ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Practical English Club

Practical English Club

الذهاب إلى القناة على Telegram

A unique and effective Youth Community for your English Skills 🩵

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Practical English Club

تُعد قناة Practical English Club (@pecmyanmar) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 10 398 مشتركاً، محتلاً المرتبة 19 314 في فئة التعليم والمرتبة 10 896 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 398 مشتركاً.

بحسب آخر البيانات بتاريخ 19 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -95، وفي آخر 24 ساعة بمقدار 4، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.17‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 2.28‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 538 مشاهدة. وخلال اليوم الأول يجمع عادةً 237 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 7.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“A unique and effective Youth Community for your English Skills 🩵”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 20 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.

10 398
المشتركون
+424 ساعات
-137 أيام
-9530 أيام
أرشيف المشاركات
PEC ရဲ့ weekly Conversion Club လေးတွေ နားထားတုန်း English Speaking Practice Exposure လိုချင်တဲ့ ကလေးတွေအတွက် ဒီည Club လေးတစ်ခုရှိမယ်နော်။ Explore Club လို့ခေါ်တယ်။ E4F -E4C က Alumni လေးတွေရဲ့ favorite Club ဆိုပဲ။ 🤩 လူငယ်တွေနဲ့ အတူတူရှိချင်တယ်၊ ရင်ဖွင့်သံတွေကြားချင်တယ်၊ အချင်းချင်း ဖေးမကူညီကြပြီး လုံခြုံတဲ့နေရာလေးအဖြစ် မေတ္တာ နာရီလေးတွေ ကုန်ဆုံးချင်တယ်။ ဒီည ၇ နာရီ စိတ်ဝင်စားလျှင် Yes လို့ မန့်ခဲ့ပါလား။ Zoom လင့်ကိုတော့ အမရယ် နီးလျှင် ပို့ပေးမယ်နော်။ ဒီနေရာလေးမှာပဲ စောင့်ပေးကြနော်။ English Level - Basic (A1 & A2+) ( level မြင့်တဲ့ကျောင်းသားလေးတွေလည်း Basic လေးတွေကို ကူပေးချင်တယ်၊ BK ထဲမှာ ပံ့ပိုးပေးချင်တယ်ဆိုလျှင် Join လို့ရပါတယ်) ဘယ်တော့တွေ့ရမလဲဆိုတာ မသေချာတော့တဲ့ လောကကြီးထဲမှာ မိမိရှိတဲ့အရာလေးကို လိုအပ်သူအတွက် အစွမ်းကုန်ပေးပါ။ Love your neighbor as you love yourself 🩵 See you tonight #explorer Club #PEC_Signature Club #Run_by_Tr.Shiba
19 نوفمبر, 21:55

ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ background တွေ၊ ဒေသတွေ မတူညီတဲ့ အမတို့ လူငယ်တွေ မေတ္တာဆိုတဲ့ စက်ဝိုင်းမှာ အတူတူ ဆုံစည်းကြစို့လား? မေတ္တာဆိုတဲ့ အရာကို စီးကူးဖြန့်ဝေဖို့ Bridge လေးတွေဟာ အမတို့တွေပဲ။ 📣သူတစ်ပါးက မင်းကို ခွင့်မလွှတ်ပေးလျှင် မင်းကိုမင်း ခွင့်လွှတ်ပါ။ မင်းကို ထိခိုက်စေတဲ့သူကိုလည်း “ ခွင့်လွှတ်ခြင်း” မေတ္တာကို ဆက်လက်ပေးပါ။ 📣သူတစ်ပါးက မင်းကို စိတ်မရှည်တဲ့ အခါ မင်းကိုမင်း စိတ်ရှည်ပါ။ မင်းရဲ့ စိတ်ရှည်ခြင်းကို လိုအပ်ဆုံးသောသူအတွက် လက်ဆင့်ကမ်းပါ။ အမတို့ အားလုံးဟာ တကယ်တော့ “မေတ္တာလေး”တွေပဲ။ မေတ္တာလေး ဖြစ်နေတဲ့ မင်းကို PECက အရမ်းဂုဏ်ယူတယ်။ မေတ္တာလေးကို ရွေးယူတတ်တဲ့ မင်းကို PEC က အသိမှတ်ပြုတယ်။ သေးငယ်သော အရာလေးတွေနဲ့ သူတစ်ပါးရဲ့ ဘဝကို အကောင်း ဘက်ကနေ ပြောင်းလဲ ပေးကြစို့နော်။ တည်ဆောက်ရမယ့် အနာဂတ်ဟာ အမတို့ လူငယ်တွေလက်ထဲမှာရှိတယ်။ မေတ္တာအားဖြင့် အရာအားလုံး ဖြစ်နိုင်တယ်။ မေတ္တာရဲ့စက်ဝိုင်းမှာ အမတို့ အတူ ဆုံစည်းကြစို့။ Tr.Shiba Founder
18 نوفمبر, 10:04

