ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Practical English Club

Practical English Club

前往频道在 Telegram

A unique and effective Youth Community for your English Skills 🩵

显示更多

📈 Telegram 频道 Practical English Club 的分析概览

频道 Practical English Club (@pecmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 10 447 名订阅者,在 教育 类别中位列第 19 259,并在 缅甸 地区排名第 11 027 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 447 名订阅者。

根据 29 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -70,过去 24 小时变化为 -4,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 4.57%。内容发布后 24 小时内通常能获得 1.98% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 477 次浏览,首日通常累积 207 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 4。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“A unique and effective Youth Community for your English Skills 🩵”

凭借高频更新(最新数据采集于 30 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。

10 447
订阅者
-424 小时
-387 天
-7030 天
帖子存档
PECer လေးတို့ရေ လာမယ့် အပတ်ကစပြီးတော့ Free English Conversation Club လေးကို ခနလေး နားပါမယ်နော်

✨💭A Power of Manifestation ✨💭 ကိုယ်ဖြစ်ချင်တဲ့ dream life လေးကို ဘဝမှာ တစ်ခါတော့ တွေးဖူးကြ၊ စိတ်ကူးယဉ်ဖူးကြတယ်ဟုတ်💭 ကျွန်တော်တို့ဟာ သီချင်းလေးနားထောင်ရင်းပဲဖြစ်ဖြစ်၊ ‌တစ်ခုခုကိုငေးရင်းနဲ့ပဲဖြစ်ဖြစ် စိတ်ကူးအိပ်မက်လေးတွေကို တွေးကြပါတယ်😴 ဒါပေမယ့် PEC ရဲ့ Saturday Conversation Club "Team Potatoes" ရဲ့ နောက်ဆုံးအပတ်ကို join တဲ့သူတွေကတော့ ဒီလို ကိုယ်စိတ်ကူးထားတဲ့အရာတွေကို အားရပါးရ ပြောခဲ့ကြမယ် ထင်ပါတယ်နော်🫣✨ ✨အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့ ကောင်းတဲ့အရာတွေ ၊ တိုးတက်ချင်တဲ့ personality တွေ ရှိကြလား❓ ✨ manifestation လုပ်ဖို့အတွက် အကူအညီပေးတဲ့ actionတွေက ဘာတွေလဲ❓ ✨ကိုယ်နဲ့ ကိုယ်အိပ်မက်တွေကြားက မမြင်နိုင်တဲ့ နံရံတွေက ဘာတွေလဲ၊ အဲ့တာတွေကို ဘယ်လို ကျော်လွှားကြမလဲ❓ ✨စိတ်အားထက်သန်မှုတွေ ကရော manifestation အတွက် အကူအညီဖြစ်ရဲ့လား❓ စတဲ့ အကြောင်းအရာတွေကို Team Patartoe နဲ့အတူ self-reflection လေးလုပ်ရင်းနဲ့ ကိုယ့်အိပ်မက်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ကြပါတယ်💯 အခုလို အရမ်းကိုမှ perfect ဖြစ်တဲ့ မေးခွန်းလေးတွေနဲ့အတူ ကိုယ့်အ‌ကြောင်းကိုလည်း ပိုသိရင်း English skills တွေလည်း မြှင့်ချင်တယ်ဆိုရင်တော့ PEC ရဲ့ နေ့လည်ခင်း Saturday Conversation Club နဲ့ ညဘက် Wednesday Conversation Club ကို လာ join လိုက်ပါတော့ရှင်🫶🏼🥰 #Collect_Memories #Week_320 #Online_English_Conversation_Club #PEC

