2 553
مشترکین
اطلاعاتی وجود ندارد24 ساعت
+107 روز
+23630 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+23
در 0 کانالها
سپتامبر '26
+329
در 0 کانالها
Get PRO
اوت '26
+278
در 0 کانالها
Get PRO
ژوئیه '26
+56
در 0 کانالها
Get PRO
ژوئن '26
+94
در 0 کانالها
Get PRO
مه '26
+49
در 0 کانالها
Get PRO
آوریل '26
+36
در 0 کانالها
Get PRO
مارس '26
+24
در 0 کانالها
Get PRO
فوریه '26
+46
در 0 کانالها
Get PRO
ژانویه '26
+42
در 0 کانالها
Get PRO
دسامبر '25
+92
در 0 کانالها
Get PRO
نوامبر '25
+311
در 2 کانالها
Get PRO
اکتبر '25
+160
در 0 کانالها
Get PRO
سپتامبر '25
+225
در 0 کانالها
Get PRO
اوت '25
+64
در 0 کانالها
Get PRO
ژوئیه '25
+21
در 0 کانالها
Get PRO
ژوئن '25
+24
در 0 کانالها
Get PRO
مه '25
+17
در 0 کانالها
Get PRO
آوریل '25
+24
در 0 کانالها
Get PRO
مارس '25
+32
در 0 کانالها
Get PRO
فوریه '25
+63
در 0 کانالها
Get PRO
ژانویه '25
+85
در 1 کانالها
Get PRO
دسامبر '24
+144
در 0 کانالها
Get PRO
نوامبر '24
+179
در 0 کانالها
Get PRO
اکتبر '24
+261
در 0 کانالها
Get PRO
سپتامبر '24
+1 340
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 06 اکتبر | +1 | |||
| 05 اکتبر | +6 | |||
| 04 اکتبر | +5 | |||
| 03 اکتبر | +2 | |||
| 02 اکتبر | +8 | |||
| 01 اکتبر | +1 |
پستهای کانال
ဘီလာရုစ် vs ဖင်လန်
အင်္ဂါ (ည ၁း၁၅ နာရီ)
(Super Zay)
အင်္ဂါညအတွက် တစ်ကွက်ကောင်းကို နေးရှးလိဂ်ကပဲ ဆက်ရွေးထားပြီး ဘီလာရုစ်နဲ့ ဖင်လန်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
၃ ပွဲကန်ပြီးချိန် ၄ မှတ်ရထားတဲ့ ဘီလာရုစ်ဟာ ဒီနှစ်ပိုင်းထဲမှာ ရလဒ်ပိုင်း အတော်လေးတိုးတက်လာတဲ့အသင်းပါ။
ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲမှာ ဘီလာရု့စ်ဟာ အယ်ဘေးနီးယားနဲ့ နေးရှင်းလိဂ်အဖွင့်အဝေးကွင်း ၁ ပွဲသာ ရှုံးခဲ့ပါတယ်။
အခု ဖင်လန်နဲ့ ပ-ကျော့တုန်းကလည်း အဝေးကွင်းမှာ ဘီလာရုစ်ဟာ ခြေစွမ်းမနိမ့်ခဲ့ဘဲ ဂိုးမရှိသရေကျအောင် ကန်ထားပါတယ်။
ဖင်လန်က အဝေးကွင်းအားနည်းတဲ့အသင်းမို့ အခု ဒု-ကျော့မှာလည်း ဘီလာရုစ်ကို ထိုးဖောက်ဂိုးသွင်းနိုင်ဖို့ ခက်မှာပါ။
ဒါတောင် ဘီလာရုစ်က အိမ်ကွင်းပွဲတွေကို ကြားကွင်းဖြစ်တဲ့ ဟန်ဂေရီမှာ ကန်နေရတာပါ။
