ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

စာအုပ်လင့်များ

စာအုပ်လင့်များ

الذهاب إلى القناة على Telegram
5 709
المشتركون
-124 ساعات
-197 أيام
-7430 أيام
أرشيف المشاركات
ဘီလာရုစ်ဆီနိုင်ငံက ၉ကျပ်တိုးက များပါတယ် နိုင်ငံတကာမှာ စီးပွါးရေးချေးငွေ Commercial Loan အစစ်တွေက ဒီပမာဏဝန်းကျင်ပဲသွားတာမလို့ ၉ကျပ်တိုးဆိုတာ မများပါဘူးလို့ပြောကြတယ် ပြဿနာက ဘီလာရုစ်ပေးတာက Commercial Loanမဟုတ်ဘူး။ ရောချလို့မရဘူး Commercial Loanအစစ်ဆိုရင် ငွေချေးယူရင် ငွေပဲချေးပေးတာနော် ဘီလာရုစ်ချေးတာက Export Credit/Tied Creditဖြစ်နေတယ်။ ဘီလာရုစ်ဆီကနေ ဓာတ်မြေဩဇာ တိရိစ္ဆာန်အစားအစာနဲ့ဆေးဝါး နို့ထွက်ပစ္စည်း စက်မှုလယ်ယာသုံးယာဉ်နဲ့ ကိရိယာများ Busကား ကုန်တင်ကား လူနာတင်ကား သတ္တုတူးဖော်ရေးစက်နဲ့ယန္တရားတွေ ဆောက်လုပ်ရေးမှာသုံးတဲ့စက်နဲ့ယန္တရားတွေ ဒါတွေကိုပဲ ဝယ်ရမယ်။ ပြောချင်တာက ချေးငွေကို ငွေအနေနဲ့ပေးမှာမဟုတ်ဘူး။ သူတို့ပစ္စည်းတွေကို နိုင်ငံတကာမှာမပေါက်တဲ့ဈေးအမြင့်နဲ့ပေးမှာ။ ဈေးတင်ဂျောင်ပိတ်ရောင်းတဲ့ထောင်ချောက် Overpricing Trap ပိုဆိုးတာရှိသေးတယ်။ စက်ပစ္စည်းတွေပျက်ရင် တခြားကဝယ်လို့ရမှာမဟုတ်လို့ Spare partsတွေကိုလည်း ဈေးအမြင့်နဲ့ရောင်းမှာပဲ။ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့ရေရှည်ဆွဲစားမယ့်ထောင်ချောက် Maintenance & Spare Parts Trapနော် ဒီ Export Credit/Tied Creditကို ဘီလာရုစ်က ရိုးရိုးကုန်သွယ်ရေးလို Hedgingနဲ့ ရောင်းလို့ရမှာမဟုတ်ဘူး။ ဆိုလိုတာက ဒီချေးငွေဆုံးရှုံးနိုင်မှုကို အာမခံကြေးယူပြီးတာဝန်ခံပေးမယ့်အဖွဲ့ဆိုတာ မရှိနိုင်ဘူး။ ဒါကြောင့် ဒီအကြွေးရဲ့ရန်ကို မြန်မာနိုင်ငံနဲ့ ပြည်သူက အပြည့်အဝထမ်းရမယ်။ Sovereign Guarantee ပေးရမှာ။ မဆပ်နိုင်ရင် နိုင်ငံရဲ့လုပ်ငန်းတွေ၊ သယံဇာတဒေသတွေ စတာတွေကို သိမ်းမယ်။ ပြည်သူ့အခွန်တွေကို နိုင်ငံဖွံ့ဖြိုးရေးအတွက်သုံးလို့မရပဲ နှစ်ပေါင်းများစွာဆပ်ရမယ်။ ပြည်သူကနှစ်ရှည်ကျွန်ခံဆပ်ရမယ်ပေါ့။ ဒါက အငှါးဗိုက်နဲ့ ဓားထိုးခံရတာ အာမခံတာကတယောက် ဆပ်ရတာကတယောက် ဖြစ်ပါတယ် Sovereign Debt/Taxpayer's money နောက်တခုမေးစရာရှိတာက ဘယ်ငွေကြေးနဲ့ အကြွေးဆပ်ရမှာလဲ? သေချာတာကတော့ ကျပ်နဲ့ဆပ်လို့မရဘူး။ ဒီတော့ ဘယ်ငွေကြေးနဲ့ပဲဆပ်ရဆပ်ရ ဗဟိုဘဏ်ကငွေရိုက်ထုတ်နေတဲ့နိုင်ငံအတွက်တော့ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တာနဲ့ အတူတူပဲ။ ကျပ်ငွေတန်ဘိုးထိုးဆင်းနေမှာဖြစ်လို့ နိုင်ငံကအကြွေးဆပ်ရတဖြေးဖြေးခက်လာမှာဆိုတာသေချာတယ်။ အစိုးရ ရတဲ့အခွန်အများစုက ကျပ်ငွေနဲ့ပဲရတာဖြစ်တယ်လေ နောက်တခုထပ်မေးစရာရှိတာက ဘီလာရုစ်စက်ကိရိယာများမှ ထွက်ရှိလာမည့် စီးပွားရေး အကျိုးအမြတ် (ROI)က အတိုး ၉% ကျပ်ငွေကြေးကျဆင်းမှုနှုန်း (Inflation) စက်ပစ္စည်းယိုယွင်းမှု (Depreciation) ချေးငွေကာလတိုတောင်းခြင်း ဒါတွေကို ကာမိပါ့မလားဆိုတာပဲ။ စီးပွားရေးဆိုင်ရာ ချေးငွေတစ်ခု အကျိုးရှိမရှိကို ROI > Cost of Capital (ထွက်ရှိလာမည့် အမြတ်သည် စရိတ်ထက် ပိုရမည်) ဆိုသည့် စည်းမျဉ်းဖြင့် တိုင်းတာသည်။ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ပတ်ဝန်းကျင်တွင် - အခြေခံ အဆောက်အအုံ လိုအပ်ချက် - လျှပ်စစ်မီး မှန်မှန်မရခြင်း၊ စက်သုံးဆီ ဈေးနှုန်း မြင့်မားခြင်းနှင့် ရှားပါးခြင်း။ လုပ်သားအင်အားနှင့် ကုန်ထုတ်လုပ်မှု - အလုပ်သမား ပြတ်လပ်မှုနှင့် စက်ရုံ/အလုပ်ရုံများ အပြည့်အဝ မလည်ပတ်နိုင်ခြင်း။ အဆိုပါ အချက်များကြောင့် ဘီလာရုစ် စက်ကိရိယာများမှ ထွက်ရှိလာမည့် စီးပွားရေး အကျိုးအမြတ် (ROI) သည် အတိုး ၉% + ငွေကြေးတန်ဖိုးကျဆင်းမှု + စက်ပစ္စည်းယိုယွင်းစရိတ် (Depreciation) တို့ကို ကာမိရန် အလွန်ပင် ခက်ခဲပါလိမ့်မည်။ ကုန်ထုတ်လုပ်မှုက အဖက်ဖက်ကယိုယွင်းနေတယ်။ မီးမလာဘူး။ လောင်စာဆီဈေးကြီးနေတယ်။ လိုသလောက်မရဘူး။ အလုပ်သမားတွေရဲ့လုပ်အားက ကုန်ဈေးနှုန်းနဲ့ မတရားစစ်မှုထမ်းခိုင်းခြင်းတို့ကို လှိမ့်ပိတ်ခံနေရလို့ ပြိုလဲနေတယ်။ ဒီတော့ မြန်မာတွေပြောပြောနေတဲ့အကြွေးထောင်ချောက်ဆိုတာ ဘီလာရုစ်နဲ့မှ နဖူးတွေ့ ဒူးတွေ့ တွေ့ပြီထင်ပါတယ် Source:Sai Kp

ပါချုပ်ဆရာတော်ဘုရားကြီး အကြားအာရုံမရတော့ဘူးဆိုတာ တွေ့လိုက်ရ။ 2023 နောက်ပိုင်းကတည်း က အသံကအက်ကွဲပီး အထွက်နည်းလာတယ်။ အရင်လိုမဟုတ်။ ဆရာတော်ကြီးက တရားဆက်ဟောလိုတဲ့ ဆန္ဒရှိသေးဟန်တူတယ်။ ဒီနှစ်တွေထဲ ဆရာတော်ကြီးကို ဝေဖန်တာတို့ စိန်ခေါ် တာတို့တွေ ရှိခဲ့သေးတယ်။ အထူးသဖြင့်တော့ ပင်လယ်သမုဒ္ဒရာဒီရေတက်တာ ကျောက်တုံးကြောင့် မဟုတ်ဖူး ဘာညာပေါ့လေ။ ဆရာတော်ကြီးက တရားဟောရင်း ကျမ်းဂန်လာအဆိုကို ဖွင့်ဆိုရှင်းပြချက်တွေများတယ်။ တရား ဟောတဲ့အခါမှာလည်း စာတွေထဲတော့ ဒီလိုပါတယ်၊ ဒီလိုတွေ့တယ် ဒီလိုပြောတယ်ဆိုပီး ထည့်ပြောလေ့ရှိတယ်။ ကျမ်းဂန်တွေဆိုတာကလည်း ဘယ်တုန်းက ဘယ်သူတွေရေးပီး ဘယ်လောက်မှန်မယ်ဆိုတာ အတိအကျ သက်သေထူရခက်တယ်။ ထေရဝါဒရဲ့ သဘောကိုက ရှေ့ကထေကြီးဝါကြီးတွေ ထားရစ်ခဲ့တဲ့ သွင်သင်ချက်မှန်သမျှတွေကို လက်ဆင့်ကမ်းယူရတဲ့ သဘော ရှိတယ်။ ဘုရားဟော မဟုတ်တဲ့တရားတွေဆိုပီး ပါကောင်းပါနိုင်သပေါ့။ အသံထွက်ကို စကားလုံး စာလုံးအဖြစ် အသွင်းပြောင်းပီး စာအဖြစ်ရေးတဲ့အခါ အဓိပ္ပါယ် ကောက်ကူမှုလွဲတာ၊ ပိုပိုသာသာဖြစ်သွားတာလည်း ရှိနိုင်တယ်။ မပယ်စကောင်းဘူး။ စစ်ယူရမယ်ဆိုတဲ့ သဘောထင်ပါရဲ့။ ထားတော့…။ ဆရာတော်ဘုရားကြီးသည်လည်း လူသားစစ်စစ် ပါဘဲ။ သဗ္ဗေညုတဉာဏ်တော်ရထားတာ မဟုတ် လို့ အလုံးစုံကို သိမြင်တော်မူမယ် မဟုတ်။ အဲ့လောက် နားလည်ရင် တရားနာတတ်သွားမယ်။ lecture လိုက်တတ်သွားမယ်ဆို ပို မှန်မယ်။ ဥပမာပြောရရင် တရားတစ်ပုဒ်မှာ လူတိုင်းမှာ ကိုယ်ငွေ့ရှိတယ်၊ နတ်တွေက လူတွေရဲ့ ကိုယ့်ငွေ့ကို မခံနိုင်စသဖြင့်ဟောတယ်။ ဆိုလိုတာက နနတ်တွေ လူတွေမှာ ထွက်တဲ့ ကိုယ်ငွေ့ရှိတယ်ပေါ့။ ဒါပေမယ့် ဆက်ဟောတဲ့အထဲမှာ ခုခေတ် အဆောက်ဦးကြီးတွေမှာ အလိုလျှောက်ပွင့်တဲ့တံခါးတွေက ကိုယ့်ငွေ့ကို အာရုံခံတာဆိုပီး ဟောတယ်။ Motion sensor တပ်ထားတဲ့ auto door တွေကို ပြောတာနေမယ်ဆိုပီး စိတ်ထဲသိလိုက်တယ်။ Motion sensor ဆိုတာ လှုပ်ရှားမှုအာရုံခံကိရိယာ။ အရိပ် ပေါ် လို့ တံခါးပွင့်တာ။ ကိုယ့်ငွေ့ကြောင့် မဟုတ်ပါဘူးဆိုပီး စိတ်ထဲက ငြင်းမိ။ ဒီတစ်ခါတော့ ဆရာတော် ကြီးလွဲပြီထင်ပါရဲ့ပေါ့။ ဒါပေမယ့် motion sensor အကြောင်းရှာပီး ဆက်ဖတ်ကြည့်တော့ PIR (Passive Infrared) Sensor: ခန္ဓာကိုယ်မှ ထွက်ရှိသည့် အပူလှိုင်း (Infrared Radiation) ပြောင်းလဲမှုကို တိုင်းတာ၍ အာရုံခံတဲ့ စနစ်။ Ultrasonic Sensor: လူသားတို့ နားမကြားနိုင်သော အသံလှိုင်း (Ultrasonic Waves) များကို ထုတ်လွှတ်ပြီး ပြန်လာသည့် အသံလှိုင်း ပြောင်းလဲမှုကို ကြည့်၍ လှုပ်ရှားမှုကို အာရုံခံတဲ့စနစ်။ Microwave Sensor: ရေဒီယို လှိုင်းတိုများ ထုတ်လွှတ်၍ အာရုံခံနိုင်ပြီး အတားအဆီး (နံရံ) များကိုပင် ဖောက်ထွင်း အာရုံခံနိုင်သည့် စနစ်။ Dual Technology Sensor: PIR နှင့် Microwave နည်းပညာ ၂ ခုလုံးကို ပေါင်းစပ်ထားတဲ့ စနစ်… စသဖြင့် စသဖြင့် ရှိတယ်တဲ့။ ဒီလိုလိုက်ဖတ်ကြည့်တော့လည်း ဆရာတော်ကြီး ဟောတာ လွဲလှသည်တော့ မဟုတ်လို့ နားလည်ရပြန်တယ်။ တချို့တရားတွေက ဖြည့်ပီးနာရမယ်။ စစ်ပီးနာရမယ်ဆိုတဲ့ သဘောလို့ ယူရမယ်ထင်တယ်။ lecture လိုက်တယ်လို့ သဘော ထားသူအတွက်ကတော့ စာ ဆက်ဖတ်ပေါ့။ ပင်လယ် သမုဒ္ဒရာဒီရေတက်တာကျတာ ကျောက် တုံးကြီးကြောင့် မဟုတ်။ ဒီရေ တက်ခြင်းနှင့် ကျခြင်းသည် အဓိကအားဖြင့် လ (Moon) နှင့် နေ (Sun) တို့၏ ဆွဲအား (Gravitational Force) ကြောင့်လည်း ကောင်း၊ ကမ္ဘာ့မိမိဝင်ရိုးပေါ်တွင် လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဗဟိုခွာအား (Centrifugal Force) ကြောင့်လည်းကောင်း ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည် ဆိုပီး သင်ထား သိထားတဲ့လူအတွက်တော့ ဆရာတော်ကြီး လွဲဘီဆိုပီး စိန်ခေါ်လိုက်မယ်လို့ အတွေးဝင်သလား မသိ။ ဒါပေမယ့် စင်္ကြာဝဠာ solar system မှာ လကို ဖယ် လိုက်ရင် ဒီရေမတက်တော့ဘူးပေါ့။ ဒါဆို လ က ဘာနဲ့ ဖွဲ့စည်းထားတာလဲ။ ဖွဲအိတ် ဖွဲလုံး၊ သဲအိတ်သဲတုံးကြီးလား။ ကျောက်သားမပါဘူးလားဆိုပီး မေးချင်စရာ။ ကဲ… ထားတော့။ ကိုယ့်ဖာသာ ဆင်ချင်ဆန်းစစ်ပေါ့။ စာရှည်လာလို့ နိဂုံးချုပ်ရရင် ဆရာတော်ဘုရားကြီးသည်လည်း လူသားစစ်စစ် ပါဘဲ။ သဗ္ဗေညုတဉာဏ်တော်ရထားတာ မဟုတ်။ သူပြောဟောသမျှ မှန်တယ်။ လိုက်မှတ်ကြ၊ လိုက်နာကြလို့ ပြောနေတာလည်း မဟုတ်။ ဒီလောက်တရားပြ တရား ဟောပေးနိုင်ရင်ဘဲ ကျေးဇူးကြီးလှပါပြီ။ တချို့တရားတွေက ဖြည့်ပီးနာရမယ်။ စစ်ပီးနာရမယ်။ lecture လိုက်တယ်လို့ သဘောထားသူအတွက်ကတော့ စာ ဆက်ဖတ်ပေါ့။ အဲ့ဒါ ပိုအဆင် ပြေမယ်။ ဘာသာတရားမရှိ တွေးခေါ်မျှော်မြင်ခြင်းသာ ပကတိဆိုတဲ့ အတွေးခေါ်ပညာရှင်ကြီး “ ဆော့ကရေးတီး” ကတော့ ငါဘာမှ မသိသေးဘူးဆိုတာဘဲငါသိတယ် တဲ့။ တချို့လူတွေကဘာသာ တရား ကိုင်းရှိုင်းသူမဟုတ်ပေမယ့်လည်း တရားသဘောနဲ့ အညီနေထိုင် ကျင့်သုံးတွေးခေါ်တတ် ကြတာမျိုးရယ်။ #ရွာပြင်ရောက်လူတစ်ယောက်ရဲ့အတွေးများ