You know who you are! ———————————- Young People, 📣Remember who you are! 🕊️“You are “peace for your family.” 🕊️You are “facilitator to bring the peace and Love for your mother, for your father & for your friends.” 🕊️You are literally chosen for this ! ကျွန်မ ဒီနေ့ မိသားစုပြဿနာလေးတွေကြောင့် အိမ်တွေတောင် ခွဲပြီး ဆင်းဖို့ ဗလောင်ဆူနေတဲ့ E4F Program က ကျောင်းသားလူငယ်လေးတစ်ယောက်နှင့် ဖုန်းလေးထဲမှာ ဒီစကားလေး ပြောဖြစ်ပါတယ်။ “တကယ်တော့ အချို့ပြဿနာတွေဟာ စားပွဲပေါ်မှာ အေးချမ်းစွာ စကားပြောဆိုလျှင် ၅၀ ဖိုးဖြေရှင်းပြီးသား ဖြစ်သွားပါတယ် ၊မင်းတို့ မိသားစုလေးက အရမ်းချစ်စရာကောင်းတယ်၊ လှပတဲ့ မိသားစုလေးပါ ..အတူတူရှိနေခွင့်ကို ဘုရားက ပေးထားတယ်၊ ခံစားချက်လေးတွေကို ရိုးသားစွာ ထုတ်ဖော်ပြောဆိုပေးတဲ့အခါ မင်းအဒေါ်က သေချာ နားလည်သွားမှာ” ☑️အမတို့ လူသားလေးတွေဟာ ခံစားချက်လေးတွေကို ဂရုစိုက်ပေးတတ်တဲ့သူလေးတွေပါ ☑️အမတို့ လူသားလေးတွေဟာ တစ်ဉီးနဲ့တစ်ဉီး မေတ္တာလေးတွေပေးဖို့ ဝန်လေးတဲ့သူတွေ မဟုတ်ဘူး ☑️မင်း ပြောပြတဲ့အခါ အကောင်းဆုံးရလဒ်လေး တစ်ခု ရမှာ သေချာပါတယ်” ဒါလေးကို ကျွန်မပြောလိုက်တဲ့အခါ ပျော်ပြီး အဖြေရသွားတဲ့ ဒီလူငယ်လေးရဲ့အသံလေးဟာ ကျွန်မရင်ထဲမှာ ဆည်းလည်းလေးလို ကျန်ခဲ့ပါတယ်။ လူငယ်လေးတွေရေ...မိမိဟာ ဘယ်အခြေအနေထဲကို ရောက်နေပါစေ, Remember who you really are! 🕊️You are “peace for your family.” 🕊️You are “ the facilitator to bring the peace and Love for your mother, for your father & for your friends.” 🕊️You are literally chosen for “LOVE”. 🕊️YOU ARE ☮️ PEACE” This is who you are! Tr.Shiba Facilitator Founder
12 نوفمبر, 01:28

