cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MT News _ Myanmar Transparency

MT News _ Myanmar Transparency

نمایش بیشتر
پست‌های تبلیغاتی
19 487
مشترکین
+2024 ساعت
+1647 روز
+21330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ကရင်နှင့် မြန်မာလက်နက်ကိုင်များကို အွန်လိုင်းမှတစ်ဆင့် လက်နက်များပြင်ဆင် ထုတ်လုပ် ရောင်းချပေးနေသူကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး ၂.၇. ၂၀၂၄ Written by Shwe Phyo ထိုင်းရဲတပ်ဖွဲ့သည် ယနေ့ ဇူလိုင် ၂ ရက်နေ့က ကရင်နှင့် မြန်မာလက်နက်ကိုင်အုပ်စုများကို ပေါက်ကွဲစေသော ပစ္စည်းများ ပြန်လည်ရောင်းချနေသည့်သူတစ်ဦးကိုဖမ်းဆီးလိုက်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဘန်ဖွတ်ဖိုင်ဆိုင်ရဲစခန်းမှ ရဲမှူး ဒီချာ စရစ်ချိုင်း ဦးဆောင်သော ထိုင်းရဲတပ်ဖွဲ့သည် နခွန်ရချာစီမား ပြည်နယ်၊ ပတ်ချောင်မြို့ သာငိုင်းအရပ်ဒေသတွင်နေထိုင်နေသူတစ်ဦး၏အိမ်ကို စီးနင်းခဲ့ပြီးနောက် အသက် ၄၇ နှစ်အရွယ်ရှိ ပရာဆစ် ပန်ယမ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ ထိုင်းနိုင်ငံသားကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကွဲစေသောပစ္စည်းများလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်​သည်။ ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် နာမည်ကျော်သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုတွင်လုပ်ကိုင်နေသည့် လူငယ်အင်ဂျင်နီယာတစ်ဦးကို C4 အမျိုးအစားယမ်းနှင့်အတူ ပေါက်ကွဲစေသော ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။ အဆိုပါထိုင်းနိုင်ငံသားသည် ပေါက်ကွဲစေသော ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့်ရောင်းချခဲ့ပြီး လက်နက်များ ထုတ်လုပ်နိုင်ရန် သာငိုင်းအရပ်ဒေသတွင် အိမ်ငှားနေထိုင်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ကနဦးစုံစမ်းစစ်ဆေးချက်များအရ မြန်မာလက်နက်ကိုင်အုပ်စုများကို လက်နက်များရောင်းချပေးနေသူသည် အင်ဂျင်နီယာတစ်ဦးဖြစ်သည့်အတွက် လက်နက်ငယ်များကို ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းရှိသူတစ်ဦးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းသည် ပွိုင့် ၃၈ ကျည်ဆံသုံး လက်နက်များကို ထုတ်လုပ်ရောင်းချပေးရန်ကမ်းလှမ်းခံရပြီး အွန်လိုင်းမှတစ်ဆင့် ဆလင်ဒါတစ်ခုကိုဘတ် ၄၀၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါထိုင်းနိုင်ငံသားက ၎င်းအနေဖြင့် လက်နက်များကိုထုတ်လုပ်ပြီး အွန်လိုင်းမှတစ်ဆင့် ပြန်လည်ရောင်းချနေခြင်းသည် တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။ အကျိုးအမြတ်များစွာရရှိစေရန်အတွက် မြန်မာလက်နက်ကိုင်အဖွဲ့များ၊ ကရင်လက်နက်ကိုင်အဖွဲ့များကို ထုတ်လုပ်ထားသော လက်နက်များ ပြန်လည်ရောင်းချပေးသလို အဆိုပါလက်နက်ကိုင်အဖွဲ့များ လာရောက်အပ်နှံသည် လက်နက်များကို ပြန်လည်ပြင်ဆင်ပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားသည်။ REF nationtv.tv #Myanmar #thai #nakhonratchasima #ကရင် #PDF #mtnews #myanmar_transparency_news
نمایش همه...
