cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Tamwe Nway Oo Channel

တာမွေမြို့နယ်အတွင်း အာဏာရူးခွေးသူခိုးများအား ဆန့်ကျင်တိုက်ထုတ်နိုင်ရန် မြေပြင် သတင်းမှန်များ စိစစ်သေချာနိုင်ရန် ခွေးမသား လမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများအကြောင်း သတင်းပေးပို့နိုင်ပါသည်။ @TM_Informer

نمایش بیشتر
پست‌های تبلیغاتی
5 760
مشترکین
-324 ساعت
-47 روز
-3930 روز
توزیع زمان ارسال

در حال بارگیری داده...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
تجزیه و تحلیل انتشار
پست هابازدید ها
به اشتراک گذاشته شده
ديناميک بازديد ها
01
ရန်ကုန်မြို့ပြ စစ်ဆင်ရေးခြေလှမ်း စတင်လိုက်သည့် RUC စစ်ကြောင်း https://www.facebook.com/61559050215390/posts/pfbid0eF6z3irwCeAeEdFGN51bWi7wqyP6JHQr1m8Wez8g2rEX3XRc33CapkSR9Eagjrhpl/?app=fbl #RUC #RangoonUGColumn
5146Loading...
02
ဆိုင်ကလုန်းမုန်တိုင်း REMAL အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း မိုးလေဝသဌာနများမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါသည်။ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ ဝင်ရောက်လျှက်ရှိသည့်အခြေအနေ မေလ ၂၈ ရက် နံနက်၊ ၄ နာရီ ၅၂ မိနစ်မှ ၁၀ နာရီ ၅၂ မိနစ်အထိ တွေ့မြင်ရသည့် ဂြိုဟ်တုပုံများရွေ့လျားသည့်အနေအထားအရ - မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများသို့ရွေ့လျားဝင်ရောက်လျှက်ရှိကြောင်းတွေ့ရပါမည်။ မုတ်သုံတိမ်တိုက်များဝင်ရောက်သည့်အခြေအနေ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အနောက်တောင်မုတ်သုံလေဝင်ရောက်လျှက်ရှိပြီး ဘင်္ဂလားပင်လယ်အော်ဘက်မှ တိမ်တိုက်များဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပါသည်။ MMWeather Website Weather Widgets' Page ပြည်နယ်တိုင်းမြို့များ၏ နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများကို ဤစာမျက်နှာမှတဆင့် ကြည့်ရှုပေးပါရန်။ https://www.mmweather.org/divisional-cities-weather
4570Loading...
03
🚨 တာမွေ  🚨     ယခုစစ်ခွေး sc 1 စိးခွေး 6 ကောင်ပါ ဗဟန်းရွေဂုံတိုင်မီးပွိုင့်ကနေလမ်းမကြီးအတိုင်းတာမွေအဝိုင်းထိပ် ဦးတည်။ 9နာရီ21 @TM_Informer @angeltminformer
8353Loading...
04
တာမွေ * တာမွေဗလီထိပ်ခွေးဘန်ကာပေါ်ထပ်မှာ ခါတိုင်းထက်ခွေးအင်အားပိုများတာတွေ့ရ (ခွေး ၄ ကောင်တွေ့ရ) သေနတ်ပြောင်းကို အပြင်ထုတ်ထားပြီးတာမွေပလာဇာဘက်ချိန်ထား * 8:15 AM (Delayed) 📬 @Inform_RSN
4670Loading...
05
Media files
4131Loading...
06
သတင်းထုတ်ပြန်ချက် ယမန်နေ့ ၂၇.၅.၂၀၂၄ တွင် ကျွန်တော်တို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်း၊ မြို့နယ်စည်ပင်သာယာရေးရုံးကို ည(၇)နာရီ (၂၃) မိနစ်တွင် အဝေးထိန်းဖြင့် တစ်ကြိမ်၊ ပေါက်ကွဲမှုဖြစ်ရာသို့ ရောက်ရှိလာသော စစ်ခွေးများကို ည(၇)နာရီ (၄၇)မိနစ်တွင် အဝေးထိန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့သည်။။ တိုက်ခိုက်မှု အောင်မြင်ပြီး မြေပြင်ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။။ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်သည်။ လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးရုံးသည် စစ်ကောင်စီအမိန့်နာခံကာ လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျွန်းကြီးကျေးရွာရှိ မိဘပြည်သူ့များ၏ အိုးအိမ်များကို မတရားသဖြင့် အနိုင်ကျင့်ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် ပါဝင်သော စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများကို လက်နက်အားကိုး၊ ပထွေးအားကိုးဖြင့် အကြမ်းဖက် အနိုင်ကျင့်နေသော လှိုင်သာယာမှ လူမိုက်များ အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ်များကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်သည်။ #darkshadow
4133Loading...