ခပ်မာမာကစားပုံနဲ့ ခံစစ်ပိုင်းလည်း ကျစ်လစ်တဲ့ ဘီလာရုစ်ဟာ ဒီတစ်ကြိမ်မှာလည်း ဖင်လန်ကို အခက်တွေ့အောင် လုပ်နိုင်စွမ်းရှိပါကြောင်း။
ရွေးချယ်မှု - ဘီလာရုစ်
| 2 | بدون متن... | 249 |
| 3 | ====================
ဂျေဂျေဂါဘရီရယ်ဟာ ယခုရာသီအတွက် မန်ချက်စတာယူနိုက်တက်ရဲ့အသင်းလိုက်ဓာတ်ပုံတွင် ပါဝင်နေပေမယ့်လည်း ကလပ်နှင့် ပြန်လည်အဆင်ပြေလာဖို့ မရှိပါဘူး။
ယနေ့တွင် အသက် ၁၆ နှစ်ပြည့်လာတဲ့ ဂါဘရီရယ်ဟာ တနင်္လာနေ့တုန်းက ယူနိုက်တက်က ကြေညာလာတဲ့ အသင်းလိုက်ဓာတ်ပုံတွင် ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဓာတ်ပုံကို စက်တင်ဘာလ ၈ ရက်နေ့ ယူနိုက်တက်အတွက် နောက်ဆုံးပွဲ မကစားမီ ၂ ရက်အလိုတွင် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ယခု ကြေညာလာတဲ့ ဓာတ်ပုံရိုက်ကူးပြီးချိန်တွင်မှ အသင်းမှ ထွက်ခွာခွင့်တောင်းဆိုခဲ့တာပါ။
ယူနိုက်တက်ဟာ ဂျေဂျေဂါဘရီရယ်အား အသင်းတွင် ဆက်ထိန်းထားနိုင်ရေး အစွမ်းကုန် ကြိုးပမ်းနေပေမယ့်လည်း အဆင်ပြေလာမယ့် အခြေအနေမျိုးတွင် မရှိပါဘူး။
ဂါဘရီရယ်ကို ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအပါအဝင် ဥရောပ ကလပ်အမြောက်အမြားတို့က စိတ်ဝင်စားနေပါတယ်။
ဂါဘရီရယ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ဗြိတိန်တွင် ဆက်ရှိလာဖို့ မရှိဘဲ နိုင်ငံခြားကလပ်သို့သာ ပြောင်းလာဖို့ ရှိပါတယ်။
ဂါဘရီရယ်ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူဟာ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက အဇာဘိုင်ဂျန်ချန်ပီယံဆာဘာအက်ဖ်ကေနှင့် ပွဲစဉ်တွင် သားဖြစ်သူအား လူစာရင်းထဲတွင် မထည့်သွင်းမှုအပေါ် အကြီးအကျယ် ဒေါသထွက်ကာ အသင်းပြောင်းခွင့်တောင်းခဲ့တာပါ။
ယူနိုက်တက်ဟာ ဆာဘာနှင့် ပွဲ သို့မဟုတ် စက်တင်ဘာလ ၁၆ ရက်နေ့ ဘရိုက်တန်နှင့် ခါရာဘောင်ဖလားပွဲတွင် အသုံးပြုပြီး ကလပ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူစေရန် စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့် မိုက်ကယ်ကာရစ်ဟာ အသင်းပြောင်းခွင့်တောင်းဆိုလာပြီးနောက်မှာတော့ ဂါဘရီရယ်ကို ဘရိုက်တန်နှင့်ပွဲမှာလည်း အသုံးပြုခဲ့ခြင်း မရှိပါဘူး။
