကိုယ်အလေးချိန် ချိန်ကြည့်ထား ၊ digital body weight scale နင့်ပေါ့ ။ အချိုမှုန့်များများပါတာစာပြီး..နောက်တနေ့ချိန်ကြည့်လိုက်..၁.၀ ကီလိုကနေ ၁.၅ ကီလိုလောက်တက်လာပါတယ် ။ ဒါကိုမသိတော့..နိုင်ငံခြားရောက်မြန်မာတွေ..မြန်မာပြည်ေ၇ာက်တာနင့်..ဝိတ်တက်လာတယ် ။ စားလို့ဝတ်တက်တယ်ထင်နေကြတာ ။ ဆီးဆေးသောက်ကြည့လိုက် ချက်ချင်းပြန်ကျသွားပါတယ် ။ တကယ်က ဖေါလာတာပါ ။ ( ဖေါလာတာအတွက် ကျန်းမာရေးအန္တရာယ် ထပ်ရေးပါဦးမည် ) ။ တနည်း..ရေဖေါ ဖေါပါတော့တယ် ။ တချို့က ဒူးမှာ..သွားဖေါ စေပါတယ် ။ အများစုက...ဘယ်ဖက်ဒူးကို ပထမ စထိတာများပါတယ် ။ နစ်ဖက်နာလျင်ပင်..ဘယ်ဒူးက အနာပိုပါတယ် ။ ဒူးဂေါင်းမှာဖေါတော့..ဒူဂေါင်း၏တည်ဆောက်ထားပုံက ပေါင်ရိုး နင့် ခြေတောက်ရီုး နစ်ခုထိကပ်နေပါတယ် ။ မျက်နာပြင်မှာ အရိုးနုတွေ ရှိပါတယ် ။ လမ်းလျောက် ၊ ပြေး ၊ ခုန်..

ကွမ်းစားမလား ဆိုတဲ့ Video က တော်တော်ပေါက်သွားတယ်။ အထူးသဖြင့် ပန်ဆယ်လိုတို့ တင်လင်းအောင်တို့အပါ သရော်ထားတာ အများကြီးတွေ့ရတယ်။ ရွာလုံခြုံရေး ပြည်သူ့စစ် စခန်းက လူတစ်ယောက်ကိုကွမ်းစားမလား ဆိုပြီး ပြင်စတိုနဲ့ ဝင်ပစ်သွားတာဆိုတော့ ဒီကိစ္စက ခင်များတို့ ဘက်ကကြည့်ရင်တော့။ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်ဖြစ်နေလို့ အားရစရာ ရှိပေမယ့်။ အဲ့လူတစ်ယောက် သေသွားရုံနဲ့ ဘာမှဖြစ်မလာဘူး။ ရွာထိပ်က ‌ကင်းသမား သေသွားလို့လည်း တော်လှန်ရေးက အောင်မသွားဘူး။ နောက်ဆက်တွဲမှာ ရိုးရိုးသားသား သွားလာနေတဲ့ ရွာသားတွေ အစစ်ဆေးကြမ်းတော့မှာ။ အရပ်အဝတ်နဲ့ ဒီလို လိုက်လုပ်တာဟာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေတဲ့ပြည်သူတွေကို ယုံကြည်မှုကင်းမဲ့အောင် ဖန်တီး လိုက်တာပဲ။ ယူနီဖောင်းနဲ့ စစ်ကြောင်း ထိုးပြီး ပစ်ခက်သွားတာက အကြောင်းမဟုတ်ဘူး အခုဟာက ကွမ်းစားမလာဆိုတော့ ဂိတ်စောင့်က ပြည်သူထင်လို့ ကွမ်းလာယူတာ။ ဒီသတင်းက နေရာတစ်ခုမှာ ဖြစ်ခဲ့တာဆိုပေမယ့်။ ဒီဖြစ်စဉ်က တစ်နိုင်ငံလုံးကို အကျိုးသက်ရောက် သွားပြီ။ ပြည်သူထုကိုပါ ယုံကြည်ရခက်အောင် လုပ်လိုက်တာ ဖြစ်တဲ့အတွက်။ ပြန်သူနဲ့ ရန်သူကို စစ်တပ်က ခွဲခြားလို့မရတော့တဲ့ အခါကြရင် ဂိတ်တိုင်းအင်အားသုံး အစစ်ခံရတာ မျိုး ဆိုင်ကယ်နှစ်ယောက်မစီးရဆိုတာမျိုး ဂိတ်"ရောက်ရင် မောင်းလာတဲ့ ဆိုင်ကယ်ကို ဆင်းတွန်းရတာမျိုး မှတ်ပုံတင် မပါရင် ဂိတ်ကဖြတ်မရတာမျိုး မှတ်ပုံတင်ပါသော်လည်း ကျေးရွာရပ်ကွက် ထောက်ခံစာမပါရင် ဖြတ်သန်းလို့မရတာမျိုး ပြည်သူလူထုက ရင်ဆိုင်ရတော့မှာ။ အရင်က ကျွန်နော်တို့ မြို့မှာ ဒါမျိုးရှိခဲ့ဖူးတယ်။ အခုဖျက်သိမ်းထားတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ #ကွမ်းစားမလား #ပြည်သူ့စစ် #နိုင်ငံရေး #NewsUpdate

ငလျင်မှာ ရှောသွားတဲ့ စိန်ဆိုင်ရဲ့ ဂယက်နဲ့ အခု စိန်ဆိုင်တော်တော်များများ ငွေကျပ်နေတယ်။ ငလျင်ဆိုပြီး ဆိုင်က ပြိုသွားတော့ ပိတ်သွားတယ်၊ ကျန်ခဲ့တဲ့ မျိုးဆက်ကလည်း ရန်သူမျိုး ငါးပါးဆိုပြီး ဆက် တာဝန်မယူနိုင်တော့၊ ဒီဆိုင်က ဝယ်ထားတဲ့ ပစ္စည်းတွေက ဘယ်သွားသွင်းရမှန်းမသိဘူး။ အပြင်ဆိုင်တွေက ပြန်ဝယ်ပေးပါတယ်ဆိုတဲ့နေရာ သွားတော့လည်း ရွှေစျေးပဲ ပေးတယ်။ စိန်စျေး ကိုတော်တော် လျော့တယ်။ တောင့်မခံနိုင်ကြတဲ့ အဆုံးတော့ ဝယ်ပေးတာပဲ ကျေးဇူးဆိုပြီး ရောင်းခဲ့လိုက်ရတယ်။ ဒီ ဂယက်ကိုကြည့်ရင် စိန်ဆိုင် လုပ်ငန်းဆိုတာ ဆိုင်ဖွင့်တဲ့ သူ သော်ကေရင် ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် နောက် မျိုးဆက်က တာဝန် မယူဘူးဆိုတဲ့ အဓိပ္ပါယ် သွားတွေ့ရတယ်။ ဒီ ဂယက် အရ အခြားစိန်ဆိုင်တွေကိုပါ အသွင်းတွေ တအားများပြီး စိန်ဆိုင်တွေ ငွေပြန်မအပ်နိုင်ဘူးလို့ ကြားထားတယ်။ ကို့ မိတ်ဆွေတွေထဲမှာလည်း ထောင်ကြီးပိုင်းတွေ ပြန်သွင်းတာ ၂/၃လ ဆိုင်းထားတာတွေ ရှိတယ်။ ပြောပြတာပါ။ ဖြစ်နေတဲ့ လက္ခဏာတွေကို။ ဒီရက်ပိုင်းမှာလည်း ကျပ်တည်းကြတာဆိုတော့ အဆင်ပြေရာ ထုခွဲနေကြရတာပဲ။ source:Bhumar Dhipati Hein