07
တောင်ညွန့်မီးရထားရပ်ကွက် တောင်ညွန့်မီးရထားရပ်ကွက်ထဲ စစ်မှုထမ်းအတွက် လူ ၆ ယောက်တောင်းတယ် သိရပြီး ယနေ့ ေမလ ၂၇ ရက်နေ့၌ ရပ်ကွက်ထဲ စာရင်းပါသူများကို လာခေါ်သွားတယ်ဟု သတင်းရရှိသည်။ @MGTN_Scout_News ⚜
4823Loading...
08
ရန်ကုန်မှတ်တမ်း (မေ ၂၂ - ၂၆၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၅ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း အာမီရမ်စက်ရုံရှိ ကင်းစခန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ်၊ ပကဖ တပ်ဖွဲ့ ၂ မှ သတင်းထုတ်ပြန်ထားသည်။ မေလ ၂၅ ရက်နေ့တွင်ပင် "သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း" စာသားပါဘန်နာကို ရွှေပြည်သာမြို့နယ် ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီနှင့် NGYSC တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲလှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့တစ်နေရာ၌ ရွှေပြည်သာ သပိတ်ကော်မတီ၊ AJAY နှင့် တော်လှန်လူငယ်တို့ ပူးပေါင်း၍ လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုအခြေအနေ၊ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း အစရှိသည့် ကြွေးကြော်သံများကို မီးတုတ်များကိုင်၍ ဟစ်ကြွေး လှုပ်ရှားခဲ့ကြသည်။ ဗကသများအဖွဲ့ချုပ်ကလည်း အဆိုပါနေ့တွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ KMD18, MDF, Owl Community နှင့် လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) တို့ကလည်း အဆိုပါနေ့တွင်ပင် "တော်လှန်ကဆုန် စစ်တပ်ကုန်"၊ "တော်လှန်ရေးရဲဘော်အပေါင်း ဘေးကင်းပါစေ ဆုမွန်တောင်း" စသည့် ကြွေးကြော်ဆုတောင်းစာများဖြင့် ရန်ကုန်မြို့ ဘုရားတစ်ဆူတွင် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ သံလမ်းမှတ်တိုင်အနီးတွင် ဘန်နာတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့၍ဟုဆိုကာ အကြမ်းဖက်တပ်သားများမှ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ဖမ်းဆီးသွားကြောင်းလည်း သိရှိရသည်။ မေလ ၂၅ ရက်နေ့က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် ရဲများမှ အင်အားအများအပြားဖြင့် ဖျက်ဆီးခဲ့ပြီး ဉာဏ်တော် ၂၄ ပေရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ကိုပါ ဘူဒူဇာများဖြင့် ထိုးချဖယ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၃ ရက်နေ့ မနက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့ကြသေးကြောင်း သိရသည်။ စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေအတွင်း တစ်သီးပုဂ္ဂလအခွင့်အရေးများကို ဆိုးဆိုးရွားရွားချိုးဖောက်မှုများတွင် ပါဝင်ကူညီနေခြင်းက “လက်ခံနိုင်ဖွယ်မရှိသောအန္တရာယ်” ဟုဆိုကာ Adani Ports and SEZ Ltd က စစ်ကောင်စီလက်အောက်ခံ MEC နှင့်အတူ လုပ်ကိုင်နေသော အလုံဆိပ်ကမ်းသစ်တည်ဆောက်ရေးအတွင်းမှ ရင်းနီးမြှပ်နှံမှုများ ပြန်လည်ထုတ်ယူလိုက်သည်ဟု နော်ဝေနိုင်ငံ Norges Bank က မေလ ၁၅ ရက်နေ့တွင် အသိပေးကြေညာလိုက်ကြောင်း သိရှိရသည်။ ယခုရက်ပိုင်း တောက်လျှောက်လည်း လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးဝန်း၌ Minibus ကားများ အဝင်အထွက်များနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ ဖွင့်လှစ်သည့် တန်းမြှင့်လေကြောင်းလူငယ်သင်တန်းမှ သင်တန်းသားများလည်း စစ်ကြောရေးဝန်းသို့ ရောက်ရှိနေခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့ လေ့လာရေးခရီးအဖြစ် လည်ပတ်နေခဲ့ကြသည်။ စစ်မှုထမ်း တတိယအသုတ်အတွက် လူစုဆောင်းမှုများကို မဲနှိုက်၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ၊ ပိုက်ဆံတောင်း လူစားထိုး၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် ဖိအားပေးလုပ်နေကြသည်ကိုလည်း သတင်းရရှိသည်။ #rangoonscoutnetwork
5322Loading...