ဗဟိုဘဏ်က အစိုးရငွေတိုက်စာချုပ်တွေကို ဝယ်ယူခြင်းဆိုတဲ့သတင်းကို နားလည်ကြလား? ဒီလိုသတင်းတွေဖတ်ရတဲ့အခါမှာ အကျွမ်းတဝင်မရှိရင် နားလည်ရခက်ပါတယ်။ အရပ်သုံးစကားတွေနဲ့ပြောင်းဖတ်ရင် နားလည်ရလွယ်ပါတယ် ငွေတိုက်စာချုပ်/ငွေတိုက်လက်မှတ် ဆိုတာ အစိုးရက ဘဏ်ဆီကနေ ငွေချေးယူတဲ့စာချုပ်ဖြစ်ပါတယ်။ ငွေတိုက်စာချုပ်မြင်ရင် အစိုးရက ဘဏ်တွေဆီကချေးတာလို့မြင်လိုက် ငွေချေးရင် အတိုး​ပေးရတယ်။ ဒါကြောင့်အစိုးရက ကောက်ခံရရှိတဲ့အခွန်တွေ၊ သယံဇာတရောင်းတာတွေကနေ အတိုးပေးဖို့နဲ့ အရင်းဆပ်ဖို့သုံးရတယ်။ ဗဟိုဘဏ်က အစိုးရနဲ့မတူဘူး။ အခွန်ရတဲ့အဖွဲ့မဟုတ်ဘူး။ ဝင်ငွေမရှိဘူး။ ပိုက်ဆံလည်းမရှိဘူး။ ဒါပေမယ့် ငွေရိုက်နိုင်တယ်။ ဒါကြောင့် ဗဟိုဘဏ်က ဝယ်တယ်ဆိုတာဖတ်ရတိုင်း ငွေရိုက်ထုတ်တယ်လို့ မြင်လိုက်။ ဗဟိုဘဏ်က အစိုးရဆီကနေ ဝယ်တယ်ဆိုရင် ငွေအသစ်ရိုက်ပြီး အစိုးရကိုပေးတယ်လို့ မြင်လိုက် ဗဟိုဘဏ်က ဘဏ်တွေဆီကတေဝယ်တယ်ဆိုရင် ငွေအသစ်ရိုက်ပြီး ဘဏ်တွေကိုပေးတယ်လို့ မြင်လိုက် အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ကျပ် ၂၁၀၀ဘီလီယမ်ကို အစိုးရက ငွေတိုက်စာချုပ်ရောင်းတယ်။ ဗဟိုဘဏ်ကို ၄ကျပ်တိုးနဲ့ဝယ်ပေးတယ်ဆိုတာ အစိုးရသုံးတာ ကျပ် ၂၁၀၀ဘီလီယမ်လိုနေတယ် အစိုးရက သူ့ကိုချေး၊ သူ၄ကျပ်တိုးပေးမယ်ပြောတယ် ချေးမယ့်ဘဏ်မရှိဘူး ဗဟိုဘဏ်က အဲ့ ၄ကျပ်တိုး ငါ့ကိုပေး။ ငါချေးမယ်လို့ ပြောတယ် ဗဟိုဘဏ်က ငွေချေးစာချုပ်ကိုဝယ်လိုက်တာဆိုတာ အစိုးရလိုတဲ့ ကျပ် ဘီလီယမ် ၂၁၀၀ကို ရိုက်ထုတ်ပြီး အစိုးရကိုပေးလိုက်တာ အစိုးရက မူအရ ဗဟိုဘဏ်ကို ၄ကျပ်တိုးပေးဖို့ရှိပေမယ့် မပေးလည်းရနေတယ်။ ဗဟိုဘဏ်ရော အစိုးရရောက အချင်းချင်းပဲ။ ဘယ်ဘက်အိပ်ကပ်နဲ့ ညာဘက်အိပ်ကပ်ပဲ ဒါပေမယ့် ဒါက ဘဏ်တွေကို အစိုးရက ငါ ၄ကျပ်တိုးတော့ပေးနိုင်တယ်လို့ သွယ်ဝှိုက်ပြောတာလည်းဖြစ်နိုင်တယ် ဒီသတင်းကိုနားလည်ပြီဆိုရင် ငွေသစ်တွေရိုက်ပြီးအိမ်ခြံမြေကို ဘယ်လိုပံ့ပိုးတယ်ဆိုတာ ပြောပြမယ် အစိုးရက ငွေတိုက်စာချုပ်ထုတ်၊ ဘဏ်ကဝယ် အစိုးရက လိုငွေအတွက် ငွေတိုက်စာချုပ်တွေ ထုတ်ပေးတယ်။ ဘဏ်တွေက သူတို့လက်ထဲက ငွေတွေနဲ့ အဲ့ဒီစာချုပ်တွေကို ဝယ်လိုက်တယ်။ (ဒီအဆင့်မှာ ဘဏ်တွေမှာရှိတဲ့ ငွေသားတွေ အစိုးရလက်ထဲ ရောက်သွားပါတယ်)။ ဗဟိုဘဏ်က ဘဏ်ဆီက ပြန်လည်ဝယ် (Repo / Secondary Market Purchase) ဘဏ်တွေမှာ ငွေသားအရည်အသွေး (Liquidity) နည်းသွားတဲ့အခါ ဒါမှမဟုတ် ဘဏ်တွေကို ငွေကြေးထောက်ပံ့ချင်တဲ့အခါ ဗဟိုဘဏ်က အဲ့ဒီဘဏ်တွေ ကိုင်ထားတဲ့ ငွေတိုက်စာချုပ်တွေကို ပြန်ပြီး လိုက်ဝယ်ပေးလိုက်တယ်။ အဲ့ဒီအခါ ဗဟိုဘဏ်က ငွေသစ်တွေ ထုတ်ပေးလိုက်သလို ဖြစ်သွားပြီး ဘဏ်တွေလက်ထဲကို ငွေသားတွေ ပြန်ရောက်သွားတယ်။ ဘဏ်က အိမ်ခြံမြေကဏ္ဍကို ချေးငွေထုတ်ပေး ဗဟိုဘဏ်ဆီကနေ ငွေသားတွေ လက်ဝယ်ပြန်ရောက်လာတဲ့ ဘဏ်တွေဟာ အဲ့ဒီငွေတွေကို အတိုးနှုန်းနဲ့ အမြတ်အစွန်း ပိုရနိုင်မယ့် အိမ်ခြံမြေကဏ္ဍ ဒါမှမဟုတ် အခြား စီးပွားရေးလုပ်ငန်းတွေဆီကို ချေးငွေတွေ အဖြစ် ဆက်ပြီး ထုတ်ချေးပေးလိုက်တယ်။ အဲ့ဒီလို လုပ်ဆောင်ချက်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုက ဘာလဲ? (ငွေကြေးပမာဏ ဖောင်းပွလာခြင်း) ဗဟိုဘဏ်က ဘဏ်တွေဆီကနေ ငွေတိုက်စာချုပ်ကို ပြန်ဝယ်လိုက်တဲ့ အဆင့်ဟာ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ငွေရိုက်ထုတ်လိုက်တာ (Monetization) ပါပဲ။ ငွေရိုက်ထုတ်တာ များလာရင် ငွေတန်ဖိုး ကျဆင်းတယ်။ ကုန်ဈေးနှုန်း တက်တယ်။ ဒါက လုပ်ခလစာ မတက်တဲ့သူတွေအတွက် ပိုဆိုးတယ်။ (ပိုင်ဆိုင်မှု ဈေးကွက် (Asset Bubble) ကြီးထွားလာခြင်း) အဲ့ဒီလို ထွက်လာတဲ့ ငွေတွေဟာ ထုတ်လုပ်မှု တိုးတက်လာတာထက် အိမ်ခြံမြေလို ဈေးကွက်တွေထဲကို စီးဝင်သွားတဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာပြီး အများပြည်သူအတွက် လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ ငွေတွေ အိမ်ခြံမြေ၊ ကား၊ ရွှေ၊ ဒေါ်လာ စတဲ့ ပိုင်ဆိုင်မှုတွေထဲ စီးဝင်တဲ့အခါ ဈေးတွေ အဆမတန် တက်တယ်။ ဒါဟာ ဆင်းရဲချမ်းသာ ကွာခြားမှုကို ပိုကြီးစေတယ်။ (ဝင်ငွေခွဲဝေမှု မညီမျှမှု) ငွေရိုက်ထုတ်တဲ့အခါ ငွေကို ပထမဆုံးရတဲ့သူတွေ (အစိုးရ၊ ဘဏ်၊ ချေးငွေရတဲ့ လုပ်ငန်းရှင်) က အမြတ်အများဆုံးရတယ်။ နောက်ဆုံးရတဲ့သူတွေ (လုပ်သား၊ လစာရှင်) က ဈေးတက်တဲ့ဒဏ်ကို ခံရတယ်။ ငွေကြေးဖောင်းပွမှုပုံစံ Too much money chase too few goodsဆိုတာ မြန်မာမှာတော့ ငွေအများကြီးက ဈေးကစားတဲ့ ကုန်ပစ္စည်းရှိရာကိုပဲ လိုက်နေတယ်။ နိုင်ငံရဲ့ဝင်ငွေကိုရှာပေးနေတဲ့ အလုပ်လုပ်တဲ့လူတန်းစားတွေနောက်၊ လုပ်ခလစာနောက်တွေကို မလိုက်ဘူး။ ဒီတော့ ငွေရိုက်ထုတ်နေလို့ လူတစုချမ်းသာလာပြီး လုပ်သားပြည်သူတွေ မွဲလာတာ မဆန်းဘူး Source:Sai Ko