👍 8 1
Photo unavailableShow in Telegram
PDF များ ပစ်ခတ်သည့်စိန်ပြောင်းကျည် ဓမ္မဒူတဘုန်းကြီးကျောင်းဆီ ကျရောက်ပေါက်ကွဲရာမှ ကိုရင်တစ်ပါးပျံလွန်ပြီး ဝေယျာဝစ္စလုပ်ကိုင်သူအမျိုးသမီးတစ်ဦး ဒဏ်ရာရ ၂.၇. ၂၀၂၄ Written by Nay Moe PDF များ ပစ်ခတ်လိုက်သည့် လက်လုပ် စိန်ပြောင်းကျည်မှာ ဓမ္မဒူတဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲရာမှ ကိုရင်တစ်ပါးပျံလွန်ပြီး ဝေယျာဝစ္စလုပ်ကိုင်သူအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရေကျော်ကျေးရွာသို့ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းပေါ်သို့ စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ရှိနေသည့် စာသင်သားကိုရင်ဖြစ်သူ ရှင်သုစိတ္တ(ခ)ရဲဝင်းမောင် (၁၀)နှစ် (၃)ဝါနှင့် ဘုန်းကြီးကျောင်းဝေယျာဝစ္စ လာရောက်လုပ်ကိုင်ပေးသူ ဒေါ်သီတာချို(၄၉)နှစ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ည ၆ နာရီတွင် ရှင်သုစိတ္တ (ခ) ရဲဝင်းမောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။ နွေဦးတော်လှန်ရေးကာလအတွင်း NUG နှင့် PDF များကိုမထောက်ခံသူ ရဟန်းသံဃာများနှင့် သီလရှင်များကို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များက တိုက်ခိုက်သတ်ဖြတ်ကြရာ ယနေ့အထိ သံဃာ ၉၅ ပါး၊ သီလရှင်တစ်ပါးပျံလွန်တော်မူထားပြီး သံဃာ ၂၇ ပါးနှင့် သီလရှင်တစ်ပါး ဒဏ်ရာရရှိထားသလို သံဃာတော် ၄၂ ပါးမှာလည်း ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။ #သံဃာ #ကိုရင် #ဓမ္မဒူတ #PDF #သတ်ဖြတ် #mtnews
نمایش همه...
😢 18👍 2 1😱 1
အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကို Sky Star Hotel ၌ ဇူလိုင် ၅ ရက်တွင် ကျင်းပမည် ၂.၇.၂၀၂၄ Written By Thandar “အထည်ကြီးပျက်” တေးသီချင်းနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကိုတော့ လာမယ့် ဇူလိုင် ၅ ရက်နေ့ ည ၇နာရီမှာ Sky Star Hotel ၌ ကျင်းပမှာဖြစ်ပါတယ်။ “ကျွန်တော့်အနေနဲ့ သီချင်းတွေနဲ့ နည်းနည်းအဆက်အသွယ်ပြတ်သလိုဖြစ်သွားတယ်။ ခုနောက်ပိုင်း အဓိက ငါ့ရဲ့အရာရာ ကိုယ့်ရဲ့သီချင်း ပြန်လုပ်ဖြစ်လာခဲ့တာပါ။ ကိုယ်ဆိုခဲ့တဲ့ သီချင်းတွေအတွက် ကိုယ့်မှာ တာဝန်တစ်ခုရှိလာသလို ခံစားရတယ်။ ကျွန်တော့်ကို သပ်သပ်အားပေးတဲ့ ပရိသတ်တွေ ရှိတယ်။ သူတို့အတွက် ကျွန်တော့်အနေနဲ့ သီချင်းတွေအပေါ်မှာ တာဝန်ရှိလာတယ်။ ခုနောက်ပိုင်း အလုပ်တာဝန်တွေကြားက ခေတ္တရုန်းထွက်ပြီး သံစဉ်တွေနဲ့ စိတ်ထွက်ပေါက်ရှာလိုတဲ့ သူတွေအတွက် ပျော်ကြဖို့ စီစဉ်ထားတဲ့ ပွဲတစ်ခုအနေနဲ့ သီဆိုဖြစ်တာပါ... ◾️ Facebook တွင် ဆက်လက်ဖတ်ရှုရန် https://www.facebook.com/share/p/wfcj8nDuwrNNmVry/?mibextid=oFDknk%E1%80%85 #ဖြိုးကြီး #360DegreeConcerts #PhyoGyi #MyanmarSinger #mtentertainment
نمایش همه...