09
Media files
5352Loading...
10
ရန်ကုန်တွင် "တရားတဲ့သူသာ နိုင်ကြေးဟေ့" စစ်အာဏရှင်ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေကို မီးရှို့နေစဉ် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၊ တော်လှန်ရေးလူငယ်များ အထိအခိုက်မရှိ လွတ် မြောက် ရန်ကုန်၊ မေ ၂၇ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး "တရားတဲ့သူသာ နိုင်ကြေးဟေ့" သပိတ်ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှိုနေ့စဉ် စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။ မေလ ၂၆ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး Shinobi အဖွဲ့သားများက အကြမ်းဖက်စစ်ကောင်စီကို “ဥယျာဉ်မှူးစစ်ဆင်ရေးအနေဖြင့် လှိုင်မြို့နယ်တစ်နေရာ၌ “တရားတဲ့သူသာနိုင်ကြေးဟေ့” ဆိုသည့်စာသားဖြင့်သပိတ်ပိုစတာ စာသားချိတ်ဆွဲခဲ့ကြောင်း၊ ယင်းနောက် ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးတင်ရှို့နေစဉ်အတွင်း အနီးအနားရှိ သတင်းပေးဒလန်၏တိုင်ကြားမှုကြောင့် အကြမ်း ဖက်စစ်အုပ်စုရောက်လာပြီး ‌သေနတ်ဖြင့် ၃ ချက်တိတိပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Shinobi အဖွဲ့သားများမှာတစ်ဦး တစ်ယောက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
4991Loading...
11
DAILY HIGHLIGHTS (26 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဖူ့ချီမူစခန်း သိမ်းလိုက်၍ မြို့နယ်လေးခုနှင့်ထိုင်း ဆက်စပ်နေသည့် နယ်စပ်ဒေသအား အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ဟု SOF ပြော – PS ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ Y12 ဗုံးကြဲလေယာဉ်ကို KIA ပစ်ချနိုင်ဟု​ဒေသခံနှင့် သတင်းရင်းမြစ်အချို့ပြော – PS ရပ်စောက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကြောင့် SSPP တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိဟု SSPP က ပြော – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကို စိုးရိမ်ကြောင်း တူရကီက ထုတ်ဖော်ပြော – AT 📰 စီးပွားရေးထူးခြားသတင်းများ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက် – KT 📰 အခြားထူးခြားသတင်းများ ထိုင်းနိုင်ငံ ချင်းမိုင်နှင့်ချင်းရိုင်ရှိ မြန်မာများ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးတွင် နိုင်ငံကူး လက်မှတ်ကိစ္စဆောင်ရွက်နိုင်မည်ဟု စစ်ကောင်စီပြော – AT BECA ရလဒ်များ ပြန်လည်စစ်ဆေးရန် ငွေသွင်းရမည့်အစီအစဉ်ကို NUGမှ ရပ်ဆိုင်း – MZM စစ်ကောင်စီက အကျဉ်းထောင်အသစ်များ တိုးချဲ့ဆောက်လုပ် – MZM လှိုင်သာယာအနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှု မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ နှုတ်ဆိတ်နေကြ – KT #rangoonscoutnetwork
4860Loading...