တရုတ်ပစ္စည်းတွေ ဈေးချိုတာနဲ့ ပတ်သက်လို့။ "နေ့ကျွမ်"လို့ ခေါ်တဲ့ တရုတ်ပြည်တွင်း ပြိုင်ဆိုင်မှု ပြင်းထန်တာကလည်း အကြောင်းတစ်ခုပဲ။ စက်ရုံတစ်ခုက ပစ္စည်းတစ်ခု ထုတ်လိုက်လို့ ဈေးကွက်ထဲမှာ မြတ်သွားတယ်ဆိုပါစို့။ စက်ရုံတွေ ရာချီ ထောင်ချီပြီး အပြိုင်းအရိုင်း ပေါ်လာတယ်။ အဲဒီပစ္စည်းကို ဝိုင်းထုတ်တယ်။ ထုတ်လည်း ထုတ်နိုင်ကြတယ်။ ကုန်ကြမ်းတွေ, အပိုပစ္စည်းတွေကိုလည်း တမြို့ထဲမှာ အကုန်ရနိုင်တာကိုး။ ပြီးတော့ အများကြီး ထုတ်ရင် ကုန်ကျစရိတ် ပိုလျော့တာကိုး။ ထုတ်ပြီးတဲ့နောက် ဈေးကွက်ထဲ ဝင်တိုးဖို့ အသေအလဲ ကြိုးစားရတယ်။ စက်ရုံတိုင်းကလည်း ရောင်းချင်နေကြတယ်။ ဒီတော့ အပြိုင်အဆိုင် ဈေးနှုန်းချပြီး ရောင်းကြတယ်။ ဈေးချရောင်းကြရင်း တချို့စက်ရုံတွေက သေကုန်တယ်။ တချို့ စက်ရုံတွေပဲ ကျန်ရစ်တယ်။ တချို့လည်း နိုင်ငံပြင်ပကို တင်ပို့ရောင်းချကြတယ်။ နိုင်ငံပြင်ပမှာလည်း ဈေးချရောင်းကြတာပဲ။ သက်ဆိုင်ရာ နိုင်ငံက စက်ရုံတွေဟာ လိုက်ပြိုင် ရောင်းဖို့ အလွန်ခက်ကြတယ်။ === ဒီနေရာမှာ အကွက်လေးတွေလည်း ရှိသေးတယ်။ "ဈေးချရောင်းနေကြတော့ အ,ရာ န,ရာ မရောက်ဘူးလား"ဆိုတဲ့ ပြဿနာ။ နိုး။ ဈေးချရောင်းတယ်ဆိုတာက ပြိုင်ဘက်တွေကို သတ်နေကြတာ။ တရုတ်ပြည်တွင်း ပြိုင်ပွဲဆိုပါစို့။ အပြိုင်အဆိုင် ဈေးချတယ်။ ငွေမီးရှို့ကြတယ်။ တချို့က ဈေးကို ဆက်မချနိုင်တော့ဘူး။ သေသွားတယ်။ ပြိုင်ဘက် မရှိတော့ဘူး။ ဖောက်သည်အားလုံးအတွက် (၁) ဆိုင်ပဲ ကျန်ခဲ့တော့တယ်။ အဲဒီတော့မှ ဈေးကို ဆွဲတင်တာ။ "ဈေးကလည်း ကြီးသာ၊ တခြားဆိုင် သွားဝယ်မယ်" တခြားဆိုင် မရှိတော့ဘူးလေ။ အကုန် သေကုန်ပြီ။ မကြိုက်လည်း ဒီမှာပဲ ဝယ်တော့။ အဲဒါ အကွက်။ ဒီအကွက်က ဒီနှစ်ပိုင်းတွေမှာ တရုတ်ပြည်တွင်း, တရုတ်ပြည်ပ နိုင်ငံအတော်များများမှာ ခံနေကြရတဲ့ အကွက်။ အိန္ဒိယလည်း မိုဒီရဲ့ "Make in India" စီမံကိန်းနဲ့ ခုခံရင်းတောင် အထိနာနေရတဲ့ အကွက်။ ==== ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ် ရှိတယ်။ ၂၀၁၄-၂၀၁၆ Didi နဲ့ Kuaidi တရုတ် တက္ကစီ ပြိုင်ပွဲ။ ၂၀၁၄-မှာ Tencent ကျောထောက်နောက်ခံ Kuaidi-နဲ့ အလီဘာဘာ ကျောထောက်နောက်ခံ Didi တို့ တက္ကစီ ဈေးကွက် ပြိုင်ပွဲ လုပ်တယ်။ ခရီးသည်တစ်ဦးစီးတိုင်း အပြိုင်အဆိုင် ဈေးလျှော့ကြတယ်။ ဘယ်သူမှ ပိုက်ဆံ မမြတ်ဘူး။ ဈေးကွက် လုကြတာ။ ကျန်တဲ့ တက္ကစီတွေ သေကုန်တယ်။ မသေချင်တဲ့ ကောင်တွေက ဒီနှစ်ခု တစ်ခုခုရဲ့ ထီးရိပ်မှာ ခိုလိုက်ရတယ်။ လမ်းဘေးမှာ လက်ပြတားတဲ့ လူတွေက App ထဲ ရောက်ကုန်တယ်။ လက်တား တက္ကစီတွေ ဖောက်သည်ပျောက်တယ်။ Didi ရော, Kuaidi ရောဟာ ငွေကြေး သွေးထွက်သံယို အတော်ကြီး ဖြစ်ပြီး ၂၀၁၅-မှာ ပေါင်းလိုက်ကြတယ်။ နှစ်ဦးပေါင်းပြီး ဈေးကွက် လက်ဝါးကြီး အုပ်တယ်။ ဈေးကွက်က ၈၃- ရာခိုင်နှုန်း ရသွားတယ်။ ငွေမမြတ်ခဲ့ဘူး။ ဈေးကွက် ပိုင်သွားခဲ့တာ။ ၂၀၁၅-မှာ အမေရိကန် Uber က တရုတ်ထဲကို ဝင်တယ်။ Didi ကို ပြိုင်မယ်။ "၂-ဘီလျံ မီးရှို့မယ်"လို့ ရည်မှန်းပြီး ဝင်လာတာ ဖြစ်သတဲ့။ Didi နဲ့ Uber တို့ အပြိုင်အဆိုင် ဈေးလျှော့ကြပြန်တယ်။ ခရီးသည်ဆီက ငွေလျှော့ယူတယ်။ ဒရိုက်ဘာကို ပိုက်ဆံပေးတယ်။ ဘာမှ မမြတ်ဘူး။ Uber က တစ်ပတ်ကို ဒေါ်လာ သန်း (၈၀) ရှုံးတယ်လို့ ပြောတယ်။ တစ်နှစ်လောက်ကြာအောင် ၁-ဘီလျံလောက် ဖြုန်းတယ်။ ကြာတော့ တောင့်မခံနိုင်တော့ဘူး။ တရုတ် အူဘာ-ကို Didi ဆီ ရောင်းလိုက်ရတယ်။ အလကားတော့လည်း မဖြစ်ဘူး။ တရုတ် Didi ရဲ့ အစုရှယ်ယာ ၁၇.၇ ရာခိုင်နှုန်းကို Uber က ပိုင်သွားတယ်။ === ဒီပွဲမှာ တရုတ် အသေးစား တက္ကစီ App နဲ့ ကုမ္ပဏီ ၄၀-လောက် သေသွားခဲ့ပါသတဲ့။ တရုတ်မှာ Didi တစ်ခုတည်းလည်း ကျန်ရော။ ဈေးတင်ပြီလေ။ ၂၀၁၆၊ ဩဂုတ်မှာ Uber နဲ့ Didi ပေါင်းတယ်။ နောက်တစ်လလောက်လည်း ကြာရော။ လျှော့ဈေး ၈-ယွမ်ကနေ ၂-ယွမ် ဖြစ်သွားတယ်။ မိုးရွာရင် ဈေး ၃-ဆ တင်တယ်။ ဒရိုင်ဘာ ဆုကြေး ဖြတ်တယ်။ လူတွေက ဝေးရှင်းတို့လို နေရာမျိုးတွေ တက်ဆဲကြတယ်။ ဆဲဆဲလေ။ ပြိုင်ဘက်တွေကို ပြောင်းစီး မရတော့ဘူး။ တစ်ခုပဲ ကျန်တော့တာကိုး။ အမေရိကန်မှာ Temu ထော့မူ, SheIn တို့လည်း ဈေးကွက်ကြီး ရနေပြီလို့ ကြားရတယ်။ ဈေးလည်း တင်နေပြီလို့ ကြားရပါတယ်။ === "ဈေးချို"တဲ့ အကွက်လေးတွေအေကြာင်း ပြောတာပါ။ "ကိုယ်တော်တို့နဲ့ ဘာဆိုင်လဲ"လို့လည်း ပြောလို့ ရမှာပေါ့။ မဆိုင်ပေမယ့် ကိုယ်တို့ နိုင်ငံသား, ဒကာ, ဒကာမများကတော့ ၂/၃ ဦးက ဆင်းရဲနေပြီ ဖြစ်ပါသတဲ့။ ဘာလို့ ဆင်းရဲကြတာလဲ? တချို့က ပြော။ "အတိတ်ဘဝတုန်းက ဒါန အားနည်းခဲ့လို့" အိုကေ။ မငြင်းဘူး။ သို့သော် အခုဘဝမှာလည်း "အကွက်တွေ"ကို သိတဲ့ပညာ လိုအပ်မယ်။ နို့မို့- ကျားဖျင့် လိမ်ခံရရင်ပဲ ချမ်းသာတော့မလိုလို ထင်ပြီး "စလော့သည်သာ အားကိုးရာ" "စလော့သရဏံ ဂစ္ဆာမိ" ဗုဒ္ဓဘာသာတွေ ဖြစ်ကုန်ပါမယ်။ === နှစ်လုံးထဲနဲ့ ပြော။ "ပညာ" လေးလုံး ပြော။ "အတတ်ပညာ" Source: Uvi Mala

#ဒေါက်တာခင်မောင်ညို

နောက်ပြီး မလေးရှားမှာ ကျွန်တော် ကွာလာလမ်ပူကနေ ဂျိုဟိုးဘားရု (Johor Bahru) ကို ရထားနဲ့ သွားခဲ့ဖူးပါတယ်။ မြန်မာပြည်ကအခု အထူးရထားလိုပါပဲ။ အထက်တန်းစီးရတော့ အစားအသောက်တွေတောင် ကျွေးပါတယ်။ တည်းခိုတဲ့နေရာ ရောက်တော့မှ ပိုက်ဆံအိတ်ကို ရှာမတွေ့တော့ဘူး။ ပိုက်ဆံကို ခွဲထည့်ထားတာဆိုတော့ ငွေပမာဏက များများစားစား မပါပေမဲ့ ဘဏ်ကတ်တွေပါ ပါသွားပါတယ်။ ဒါကြောင့် သမီးဆီကို လှမ်းဖုန်းဆက်ပြီး ၂၃ လမ်း CB Bank မှာ လုပ်ထားတဲ့ကတ်ကို ပိတ်ခိုင်းလိုက်ပါတယ်။ သမီးလည်းဝီရိယရှိရှိနဲ့ ဘဏ်ကိုသွားပြီး ပြောခဲ့ပါတယ်။ (သမီးလည်း ဘဏ်နဲ့ထိတွေ့ဆက်ဆံရတာ အစကတည်းက အဆင်မပြေလှပါဘူး)။ဘဏ်ဘက်ကတော့ "ကတ်ကို ပိတ်လိုက်ပြီ" လို့ ပြောခဲ့ပါတယ်။ စင်ကာပူရောက်တော့မှ ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြန်ရပါတယ်။ မလေးရှားမှာ တွေ့တာပါတဲ့။ ပိုက်ဆံအားလုံးလည်း မပျောက်ရှဘဲ ပြန်ရပါတယ်။ တကယ်တော့ ပိုက်ဆံအိတ်က အိမ်ခန်းထဲမှာ ကျန်ခဲ့တာပါပဲ၊ ကတ်လည်း အကောင်းအတိုင်း ပြန်ရပါတယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သုံးလကျော်သွားတော့မှ"ငါ့ကတ်ကို ပြန်ပြီး အသက်သွင်းလိုက်ဦးမယ်" လို့ စဉ်းစားပြီး ၂၃လမ်း CB Bank ကို သွားခဲ့ပါတယ်။ သူတို့က အူကြောင်ကြောင်ဖြစ်နေပါတယ်။ အူကြောင်ကြောင် ဖြစ်မှာပေါ့။ ဘာလို့ဆို ကျွန်တော့်ကတ်ကို သူတို့ မပိတ်ထားခဲ့ရုံမက အခုထိ ပုံမှန်အတိုင်း ဖြစ်နေလို့လေ။ ကံကောင်းလို့ပေါ့ဗျာ... တကယ်လို့သာ မသမာသူတစ်ယောက်လက်ထဲကို ရောက်သွားခဲ့မယ်ဆိုရင် အကောင့်ထဲက ငွေတွေအကုန်ပါသွားမှာပါ။ MAB ကတ်ပျောက်စဉ်က လန်ဒန်မှာ ဈေးဝယ်တာ ပေါင်တစ်ရာဖိုးလောက်ရှိပေမဲ့ ကတ်ထဲမှာ ပိုက်ဆံမှမရှိတာကြောင့် သူတို့ ဝယ်လို့မရခဲ့ပါဘူး။ အခု CB Bank ကတ်သာ လူဆိုးတွေလက်ထဲ ရောက်သွားခဲ့မယ်ဆိုရင်တော့ ပွဲကြီးပွဲကောင်း ဖြစ်သွားမှာပေါ့။ ဒီလိုဆိုရင် CB Bank က လျော်ကြေးပေးမှာတဲ့လား။ နောက်တစ်ကြိမ် ထပ်ကြုံရတာကတော့... မကြာသေးခင် အောက်တိုဘာ ၄ ရက်နေ့က ကျွန်တော့်ရဲ့ Memoir (အမှတ်တရစာအုပ်) ထွက်လာပါတယ်။ ဒီတော့ စာအုပ်ပုံနှိပ်တိုက်ကို ကျန်ငွေတွေ ရှင်းပေးရမှာဖြစ်လို့ ၂၃ လမ်း CB Bank ကို ငွေသွားထုတ်ခဲ့ပါတယ်။ ဒီနေ့ (အောက်တိုဘာ ၇၊ ၂၀၂၆) နံနက် ၁၁:၄၅ နာရီမှာ ဘဏ်ကိုရောက်တော့ ငွေသွင်းတဲ့သူ တစ်ယောက်ပဲ ရှိပါတယ်။ ငွေသွင်းတဲ့သူနဲ့ ငွေထုတ်တဲ့သူကို လူတစ်ယောက်တည်းကပဲ ပူးတွဲလုပ်ဆောင်ပေးနေတာမို့ ကျွန်တော်လည်း သူပြီးအောင် စောင့်ဆိုင်းပေးခဲ့ရပါတယ်။ ဘဏ်တစ်ခုလုံးမှာ လူတွေအများကြီးနဲ့ ငွေသွင်းငွေထုတ်ကိုဝန်ထမ်းတစ်ဦးတည်းက လုပ်ပေးနေတာဟာ သိပ်တော့ မမိုက်လှဘူးလို့ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သိပ်တော့ မကြာလိုက်ပါဘူး၊ကျွန်တော့်အလှည့် ရောက်လာခဲ့ပါတယ်။ ပုံစံက တစ်မျိုးပဲဗျ... ငွေထုတ်ဖို့အတွက် လက်မှတ်၊ အမည်၊မှတ်ပုံတင်၊ အဖေအမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နဲ့ ဘာကြောင့် ငွေထုတ်တယ်ဆိုတာတွေကို အကုန်ဖြည့်ရပါတယ်။ ပြီးတော့ သူက စာရွက်ကို ယူသွားပါတယ်။ ခဏနေတော့ "မြန်မာလို လက်မှတ်ထိုးထားလို့ အင်္ဂလိပ်လို ထိုးပေးပါ" တဲ့။ (ကျွန်တော်က အောက်တိုဘာ ၄ ရက်နေ့ကတင် စာအုပ်၂၀၀ ကျော်ကို လက်မှတ်ထိုးပေးခဲ့တဲ့ စာရေးဆရာပါဗျာ။ အင်္ဂလိပ်လို ထိုးခိုင်းလည်း ထိုးပေးတာပေါ့။ ဒါနဲ့ ထိုးပေးလိုက်တော့"လက်မှတ် မတူဘူး၊ ပြန်ထိုးပေးပါ" တဲ့)။ ဒီတော့မှ "ဒါတော့ ရစ်ပြီပဲ" လို့ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ နောက်တစ်ကြိမ် ထပ်ထိုးပေးလိုက်တယ်။ "မတူဘူးဗျာ၊ ထပ်ထိုးပါဦး" တဲ့။ ဒါနဲ့ အထက်တန်းမန်နေဂျာက မန်နေဂျာကြီးဆီကို ကျွန်တော့်လက်မှတ်ကို ယူသွားပြပါတယ်။ မန်နေဂျာကြီးကလည်း "မတူဘူး" တဲ့။ ပိုက်ဆံထုတ်ဖို့ ခဏတော့ စောင့်ရမယ်။ ရုံးချုပ်နဲ့ Confirm လုပ်ရမယ့်သဘောမျိုး ပြောလာပါတယ်။ ဒီတော့ ကျွန်တော်က "ဒါဆိုလည်း မလုပ်ပါနဲ့။ မထုတ်တော့ပါဘူး" လို့ ပြောပြီး ကျွန်တော့်စာအုပ်နဲ့ မှတ်ပုံတင်ကို ပြန်တောင်းပြီး ယူခဲ့လိုက်ပါတယ်။ မန်နေဂျာကိုလည်း ကျွန်တော် လှမ်းပြောခဲ့ပါသေးတယ်... "ကျွန်တော်တို့ တစ်သက်လုံး (သူတို့ လူလားမမြောက်ခင်ကတည်းက) ဘဏ်တွေမှာ ပိုက်ဆံထုတ်လာတာ တစ်ခါမှလက်မှတ်မတူလို့ မထုတ်ပေးတာမျိုး မရှိဖူးဘူး" လို့ ပြောခဲ့ပါတယ်။ သူကတော့ "Audit ဝင်ရင် ကျွန်တော်တို့ပဲ တာဝန်ခံရတယ်။ မထုတ်ပေးနိုင်ဘူး" လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သမီးကိုခေါ်ပြီး ဆူးလေ CB Bank ဘဏ်ခွဲကို ထပ်သွားခဲ့ပါတယ်။ ဘဏ်က ရောက်တာနဲ့ မေးကြတယ်။ "ဘာလုပ်မလို့လဲရှင့်" "ပိုက်ဆံထုတ်မလို့ပါ" "မှတ်ပုံတင်နဲ့ စာအုပ်ပေးပါ" တဲ့။ ပေးလိုက်ပါတယ်။ Form ဖြည့်တယ်၊ လက်မှတ်ထိုးတယ်၊ ငါးမိနစ်အတွင်း စက်ထဲကနေ ပိုက်ဆံရေတွက်ပေးလိုက်ပါတယ်။ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့ဗျာ... 🛑 ဒီစာအုပ်က ဘာလို့ ငွေသွင်းငွေထုတ်ကို ကျွန်တော့်ဆန္ဒမပါဘဲ လုပ်ခဲ့တာလဲ။ 🛑 ဘာလို့ အတိုးမသွင်းပေးတာလဲ။ 🛑 ဘာလို့ ၂၃ လမ်းမှာ ကျမှ လက်မှတ်မတူဘူးဆိုပြီး ငြင်းဆန်ရတာလဲ။ ကျွန်တော် အသက် ၈၃ နှစ်ကို နိုဝင်ဘာ ၁၆ ရက် (ရှေ့လ) မှာ ပြည့်ပါတော့မယ်။ ကျွန်တော့်ကို ရစ်ချင်လည်း ရစ်ပေါ့ဗျာ။ ဒါပေမဲ့ ခင်ဗျားတို့ကို ထမင်းကျွေးနေတဲ့ဘဏ်၊ ခင်ဗျားတို့ကို လုပ်ကျွေးနေတဲ့ လက်တွေကိုတော့ မကိုက်ကြပါနဲ့လို့ပဲ တိုက်တွန်းချင်ပါတယ်။ After all, we all are Myanmar. I forgive, but never forget.