White gold တွေ pt တွေဆိုပြီး ငွေရှစ်ပဲနဲ့ ရွှေရှစ်ပဲ ရောပြီး အရောင်တင် ရောင်း ကြတဲ့ခေတ်ကြီးထဲမှာ ရွှေဈေးနဲ့ ပြန်ဝယ်ပေးတာ မဟာကျေးဇူးပေါ့ အစောကြီးထဲက ပုလင်းကွဲမှန်းမသိ စိန်မှန်းမသိ ​နာမည်ကြီး ဆယ်လီနဲ့ ကြော်ငြာရင် ဝယ်ကြတဲ့ ခေတ်ကြီး တကယ့် စိန်သမားကြီးတွေတောင် ပြူးပြဲပြီး စစ်ပြီး ဝယ်တာတောင် အမှားပါနိုင်တဲ့ စိန်ကို ဒါလေးက ဈေးဘယ်လောက်ပါ ဆိုပြီး ခနကြာ အရောင်းအဝယ် ဖြစ်သွားရော တကယ့် နာမည်ကြီးတဲ့ ဆယ်လီတွေကိုမေးကြည့် နာရီနဲ့ ယူတာ မဟုတ်ဘူး %နဲ့ ကိုယူတာ 20%လောက်ကိုယူတာ ဒါမှမဟုတ် ကြမ်းခင်းဈေးကို သူတို့ ဘာသာ ဈေးညွန့်ချိုးပြီး သူတို့ ဘာသာ ဈေးညှိ ပြန်လျှော့ လုပ်နေကြတာ အဲ့တော့ အဲ့ဒါတွေအားလုံးအတွက် ဝယ်သူကပဲ စံခု ဒါတွေအားလုံး ပြန်တွက်ကြည့်လိုက်ရင် live မှာ ၁၀၀ ပေးထားတဲ့ ပစ္စည်း တစ်ခု ၅၀ပြန်ရရင် ကံကောင်းလို့ပဲ Source:Kyaw Zin

ကာစီနိုမှာ အလုပ်ဝင်ပြီး တပတ်လောက် အကြာမှာကတည်းက စပြီး ခံစားမိတဲ့ ခံစားချက် တခု ရှိတယ်။ အဲဒါကတော့…။ “လာဆော့တဲ့ လူတွေ ဘယ်သူ့ကိုမှ မယုံရဘူး” ..ဆိုတဲ့ အသိပဲ။ အဲဒီ အသိဝင်အောင်လို့လည်း အဖြစ်အပျက်ပေါင်းများစွာက ရိုက်သွင်းသွားခဲ့တာကိုး။ လူတွေဟာ ပိုက်ဆံနဲ့ ပတ်သက်လာရင် ငါးဒေါ်လာ ဆယ်ဒေါ်လာက အစ မရိုးသားနိုင်သော လူပေါင်းများစွာကို ကြုံအပြီးမှာ အဲဒီ အသိက ဝင်သွားတော့တာ…။ အဖြစ်အပျက် အသေးစိတ်တွေကို လျှောက်ရေးနေရင် စာက ဒီထက် ပိုရှည်မယ်။ *** ဒါပေမယ့် လူတိုင်းက အဲဒီလိုချည်း မရိုးသားနေကြတာလား ဆိုတော့လည်း မဟုတ်ပါဘူး။ တခါသား လူတယောက်ကို ဆယ်ဒေါ်လာ မှားလျော်မိတော့လု နီးနီးမှာ ဘေးလူက “ဟေ့လူ၊ သူက ရှုံးနေတာ ခင်ဗျားက နိုင်တာလေ” လို့ ဝင်ပြောရော…။ အပြောခံရသူက “မင်း ဘာလို့ သွားပြောလိုက်တာလဲ” လို့ ရှူးရှူးရှားရှား ထလုပ်တော့ ဟိုလူက… “ကိုယ့်လူ၊ သူ မှားလျော်မိလည်း ခဏနေရင် လုံခြုံရေး ကင်မရာကနေ တွေ့ပြီး မင်းဆီက ပိုက်ဆံ လာပြန်တောင်းမှာပဲ။ မင်းလည်း အဲဒီ အခါကျမှ ပိုတောင် ရှက်စရာကောင်းတယ်။ ဒါနဲ့.. နေစမ်းပါဦး။ မင်းက ငွေ ဆယ်ဒေါ်လာ အတွက်နဲ့ သူများကို ဒုက္ခတွေ့စေပြီး ကိုယ့်ကိုယ်ကိုယ် ဘာလို့ ရောင်းစားချင်နေရတာတုန်း” …လို့ ဒဲ့ကြီး ပြန်ဖြဲတာ…။ ဘယ်လိုမှကို မနေနိုင်အောင်ဘဲ အဲဒီလို ဝင်ပြောတဲ့လူကို “ကျေးဇူး တင်လိုက်တာဗျာ” လို့ ထုတ်ပြောမိတဲ့ အထိပဲ…။ သို့သော် အဲဒီလို ဝင်ပြောသူကို ကြုံဖူးတာက တော်တော့်တော်တော်ကို နည်းပါတယ်။ တကယ်တော့ ကာစီနို ဆိုတဲ့ လုပ်ငန်းက “ဘယ်သူ့ကိုမှ မယုံရခြင်း” နဲ့ လည်ပတ်ပြီး “သွေးအေးခြင်း” တွေနဲ့ တည်ဆောက်ထားတဲ့ လုပ်ငန်းတွေပဲ။ *** တနေ့ကတော့ အသက် ၇၀ ဝန်းကျင်လောက် လူကြီး တယောက် လာဆော့တယ်။ သူ လာဆော့ပြီး သိပ်မကြာခင် တခြားသော ခပ်ငယ်ငယ် ချာတိတ်တွေလည်း တဝိုင်းတည်း လာဆော့ကြတာပေါ့လေ။ ချာတိတ်တွေက အလည်လေးတွေ။ ဖဲဝေသူကို စိတ်ရှုပ် အာရုံနောက်အောင် စနစ်တကျ လုပ်ပြီး အမှားစောင့် ကစားနည်းမျိုး လုပ်တာ။ ကစားကြတဲ့ ငွေပမာဏက ဒီလောက်လည်း မများပါဘူး။ ကြာတော့ လူကြီးက ဝင်ပြောတယ်။ “ကောင်လေးတွေ၊ အဲဒီလိုတွေ မလုပ်ကြစမ်းပါနဲ့ကွာ။ ငါ ဒီအလုပ်နဲ့ ဗေးဂက်စ်မှာ ၂၆ နှစ်ကြာအောင် လုပ်ပြီးမှ အနားယူထားတာ၊ မင်းတို့ အေးဆေး ကစားကြစမ်းပါ” လို့ ဝင်ဟန့်တယ်။ မယုံရခြင်းတွေနဲ့ နေ့စဉ် ရင်ဆိုင်နေရပေမယ့် အဲဒီလို လူမျိုးတွေနဲ့ တွေ့ရတော့လည်း ပူလောင်နေတဲ့ အခိုက်မှာ ခပ်အေးအေး ရေတပေါက် ခဏလောက် သောက်လိုက်ရသလိုတော့ ခံစားမိတာပဲ။ *** ဘာလိုလို အိပဲ့အိပဲ့နဲ့ပဲ ဒီအလုပ်မှာ ဆယ်လ ကြာခဲ့ပြီ။ *** ကလိုစေးထူး

ဆွမ်းဝိုင်းစကား ပုထုဇဥ်ရဲ့ သဒ္ဓါတရား ပုထုဇဥ်တွေရဲ့ သဒ္ဓါတရားဆိုတာ ခိုင်မာမှု မရှိဘူး။ ယနေ့ ဒါဆိုပေမယ့် နောက်နေ့ အဲဒါ ဟုတ်ချင်မှ ဟုတ်တာ။ ဒါကြောင့် မခိုင်မာဘူးလို့ ဆိုရမယ်။ ဆင်ကျောက်ကုန်းပေါ် တင်ထားတဲ့ ဇီးဖြူသီး လိမ္မော်သီးတွေလိုပဲ လိမ့်နေတာမျိုး၊ မခိုင်မြဲဘူးပေါ့။ ဒကာကြီးတို့ ဟိုတုန်းက လှူထားတဲ့ ရေချမ်းစင်ကတော့ အဲဒီခေတ်တုန်းက တကယ်အကျိုးများတယ်။ အခုနောက်ပိုင်းကျတော့ အဲဒါတွေ မသောက်ကြတော့ဘူး။ ရေအိုးစင်နဲ့ ရေကတော့ ရှိနေတာပဲ။ ဒါပေမယ့် လှူစဥ်တုန်းက သဒ္ဓါတရားထက်သန်ခဲ့တယ်ဆိုရင် အကျိုးများပါပြီ။ အခု အသုံးမပြုတော့ဘူးဆိုပြီး စိတ်မကောင်းတွေ တွေးမနေနဲ့ပေါ့။ ဘုန်းဘုန်းတို့ကိုယ်တိုင်လဲ ပုဂံမှာသိန်းရာချီလှူဒါန်းပြီး ရေကန်တွေ ပြန်လည်တူးဖော်တဲ့အလှူ လုပ်ခဲ့တယ်။ ထက်ထက်သန်သန်ပါပဲ။ စာအုပ်စာတမ်းတွေတောင် ထုတ်ဝေခဲ့သေးတယ်။ ရေလှူရတာ စိတ်ဝင်စားတာနဲ့ ရေတွင်း ရေကန်တွေ လှူခဲ့တယ်။ လှူစဥ်က ထက်ထက်သန်သန်ဆိုပေမယ့် အခု အဲဒီကန်တွေက တကယ်အကျိုးများသလား မများဘူးလားဆိုတာ မသိပါဘူး။ ဒါပေမယ့် လှူဒါန်းစဥ်က ပုဗ္ဗ, မုဥ္ဧ စေတနာတွေ ထက်သန်တဲ့အတွက် အကျိုးကြီးပါလိမ့်မယ်။ တခါက သာသနာသိပ်ပြီး မကြည်ညိုသေးတဲ့ ဆင်းရဲတဲ့ ဒကာတစ်ယောက် ရှိတယ်။ တရက် ဆွမ်းစားပင့်တော့ ဘုရားနဲ့အတူ ရဟန်းတွေ ကြွတယ်။ ဒါပေမယ့် ဆွမ်းဘုဥ်းပေးပေမယ့် ရဟန်းတွေက ကပ်ထားတဲ့ဆွမ်းကို သိပ်မဘုဥ်းပေးဘဲ နေကြတယ်။ သူ့သပိတ်ထဲ နည်းနည်းပဲထည့်ပါ စသဖြင့် တားကြတာပေါ့။ ဆိုတော့ ဒကာက သူအနေနဲ့ဆင်းရဲလို့ ရဟန်းတွေက အားနာပြီးနည်းနည်းပဲ အလှူခံတယ်လို့ ထင်ပြီး များများစီစဥ်ထားလို့ များများအလှူခံဖို့ လျှောက်တယ်။ အဲဒီကျမှ ရဟန်းတွေ အဲဒီလိုမဟုတ်တဲ့အကြောင်း၊ သူတို့အနေနဲ့ အခြား(နောက်မှပင့်ထားတဲ့) ဒကာအိမ်မှာ ဒီအိမ်မကြွခင်လေး အရင်သွားပြီး ဘုဥ်းပေးခဲ့လို့ ဗိုက်ပြည့်နေကြောင်း ပြောကြတယ်။ ဒါကြောင့် သိပ်မဆာတော့လို့ နည်းနည်းပဲ အလှူခံကြောင်း မိန့်ကြတယ်။ အဲဒီလိုလဲ သိရော ပုဏ္ဏားလည်း ပေါက်ကွဲတော့တယ်။ အရှင်ဘုရားတို့ဘာသာ ဘုဥ်းချင်လည်း ဘုဥ်းပေး၊ မဘုဥ်းချင်လည်းနေ၊ လိုချင်လဲ ထည့်သွားကြဆိုပြီး ဘာမှဆက်လုပ်မပေးတော့ဘဲ အနားကနေဖဲသွားပြီး ပစ်ထားလိုက်တယ်။ နောက်မှ သူလုပ်တာ မဟုတ်သေးဘူးပါဘူးဆိုပြီး ဘုရားရှင်ကို လိုက်လျှောက်တယ်။ အချီးအနှီးဖြစ်သွားသလား၊ သူလုပ်တဲ့ကုသိုလ်အကျိုးတွေက အခြားသူတွေလို အကျိုးမများတော့ဘူးဆိုပြီး စိုးရိမ်စိတ်ဖြစ်တာပေါ့။ အဲဒီကိစ္စနဲ့စပ်ပြီးတော့ ဘုရားရှင်က တရားစကား မိန့်တော်မူတယ်။ "ဒါယကာ သင့်အနေနဲ့ မနက်ဖြန် ဆွမ်းဘုဉ်းပေးရန် ဘုရားအမှူးရှိတဲ့ ရဟန်းအပေါင်းကို ပင့်ဖိတ်တဲ့အချိန်ကစပြီး များစွာသော ကောင်းမှုကို ဆည်းပူးအပ်ပြီ၊ ​တစ်ပါးတစ်ပါးသော ရဟန်းကိုလဲ တစ်လုံးတစ်လုံးသော ဆွမ်းကို လှူတဲ့အချိန်ကမှစပြီး များစွာသော ကောင်းမှုကို ဆည်းပူးအပ်ပြီ၊ နတ်ပြည်ကို ဖြစ်စေတတ်တဲ့ ကောင်းမှုကို အားထုတ်အပ်ပြီဟု (မိန့်တော်မူတယ်)။ အဲဒီအခါကျမှ ထိုသဒ္ဓါတရားနဲတဲ့ ဒကာ့အနေနဲ့ ''ငါ့အား အရတော်သတတ်၊ ငါသည် ကောင်းစွာ ရအပ်သတတ်၊ ငါသည် များစွာသော ကောင်းမှုကို ဆည်းပူးအပ်သတတ်၊ ငါသည် နတ်ပြည်၌ ဖြစ်စေ တတ်သော ကောင်းမှုကို အားထုတ်အပ်သတတ်''ဆိုပြီး ရွှင်လန်းတက်ကြွစွာနဲ့ နေရာကနေ ထပြီး မြတ်စွာ ဘုရားကို ရှိခိုး၊ အရိုအသေပြုပြီး ဖဲခွါသွားတယ်။ ဒါနဲ့စပ်ပြီး ပရမ္ပရဘောဇနသိက္ခါပုဒ်ကို ပညတ်တော်မူတာပေါ့။ ဆိုတော့ အလှူတစ်ခုကို လှူပြီးရင် မလှူခင်ဖြစ်ဖြစ် လှူနေစဥ်ဖြစ်ဖြစ် ထက်သန်နေဖို့ လိုပါတယ်။ လှူပြီးရင်တော့ အပရစေတနာထပ်ပွားရင် ပိုကောင်းတာပေါ့။ ပိုကောင်းချင်ရင်တော့ အလှူအပေါ်မှာ သံသယဖြစ်တာမျိုး၊ ငါကတော့လှူတယ် သုံးလည်းမသုံးဘူးဆိုတာမျိုး၊ ဘယ်လိုတွေပြန်လုပ်ပစ်တယ်ဆိုတာမျိုး၊ အဲဒီလိုစိတ်တွေ မဖြစ်နဲ့ပေါ့။ လှူပြီးတဲ့နောက်ပိုင်း သဒ္ဓါတရားထက်သန်စွာနဲ့ စေတနာပြတ်သားစွာ လှူဒါန်းနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒါဆိုရင် ဒကာတို့လှူထားတဲ့ ရေအိုးစင်နဲ့ပတ်သက်ပြီး စိတ်ထားတတ်တော့ စိတ်ဆင်းရဲစရာတွေ တွေးပြီး ပူမနေရတော့ဘူးပေါ့။ အဲဒီလိုမဟုတ်ရင် မခိုင်မာတဲ့ ပုထုဇဥ်ရဲ့သဒ္ဓါတရာကြောင့် ကိုယ့်ကိုယ်ကိုယ် ပူပန်မှုတွေ များနေပြီး စိတ်တွေဆင်းရဲတတ်တယ်။ (လှရတနာဆရာတော်) မှတ်တမ်း အရှင်ရာဇိန္ဒ(မောင်မင်းစိုး) ကရုဏာအလင်း ဆရာတော်

2013 တုန်းက အဖွဲ့ချုပ်က လူကြီးတယောက်အကြောင်းပြောပြမယ်..... စာနဲနဲ ရှည်မယ် အဲ့အချိန် ကျနော်တို့က တပတ်ကို တပွဲ.....နိုင်ငံခြား ထွက်ကန်ရတယ်....အမှတ်ပေးပူံစံ အာဆီယံ ၁၀ နိုင်ငံ တပတ်တပွဲ.... အင်ဒိုနဲ့ကန်ဖို့ နိုင်ငံရေးအခြေအနေကြောင့် မလေးမှာကန်ရတယ်.... ကျနော်တို့ နိုင်ငံခြားသွားရင်... အဖွဲ့ချုပ်က လေဆိပ်မှာစားဖို​့အဖွဲ့ချုပ် စားဖိုဆောင်က နေ..ထမင်းကြော်ဗူးလေးတွေပေးတယ် တယောက်တဗူးပေါ့......မြန်မာနိုင်ငံက အသွားနော်.... အဲ့နေ့က ကန်ပီး မြန်မာပြည်မှာမို့ မလေးရှားလေဆိပ်မှာ...ကျနော်တို့က လေယာဉ် အချိန် နောက်ကျတဲ့အတွက်..