ကိုထင် (ခ) လင်းမြတ်
الذهاب إلى القناة على Telegram
4 143
المشتركون
-124 ساعات
-167 أيام
-6030 أيام
أرشيف المشاركات
4 143
အာရုံ
*
ကိုယ်တွေကတော့ ပြည်သူ့ကျိန်စာထိထားတဲ့ညီအစ်မနှစ်ယောက်ကို အာရုံမရဘူးရယ်၊ သွသူလည်း မြောင်းထဲဆင်းသွားပြီမဟုတ်လား။ ဘာလို့များ သွားပြီးစောက်ရောဝင်နေမတုန်းလေ။
တကယ်စိတ်ဝင်တစားနဲ့စောင့်ကြည့်နေမိတာကတော့ အမေရီကန်လေယာဉ်တင်သင်္ဘော US.S Abraham Lincoln အုပ်စုကိုပါဘဲ။ ပတ္တရားကိုလာမယ်ပြောတယ်။ ပတ္တရားကနေ ထာဝရမဧဠိုးရဲ့နေပြည်တော်ကို မိုင်-၅၆၀ ဘဲဝေးတယ်၊ F35 ပျံရင် မိနစ်လေးဆယ်သာကြာမတဲ့။ ကျားဖြန့်ကိစ္စတွေလည်း အကြီးအကျယ်ပွက်လောရိုက်နေချိန်နဲ့ CVN-72 ရောက်မယ့်အချိန် တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ CSG အုပ်တအုပ်ဟာ ထာဝရမဧဠိုးတို့အတွက် လုံလောက်တာထက်အဆရာထောင်ပိုပါတယ်လေ။ အဲ … ကန်အနေနဲ့လုပ်ချင်စိတ်ရှိရင်ပေါ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
ဆော်ကြမယ် - ပျော်ကြမယ်
**********************
ဟေ့ !!!
ငါက ဒြုန်းပါ၊ ပေါက်တတ်တယ်၊ ကွဲတတ်တယ်၊ သော်ရ်ကေစေပါတယ်။
နည်းနည်းလေးများ အဖက်လုပ်ပါအူးလား ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
ဓာတ်ပုံခရက်ဒစ် - Myanmar Pressphoto Agency
4 143
တောင်းဆိုပါကြောင်း …
******************
AB ကပံ့ပိုးနေတဲ့တပ်ဖွဲ့မှန်သမျှရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို AB အနေနဲ့ ဘယ်သောအခါကမှ ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ခဲ့ပါ။ အခုတော့ AB တဖွဲ့လုံးကတညီတညွတ်ထဲတောင်းဆိုစရာရှိလာပါပြီ။
အဲဒါကတော့
“ရန်သူနဲ့ရင်ဆိုင်တိုက်ပွဲမှာ ရန်သူ့ဘက်တော်သားမှန်ရင်
အရှော်ရကင် မလိုချင်” ဆိုတာပါဘဲဗျာ။
ဆန်စျေးကြီးတယ်၊ မတတ်နိုင်လို့ပါ။
အဖွဲ့တွေအနေနဲ့လည်း သဘောမျှလိမ့်မယ်လို့ယူဆမိပါတယ်လေ … ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma
4 143
ယုံကြည်မိသည်မှာ …
***************
တော်လှန်ရေးဆိုတာမျိုးဟာ
သွေးဆူစရာတွေဖွတင်ပေးလိုက်တဲ့အခါကျ တောက်တခေါက်ခေါက်နဲ့ကောက်ရိုးမီးလို ဟုန်းကနဲထတောက်လိုက်၊ ပြီးကျ နေမြဲ၊ စားမြဲ၊ စောက်ပျော်ကြူးမြဲ၊ ရန်သူလှည့်သမျှလိုက်ယောင်မြဲ၊ ညံ့မြဲ၊ ဖျင်းမြဲ သွားနေရတာမျိုးမဟုတ်ပါဘူး။
တော်လှန်ရေးဆိုတာမျိုးဟာ
ဖွဲမီးလိုမျိုး မငြိမ်းသောအဟုန်နဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်းမှာ ရန်သူ၊ ရန်သူ့အဝန်းအဝိုင်း နဲ့ ရန်သူ့ဘက်တော်သားတွေကိုမျက်ခြေမပြတ်ဒုက္ခပေး၊ ကိုယ့်ရဲ့ တော်လှန်ရေးအန္တိမရည်မှန်းချက်အပေါ် မှာလည်းတချက်ကလေးမှမယိမ်းယိုင်တဲ့ထောက်ကန်အားပေးမှုမျိုးပေးနေရတာမျိုးပါ။