👍 8 1
နေပြည်တော်စည်ပင် သန့်ရှင်းရေးဝန်ထမ်းများလိုက်ပါလာသည့်ယာဥ် တိမ်းမှောက်၍ ဒဏ်ရာရရှိသူ အမျိုးသမီး ၁၀ ဦးအနက် ၃ ဦး ဒဏ်ရာပြင်းထန် ၂.၇.၂၀၂၄ Written by TZ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ဗဟိုဘဏ်အနီးတွင် ဇူလိုင်လ ၁ ရက် ညနေခင်းအချိန်တွင်နေပြည်တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဝန်ထမ်းများ လိုက်ပါလာသည့်ယာဥ်မှာ အရှိန်လွန်၍ တိမ်းမှောက်ရာ ဒဏ်ရာရရှိသူ သန့်ရှင်းရေးအမျိုးသမီးဝန်ထမ်း ၁၀ ဦးအနက် ၃ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဥ်နေရာသို့ မိုးစေတနာပရဟိတအသင်း(ပျဥ်းမနား)မှ လူနာတင်ယာဥ် ၂ စီး၊ လူငယ်တွဲလက်များလူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ် (၁) စီးတို့မှ ဒဏ်ရာများရရှိသူများကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ "တာဝန်ရှိတဲ့သူတွေ လာတယ်။ ယာဥ်ကတော့ လမ်းဘေးမှာအရှိန်လွန်ပြီး မှောက်သွားတာ။ မနေ့ကမိုးလည်းရွာတယ်။ ယာဥ်မောင်းတော့ မတွေ့ဘူး။ ယာဥ်ပေါ်ပါလာတဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်း ၁၀ ဦးဒဏ်ရာရတယ်။ ၃ ဦးပြင်းထန်တယ်။ ၇ ဦးကတော့ ဒဏ်ရာအနည်းငယ်ရတယ်။ ခုနက ၃ ဦးကတော့ ခြေထောက်တွေ၊ လက်တွေ၊ ဦးခေါင်းတွေမှာ ဒဏ်ရာရတယ်"ဟု မိုးစေတနာပရဟိတအသင်း ပျဥ်းမနားရုံးမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။ ယာဥ်တိမ်းမှောက်၍ ဒဏ်ရာရရှိသူများမှာ လက်ရှိအချိန် ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း ပျဥ်းမနားရုံး #နေပြည်တော် #ပုဗ္ဗသီရိ #စည်ပင် #ယာဥ်တိမ်းမှောက် #mtnews
نمایش همه...