12
🚨 တာမွေ  🚨    (Delayed) ယခုတာမွေဗလီထိပ်ခွေးအပေါ်ထပ်ခွေး 2 ကောင်ရှိ၊ တကောင်ကထောင့်ကနေတာမွေဈေးဘက်ကြည့်၊ တကောင်က Orange နဲ့ရုပ်ရှင်ရုံဟောင်းဘက်ခွေးကြည့် ကြည့်နေ၊ 9နာရီ TRM04 @TM_Informer @angeltminformer
9261Loading...
13
Media files
7441Loading...
14
ရန်ကုန်၌ စစ်သားများ ကင်းပိုလှည့်လာပြီး ရဲစခန်းအချို့ လုံခြုံရေးစည်း နောက်တစ်ထပ် တိုးချလာ 26 May 2024 By MPA CJ 009 ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၌ စစ်ကောင်စီ စစ်သားများ ပိုမိုကင်းလှည့်လာပြီး ရဲစခန်းအချို့တွင်လည်း လုံခြုံရေးစည်းအား နောက်ထစ်ထပ် ထပ်တိုးချလာသည်ကို တွေ့ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ စချိန်ကတည်းက စစ်အင်အားလျော့နည်းနေသည့် စစ်ကောင်စီက ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကင်းလှည့်မှု ပိုများလာခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။ " လမ်းထဲထိ ကင်းလှည့်တာတွေ မရှိတာ တော်တော်ကြာပြီ၊ အခုရက်ပိုင်း ပြန်လုပ်လာတယ်" ဟု သာကေတမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။ ထို့ပြင် ရဲစခန်းအချို့တွင် လုံခြုံရေး တားမြစ်ဧရိယာအား ထပ်တိုးလာခဲ့ပြီး လုံခြုံရေး ပိုချလာပြီး ရဲစခန်းရှေ့ထိ မှတ်တိုင်များကိုလည်း အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းခြင်းများလည်းရှိနေသည်ကို တွေ့ရသည်။ " သုဝဏ္ဏစခန်းရှေ့က မှတ်တိုင်ပါ ရွှေ့လိုက်ပြီး အပြင်လူ ပေးမ၀င်တော့ဘူး။ အဲ့ဒီနေရာကို ဘန်ကာလည်း ထပ်တိုးဆောက်ထားတာတွေ့တယ်" ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။ ယခင်လများက ရဲသို့မဟုတ် စစ်သား တစ်ဦးစီသာ စောင့်တော့သည့် ဘန်ကာများတွင်လည်း နှစ်ယောက် သို့မဟုတ် သုံးယောက် စောင့်သည်များ ပြန်ရှိလာသည်ကိုလည်း တွေ့ရသည်။ စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီ စစ်ရေး အထိနာနေခဲ့ရာ ၁၀၂၇ စစ်ဆင်ရေး ကာလ စကတည်းက ရန်ကုန်မြို့၌ လုံခြုံရေးအင်အား လျှော့ချထားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ Photo - MPA (ပုံစာ - ရန်ကုန်မြို့လယ်ခေါင် တစ်နေရာအားတွေ့ရစဉ်) စာတည်း - ကိုဆန်း #ရန်ကုန် #စစ်ကောင်စီ #ရဲစခန်း #လုံခြုံရေး #MPA #CJ009
7282Loading...
15
🚨 တာမွေ  🚨  ကျောက်မြောင်း ⚠️ ရှောင်တခင် ဧည့်စစ်ရှိနိုင်ပါ၍ မြိုနယ် ပြည်သူ/သားများ ခွေးဆွဲ ခွေးကိုက်ခံရခြင်ရန်ဘေးမှ သတိထား ရှောင်ရှားနိုင်ရန် အသိပေးပါသည်ခင်ဗျာ။ @TM_Informer @angeltminformer
2 4237Loading...