CB Bank …သင်ခန်းစာများ #ဒေါက်တာခင်မောင်ညို ကျွန်တော်တို့မြန်မာပြည်တွင် ဘဏ်များစွာ ရှိပါတယ်။ ကျွန်တော်က အဲဒီဘဏ်တွေ မပေါ်ခင် တစ်ချိန်က မြန်မာ့စီးပွားရေးဘဏ်ရဲ့ သုံးစွဲသူ (Client) တစ်ဦး ဖြစ်ခဲ့တယ်။ နောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံက Midland Bank ကို သုံးစွဲခဲ့ဖူး တယ်။ မြန်မာ့စီးပွားရေးဘဏ်ကို သုံးရတာကတော့ ကျွန်တော်တို့ရဲ့လစာတွေကို အဲဒီဘဏ်ကထုတ်ပေးတဲ့ ချက်လက်မှတ်တွေနဲ့ ထုတ်ယူရလို့ပဲ ဖြစ်ပါတယ်။ အင်္ဂလန်က Midland Bank ကို သုံးစွဲရတာကတော့ ကျွန်တော့်အတွက် စကောလားရှစ် ထောက်ပံ့ငွေများကိုအဲဒီဘဏ်ကနေ ရယူခဲ့ရလို့ ဖြစ်ပါတယ်။ Midland Bank ကို သုံးစွဲရင်းနဲ့ ကတ်ကိုသုံးခွင့်ရလာတယ်။ စျေးဝယ်လို့ရတယ်။ ကားဝယ်လို့လည်း ရခဲ့ပါတယ် (၁၉၇၀ ပြည့်နှစ်အလွန်ကာလတွေကတည်းကပါ)။ မြန်မာပြည်မှာတော့ ယူနီဗာဆယ်ဘဏ်နဲ့ Yoma Bank တို့ကို ပထမဆုံး သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ MAB Bank၊ KBZ Bank နဲ့ CB Bank တို့ကို ဆက်လက် သုံးစွဲခဲ့ပါတယ်။ (ယူနီဗာဆယ်ဘဏ်ကတော့ နောက်ပိုင်းမှာ ပြိုလဲခဲ့ပါတယ်)။ ကံအားလျော်စွာပဲ အမေရိကန်က Chase Bank၊ American Bank တို့ကိုလည်း သုံးခဲ့ရဖူးပြီးဂျပန်က Sanwa Bank ကိုလည်း သုံးစွဲခဲ့ရဖူးပါတယ်။ KBZ နဲ့ CB Bank တို့ကလွဲရင် အခြားဘဏ်တွေနဲ့တော့ ဘာပြဿနာမှ မရှိခဲ့ဖူးပါ။ KBZ ဘဏ်နဲ့ ဖြစ်ခဲ့တာကတော့ ကျွန်တော့်မှတ်ပုံတင်နဲ့ အခြားသူတစ်ဦးက K-Pay ဖွင့်ခဲ့တဲ့ကိစ္စပါ။ သူတို့ဘက်က တောင်းပန်တာနဲ့ ပြီးသွားခဲ့ပါတယ်။ CB Bank မှာတော့ ဒေါ်လာအကောင့် Visa ကတ် မှာ ၂၅ ဒေါ်လာသာ ရှိပြီး သုံးဖြစ်ခြင်း မရှိခဲ့ပါဘူး။ ၂၀၂၆ ခုနှစ် မေလမှာမှ ကျွန်တော် စင်ကာပူနဲ့ မလေးရှားခရီးထွက်ဖို့ ရှိတာမို့ CB Bank ရဲ့၂၃ လမ်းဘဏ်ခွဲမှာ စာအုပ်ဖွင့်ပြီး ကတ်လုပ်ခဲ့ပါတယ်။ Visa Card လုပ်ဖို့ အချိန်မရတော့တာနဲ့ MPU Card ကိုပဲ လုပ်ခဲ့ရပြီး စာအုပ်ပါ တွဲဖွင့်ခဲ့ရပါတယ်။ သူတို့က နေ့ပြန်တိုး အတိုးပေးတဲ့စာအုပ်ကိုပဲ ဖွင့်ပေးပါတယ်။ ကျွန်တော်လည်း အဲဒါကို သေချာနားမလည်ခဲ့ပါဘူး။ အဲဒီစာအုပ်နဲ့ပတ်သက်ပြီး ၂၃ လမ်းဘဏ်က "အတိုးမရတဲ့စာအုပ်" လို့ ပြောပါတယ်။ ဒါပေမဲ့ ဆူးလေဘုရားလမ်း မီးသတ်အနီးက ဘဏ်ခွဲကတော့ "အတိုးပေးပါတယ်။ ၇ ရာခိုင်နှုန်းပါ" လို့ ပြောပါတယ်။ ဒါဆိုရင် အတိုးထည့်ပေးပါလို့ ပြောတော့ "သုံးလတစ်ခါပဲ ထည့်ပေးပါတယ်" တဲ့။ ဒါဆို ကျွန်တော့်စာအုပ်က လေးလတောင် ရှိပြီဆိုတော့ သူတို့က "အောက်တိုဘာ ၁ ရက်မှ အတိုးထည့်ပေးတာပါ" လို့ ဆိုပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ ပိုက်ဆံသွားထုတ်တော့လည်း အတိုးကို လုံးဝ ထည့်မပေးပါဘူး။ ကျန်တဲ့ဘဏ်တွေဆိုရင် ပိုက်ဆံထုတ်တဲ့အခါ စာအုပ်ကို Update လုပ်ပေးပါတယ်။ သူတို့ကတော့ မသိချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် တကယ်ပဲမသိတာလား မပြောတတ်တော့ပါ။ ကျွန်တော်လည်း ဘဏ်ဆိုတာအသုံးတည့်တယ်၊ အဆင်ပြေတာပဲဆိုပြီး ဘာမှ အထူးတလည်ပြောဆိုလေ့ မရှိခဲ့ပါဘူး။ ဆက်ပြောရဦးမယ်... ကျွန်တော် မေလ ၂၉ ရက်နေ့မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူကိုရောက်ပါတယ်။ အဲဒီရက်မှာ စားသောက်ဆိုင်တစ်ခုမှာ MPU Card နဲ့ ငွေရှင်းတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ နောက်နေ့မှာတော့ ရှင်းလို့မရတော့ပါဘူး။ ကျွန်တော် နောက်ပိုင်းမှာ စစ်ဆေးကြည့်လိုက်တဲ့အခါ မေလ ၂၉ရက်နေ့မှာ စားသောက်ထားတဲ့ငွေ နှစ်သောင်းနှစ်ထောင်ကျော်ကိုကျွန်တော့်ဘဏ်စာအုပ်ထဲကနေ နှုတ်သွားတာ တွေ့ရပါတယ်။ ပြီးတော့ ဘာမဆိုင်ညာမဆိုင် နှစ်သောင်းခုနစ်ထောင်ကျော်ကို သုံးကြိမ်ထုတ်ယူသွားတယ်။ ပြီးတော့ အဲဒီပမာဏကိုပဲ သုံးကြိမ်ပြန်သွင်းထားပါတယ်။ ကျွန်တော့်ဘက်က ငွေကြေးနစ်နာမှုတစ်စုံတစ်ရာမှ မရှိပေမဲ့ ဘဏ်က ကျွန်တော့်ဆန္ဒတစ်စုံတစ်ရာမပါဘဲ ငွေတွေကို ဒီလိုထုတ်လို့ရလားဆိုတာ တွေးစရာ ဖြစ်လာပါတယ်။ CB Bank ဘယ်လိုလုပ်လိုက်တာလဲ၊ စက်ပျက်တာလား... စသဖြင့် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တာပေါ့။ ကျွန်တော်က ဒီအသွင်းအထုတ်တွေကို အချိန်မီ မသိခဲ့ရပါဘူး။ တကယ်တည်းလည်း ကျွန်တော်က ဘဏ်ကနေ ငွေထုတ်စရာမှ မလိုတာလေ။ ဒါကြောင့် မလေးရှား၊ စင်ကာပူကနေ ပြန်လာပြီး လေးလလောက်ကြာမှ စာအုပ်ကို Update သွားလုပ်တော့မှသာ အကြောင်းစုံကို သိရပါတော့တယ်။ ဒါနဲ့ ဒါကိုလည်း ပြောပြချင်ပါတယ်... ဘဏ်ကတ်ပျောက်သွားရင်ဘဏ်ကို ချက်ချင်းအကြောင်းကြားရပြီး သူတို့က ကတ်ကို အခြားသူ မထုတ်နိုင်အောင် ပိတ်ပေးရပါတယ်။ ၂၀၁၈ ခုနှစ်လောက်ကကျွန်တော် စံတော်ချိန်သတင်းစာတိုက်ကို အသွားလမ်းမှာခါးပိုက်နှိုက်ခံရဖူးပါတယ်။ ကျွန်တော်က ဘတ်စ်ကားစီးရတာဝါသနာပါတယ်။ လူတွေနဲ့ ထိတွေ့ရတဲ့ Public Transport ဟာအရေးပါတယ်လို့ ခံယူထားတယ်။ အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင်ကားမောင်းနိုင်ပေမဲ့ ဘတ်စ်ကားစီးသွားရင်း ခါးပိုက်နှိုက်ခံလိုက်ရတာပါပဲ။ ငွေက သုံးသောင်းလောက်မို့လို့ လှူဒါန်းလိုက်သလိုပဲ သဘောထားလိုက်ပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းလိုင်စင်နဲ့ဘဏ်ကတ်တွေ ပါသွားပါတယ်။ ဒီတော့ KBZ Bank ရဲ့ ဗီဇာကတ်ကို ဖုန်းဆက်ပိတ်လိုက်တော့အဆင်ပြေသွားပါတယ်။ MAB ကတ်ကိုတော့ မပိတ်ဖြစ်ခဲ့ပါဘူး။ဘာလို့ဆို ကတ်ထဲမှာ ပိုက်ဆံမှ မရှိတော့တာလေ။ ဒါပေမဲ့ အဲဒီMAB ကတ်နဲ့ပဲ လန်ဒန်မှာ ဈေးဝယ်ခဲ့ကြတယ်ဗျ။ ပိုက်ဆံမှ မရှိဘဲ သူတို့ ဘယ်လိုဝယ်လို့ ရမလဲပေါ့။