စစ်အုပ်စုကို လူသန်း (၅၀) ကျော်က ဘာလို့များ အနှစ် (၆၀) ကျော်မဖြိုဖျက်နိုင်ကြသတုန်းဆိုရင် “သူ့လောက်မှစောက်သုံးမကျလို့ပေါ့”၊ ရှင်းရှင်းလေးရယ်။ ရန်သူဟာရန်သူလည်းပီသတယ်၊ သူ့ရန်သူကိုနှိပ်ကွပ်တဲ့နေရာမှာလည်း အင်မတန်ရက်စက်ကြမ်းကြုတ်ပြီး တစိုက်မတ်မတ်ရှိလှတယ်။ ဒါဟာ တော်လှန်ရေးဘက်တော်သားအားလုံးအတွက် သင်ယူ-လေ့ကျင့်-ကျွမ်းကျင်နေရမယ့် သင်ခန်းစာပါဘဲ။
ဒါနဲ့မေးပါရစေဦးဗျာ့ …
တောက်တခေါက်ခေါက်နဲ့သွေးဆူစရာတွေကြုံရတိုင်း “PRF” အပေါ်ထောက်ပံ့ငွေတွေ၊ တနိုင်ငံလုံးက PDF တပ်ဖွဲ့တွေအပေါ်ထောက်ပံ့မှုတွေတိုးလာသေးလား ???
တကိုယ်စာလေ့လာမှုအရတော့ ဘာမှသိပ်ပြီးထူးခြားမလာပါဘူးလေ။ ဒီလိုအဆင့်အတန်းမျိုးနဲ့ကတော့ မဟားဒယားကြီးကြီးမားမားတွေ မမျှော်သင့်ကြဘူးပေါ့ … ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
အချည််းနှီးများကိုအာရုံမရ
********************
ဘယ် သဘင်သည် ဘာဖြစ်တယ် တို့
ဘယ် ဖက်ခွက်စား ဘာလုပ်သွား တို့
ဘယ် လိုင်းပေါ်ဆယ်လီ ဘာပြောပြီ တို့
ဘယ် အဆိုသမား ဘာပြသွား တို့
ကိုယ်တွေကတော့ စိတ်မဝင်စားအား။ တော်လှန်ရေးကာလမှာ “New normal" ဖြစ်အောင်ကြံစည်ဆောင်ရွက်ပါဝင်ပူးပေါင်းသူမှန်သမျှ “အောက်တန်းစားစာရင်း” ထဲတန်းသွင်းပြီးသား။ နောင်အခါကျမှ Undercover မှာဘာတွေလုပ်ခဲ့ပါတယ်ထုတ်ပြောရင်တော့ တမျိုးစဉ်းစားမယ်ပေါ့လေ။ တော်လှန်ရေးအတွက်သုံးစားမရတဲ့ သက်ရှိ-သက်မဲ့-ဖြစ်ရပ် မှန်သမျှကို အကုန်လျစ်လျူရှုပါတယ်။
ဘာတွေကိုအာရုံစိုက်နေသတုန်းလို့မေးရင်
(၁) တပ်ပေါင်းစုရဲ့ CoC ရုပ်လုံးပေါ်လာနေတာ
(၂) AA က တောင်မော်ဦးရေတပ်စခန်းကို ဆော်နေတာ
(၃) မြစ်ဝကျွန်းပေါ်စစ်ရေး အားဆက်ကောင်းနေတာ
(၄) ကချင်ဒေသမှာ ဖက်ဆစ်တပ်တွေအထိနာနေတာ
(၅) ပဲခူးရိုးမ ရှေ့-နောက်မှာ PDF တွေဆက်သွားနေတာ
…
…
…
စသဖြင့် စသဖြင့် ပေါ့လေ။
အရပ်အနားမရှိဘဲ တစိုက်မတ်မတ်ဆက်သွားနေသော နွေဦးတော်လှန်ရေးရဲ့စစ်ရေးလက်တံတွေ၊ နိုင်ငံရေးလက်တံတွေ၊ သံတမန်ရေးလက်တံတွေ ပိုမိုအားကောင်းစေဖို့ကိုသာ ကိုယ်နိုင်ရာဝန်ကိုထမ်းနေမိပါတယ်။ နီးရာစပ်ရာနဲ့ မြန်မာပြည်ဖွါးအားလုံးကိုလည်း အဲသလိုမျိုး စွမ်းသမျှထမ်းကြဖို့ကိုသာတိုက်တွန်းပါရစေလေ … ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
၂၀၂၆ ဩဂက်ဇ် အထူး
*****************
ဒီလတော့ အပြင်ကလည်းဝယ်၊ ကိုယ်တိုင်လည်းပြင်၊ အဖွဲ့အတွင်းလည်းထုတ် အလုပ်သုံးမျိုးလုပ်နေပြီး တော်လှန်ရေးကိုအားဖြည့်နေတာကြာပြီဖြစ်သော “အမှတ် ၁၈၀၈ ဒြုန်းတပ်ဖွဲ့” ကို Activists Burma ကနေ “သိန်းတရာ” ရှာပေးမယ်လို့ ကတိပြုထားပါတယ်။ ကိုင်း AB ဝိုင်းတော်သားများ ရုန်းကြဦးစို့ရဲ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
ခြွင်းချက်မရှိ !!!