တကယ်တော့ ဂါဘရီရယ်ဟာ ယူနိုက်တက်ရဲ့ UEFA A ကစားသမားစာရင်းတွင်လည်း ထည့်သွင်းခြင်းမခံထားရရာ ဆာဘာနှင့်ပွဲတွင် ကစားခွင့်မရှိပါဘူး။ ဒါကြောင့်လည်း ဂါဘရီရယ်ဘက်က ဆာဘာနှင့်ပွဲအား ကစားခွင့်မရမှုကြောင့် အသင်းပြောင်းခွင့်တောင်းဆိုသလား အခြားအကြောင်းကြောင်းကြောင့် တောင်းဆိုသလားဆိုတာ အတိအကျ ပြောဖို့ ခက်ပါတယ်။ | 244 |
| 4 | ယူနိုက်တက်အသင်းလိုက်ဓာတ်ပုံတွင် ဂါဘရီရယ် ပါဝင်လာပေမယ့် အသင်းနှင့် ပြန်လည်သင့်မြတ်လာဖွယ်မရှိ | 202 |
| 5 | ===================
မက်စ်ဒေါ်မန်းဟာ ဒဏ်ရာပြဿနာ ကြုံတွေ့ရပြီးနောက် အင်္ဂလန်ယူ-၁၉ အသင်းမှ နှုတ်ထွက်လာရပါတယ်။
အာဆင်နယ်ဆယ်ကျော်သက်ကစားသမားဟာ ဘယ်ဂျီယံအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမတိုင်မီ အင်္ဂလန်ယူ-၁၉ အသင်းမှ နုတ်ထွက်လာခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အတွက် ကံကောင်းတာကတော့ မက်စ်ဒေါ်မန်းရဲ့ ဒဏ်ရာက ပြင်းထန်မှု မရှိဘဲ ပုံမှန်ဒဏ်ရာမျှသာ ဖြစ်ပြီး ရက်အတန်ကြာ အနားယူလိုက်ပါက ပျောက်ကင်းလာမှာ ဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။
အသက် ၁၆ နှစ်ရှိ ဒေါ်မန်းဟာ အိုင်ယာလန်၊ နော်ဝေနှင့် အမေရိကန်တို့အား အနိုင်ရတဲ့ပွဲများတွင် ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ သောကြာနေ့တုန်းက အမေရိကန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ယင်းပွဲမှာခြေစွမ်းပွဲဖြစ်ရာ အနီကတ်ပြသခြင်းခံခဲ့ရပေမယ့် ဒေါ်မန်းဟာ ဘယ်ဂျီယံနှင့်ပွဲမှာ ကစားခွင့် ရှိနေတုန်း ဖြစ်ပေမယ့် ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာ ယခုနိုင်ငံတကာပွဲစဉ်များအတွင်းတွင် နောက်ခံလူအီဇရီကွန်ဆာ(အင်္ဂလန်)၊ ကိုင်ဟာဗတ်ဇ်(ဂျာမနီ)၊ ခရစ္စတို့စ်တီဇိုလစ်(ဂရိ)တို့ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒီကလန်ရိုက်စ်မှာလည်း အင်္ဂလန်အသင်းမှ နုတ်ထွက်ထားရမှုကြောင့် လာမယ့် ပရီးမီးယားလိဂ်ပွဲအတွက် ပြင်ဆင်မှုအပေါ် များစွာ ထိခိုက်နေစေပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ စနေနေ့တွင် အကောင်းဆုံးပုံစံ ရရှိနေတဲ့ ဒါနီရယ်ဖာကီရဲ့ လိဒ်နှင့် ရင်ဆိုင်ကစားရပါမယ်။
တဖက်တွင် အာတီတာအတွက် သတင်းကောင်းကတော့ ဘင်ဝှိုက်၊ ခရစ္စတီယန်မော့စ်ကွီရာ၊ ပီရိုဟင်ကာပီတို့မှာ လိဒ်နှင့်ပွဲတွင် ကစားရန် အသင့်ရှိနေတာပါ။ | 195 |
| 6 | အင်္ဂလန်အသင်းမှ မက်စ်ဒေါ်မန်း နှုတ်ထွက်လာရမှုနှင့်အတူ နိုင်ငံတကာပွဲများတွင် ကစားသမား ၅ ဦးအထိ ဒဏ်ရာရရှိလာမှုနှင့် ကြုံနေရတဲ့ အာဆင်နယ် | 172 |