photo content
+8

သီတင်းကျွတ် ရောင်စုံ မီးထွန်းပွဲတော်ရဲ့ လင်းလက်နွေးထွေးတဲ့ မီးရောင်လေးတွေအောက်မှာ... စိတ်ဝင်စားစရာ စကားဝိုင်းလေးတစ်ခု ဖန်တီးခဲ့ကြတာကို သတိရမိကြတယ်မလား။✨🪔 ဘဝမှာ ဘယ်သူမှ စာအုပ်ထဲကနေ အတိအကျ မသင်ပေးခဲ့ဖူးပေမယ့်၊ အလိုက်တသိနဲ့ ပတ်ဝန်းကျင်ကနေ နားလည်တတ်မြောက်သွားကြတဲ့ Unspoken Rules အကြောင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးခဲ့ကြတဲ့ PEC ရဲ့ Week 319 Wednesday Rerun လေးပဲ ဖြစ်ပါတယ်။ 🎁💕 “Team Power Rangers” ရဲ့ ဦးဆောင်မှုနဲ့အတူ စိတ်ဝင်စားစရာ မေးခွန်းလေးတွေကို နှလုံးသားနဲ့ယှဉ်ပြီး အားရပါးရ မျှဝေခဲ့ကြပုံလေးတွေကတော့ - 🌼 အရင်တုန်းကတော့ ယုံကြည်စွာနဲ့ လိုက်နာခဲ့မိပေမယ့်၊ တကယ့် အမှန်တရားကို သိလိုက်ရတဲ့အခါ ကိုယ့်ရဲ့ အသိစိတ်အတိုင်း ငြင်းဆန် ကျော်ဖြတ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေ ရှိပါသလား။ 🤷🏼‍♀️ 🌼 မှားယွင်းနေမှန်း သိရက်နဲ့ လူတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်းပဲ ခေါင်းငုံ့လိုက်နာမလား၊ ဒါမှမဟုတ် ခက်ခဲပါစေဦးတော့... မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာပဲ သတ္တိရှိရှိ လျှောက်လှမ်းမလား။ 🤷🏼‍♀️ 🌼 ကိုယ်တိုင်က မြတ်မြတ်နိုးနိုး လက်ကိုင်ထားတဲ့ ခံယူချက်တစ်ခုကို တခြားသူတွေရဲ့ စကားနောက်ပါပြီး စွန့်လွှတ်လိုက်ရတဲ့အခါမျိုးမှာရော ဘယ်လို ခံစားခဲ့ရဖူးလဲ။ 🤷🏼‍♀️ ဒီမေးခွန်းလေးတွေနဲ့တင် မကဘဲ၊ စကားဝိုင်းအပြည့် အချင်းချင်း နားလည်မှုတွေ၊ သင်ခန်းစာတွေနဲ့ သီတင်းကျွတ် ညချမ်းလေးကို အဓိပ္ပာယ်ရှိရှိ ကုန်လွန်စေခဲ့ပါတယ်။ 💯💖 ဒီလိုမျိုး စကားပြောစွမ်းရည် တိုးတက်ရုံတင်မကဘဲ စိတ်အဟာရရစေမယ့် နွေးထွေးတဲ့ အသိုင်းအဝိုင်းလေးထဲမှာ အချိန်တွေကို အကျိုးရှိရှိ ကုန်လွန်ချင်တယ်ဆိုရင်တော့ PEC ရဲ့ Wednesday (ညဘက်) နဲ့ Saturday (နေ့လည်ခင်း) Conversation Club လေးတွေမှာ လာရောက်ဆုံတွေ့ဖို့ အမြဲတမ်း နွေးထွေးစွာ ဖိတ်ခေါ်နေပါတယ်နော်။ 🫣🫶🏼 #Collect_Memories #Week_319_Rerun #Online_English_Conversation_Club #PEC