လူငယ်တွေဆိုတာ Timeline ကန့်သတ်ချက်မရှိဘဲ အောင်မြင်နိုင်တဲ့သူတွေပါ။ …………………………………………………………… အခြေအနေတွေကို ဘာမှ တွေးမနေဘဲ ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲတွေကို တစ်ခုပြီး တစ်ခုပြီး လုပ်နေပါလို့ပဲ ပြောပါရစေ။ English Skill တစ်ခုရဖို့ အခုမှ စပြီး အားယူရမယ်ဆိုတဲ့ လူငယ်လေးတွေအတွက် သတ္တိတစ်ခုပေးချင်တယ်။ “မှားရဲတဲ့သတ္တိ”ပေါ့၊ ကျွန်မပြောချင်တဲ့ သတ္တိဆိုတာ “ဆင်းလုံးချောဖို့ကြိုးစားရဲတာ”မဟုတ်ဘူး၊ မှားပြီးပြောတဲ့အခါ ဒါအဆင်ပြေတယ်လို့ လက်ခံရဲတဲ့ သတ္တိ” “ အရာရာ စီစဉ်တဲ့အတိုင်း အကုန်ဖြစ်လာမယ်လို့ တွေးရဲတဲ့သတ္တိ”မဟုတ်ဘူး၊ ကချော်ကချွတ်တွေ ငါးပါးမှောက်လျှင်တောင် ငါ အကောင်းဆုံး လုပ်နိုင်မှာပါလက်ခံ အားပေးရဲတဲ့ သတ္တိ”ပါ။ အမှားတွေက တကယ်တော့ Stepping Stones ဆိုတာ တို့တွေသိတယ်၊ ဒါပေမယ့် အဲ့ဒီ Stones တွေထွက်လာဖို့ ခြေထောက်စလှမ်းတဲ့အခါ -ဒူးကတုန်လာရော၊ ခြေထောက်က မြေပြင်ပေါ် မရောက်ချင်တော့ဘူး။ ရင်တွေတုန်ပြီး အသံတွေတောင်ပြာလာတာ၊ အဲ့လိုနဲ့ပဲ ပတ်ပြေးခဲ့တာ ကြာခဲ့ပြီ မလား။ သင်ဟာ အဲ့လိုလူငယ်မျိုးဆိုလျှင် ကိုယ့်ကိုယ်ကို ကြားရမယ့် စကားတွေ စပြောဖို့ လုပ်ပါ။ “ မင်းက တော်တယ် ၊ အရည်ချင်းနှင့် လုပ်ရေကိုင်ရေရှိတယ်၊ မင်းက ဖြစ်မြောက်မယ့်သူ” “ မင်းက ဘုရားမဟုတ်လို့ မင်းလဲကျဦးမှာ၊ မင်း ပိုးစိုးပက်စက် ဂျွန်းပြန်ဦးမယ်၊ ဒါက သဘာဝ” “ဒီနေ့ကစပြီး မင်းကို ပိုတော်လာဖို့ ငါရွေးချယ်တယ်၊ မင်းက အောင်မြင်ဖို့ ထိုက်တန်တယ်၊ မင်းအမှားတွေ လုပ်မှာကို ငါမကန့်သတ်တော့ဘူး၊ မင်း မှားပြောလည်း အဆင်ပြေတယ်၊ ငါ မင်းကို လက်ခံတယ်၊ မပြည့်စုံတဲ့မင်းကို ငါ အားလုံး လက်ခံပေးတယ်”လို့။ သတ္တိရှိသော ပထမ ခြေလှမ်းလေးဆိုတာ “allowing yourself to make mistakes “ပါပဲ။ English မှာရော ဘဝမှာရော များများမှားပြီး၊ အမှားတွေက သင်ယူရင်း၊ အကန့်အသတ်မရှိကြီးထွားကြမယ်နော်။ English စာအမှားတွေကို မိမိကိုယ် မိမိလက်ခံရင်း ဘဝတက်လမ်းတွေ ဖောက်ဖို့ E4F Program လေးမှာ တွေ့ကြမယ်နော်။ အသေးစိတ်လေးဒီမှာဖတ်ပါ၊ Tr.Shiba Main Teacher 11.11.2026
11 نوفمبر, 06:04