😢 13👍 7
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အလယ်တွင် လမ်းသွားလမ်းလာများအား ကားတစ်စီးဝင်တိုက်၍ လူကိုးဦးသေဆုံး ၂.၇.၂၀၂၄ Translated by Htwe Ko Tun တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အလယ်ရှိ လူအသွားအလာများ၍ စည်ကားသောလမ်းဆုံတစ်ခု၌ ကားတစ်စီးက ယာဉ်အသွားအလာ စောင့်ဆိုင်းနေသော လမ်းသွားလမ်းလာများအား ဝင်ရောက်တိုက်မိမှုတစ်ရပ် ဇွန်လ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူကိုးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အစပိုင်းတွင် ကားတိုက်မှု၌ ဒဏ်ရာရသူ ခုနှစ်ဦးကို ဆေးရုံသို့ပို့ပေးခဲ့ရာ ၎င်းတို့အနက်သုံးဦးမှာ နှလုံးခုန်ရပ်ဆိုင်းပြီး သေဆုံးခဲ့ကြရသည်။ စုစုပေါင်းသေဆုံးသူကိုးဦးအထိရှိလာပြီး ဒဏ်ရာရသူ လေးဦးရှိခဲ့ခြင်းဟု သတင်းများအရသိရသည်။ ကျန်ဒဏ်ရာရရှိသူများမှာမူ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောခဲ့သည်။ ကားမောင်းလာသူမှာ အသက် ၆၀ နှစ်ကျော်အရွယ်ရှိပြီး လမ်းဆုံမီးပွိုင့်တစ်ခု၌ လမ်းသွားလမ်းလာများကို ဤကဲ့သို့ ဝင်တိုက်ခဲ့ခြင်းဟုလည်း သိရသည်။ ၎င်းက ဦးတည်ချက် မှားယွင်းမောင်းနှင်ကာ လမ်းသွားလမ်းလာများကိုမတိုက်မီ အခြားယာဉ်နှစ်စီးကိုလည်း ဝင်တိုက်ခဲ့သေးသည်။ ၎င်းအားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းအနေဖြင့် ကားကိုရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ မြင့်တက်မောင်းနှင်ခဲ့ခြင်းဟု ပြောခဲ့သည်။ ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါယာဉ်တိုက်မှုအတွက် တိကျသော အကြောင်းရင်းများနှင့် ယာဉ်မောင်းအနေဖြင့် အရက် (သို့မဟုတ်) မူးယစ်ဆေးဝါးများသုံးစွဲလာခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ Ref- AA.com #တောင်ကိုရီးယား #seoul #SouthKorea #mtnews
نمایش همه...
👍 7😱 1
“လှတောသားကွ ဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားမှာ အကြိုက်ဆုံးမင်းသား ကိုကျော်ရဲအောင်နဲ့ တွဲရိုက်ကူးခွင့်ရလို့ ပညာလည်းရပြီး အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဆိုတဲ့ ဗညားဟန် ၂.၇.၂၀၂၄ Written By Thandar ဂီတပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် ဗညားဟန်ကတော့ “လှတောသားကွ ဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားမှာ အကြိုက်ဆုံးမင်းသားကိုကျော်ရဲအောင်နဲ့ တွဲရိုက်ကူးခွင့်ရလို့ ပညာလည်းရပြီး အတိုင်းထက်အလွန်ဝမ်းသာပါတယ်လို့ဆိုပါတယ်။ “ကျွန်တော်အနေနဲ့ ရှေ့မှာလည်း ဗီဒီယိုကားတွေလည်း ရိုက်ခဲ့ဖူးပါတယ်။ ဒီကားရိုက်တာ ကျွန်တော့်အတွက် တော်တော်ခက်ခဲတာတွေလည်း ရှိတယ်။ ရတောင့်ရခဲ အခွင့်အရေးမှာ ညီလေး နေထူးနိုင်ရဲ့ ကမ်းလှမ်းမှုကြောင့် ရုပ်ရှင်ကားကြီး ရိုက်ခွင့်ရခဲ့တာပါ... ◾️ Facebook တွင် ဆက်လက်ဖတ်ရှုရန် https://www.facebook.com/share/p/BrmCm1MyHuRBZjbA/?mibextid=oFDknk #BanyarHan #MyanmarSinger #လှတောသားကွဖျားသွားမယ် #ဗညားဟန် #မြန်မာသံအဆိုတော် #mtentertainment
نمایش همه...