photo content
+5

လာလို့ ရပြီနော်။ စနေပါပြီ။

✨🌷 The Power of Manifestation 🌷✨ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေကို စိတ်ထဲမှာ ခဏခဏ ပုံဖော်ကြည့်ဖူးလား? 🥹💭 တစ်နေ့နေ့မှာ ကိုယ်လိုချင်တဲ့ဘဝကို ပိုင်ဆိုင်လာမယ်လို့ ယုံကြည်ဖူးလား? 🤭 ဒီတစ်ပတ်မှာ ကိုယ့်ရဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ပိုပြီးနီးစပ်လာစေမယ့် နည်းလမ်းလေးတွေ ရှာဖွေကြမယ်…… 💌 🌸 ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေ၊ အနာဂတ်မှာ ရောက်ရှိချင်တဲ့နေရာတွေနဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို မျှဝေကြမယ်။ 🌺 Manifestation လုပ်ခြင်းက ကိုယ့်ရဲ့ Mindset၊ ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ ဆွေးနွေးကြမယ်။ 🌼 ကိုယ်လိုချင်တဲ့အရာကို စိတ်ကူးပုံဖော်ရုံတင်မကဘဲ လက်တွေ့ဖြစ်လာဖို့ ဘယ်လို Action တွေ ယူသင့်လဲ၊ အခက်အခဲတွေကြားမှာ Motivation ကို ဘယ်လိုထိန်းထားမလဲဆိုတာ အမြင်ချင်းဖလှယ်ကြမယ်။ 🌷 နောက်ဆုံးမှာတော့ ကိုယ့်ရဲ့အိပ်မက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာစေဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ဒီနေ့ကစပြီး ဘာတွေစလုပ်နိုင်မလဲဆိုတာ Self-reflection လေး လုပ်ကြမယ်။ 💗 တစ်ခါတလေ ကိုယ်လိုချင်တဲ့ဘဝကို ပြောင်းလဲဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ယုံကြည်စွာ စိတ်ကူးပုံဖော်ကြည့်ခြင်းကနေ စတင်နိုင်ပါတယ်။ ✨ ပေါ့ပေါ့ပါးပါး English လိုလေ့ကျင့်မယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။ 💌 ▪️ English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။ ▪️ Facilitator Team က ပြောထွက်အောင် ဂရုစိုက်ကူညီပေးမှာမို့ ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။ ▪️ English စကားပြောလေ့ကျင့်ရင်း ကိုယ့်အိပ်မက်တွေကို မျှဝေကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပေးကြမယ်၊ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ဆီ အတူတူခြေလှမ်းစကြမယ်။ 🌈💖 ------------------------ ⏰Time - 7:00 - 9:00 PM 🗓 Date - 28 Oct 2026 (Wed) 💰 Fees - 0 ks 💻 Platform - Zoom 👥 Participants- 100 ----------------------------------------------- 📍ဘယ်သူတွေ Join နိုင်သလဲ ? ✔အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း ----------------------------------------------- 📍Join ဖို့ ဘာတွေ လိုအပ်သလဲ ? ✔ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းလည်း ပြောပြပေးမှာပါ) ✔ အစအဆုံး Join နိုင်ရမယ် ✔ Registration Form ဖြည့်ရမယ် ----------------------------------------------- 📍 ဘယ်လို Register လုပ်ရမလဲ? ✔ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။ ✔Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။ ✔ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။ ✔ ပြီးရင် ဒီဖိတ်စာအောက်မှာ "Done" လို့ မန့်သွားပါ။ ------------------------------------------------ ️ Rerun Club Registration Form 📌 https://forms.gle/dMvPDhKe6LPwFZUx6 ⚠️Rerun Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️ 💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။ ---------------------------------------------- #Week320Rerun #Invitation #Online_English_Conversation_Club #PEC #Work_for_English_English_will_work_for_you