🩵
07 نوفمبر, 03:48

ပိုသန်မာတဲ့လူငယ် ——————— လူငယ်တွေ လောကကြီးက တွင်းထဲ ဆွဲနှစ်တဲ့အခါ who you really are နဲ့ တုန့်ပြန်ပါ။ မေးကြည့်ဖူးလား ? ငါဘယ်သူလဲဆိုတာ။ “အောင်မြင်မှုရပြီဆိုလျှင် ငါက တော်တာ” “ဖြစ်မြောက်တယ်ဆိုလျှင် ငါ လုပ်နိုင်သား” ဒီလိုမျိုး အမတို့ ခံစားကြတယ် ။ အဲ့လိုအချိန်မှာ မိမိဘယ်သူလည်း ပြောရတာ သိပ်ပြီး နားဝင်ချိုတယ်။ “ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ..ငါကဘယ်သူလဲ” “ဆုံးရှုံးမှုတွေ တွေ့တဲ့အခါ ..ငါကဘယ်သူလဲ” “လက်လျော့ချင်တဲ့အခါ..ငါကဘယိသူလဲ” “လူတွေ လက်မခံတော့တဲ့အခါ ..ငါကဘယ်သူလဲ” အဖြေရှိတယ်၊ ခေါင်းနဲ့ပန်းလိုပဲ၊ မင်းရွေးလို့ရတယ်၊ ခေါင်းလည်း နင်ပဲ၊ ပန်းလည်း နင်ပဲ၊ ဒါပေမယ့် ရွေးချယ်လိုက်မှ သက်သေထူသွားတယ်။ 🕊️ ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ..မင်းဟာ သိပ်တော်တဲ့လူငယ်ပဲ 🕊️ ဆုံးရှုံးမှုတွေ တွေ့တဲ့အခါ ..မင်းဟာဖြစ်မြောက်တဲ့လူငယ်၊ အောင်မြင်တဲ့သူ 🕊️ လက်လျော့ချင်တဲ့အခါ..မင်းဟာ အဆုံးထိသွားမယ့်သူ 🕊️ လူတွေလက်မခံကြတဲ့အခါ ..မင်းဟာ မင်းရဲ့တန်ဖိုးစစ်ကို နားလည်တဲ့သူ ဒါကသာ “တကယ့် မင်း အစစ် ဖြစ်တယ်” Shiba Facilitator Founder 7.11.2026
07 نوفمبر, 03:29

ကိုယ်ဖြစ်ချင်တဲ့ dream life လေးကို လူတိုင်းလိုလို တစ်ခါလောက်တော့ ရင်ခုန်ပြီး စိတ်ကူးယဉ်ဖူးကြမှာပါနော်။ 💭✨ သီချင်းလေး နားထောင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ပြတင်းပေါက်ဘက် ငေးရင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အနာဂတ်အိပ်မက်လေးတွေကို တွေးဖြစ်ကြပါတယ်။ အဲ့ဒီလို စိတ်ကူးအိပ်မက်တွေကို PEC ရဲ့ Wednesday Conversation Club “Week 320 Rerun” မှာ ပါဝင်ခဲ့ကြတဲ့ သူတွေကတော့ အားရပါးရ ရင်ဖွင့်ဆွေးနွေးခဲ့ကြပါတယ်။🤩 ဒီတစ်ပတ်ဆွေးနွေးပွဲမှာ အောက်ပါ မေးခွန်းစိတ်ဝင်စားစရာလေးတွေနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခွင့် (self-reflection) ရခဲ့ကြတာဖြစ်တယ်။ ✨ အနာဂတ်မှာ ကိုယ်ရောက်ချင်တဲ့ နေရာနဲ့ တိုးတက်လာမယ့် ကိုယ့်ရဲ့ personality က ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။❓ ✨ ကိုယ့်ရဲ့ manifestation တွေ အမှန်တကယ်ဖြစ်လာဖို့ ဘယ်လို action တွေက အထောက်အကူ ဖြစ်စေလဲ။❓ ✨ ကိုယ်နဲ့ ကိုယ့်ရဲ့ အိပ်မက်တွေကြားက မမြင်ရတဲ့ နံရံတွေ အတားအဆီးတွေ) က ဘာတွေလဲ၊ အဲ့ဒါတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ။❓ ✨ စိတ်အားထက်သန်မှု (Motivation) တွေကရော manifestation အတွက် ဘယ်လောက်အထိ အရေးပါလဲ။❓ ဒီလို တန်ဖိုးရှိတဲ့ မေးခွန်းတွေနဲ့အတူ ကိုယ့်အကြောင်းကိုယ် ပိုနားလည်လာပြီး English skills တွေလည်း မြှင့်တင်နိုင်ခဲ့ကြတာပါတယ်။ ✨ Notice: လက်ရှိမှာတော့ PEC ရဲ့ conversation clubs လေးတွေကို ခဏတာ နားထားဆဲဖြစ်ပါတယ်နော်။ ဒါပေမဲ့ နောက်လာမယ့် exciting sessions တွေနဲ့ ပြန်လာခဲ့ဖို့ရှိတာမို့လို့ Stay Tuned လုပ်ထားကြပါဦးရှင်။🫶🏼🥰 #Collect_Memories #Week_320_Rerun #Online_English_Conversation_Club #PEC
05 نوفمبر, 01:00

photo content
+5
05 نوفمبر, 01:00

photo content
+5
02 نوفمبر, 09:13

photo content
+9
02 نوفمبر, 09:13

Financial Education & PKZ’s Financial Goals Pyramid for Youth ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြုလုပ်ခဲ့တဲ့ PEC ရဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို ပြီးခဲ့တဲ့ 23 Oct 2026 | Friday ညမှာပဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်သင်တန်းမှာတော့ Future Wave Training ရဲ့ Professional Corporate Trainer တစ်ဦးဖြစ်တဲ့ ဆရာ Phoo Kyaw Zin က Guest Trainer အဖြစ် ပါဝင်ပြီး လူငယ်တွေအတွက် ငွေကြေးဆိုင်ရာ အသိပညာနဲ့ လက်တွေ့အသုံးချနိုင်မယ့် အတွေးအမြင်တွေကို မျှဝေသင်ကြားပေးခဲ့ပါတယ်။ Financial Education & PKZ’s Financial Goal Piramid for youth ဆိုတဲ့အတိုင်း ဆရာ့ရဲ့ Training လေးကနေ 🌱ကိုယ့်ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြှုပ်နှံခြင်းရဲ့ တန်ဖိုး 🌱ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမိုသတိရှိရှိ ချမှတ်နိုင်ဖို့နဲ့ 🌱ကိုယ့်ရဲ့ငွေကြေးစီမံခန့်ခွဲမှု skillsတွေကို စနစ်တကျဘယ်လို တစ်ဆင့်ပြီးတစ်ဆင့် level up အောင် ကြိုးစားသွားကြမလဲဆိုတာကို သိရှိနားလည်သွားခဲ့ကြပါတယ်။ အခုလို လူငယ်တွေအတွက်ဆိုပြီး တန်ဖိုးရှိတဲ့ အသိပညာနဲ့ အတွေးအမြင်တွေကို မေတ္တာဖြင့်လာရောက် မျှဝေပေးခဲ့တဲ့ Future Wave Training မှ ဆရာ Phoo Kyaw Zin ကို PEC Team က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ Trainingလေးအောင်မြင်စွာ ဖြစ်မြောက်လာဖို့ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ PEC Team နဲ့အတူ တက်ကြွစွာပါ၀င်‌ဆွေးနွေးပေးခဲ့ကြတဲ့ Member ဝင်လေးတွေ တစ်ယောက်ချင်းစီကိုလည်း လိုချင်တဲ့ Financial Goal ဆီမြန်မြန်ရောက်ရှိဖို့မျှော်လင့်ရင်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ PEC Community ထဲမှာရှိနေတဲ့ Member လေးတွေအတွက် နောက်လတွေမှာလည်း အခုလို အချိန်မှာ အလိုအပ်ဆုံးဖြစ်မယ့် ခေါင်းစဉ်တွေနဲ့ Trainings တွေ လုပ်ပေးနေမှာမို့လို့ PEC Member ဖြစ်အောင် PEC ရဲ့ Community Clubs တွေကို ၇ ကြိမ် ပါဝင်ထားဖို့လည်း မှာချင်ပါတယ်။ 🩵PEC ရဲ့အတူ English Skill တင်မကဘူး ဘဝကိုပါ Next Level သွားဖို့ ဖိတ်ခေါ်ပါတယ်။ #Collect_memories #Free_Training_No.5 #Financial_Education #PKZ_Financial_Goals_Pyramid #Phoo_Kyaw_Zin #G4Y #personalgrowthforyouthprogram #PEC
02 نوفمبر, 09:12