| 7 | ====================
ဒါနီအိုလ်မိုက အင်္ဂလန်အား အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ခရိုအေးရှားအသင်းမှာ ကျားနာခဲခဲလာနိုင်မှုအပေါ် စပိန်အသင်းကစားဖော်များအား သတိပေးပြောကြားလာပါတယ်။
ဘာစီလိုနာစတားက ပူပူနွေးနွေး နာကျင်ထားတဲ့ ထိပ်သီးအသင်း ခရိုအေးရှားမှာ ဂုဏ်သိက္ခာအား ပြန်လည်ရယူနိုင်ရန် စပိန်နှင့်ပွဲတွင် ကြိုးပမ်းလာနိုင်ကြောင်း သတိပေးလာတာလည်း ဖြစ်ပါတယ်။
ခရိုအေးရှားဟာ အိမ်ကွင်းတွင် အင်္ဂလန်အား သမိုင်းတွင် အကြီးမားဆုံး ရှုံးပွဲအဖြစ် အင်္ဂလန်အား ၇-၀ ဂိုးဖြင့် အရေးနိမ့်ထားပါတယ်။
အိုလ်မိုဟာ အသက် ၁၆ နှစ်အရွယ်တုန်းက ခရိုအေးရှားကလပ်ဒိုင်နမိုဇာဂရက်တွင် ကစားသမားဘဝ စတင်ခဲ့တဲ့အပြင် ခရိုအေးရှားအသင်းအတွက် ကစားနိုင်မယ့် အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
ခရိုအေးရှားရဲ့ ရိုးရာအစဉ်အလာကို သိရှိထားတဲ့ အိုလ်မိုက "အရမ်းအန္တရာယ်ကြီးမားတဲ့ ခရိုအေးရှားကို မြင်ရမယ်လို့ မျှော်လင့်တယ်။ သူတို့က လွယ်ကူတဲ့ပွဲတစ်ခုကနေ လာကြတာ မဟုတ်ဘူး။ အထူးသဖြင့် သူတို့အိမ်ကွင်းပရိသတ်ရှေ့မှာဆိုတော့ ကျွန်တော်တို့အတွက် ပိုပြီးတော့ မလွယ်ကူပါဘူး"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်အား ၇-၀ ဂိုးဖြင့် ခရိုအေးရှားတို့ ရှုံးနိမ့်မှုအပေါ် အိုလ်မိုက "အရမ်းအရမ်း အံ့ဩသင့်ခဲ့ရတယ်။ ဒါပေမယ့် မနက်ဖြန်ကျရင် သူတို့ ဘယ်လို တုံ့ပြန်လာမလဲ မြင်ကြရမှာပါ။ သူတို့နဲ့ ပွဲပေါင်းများစွာ ကစားဖူးတယ်။ သူတို့ အရမ်းအရမ်းတောင့်တင်းပြီး ကစားသမားကောင်းတွေရှိတာလည်း သိပါတယ်။ ကျွန်တော်တို့အတွက် လွယ်ကူလာမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ပွဲအပေါ်မှာရော အာရုံစိုက်ရမယ်"လို့ ပြောကြားသွားပါတယ်။ | 183 |
| 8 | ကျားနာခဲခဲလာမည့် ခရိုအေးရှားမှာ အလွန်အန္တရာယ်များကြောင့် အိုလ်မိုသတိပေးလာ | 179 |
| 9 | အင်္ဂလန် - ချက်
အင်္ဂါနေ့ (ည ၁း၁၅ နာရီ)
Diamond Seven
အင်္ဂါနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ဥရောပနေရှင်းလိဂ်ပွဲစဉ်ဖြစ်တဲ့ အင်္ဂလန် - ချက် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ဟယ်ရီကိန်းနဲ့ ဆာကာတို့ ဦးဆောင်တဲ့ အင်္ဂလန်က လတ်တလောမှာတော့ အကောင်းဆုံးခြေစွမ်းရနေပြီး ဂိုးပြတ်နိုင်ပွဲတွေချည်း ရယူနိုင်ခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆို ခရိုအေးရှားကို ၀-၇ နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး အသင်းလိုက်ကစားအားနဲ့ ခြေစွမ်းက အပြစ်ပြောစရာမရှိခဲ့ပါဘူး။