16
အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းသတင်း မေ ၂၆၊ နေ့လယ် ၂ နာရီ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း REMAL ဟာ မြောက်ယွန်းယွန်းကို ရွေ့လျားနေပြီး ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ ‌ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ အနောက် အနောက်တောင်ဘက် ၂၀၇ မိုင်ခန့်အကွာ ဗဟိုပြုနေပါတယ် မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမဲ့ အခြေအနေ မရှိတာကြောင့် အဝါရောင် အဆင့် ဖြစ်ပြီး ဗဟိုချက် လေဖိအား ၉၈၂ ဟက်တိုပါစကယ်နဲ့ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ဖြစ်ပါတယ်။ ပိုမို အားကောင်းလာနိုင်ပြီး ဒီနေ့ မေ ၂၆ ညနေမှာ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်မှာ ဖြစ်ပါတယ်။ မုန်တိုင်း အရှိန်ကြောင့် ကမ်းလွန်ပင်လယ်ပြင်မှာ လေတိုက်နှုန်း ၅၅မိုင် အထိနဲ့ လှိုင်းအမြင့် ၁၆ ပေ ခန့် ရှိနိုင်ကြောင်း မိုး/ဇလက လွန်ခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Source: IMD, DMH #Cyclone_REMAL_02 #MMWeatherOutlook
6682Loading...
17
⬜️ တာမွေ * တာမွေအဝိုင်းထပ် ဂုံးတံတားအောက် နာနတ်သီးစာမိထားတဲ့နေရာမှာ ခွေးဘဲဥ အထီး ၂၊ အမ ၃ မိုးကာတွေဝတ်ပြီး ဓါးပြတိုက်နေ * 11:20 AM 📬 @Inform_RSN
5850Loading...
18
DAILY HIGHLIGHTS (25 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဒေါန တောင်မှ တော်လှန် ရေးတပ်များကို စစ်ကောင်စီ နှစ်ဘက်ညှပ်တိုက်ရန် ကြံစည်နေ။ ဒေါနတောင်ပေါ်၌ နေ့စဉ်တိုက်ပွဲဖြစ်နေဟု ကော်ဘရာပြော – PS 📰 နိုင်ငံရေးထူးခြားသတင်းများ စစ်ရေးပြဿနာများ ဖြစ်ခဲ့သည့် CDF မရာနှင့် MDF တို့ ပေါင်းစည်းရေး သဘောတူ – PS ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ပကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ AA က ကန့်ကွက် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံမှ IL 76 ကုန်တင်လေယာဉ်များဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ တိုက်ရိုက်ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဆက်မပြတ်ပို့ဆောင်နေ – KT ချင်းမိုင်နှင့် ချင်းရိုင်မှ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို ဗန်ကောက်ရှိ မြန်မာသံရုံးတွင် ပြုလုပ်ပေးတော့မည် မဟုတ် – MZM ရခိုင်အရေးပူပန်မိဟု အီးယူနှင့် မဟာမိတ်နိုင်ငံများ ပူးတွဲကြေညာ – DVB 📰 စီးပွားရေးထူးခြားသတင်းများ ကမ္ဘာ့ရွှေစျေးကျသော်လည်း မြန်မာ့ရွှေစျေး ကျဆင်းခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၂ သိန်း ၃ သောင်းဖြင့် စံချိန်တင် စျေးထပ်တက်ပြန် – KT မြန်မာနိုင်ငံတွင်းက ဂျပန်စီမံကိန်းများ စစ်ကောင်စီကို ဆက်လက်ထောက်ပံ့ ကူညီနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော – KT ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်လျှင် အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန် – DVB 📰 ကျားဖြန့် ကရင်နယ်ခြားစောင့်တပ်- BGF နှင့် စစ်ကောင်စီတို့၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအပေါ် APHR အကြီးအကျယ် စိတ်ပျက်ကြောင်း ထုတ်ပြန် – KT 📰 အခြားထူးခြားသတင်းများ ကွယ်လွန်သူဝိုင်းကျော်အမည်သုံး၍ လိမ်လည် အလှူခံမှူများရှိနေဟု ဟားငါးကောင်အဖွဲ့ အသိပေး – PS #rangoonscoutnetwork
5610Loading...
19
🛑 မင်္ဂလာစျေးမှတ်တိုင်နား ကားဖမ်း ခွေးဘဲဥ မီးတန်းကား ၁ စီး တော်ဝင်ပလာဇာ မီးပွိုင့်အကျော် စက်ရုံလမ်းပေါ် ရပ်ထားပြီး ခွေးဘဲဥတွေ ပွိုင့်ကျော်လာတဲ့ ကားတွေ ဖမ်းနေ 10:22 AM @MGTN_Scout_News ⚜
5171Loading...
20
Media files
6981Loading...