photo content

စနေပါပီ လာလို့ရပီနော်

✨🌷 The Power of Manifestation 🌷✨ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေကို စိတ်ထဲမှာ ခဏခဏ ပုံဖော်ကြည့်ဖူးလား? 🥹💭 တစ်နေ့နေ့မှာ ကိုယ်လိုချင်တဲ့ဘဝကို ပိုင်ဆိုင်လာမယ်လို့ ယုံကြည်ဖူးလား? 🤭 ဒီတစ်ပတ်မှာ ကိုယ့်ရဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ပိုပြီးနီးစပ်လာစေမယ့် နည်းလမ်းလေးတွေ ရှာဖွေကြမယ်…… 💌 🌸 ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေ၊ အနာဂတ်မှာ ရောက်ရှိချင်တဲ့နေရာတွေနဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို မျှဝေကြမယ်။ 🌺 Manifestation လုပ်ခြင်းက ကိုယ့်ရဲ့ Mindset၊ ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ ဆွေးနွေးကြမယ်။ 🌼 ကိုယ်လိုချင်တဲ့အရာကို စိတ်ကူးပုံဖော်ရုံတင်မကဘဲ လက်တွေ့ဖြစ်လာဖို့ ဘယ်လို Action တွေ ယူသင့်လဲ၊ အခက်အခဲတွေကြားမှာ Motivation ကို ဘယ်လိုထိန်းထားမလဲဆိုတာ အမြင်ချင်းဖလှယ်ကြမယ်။ 🌷 နောက်ဆုံးမှာတော့ ကိုယ့်ရဲ့အိပ်မက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာစေဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ဒီနေ့ကစပြီး ဘာတွေစလုပ်နိုင်မလဲဆိုတာ Self-reflection လေး လုပ်ကြမယ်။ 💗 တစ်ခါတလေ ကိုယ်လိုချင်တဲ့ဘဝကို ပြောင်းလဲဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ယုံကြည်စွာ စိတ်ကူးပုံဖော်ကြည့်ခြင်းကနေ စတင်နိုင်ပါတယ်။ ✨ ပေါ့ပေါ့ပါးပါး English လိုလေ့ကျင့်မယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။ 💌 ▪️ English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။ ▪️ Facilitator Team က ပြောထွက်အောင် ဂရုစိုက်ကူညီပေးမှာမို့ ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။ ▪️ English စကားပြောလေ့ကျင့်ရင်း ကိုယ့်အိပ်မက်တွေကို မျှဝေကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပေးကြမယ်၊ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ဆီ အတူတူခြေလှမ်းစကြမယ်။ 🌈💖 ------------------------ ⏰Time - 1:00 - 3:00 PM 🗓 Date - 24 October (Saturday) 💰 Registration Fees - 0 ks 💻 Platform - Zoom 👥 Participants - 100 (Maximum) 📍ဘယ်သူတွေ Join နိုင်သလဲ ? ✔️အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း 📍Join ဖို့ ဘာတွေ လိုအပ်သလဲ ? ✔️ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းကို YouTube ကနေ ရှာလေ့လာထားလို့ရပါတယ်) ✔️ အစအဆုံး Join နိုင်ရမယ်။ ✔️ Registration Form ဖြည့်ရမယ်။ 📍 ဘယ်လို Register လုပ်ရမလဲ? ✔️ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။ ✔️ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။ ✔️ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။ ✔️ ပြီးရင် ဒီဖိတ်စာ Post အောက်မှာ "Done" လို့ မန့်သွားပေးပါ။ ▪️Saturday Club Registration Form 📌https://forms.gle/4fixMA9vqvfmswvj6 ⚠️Saturday Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️ 💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။ #Invitation #Online_English_Conversation_Club #Week320 #PEC #Work_for_English_English_will_work_for_you

photo content

Hello ဒီပွဲလေး ၇ နာရီမှာ စမယ်နော်.....Register မလုပ်ရသေးရင် အခုလုပ်လိုရသေးတယ်...Page ကိုသာသွားပြီး share post ပြ....ပြီးရင် Comment က Zoom BG လေးတွေယူပြီးတော့ တက်လာခဲ့ကြပါဗျို....