**********
အမေရီကန်ပြည်ထောင်စု နဲ့ အေဆီယမ်ဥက္ကဋ္ဌများက “ဒေါ်အောင်ဆန်းစုကြည်အားခြွင်းချက်မရှိလွှတ်ပေးရန်” တောင်းဆိုကြကြောင်း The Nation ကရေးသားတင်ပြထားပါတယ်။
အဆစ်တို-ထာဝရမဧဠိုးအတွက်ကတော့ “အေဆီယမ်ဟာရေမြွေ” လို့သာသဘောထားမှာပါ။ ကန်ကိုယ်စား နိုင်ငံခြားရေးဝန်မာကိုရူဘီယို ဒါမှမဟုတ် သမ္မတထရမ့်ပ်တို့က စကားတခွန်းနှစ်ခွန်းထုတ်ပြောလာခဲ့ရင်တော့ နည်းနည်းထူးခြားနိုင်မယ်။ ဒါတောင် အဆစ်တို-ထာဝရမဧဠိုးတကောင်ဟာ လူစကားနားမလည်တာမို့ လူလိုပြောရုံနဲ့လိုက်လုပ်မှာမဟုတ်ဘူး။ အသားနာမှအမှတ်ရှိမယ့်အတန်းအစားပါလေ။ ဒီအချက်ကို တောင်းဆိုသူတွေသိဖို့၊ သိတဲ့အတိုင်းကျင့်သုံးကြဖို့လိုတယ် ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
အားပေးကြ !!!!!
***********
အမေရီကန်ပြည်ထောင်စုအထက်လွှတ်တော်မှာ “နိုင်ငံတကာဆက်ဆံရေးကော်မတီ” ဆိုတာရှိတယ်။ Mr. Risch ဆိုတာကတော့ အဆိုပါကော်မတီရဲ့ဥက္ကဋ္ဌ ပါ။ သူပြောခဲ့တဲ့စကားရဲ့လိုရင်းက သိပ်ပြောင်မြောက်တယ်။
“စစ်အုပ်စုဟာ (ဒေါ်အောင်ဆန်းစုကြည်ကို) မိသားစုနဲ့တွေ့ခွင့်ပေးရမယ်၊ သူ့ကျန်းမာရေးအခြေအနေကိုထုတ်ပြန်ရမယ်၊ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ရမယ်” တဲ့။ ဘယ်လောက်အားရစရာကောင်းတုန်း။ အားရကြရင် ပြောပေးတဲ့သူကိုအားပေးရမှာပေါ့။
အောက်မှာပေးထားတဲ့လင့်ခ်ထဲကိုနှိပ်ပြီးဝင်၊ ပြီးရင် သူ့စကားကို “အသဲ (အသည်း)” ပေးခဲ့ကြ။ ကျေးဇူးတင်ပါတယ်ဗျာ့ ….. ။ ။
https://x.com/SenateForeign
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
အကြမ်းပတမ်းအဆက်ဆံခံရသူ၏ဒေါသ
**********************************
အေဆီယမ်ရဲ့ဘုံသဘောတူညီချက် (၅) ချက်ကြောင့် ထာဝရမဧဠိုးတကောင် မျောက်ငယ်ပါ-ငါးပိထိသလို ဖျပ်ဖျပ်လူးနေတော့တယ်။ ဒါနဲ့ဘဲ ရက် (၁၀၀) ကျဆုံးခန်းမှာ အဲဒီအကြောင်းတွေကိုထည့်ပြောတော့တာပါဘဲ။
ဘယ်လိုဘဲစကားတန်ဆာတွေဆင်ထားဆင်ထား သူတကယ်ပြောချင်တာက ဒီလို …