လေဆိပ်မှာထိုင်စောင့်ကြတယ် အကုန်လူံးကလဲ ဗိုက်ဆာနေကြတာ ဒါနဲ့ကျနော်က captain ကိုသွားပြောတာ...မော်လူး ငါတို့ဗိုက်ဆာတယ် အုပ်ချုပ်သူကို တခုခုစားဖို့..သွားပြောပေးဆိုတော့သူက သွားပြောတယ်...... အုပ်ချုပ်သူဆိူတဲ့ သီပေါမင်းရဲ့ မြစ် နာမည်က ဦးစိုးဝင်း.. ကျနော်တို့က ခေါ်တာ နှခမ်းမွှေး .......ဘာပြန်ပြောလိုက်လဲဆိုတော့ စောနက မင်းတ်ု့ကို ဘီစကွတ် နှစ်ခုဆီကျွေးထားတယ်လေ...ဘာထပ်စားချင်သေးတာလဲ....ဗိုက်ဆာလဲ ရေပဲသောက်ဆိုပီး.........WTF**** အသင်းသားတွေစားဖို့သောက်ဖို့....အဖွဲ့ချုပ်ဆီက သူတို့ ထောက်ပံ့ ငွေ.. ဒေါ်လာ...၂၀၀၀ ရတယ်..သူတို့အိပ်ထဲပဲထည့်တယ် playerတွေကို အငတ်ထားတယ်...နိုင်ငံကိုယ်စားပြုနော်..... နောက်တခု CEO အဲ့ဘဲက တကယ့်စောက်ရူး.....စောက်ဘောလူံးအကြောင်းဘာမှနားမလည်..... ဘောလူံးပြိုင်ပွဲတွေကျင်းပတိုင်း ပြည်ပထွက်တိုင်း..သူတို့က ပလေယာတွေထပ် စောက်ဆံ ပိုရ.....ကားဆိုလဲ တစီးပီး တစ်စီး..... ကျန်တဲ့တယောက်ကတော့..သေသွားပီ....အဲ့ဘဲလဲ စားဘဲပဲ ဦးဇော်ဇော်ကိုယ်တိုင်ပြောဘူးတာရှိတယ် ဟျောင့်မငိးမနေ့ကထိုင်းမှာပါ အမျိုးသမီးအသင်းလဲ ရှူံးရော အမျိူသားအသင်းဘက် ချက်ချင်းရောက်လာတာပဲ.... အရှက်တရားလေးနဲ့ အသိတရား ရှိကြ ကွဆိုပီး....ကိုတွေ playerတွေရှေ့မှာ အပြောခံရတာ..... တကယ်စေတနာထားပီး အလုပ်လုပ်တဲသူ မရှိသလောက်ရှားပါတယ်... နောက်ထပ် ကြိုးကြာ....အဖွဲ့ချုပ်က လူ အရင်ကအဖွဲ့ချုပ်ကို ဖောင်းထုတဲ့လူ သူက Shan fan. ပြိုင်ပွဲတွေကန်မယ်ဆို တောင်ကြီးမြို့ကို မို​က်နဲ့ လိုက်ကြေငြာရတာ...အခုကြ အဖွဲ့ချုပ်မှာ ဆရာကြီးစတိုင်နဲ့...အရင်ကဆို ရွှေကိုရေ ဓာတ်ပုံလေးရိုက် လို့ရမလာ..ဘာ ညာနဲ့....အခုကြ playerတွေရှေ့ဆို လက်ကြီးပိုက် ဆရာကြီး စတိုင်နဲ့ .... ဘာမှ မတက်တဲ့ကောင်တွေက အဖွဲ့ချုပ်မှာနေရာရနေတာ..... အဖွဲ့ချုပ်ကို ဖောင်းထုရင် အဖွဲ့ချုပ်က လာဖောင်းထုမနေနဲ့ ငါ့တို့အလုပ် လာလုပ်ဆိုပီး ခေါ်လိုက်လားမသိ လက်ရှိဘောလူံးလောက အခြေအနေက အခုလက်ရှိအသင်းကြီးမှာကန်နေတဲ့ playerတွေနဲ့ လက်ရွေးစင် playerတွေက လက်တလော အဆင်ပြေမယ် အလည်လတ်ခြေစွမ်းရှိတဲ့ကောင်တွေ လစာလေး ၅သိန်း၆သိန်းနဲ့ သို့လောသို့လောနဲ့ ဘဝပျက်မယ်... အခုမှစကန်နေတဲ့ကောင်တွေ အချိန်မှီသေးတယ် နားလိုက်ပါ..အိမ်စီးပွားရေးနဲ့ အပြင်စီးပွားရေ လုပ်ပါ Playerတွေက ငတ် အဖွဲ့ချုပိက ကောင်တွေ အတတ် source:ShweKo

သ္ခင်ချင်းပု

"အထက်တန်း မှာ အောက်တန်းကျသူ" အရင်အပတ်က ကျွန်တော် ခရီးစဉ် တစ်ခု အလုပ်တွေ ပြီးလို့ ရန်ကုန် - နေပြည်တော် ရထားနဲ့ ပြန်လာပါတယ်။ တိုင်းအစိုးရ တစ်ခုက ပေးတဲ့ လက်ဆောင် တစ်ထုတ်၊ ကျွန်တော့် Suite Case တစ်ခု၊ လက်ဆွဲအိပ် တစ်ခု ပါလာပါတယ်။ ကျွန်တော့် အသိမိတ်ဆွေ တွေဖြစ်ကြတဲ့ အရင်တပ်မတော်မှာ အရာရှိ ဟောင်း၊ လုပ်ငန်းရှင် တစ်ယောက်က ဟိုတယ်ကနေ ရထား ဘူတာကို လိုက်ပို့ ကြပါတယ်။ ရထားဂိတ်ဖွင့်တော့ ကျွန်တော့် ထိုင်ခုံအထိ ပစ္စည်းတွေ လိုက်ပို့ပေးကြ ပါတယ်။ သူတို့တွေကို ကျေးဇူးတင်ကြောင်း ပြောပြီး နှုတ်ဆက်ကြပါတယ်။ နောက် ၁၅ မိနစ်အကြာမှာ ရထားထွက်ပါတယ်။ ကျွန်တော်က အထက်တန်းတွဲ ခုံအမှတ် (C) ဆိုတော့ တစ်ယောက်ထဲ ထိုင်ပါတယ်။ ခဏအကြာမှာ ရထားမှာ တာဝန်ရှိ အဖြူရောင်ဝတ်ဆင်ထားသူ ရောက်လာပါတယ်။ "ဒီအထုတ်ထဲမှာ ဘာတွေထည့်ထားသလဲ" ဆိုပြီး မေးပါတယ်။ ကျွန်တော်လည်း ယဉ်ကျေးစွာနဲ့ "တိုင်းအစိုးရက ပေးတဲ့ အစားအစာ တွေပါ" ဆိုပြီး ပြန်ပြောပါတယ်။ "ဘာအစားအစားတွေလဲ" ဆိုပြီး ထပ်မေးပါတယ်။ "ဆရာ - ကျွန်တော့် အထုတ် အပေါ်မှာ (VIP) ဆိုတဲ့ အမှတ်အထားပါ သလို၊ (MAI) ဆိုတဲ့ အမှတ်အသားလည်း ပါ ပါတယ်။ ခင်ဗျားမကျေနပ်ရင် ဖွင့်လိုက်ပါ၊ (ITEMS) က များတော့ ကျွန်တော်လည်း အကုန်လုံး ပြောလို့ မရဘူး" ဆိုပြီး ပြောပြပါတယ်။ "ခင်ဗျားရဲ့ နိုင်ငံသားကပ်ပြား ပေးပါ" ဆိုပြီး ပြောလာတော့ ကျွန်တော့် (US) နိုင်ငံကူးလက်မှတ်ကို အိပ်ကပ်ထဲက ထုတ်ပြီး ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ကြည့်လိုက် နိုင်ငံကူးလက်မှတ်ကို ကြည့်လိုက်။ (VISA) တွေကို ကြည့်လိုက်။ နောက်ဆုံးတော့စာအုပ်ကို ပြန်ပေးပြီး နောက်ခုံတန်းကို ထွက်သွားပါတယ်။ တာဝန်အရ လုပ်ဆောင်တာပါ ဆိုတဲ့ စကားပြောသွားမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ မသင်ကာလို့ စစ်တဲ့ ပုံစံနဲ့ စစ်သွားတာကိုတော့် တော်တော်လေးကို ဒေါသ ထွက်မိပါတယ်။ ကျွန်တော် ထိုင်တဲ့ (C) ခုံတန်း (B) မှာ အမျိုးသမီး တစ်ဦးထိုင်ပါတယ်။ ရထားထွက်တာနဲ့ ဖုန်းနဲ့ အဆက်မပြတ်စကား ပြောနေပါတယ်။ သူမ ပြောတဲ့ စကားတွေအရ သူမဟာ တက္ကသိုလ် တစ်ခုခုက ကထိက အဆင့်ရှိသူလို့ ခန့်မှန်းပါတယ်။ သူမ ပြောတဲ့စကားသံတွေက အိမ်ခြေ ၅၀ လောက်ရှိတဲ့ ရွာငယ်လေးက လူတွေအားလုံး ကြားနိုင်လောက်တယ် ထင်ပါတယ်။ ကျွန်တော် မခံနိုင်တော့ ဘယ်ဘက်နားကို လက်ညိုးနဲ့ ပိတ်နေရပါတယ်။ ရန်ကုန်ကနေ ရထားထွက်ပြီး တိုးကြောင်ကလေးဘူတာ အထိစကား ပြောနေပါတယ်။ တိုးကြောင်ကလေး ဘူတာမှာ ရထားက ၁၀ မိနစ်နားတဲ့ အချိန်မှာ ကျွန်တော့်ကို သီရိင်္လဂါ နိုင်ငံက မိတ်ဆွေ တစ်ဦးက ဖုန်းခေါ်လာပါတယ်။ ကျွန်တော် သူနဲ့ (Notary Club - Myanmar) အကြောင်းတွေ ဆွေးနွေးကြပါတယ်။ ဘယ်ဘက်လက်က ဖုန်းကို တစ်ဝက်ဖုံးပြီး တိုးတိုးလေး ပြောကြပါတယ်။ ၁၀ မိနစ်လောက်ပြောနေချိန်မှာ ရထား ပြန်လည်ထွက်ခွာပါတယ်။ အင်္ဂလိပ်လို ပြောနေတော့ ကျွန်တော့်ကို ကြည့်နေတာ တွေ့သိပါတယ်။ ကျွန်တော့် ထိုင်ခုံအရှေ့က လူကြီးတစ်ယောက်၊ အနောက်က အမျိုးသမီးတစ်ယောက် ရှိ နေတော့ အနှောက်အရှက်မဖြစ်အောင် တိုးတိုးလေး ပြောနေတာ အဲဒီ ဆရာမ သိသွားပုံ ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖုန်းလာရင် အသံတိုးတိုးလေးနဲ့ ပြောပါတော့တယ်။ တောင်ငူဘူတာရောက်တော့ အမျိုးသမီး နှစ် ဦး နဲ့ ကလေးငယ် တစ်ဦး တက်ပြီး (B) တန်း ထိုင်ခုံ (၁-၂-၃) မှာ ထိုင်ကြပါတယ်။ ကလေးငယ်က ကျွန်တော့်အရှေ့မှာထိုင်ပါတယ်။ ရထားထွက်တာနဲ့ မျောက်ရှုံးအောင် အော်လိုက်၊ ပြေးလွှားလိုက်၊ "မေမေ သား ဟိုဟာစားချင်တယ်တယ်။ ဒီဟာ စားချင်တယ်" ဆိုပြီး ရထားတွဲ တစ်ခုလုံး နားညီးအောင် ပြောနေတယ်။ သူ့အမေနဲ့ ဘေးက ထိုင်တဲ့ အမျိုးသမီး က ဖုန်းတွေဖွင့်၊ ဓါတ်ပုံတွေရိုက်၊ အမျိုးသား ထံကိုပို့ပေး၊ အမျိုးသားထံက ပြန်ပြောနေတဲ့ စကားတွေကို အသံကျယ် (Speaker) ဖုန်းဖွင့်ပြီး နားထောင်၊ ပြန်ပြော၊ ကိုယ်ပိုင်ရထားများ စီးနေကြ သူတွေနဲ့ သူတယ်လို့ ခံစားမိပါတယ်။ နေပြည်တော်မဝင်ခင် ပျဉ်းမနားဘူတာမှာ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်၊ အရာရှိ တစ်ဦး တို့က နိုင်ငံသားကပ်ပြား တွေ လာစစ်ပါတယ်။ (IPAD) တွေနဲ့ ခရီးသွား တွေကို ဓါတ်ပုံရိုက်၊ မှတ်ပုံတင် အချက်အလက်တွေ ထည့်သွင်းတာလုပ်ကြ ပါတယ်။ ကျွန်တော့်မှာ ဘာမှ မရှိတော့ နိုင်ငံကူးလက်မှတ်ကို ပေးလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်က သူ့အရာရှိကို နိုင်ငံကူးလက်မှတ် ပေးလိုက်ပါတယ်။ ရဲ အရာရှိက "You are fine" လို့ ပြောပြီး နိုင်ငံကူးလက်မှတ်ကို ပြန်ပေးပါတယ်။ ကျွန်တော်က "ကျေးဇူးတင်ပါတယ် အရာရှိ၊ လို့ ပြန်ပြောတော့မှ - ဆရာက မြန်မာလို တတ်သလားမေးလာပါတယ်။ ဟုတ်ကဲ့ အရာရှိ၊ ကျွန်တော်က မြန်မာပြည်ဖွား၊ ချင်းအမျိုးသား၊ အမေရိကန် နိုင်ငံသား ခံယူထားသူပါ" ပါ လို့ ပြောလိုက်ပါတယ်။ ရန်ကုန် - နေပြည်တော် အမြန်ရထား အထက်တန်းတွဲ ဆိုတာ စျေးပေါပါတယ်။ ကိုင်ပိုင်ကားနဲ့ ဒရိုင်ဘာနဲ့ ရန်ကုန်အထိ "လာကြိုပေးပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရပါတယ်။ ရထားနဲ့ သွားတာ လုံခြုံရေး၊ သက်တောင့်သက်သာ၊ ရှုခင်းတွေကြည့်၊ စိတ်လက်ချမ်းသာလို့ စီးရတာပါ။ အဲဒါတွေကြောင့် ဒီအမြန်ရထားကို အကြိမ် မနည်း စီးဘူးပါတယ်။ ဒီတစ်ခေါက် ခရီးစဉ်မှာ ရခဲ့တဲ့ ပညာနဲ့ အတွေ့အကြုံကတော့ - "အထက်တန်း အတွဲမှာ ရထားစီးနိုင်ပေမယ့် အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ ရှိသူတွေ ရှိနေဆဲပါလား" ဆိုတဲ့ အချက်ပါ။