ခံစစ်မှာလည်း ဂွီဟီနဲ့ အန်ဂိုယိုတို့ အတွဲညီပြီး ၂ပွဲဆက် clean sheet ရယူထားနိုင်ပါတယ်။
နေးရှင်းလိဂ် ပွဲတိုင်းရှုံးထားသလို ခြေစွမ်းပိုင်းမှာလည်း အုပ်စုတွင်း ၃သင်းကိုမယှဥ်နိုင်တဲ့ ချက်အနေအထားက အိမ်ဖြည့်အဆင့်ဖြစ်နေပါတယ်။
ကစားပုံနဲ့ ဖြတ်ထုတ်မှုတွေမှာလည်း ကြမ်းသလို ၂ပွဲဆက် အနီကတ်နဲ့အထုတ်ခံခဲ့ရတာတွေကလည်း ရလဒ်ဆိုးတာရဲ့ အဓိက အကြောင်းတစ်ရပ်ပါပဲ။
ဝင်ဘာလေကွင်းမှာကစားမယ့် အခု အိမ်ကွင်းပွဲမှာ အဂ်လန် ဘယ်နှစ်ဂိုးပြတ်အနိုင်ရမလဲပဲ ရေတွက်ရမှာပါ။ | 256 |
| 10 | بدون متن... | 235 |
| 11 | ==================
အာဆင်နယ်ဟာ Arsenal Advisory Board တွေ့ဆုံဆွေးနွေးပွဲတွင် အမ်းမရိတ်ကွင်းအား အဆင့်မြှင့်တည်ဆောက်ရေး အစီအစဉ်အား ဆွေးနွေးခဲ့ကြပါတယ်။
ကလပ်တာဝန်ရှိသူများဟာ အမ်းမရိတ်ကွင်းအား အကြီးစားစီမံကိန်းရေးဆွဲ တည်ဆောက်ရေးအား ခေတ္တဆိုင်းငံ့ထားကာ ပြီးခဲ့တဲ့ရာသီများအတွင်း ကွင်းကို အဆင့်မြှင့်တည်ဆောက်မှုများ ပြုလုပ်ခဲ့သကဲ့သို့ပင် ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် လက်မှတ်တောင်းဆိုမှု အလွန်မြင့်မားလာတဲ့အပြင် ပရိသတ် ၆၀၀၀၀ ဆန့် အမ်းမရိတ်ကွင်းရဲ့ ပရိသတ်ဆန့်ပမာဏက ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေမှုနှင့်အတူ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေပါတယ်။
ဒါပေမယ့် အမ်းမရိတ်ကွင်းအား အကြီးစားပြင်ဆင်တည်ဆောက်မှု ပြုလုပ်ပါက စရိတ်စက ကုန်ကျမှု မြင့်မားလာမယ့်အပြင် ကွင်းအား တည်ဆောက်နေစဉ်အတွင်း အိမ်ကွင်းအဖြစ် အခြားကွင်းကို ငှားရမ်း အသုံးပြုရပါမယ်။
ဒါကြောင့်လည်း Arsenal Advisory Board ဆွေးနွေးပွဲတွင် ဥက္ကဌဂျို့စ်ခရွန်ယန်ကီနှင့် စီအီးအိုရစ်ချက်ဂါလစ်ခ်တို့က ယခင်အတိုင်း ပွဲကြည့်စင်အား တိုးချဲ့ တည်ဆောက်မှု ပြုလုပ်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
အာဆင်နယ်ဟာ နွေရာသီတုန်းက Clock End တွင် Safe Standing ဧရိယာထည့်သွင်းခဲ့သလို လာမယ့်ရာသီတွင် North Blank ပွဲကြည့်စင်တွင် Safe Standing အား ၆၆၅၀ အထိ တိုးမြှင့်ရန် စီစဉ်ထားပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ ယခုရာသီမကုန်ဆုံးမီ ကွင်းအတွင်း ပရိသတ်များ 5G ကွန်ယက်အသုံးပြုနိုင်ရေး တွန်းအားပေးလုပ်ဆောင်နေပါတယ်။ | 236 |