“အေဆီယမ်ကကျနော်တို့ကိုအခုလိုဆက်ဆံနေတာမျိုးကတော့ ကျနော်တို့အတွက်အဆင်မပြေဘူး၊ နာတယ် မခံနိုင်ဘူးပေါ့။ ကျနော်ဆို ဟိုးငယ်ငယ်တပ်ထဲမှာကတည်းက အထက်အရာရှိတွေနဲ့တသက်လုံးဆက်ဆံခဲ့ရတာ ခုလိုမနာကျင်ရပါဘူးဗျာ၊ ဆယ်ကျော်သက်ဘဝကတည်းကအထက်အရာရှိတွေနဲ့ဆက်ဆံကျင့်ရနေလို့ဖြစ်မလားတော့မသိဘူးဗျာ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုဆိုလည်း အင်မတန်ကြောက်ရွံ့ခဲ့ရပေမယ့် သူကျနော့ကိုဆက်ဆံပုံကညင်သာသိမ်မွေ့တယ်၊ သားသမီးတွေအများကြီးရှိထားတော့ ငယ်သားကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ ကျင်လည်တဲ့သဘောဘဲ။ နောက်ပြီးအမေရီကန်မှာထရမ့်ကြီးတက်လာတော့ သူ့ကို “ကြမ်းတမ်းတဲ့သမ္မတကြီးဘဲ” ဆိုပြီးကြောက်ရွံ့ခဲ့မိပေမယ့် သူတို့တဖွဲ့လုံးက ကျနော့ကိုရက်ရက်စက်စက်ကြီးမဆက်ဆံကြဘူး၊ ဟက်ဟက်ပက်ပက်တောင်မဆက်ဆံကြလို့ ကျနော့အနေနဲ့တခါတလေအားမလိုအားမရဖြစ်မိပါတယ်ဗျာ။ EU တိုင်းပြည်ခေါင်းဆောင်တွေဆို ကျနော့ကိုသူတို့အိမ်ခေါ်ပြီးတောင်မဆက်ဆံကြဘူး၊ ဒါကလည်းပြဿနာမဟုတ်ပါဘူး။ မဆက်ဆံချင်နေပေါ့၊ မဟုတ်ဘူးလား၊ ကိုယ်ကအဆက်ဆံခံချင်ပေမယ့် သူတို့ကိုယ်တိုင်က ဆက်ဆံလိုစိတ်ပေါ်မှအဆင်ပြေနိုင်မှာလေ။ စိနကသာကောနဲ့ကျတော့အဆင်ပိုပြေတယ်၊ ကျနော့ကိုဆက်ဆံနေလို့ဆက်ဆံနေမှန်းတောင်မသိအောင်ကို သူ့ဆက်ဆံပုံထဲစီးမြောသွားတော့တာ၊ “နှစ်-၅၀၀၀ ယဉ်ကျေးမှု”လို့သူတို့ပြောပြောနေတဲ့အတိုင်းပါဘဲ။ သမိုင်းစဉ်ဆက် ဆက်ဆံပုံအသားသေနေတဲ့သဘောပေါ့ဗျာ။ ကိုကြီးပူတင်းလည်း ကျနော့ကိုတခါသားကအတော်ကလေး ထဲထဲဝင်ဝင်ဆက်ဆံခဲ့ဖူးတယ်၊ နိုင်ငံကြီးတခုရဲ့ခေါင်းဆောင်ကိုယ်တိုင်ကမကထလုပ်ပြီး ကျနော်တို့တဖွဲ့လုံးကိုဝိုင်းဆက်ဆံကြတာဆိုတော့လည်း၊ ကျနော့သည်းခြေကြိုက်ပေါ့ဗျာ။ ကုန်ကုန်ပြောမယ်ဗျာ ဟိုဂမ်ဘီယာနီဂရိုးတွေက ကျနော့ကို ICC ပို့ခဲ့တာတောင် သူတို့ဆက်ဆံပုံကတထစ်ပြီးတထစ်သွားကြတာဆိုတော့ ကျနော်အသက်ကောင်းကောင်းရှူလို့ရတယ်၊ အေဆီယမ်လို ခံရခက်အောင်လူအုပ်အားကိုးပြီး ဝိုင်းမလုပ်ကြဘူး … “ တဲ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
ကျင်စံကြောင့်
**********
စိတ်ထဲကလိကလိဖြစ်လာလို့နည်းနည်းပြောပါဦးမယ်။ ဘာမှမပြောခင် ဖက်ဆစ်တပ်ဖက်က အင်မတန်ဂုဏ်ယူပြီးရေးတင်ဖူးတဲ့ဇာတ်လမ်းလေးတခုကို ကူးထားပေးပါတယ်၊ အရင်ဖတ်ကြည့်ပေးပါဗျာ့။
ဇာတ်လမ်း