👍 16 2
ပြည်မြို့တွင် အုတ်တင်လာသော ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်ရာမှ ဆိုင်ကယ်မောင်းသူ သေဆုံး ၂.၇.၂၀၂၄ Written by KL ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ် ၊ စင်္ကြံတောင်ကျောင်းအနီးတွင် ဇူလိုင်လ ၁ ရက် ညနေ ၃ နာရီခွဲခန့်က အုတ်ခဲများတင်ဆောင်လာသော ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့်မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရဟိတပါရမီ ထံမှ သိရသည်။ ယာဥ်တိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာ၊ခြေထောက်နှင့်လက်တို့တွင်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ "ဆိုင်ကယ်မောင်းတဲ့သူက ခေတ္တရာမြို့သစ်ရပ်ကွက်ထဲမှာနေတဲ့သူပါ။ ကျွန်တော်တို့ ရောက်သွားတော့ ဆိုင်ကယ်ကလည်း ပိန်ချိုင့်နေပြီး လူနာကလည်းဆုံးသွားတယ်။ ထော်လာဂျီယာဥ်ကားကိုလည်း​တွေ့တယ်"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အသင်းဝင်တစ်ဦးကပြောသည်။ ယာဥ်တိုက်မှုဖြစ်ရာနေရာသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အသင်းဝင် ၆ ဦးက မနုသမေတ္တာအသင်း၊ ပျူနှလုံးသားအသင်း ၊နှလုံးသားမေတ္တာရှင်လူငယ်များ အသင်းတို့နှင့် ပူးပေါင်းကာ ကူညီပေးခဲ့ကြပြီး သေဆုံးခဲ့သော ဆိုင်ကယ်မောင်းသူ အမျိုးသား၏ရုပ်အလောင်းကို ပြည်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #ပြည် #ဆိုင်ကယ် #ယာဥ်တိုက်မှု #MT #mtnews
نمایش همه...
👍 15😢 5
Photo unavailableShow in Telegram
မြစ်ကြီးနားရေ ဒီနေ့မနက် တစ်ပေခန့် ပြန်ကျ၊ ကချင် ပြည်နယ်မှာ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရာရန်ရာနှုန်းပြည့်ဟု မိုးဇလ ထုတ်ပြန်ထား ၂. ၇. ၂၀၂၄ Written by Hey Mar ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်အထက် ၈ ပေနီးပါးခန့်အထိ မြင့်တက်ခဲ့ပြီး ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့မှာတော့ မြစ်ရေ တစ်ပေကျော်ခန့် ပြန်လည်ကျဆင်းလာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့ ညနေပိုင်းကစတင်ပြီး မြစ်ရေ တိုးကာ မြစ်နားနီးတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေစတင်ဝင်ရောက်ပြီး ဇူလိုင်လ ၁ရက်နေ့မှာတော့ တစ်မြို့လုံးနီးပါးရေကြီး ရေလျှံမှု ဖြစ်စဥ်တွေ ကြုံတွေ့ရကာ ရေဘေးလွတ်ရာကို ပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရ တာပါ။ မိုးဇလရဲ့ ဒီနေ့မနက် ၇ နာရီအချိန် တိုင်းထွာရရှိချက်တွေကို ထုတ်ပြန်ကြေညာရာမှာ ကချင်ပြည်နယ်မှာ မိုးဆက်လက်ရွာသွန်းနေနိုင်ပြီး ရွာရန် ရာနှုန်းပြည့်နဲ့ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်မိုးပိုနိုင်သလို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း၊ နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေမှာ မိုးဆက်လက်ပိုနေမယ်လို့ ခန့်မှန်းထားပါတယ်။ (ဓာတ်ပုံ- ကိုကောင်းထက်ကျော်) #ကချင် #မြစ်ကြီးနား #မိုးရွာ #ရေကြီးရေလျှံ #mtnews
نمایش همه...