| 12 | ပရီးမီးယားလိဂ်ပြိုင်ဘက်များလောက် ပရိသတ်ဝင်ဆန့်မှု မရှိလို့ အမ်းမရိတ်ကွင်းကို အဆင့်မြှင့်တည်ဆောက်လာမယ့် အာဆင်နယ် | 208 |
| 13 | *******
တနင်္လာည ဆွီဒင်ရဲ့နေးရှင်းလိဂ်ပွဲ
မှာလည်း ယောကရက်စ်ပဲ ဂိုးသွင်း
ပြန်ပြီး တစ်လုံးတည်းသောအနိုင်ဂိုး သွင်းပေးခဲ့တာပါ။
အာဆင်နယ်ကြယ်ပွင့်ဟာ ဒီနိုင်ငံ
တကာကြားဖြတ်က ဆွီဒင်ရဲ့ ၄ ပွဲ
စလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယောကရက်စ်ဟာ နေးရှင်းလိဂ်မှာ ၇ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာတာပါ။
ဒါပေမဲ့ ဆွီဒင်ကြယ်ပွင့်ဟာ အခု
ရာသီ အာဆင်နယ်အတွက် ကစား
ပေးခဲ့တဲ့ ၅ ပွဲစလုံးမှာတော့ ဂိုးပေါက် မတွေ့ခဲ့ပါဘူး။ | 254 |
| 14 | နေးရှင်းလိဂ်မှာ ၇ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသူ | 271 |
| 15 | ===================
ဘာစီလိုနာဂန္ထဝင်အင်ဒရေအင်နီယေစတာက ဘောလုံးကစားသမားဘဝထက် နည်းပြဘဝက တောင်းဆိုမှု ပိုများပြားပြီး စိတ်ဖိစီးမှု ပိုများကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
စပိန်နှင့်အတူ ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတို့ ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာဂန္ထဝင်ဟာ ဘောလုံးကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်နေသူလည်း ဖြစ်ပါတယ်။
အသက် ၄၂ နှစ်ရှိ အင်နီယေစတာဟာ ၂၀၂၆ ခုနှစ် ဇွန်လကတည်းက ဒူဘိုင်းအခြေစိုက် ဒုတိယတန်းကလပ် Gulf United FC ကို ကိုင်တွယ်ကာ နည်းပြဘဝပထမဆုံးခြေလှမ်းလှမ်းလာသူလည်း ဖြစ်ပါတယ်။
နည်းပြဘဝ တောင်းဆိုမှုမြင့်မားမှုနှင့်ပတ်သက်ပြီး အင်နီယေစတာက "ကစားသမားတုန်းကထက် ပိုစိတ်ဖိစီးတယ်။ ဘာလို့လဲဆိုတော့ အရာအားလုံးကို ထိန်းချုပ် မထားနိုင်လို့ပါ။ အချက်အလက်တွေ ပိုရရှိထားဖို့ လိုသလို ခေါင်းထဲမှာလည်း အများကြီး မှတ်သားထားရတယ်။ ဒါပေမယ့် ဒါက မိုက်တယ်။ နည်းပြအဖွဲ့ဝင်၊ ကစားသမားတွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ့ တောင်းဆိုမှုက အရမ်းကောင်းတဲ့ စိန်ခေါ်မှုပါ"လို့ ပြောကြားသွားပါတယ်။
အင်နီယေစတာဦးဆောင်တဲ့ Gulf United ဟာ ယူအေအီးပထမတန်းလိဂ်တွင် ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးအဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ | 252 |