ငွေစက္ကူတွေမရိုက်ဘဲ K-Pay တို့ Wave တို့ပဲ သုံးရင် ငွေကြေး မဖောင်းပွတော့ဘူးလား? အဖြေကတော့ - ဖောင်းပွပါတယ်။ အကြောင်းကတော့... ဆက်ဖတ်ကြည့်ပါ။ နမူနာပြောရရင် KBZ ဘဏ်ဆီက ငွေတိုက်စာချုပ်ကို သက်တမ်းမကုန်ခင် (တနည်းအားဖြင့် အစိုးရက အရင်းရော အတိုးရော မပေးချင်တော့လို့) ဗဟိုဘဏ်က ဝယ်လိုက်တယ်ဆိုပါစို့။ တန်ဖိုးက သိန်းကြီး ၁ သိန်း (ကျပ် ဘီလီယံ ၁၀) ဆိုပါတော့။ အရပ်စကားနဲ့ပြောရရင် ဗဟိုဘဏ်လက်ထဲကို ငွေတိုက်စာချုပ်ရောက်သွားပြီး၊ ဗဟိုဘဏ်က အဆိုပါ ဘဏ်အား ပေးရန်တာဝန် Liabilityထဲကို သိန်းကြီး၁သိန်းစာရင်းသွင်းပြီး၊ KBZ ဘဏ်ရဲ့ ဗဟိုဘဏ်မှထည့်ပေးငွေစာရင်း (Reserve Account with Central Bank) ထဲကို ဗဟိုဘဏ်ကပေးတဲ့ပမာဏ ရိုက်ထည့်လိုက်တဲ့အချိန်ဟာ "ငွေရိုက်ထုတ်ခြင်း (Money Creation)" လို့ ခေါ်ပါတယ်။ ဒါကို Quantitative Easing (QE) လို့လည်း ခေါ်ကြပြီး စီးပွားရေးစနစ်ထဲကို အခြေခံငွေကြေး (Base Money) အသစ် စတင်ထည့်သွင်းပေးလိုက်တဲ့ အဆင့် ဖြစ်ပါတယ်။ ဗဟိုဘဏ် ခွင့်ပြုလိုက်လို့ KBZ စာရင်းပေါ်မှာ ငွေပမာဏ တိုးသွားတာဟာ ငွေရိုက်လိုက်တာပါပဲ။ နိုင်ငံထဲမှာ လည်ပတ်သုံးစွဲနေတဲ့အထဲကို အရင်က မရှိခဲ့တဲ့ငွေတွေ စာရင်းပေါ် ရောက်လာပြီး သုံးလို့ရသွားပြီဖြစ်တဲ့အတွက် ဒီအဆင့်မှာတင် ငွေကြေးက ဖောင်းပွသွားပြီ၊ ကုန်ဈေးနှုန်းတွေ တက်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။ ဖောင်းပွသွားပြီဖြစ်တဲ့ငွေတွေကို ဘဏ်က Account to Account Transfer ပဲ လုပ်မလား၊ ငွေသားလိုချင်လို့ ဗဟိုဘဏ်ကိုပဲ လှမ်းတောင်းမလား၊ သူ့ရဲ့ Digital Money အဖြစ် ပြောင်းမလားဆိုတာက ငွေဖောင်းပွသွားပြီးမှ ဖြစ်လာတဲ့ နောက်ပိုင်းဖြစ်ရပ်တွေသာ ဖြစ်ပါတယ်။ ဖောင်းပွပြီးငွေကြေးကို စက္ကူအဖြစ်ပုံစံပြောင်းခြင်း Digital Money အဖြစ်ပုံစံပြောင်းခြင်းတို့သာ ဖြစ်ပါသည် ဘဏ်တွေက တကယ့် ငွေသားစက္ကူ လိုအပ်လို့ ဗဟိုဘဏ်ကို တောင်းတဲ့အခါ၊ ဗဟိုဘဏ်မှာ ငွေသားအလုံအလောက် မရှိမှသာ "ဝါဇီ" က စက္ကူငွေ ရိုက်နှိပ်ရတာပါ။ ဝါဇီ အလုပ်လုပ်တာဟာ စီးပွားရေးပညာမှာသင်ရတဲ့ "ငွေရိုက်ခြင်း" မဟုတ်ဘဲ ဘဏ်တွေရဲ့ ငွေသားတောင်းဆိုချက်အရ ပုံစံပြောင်းပေးရခြင်း သာ ဖြစ်ပါတယ်။ နိုင်ငံထဲ လည်ပတ်ငွေ စာရင်းပေါ်မှာ တိုးမလာပါ။ ဗဟိုဘဏ်ရဲ့ Currency in Circulation / Cash Issued ဆိုတဲ့ စာရင်းထဲမှာ Amount တိုးသွားတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ နောက်တခုက ဗဟိုဘဏ်ကငွေ၁၀၀ရိုက်ရင် ငွေက ၁၀၀အတိုင်းမနေပါဘူး။ ဘဏ်ကချေးပြီးမြေဝယ်၊ မြေရောင်းသူက ဘဏ်မှာအပ်တော့ နောက်တယောက်ကို ဘဏ်ကထပ်ချေးဆိုတဲ့ ပုံစံနဲ့ ဈေးကွက်ထဲမှာ ငွေ ၁၀၀ကနေ ငွေ ၅၀၀လောက်ထိပွါးသွားနိုင်တာကိုပါထည့်တွက်ရင် ဗဟိုဘဏ်က အရမ်းသတိထားငွေရိုက်သင့်တာပါ။ ခုလို စွတ်ရိုက်ပြီး အိမ်ခြံမြေကိုစွတ်ချေးနေရင် ငွေတွေဘယ်နှစ်ဆများတိုးပြီးဖောင်းပွမလဲဆိုတာ ရင်မောမိတယ်။ အောက်ကတော့ ပိုရှင်းချင်သူတွေဆက်ဖတ်ပါ ငွေသားတွေနဲ့ Digital Money တွေအကြောင်း ပိုရှင်းလင်းချင်သူတွေအတွက် Double Entry စာရင်းသွင်းပုံများ - Accounting သဘောအရ အရောင်းအဝယ်တစ်ခုကို စာရင်းသွင်းရင် အတိုးဘက် (Debit) နဲ့ အလျော့ဘက် (Credit) ကို တူတူသွင်းရပါတယ်။ ၁။ ပထမအဆင့် (ဗဟိုဘဏ်က ငွေတိုက်စာချုပ် ဝယ်ယူချိန် - ငွေရိုက်ထုတ်သည့်အဆင့်) Debit: Reserve Account with Central Bank — သိန်းကြီး ၁ သိန်း (ဘဏ်မှာ တိုးလာတာက ဗဟိုဘဏ်က စာရင်းထဲ ထည့်ပေးလိုက်တဲ့ ငွေပမာဏ/Asset ဖြစ်ပါတယ်) Credit: Treasury Bonds / Government Securities — သိန်းကြီး ၁ သိန်း (ဘဏ်ဘက်မှာ လျော့သွားတာက ရောင်းလိုက်တဲ့ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု/Asset ဖြစ်ပါတယ်) ၂။ ဒုတိယအဆင့် (ဘဏ်က ငွေသားထုတ်ယူသည့်အဆင့်) ဘဏ်က သူရထားတဲ့ သိန်းကြီး ၁ သိန်းထဲက သိန်း ၁ သောင်း ကို ငွေသားထုတ်ချင်လို့ ဗဟိုဘဏ်ဆီက တောင်းယူလိုက်သည့်အခါ - Debit: Cash in Vault (ဘဏ်လက်ဝယ်ရှိ ငွေသား) — သိန်း ၁ သောင်း (ငွေသားတုံးများ ဘဏ်ထဲသို့ အမှန်တကယ် ရောက်ရှိလာသဖြင့် Asset တိုးပါသည်) Credit: Reserve Account with Central Bank (ဗဟိုဘဏ်ရှိ အရန်ငွေ) — သိန်း ၁ သောင်း (ဗဟိုဘဏ်ကထည့်ပေးငွေစာရင်းထဲမှ ငွေလျော့သွားသဖြင့် Asset လျော့ပါသည်) ၃။ တတိယအဆင့် (Digital Money ပြောင်းသည့်အဆင့်) ဘဏ်က ကျန်ရှိနေတဲ့ အကောင့်ထဲက နောက်ထပ် သိန်း ၂ သောင်း ကို သူ့ရဲ့ Digital Money (K-Pay) ပြောင်းချင်သည့်အခါ - Debit: Digital Wallet Operating Account / Wallet Pool — သိန်း ၂ သောင်း (ဘဏ်၏ Electronic Wallet Balance/Pool ထဲသို့ ငွေရောက်ရှိလာသဖြင့် Wallet Asset တိုးပါသည်) Credit: Reserve Account with Central Bank — သိန်း ၂ သောင်း (ဗဟိုဘဏ်ကထည့်ပေးငွေစာရင်းထဲမှ ငွေလျော့သွားသဖြင့် Reserve Asset လျော့ပါသည်) Source:Sai Ko

တကယ်က ပီကင်းကို သြဇာမခံချင်တဲ့သူတွေကို အဆက်ဖြတ်တာပါ။ ကျားဖြန့်က ပိုက်ဆံတွေ သူတို့အကုန်ရတာပဲလေ။ ကျားဖြန့်တွေက မဟုတ်တာလုပ်လို့ သနားစရာမဟုတ်ပေမဲ့ ကျားဖြန့်ပိုက်ဆံတွေကို ဝိုင်းအမဲဖျက်နေသူတွေ ရှိနေတာပဲ။ မြန်မာပြည်သူတွေ မိမိနယ်ပယ်ကို အမြင်ကျယ်ကျယ်နဲ့ မိတ်ဆွေကောင်းရှာပြီး ကာကွယ်ပါ။ တရုတ်ရဲ့ကုန်ထုတ်လုပ်မှုနည်ူနာတွေကို အတုယူပြီး အလုံးစုံ လွတ်မြောက်အောင် ထုတ် လုပ်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်ကြပါ။ နောင်တချိန်မြန်မာဟာ ယူကရိန်းလို အဖြစ်ဆိုးမကြုံအောင် သင်ခန်းစားယူတတ်ကြပါစေ။ ပြောသာပြောရတယ် ဒါမျိုးပို့စ့် ဘယ်ဗမာမှ မဖတ်အားဘူး။ နောင်ရေးရင်လေးမိ။ Source:Khun Khun

ကိုးကန့်မိသားစု လေးစု ကျားဖြန့်လုပ်လို့ တရုတ်မှာ စီရင်ခံရဆိုတဲ့ သတင်းတွေ ခပ်စိတ်စိတ်ပြန်ပေါ်လာပြန်ပြီ။ စီရင်ချက်တောင် အတော်များများ ချပြီးလို့ ပြီးသလောက်ဖြစ်နေပြီ။ ခုမှ အစိုးရ သတင်းမီဒီယာအနေနဲ့ ရုပ်သံတွေကပါ တရားဝင် ဖြည့်စွက် အချက်အလက်တွေနဲ့ ထပ်မံ ထုတ်ပြန်တယ်လို့ ဆိုကြတယ်။ အဓိကအားဖြင့် ကျားဖြန့်လုပ်တယ် တရုတ်တွေကို ဖမ်းဆီးတယ် ပစ်ခတ်သတ်ဖြတ်တယ်ဆိုတာမျိုး အဓိကထား ရေးသား ဖော်ပြထားတယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက် ဖမ်းဆီးထိန်းသိမ်းပြီးမှ သူတို့နိုင်ငံမှာ ပြစ်ဒဏ်ချတယ်လို့ ဆိုတယ်။ တကယ်က ဟိုးအရင် သက်ဉီးဆံပိုင်ခေတ်တုန်းကတော့ တရုတ်က မြန်မာကို မကြည်တာထဲ ကိုးကန့် (ဖြစ်လာမယ့်) သူတွေကို လက်ခံထားလို့ဆိုတာလဲ ပါတယ် လို့ တချို့လူကြီးတွေတော့ ပြောဖူးတာပဲ။ သိချင်ရင် ရှာဖတ်ကြည့်ပေါ့လေ။ Source:Ko Ko Ye

ဘဂ်ါလီတွေ မြန်မာပြည်ကိုပြန်ခေါ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေတက်လာပြန်တော့စိတ်ထဲဘဝင်မကျတဲ့ကိစ္စ တစ်ခု ပေါ်လာပြန်ရော။ ဝေါဟာရအသုံးအနှုန်း တစ်ခုကို သတိကြီးကြီးထားပြီး သုံးရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှောင်ပြီးသား ဖြစ်သွားနိုင်သေးတယ်။ သူတို့တွေက နိုင်ငံတကာဆီက စနစ်တကျ ထောက်ပံ့မှုယူထားကြတော့ ကိုယ်တွေဆီက လည်း အသေးအဖွဲကအစ ဂရုစိုက်ဖို့ လိုမယ်ထင်တာပါ။ ဘဂ်ါလီများနေရပ်ပြန်ရေးကိစ္စပြောတဲ့အခါ အဂ်လိပ် စကားလုံး "Repatriation" ကိုသုံးကြတာတွေများတယ်။ အဲဒီစကားလုံးကို နိုင်ငံတကာဥပဒေတွေနဲ့ ချိန်ထိုးပြီး အဓိပ္ပာယ်ဖွင့်တဲ့အခါ "နေရပ်ကိုပြန်တယ်၊ အခုလိုပြန်တဲ့ နေရာဟာသူတို့ရဲ့ မွေးရပ်မြေဖြစ်ရမယ်၊ အဲဒီနေရာမှာ သူတို့က နိုင်ငံသား၊ တိုင်းရင်းသားဖြစ်နေတယ်" ဆိုတဲ့ ပုံစံမျိုး လည်ရင်လည်သလို ကစားလို့ရတယ်။ အဲဒီစကားလုံးအစား "Return" ဆိုတဲ့ "ပြန်ခြင်း" ဆိုတဲ့ စကားလုံးကိုပဲ သုံးတာက ပိုပြီး အန္တရာယ်ကင်းပါလိမ့် မယ်။ စနစ်တကျ ဉာဏ်နီ၊ ဉာဏ်နက်များဖို့ အသင့်ဖြစ် နေတဲ့ပညာတတ်တွေနဲ့ ရင်ဆိုင်နေရတာမို့ဂရုစိုက်တာက ဟာကွက်လေးတွေ နည်းစေနိုင်မယ်လို့ ယူဆပါတယ်။ အဲဒီ Return ဆိုတဲ့စကားလုံးက ပြန်တယ်၊ နေခဲ့တဲ့နေရာ တစ်ခုဆီကိုပြန်တယ်၊ ဒီလောက်ပဲ။ နိုင်ငံသားဖြစ်တည် ခွင့်ဆိုင်ရာ၊ လူမျိုးဆိုင်ရာ အဓိပ္ပာယ်မနွယ်တဲ့အတွက် ပိုပြီး အဆင်ပြေပါတယ်။ အခုလိုကိစ္စမျိုးတွေကို စနစ်တကျ လေ့လာပေးမယ့် မူဝါဒပိုင်းဆိုင်ရာကိုလည်းဝင်မစွက်ဘဲ ပရော်ဖက်ရှင်နယ် ဆန်တဲ့ သုတေသန အဖွဲ့အစည်း ရှိစေချင်ပါတယ်။ ©Salai Moung Htang Om*****

2026 ASEAN CHAMPIONSHIP မှာ Salavan United ကလပ်အသင်း၏ တောင်ပံကစားသမားဖြစ်သူ လာအိုလက်ရွေးစင် ဆော့ဖာချန် လူအန်သာလာဟာ လုပ်ပွဲကစားခဲ့တယ်လို့စွပ်စွဲချက်တွေကြောင့် ဖမ်းဆီးခံထားရတယ်လို့သတင်းထွက်နေပါတယ်။ ကစားသမားဟာဗီယက်နမ်နိုင်ငံအခြေစိုက်လို့ ယူဆရတဲ့ လောင်းကစားဂိုဏ်းတစ်ခုနှင့် ချိတ်ဆက်ပြီး ပွဲရလဒ်ကို ကြိုတင်ပြီးမမှန်မကန်ဖြစ်အောင် ပူးပေါင်းညှိနှိုင်းပေးခဲ့တယ်လို့ သံသယရှိခြင်းခံနေရပါတယ်။ လာအိုဖက်ကကစားသမားအပြင် ဒီပြဿနာမှာ မြန်မာကစားသမားတချို့ ၄ ယောက်လောက် ပါဝင်ပက်သက်နေတယ်လို့သိရပါတယ်။ ဒီလုပ်ပွဲကိစ္စနဲ့ပက်သက်ပြီး FIFA က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အဲ့ဒီကစားသမားတွေကို နာမည်နဲ့တကွအတိအကျ စစ်ဆေးပေးဖို့ တရားဝင်စာပို့ထားတယ်လို့သိရပြီး ဒီသတင်းကို MFF ဖက်က ထိန်ချန်ထားပါတယ်။ အဲ့ဒီထဲက ကစားသမားတယောက်ဟာ ဒိုင်လူကြီးတချို့နဲ့ပူးပေါင်းပြီးဆရာကြီးလုပ်တယ်လို့သိရပြီးရလာတဲ့ငွေအပေါ်မှာ ခေါင်းပုံဖြတ်သေးတယ်လို့ပါဆိုပါတယ်။ Source:mffg #MultiSportsInfoMyanmar

ကျန်းမာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကို တာဝန်မှ အနားပေး ဧရာဝတီ၊ အောက်တိုဘာ ၉၊၂၀၂၆ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဒုဝန်ကြီး ဒေါက်တာအေးထွန်း၊ ပညာရေးဒုဝန်ကြီး ဒေါက်တာဇော်မြင့်အပါအဝင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်ကို တာဝန်မှ အနားပေးလိုက်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ယနေ့ အမိန့်ထုတ်ပြန်သည်။ လစ်လပ်သွားသည့် ကျန်းမာရေးဝန်ကြီး တာဝန်ကို လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာစိုးဝင်းအား ခန့်အပ်လိုက်ကြောင်း သိရသည်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်မှာ စစ်တပ်အရာရှိဟောင်းတဦးဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၁၀ရက်ကမှ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒု ဥက္ကဋ္ဌ ဦးသက်ထွန်းအောင်၊ ဒေါက်တာဒေါ်စန္ဒာဦးတို့နှင့်အတူ ခန့်အပ်ခံရသူဖြစ်သည်။ ပုံစာ- ကျန်းမာရေး ဝန်ကြီးနှင့် ဒုဝန်ကြီးတို့ကို တွေ့ရစဉ် #WhatsHappeningInMyanmar #RejectMilitaryCoup

အခုရုရှားကို စစ်မှုထမ်းဖို့အေဂျင်စီကစေလွှတ်ပေးလိုက် တယ်ဆိုတဲ့သတင်းက အမှန်တစ်ဝက်၊အမှားတစ်ဝက် လို့ပြောရမယ်။ ဖြစ်စဉ်က ရုရှားကိုအလုပ်နဲ့သွားရမယ်၊ ၃ ပတ်ပဲကြာမယ် ၊ တာချီလိတ်ကတဆင့်သွားရမယ်၊ သိန်း၁၄၀ ကုန်မယ် ၊ တာချီလိတ်အတွက်လမ်းကြောင်းကြေးက သိန်း၅၀ ကုန်မယ်၊ ထိုင်းကိုဝင်ဖို့ ဗီဇာယူရတယ် ရုရှားက ဗီဇာမလိုပဲအလည်အပတ်နဲ့ဝင်လို့ရတယ် တရားဝင်စေလွှတ်တဲ့အလုပ်သမားကတော့ ရုရှားသံရုံးမှာ ဗီဇာယူပြီးမှ ပြည်ဝင်ခွင့်ရတာပါ။ ဒီတော့ TikTok မှာ ကြော်ငြာတာတွေကိုယုံပြီး သွားလိုက်ကြတာ ဟိုရောက်မှ စာချုပ်မှာလက်မှတ်ထိုးခိုင်းတဲ့အခါ ရုရှားလိုရေးထားတာတွေကို ဘသာပြန်ကြည့်မှ စစ်မှုထမ်းရန်ဆိုတာသိပြီး လက်မှတ်မထိုးပေးကြပဲ သံရုံးကိုဆက်သွယ်တဲ့အခါ လွှတ်ပေးတဲ့အေဂျင်စီကို သံရုံးက လာရောက်ဖြေရှင်းဖို့အကြောင်းကြားလိုက်တာ၊ ရုရှားမှာစစ်မှုထမ်းဖို့ဆိုရင် ကာယကံရှင်ကိုယ်တိုင် သဘောတူကျေနပ်ပြီး လက်မှတ်ထိုးမှ စစ်မှုထမ်းခွင့်ရတာပါ။ အခုလည်း လိမ်လည်ပို့ဆောင်ခံရတာကို ဟိုရောက်မှသိကြလို့ လက်မှတ်မထိုးပေးတဲ့အခါ အတင်းအကြပ်လုပ်လို့မရပါဘူး။ သူ့နိုင်ငံကသူ့ဥပဒေကိုလိုက်နာကြပါတယ်။ ရှေ့တန်းကိုတိုက်ရိုက်ရောက်သွားရင်တော့ မပြောတတ်ဘူးပေါ့။ တရားမဝင်ဆိုရင်တော့ သတိထားပြီး သွားကြဖို့တိုက်တွန်းချင်တယ်။ ဒါကလက်ရှိ သိထားကြတဲ့အမှန်တရား မှားနေတာကကျတော့ အခုသတင်းထွက်နေတဲ့အေဂျင်စီက သူတို့စေလွှတ်ထားတာမဟုတ်ကြောင်း ပြန်ရှင်းပြနေရပြီး အမှန်တကယ်ပို့ထားတဲ့အေဂျင်စိကတော့ ရုရှားကမြန်မာသံရုံးမှာ သွားရောက်ဖြေရှင်းပေးနေရတယ်လို့ သိထားပါတယ်။ ဒါက လတ်တလောသိထားရတဲ့ဖြစ်စဉ်ကို ရေးပြတာပါ။ ကာယကံရှင်တွေကိုယ်တိုင် ရေးတင်ပေးမှသာ ဖြစ်ရပ်အမှန်ကိုပိုသိနိုင်မှာပါ။ #ရုရှားစစ်မှုထမ်း

စျေးအတွင်းတွင် “ကျော်ကြီး ထောင်တက်လာတာ သူ့မိန်းမနဲ့ မကင်းဘူး၊ ရှေ့နေဆိုတော့ ရဲအကုန်ပိုင်တယ်” ဟု သတင်းများ ပျံ့နှံ့နေသည်။ (ဤအချက်ကို Democratic Press အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ) သူ၏ဇနီးက ကျော်ကြီးတွင် ရဲမှတ်တမ်းပင် မရှိဟု ဆိုထားသော်လည်း လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး မြင့်စိုးကိုယ်တိုင် ကလေးပါမကျန် ပေါ်တာဆွဲ စစ်တပ်ထဲ ပို့နေသည့် ယနေ့ခေတ်ကာလတွင် ရဲမှတ်တမ်းမရှိရန်မှာ အလွန်လွယ်ကူသည့် ကိစ္စဖြစ်သည်။ “စောင့်ရှောက်မှု” ခေါင်းစဉ်တပ် ဓါးပြတိုက်မှုနှင့် စျေး၏ နိဂုံး ဒေါ်စုစုလှိုင်က “စျေးကြီးကို ဆယ်စုနှစ်တစ်ခုမက အများကြီး စောင့်ရှောက်ခဲ့တာ” ဟု ခေါင်းစဉ်တပ်ထားသော်လည်း သီရိမင်္ဂလာစျေးမှ ကုန်သည်နှင့် စျေးသူစျေးသားများအတွက်မူ “ငွေမပေးရင် ဒုက္ခပေးမည်” ဟု ဗြောင်ကျကျ ဓါးပြတိုက်ခံနေရခြင်းသာဖြစ်သည်။ လက်ရှိတွင် ကျော်ကြီးသည် သီရိမင်္ဂလာစျေးအတွင်း သတင်းမည်သူဖွသလဲဆိုသည်ကို ကြိတ်မှိတ် လိုက်လံရှာဖွေနေပြီး မိပါက “မလွယ်ဘူး” ဟု မကြားတကြား ကြိမ်းမောင်းလျက်ရှိသည်။ လူ ၂၀၀ မရှိဘဲ ၆၈ ယောက်နှင့် ဝိုင်းရိုက်လျှင်ပင် သေဆုံးနိုင်သဖြင့် စျေးသူစျေးသားများသည် ပါးစပ်ကို တင်းတင်းစေ့ထားကြရသည်။ ဇိုးနှင့် ရဲသည် လင်မယားကဲ့သို့ ဖြစ်နေသဖြင့် ရဲထံ သွားရောက်တိုင်ကြားပါက ရဲက ဖမ်းဆီးမည့်အချိန်ထက် မိမိအသက်ထွက်သွားမည့်အချိန်က ပိုမြန်နေမည်ဖြစ်သည်။ မည်သို့ပင် ပုန်းကွယ်ကာ နောက်ကွယ်မှ ကြိုးကိုင်နေပါစေ... သီရိမင်္ဂလာစျေးအတွင်းမှ “ဆယ်စုနှစ်တစ်ခုစာ စောင့်ရှောက်ခဲ့သည်” ဟု အမည်တပ်ထားသော ကျော်ကြီးအဖွဲ့၏ ဒုစရိုက်အပုတ်နံ့ကိုမူ မည်သည့်အရာနှင့်မျှ ဖုံးကွယ်ထား၍ ရတော့မည်မဟုတ်ပေ။ Source:Democratic Press