ဘယ်သူမှ မသင်ပေးခဲ့တဲ့ စည်းမျဉ်းလေးတွေကို အလိုအလျောက် တတ်သွားကြတဲ့သူတွေ ရှိကြတယ်မလား?🤨 PEC ရဲ့ Week 319 Saturday Conversation Club "Team Power Rangers" ရဲ့ နောက်ဆုံးအပတ်ကို join ပီးရင်တော့ unspoken rules လေးတွေကို ကောင်းကောင်းကြီး သိသွားကြပီလို့ ထင်ပါတယ်🎁💕 🌼အရင်က ယုံကြည်လိုက်နာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အမှန်ကို သိလိုက်တဲ့အခါမှာ လိုက်နာဖို့ ငြင်းဆိုခဲ့ဖူးကြသလား🤷🏼‍♀️ 🌼မှားနေပေမယ့် ထုတ်ထားတဲ့ rules ကိုပဲ လိုက်နာမလား မှန်ကန်နေတဲ့ အရာကို လိုက်နာမလား🤷🏼‍♀️ 🌼ကိုယ်က မှန်တယ်ထင်ပေမယ့် အခြားသူရဲ့ စကားနောက်လိုက်ပီး ကိုယ်လက်ကိုင်ထားတာကို စွန့်လွှတ်မလား 🤷🏼‍♀️ စတဲ့ အကြောင်းအရာတွေကို Team Power Rangers က ဖန်တီးပေးထားတဲ့ စိတ်ဝင်စားစရာ မေးခွန်းလေးတွေနဲ့အတူ အားပါးတရ ဆွေးနွေးခဲ့ကြပါတယ်💯💖 ဒီလို အကျိုးရှိတဲ့ အသုံးဝင်လှတဲ့ အကြောင်းအရာလေးတွေနဲ့ မိတ်တွေတို့ရဲ့ အချိန်ကို မှန်ကန်စွာ အသုံးချင်တယ်ဆိုရင်တော့ PEC က အပတ်စဉ်ပြုလုပ်ပေးနေတဲ့ Saturday နေ့လည်ခင်းနဲ့ Wednesday ညဘက် Conversation Club တွေကို အမိအရလာ join ဖို့ မမေ့ပါနဲ့နော်🫣🫶🏼 #Collect_Memories #Week_319 #Online_English_Conversation_Club #PEC

photo content
+8

✨ Team Barbie ရဲ့ နောက်ဆုံး နှုတ်ဆက် လက်ဆောင်… 🎀💖 ပြီးခဲ့တဲ့ စနေနေ့က Practical English Club ရဲ့ Week 318 မှာ Facilitator အလှလေးတွေဖြစ်ကြတဲ့ "Team Barbie" ရဲ့ နောက်ဆုံးအပတ် ပိတ်သိမ်းပွဲအဖြစ် PECers တိုင်းအတွက် ရင်ထဲထိစေပြီး အရမ်းကို အသုံးဝင်တဲ့ အသိပညာ လက်ဆောင်လေးတွေ ပေးခဲ့ပါတယ်။ 💯✨ Saturday တုန်းက မတက်လိုက်ရသူတွေရော၊ Team Barbie ရဲ့ နောက်ဆုံး Message လေးတွေကို ပြန်လည်ခံစားချင်သူတွေအတွက်ပါ Wednesday Rerun မှာ အောက်ပါ Topic လေးတွေကို အတူတူ ဆွေးနွေးသွားခဲ့ကြပါတယ်။ 👇 🌱 Lesson 1: ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေရင်း သူများတွေနဲ့ နှိုင်းယှဉ်ပြီး "ငါ့ဘဝက နောက်ကျကျန်ခဲ့ပြီလား၊ ငါအသုံးမကျတော့ဘူးလား" ဆိုပြီး စိတ်အားငယ်မိတဲ့ အခိုက်အတန့်တွေကို ဘယ်လိုကျော်ဖြတ်မလဲ? ❤️ Lesson 2: ကိုယ့်ဘေးနားမှာရှိတဲ့ မိသားစု၊ သူငယ်ချင်းတွေကို တကယ်ရော နွေးထွေးတဲ့ နားခိုရာတစ်ခုအဖြစ် တန်ဖိုးထား ပေးနိုင်ခဲ့ရဲ့လား? 🗣️ Lesson 3: ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ Communication Skills ကိုရော ထိထိရောက်ရောက် အသုံးချနိုင်နေပြီလား? PEC မှာ လူငယ်တွေအတွက် အမြဲတမ်း သစ်လွင်ဆန်းသစ်ပြီး အကျိုးရှိတဲ့ ခေါင်းစဉ်လေးတွေနဲ့ မျှဝေပေးခဲ့တဲ့ Team Barbie ကို Facilitator အဖြစ် နောက်ထပ် မတွေ့ရတော့ပေမယ့်... သူတို့ပေးခဲ့တဲ့ တန်ဖိုးရှိ Message လေးတွေကို Wednesday Rerun မှာ အတူတူ ပြန်လည်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ Saturday Clubမတက်လိုက်ရလို့ နှမြောနေသူများရော၊ ညဘက် လွတ်လွတ်လပ်လပ် English Conversation လေ့ကျင့်ချင်သူများပါ လက်မနှေးဘဲ လာရောက် Join ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🫶🏼💕 📌 Wednesday Rerun Details: 🗓 Date: Wednesday Night ⏰ Time: 7:00-9:00pm 📍 Platform: Zoom #Collect_Memories #Week_318_Rerun #TeamBarbie #Online_English_Conversation_Club #PEC_WednesdaySession