ကျနော်က Logistics နဲ့ Supply Chain ကို စိတ်ဝင်စားသူဖြစ်တဲ့အတွက် ဒီတန်ဖိုးကွင်းဆက် (Value Chain) ကို နားလည်ပါတယ် တောင်သူ → ပဲပိစပ် → Crushing Plant → Soybean Oil + Soybean Meal → Feed Mill → ကြက်ခြံ → ကြက်ဥ → ဈေးကွက် ဒီကွင်းဆက်တစ်ခုလုံးကို မြန်မာနိုင်ငံမှာ အပြည့်အဝ ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် စားသုံးဆီ သွင်းကုန် လျော့မယ်။ Soybean Meal သွင်းကုန် လျော့မယ်။ ကြက်၊ ဝက်၊ ငါးအစာကုန်ကျစရိတ် လျော့နိုင်မယ်။ ကြက်ဥနဲ့ ကြက်သားဈေး တည်ငြိမ်လာဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါဟာ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ အရေးပါတဲ့ စက်မှုလုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပါတယ်ဆိုတာကို မြင်ပါတယ် (၁) Soybean Contract Farming – Feed Mill၊ Crushing Plant နဲ့ တောင်သူတွေကို စာချုပ်စိုက်ပျိုးရေးစနစ်နဲ့ ချိတ်ဆက်ပေးရန်။ (၂) Soybean Crushing Plant – ပြည်တွင်းကြိတ်ခွဲစက်ရုံများ တိုးချဲ့တည်ဆောက်ပြီး Soybean Oil နဲ့ Soybean Meal ကို တစ်ပြိုင်တည်းထုတ်လုပ်ရန်။ (၃) Feed Formula Diversification – Soybean Meal တစ်မျိုးတည်းကို မမှီခိုဘဲ နှမ်းဖတ်၊ မြေပဲဖတ်၊ ပဲမျိုးစုံ၊ Black Soldier Fly စတဲ့ ဒေသထွက်ပရိုတင်းအရင်းအမြစ်တွေကို သုတေသနလုပ်ပြီး အစားထိုးအသုံးပြုရန်။ (၄) Parent Stock နဲ့ Hatchery ဖွံ့ဖြိုးရေး – Commercial Layer မျိုးတွေကို ပြည်ပအပေါ် မှီခိုမှု လျှော့ချနိုင်ဖို့ မျိုးပွားစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန်။ (၅) Cold Chain နဲ့ Logistics – Feed နဲ့ ကြက်ဥသယ်ယူပို့ဆောင်ရေးစနစ်ကို တိုးတက်အောင်လုပ်ပြီး ဆုံးရှုံးမှု (Loss) ကို လျှော့ချရန်။ လောလောဆယ်တော့ ကြက်ဥ မှာအမှန်တကယ်လိုနေတဲ့ ပဲပုတ်စေ့ ကို Import ကိစ္စ ပြန်သုံးသပ်ပေးရမယ် ဒါမှသာ မြန်မာ Food Chain အတွက်အဆင်ပြေလိမ့်မယ် နေစေး

ကြက်ဥကိစ္စ မှ အစပြုပြီး ရေရှည်အစီအမံအကြံပြုချက် အခုမြန်မာနိင်ငံက ကြက်ဥ တွေအများစုဟာ Hy-Line Hy-Line Brown , Lohmann Brown , ISA Brown Bovans Brown တွေဖြစ်ပြီး Hy-Line Brown အများဆုံး မွေးတာပါ ဒီကြက်တွေဟာ Commercial Layer (ဥစားကြက်) မျိုးတွေထဲက တစ်မျိုးဖြစ်ပြီး အမေရိကန်နိုင်ငံက Hy-Line International က ထုတ်လုပ်ထားတဲ့ မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကြက်ခြံကြီးအများစုမှာလည်း ဒီမျိုးကို အဓိကအသုံးပြုကြပါတယ် ဒီကြက်တွေရဲ့ ဥထွက်နူန်းကလည်း တကောင်ကို တနှစ် မတွင်း အလုံး ရေ ၃၂၀ နဲ့ ၃၄၀ လောက်ထွက်တယ် ကြက်ဥ Size ကလည်း ၆၅ ဂရမ် ရှိတယ် ကြက်ကလဲ တကယ်ကို တပြွတ်ပြွတ်ထွက်တာ.. ကြက်ဥစက်ကြီးလိုပါပဲ.. ဒီကောင်တွေက တရက်ကို အစာ ၁၁၅ ဂရမ်လောက်ကိုစားတယ်ပေါ့လေ စားတဲ့ အစာတွေကထဲမှာမှ ပြောင်း (Corn) – ၅၀–၆၀% Soybean Meal – ၂၀–၃၀% Rice Bran (ဖွဲနု) Fish Meal (ငါးမှုန့်) Limestone (ကယ်လ်စီယမ်) Vitamin & Mineral Premix အဲလိုသုံးရတာပါ ပြောင်းက (Carbohydrate/Energy) ပဲဖတ်က ပရိုတင်းဓာတ်အတွက် မြန်မာနိင်ငံမှာက ပြောင်းက ရှိတယ် ဖွဲနုလဲရှိတယ် ငါးမှုန့်လဲရှိတယ် လုံလောက်အောင် မရှိတာက Soybean Meal ပဲပုတ်ကြိတ်ဖက်ပါပဲ ဒါက မြန်မာပြည်မှာဆိုရင် ရှမ်း နဲ့ ဧရာဝတီ မှာထုတ်တယ် ဒါပဲမယ့် အများကြီး မရှိတော့မလောက်ဘူး Soybean Meal ပဲပုတ်ဖက်က ကြက်ဥ Fram တွေပဲသုံးတာမဟုတ်ဘူး ဝက်စာတို့ ငါးစာတို့မှာလဲသုံးတယ် မြန်မာနိင်ငံရဲ့ ပဲပုတ်ဖတ် လိုအပ်ချက်က တနှစ်ကို တန်ချိန် ၅ သိန်း နဲ့ ၆ သိန်းကြားမှာရှိတယ် ဒါအရင်ကပေါ့လေ အခုကြတော့ မွေးမြူရေးလုပ်ငန်းတွေ ကျဆင်းကုန်တော့ ၂၀၂၃ ကနေ ၂၀၂၄ ကြားမှာ လိုအပ်ချက်က ၂၂၅,၀၀၀ ထိပဲလိုတော့တယ် ဒါတွေက USDA ကထုတ်ပေးတဲ့ Data တွေပါ လိုအပ်တဲ့ ကုန်ကြမ်းကို နိင်ငံခြားကနေ Import သွင်းရတယ် ပြည်တွင်းမှာလဲ ပဲပုတ်ထုတ်တယ် အခု Import ကနေ လိုင်စင်တွေခက်ခဲတယ် အစပထမ မှာ ပဲပုတ်စေ့ တန်ချိန် ၈၀၀၀၀ ကို မွေးမြူရေးအဖွဲ့ချုပ်လက်အောက်ကနေ အစိုးနဲ့ ညိနိူင်းပြီး ခွင့်ပြုပေးတယ် ဒါပေမယ့် မလောက်င ဘူး Import လုပ်ဖို့ စီစဥ်ရင် FESC က ချပေးတယ် ဒါပေမယ့် အောက်မှာ လယ်ဆည်ဘက်ကနေ သတ်မှတ်ထားတဲ့ တန်ချိန် ၈၀၀၀၀ ထဲမှာ ဝင်ရမယ် မဟုတ်ရင် ခွဲတန်းမရဘူး FESC က နိင်ငံခြားငွေ အတွက် ကော်မတီ ဆုံးဖြတ်ပီးရင်တောင်မှ ခွဲတန်းကနေ မရှိရင် Import ပါမစ်ထုတ်မရဘူး ဒါတွေကို လူကြီးတွေက မသိဘူး မဟုတ်ဘူး သိတယ် အစည်းဝေးခေါ်ပြီးပြန်သုံးသပ်ပြီး ပြင်ဆင်ရမှာပါ Import က မလောက်ငတော့ လိုင်စင်ကမရဘူး လိုင်စင်ရဖို့ခွဲတမ်းကလဲ မရှိတော့ မှောင်ခိုကနေ သွင်းရရော အဲဒီမှာစျေးက ပစ္စည်းဖိုးမပါ တတန်ကို သိန်း ၅၀ လောက် ရှိသွားတယ် ဒါကလဲ ကြားသိရတာပါ အဲထက်များရင်လဲများမှပေါ့ နောက်တခုက​ Import ပဲပုတ်စေ့က စျေးကို ပြည်တွင်းထုတ်လုပ်သူတွေ ပဲပုတ်သမားတွေပါ ဒီစျေးလို ဆွဲတင်တယ် လိုက်ရောင်းတော့ စျေးက ဆွဲချလို့မရဘူး အဲလိုစျေးကြီးမြင့်နေရာကနေ တပူပေါ် နှစ်ပူဆင့်ပြီး ကြက်အကောင်ရေ ၄၀% လောက်သေကုန်တယ် အဓိသေတာက ရောဂါကြောင့် ကာကွယ်ဖို့အတွက် ဆေးမရှိတာလဲ အမှန်ပဲ မနေ့ကအစည်းဝေးမှာတော့ သတင်းကြားရတာက ကာကွယ်ဆေးတွေကိုတော့ ထပ်တိုးလိုင်စင်ပေးမယ် လိုအပ်နေတဲ့ပဲပုတ်စေ့ကတော့ ခွဲတမ်းပါမစ် ထပ်မထုတ်ဘူးသိရတယ် ဒီတော့ အကြောင်းကတော့ မှာထားတဲ့ ပဲပုတ်တွေ အချိန်မှီမရောက်သေးလို့ တကမ္ဘာလုံးမှာလဲ ပဲပုတ်စေ့ ပြသနာနည်းနည်းရှိနေတယ် India မှာလဲ GMO အစာတွေ မသုံးရဆိုတာတွေကြားသိရတယ် အာဖရိက စျေးကွက် က ပဲပုတ်စေ့အမှာတွေပါ ဖြတ်ရတဲ့ အထိပဲ ဒီတော့ ပဲပုတ်စေ့တွေမရောက်ခင်စပ်ကြား ခက်ခဲနေကြတယ်ပေါ့.. ဒါကလည်း အကြောင်းပါပဲ ပဲပုတ်စေ့ တကယ်တော့ စီးပွားဗျူဟာလက်နက်တခုပါပဲ.. တရုတ်နဲ့ အမေရိကန် Tariff War ဆင်နွဲတုန်းက အမေရိကန်ဘက်က တရုတ်လိုနေတဲ့ ပဲပုတ်စေ့ကို အခွန်နူန်းဆွဲတင်ပြီး ကိုဆော်လို့ မြန်မာဘက်ကနေ ပတ်သွင်းဖို့ လာပြီးတောင်ပြောကြတာရှိတယ် အခုလဲ ပဲပုတ်စေ့ ကိစ္စ ဖြစ်ပြန်ပြီ မြန်မာနိင်ငံမှာ ပဲပုတ်စေ့လိုအပ်ချက်ကလဲ ရှိနေအုံးမှာမို့ ဒါကို ရှိနေပြီးသား ပဲပုတ် ကို ပြည်တွင်းမှာ အများအပြား ထုတ်လုပ်ဖို့လုပ်နေတာရှိတယ် ရှမ်းပြည်နယ် ပဲခူး နဲ့ ဧရာဝတီမှာပါ ဒါပေမယ့် ထပ်တိုးလုပ်ဆောင်တာက အရမ်းနည်းပြီးလိုအပ်ချက်က တနှစ် တန်ချိန် ၆ သိန်းဆိုတော့ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေတယ် လက်ရှိ မြန်မာနိုင်ငံမှာ စားသုံးဆီကိုလည်း တင်သွင်းနေရပြီး၊ Soybean Meal ကိုလည်း Feed Industry အတွက် တင်သွင်းနေရတာကြောင့် Soybean Crushing Industry တိုးတက်လာရင် အကျိုးနှစ်မျိုးရနိုင်ပါတယ်။ တန်ချိန် ၆ သိန်းရဖို့အတွက် တဧကကို တတန်လောက်ထွက်တာမို့ မြေဧရိယာ ၆ သိန်းလိုပြီး စိုက်ပျိုးထုတ်လုပ်စရိတ်က တောင်သူအနေနဲ ၁၀ သိန်း နဲ့ ၁၅ သိန်းကြားရှိမယ် မျိုးစေ့ကတော့ ရေမြေနဲ့ညီတာကို သွင်းပြီး လုပ်ရမယ် ဒီတော့ မဟာဗျူဟာ ရေရှည်စီမံကိန်း နဲ့ မွေးရေအသင်း ပြည်တွင်းစားအုံးဆီ အသင်း စိုက်ပျိုးရေးအဖွဲ့တွေ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေ စိုက်ပျိူးရေးပညာရှင်တွေ အချင်းချင်းတိုင်ပင်ပြိး Thai က အဖွဲတွေလုပ်သလို တယောက်တပေါက်မဟုတ်ဘဲ လက်တွဲညီညီ နဲ့ စီမံကိန်းတရပ်ဖော်ဆောင်ဖို့လိုပါတယ်

"ဆရာမဖြစ်ချင်နဲ့" --------------------------- မင်းကို ငါပြောပါတယ် - ဆိုဆုံးမလို့ - ရတဲ့တပည့်ကိုဘဲ ဆိုဆုံး မပါ - မရတဲ့တပည့်ကို ထားလိုက်ပါ ။ အဲ့သည့်တပည့်ကို ဆုံးမမည့်သူ ရှိပါတယ် ။ သူ့ကိုဆုံးမမည့်သူက သူ့ရဲ့ဘဝ ဘဲ ။ ဆရာရိိုက်တာကို ပိုပိုသာသာ နာပြ တတ်တဲ့တပည့်ဟာ "ဘဝ" က သူ့ကိုရိုက်တဲ့အခါ ကျောကော့အောင်ခံရလိမ့်မယ်။ ဒါကလောကနိယာမဘဲ ။ တို့ပညာရေးမှာ အားကိုးမရှာနဲ့ -ဘယ်သူ့မှ အားကိုးလို့မရဘူး - ကိုယ်ဖြစ်ကိုယ်ခံ။ မဖြစ်ရင် ဘာမှမဖြစ်ဘူး -အဲ့ဒါ လက်သုံး စကား ။ ဒီတော့ - ဘာမှမဖြစ်အောင်နေ- နေတတ်အောင်နေ ။ ကြီးတဲ့အမှုငယ်အောင် - ငယ်တဲ့အမှုပျောက်အောင်ဆိုတဲ့ (ပညာဥာဏ်ကြီးမားမှုတွေ)ရဲ့အောက် မှာ - တပည့်တွေနဲ့တစ်ခုခုဖြစ်ကြည့် - "ကျွန်တော် /ကျွန်မ နောင် မဖြစ်စေရပါဘူး" ဆိုတဲ့ခံဝန်ကတိနဲ့ -ပညာရေးက ဆရာ/ဆရာမတွေ စိတ်ပျက်ကုန်ကြတာကြာပြီပေါ့ ။ ဒီတော့ - ၁-ကျောင်းပျက်တာလား (ပျက်ကွက်) ပြထားလိုက် ။ ကျောင်းအုပ်က သူဘာသာ ရှင်းလိမ့်မယ် ။ ၂- စာသင်ခန်းထဲမှာသမီးရည်းစားချိန်း တွေ့နေလား -ကိုယ်ကရှောင်သွားလိုက်။ ၃- ရန်ဖြစ်နေလား -အလုပ်တစ်ခုပြပြီး အ ဝေးကိုသွားနေလိုက် ။ ၄- စာမကျက်ဘူးလား - အလိုလို အောင် နေတဲ့ကိစ္စကို ဘာလို့ပူပေးနေမှာလဲ ။ ၅- မူးယစ်ဆေးသုံးနေသလား-ထားလိုက် ပါ - သူကြိုက်လို့သူသုံးတာဘဲ ။ ၆- မှတ်ထား စာသင်ရင်ချွေးမထွက်စေနဲ့ ကိုယ်ကပေးနေလည်း မယူချင်သူတွေအ တွက်က နားငြီးနေလိမ့်မယ် ။ ၇- ဘယ်တော့မှ မှန်အောင်မနေနဲ့ water follow fish follow(ရေလိုက်ငါးလိုက်)တဲ့ # တို့ပညာရေးကလေ -"နေတတ်ရင်ပျော် စရာကြီး" ပါ ။ source:Myat Moe