PECer လေးတို့ရေ လာမယ့် အပတ်ကစပြီးတော့ Free English Conversation Club လေးကို ခနလေး နားပါမယ်နော်
30 أكتوبر, 07:56

✨💭A Power of Manifestation ✨💭 ကိုယ်ဖြစ်ချင်တဲ့ dream life လေးကို ဘဝမှာ တစ်ခါတော့ တွေးဖူးကြ၊ စိတ်ကူးယဉ်ဖူးကြတယ်ဟုတ်💭 ကျွန်တော်တို့ဟာ သီချင်းလေးနားထောင်ရင်းပဲဖြစ်ဖြစ်၊ ‌တစ်ခုခုကိုငေးရင်းနဲ့ပဲဖြစ်ဖြစ် စိတ်ကူးအိပ်မက်လေးတွေကို တွေးကြပါတယ်😴 ဒါပေမယ့် PEC ရဲ့ Saturday Conversation Club "Team Potatoes" ရဲ့ နောက်ဆုံးအပတ်ကို join တဲ့သူတွေကတော့ ဒီလို ကိုယ်စိတ်ကူးထားတဲ့အရာတွေကို အားရပါးရ ပြောခဲ့ကြမယ် ထင်ပါတယ်နော်🫣✨ ✨အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့ ကောင်းတဲ့အရာတွေ ၊ တိုးတက်ချင်တဲ့ personality တွေ ရှိကြလား❓ ✨ manifestation လုပ်ဖို့အတွက် အကူအညီပေးတဲ့ actionတွေက ဘာတွေလဲ❓ ✨ကိုယ်နဲ့ ကိုယ်အိပ်မက်တွေကြားက မမြင်နိုင်တဲ့ နံရံတွေက ဘာတွေလဲ၊ အဲ့တာတွေကို ဘယ်လို ကျော်လွှားကြမလဲ❓ ✨စိတ်အားထက်သန်မှုတွေ ကရော manifestation အတွက် အကူအညီဖြစ်ရဲ့လား❓ စတဲ့ အကြောင်းအရာတွေကို Team Patartoe နဲ့အတူ self-reflection လေးလုပ်ရင်းနဲ့ ကိုယ့်အိပ်မက်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ကြပါတယ်💯 အခုလို အရမ်းကိုမှ perfect ဖြစ်တဲ့ မေးခွန်းလေးတွေနဲ့အတူ ကိုယ့်အ‌ကြောင်းကိုလည်း ပိုသိရင်း English skills တွေလည်း မြှင့်ချင်တယ်ဆိုရင်တော့ PEC ရဲ့ နေ့လည်ခင်း Saturday Conversation Club နဲ့ ညဘက် Wednesday Conversation Club ကို လာ join လိုက်ပါတော့ရှင်🫶🏼🥰 #Collect_Memories #Week_320 #Online_English_Conversation_Club #PEC
29 أكتوبر, 10:00