သိန်း ၅၀၀ ခွင့်လွှတ်ကြေးနှင့် ရဲမထိ၊ စည်ပင်မထိ သီရိမင်္ဂလာစျေးက “ကျော်ကြီး” ၏ စျေးမာဖီးယားဂိုဏ်း Democratic Press | ၂၀၂၆ အောက်တိုဘာ ၉ သင်နေ့စဉ် ဝယ်စားနေသည့် ခရမ်းချည်သီး တစ်ပိဿာ လေးထောင်ကျော်၊ ငရုတ်ပွ ခုနစ်ထောင်ကျော် စသည့် ကုန်စျေးနှုန်းကြီးမြင့်မှုများနောက်ကွယ်တွင် မမြင်နိုင်သည့် ဒုစရိုက် “ဆက်ကြေး” များ ပါဝင်နေသည်ဆိုလျှင် သင်ယုံနိုင်ပါသလား။ ဒီနေ့ သီရိမင်္ဂလာစျေးသည် ပုံမှန်အတိုင်း စည်ကားဆူညံနေဆဲပါ။ သို့သော် ထိုဆူညံသံများအောက်တွင် စျေးသူ၊ စျေးသားများနှင့် ကုန်ကားသမားများ၏ ကြောက်ရွံ့တုန်လှုပ်သံများ ဖုံးကွယ်နေသည်။ ခပ်ဝေးဝေး လက်ဖက်ရည်ဆိုင်တွင် စတည်းချရင်း ရင်းနှီးသည့် အသိတစ်ဦးကို “ကျော်ကြီးကို သိလား” ဟု မေးမြန်းလိုက်စဉ်— သူ့မျက်မှောင်တို့ စိုက်ကျသွားပြီး မေးလွန်းမက မေးမှသာ “ဒီရက်ထဲ မတွေ့ဘူး” ဟု တိုတိုတုတ်တုတ် ဆိုသည်။ “စျေးထဲမှာတော့ ယောင်လို့တောင် မမေးပါနဲ့ကွာ” ဆိုသည့် စကားတစ်ခွန်းက သီရိမင်္ဂလာစျေး၏ လက်ရှိငရဲခန်းကို အပြည့်အဝ ဖော်ပြနေသည်။ “စောင့်ရှောက်ခဲ့တယ်” ဟူသော ရှေ့နေမ၏ စကားလုံးနှင့် မာဖီးယား စိတ်ဓာတ် ကျော်ကြီးကို သီရိမင်္ဂလာစျေးတွင် မည်သူမျှ အာခံ၍မရပေ။ သို့သော် ရှေ့နေဟုဆိုသူ၊ လက်ကောက် တစ်တောင်ခန့်နှင့် စိန်ဆွဲသီး တရမ်းရမ်း ဝတ်ဆင်ထားသည့် သူ၏ဇနီး ဒေါ်စုစုလှိုင် ကမူ သူတို့အဖွဲ့သည် စျေးကြီးကို နှစ်ပေါင်းများစွာ အကျိုးပြုခဲ့သူများဟု ဆိုကာ အောက်ပါအတိုင်း ပြောဆိုခဲ့သည်။ “စျေးထဲမှာ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်တစ်ခုမက ရပ်တည်လာခဲ့တာ။ စျေးကြီးကိုလည်း အများကြီး စောင့်ရှောက်ခဲ့တယ်” စိန်ဆွဲသီး တရမ်းရမ်းနှင့် ရှေ့နေမ ဒေါ်စုစုလှိုင်၏ ထိုစကားလုံးကပင် သူတို့၏ မာဖီးယားဆန်သော စိတ်ဓာတ်ကို အထင်းသား ဖော်ပြနေတော့သည်။ စည်းစနစ်ကျသော မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို ကုန်တင်ကုန်ချ အလုပ်သမားဆိုသည်မှာ လုပ်ခလစာဖြင့် ရုန်းကန်ရသည့် အောက်ခြေအလုပ်သမားမျှသာ ဖြစ်ပြီး၊ ထိုအဖွဲ့၏ ခေါင်းဆောင်ဆိုသည်မှာလည်း စည်ပင် သို့မဟုတ် အာဏာပိုင်များ၏ စည်းမျဉ်းအောက်မှ သာမန် အလုပ်သမားခေါင်း အဆင့်ထက် မပိုပေ။ သို့သော် ဒေါ်စုစုလှိုင်ကမူ ကုန်တင်ကုန်ချ ခေါင်းဆောင်အဆင့်ကို “စျေးကြီးကို စောင့်ရှောက်သူ” ဟူသော အထက်စီးဆန်ဆန် သုံးနှုန်းလိုက်ရာ၊ သူတို့အဖွဲ့သည် သီရိမင်္ဂလာစျေး၏ တရားဝင် အာဏာပိုင်များထက်ပင် အထက်သို့ ရောက်ရှိကာ မင်းမူစိုးမိုးနေပြီဖြစ်ကြောင်း မသိစိတ်မှ ဗြောင်ကျကျ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ အောက်ခြေလုပ်သား အဆင့်မျှသာ ရှိရမည့် ကုန်တင်ကုန်ချ အဖွဲ့တစ်ဖွဲ့က စျေးကြီးတစ်ခုလုံးကို “စောင့်ရှောက်သည်” ဟု ဆိုလာသည့်အခါ၊ ထိုစောင့်ရှောက်မှု၏ အဓိပ္ပာယ်မှာ ကာကွယ်ပေးခြင်း မဟုတ်တော့ဘဲ နယ်မြေစိုးမိုး အုပ်ချုပ်ခြင်းနှင့် မာဖီးယားဆန်ဆန် ဆက်ကြေးတောင်းခံခြင်း သာဖြစ်သွား၏။ ဒေါ်စုစုလှိုင်က ကျော်ကြီးအဖွဲ့တွင် ၆၈ ယောက်သာ ရှိပြီး၊ ပိုက်ဆံတောင်းသည်ဟု ဆိုပါက ဗွီဒီယို၊ ဓာတ်ပုံ သက်သေပြရန် စိန်ခေါ်ထားသော်လည်း စျေးထဲမှ လက်တွေ့အခြေအနေကမူ အခြားစီ ဖြစ်နေသည်။ သီရိမင်္ဂလာစျေးကို စိုးမိုးထားသည့် “ကျော်ကြီး” ဂိုဏ်း၏ အမှန်တကယ် ပြုမူချက်များ ကျော်ကြီးသည် သီရိမင်္ဂလာစျေး၏ “ဇိုး” ဟု လူသိများသည်။ လွန်ခဲ့သည့် ၃ လခန့်က လူမှုကွန်ရက်ပေါ်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့ပြီးနောက်ပိုင်း စျေးထဲသို့ လူကိုယ်တိုင်မလာတော့ဘဲ နောက်ကွယ်မှ ဖုန်းဖြင့်သာ ကြိုးကိုင်နေသည်။ သူတို့အဖွဲ့၏ “စောင့်ရှောက်မှု” နောက်ကွယ်မှ အမှန်တရားများမှာ— “စောင့်ရှောက်ကြေး” ခေါင်းစဉ်ဖြင့် ငွေတောင်းခြင်း - စျေးအတွင်း ဝင်ရောက်သည့် ကုန်ကားများကို ကားသေးလျှင် ကျပ် ၁ သိန်း၊ ၁၂ ဘီးကားကြီးများလျှင် ကျပ် ၅ သိန်း အထိ အတင်းအကျပ် ကောက်ခံသည်။ ကားမှန်ခွဲခြင်းနှင့် ပစ္စည်းခိုးယူခြင်း - ထိုငွေကို မပေးပါက ယာဉ်မောင်းမရှိချိန် ကားမှန်များကို ရိုက်ခွဲခြင်း၊ ကားအတွင်းရှိ ကုန်ပစ္စည်းများကို အကုန်ယူဆောင်သွားခြင်းများ ပြုလုပ်ကြသည်။ ဆက်ကြေး သိန်း ၅၀၀ တောင်းခံခြင်း - ကျော်ကြီးအဖွဲ့ကို အာခံပြီး တိုင်ကြားမည်ဟု ဆိုသည့် ပွဲစားတစ်ဦးကို “သတ်ပစ်မည်” ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပွဲရုံသို့ပင် ပြန်မဆင်းရဲတော့ပေ။ နောက်ဆုံးတွင် ပွဲရုံပြန်ဆင်းခွင့်ရရန်အတွက် ကျပ်သိန်း ၅၀၀ ပေးဆောင်ခဲ့ရသည်။ ကုန်တင်ကုန်ချ လုပ်ပိုင်ခွင့် လက်ဝါးကြီးအုပ်ခြင်း - အခြား အလုပ်သမားဂိုဏ်းများကို ပစ္စည်းချခွင့်မပေးဘဲ သူတို့အဖွဲ့သာ အကုန်လုပ်မည်ဟု ဗြောင်ကျကျ မင်းမူနေသည်။ စျေးပွဲစားများက သတိပေးပါက အုပ်စုလိုက် ဝိုင်းထိုးပြီး ပွဲစားကို ပြန်တောင်းပန်ခိုင်းသည်။ ထိုဇိုးအဖွဲ့က သူတို့ကိုယ်သူတို့ “ပြည်သူစစ်” ဟု သုံးနှုန်းနေကြပြီး အဖွဲ့ဝင် ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိကြောင်း စျေးအတွင်းမှ သိရသည်။ ရဲမထိ၊ စည်ပင်မထိဘဲ အကောင်ကြီးလာသည့် နောက်ကွယ်မှ အကြောင်းတရား ကျော်ကြီးသည် လက်ရှိတွင် သီရိမင်္ဂလာစျေးတစ်ခုတည်း၌ ရပ်တန့်မနေတော့ဘဲ ရှမ်းပြည်နယ် တောင်လေးလုံးတွင်ပါ ကုန်ကားဂိတ် ထောင်ထားနိုင်ပြီဖြစ်သည်။

နည်းနည်းမဟုတ်ပါဘူး။ များများ လွဲနေတာပါ… အကြံတခုတော့ ပေးကြအုံး.. အခုပျက်သွားတဲ့ အဝတ်လျှော်စက်ကို တခြားနေရာ ထပ်ပြင်ကြည့်ရအုံးမလား.. အသစ်ဘဲ ဝယ်လိုက်ရမလား.. ဝယ်ရင် ဘယ်ဆိုင်မှာ ဘာဘရန်းတွေ ဝယ်သင့်လဲ.. ဝယ်လို့ ရနိုင်လဲ.. 🤔🤔🤔 #မောင်သိန်း

မဖြစ်ပါစေနဲ့.. မဖြစ်ပါစေနဲ့ လို့ အတန်တန် သတိထားနေတဲ့ကြားထဲက ဖြစ်သွားတယ်……. ပြီးခဲ့တဲ့လက အသိမိတ်ဆွေအကို တယောက်နဲ့ လဘက်ရည်သောက်ရင်း စကားစပ်မိကြတယ်။ အကိုက ရေခဲသေတ္တာ two door ရိုးရိုးလေး တလုံးလောက် လိုလို့ လိုက်ရှာတာ အတော်ရှာယူလိုက်ရတယ်ကွာ။ ရတော့လည်း စျေးက သိန်း လေးဆယ်ကျော် ငါးဆယ်နီးပါးပေးရတယ်။ အဲ့အမျိုးအစားက ယိုးဒယားမှာ ဘတ် တသောင်းအောက်ဘဲ ရှိတယ်ကွ။ မြန်မာပြည်နဲ့ စျေး သုံးဆလောက် ကွာနေတယ်လို့ သူက ထပ်ပြောတယ်။ ဒါပေမယ့် ဝယ်ရတာကိုဘဲ ကျေးဇူးတင်ရတာပါကွာ တဲ့.. သူမေးကြည့်တာတော့ သူတို့က အဲ့ပစ္စည်းတွေကို အခွံချွတ်ပြီး သယ်လာကြတာ။ အပြင်က ပုံးခွံတွေကို ဖြုတ်ထုတ်၊ wrapping လုပ်ပြီး အဟောင်းလို သွင်းလာရတာလို့လည်း ပြောတယ်။ အော် အဲ့လောက်တောင် ဖြစ်နေပြီလား လို့ ပြောလိုက်တော့ မင်း စုံးစမ်းကြည့်အုံး.. အဲ့လို ဖြစ်နေပြီ။ တဲ့ .. ကျနော်လည်း အစက ဒီပစ္စည်းတွေ ဒီလောက်ထိ ရှားပါးနေတယ်လို့ မထင်ထားမိဘူး။ သွင်းကုန်တွေကြပ်ထားတော့ အခက်အခဲဖြစ်နေတာတော့ သိတယ်ပေါ့။ အဲ့တာနဲ့ နည်းနည်းလေ့လာကြည့်တော့ ဟုတ်နေတာ တွေ့ရတယ်။ လိုအပ်နေသူက ပစ္စည်းဝယ်လို့ရတာကိုဘဲ ကျေးဇူးတင်နေရတယ်။ ရောင်းသူက တချို့ဆို တလုံးဘဲ ရမယ်နော်။ တဦးတည်းနဲ့ နှစ်လုံး မရောင်းပေးနိုင်ပါဘူး ခပ်မာမာ ရောင်းနေနိုင်တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ရက်က FB မှာ ပို့စ်တခု ထပ်တွေ့လိုက်တယ်။ ခုနက ရေခဲသေတ္တာ two doors ကို (၆၈) သိန်းတဲ့.. တကယ့် အမေးဇင်း ဖြစ်သွားတယ်.. အဲ့ပို့စ်ထဲမှာ အဲ့ရေခဲသေတ္တာက ယိုးဒယား Big C မှာ ဘတ် (6000) ဘဲ ရှိတာ တွေ့ရတယ်.. တဲ့.. တကယ်ကို နှစ်ထပ်ကွမ်း အမေးဇင်း ထပ်ဖြစ်ရတယ်.. စျေးက ယိုးဒယားထက် ရှစ်ဆလောက် ကြီးနေတယ်။ တော်သေးတယ်။ အိမ်မှာ မိန်းမက ပစ္စည်းကို ရိုသေတယ်။ အိမ်မှာ သုံးနေတဲ့ ရေခဲသေတ္တာက sharp အမျိုးအစား၊ ဆယ်နှစ် ကျော်ပြီ။ အဝတ်လျှော်စက်က Beko, 12 Kg. သူက စောင်တွေ၊ အိပ်ယာခင်းတွေကအစ ခဏခဏ လျှော်တတ်သူမို့ နည်းနည်းကြီးတာ ဝယ်ထားတာ။ ရှစ်နှစ်ရှိပြီ သုံးနေတာ။ အိုကေနေတယ်။ ဒါပေမယ့် မိန်းမကိုတော့ သတိပေးဖြစ်တယ်။ “ လျပ်စစ်ပစ္စည်းတွေ အတော်ပြတ်နေတယ်။ ရှားနေတယ်။ ဝယ်ရရင်တောင် စျေးက မတန်တဆပေးရတာ။ ငါတို့ ပစ္စည်းလေးတွေလည်း သတိထားရမယ်ဟေ့” ..လို့…. ပြောပြီး ရက် သိပ်မကြာဘူး။ ဆုတောင်းမပြည့်ဘူး ပြောရမယ်.. မဖြစ်ပါစေနဲ့.. မပျက်ပါစေနဲ့ လို့ အတန်တန် သတိထားနေတဲ့ကြားထဲက ဖြစ်သွားတယ်……. အခုတော့ အဝတ်လျှော်စက် ပျက်သွားပြီ.. အသံဆူနေတယ် ပြောတယ်။ ကိုယ်လည်း အဝေးရောက်နေတော့ Beko service ကို ဖုန်းဆက်ခိုင်းလိုက်တယ်။ Service က လာစစ်တယ်။ မော်တာကကောင်းတယ်။ မော်တာနဲ့ Drum နဲ့ ချိတ်ထားတဲ့ ဂီယာက crack ဖြစ်ပြီး အသံထွက်နေတာ..တဲ့. အဲ့တာဆိုလည်း ပစ္စည်းလဲကွာဆိုတော့ spare parts မရှိဘူး ဖြစ်နေတယ်။ မှာလို့လည်း မရဘူးတဲ့။ မှာရင်လည်း အကြာကြီးကြာမှာ။ အကိုတို့ စောင့်နိုင်မှာ မဟုတ်ဘူး။ အသစ် တလုံး ရှာဝယ်တာ ကောင်းမယ်လို့ အကြံပေးတယ်။ အဲ့ Beko 12 Kg က 2018 တုန်းက ဝယ်ထားတာ။ တန်ဖိုးက လေးသိန်းခွဲနီးပါး၊ promotion discount နဲ့ ဆိုတော့ လေးသိန်း စွန်းစွန်းလေး ပေးရတယ်။ အခုတော့ နည်းနည်း လေ့လာကြည့်ရသလောက် အမျိုးအစားအားလုံး 12 Kg ဆို သိန်းလေးဆယ်နီးပါးတွေ ဖြစ်နေတယ်။ ဆယ်ဆနီးပါး ကွာသွားပြီ။ ဒါတောင် ပေါပေါသီသီ လိုက်ရွေးချယ်လို့ မရဘူး။ ရေခဲသေတ္တာတို့ အဝတ်လျှော်စက်တို့ဆိုတာ ဟိုး အရင်တုန်းကတော့ လူတန်းစားတရပ်သာ သုံးနိုင်တာဆိုပေမယ့် အခုအခါမှာတော့ လျှပ်စစ်မီးရတဲ့ အိမ်တိုင်းနီးပါး သုံးနေကြပါပြီ။ ဒါဟာ အိမ်ထောင်စုရဲ့ အခြေခံ Home Appliance လေးတွေပါ။ ဒီလောက် ခက်ခဲနေဖို့ မသင့်ဘူးပေါ့လေ.. မဝယ်နိုင်လို့ မဟုတ်ပါဘူး.. မတန်တဲ့စျေး ပေးဝယ်ရမှာကို နှမျှောတာ။ သိန်းလေးဆယ်ပေးဝယ်ရရင် သိန်းလေးဆယ်နဲ့ တန်တဲ့ quality ရချင်တာပါ။ အခုသိန်းလေးဆယ်တန်က သူများနိုင်ငံမှာ ဆယ်သိန်းနဲ့ရနေတာဆိုရင် အဲ့တာ ဆယ်သိန်းတန် quality ဘဲ ရတာ။ ကျနော်တို့လို သုံးစွဲသူတွေက ဆယ်သိန်းတန် quality ကို အပို သိန်းသုံးဆယ်ပေးပြီး သုံးနေရတာ။ ကျနော်တို့ အပို ပေးလိုက်ရတဲ့ သိန်းသုံးဆယ်က ဘယ်ရောက်သွားတာလဲ… စဉ်းစားကြည့်ရအောင်… အရောင်းဆိုင်တွေက ကြိတ်တာလား.. သူတို့လည်း အဲ့လောက်တော့ အမြတ်တင်ရောင်းလို့ရမယ် မထင်မိဘူး။ ဒါဆို.. သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့်လား… လမ်းခရီး ဂိတ်ကြေးတွေကြောင့်လား.. ပါမစ် ခွင့်ပြုချက်တွေကြောင့်လား ကုန်သွယ်ခွန်ကြောင့်လား သွင်းကုန်ပေါ်လစီတွေကြောင့်လား… နောက်တနည်း ကျနော်တို့ ပိုပေးလိုက်ရတဲ့ သိန်းသုံးဆယ်ထဲမှာရော နိုင်ငံ့ဘဏ္ဍာထဲ ဘယ်လောက်ရောက်သလဲ…(ရောက်စေချင်လို့ ပြောတာမဟုတ်ဘူး။ တရားဝင် ဘယ်လောက်ပေးရလဲ မေးတာ) ဒီခေတ်မှာ ဒီလောက်အခြေခံအသုံးအဆောင်လေးတွေတောင် အခွန်ထမ်းပြည်သူတွေအတွက် ခက်ခဲနေဖို့ မသင့်ဘူး။ ကျနော်တို့ ဝင်းသူဇာခေတ်ကို ပြန်ရောက်နေပြီလား။ ရေခဲသေတ္တာမရှိလို့ နေ့တိုင်းစျေးသွားနေရလောက်အောင်၊ တအိမ်လုံးစာ အဝတ်တွေကို လက်နဲ့ ထိုင်ဖွတ်နေရလောက်အောင် ကျနော်တို့ အမျိုးသမီးတွေ အဲ့လောက် မအားတော့ဘူး။ သားသမီးတွေ ပညာရေး၊ ကျန်းမာရေးအတွက် သူတို့ ဂရုစိုက်ပေးရမှာတွေ ရှိတယ်။ နည်းနည်းတော့ လွဲနေပြီ..