photo content
+6

photo content

➡️Member မဟုတ်တဲ့သူလေးတွေလည်း Join ချင်တယ်ဆိုရင် ဒီ Post လေးကို Share ပေးပါ။ ➡️ပြီးရင်Screenshot ကို Comment မှာ မန့်ပေးထားပြီးတော့ ➡️ Page Admin Team ကိုလည်း Chatbox မှာ Screenshot ပုံလေးလာပြထားပေးနော်။ Zoom Link ပေးဖို Reply ပြန်ပေးပါမယ်။ #Financial_Education #PKZ_Financial_Goals_Pyramid #Phoo_Kyaw_Zin #Personal_Growth_for_Youth_Program #PEC #Practical_English_Club

💰 ငွေရှာတတ်ရုံနဲ့ ငွေကြေးအောင်မြင်မှု ရနိုင်ပြီလား ⁉️ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အနာဂတ် ငွေကြေးအစီအစဉ် (Financial Future) ကို ရည်မှန်းချက်ရှိရှိ စတင်ချမှတ်ထားပြီလား❓ 💭 ပိုက်ဆံရှာချင်တယ်… ဒါပေမဲ့ ဘယ်ကနေ စရမလဲ လမ်းစမမြင်ဘူး။ 💭 ဝင်ငွေရှိပေမဲ့ လကုန်ရင် လက်ထဲ ဘာမှမကျန်တော့ဘူး။ 💭 ငွေစုချင်စိတ်ရှိပေမဲ့ လက်ရှိ အသုံးစရိတ်တွေကြောင့် မစုဖြစ်ဘူး။ 💭 အနာဂတ်အတွက် Financial Goals တွေ တည်ဆောက်ချင်ပေမဲ့ ဘယ်လို စီမံခန့်ခွဲရမှန်း မသိဘူး။ ဒီလို လက်တွေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအတွက် ဖြေရှင်းချက်ကို ရှာဖွေနေတဲ့ လူငယ်တွေ ရှိလာ❓ တကယ်တော့ ငွေကြေးစီမံခန့်ခွဲမှုဆိုတာ ဝင်ငွေများမှ စတင်လေ့လာရမယ့် အရာမဟုတ်ပါဘူး။ လူငယ်ဘဝ အစောပိုင်းကတည်းက စနစ်တကျရှိတဲ့ ငွေကြေးအသိပညာ (Financial Literacy) နဲ့ ကောင်းမွန်တဲ့ ငွေကြေးအလေ့အကျင့်တွေကို တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်… 💸 ကိုယ့်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေကို ရေရှည်အတွက် ဘယ်လို စီမံခန့်ခွဲမလဲ။ 💸 ခိုင်မာတဲ့ ငွေစုအလေ့အကျင့်ကောင်းတွေကို ဘယ်လို တည်ဆောက်မလဲ။ 💸 ကိုယ့်ရဲ့ ဘဝအနာဂတ်အတွက် Financial Goals တွေကို ဘယ်လို တိကျစွာ သတ်မှတ်မလဲ။ 💸 PKZ's Financial Goals Pyramid ကရော ငွေကြေးဆိုင်ရာ တိုးတက်မှုအတွက် ဘယ်လို အထောက်အကူပြုမလဲ။ ဒီလို အရေးကြီးတဲ့ အကြောင်းအရာတွေကို ပိုမို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ချင်တယ်ဆိုရင်တော့ PEC က စီစဉ်ပေးထားတဲ့ Personal Growth for Youth Program ရဲ့ ဒီတစ်ခေါက် Training လေးမှာ... ✨ “Financial Education & PKZ's Financial Goals Pyramid for Youth” ✨ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ကျွမ်းကျင်သူတစ်ဦးနဲ့ တိုက်ရိုက်ဆွေးနွေးလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💌 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဆိုတာဘာလဲ❓ https://m.facebook.com/story.php?story_fbid=859938656323343&id=100069216491741 PEC က ချစ်ရတဲ့ လူငယ်တွေအတွက် English Skills တွေ ဖြည့်ဆည်းပေးရုံတင်မကဘဲ Personal Development, Leadership, Financial Literacy စတဲ့ ဘဝတစ်သက်တာအတွက် အရေးပါတဲ့ အသိပညာနဲ့ အရည်အချင်းတွေကိုပါ တိုးတက်စေဖို့ ရည်ရွယ်ပြီး Guest Trainers တွေနဲ့အတူ လစဉ် Training