ဗိုလ်ကျင်စံ (သို့မဟုတ် ဗိုလ်ကျင်စွမ်) ၏ အရပ်သားဟန်ဆောင် “ပြောက်ကျားစစ်ဗျူဟာ”သည် ၎င်းအား မြန်မာ့တပ်မတော် သမိုင်းတွင် လက်သံအပြောင်ဆုံး ကွန်မန်ဒိုခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်စေခဲ့သည့် အဓိကသော့ချက် ဖြစ်သည်။ ရန်သူက ထင်မှတ်မထားသော နည်းလမ်းမျိုးစုံကို အသုံးပြု၍ အရပ်သားများကြား စိမ့်ဝင်လှုပ်ရှားခဲ့သည့် ၎င်း၏ ဗျူဟာမြောက် လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ခြေညှပ်ဖိနပ်နှင့် တောင်သူဟန်ဆောင်မှု
ပုံဖျက်ခြင်း - ဗိုလ်ကျင်စံသည် စစ်မြေပြင်တွင် စစ်ဖိနပ်ကြီးများကို စီးလေ့မရှိဘဲ ခြေညှပ်ဖိနပ် (ကတ္တီပါ သို့မဟုတ် ရော်ဘာဖိနပ်) ကိုသာ စီးလေ့ရှိသည်။
ဗျူဟာ - ၎င်း၏ စစ်သည်များကိုလည်း အလားတူ စီးနင်းစေပြီး၊ တောလမ်းများတွင် စစ်တပ်၏ ဖိနပ်ရာများ မကျန်ရစ်စေဘဲ သာမန်ဒေသခံ တောင်သူများ သွားလာထားသည့် လမ်းကြောင်းအတိုင်း ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့သည်။
၂။ အဝတ်အစားနှင့် ဒေသခံစရိုက် တူညီအောင် နေထိုင်ခြင်း၊ စိမ့်ဝင်ခြင်း - စစ်ဝတ်စုံအပြည့်အစုံ ဝတ်ဆင်မည့်အစား ဒေသခံတိုင်းရင်းသားများ၏ လုံချည် သို့မဟုတ် ဘောင်းဘီတို များ ဝတ်ဆင်ကာ ရွာသားများကဲ့သို့ သွားလာလှုပ်ရှားသည်။ ရလဒ် - ရန်သူ့သူလျှိုများနှင့် ကင်းထောက်များအနေဖြင့် သာမန်အရပ်သားနှင့် ဗိုလ်ကျင်စံ၏ ကွန်မန်ဒိုတပ်ဖွဲ့ကို ခွဲခြားရခက်ခဲစေပြီး၊ ရုတ်တရက် အနီးကပ် ခြုံခိုတိုက်ခိုက်ခြင်း (Ambush) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
၃။ ဘာသာစကားနှင့် ယဉ်ကျေးမှု အရည်ဖျော်ခြင်း
နည်းဗျူဟာ - ၎င်းကိုယ်တိုင်နှင့် ၎င်း၏ တပ်ဖွဲ့ဝင်များကို ကရင်နှင့် ပအိုဝ်းဘာသာစကားများ အပါအဝင် ဒေသန္တရစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် လေ့ကျင့်ပေးခဲ့သည်။ အားသာချက် - ဒေသခံရွာသားများအသွင် ဟန်ဆောင်ကာ ရန်သူ့နယ်မြေအတွင်း လွတ်လပ်စွာ သတင်းစုံစမ်းနိုင်ခဲ့ပြီး၊ ရန်သူက တပ်မတော်စစ်ကြောင်း ရောက်နေမှန်း မသိရှိစေရန် အသံတိတ် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်ခဲ့သည်။
၄။ ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်ခြင်း
လုပ်ဆောင်ချက် - အရပ်သား လှည်းသမား၊ ကုန်သည်များအသွင် ဖန်တီး၍ ရန်သူ့စခန်းများအနီးအထိ ချဉ်းကပ်ကာ သတင်းရယူခြင်းနှင့် ရန်သူ့ထောက်ပို့လမ်းကြောင်းများကို ကြားဖြတ်စီးနင်းခြင်းများ ပြုလုပ်ခဲ့သည်။