21
ရန်ကုန်တွင် “သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း” စာသားပါ ဘန်နာကိုချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော် ရန်ကုန်၊မေ ၂၅ ရန်ကုန်မြို့ တစ်နေရာတွင် “သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း” စာသားပါ ဘန်နာကို ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကို မေလ ၂၅ရက်နေ့တွင် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာ မြို့နယ်သပိတ်ကော်မတီနှင့် မျိုးဆက်သစ်လူငယ်များသပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတေကာများ ကပ်ခြင်း၊ စာရွက်ကြဲခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
6020Loading...
22
DAILY HIGHLIGHTS (24 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ စစ်ကောင်စီတပ်သား နှစ်ဆယ်သေ၊ ၄၈ ဦး လက်နက်ချပြီး ၃၁ ဦး ထိုင်းနိုင်ငံဘက်ပြေး – RFA တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ဝန်းကျင်အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်ရရှိကာ သေဆုံးသူ စစ်သား ၂၀ ဝန်းကျင်ရှိ – KT စစ်ဆင်ရေးများပိုမိုအားကောင်းလာစေရန် တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်း – PS တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ – MKN CDF မတူပီက ၁၀ မိုင်အထိပစ်နိုင်သည့် တာဝေးပစ်ဒုံး အောင်မြင်စွာထုတ်လုပ် – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာ့အရေး ပြေလည်မှုရဖို့ မဆုတ်မနစ် ကြိုးစားနေကြောင်း ထိုင်းဝန်ကြီးချုပ် ဖွင့်ဟ – MKN စစ်တပ်သို့ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းကိရိယာများ စီးဆင်းမှုကို ဟန့်တား/ရပ်တန့်ရန် နိုင်ငံတိုင်းကို အီးယူနှင့် ၉ နိုင်ငံ ပူးတွဲတိုက်တွန်း – PS 📰 စီးပွားရေးထူးခြားသတင်းများ စစ်တပ်လက်အောက်ခံ MEC နှင့် ရန်ကုန်အလုံ ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ဆောင်နေသော Adani Ports and SEZ Ltd မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထုတ်ယူဟု Norges Bank က ကြေညာ – KT 📰 အခြားထူးခြားသတင်းများ သံတောင်ကြီး၊ ဘုရင့်နောင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်အောင်က မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး တပ်တွင်းဖိနှိပ်မှုများ လုပ်ဆောင် – KT ဘူသီးတောင်နှင့် မောင်တောမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်သော်လည်း ဘာသာ၊ လူမျိုး မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးထားဟု AA ထုတ်ပြန် – KT မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ပြင်းထန်နေမှုကြောင့် ရန်ကုန်တွင် အောက်တိုဘာလ ကျင်းပရန် စီစဉ်ထားသည့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကို ဖျက်သိမ်းဟု ကြေညာ – KT ရှမ်းမြောက်မှာ တအာင်းပညာရေးကောင်စီက ကျောင်းပေါင်းငါးရာနီးပါးဖွင့်ဖို့ပြင်ဆင် – RFA အကျဉ်းထောင်များတွင် အကျဉ်းသူများ၏ မိသားစုဝင်မဟုတ်ပါက ထောင်ဝင်စာ ပါဆယ်မပို့ရဟု စစ်ကောင်စီက ကန့်သတ်လိုက်မှု နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအတွက် ပိုမို အခက်အခဲဖြစ်စေ – KT ပဲခူးမြို့နယ်တွင် စစ်ကောင်စီက အကျဉ်းထောင်သစ်ဆောက်နေ – PS #rangoonscoutnetwork
6090Loading...
23
လှိုင်သာယာတွင် စစ်ကောင်စီက ဗုဒ္ဓရုပ်ပွားတော်ကို ကျူးကျော်ဟုဆိုကာ ဘူဒိုဇာဖြင့် ဖြိုချ။
5893Loading...
24
Media files
7642Loading...
Photo unavailableShow in Telegram
ရန်ကုန်မြို့ပြ စစ်ဆင်ရေးခြေလှမ်း စတင်လိုက်သည့် RUC စစ်ကြောင်း https://www.facebook.com/61559050215390/posts/pfbid0eF6z3irwCeAeEdFGN51bWi7wqyP6JHQr1m8Wez8g2rEX3XRc33CapkSR9Eagjrhpl/?app=fbl #RUC #RangoonUGColumn
نمایش همه...