လေးတွေ စီစဉ်ပေးနေတာ ဖြစ်ပါတယ်။ ဒီလမှာတော့ လူငယ်တွေရဲ့ ရေရှည်ဘဏ္ဍာရေး အနာဂတ် (Financial Future) ကို အထောက်အကူပြုမယ့် ငွေကြေးအသိပညာနဲ့ ရည်မှန်းချက်တွေကို စနစ်တကျ ချမှတ်နိုင်ဖို့ အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ________________________________________________________________ Profile of Saya Phoo Kyaw Zin ဒီတစ်ခေါက် Training လေးကို တန်ဖိုးရှိတဲ့ ပညာရပ်တွေနဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမယ့် Guest Trainer ကတော့ မြန်မာနိုင်ငံရဲ့ Leadership, Money Management နဲ့ Personal Development လောကမှာ ထင်ရှားတဲ့ ဆရာဖူးကျော်ဇင် (Phoo Kyaw Zin) ပဲ ဖြစ်ပါတယ်။ ဆရာဖူးကျော်ဇင်ဟာ Best-selling Author, Professional Corporate Trainer, Life & Success Coach နဲ့ Public Speaker တစ်ဦး ဖြစ်ပါတယ်။ ✔️ Future Wave Training, Myanmar ကို တည်ထောင်ထားသူဖြစ်ပြီး Leadership, Money Management နဲ့ Personal Development ဆိုင်ရာ သင်တန်းတွေကို အောင်မြင်စွာ ပို့ချပေးနေသူ ဖြစ်ပါတယ်။ ✔️ စာအုပ်များ၊ Video Content များနဲ့ Corporate Training အစီအစဉ်တွေကတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ လူထောင်ပေါင်းများစွာကို ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေကြေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။ ✔️ YouTube, Facebook နဲ့ TikTok စတဲ့ Social Media Platform တွေကတစ်ဆင့်လည်း ဘဝအောင်မြင်ရေး၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ Leadership ဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးလျက်ရှိပါတယ်။ 🎓 Qualifications & Professional Background 🔹 B.A (English), MBA (SSBR) 🔹 Best-selling Author 🔹 Professional Corporate Trainer 🔹 Life & Success Coach 🔹 Public Speaker 🔹 Founder of Future Wave Training, Myanmar YouTube Channel – Phoo Kyaw Zin https://www.youtube.com Telegram Channel - @phookyawzin Training Details PEC Member လေးတွေအတွက် ဒီတစ်ခေါက် Training ကို Online ကနေ ပြုလုပ်ပေးသွားမှာဖြစ်ပြီး PEC Member Community Facebook Group ထဲမှာ Zoom Link လေးကို ရယူပြီး ပါဝင်နိုင်ပါတယ်။ 📆 Date: 23 October 2026 (Friday) ⏰ Time: 7:00 – 9:30 PM (MMT) 📍 Platform: Zoom 🎟 Training Fee: Free of Charge 📋 To Join: PEC Member Community Facebook Group ထဲမှာ Zoom Link ကို ရယူနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Financial Future ကို ဒီနေ့ကစပြီး ပိုမိုခိုင်မာအောင် တည်ဆောက်ချင်တဲ့ လူငယ်လေးတွေအနေနဲ့ ဒီ Training လေးကို လက်မလွတ်ဘဲ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🩵 ဒီ Training လေးကို Join မယ့် Member လေးတွေ Comment မှာ “Join” လို့ ရေးသွားပေးပါဦးနော်။

လာလို့ရပါပြီနော်