တရက်သားက
ပျူတကောင်ကိုတော်လှန်ရေးရဲဘော်က အရပ်သားအယောင်ဆောင်ပြီး “ကွမ်းစားမလား” မေး၊ နေရာမှာတင်ဖျောင်လိုက်တဲ့သတင်းနဲ့ဗီဒျိုအပေါ် ဖက်ဆစ်တပ်နဲ့ ထာဝရမဧဠိုးရဲ့ဂိုဏ်းဝင်တွေ လောင်နေလိုက်တာများမြင်မကောင်းဘူး။ ဖျပ်ဖျပ်လူးနေပုံက ဗမာဆိုရိုးတခုဖြစ်တဲ့ “မျောက်ဠီးသမန်းရှ” ဆိုတာအတိုင်းဘဲ။ တကယ့်ကိုရိုးသားဖြူစင်တဲ့တိုင်းရင်းသားတွေကိုမင်းတို့လုပ်ခဲ့တုန်းက ကျေနပ်ခဲ့ကြတယ်မဟုတ်လား။ အခုတော့ ကျင်စံ့နည်းနဲ့ မင်းတို့ဖျင်ခံရမယ့်အလှည့်ဘဲ။ ဖက်ဆစ်တပ်အတွက်တော့ ခြေလှမ်းလိုက်တိုင်းရှေ့တန်းပါဘဲ။ စစ်တိုက်တယ်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်းကျင့်နေတာမှမဟုတ်တာ။ ပြည်သူလူထုကိုခင်းတဲ့စစ် ဒီတသက်မနိုင်စေရဘူး။ ဆိတ်လစိတွေ၊ အောက်တန်းစားတွေ၊ စောက်ပေါတွေ၊ အချောင်သမားတွေ၊ ဘောမတွေကြောင့်တော့ ကာလတခုစာ အသက်ရှူချောင်ချင်ချောင်လိမ့်မပေါ့….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
တွေးစရာ …
*******
စားအုံးဆီတင်မှမဟုတ်ပါဘူး၊ ဘယ်ဆီမဆို ခံတွင်းကတဆင့်သုံးဆောင်ခံစားရတာမျိုးပါ။ ဒါနဲ့တင် “ပုံမှန်မဟုတ်သည့်နည်းလမ်း” ဆိုတော့ အခြားဘယ်ဒွါရပေါက်ကနေတဆင့်ထည့်သွင်းတာပါလိမ့်လို့ တွေးမိလာတယ်။ တကယ်တော့ ဗမာစစ်တပ်ဟာ ယုတ်မာခြင်း အောက်တန်းကျခြင်းတွေမှာ အမြဲ Pioneer မို့ ဒီလို “ပုံမှန်မဟုတ်သည့်နည်းလမ်း” ဆိုတာကိုလည်း သူတို့ရှာဖွေဖြတ်သန်းထားတာနေမယ်။ အထူးသဖြင့် ရှီကျင့်ဖျင် တို့ ပူတင် တို့နဲ့အတွေ့ ဂျပုတကောင် “ပုံမှန်မဟုတ်တဲ့နည်းလမ်း” နဲ့ စားအုံးဆီကိုအသုံးပြုခဲ့ပုံဘဲ။
ဒါကြောင့် အသည်းအသန်လိုက်တားတာဖြစ်မယ် … ။ ။
တွေးနေမိတဲ့
ကိုထင် (ခ) လင်းမြတ်
4 143
ပစ္စန္တရာဇ် (သို့) ပဥ္စမမြောက်အပါယ်ဘုံ
*******************************
(ဝန်ခံချက် ။ ။ ကျနော်ဟာနိုင်ငံရေးသမားလည်းမဟုတ်၊ စစ်တပ်ထောက်ခံသူလည်းမဟုတ်ပါ။ ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ ဖြတ်သန်းထားတဲ့ နိုင်ငံတကာအတွေ့အကြုံတွေအရ ကိုယ်မွေးခဲ့တဲ့နိုင်ငံ့ကောင်းကျိုးကိုသာရှေးရှုရေးသားပါတယ်။ ဒီအတွက် ရေးတဲ့သားတဲ့နေရာမှာ ဘယ်သူ့ကိုမှမြှောက်ပင့်ရေးသားမှာလည်းမဟုတ်သလို၊ ဘယ်မျက်နှာတခုခုကိုမှလည်းထောက်ထားလိမ့်မှာမဟုတ်ကြောင်း တင်ကူးအသိပေးထားရပါတယ်။)