17👍 6
Repost from MMWeather
ဆိုင်ကလုန်းမုန်တိုင်း REMAL အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း မိုးလေဝသဌာနများမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါသည်။ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ ဝင်ရောက်လျှက်ရှိသည့်အခြေအနေ မေလ ၂၈ ရက် နံနက်၊ ၄ နာရီ ၅၂ မိနစ်မှ ၁၀ နာရီ ၅၂ မိနစ်အထိ တွေ့မြင်ရသည့် ဂြိုဟ်တုပုံများရွေ့လျားသည့်အနေအထားအရ - မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများသို့ရွေ့လျားဝင်ရောက်လျှက်ရှိကြောင်းတွေ့ရပါမည်။ မုတ်သုံတိမ်တိုက်များဝင်ရောက်သည့်အခြေအနေ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အနောက်တောင်မုတ်သုံလေဝင်ရောက်လျှက်ရှိပြီး ဘင်္ဂလားပင်လယ်အော်ဘက်မှ တိမ်တိုက်များဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပါသည်။ MMWeather Website Weather Widgets' Page ပြည်နယ်တိုင်းမြို့များ၏ နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများကို ဤစာမျက်နှာမှတဆင့် ကြည့်ရှုပေးပါရန်။ https://www.mmweather.org/divisional-cities-weather
نمایش همه...
👍 4
🚨 တာမွေ  🚨     ယခုစစ်ခွေး sc 1 စိးခွေး 6 ကောင်ပါ ဗဟန်းရွေဂုံတိုင်မီးပွိုင့်ကနေလမ်းမကြီးအတိုင်းတာမွေအဝိုင်းထိပ် ဦးတည်။ 9နာရီ21 @TM_Informer @angeltminformer
نمایش همه...
👍 4
တာမွေ * တာမွေဗလီထိပ်ခွေးဘန်ကာပေါ်ထပ်မှာ ခါတိုင်းထက်ခွေးအင်အားပိုများတာတွေ့ရ (ခွေး ၄ ကောင်တွေ့ရ) သေနတ်ပြောင်းကို အပြင်ထုတ်ထားပြီးတာမွေပလာဇာဘက်ချိန်ထား * 8:15 AM (Delayed) 📬 @Inform_RSN
نمایش همه...
👍 1🤬 1🤩 1
Repost from Dark Shadow(YGNUG)
6
Repost from Dark Shadow(YGNUG)
သတင်းထုတ်ပြန်ချက် ယမန်နေ့ ၂၇.၅.၂၀၂၄ တွင် ကျွန်တော်တို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်း၊ မြို့နယ်စည်ပင်သာယာရေးရုံးကို ည(၇)နာရီ (၂၃) မိနစ်တွင် အဝေးထိန်းဖြင့် တစ်ကြိမ်၊ ပေါက်ကွဲမှုဖြစ်ရာသို့ ရောက်ရှိလာသော စစ်ခွေးများကို ည(၇)နာရီ (၄၇)မိနစ်တွင် အဝေးထိန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့သည်။။ တိုက်ခိုက်မှု အောင်မြင်ပြီး မြေပြင်ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။။ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်သည်။ လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးရုံးသည် စစ်ကောင်စီအမိန့်နာခံကာ လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျွန်းကြီးကျေးရွာရှိ မိဘပြည်သူ့များ၏ အိုးအိမ်များကို မတရားသဖြင့် အနိုင်ကျင့်ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် ပါဝင်သော စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများကို လက်နက်အားကိုး၊ ပထွေးအားကိုးဖြင့် အကြမ်းဖက် အနိုင်ကျင့်နေသော လှိုင်သာယာမှ လူမိုက်များ အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ်များကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်သည်။ #darkshadow
نمایش همه...
7👍 3🥰 1
တောင်ညွန့်မီးရထားရပ်ကွက် တောင်ညွန့်မီးရထားရပ်ကွက်ထဲ စစ်မှုထမ်းအတွက် လူ ၆ ယောက်တောင်းတယ် သိရပြီး ယနေ့ ေမလ ၂၇ ရက်နေ့၌ ရပ်ကွက်ထဲ စာရင်းပါသူများကို လာခေါ်သွားတယ်ဟု သတင်းရရှိသည်။ @MGTN_Scout_News
نمایش همه...
