မောင်ဆူးလှည်း
📈 تحلیل کانال تلگرام မောင်ဆူးလှည်း
کانال မောင်ဆူးလှည်း (@phyoeweiwin) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 13 911 مشترک است و جایگاه 14 985 را در دسته اخبار و رسانهها و رتبه 9 451 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 13 911 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 26 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -285 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 26.15% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.85% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 3 639 بازدید دریافت میکند. در اولین روز معمولاً 1 371 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 233 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“MaungHsueHlae”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 27 ژوئیه, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانهها تبدیل کردهاند.
ဖြိုးဝေ သစ္စာကမ်းလက် ၂၆. ၇. ၂၀၂၆#ဒီပုံတွေကသစ္စာကမ်းလက်အတွက်_ပခုက္ကူမှာဒိုင်ခံလှူပေးနေတဲ့ညီတော်မောင့်ပုံတွေနဲ့တူတွေပါ
ကျန်ပုံများ 🔻🔻🔻
ရခိုင်အကြမ်းဖက် AA ခေါင်းဆောင်ထွန်းမြတ်နိုင် တကယ်ဒဏ်ရာရနေသလား နေမိုး ၁၂. ၇. ၂၀၂၆ မြန်မာနှင့် ကမ္ဘာ့ပြည်သူများ၏ အမြင်မှတွင်သာမက AA အကြမ်းဖက် လက်နက်ကိုင်များနှင့် ရခိုင်ပြည်သူများ၏ မြင်ကွင်းမှပါ အားကိုးရာခေါင်းဆောင်ဖြစ်လာနေသည့် စစ်ဦးစီးချုပ်ထွန်းမြတ်နိုင် ပျောက်နေသည်မှာ တစ်လပြည့်လုပြီဖြစ်သည်။ ရခိုင်မီဒီယာများဖော်ပြနေသည့် သတင်းများအရ ထွန်းမြတ်နိုင်ကို လူမြင်ကွင်းတွင် နောက်ဆုံးမြင်ခဲ့ရသည်မှာ ဇွန်လ ၁၆ ရက်နေ့ကဖြစ်၍ ပျောက်ဆုံးမှု ၂၅ ရက်တာကာလအတွင်း ထွန်းမြတ်နိုင်မည်သို့ နေထိုင်နေသနည်းဆိုသည်ကိုမူ ထွက်ပေါ်လာသော သတင်းများအရ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုသနေရခြင်းဖြစ်သည်ဟုဆိုသည်။ ထိုဖြစ်စဥ်သည် အမှန်တကယ်ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်သည် AA က ယာယီနယ်မြေစိုးမိုးထားသော ရခိုင်ဒေသနှင့် ပလက်ဝတွင် ရေကြီးရေလျှံမှုများကြောင့် ပြည်သူများ သေဆုံးကာ အငတ်ဘေးရင်ဆိုင်နေရချိန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူများ စစ်ဘေးအပြင် ရေဘေးနှင့် အငတ်ဘေး သင့်နေသည်အချိန်မျိုးတွင် စစ်ခေါင်းဆောင်လုပ်နေသူတစ်ဦးက ကူညီကယ်ဆယ်ရေးအတွက် မျက်နှာပြပေးနေရမည့်အချိန်မျိုးတွင် ထွန်းမြတ်နိုင်မှာ မျက်နှာပြရန်ဝေးစွာ အသံပင် ထွက်မလာပေ။ လက်ရှိရေဘေးတွင် ယခင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အကြမ်းဖက် AA ထံ ခိုလှုံကူးပြောင်းသွားသူ ဒေါ်ထုမေက ရခိုင်ရေဘေးအတွက် ကူညီကယ်တင်မှုပုံရိပ်များကို သူမ၏အကောင့်တွင် ဖော်ပြနေရာ ထိုပို့စ်များ၏ အောက်တွင် ထွန်းမြတ်နိုင် သေပြီလားဟု မေးမြန်းသူများရှိနေသည်ကိုလည်း တွေ့ရသည်။ "ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ဒီအချိန်က နယ်မြေတွေ လိုက်သိမ်းနေပြီး သိမ်းနေတဲ့ နယ်မြေကို တာဝန်ယူထားတဲ့ စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောက်လို့ အပြင်မထွက်ရဲဘူးဆိုရင်တောင် ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ လုပ်ဆောင်နေကြောင်းလောက်တော့ ဟန်ပြထွက်ပြောရမယ့်အချိန်မျိုး။ သူက ဒီလိုအချိန်မျိုးမှာ မျက်နှာတောင် မပြရဲတာက အမှန်တကယ်ဒဏ်ရာရထားလို့ ကြိတ်ကုနေရတယ်ဆိုတဲ့သဘောနဲ့ အကြောက်လွန်ပြီး သူရဲဘောကြောင်ပြီး ပုန်းနေတဲ့သဘော။ ဒီနှစ်ချက်ပဲရှိတယ်" ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ရခိုင်ပြည်သူများဒုက္ခရောက်နေချိန် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ပျောက်ရှနေသည့်အပေါ် သုံးသပ်သည်။ အခြားတစ်ဖက်တွင်မူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူ ရာမန် (Dr. Khalilur Rahman) က ထွန်းမြတ်နိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆေးဝါးကုသမှု ခံယူနေသည်ဆိုသော ပြောဆိုချက်များအပေါ် "We have no information" (ကျွန်ုပ်တို့ထံတွင် အချက်အလက်မရှိပါ) ဟု ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် သာမန်လောက်သာ ပြောသွားပြီး "လုံးဝမရှိပါ/ လုံးဝမဖြစ်နိုင်ပါ" ဟု ငြင်းမသွားသည်ကို တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူ ရာမန်၏ "ယတိပြတ် ငြင်းဆိုခြင်း" မဟုတ်ဘဲ သာမန်မျှသာ သတင်းအချက်အလက်မရှိကြောင်း ပြောဆိုမှုသည် "သံတမန်နည်းအရ မရေမရာဖြစ်အောင် ဝေဝေဝါးဝါး ပြောဆိုခြင်း" (Diplomatic Ambiguity) သာ .... ◾ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/archives/140679 #ရခိုင် #အကြမ်းဖက် #AA #ထွန်းမြတ်နိုင် #လက်နက်ကိုင် #သူရဲဘောကြောင် #တပ်မတော် #လေကြောင်းတိုက်ခိုက် #စစ်ဘေး #ရေဘေး #အငတ်ဘေး #MT #mtnews #MyanmarTransparency
သစ္စာကမ်းလက်၏ ၅၇ ကြိမ်မြောက် လစဥ်ကုသိုလ်တော် 🙏🙏🙏 🙏🙏🙏 🙏🙏🙏 သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၇ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ကျောက်ကပ်ဝေဒနာရှင်တစ်ဦးကို ကျပ် ၃၀၀၀၀ အပြင် ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၅၇ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ အခု ဇူလိုင်လအတွက် လှူဒါန်းပြီးဖြစ်ပါတယ်။ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာ ချမ်းသာပါစေ။ ဒီနေ့ကစ ဇူလိုင် တစ်လလုံး၊ ၂၀၂၆ လက်ကျန် တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ 🙏🙏🙏 ဖြိုးဝေ သစ္စာကမ်းလက် ၁. ၇. ၂၀၂၆ #သစ္စာကမ်းလက်အလှူစဥ်_၁၉_၂၀၂၆ #စုစုပေါင်းအလှူငွေ၁၀၄၀၀၀၀
"တရုတ်ခြံစည်းရိုးကိစ္စ မရေးဖို့ ပြည်တွင်းမီဒီယာတွေ ဖိအားပေးခံထားရ" ဧရာဝတီက Message တလွဲကြီးနဲ့ Half Truth လျှောက်ရေးထားတယ်။ တကယ်တော့ အဲဒီပွဲကို ကိုယ်သွားခဲ့တာပါ။ သတင်းကို လိုတာထက်ပိုဖြဲ ရေးတဲ့၊ အစိုးရချင်းဖြေရှင်းရမှာကို တရုတ်မုန်းတီးရေးအသွင် ပြောတဲ့ မီဒီယာနှစ်ခုကိုပဲ ဦးတည်ဖိတ်သွားပြီး ကျန်တဲ့မီဒီယာတွေကတော့ စိတ်ဝင်စားသူတက် ဆိုတဲ့ ပုံစံမျိုးနဲ့ သွားခဲ့ကြတာ။ စာနယ်ဇင်းကောင်စီကို တာဝန်ပေးတာက ပြန်ကြားရေးနဲ့ နိုင်ငံခြားရေး။ ကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးပြောသွားတာက "ရှမ်းပြည်နယ်အစိုးရအဖွဲ့ လက်လှမ်းမီသလောက် ကွင်းဆင်းကြည့်တာ ခြံစည်းရိုးတိုးခတ်တာမရှိဘူး။ တချို့နေရာတွေ ဒေသအခြေအနေကြောင့် မကြည့်နိုင်သေးဘူး။ အွန်လိုင်းမှာ ပျံ့နေတဲ့ Wa News Land စတင်တဲ့ ပုံတွေက ကိုဗစ်ကာလတုန်းက ပုံတွေ။ မသေချာတဲ့သတင်းကို ပုံအဟောင်းအခြေပြုပြီးရေးတာက နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်စေတယ်။ အဲဒီအထဲမှာမှ အပေါ်က ကိုယ်ပြောတဲ့ မီဒီယာနှစ်ခုကတော့ အလွန်အကျွံတွေ ရေးထားလို့ ဒါမျိုး နှစ်နိုင်ငံချစ်ကြည်ရေး ထိခိုက်စေမဲ့သတင်းတွေ ရေးတဲ့နေရာမှာ သတိထားဖို့ ပြောသွားတာ။ ဒီနေရာမှာ သတင်းထောက်ဆိုတာက ခိုင်လုံမှုရှိရင် ရေးမှာပဲ။ မခိုင်လုံရင် ကိုယ့်ဘက်က လျှောချရတာပဲ။ သတင်းရေးတဲ့အခါ ကျွန်တော်တို့တင်မဟုတ်ဘူး။ ရှမ်းပြည်နယ်အစိုးရအဖွဲ့တောင် တိုက်ပွဲတွေဖြစ်နေလို့ အကုန်ဆင်းမကြည့်နိုင်ချိန်မှာ ဒီနယ်မြေတွေ တရုတ်က ခြံစည်းရိုး တိုး ခတ် မခတ် ကျွန်တော်တို့လည်း မသိနိုင်ဘူး။ Wa News Land စတင်တဲ့ပုံတွေက ကိုဗစ်ကာလတုန်းက ပုံတွေဆိုတာကို ကျွန်တော်တို့ သတင်းသမားတွေ ပြန်မချေပနိုင်ဘူး။ အဲဒီတုန်းက ကျွန်တော်တို့ MT News က တင်ဆက်ခဲ့တာက တရုတ်က ခြံစည်းရိုးတိုးခတ်နေတယ်လို့ ဝ ထိန်းချုပ်မီဒီယာဖော်ပြ၊ ကိုးကန့်တရုတ်နဲ့ ဝ က အသံထွက် ကန့်ကွက်ရဲမှုမရှိလို့ဘဲ ဖော်ပြခဲ့တာ။ နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်စေမဲ့ ကိစ္စကို ဦးစားပေးခဲ့တာ မဟုတ်ဘူး။ ခြံစည်းရိုးတိုးခတ်တာမှန်ရင် အဲဒီနယ်မြေထိန်းထားတဲ့ကောင်တွေက အရင်ကန့်ကွက်ရမယ်။ သူတို့ဖြေရှင်းမရရင် ဗဟိုအစိုးရကို တင်ပြရမယ်ဆိုတာမျိုးပဲ Process ပဲ တင်ဆက်ခဲ့တာ။ အပေါ်က မီဒီယာနှစ်ခုကတော့ တရုတ်မုန်းတီးရေး လှုံ့ဆော်မှုဆန်ဆန် လုပ်သွားတဲ့အချိန် ခေါ်သတိပေးခံရချိန်မှာ "သူတို့မှာ အရင်တုန်းကလည်း ဒီလို လုပ်ခဲ့တာမျိုးရှိလို့ ဘာညာနဲ့ပဲ ဖောလျှောရိုက်သွားခဲ့တာပဲ ချေပနိုင်ခဲ့တာ" အဲဲဒီတုန်းက စာနယ်ဇင်းကောင်စီဆိုလိုရင်းက မသေချာရင် မရေးဖို့နဲ့ မုန်းတီးရေးကို ဖြဲကားမလုပ်ဖို့လို့ဘဲ ကိုယ်နားလည်တယ်။ သတင်းတစ်ခုက သေချာတယ်ဆိုရင်တော့ မီဒီယာသမားတွေက ရေးခွင့်ရှိပါတယ်။ ကိုယ်တို့မှာ တရုတ်တင်မက၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ပိုင်နက်တွေရှိတယ်။ ဒီနေရာမှာ နိုင်ငံတစ်ခုခုက နယ်မြေကျူးကျော်တာ မှန်တယ်ဆိုရင် ဒီလိုရေးလို့ နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားမှာ မဟုတ်ပါဘူး။ ရေးတယ်ဆိုတဲ့ နေရာမှာ ဖြစ်စဥ်အမှန်ကို အခြေခံပြီး တစ်ဖက်က မတရားလုပ်နေတာ ဖော်ထုတ်ရေးပြနိုင်တယ်၊ သက်သေခိုင်လုံတယ်ဆိုရင် ဒါဟာ စပြီး ချစ်ကြည်ရေးပျက်အောင် နယ်မြေကျူးကျော်တဲ့ နိုင်ငံမှာပဲ တာဝန်ရှိတယ်။ ဒါဟာ ကိုယ်နိုင်ငံ၊ ကိုယ့်ပိုင်နက်၊ ကိုယ့်အချုပ်အခြာအာဏာကို ကျူးကျော်ရန်စတာကို ဖော်ထုတ်တာမို့လို့ ဂုဏ်တောင်ပြုပေးရမှာမျိုး။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၆ နှစ်က ပုံအဟောင်းဆိုတာကိုတောင် မစိစစ်နိုင်ဘဲ အပေါ်က မီဒီယာနှစ်ခုလို မသေချာတဲ့သတင်းကို မုန်းတီးရေးဆန်ဆန်ဖြဲရေးတာကြတော့ ခေါ်ပြီးသတိပေးသူက မလွန်သလို ဧရာဝတီရေးတဲ့ "တရုတ်ခြံစည်းရိုးကိစ္စ မရေးဖို့ ပြည်တွင်းမီဒီယာတွေ ဖိအားပေးခံထားရ" ဆိုတာကြတော့လည်း သောက်ပိုတွေလို့ပဲ ကိုယ်ပြောရတော့မယ်။
သစ္စာကမ်းလက်၏ ၅၆ ကြိမ်မြောက် လစဥ်ကုသိုလ်တော်မှ ပခုက္ကူပုံရိပ်များ 🙏🙏🙏 🙏🙏🙏 🙏🙏🙏 သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၆ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦး ၅၆ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ ဇွန်လအလှူထဲက ပခုက္ကူက အလှူပုံရိပ်တွေဖြစ်ပါတယ်။ ဆရာတော်ဦးပညာက ခရီးသွားနေတာဖြစ်တဲ့အတွက် အလှူငွေကျပ်သုံးသောင်းကို သစ္စာကမ်းလက်အတွက် ဆက်လက် လှူဒါန်းပေးပါတယ်။ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာ ချမ်းသာပါစေ။ ဒီနေ့ကစ ဇွန် တစ်လလုံး၊ တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ 🙏🙏🙏 ဖြိုးဝေ သစ္စာကမ်းလက် ၂၆. ၆. ၂၀၂၆ #သစ္စာကမ်းလက်အလှူစဥ်_၁၇_၂၀၂၆ #စုစုပေါင်းအလှူငွေ၁၀၄၀၀၀၀ ကျန်ပုံများ 👇👇👇