| 16 | နည်းပြဘဝမှာ ကစားသမားဘဝထက် စိတ်ဖိစီးမှု ပိုများကြောင်း အင်နီယေစတာ ပြောကြားလာ | 232 |
| 17 | ====================
လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သူ့အတွက် နောက်ဆုံးနှုတ်ဆက်ပွဲ ဖန်တီးပြီး ငွေကြေးပိုင်း သပိတ်ဝင်အိတ်ဝင်ဖြစ်အောင် လုပ်ဆောင်မှုကြောင့် သဘောမတူချင်ဘဲ တူခဲ့ရကြောင်း သိရပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအတွက် ၂၀၈ ပွဲမြောက်အဖြစ် ဘရူနိုအေရိပ်စ်မှာ အကြီးကျယ်ဆုံး နိုင်ငံတကာကစားသမားများထဲမှ တစ်ဦးအဖြစ် နောက်ဆုံးပွဲ ကစားလာပါမယ်။
အာဂျင်တီးနားရဲ့သမိုင်းဝင်ပွဲအား ကစားရန် အာဖရိကအသင်း ဘီနန်က ကစားရန် သဘောတူညီထားပါတယ်။
ဒါပေမယ့် လီယွန်နယ်မက်ဆီနှင့် အာဂျင်တီးနားနည်းပြလီယွ့န်နယ်စကာလိုနီတို့က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ဇာတ်ညွန်းအပေါ် သဘောမကျ ဖြစ်နေပါတယ်။
အထူးသဖြင့် မက်ဆီဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က နောက်ဆုံးဂုဏ်ပြုပွဲအဖြစ် အသင်းငယ်လေး ဘီနန်နှင့် ရင်ဆိုင်ရန် ဖန်တီးပြီး အောင်မြင်ကျော်ကြားမှု ဂုဏ်အရှိန်အဝါအား အသုံးချကာ နောက်ဆုံးအကြိမ် သပိတ်ဝင်အိတ်ဝင်ဖြစ်အောင် လုပ်ဆောင်မှုအပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။
ကမ္ဘာ့အဆင့် ၉၃ နေရာတွင် ရပ်တည်နေတဲ့ ဘီနန်ဟာ မက်ဆီရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲတွင် ပါဝင်ကစားမှုအတွက် ငွေကြေးပိုင်းတစုံတရာ မရရှိပါဘူး။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီရဲ့ နောက်ဆုံးပွဲအား ငွေကြေးတစုံတရာပေးရန် မလိုတဲ့ အသင်းငယ်လေး ဘီနန်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ ဘီနန်နှင့်ပွဲတွင် ၂၀၈ ပွဲမြောက်အဖြစ် ပါဝင်ကစားပြီးက ခရစ္စတီယာနိုရော်နယ်ဒို၊ လူကာမိုဒရစ်တို့နောက် နိုင်ငံတကာပွဲ တတိယအများဆုံးပွဲကစားသူအဖြစ် အဆုံးသတ်လာဖို့ ရှိနေပါတယ်။ | 227 |
| 18 | နောက်ဆုံးနှုတ်ဆက်ပွဲအား အသုံးချကာ ငွေကြေးပိုင်း သပိတ်ဝင်အိတ်ဝင်ဖြစ်အောင် လုပ်ခဲ့တဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်အပေါ် မက်ဆီ စိတ်ပျက်နေ | 194 |
| 19 | =====================
လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားအသင်းအင်္ကျီကို နောက်ဆုံးအကြိမ်အဖြစ် ဝတ်ဆင်ပြီး လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတော့မှာ ဖြစ်ပါတယ်။