အဲဒီမြေပေါ်မှာပေါ့
“ငတ်သေတဲ့မသာမရှိဘူး …” တဲ့
ဟော … အာဟာရချို့တဲ့ပြီး ဆိုက္ကားဆရာတယောက် ရန်ကုန်မြို့လည်ခေါင်မှာတိမ်းပါးပါရောလား၊ သမုဒ္ဒရာရေတွေငံမှန်း တဇွန်းသောက်ရုံနဲ့သိနိုင်ပါသတဲ့။ တကယ်က “ငတ်ခြင်း” ဆိုတာဖြစ်မလာရအောင်ကို အစကတည်းကကာကွယ်ခဲ့ကြရမှာမဟုတ်လား။ လိမ်ကောင်းကောင်းနဲ့လိမ်ခဲ့ကြတာ အခုတော့အရှိန်တွေလွန်လို့ … ။
အဲဒီမြေပေါ်မှာပေါ့
“ဓမ္မကအမြဲအနိုင်ရတယ် …” တဲ့
ဟော … အနှစ် (၇၀) နီးပါး အဓမ္မဝါဒကြီးထွန်းကားခဲ့ပါရောလား၊ မစင်ဟာဘယ်လိုအရသာရှိမှန်း အမတ်ဦးပေါ်ဦးတယောက် ခပ်မမြည်းဘဲနဲ့သိနိုင်ခဲ့သတဲ့။ တကယ်က “အ-ဓမ္မ” ဆိုတာဖြစ်မလာရအောင်ကို အစကတည်း ကာကွယ်ခဲ့ကြရမှာမဟုတ်လား။ မြောလို့ကောင်းကောင်းနဲ့မြောလိုက်ခဲ့ကြတာ အခုတော့ရေစုန်တွေမြောလို့ … ။
အဲဒီမြေပေါ်မှာပေါ့
“ဒီတိုင်းပြည်မှာလူဖြစ်ရတာကံကောင်းတယ် …” တဲ့
ဟော … ရေကြီးလည်းသူများထက်ပိုသေ၊ မုန်တိုင်းဝင်လည်းသူများထက်ပိုသေ၊ ကန်ဆာမျိုးစုံကြောင့်လည်းသူများထက်ပိုသေ၊ ငလျင်ကြောင့်လည်းသူများထက်ပိုသေ၊ ဗုံးအကြဲခံရလို့လည်းသူများထက်ပိုသေ၊ အဓမ္မစစ်မှုထမ်းဆင့်အခေါ်ခံရလို့လည်း သူများထက်ပိုသေ၊ “Seeing is believing” ဟာ ဘာသက်သေပြချက်မှထပ်မလိုအောင်သိနိုင်သွားခဲ့သတဲ့။ တကယ်က “ကံဆိုတာအလုပ်” မှန်းနားလည်အောင်သင်ပေးခဲ့ကြရမှာမဟုတ်လား။ ဂျင်းထည့်လို့ကောင်းကောင်းနဲ့ ကဏ္ဍပေါင်းစုံကနေဂျင်းထည့်ခဲ့လိုက်ကြတာများ အခုဆို ပဥ္မမြောက်အပါယ်ဘုံအဖြစ်ကိုတောင်ဦးတည်နေခဲ့ပြီ။
“ဓမ္မတွေရှိတယ်” လို့ကြွေးကြော်နေရင်းက
တရားမဲ့ခြင်းတွေပြည့်ချင်တိုင်းပြည့်နေတဲ့တိုင်းပြည် …
“ဇာတိမာန်” တွေပြနေရင်းက
အလုပ်ကြမ်းသမားတွေတင်ပို့နေရတဲ့တိုင်းပြည် …
“မင်းကျင့်တရား” အကြောင်းတွင်တွင်ပြောရင်း
သူပုန်ကနိုင်ငံ့အာဏာယူထားတဲ့တိုင်းပြည် …
ပျော်ကြပါ ပျော်ကြပါ၊ စင်တင်ဂီတသံတွေကြားပျော်ကြပါ၊ သဘင်သံတွေကြားပျော်ကြပါ၊ ရုပ်ရှင်တီးလုံးသံတွေကြားပျော်ကြပါ၊ ကိုယ့်ကိုဆင်းရဲနိမ့်ကျစေသူတွေရဲ့လက်စွမ်းပြသံတွေကြားပျော်ကြပါ။ တခုပါဘဲ၊ အပျော်များရင်တော့ အပျက်ဖြစ်တတ်သတဲ့။ အခုက ပျက်ရုံမကလို့ အဖတ်တောင်ဆည်လို့ရပါတော့မလားဘဲ။