photo content
+8
29 أكتوبر, 09:59

သီတင်းကျွတ် ရောင်စုံ မီးထွန်းပွဲတော်ရဲ့ လင်းလက်နွေးထွေးတဲ့ မီးရောင်လေးတွေအောက်မှာ... စိတ်ဝင်စားစရာ စကားဝိုင်းလေးတစ်ခု ဖန်တီးခဲ့ကြတာကို သတိရမိကြတယ်မလား။✨🪔 ဘဝမှာ ဘယ်သူမှ စာအုပ်ထဲကနေ အတိအကျ မသင်ပေးခဲ့ဖူးပေမယ့်၊ အလိုက်တသိနဲ့ ပတ်ဝန်းကျင်ကနေ နားလည်တတ်မြောက်သွားကြတဲ့ Unspoken Rules အကြောင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးခဲ့ကြတဲ့ PEC ရဲ့ Week 319 Wednesday Rerun လေးပဲ ဖြစ်ပါတယ်။ 🎁💕 “Team Power Rangers” ရဲ့ ဦးဆောင်မှုနဲ့အတူ စိတ်ဝင်စားစရာ မေးခွန်းလေးတွေကို နှလုံးသားနဲ့ယှဉ်ပြီး အားရပါးရ မျှဝေခဲ့ကြပုံလေးတွေကတော့ - 🌼 အရင်တုန်းကတော့ ယုံကြည်စွာနဲ့ လိုက်နာခဲ့မိပေမယ့်၊ တကယ့် အမှန်တရားကို သိလိုက်ရတဲ့အခါ ကိုယ့်ရဲ့ အသိစိတ်အတိုင်း ငြင်းဆန် ကျော်ဖြတ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေ ရှိပါသလား။ 🤷🏼‍♀️ 🌼 မှားယွင်းနေမှန်း သိရက်နဲ့ လူတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်းပဲ ခေါင်းငုံ့လိုက်နာမလား၊ ဒါမှမဟုတ် ခက်ခဲပါစေဦးတော့... မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာပဲ သတ္တိရှိရှိ လျှောက်လှမ်းမလား။ 🤷🏼‍♀️ 🌼 ကိုယ်တိုင်က မြတ်မြတ်နိုးနိုး လက်ကိုင်ထားတဲ့ ခံယူချက်တစ်ခုကို တခြားသူတွေရဲ့ စကားနောက်ပါပြီး စွန့်လွှတ်လိုက်ရတဲ့အခါမျိုးမှာရော ဘယ်လို ခံစားခဲ့ရဖူးလဲ။ 🤷🏼‍♀️ ဒီမေးခွန်းလေးတွေနဲ့တင် မကဘဲ၊ စကားဝိုင်းအပြည့် အချင်းချင်း နားလည်မှုတွေ၊ သင်ခန်းစာတွေနဲ့ သီတင်းကျွတ် ညချမ်းလေးကို အဓိပ္ပာယ်ရှိရှိ ကုန်လွန်စေခဲ့ပါတယ်။ 💯💖 ဒီလိုမျိုး စကားပြောစွမ်းရည် တိုးတက်ရုံတင်မကဘဲ စိတ်အဟာရရစေမယ့် နွေးထွေးတဲ့ အသိုင်းအဝိုင်းလေးထဲမှာ အချိန်တွေကို အကျိုးရှိရှိ ကုန်လွန်ချင်တယ်ဆိုရင်တော့ PEC ရဲ့ Wednesday (ညဘက်) နဲ့ Saturday (နေ့လည်ခင်း) Conversation Club လေးတွေမှာ လာရောက်ဆုံတွေ့ဖို့ အမြဲတမ်း နွေးထွေးစွာ ဖိတ်ခေါ်နေပါတယ်နော်။ 🫣🫶🏼 #Collect_Memories #Week_319_Rerun #Online_English_Conversation_Club #PEC
29 أكتوبر, 02:00