မက်ဆီရဲ့ နှုတ်ဆက်ပွဲကို ဘရူနိုအေရိပ်စ်ရှိ ပရိသတ် ၈၅၀၀၀ ဆန့် Monumental Stadium ကွင်းမှာ ကစားလာမှာ ဖြစ်ပြီး လက်မှတ်ဝယ်လိုအား ၅ ဆမြင့်မားပြီး လက်မှတ်အားလုံ ရောင်းချထားရပြီး ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ မက်ဆီဟာ ဩဂုတ်လနှောင်းပိုင်းတုန်းက ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအတွက် ၂၀၇ ပွဲကစားကာ ၁၂၅ ဂိုးသွင်းပြီး အာဂျင်တီးနားရဲ့ပွဲအများဆုံးကစားသမားထားသူ၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် နှုတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် Ballon d'Or ၈ ကြိမ်ရ မက်ဆီရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ကစားလာမယ့်အသင်းက အာဖရိကအသင်းငယ်လေး ဘီနန် ဖြစ်ပါတယ်။
ဘီနန်အသင်းဟာ မက်ဆီရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲအား ငွေကြေးပိုင်း တစုံတရာ မရရှိဘဲ ကစားလာရမှာလည်း ဖြစ်ပါတယ်။
ယင်းသို့ ငွေကြေးပိုင်း တစုံတရာ မရရှိမှုနှင့်အတူ ယခုပွဲအတွက် ဘီနန်အသင်းရဲ့ ပြင်ဆင်မှုကလည်း အပြုသဘောဆောင်မနေပါဘူး။
အာဖရိကမီဒီယာများရဲ့ ဖော်ပြမှုအရ ဘီနန်အသင်းဟာ တောင်အမေရိကနိုင်ငံ အာဂျင်တီးနားသို့ ရိုးရိုးတန်းလေယာဉ်ဖြင့် ၂၃ နာရီကြာ လေယာဉ်ခရီးစီးနင်းခဲ့ရကြောင်း သိရပါတယ်။
ယင်းသို့ ပင်ပန်းဆင်းရဲစွာ လေယာဉ်ခရီးနှင်ပြီးနောက် ဘရူနိုအေရိပ်စ်သို့ ရောက်ချိန်တွင်လည်း ဘီနန်အသင်းဟာ အဆင်မပြေမှုများစွာနှင့် ကြုံရပါတယ်။
ဘီနန်အသင်း တည်းခိုတဲ့ ဟိုတယ်တွင် ရေပူစနစ် မရရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ရိုးမားအသင်းကလည်း အာဂျင်တီးနားကစားသမား ၂ ဦးတို့အား မက်ဆီရဲ့ နောက်ဆုံးပွဲအား ကစားရန် စေလွှတ်ခြင်း မရှိပါဘူး။
စီးရီးအေထိပ်သီးဟာ နာဟူရယ်မိုလီနာနှင့် ပေါ်လိုဒိုင်ဘာလာတို့အား စေလွှတ်ရန် ငြင်းဆိုခဲ့တာပါ။
အီတလီကလပ်ဟာ တနင်္ဂနွေနေ့တွင် ကိုမိုနှင့် အရေးပါတဲ့ စီးရီးအေပွဲကစားရန် ရှိနေမှုနှင့်အတူ ကစားသမားများမှာ ရောမသို့ နောက်ကျပြီးမှ ရောက်လာနိုင်မှာ ဖြစ်လို့ စေလွှတ်ရန် ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ | 229 |
| 20 | မက်ဆီရဲ့ နောက်ဆုံးပွဲအတွက် ပြင်ဆင်ရာတွင် ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ ဘီနန်အသင်း | 242 |