👍 23
05:50
Video unavailableShow in Telegram
ဝါသနာတစ်ခုတည်းနဲ့ တော့ ခေတ်အခြေအနေအရရပ်တည်လို့ မရတော့ဘူးဆိုတဲ့ လူငယ် ပန်းချီ ပန်းပု ပညာရှင် ပြည့်ဖြိုးပိုင် ၂. ၇. ၂၀၂၄ ရိုက်ကူး၊ တည်းဖြတ် - သီရိ ငယ်စဉ်ကတည်းက သူ့ရည်မှန်းချက်က ယဉ်ကျေးမှုတက္ကသိုလ်ကိုသာ တက်ရောက်ချင်ခဲ့တာ။ အသက် ၁၂ နှစ် သတ္တမတန်းကျောင်းသားအရွယ်မှာမိသားစုနဲ့အတူ အကယ်ဒမီပေးပွဲ ကြည့်နေရင်းအကယ်ဒမီရွှေစင်ရုပ်တုကို ဖယောင်းနဲ့ ပုံဖော်ထွင်းထုခဲ့တဲ့အတွက် မိသားစုကလည်း သူ့ဝါသနာကို ပံ့ပိုးပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဝါသနာတစ်ခုတည်းနဲ့ ရပ်တည်ဖို့တော့ လက်ရှိအခြေအနေမှာ ခက်ခဲမှုတွေရှိနေပြီး ဝါသနာကို အ‌ခြေခံပြီး တခြားလုပ်နိုင်တာတွေတော့ ကြိုးစားနေတယ်ဆိုတဲ့ Artist ပြည့်ဖြိုးပိုင်ရဲ့ အနုပညာဖန်တီးမှုတွေကို MT Entertainment ရဲ့ MY HOBBY အစီအစဥ်ကနေ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ #ပြည့်ဖြိုးပိုင် #ပန်းချီ #ပန်းပု #myhobby #MTEntertainment
نمایش همه...
126.39 MB
👍 18
ပင်နယ်လ်တီမှာ Hattrick Save ပြီး ပေါ်တူဂီကို ကွာတားဖိုင်နယ်ပို့ခဲ့တဲ့ ဒီယိုဂိုကော်စတာ သို့မဟုတ် ရော်နယ်ဒိုနဲ့ ပီပီကို ကယ်တင်သူ ၂. ၇. ၂၀၂၄ Written by Thettant မန်ယူအသင်းရဲ့ကာလရှည်ပစ်မှတ်ဖြစ်နေတဲ့ ဒီယိုဂိုကော်စတာဟာ ဒီမနက်မှာကစားခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ပွဲမှာ ဂိုးမရှိသရေကျလို့ ပင်နယ်လ်တီကန်ကြချိန် မယုံနိုင်စရာကောင်းလောက်အောင် သုံးကြိမ်ဆက်တိုက်ကာကွယ်ပြီး ပေါ်တူဂီကို ယူရိုဖလားကွာတားဖိုင်နယ်ဆီပို့ပေးခဲ့ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ပွဲမှာ အကောင်းဆုံးတတိယအသင်းအဖြစ်နဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ဆလိုဗေးနီးယားကို ပေါ်တူဂီတို့ ကန်သွင်းခွင့်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပေမဲ့ ပွဲချိန်အတွင်းဂိုးမသွင်းနိုင်လို့ အချိန်ပိုအထိ ခရီးဆက်ခဲ့ပါတယ်။ အချိန်ပို ၁၀၅ မိနစ်မှာ ပေါ်တူဂီတို့ ပင်နယ်လ်တီရခဲ့ပေမဲ့ ရော်နယ်ဒိုရဲ့ ကန်သွင်းမှုကို ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ်ကာကွယ်သွားခဲ့တာကြောင့် တကယ်လို့သာ ပေါ်တူဂီတို့ ၁၆ သင်းအဆင့်မှာပြုတ်သွားရင် တရားခံကရော်နယ်ဒိုဖြစ်လာမှာကျိန်းသေပါပဲ။ ရော်နယ်ဒိုပြီးရင် ဒုတိယသမိုင်းတရားခံဖြစ်လာမဲ့သူကပီပီပါ။ ၂၀၂၄ ယူရိုဖလားရဲ့ အသက်အကြီးဆုံးကစားသမားပေါ်တူဂီနောက်ခံလူဟာ ပွဲကစားချိန် ၁၁၄ မိနစ်မှာ ဘောလုံးရယူ ထိန်းသိမ်းချိန် ချော်လဲတာကြောင့် ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကို လွတ်လွတ် ကျွတ်ကျွတ်ဆွဲပြေးလာတာကို ဒီယိုဂိုကော်စတာဟာ ၁၈ ကိုက်စည်းထိပ်နားအထိပြေးတက်လာပြီး ကာကွယ်ရာမှာ ခြေထောက်နဲ့ထိပြီးဘောလုံးဟာ ဂိုးမဝင်ခဲ့လို့ ပီပီဟာလည်း သမိုင်းတရားခံဘဝက လွတ်မြောက်သွားခဲ့ပါတယ်။ ပင်နယ်လ်တီမှာတော့ ဒီယိုဂိုကော်စတာဟာ သမိုင်းဝင်ကာကွယ်မှုပြုလုပ်ခဲ့တာပါ။ ဆလိုဗေးနီးယားတို့ ပထမဆုံးကန်ခွင့်ရချိန်မှာ အီလီဆစ်ရဲ့ ညာဘက်ထောင့်ကန်သွင်းချက်ကို အသာအယာကာကွယ်သွားခဲ့သလို ပေါ်တူဂီအဖို့ အဖွင့်ပင်နယ်လ်တီကန်ခဲ့တဲ့ရော်နယ်ဒိုက ဒီတစ်ကြိမ်တော့အမှားအယွင်းမရှိ ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဆလိုဗေးနီးယားရဲ့ ဒုတိယပင်နယ်လ်တီကို ဘယ်လ်ကိုဗက် လူအတည့်နီးပါးဘယ်ဘက်ကိုကန်သွင်းမှုကိုလည်း ဒီယိုဂိုကော်စတာလှလှပပပုတ်ထုတ်သွားခဲ့သလို ဖာနန်ဒက်ကလည်း ပေါ်တူဂီအတွက် ဒုတိယဦးဆောင်ဂိုးကို အကောင်းဆုံးသွင်းယူပေးခဲ့ပါတယ်။ ဆလိုဗေးနီးယားတို့အဖို့ တတိယပင်နယ်လ်တီမဝင်ရင် အိမ်ပြန်ရတော့မဲ့အချိန်မှာ ဒီယိုဂိုကော်စတာက သူ့အဖို့ သမိုင်းဝင်ပင်နယ်လ်တီသုံးကြိမ်မြောက်ကာကွယ်မှုမှတ်တမ်း Hat-trick Save ကို ရယူမလား တွေးကြည့်နေတုန်းမှာပဲ ဆလိုဗေးနီးယားတို့ရဲ့ နံပါတ် ၇ ကစားသမား ဗာဗစ်ရဲ့ ဘယ်ဘက်ခြမ်းကန်သွင်းမှုကို အံ့ဩဖွယ်ထပ်မံကာကွယ်သွားပြီး ပေါ်တူဂီကိုကွာတားဖိုင်နယ်ပို့ပြီး သူ့အဖို့လည်း ဥရောပဖလားသမိုင်းတစ်လျှောက် တစ်ပွဲတည်းပင်နယ်လ်တီသုံးလုံးဆက်တိုက်ကာကွယ်နိုင်သူဆိုတဲ့ ထူးခြားလှတဲ့ သမိုင်းဝင်မှတ်တမ်းသစ်ကို ရယူသွားခဲ့ပါတယ်။ တကယ်တော့ ဒီယိုဂိုကော်စတာအဖို့ ပင်နယ်လ်တီသုံးကြိမ်ကာကွယ်မှုမှတ်တမ်းက အဆန်းတော့မဟုတ်ဘဲ ၂၀၂၂-၂၀၂၃ ရာသီကလည်း ချန်ပီယံလိဂ်မှာ ပင်နယ်လ်တီသုံးကြိမ်ကာကွယ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းရရှိထားသူပါ။ လာမဲ့ ဇူလိုင် ၆ ရက်နေ့မှာ ပေါ်တူဂီဟာ ဘယ်လ်ဂျီယံကို ၁ ဂိုးအသာနဲ့နိုင်လာတဲ့ ပြင်သစ်နဲ့ထိပ်တိုက်တိုးမှာဖြစ်ပြီး အဲဒီပွဲစဥ်မှာရော ပြင်သစ်ကိုကျော်ဖြတ်ပြမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာပါပဲ....။ #diogocosta #ဒီယိုဂိုကော်စတာ #ပေါ်တူဂီ #portugal #cr7 #ronaldo #slovenia #penalty #hattricksaves #mtsports #MTEntertainment
نمایش همه...
👍 29 4👏 2🏆 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.