photo content
+5
29 أكتوبر, 02:00

လာလို့ ရပြီနော်။ စနေပါပြီ။
28 أكتوبر, 08:31

✨🌷 The Power of Manifestation 🌷✨ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေကို စိတ်ထဲမှာ ခဏခဏ ပုံဖော်ကြည့်ဖူးလား? 🥹💭 တစ်နေ့နေ့မှာ ကိုယ်လိုချင်တဲ့ဘဝကို ပိုင်ဆိုင်လာမယ်လို့ ယုံကြည်ဖူးလား? 🤭 ဒီတစ်ပတ်မှာ ကိုယ့်ရဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ပိုပြီးနီးစပ်လာစေမယ့် နည်းလမ်းလေးတွေ ရှာဖွေကြမယ်…… 💌 🌸 ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေ၊ အနာဂတ်မှာ ရောက်ရှိချင်တဲ့နေရာတွေနဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို မျှဝေကြမယ်။ 🌺 Manifestation လုပ်ခြင်းက ကိုယ့်ရဲ့ Mindset၊ ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ ဆွေးနွေးကြမယ်။ 🌼 ကိုယ်လိုချင်တဲ့အရာကို စိတ်ကူးပုံဖော်ရုံတင်မကဘဲ လက်တွေ့ဖြစ်လာဖို့ ဘယ်လို Action တွေ ယူသင့်လဲ၊ အခက်အခဲတွေကြားမှာ Motivation ကို ဘယ်လိုထိန်းထားမလဲဆိုတာ အမြင်ချင်းဖလှယ်ကြမယ်။ 🌷 နောက်ဆုံးမှာတော့ ကိုယ့်ရဲ့အိပ်မက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာစေဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ဒီနေ့ကစပြီး ဘာတွေစလုပ်နိုင်မလဲဆိုတာ Self-reflection လေး လုပ်ကြမယ်။ 💗 တစ်ခါတလေ ကိုယ်လိုချင်တဲ့ဘဝကို ပြောင်းလဲဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ယုံကြည်စွာ စိတ်ကူးပုံဖော်ကြည့်ခြင်းကနေ စတင်နိုင်ပါတယ်။ ✨ ပေါ့ပေါ့ပါးပါး English လိုလေ့ကျင့်မယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။ 💌 ▪️ English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။ ▪️ Facilitator Team က ပြောထွက်အောင် ဂရုစိုက်ကူညီပေးမှာမို့ ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။ ▪️ English စကားပြောလေ့ကျင့်ရင်း ကိုယ့်အိပ်မက်တွေကို မျှဝေကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပေးကြမယ်၊ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ဆီ အတူတူခြေလှမ်းစကြမယ်။ 🌈💖 ------------------------ ⏰Time - 7:00 - 9:00 PM 🗓 Date - 28 Oct 2026 (Wed) 💰 Fees - 0 ks 💻 Platform - Zoom 👥 Participants- 100 ----------------------------------------------- 📍ဘယ်သူတွေ Join နိုင်သလဲ ? ✔အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း ----------------------------------------------- 📍Join ဖို့ ဘာတွေ လိုအပ်သလဲ ? ✔ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းလည်း ပြောပြပေးမှာပါ) ✔ အစအဆုံး Join နိုင်ရမယ် ✔ Registration Form ဖြည့်ရမယ် ----------------------------------------------- 📍 ဘယ်လို Register လုပ်ရမလဲ? ✔ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။ ✔Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။ ✔ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။ ✔ ပြီးရင် ဒီဖိတ်စာအောက်မှာ "Done" လို့ မန့်သွားပါ။ ------------------------------------------------ ️ Rerun Club Registration Form 📌 https://forms.gle/dMvPDhKe6LPwFZUx6 ⚠️Rerun Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️ 💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။ ---------------------------------------------- #Week320Rerun #Invitation #Online_English_Conversation_Club #PEC #Work_for_English_English_will_work_for_you
26 أكتوبر, 07:32

photo content
26 أكتوبر, 07:32

စနေပါပီ လာလို့ရပီနော်
24 أكتوبر, 02:31