အေအေက ညှိ ဖို့ လမ်းကို မရွေးပဲ မုန်တိုင်းကို ဖြတ်မယ် လို့ ဆုံးဖြတ်ထားတဲ့ အတွက် နိုင်အောင်သာခံ ချ နှစ်ပေါင်း ၂၂၄ နှစ် အကြာ မှာ တခါရတဲ့ အခွင့်အရေး ရခိုင်တွေ မြန်မာကို ပြန် တီး နိင်တာ မြန်မာအချင်းချင်း ပြန်ချတဲ့ ဘုရင့်နောင် သားခေတ် နဲ့ ဒီ ခေတ်ပဲ ဗဒုံ မင်း လက်ထက် ကတည်းက ရခိုင် ကင်းဒမ်း ပျောက်ခဲ့တာ ဒီတခါ မနိုင်ရင် နောင်ဘုရားပွင့်တဲ့အထိ ထပ်စောင့်ရမယ် လူသားဒိုင်းချည်း စွတ် မလုပ်နဲ့ ဘုရင်ဆိုတာ ပြည်သူရှိမှ ဘုရင်လုပ်လို့ရတာ မဟုတ်ရင် တကိုယ်တည်း အပေါ် ဘုရင် အောက်ပြည်သူ ဖြစ်နေမယ် စစ်ပွဲကြားထဲက ဝဋ်ကြီးတဲ့ ပြည်သူတွေကိုပဲ သနားတယ် ပြည်ပက ရခိုင်တွေကတော့ ဗီယက်နမ်လို နို့ သောက် နဲ့ တုတ်ထောက် ပါ မကျန် တော်လှန်ကြတဲ့ ဗီယက်နမ် လို ရုရှားတွေ ဝင်မောင်းပေးတဲ့ လေယာဉ်ပျံရှိလား ဟောင်ဝစ်ဇာတွေ တင့်ကားတွေ ရှိလား မရိမ်းတပ်ကို တကိုယ်ချင်းဖိုက်မဲ့ ခပ် မိုက် မိုက် ခမောက်ဆောင်း အသားဖြူဖြူ ပေါင်တံဖြူ ဖြူ နို့ ကြီး ကြီး နဲ့ ဗီယက် ကောင်းမတွေ ရှိလား တဇောက်ကန်းမျိူးချစ်စိတ်က မျိူးဆက်တဆက်ကိုပျက်သုဉ်းစေတာပဲ ပြည်တွင်းစစ် အမြန်ပြီးပါစေ source:

ရခိုင် ထိုးစစ် တလ ပြည့် သုံးသပ်ချက် မောက်တို တွေရဲ့ ရခိုင် ‌ဒေသ ခံစစ် ကနေ ထိုးစစ် တလ ပြည့်ချိန် မှာ နေ ပြည် တော် ရဲ့ ရည်မှန်းချက်က စစ် နယ်ဝှမ်းအဆင့် တိုက်စစ် ဖွင့် တာ ပို ထင်ရှားလာတယ် တိုက်ပွဲတပွဲချင်းထက် နယ်မြေ အကုန် လုံး ဖြတ် တောက် ပြီး တခါတည်းပြန်သိမ်းတဲ့ ဗျူဟာ မျိူး ဒါကြောင့် ရမ်းဗြဲ မှာ အပ ကျန် မြိုအားလုံးက အေအေ စခန်း ထောက်ပို့ စုဖွဲ့ နေရာ အကုန် သတင်းရရင်ရသလို နေ့ည မရွေး ကြဲတာတွေ့ရတယ် ဘူးသီးတောင် မောင်တော ကို အာဆာက စစ်ဆိုင်ထားတယ် ရခိုင် တန် ပြန်ထိုးစစ်က လက်ရှိ သမတ ဦးစီး တိုက်ခဲ့တဲ့ တရုတ်ကြေးစား တွေပါပါတဲ့ ရှမ်းမြောက်ဒေသ လောက်ကိုင်က‌ နေ မုန်းကိုးထိ ကျယ်ပြန့်တဲ့ ဒုတိယ လောက် ကိုင် တိုက်ပွဲ နဲ့ တူတယ် တရုတ် စနိုက်ပါ နဲ့ မြန်မာ အ မြောက် တပ် တရုတ် လေကာ ဒုံးကျဉ်တွေ နဲ့ မြန်မာ့လေတပ် ထိပ်တိုက် ရင်ဆိုင် အချိန် ယူ တိုက်ခဲ့ရ ပြီး စနိုက်ပါ နေရာကို အမြောက်နဲ့ ပစ်ခွင်းတဲ့ အဆင့်ထိ မောက်တို အမြောက်တပ်က ထိုးထွင်းကြံဆ လက်စွမ်းပြခဲ့ ပြီး တပ်မတော် လေ ဟာ လေယာဉ်အစုတ် မောင်းတာတောင် ပခူံးထမ်းဒုံးကို ရှောင်ထွက် နိုင်ခဲ့တဲ့အထိ ကမာက အံ့အားသင့်ခဲ့ရတယ် တောင် မင်း ကို မြောက်မင်း မကယ် နိုင် ခု ရခိုင် စစ် တလ ကြာချိန် မှာ ရခိုင် တောင် ငပလီ သံတွဲ ဂွ ကျတလီ ဧရာဝတီတိုင်းက ရေကြည် ငါးသိုင်းချောင်း အမတ ၃၄၄ အကုန် အသံတိတ် ပြီး အေအေ ဟာ ထိူးစစ်ကနေ ခံစစ် ကို တမဟုတ်ချင်း ကျသွားတယ် မြောက်ပိုင်း ကလည်း ခေတ်သစ် နည်းပညာ စစ်ပွဲကြောင့် စိစိညက်ညက် ကြေအောင် ချေမှုန်းခံရပြီး အေအေကလည်း တကယ် အရိူးစည်းရိုးထိူးကာနေရတာ ကိုတွေ့ရတယ် ကျားမမရွေး၁၅ နှစ် ကအစ လေဖြတ်သူပါ မကျန် ပေါ်တာဆွဲ ထမင်းချက် ကျင်းတူး လေကြောင်း အကဲကြည့် အကုန်ခိုင်းရတာ အကုန် ခိုင်းပါတယ် ပြည်ပရောက် ရခိုင် အမျိုးတွေ လည်း အေအေ ပေါ်တာဆွဲခံထိလို့ အော်နေကြတဲ့ တဖွဲ့ နဲ့ ငါရို့မှာငါရို့ပဲရှိတယ် ဂုဏ်ယူပါတယ်ဆိုပြီး မြှောက်ပေးနေကြတာတဖွဲ့ နှစ် ဖွဲ့ကွဲနေကြပါပြီ ကာကင်းတွေ သိမ်း ဖမ်းမိ ဗီဒီယို တွေ ပြတာကတော့ အေအေ ထောက်ခံသူတွေ စိတ်အားမငယ်အောင် မိုတီယူနေရတဲ့အဆင့်ပါပဲ ကျားသနားမှ နွားချမ်းသာရ လေတပ်ရဲ့ ‌‌အေ အိုင် နည်းပညာပါတဲ့ ဂလိုက်ဒါဗုံးတွေဟာ အေအေ တံဆိပ်ပါတဲ့ စစ် ရှောင် ဆေးခန်းကအောက်ဆီဂျင်ဘူးထိပါ ဒဲ့မှန်တာကို တွေ့ရချင်း အားဖြင့် modern warfare လို့ ခေါ်တဲ့ နည်းပညာစစ်မှာ ဒါးဒါးချင်း တုတ်တုတ်ချင်း ဗန်တို ဗန်ရှည် ကျင် ကိုင် တတ် မျိူးချစ်စိတ် ဘယ်လောက် ရှိရှိ အသုံးမဝင်ပါဘူး နည်းပညာ ဟာ ခံစားချက် မဲ့ ပြီး ပြင်းထန်ရက်စက်ပါတယ် ကျားသနားမှ နွားချမ်းသာရမဲ့အဖြစ်ပါ ယနေ့ ဆို ပုဏားကျွန်း ကျောက်တော် ရသေ့တောင် ကားလမ်းကို ၂‌၄နာရီ လေကြောင်း နဲ့ အကုန် စိုးမိုးထားလိုက် တဲ့အတွင် သာမန် ခရီးသွားရော အေအေ ထောက်ပို့ လမ်းကြောင်းပါ ရပ်ဆိုင်းသွားပါ ပြီ ဒါဟာ အစပဲ ရှိသေးတယ် ရန်သူ မျိုး ၆ပါး အစမှာ တင် ရခိုင် တပြည်လုံးက အေအေထိန်းချုပ် နေရာ က ပြည်သူ အကုန် စစ်ဒဏ်ကို တိုက် ရိုက် သို့ သွယ်ဝိုက်ခံရပါတယ် အေအေ အပါ ရန်သူ မျိူး ၆ပါး တပြိုင်နက် ရင်ဆိုင်နေရတာပါ ‌အေအေ ကြောင့်စစ်ဒဏ် မခံရတာ အေအေ သိမ်းမရတဲ့ ကျောက်ဖြူ စိုက်တွေ မာန်အောင် နဲ့ ရမ်းဗြဲ ပဲ နဲ့ ပြည် နေ နဲ့ ပြည်ပရောက် ရခိုင် ပဲကျန်တယ် အချုပ် ပြောရရင် မောက်တိုတွေအတွက်က အချိန်တခု ပါပဲ အရင်စလို သိမ်းဖို့ ထက် သူပုန် အမြစ်ပြတ်ဖိို့က ဦးစားပေးပါ တပ်မ တွေ တတပ်ပြီး တတပ် ဝင်လာမယ် ပြန်နားမယ် တဗိုလ်ကျ လည်း ပိုဆိုးတဲ့ ကိုသာဆိူးတွေ အလှည့်ကျလာလိမ့်မယ် စစ်ကာလ ကြာမြင့်လာတာနဲ့အမျှ ရင်းမြစ် နဲ့ နည်းပညာသာသူက တဖြည်းဖြည်း အသာစီးရလာတာ သဘာဝပါပဲ အေအေသာ ဘယ်နှစ်လ တောင့်ခံ နိုင်မလဲဆိုတာပါပဲ ကျောက်ဖြူက မောက်တိုတွေက ၃နစ်တိတိ ခံစစ် နဲ့ နေခဲ့ သက်သေပြခဲ့ပြီးပြီခုက အေအေ အလှည့် မောက်တိုတွေဘာလုပ်လုပ် ပြည်သူ့မန်းဒိတ် ဆို ပြီး တရားဝင် ထောက်ခံမဲ့ လွတ်တော် ရှိနေ ပြီး အေအေ ကို အကြမ်းဖက် စစ်ဆင်ရေးဆို ပြီး ကြေငြာထားတာကိုက လုပ်ပိုင်ခွင့်အပြည့်အဝ ရအောင် ဖန်တီးပြီးမှ တန်ပြန်ထိူးစစ် စတဲ့ ချည်ပြီး တုပ်ပြီး အကွက် ဖြစ်တဲ့အတွက် ပါလိုက်စတိုင်း‌ တွေ လို ပဲ ဘယ်လို အော်အော် ဒီအကွက် ထဲက အသံ ကျော်ထွက် မလာပါဘူး ဆောင်ရန် ရှောင်ရန် ဒီအချိန် အေအေ လက်က ထွက်ပြေးဖို့မလွယ်တော့ပါဘူး မောက်တိုတွေရဲ့ ဝေဟင် စိုးမိုး နိုင်မှု နဲ့ ‌လေ ကြောင်းကင်းထောက်မှု နဲ့ ဖိုင်းယားပါဝါ ကြားမှာ အားလူံးဟာ ရှေ့တန်းဖြစ်နေတဲ့ အတွက် ပရိတ်ကြီးသာ နာနာရွတ် အေအေ နဲ့ ဝေးဝေးနေ စစ်ရှောင်တဲထဲ အေအေ ဝင်လာရင် တခြားနေရာ ထပ်ရှောင် အနည်းဆူံး ၃ကီလို မီတာလောက် အေအေ နဲ့ ဝေးတဲ့နေရာနေ အေအေ တံဆိပ် အလံ လက်ပတ် အကုန် ရှောင် လေတပ်က သူတို့ စကရင် က အေအိုင်မှာ အေအေ တံဆိပ် အလံ သေနတ် တွေ ‌အာပီဂျီတွေ ဒရုန်းတွေ ပေါ်လာတဲ့ နေရာ ကြဲမှာ ပြည်သူလား စစ်ရှောင်လား အေအေ လား ကျောင်းလား‌ ဆေးခန်း လား မေးနေမှာ မဟုတ် မုန်တိုင်းကြားကတကိုယ်တည်းတိုင်းပြည်