လုပ်ကြပေါ့လေ၊ “နိုင်ငံတနိုင်ငံကိုပိုင်ဆိုင်တာဟာ နိုင်ငံသားတွေ” ဆိုမှတော့ ဆိုင်ရာနိုင်ငံဟာ နိုင်ငံသားအများစုပုံဖော်သလိုသာရုပ်ထွက်တော့မပေါ့။ အာဇာနည်တွေသေပေးရကျိုးနပ်အောင်မရုန်းကြလို့ကတော့ တန်ရာရတဲ့ဘဝကိုကျေနပ်ကြပေတော့။ ပျော်ကြတယ်မဟုတ်လား၊ ခံနိုင်ရည်တော့ရှိရမှာပေါ့။
ဟုတ်ဝူးလား ?????
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
အေဆီယံနိုင်ငံခြားရေးဝန်များတွေ့ဆုံ
******************************
လွန်ခဲ့တဲ့တနာရီလောက်က စင်္ဂပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က အေဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကနေ “အေဆီယမ်ဘုံသဘောတူညီချက် ငါးခုကိုထပ်လောင်းအတည်ပြုကြောင်း” ထုတ်ပြန်သွားခဲ့ပါတယ်။ အဲဒီအထဲမှာ “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရမတရားဖမ်းဆီးထားသူအားလုံးလွှတ်ဖို့” ကိုပါ Highlight လုပ်ပြောဆိုသွားခဲ့ပါတယ်။
ရွေးတုလုပ်၊ သမ္မတုတက်၊ လွှတ်တုခေါ်ပြီး ဘာတွေဘဲအာချောင်နေ အာချောင်နေ၊ အေဆီယံဟာ သူ့သဘောထားကိုပြတ်ပြတ်သားသားပြလိုက်ခြင်းဖြစ်ပါတယ်။ သမ္မတုနဲ့လွှတ်တုအနေနဲ့လည်း မကျေနပ်ရင် အေဆီယံကထွက်ဖို့တိုက်တွန်းပါတယ်။ အေဆီယံရှိနေလို့ ကမ္ဘာမှာအတိုင်းအတာတရပ်အထိအကာအကွယ်ရနေတာပါ။ ကြေးမုံဦးသောင်းဆိုခဲ့သလိုပါဘဲ “အေဆီယမ်ထဲဗမာပြည်ရောက်သွားခြင်းဟာ ချီးထုပ်ကြီးပစ်ထည့်လိုက်သလိုမျိုး” ဖြစ်တာမို့ အဖွဲ့ထဲကထွက်မယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုကြလိမ့်မှာဖြစ်ပါကြောင်း မှတ်ချက်ပေးလိုက်ရပါတယ် ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 143
ကနေ့ကမ္ဘာ
*******
“တနေ့မှာ ဓမ္မ (သို့) တရားမျှတမှုကအနိုင်ရတယ် !!!”
(စောက်ပေါဝါဒ သို့တည်းမဟုတ် ဂျင်း)
“အင်အားကသာ အရာရာကိုအဖြေပေးတယ် !!!”
(တလောကလုံးကဏ္ဍစုံမှာတွေ့နေရတဲ့ ပကတိအရှိတရား)
မှတ်ချက် ။ ။ ပြိုင်ငြင်းလိမ့်မည်မဟုတ်၊ ပျင်းလို့ ရော အချိန်မပေးနိုင်လို့ရော တကယ့်အရှိတရားကို အဖန်ဖန်အထပ်ထပ်ပေါ်တင်ကြီးမြင်နေရလို့ရော … ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