🤬 5
Repost from RSN WEB
ရန်ကုန်မှတ်တမ်း (မေ ၂၂ - ၂၆၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၅ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း အာမီရမ်စက်ရုံရှိ ကင်းစခန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ်၊ ပကဖ တပ်ဖွဲ့ ၂ မှ သတင်းထုတ်ပြန်ထားသည်။ မေလ ၂၅ ရက်နေ့တွင်ပင် "သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း" စာသားပါဘန်နာကို ရွှေပြည်သာမြို့နယ် ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီနှင့် NGYSC တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲလှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့တစ်နေရာ၌ ရွှေပြည်သာ သပိတ်ကော်မတီ၊ AJAY နှင့် တော်လှန်လူငယ်တို့ ပူးပေါင်း၍ လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုအခြေအနေ၊ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း အစရှိသည့် ကြွေးကြော်သံများကို မီးတုတ်များကိုင်၍ ဟစ်ကြွေး လှုပ်ရှားခဲ့ကြသည်။ ဗကသများအဖွဲ့ချုပ်ကလည်း အဆိုပါနေ့တွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ KMD18, MDF, Owl Community နှင့် လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) တို့ကလည်း အဆိုပါနေ့တွင်ပင် "တော်လှန်ကဆုန် စစ်တပ်ကုန်"၊ "တော်လှန်ရေးရဲဘော်အပေါင်း ဘေးကင်းပါစေ ဆုမွန်တောင်း" စသည့် ကြွေးကြော်ဆုတောင်းစာများဖြင့် ရန်ကုန်မြို့ ဘုရားတစ်ဆူတွင် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ သံလမ်းမှတ်တိုင်အနီးတွင် ဘန်နာတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့၍ဟုဆိုကာ အကြမ်းဖက်တပ်သားများမှ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ဖမ်းဆီးသွားကြောင်းလည်း သိရှိရသည်။ မေလ ၂၅ ရက်နေ့က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် ရဲများမှ အင်အားအများအပြားဖြင့် ဖျက်ဆီးခဲ့ပြီး ဉာဏ်တော် ၂၄ ပေရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ကိုပါ ဘူဒူဇာများဖြင့် ထိုးချဖယ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၃ ရက်နေ့ မနက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့ကြသေးကြောင်း သိရသည်။ စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေအတွင်း တစ်သီးပုဂ္ဂလအခွင့်အရေးများကို ဆိုးဆိုးရွားရွားချိုးဖောက်မှုများတွင် ပါဝင်ကူညီနေခြင်းက “လက်ခံနိုင်ဖွယ်မရှိသောအန္တရာယ်” ဟုဆိုကာ Adani Ports and SEZ Ltd က စစ်ကောင်စီလက်အောက်ခံ MEC နှင့်အတူ လုပ်ကိုင်နေသော အလုံဆိပ်ကမ်းသစ်တည်ဆောက်ရေးအတွင်းမှ ရင်းနီးမြှပ်နှံမှုများ ပြန်လည်ထုတ်ယူလိုက်သည်ဟု နော်ဝေနိုင်ငံ Norges Bank က မေလ ၁၅ ရက်နေ့တွင် အသိပေးကြေညာလိုက်ကြောင်း သိရှိရသည်။ ယခုရက်ပိုင်း တောက်လျှောက်လည်း လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးဝန်း၌ Minibus ကားများ အဝင်အထွက်များနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ ဖွင့်လှစ်သည့် တန်းမြှင့်လေကြောင်းလူငယ်သင်တန်းမှ သင်တန်းသားများလည်း စစ်ကြောရေးဝန်းသို့ ရောက်ရှိနေခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့ လေ့လာရေးခရီးအဖြစ် လည်ပတ်နေခဲ့ကြသည်။ စစ်မှုထမ်း တတိယအသုတ်အတွက် လူစုဆောင်းမှုများကို မဲနှိုက်၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ၊ ပိုက်ဆံတောင်း လူစားထိုး၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် ဖိအားပေးလုပ်နေကြသည်ကိုလည်း သတင်းရရှိသည်။ #rangoonscoutnetwork
نمایش همه...
👍 7 2
Repost from Khit Thit Media
7👍 2

🥰 5