💰 ငွေရှာတတ်ရုံနဲ့ ငွေကြေးအောင်မြင်မှု ရနိုင်ပြီလား ⁉️
လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အနာဂတ် ငွေကြေးအစီအစဉ် (Financial Future) ကို ရည်မှန်းချက်ရှိရှိ စတင်ချမှတ်ထားပြီလား❓
💭 ပိုက်ဆံရှာချင်တယ်… ဒါပေမဲ့ ဘယ်ကနေ စရမလဲ လမ်းစမမြင်ဘူး။
💭 ဝင်ငွေရှိပေမဲ့ လကုန်ရင် လက်ထဲ ဘာမှမကျန်တော့ဘူး။
💭 ငွေစုချင်စိတ်ရှိပေမဲ့ လက်ရှိ အသုံးစရိတ်တွေကြောင့် မစုဖြစ်ဘူး။
💭 အနာဂတ်အတွက် Financial Goals တွေ တည်ဆောက်ချင်ပေမဲ့ ဘယ်လို စီမံခန့်ခွဲရမှန်း မသိဘူး။
ဒီလို လက်တွေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအတွက် ဖြေရှင်းချက်ကို ရှာဖွေနေတဲ့ လူငယ်တွေ ရှိလာ❓
တကယ်တော့ ငွေကြေးစီမံခန့်ခွဲမှုဆိုတာ ဝင်ငွေများမှ စတင်လေ့လာရမယ့် အရာမဟုတ်ပါဘူး။ လူငယ်ဘဝ အစောပိုင်းကတည်းက စနစ်တကျရှိတဲ့ ငွေကြေးအသိပညာ (Financial Literacy) နဲ့ ကောင်းမွန်တဲ့ ငွေကြေးအလေ့အကျင့်တွေကို တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
ဒါဆိုရင်…
💸 ကိုယ့်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေကို ရေရှည်အတွက် ဘယ်လို စီမံခန့်ခွဲမလဲ။
💸 ခိုင်မာတဲ့ ငွေစုအလေ့အကျင့်ကောင်းတွေကို ဘယ်လို တည်ဆောက်မလဲ။
💸 ကိုယ့်ရဲ့ ဘဝအနာဂတ်အတွက် Financial Goals တွေကို ဘယ်လို တိကျစွာ သတ်မှတ်မလဲ။
💸 PKZ's Financial Goals Pyramid ကရော ငွေကြေးဆိုင်ရာ တိုးတက်မှုအတွက် ဘယ်လို အထောက်အကူပြုမလဲ။
ဒီလို အရေးကြီးတဲ့ အကြောင်းအရာတွေကို ပိုမို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ချင်တယ်ဆိုရင်တော့ PEC က စီစဉ်ပေးထားတဲ့ Personal Growth for Youth Program ရဲ့ ဒီတစ်ခေါက် Training လေးမှာ...
✨ “Financial Education & PKZ's Financial Goals Pyramid for Youth” ✨ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ကျွမ်းကျင်သူတစ်ဦးနဲ့ တိုက်ရိုက်ဆွေးနွေးလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💌
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဆိုတာဘာလဲ❓
https://m.facebook.com/story.php?story_fbid=859938656323343&id=100069216491741
PEC က ချစ်ရတဲ့ လူငယ်တွေအတွက် English Skills တွေ ဖြည့်ဆည်းပေးရုံတင်မကဘဲ Personal Development, Leadership, Financial Literacy စတဲ့ ဘဝတစ်သက်တာအတွက် အရေးပါတဲ့ အသိပညာနဲ့ အရည်အချင်းတွေကိုပါ တိုးတက်စေဖို့ ရည်ရွယ်ပြီး Guest Trainers တွေနဲ့အတူ လစဉ် Training လေးတွေ စီစဉ်ပေးနေတာ ဖြစ်ပါတယ်။
ဒီလမှာတော့ လူငယ်တွေရဲ့ ရေရှည်ဘဏ္ဍာရေး အနာဂတ် (Financial Future) ကို အထောက်အကူပြုမယ့် ငွေကြေးအသိပညာနဲ့ ရည်မှန်းချက်တွေကို စနစ်တကျ ချမှတ်နိုင်ဖို့ အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
________________________________________________________________
Profile of Saya Phoo Kyaw Zin
ဒီတစ်ခေါက် Training လေးကို တန်ဖိုးရှိတဲ့ ပညာရပ်တွေနဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမယ့် Guest Trainer ကတော့ မြန်မာနိုင်ငံရဲ့ Leadership, Money Management နဲ့ Personal Development လောကမှာ ထင်ရှားတဲ့ ဆရာဖူးကျော်ဇင် (Phoo Kyaw Zin) ပဲ ဖြစ်ပါတယ်။
ဆရာဖူးကျော်ဇင်ဟာ Best-selling Author, Professional Corporate Trainer, Life & Success Coach နဲ့ Public Speaker တစ်ဦး ဖြစ်ပါတယ်။
✔️ Future Wave Training, Myanmar ကို တည်ထောင်ထားသူဖြစ်ပြီး Leadership, Money Management နဲ့ Personal Development ဆိုင်ရာ သင်တန်းတွေကို အောင်မြင်စွာ ပို့ချပေးနေသူ ဖြစ်ပါတယ်။
✔️ စာအုပ်များ၊ Video Content များနဲ့ Corporate Training အစီအစဉ်တွေကတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ လူထောင်ပေါင်းများစွာကို ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေကြေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။
✔️ YouTube, Facebook နဲ့ TikTok စတဲ့ Social Media Platform တွေကတစ်ဆင့်လည်း ဘဝအောင်မြင်ရေး၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ Leadership ဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးလျက်ရှိပါတယ်။
🎓 Qualifications & Professional Background
🔹 B.A (English), MBA (SSBR)
🔹 Best-selling Author
🔹 Professional Corporate Trainer
🔹 Life & Success Coach
🔹 Public Speaker
🔹 Founder of Future Wave Training, Myanmar
YouTube Channel – Phoo Kyaw Zin
https://www.youtube.com
Telegram Channel -
@phookyawzin
Training Details PEC Member လေးတွေအတွက် ဒီတစ်ခေါက် Training ကို Online ကနေ ပြုလုပ်ပေးသွားမှာဖြစ်ပြီး PEC Member Community Facebook Group ထဲမှာ Zoom Link လေးကို ရယူပြီး ပါဝင်နိုင်ပါတယ်။
📆 Date: 23 October 2026 (Friday)
⏰ Time: 7:00 – 9:30 PM (MMT)
📍 Platform: Zoom
🎟 Training Fee: Free of Charge
📋 To Join: PEC Member Community Facebook Group ထဲမှာ Zoom Link ကို ရယူနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Financial Future ကို ဒီနေ့ကစပြီး ပိုမိုခိုင်မာအောင် တည်ဆောက်ချင်တဲ့ လူငယ်လေးတွေအနေနဲ့ ဒီ Training လေးကို လက်မလွတ်ဘဲ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🩵
ဒီ Training လေးကို Join မယ့် Member လေးတွေ Comment မှာ “Join” လို့ ရေးသွားပေးပါဦးနော်။