ဂတုံးပေါ်က လက်သိပ်ထိုးတင်ဒါကို မွန်ပြည်သူတွေ ဝဋ်ရှိသမျှ ဆက်ခံကြပေတော့ (မင်းရာမည ရေးသားသည်) ပင်လယ်ကမ်းရိုးတန်းရှိပြီး ကိုယ်ပိုင်ဆိပ်ကမ်းကနေ စက်သုံးဆီ တိုက်ရိုက်တင်သွင်းနိုင်တဲ့ မွန်ပြည်နယ်မှာ နေထိုင်ရတာဟာ တကယ်တော့ ကံကောင်းခြင်းတစ်ခု ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မွန်ပြည်သူတွေဟာ မြန်မာတစ်ပြည်လုံးမှာ စက်သုံးဆီဈေး အမြင့်ဆုံးပေးဝယ်နေရတဲ့အပြင် ခဏခဏဆိုသလို ဆီပြတ်လပ်တဲ့ ဒုက္ခကိုလည်း ခါးစည်းခံနေရပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စစ်ကောင်စီအစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းတို့ လက်ထက်က “လှလှပပ” ကစားသွားခဲ့တဲ့ လက်သိပ်ထိုး တင်ဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ အခုဇူလိုင် ၁၇ ရက်ကစပြီး မွန်ပြည်နယ်ရဲ့ ပင်လယ်ကမ်းနားမြို့လေးဖြစ်တဲ့ ကျိုက္ခမီမှာ စက်သုံးဆီဆိုင်တွေ အကုန်ပိတ်ထားပါတယ်။ အကြောင်းကတော့ “ဆီခွဲတမ်းမရလို့” တဲ့။ ဒီအခြေအနေအပေါ် ကျိုက္ခမီက ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက “ကျိုက္ခမီမှာ ငါးဖမ်းလှေ တစ်ရာကျော်ရှိတယ်၊ စက်သုံးဆီမရရှိပါက လုပ်ငန်းများ ရပ်တန့်ရတော့မှာပါ။ စက်သုံးဆီမရရင် လုပ်ငန်းတွေ ဘယ်လိုလည်ပတ်မလဲ၊ တာဝန်ရှိသူတွေ ကြည့်ပေးပါဦး” လို့ ရင်ဖွင့်ရှာပါတယ်။ ငါးဖမ်းလှေတွေ ရပ်နားလိုက်ရရင် အလုပ်သမား ၂,၀၀၀ ခန့်နဲ့ သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေပါ ငတ်မွတ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို ဒုက္ခပင်လယ်ဝေနေရတဲ့ အဓိကတရားခံကတော့ မွန်ပြည်နယ်မှာ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ကို လက်ဝါးကြီးအုပ်ထားတဲ့ “ရာဇာမင်း” ကုမ္ပဏီပါပဲ။ ထူးခြားတာက အဲဒီကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးညီညီထွေးဟာ မွန်ပြည်နယ်အတွက် တင်သွင်းလာတဲ့ ဆီတွေကို ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ဘီးလင်းက ရွှေတူးသမားတွေဆီ မှောင်ခိုရောင်းချမှုကြောင့် မော်လမြိုင်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါတင်မကဘဲ သထုံတရားရုံးမှာလည်း အမှုတွေ ကျန်နေပါသေးတယ်။ ဒါပေမဲ့ ရင်လေးစရာကောင်းတာက အဲဒီလို မှောင်ခိုသမား၊ ဥပဒေချိုးဖောက်သူ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကိုပဲ မွန်ပြည်နယ်အစိုးရက အခုထက်ထိ ဆက်ပြီး လက်တွဲနေတာပါပဲ။ လွှတ်တော်ထဲမှာ ကျိုက်မရောအမတ် ဦးသန့်ဇော်က “ပြည်သူတွေ ဈေးကြီးပေးဝယ်နေရတယ်၊ ရန်ကုန် သီလဝါကနေ ဆီဝယ်ဖြန့်ဖို့ အစီအစဉ် ရှိသလား” လို့ မေးတဲ့အခါ ပြည်နယ်စွမ်းအင်ဝန်ကြီး ဦးဇေယျာဦးက “ရာဇာမင်းကုမ္ပဏီက ပြင်ပဒေါ်လာဈေးနဲ့ ဝယ်နေရလို့ ဈေးကြီးတာ၊ ဆီမပြတ်လပ်ဖို့ သူ့ကိုပဲ ဆက်ဖြန့်ခိုင်းမယ်၊ သီလဝါကနေ ဆီဝယ်ဖို့ လောလောဆယ် အစီအစဉ်မရှိဘူး” လို့ ခပ်အေးအေးပဲ ပြန်ဖြေသွားခဲ့ပါတယ်။ ဒါဟာ မွန်ပြည်သူတွေရဲ့ အကျိုးစီးပွားထက် လက်သိပ်ထိုး တင်ဒါအောင်ခဲ့တဲ့ ကုမ္ပဏီကိုပဲ ကာကွယ်ပေးနေတာ အထင်အရှားပါပဲ။ ကုမ္ပဏီပိုင်ရှင်က ထောင်ကျနေတယ်၊ စာချုပ်ပါ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး မှောင်ခိုထုတ်နေတာ သက်သေခိုင်လုံတယ်၊ ဒါပေမဲ့ အစိုးရကတော့ အရေးမယူတဲ့အပြင် ဆက်ပြီး လက်ဝါးကြီးအုပ်ခွင့် ပေးထားပါတယ်။ ဦးအောင်ကြည်သိန်းတို့ ချပေးခဲ့တဲ့ ဂတုံးပေါ်ဆိပ်ကမ်း စက်သုံးဆီစီမံကိန်းဟာ တကယ်တော့ မွန်ပြည်သူတွေအတွက် ဆီဈေးသက်သာဖို့ မဟုတ်ဘဲ၊ လူတစ်စု စီးပွားရှာဖို့အတွက် “ခွင်” ဖန်တီးပေးခဲ့တာ ဖြစ်ကြောင်း အခုဖြစ်ပေါ်နေတဲ့ ဆီပြတ်လပ်မှုနဲ့ ဆီဈေးမြင့်တက်မှုတွေက သက်သေပြနေပါတယ်။ ဒီအကွက်ဆိုးတွေကြားမှာ မွန်ပြည်နယ်က ငါးဖမ်းလုပ်သားတွေနဲ့ သာမန်ပြည်သူတွေကတော့ အစိုးရနဲ့ ကုမ္ပဏီကြားက “လှပတဲ့ အပေးအယူ” တွေရဲ့ သားကောင်တွေအဖြစ် ဝဋ်ရှိသမျှ ဆက်လက်ခံနေရဦးမှာ ဖြစ်ပါတော့တယ်။ #မွန်ပြည်နယ် #စက်သုံးဆီ #ရာဇာမင်းကုမ္ပဏီ #ဦးအောင်ကြည်သိန်း #မော်လမြိုင် #တင်ဒါအရှုပ်တော်ပုံ #ကျိုက္ခမီ #ငါးဖမ်းလုပ်ငန်း #Kawaoဝေဖန်ချက် #မင်းရာမည