ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 718
مشترکین
اطلاعاتی وجود ندارد24 ساعت
-747 روز
-30530 روز
آرشیو پست ها
4 716
ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေ
ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေပြီး ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် မြိတ်နှင့် ထားဝယ်ကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းအပိုင်းမှာ သွားလာ၍မရသည်အထိ ပျက်စီးခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၈ ရက်မှစပြီး ယာဉ်ငယ်များ စမ်းသပ်သွားလာခဲ့ပြီး ကားကြီးများက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ထွက်ခွာနေသော်လည်း လမ်းခရီးအခြေအနေမှာ ဆိုးရွားနေကြောင်း သိရသည်။
Noted: PDF ကျန်နေသေးတော့ လမ်းခင်းရင်လည်း အစိုးရအလုပ်တွေဖျက်စီးတယ်ဆိုပြီး နှောင့်ယှက်နေကြတာ မျက်မြင်ပါပဲ။ ဘာပဲပြောပြော ဒေသတည်ငြိမ်အေးချမ်းမှု မရှိရင်တော့ မလွယ်တဲ့ အခြေအနေတွေပါ။
4 716
ချင်းမိုင်ရှိ အဆောင်ခန်းတစ်ခုမှ အိုက်စ် ၂၈၇ ကီလိုဂရမ် သိမ်းဆည်းရမိ၊ အခန်းငှားနေထိုင်သူ မြန်မာနိုင်ငံသား ထွက်ပြေးတိမ်းရှောင်
𝙊𝘾𝙏~𝟏𝟐
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြိုနယ်ရှိ အဆောင်ခန်းတစ်ခုကို ရဲတပ်ဖွဲက ဝင်ရောက်ရှာဖွေရာမှ အိုက်စ်မူးယစ်ဆေးဝါး ၂၈၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး အခန်းငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထိုင်းသတင်းဌာနများက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြထားသည်။
4 716
ထရမ့်စတိုင်နဲ့ ရုရှားဒီဇယ်ကို ဝယ်ဖိုအတွက် ဂျာမန်အတိုက်အခံပါတီတွေပြောပြီ
အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ )
ဂျာမနီနိုင်ငံရဲ့ အတိုက်အခံပါတီ နှစ်ခုဖြစ်တဲ့ လက်ယာစွန်း AfD ပါတီနဲ့ လက်ဝဲစွန်း BSW ပါတီတိုက ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုတွေ ပြန်စကြဖို တောင်းဆိုလာကြတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားနဲ့ ဒီဇယ်တင်သွင်းတဲ့ သဘောတူညီချက် လုပ်လိုက်တာကို အတုယူပြီး လုပ်သင့်တယ်လို ဆိုပါတယ်။ ဂျာမနီမှာ စက်သုံးဆီဈေးတွေ အရမ်းကြီးလာပြီး ဥရောပရဲ့ အကြီးဆုံးစီးပွားရေးကိုပါ ထိခိုက်လာနေတာကြောင့် ဝန်ကြီးချုပ် ဖရိုင်ဒရစ်မားဇ် ရဲ့ ပိတ်ဆိုအရေးယူမှု မူဝါဒကို အခုလို စိန်ခေါ်လာကြတာပါ။
4 716
တစ်နေ့ကို ကော်ဖီ ၅ ခွက်သောက်ပေးလျှင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း လေ့လာတွေ့ရှိ
12 October 2026
■ American Heart Association - AHA ရဲ့ နောက်ဆုံးလေ့လာသုံးသပ်ချက်အရ သာမန်လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ အထိ သောက်သုံးပေးတာဟာ ဘေးကင်းမှုရှိတယ်လို သိရပါတယ်။
■ "ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်" လို သုတေသီ Dr. Gregory M. Marcus က ပြောပါတယ်။
■ "သကြားနဲ့ တခြားဖြည့်စွက်စာတွေ မပါတဲ့ ကော်ဖီကို တစ်နေ့ ၅ ခွက်အထိ (ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ ခန့်) သောက်ပေးတာဟာ စိတ်ချရပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကိုလည်း မမြင့်တက်စေပါဘူး။"
■ လေ့လာမှုတွေအရ ကော်ဖီကို သင့်တော်ရုံ သောက်သုံးပေးတာဟာ နှလုံးပျက်စီးမှု၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
4 716
မြန်မာ (ယူ-၁၇)သမီးငယ်များ အပြင်းအထန်ကြိုးစားရလိမ့်မည်
မြန်မာ (ယူ-၁၇)သမီးငယ်များဟာ ခြေစစ်ပွဲမှာ ဂူအမ် ကို (၉)ဂိုးပြတ်၊ ထိုင်ဝမ်ကို (၂-၁)နဲ့ နိုင်ပြီး AFC U17 Women's Asian Cup ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရသွားပါပြီ။
မြန်မာ - ထိုင်ဝမ် ပွဲစဉ်မှာလည်း ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ကနေ အသည်းအသန် ကြိုးစားရုန်းကန်ပြီး အနိုင်ဂိုး ရရှိခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။
မြန်မာ (ယူ-၁၇) သမီးငယ်လေးများမှာ တစ်ယောက်ချင်းစွမ်းရည်တွေ ရှိကြသလို စုစည်းမှုလည်း အထိုက်အလျှောက် ကောင်းတယ်လို ဆိုရပါမယ်။
သိုသော် ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းက ဆီနီယာအမျိုးသမီးလက်ရွေးစင်အသင်းကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို သင်ခန်းစာယူရမှာပါ။ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တိုနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ခြေစွမ်းပိုင်း၊ သက်လုံပိုင်း၊ တစ်ဦးချင်းစွမ်းရည်ပိုင်း လိုက်လိုမမီသေးတာကို အထင်အရှား တွေ့ခဲ့ရတယ်။
ဒါကြောင့် တိုတိုကျဉ်းကျဉ်း တိုက်တွန်းအားပေးစကား ပြောလိုတာက ဒေသတွင်း ပြိုင်ဘက်တွေမှာ သူတင် ကိုယ်တင် ခြေစွမ်းမျိုးရှိပါတယ်။ သိုသော် အာရှထိပ်သီးအသင်းတွေရဲ့ ခြေစွမ်းပိုင်းကို လေ့လာပြီး ပြင်ဆင်ထားမှ နောက်တစ်ဆင့်မှာ အကောင်းဆုံးရလဒ်တွေ ရယူနိုင်လိမ့်မယ်။ အဓိကအားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တိုကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အခြေအနေမျိုးကို ရောက်အောင် ကြိုးစားပြင်ဆင်ထားမှသာ အောင်မြင်မှုတွေ ရရှိနိုင်ပါလိမ့်မယ်။
4 716
အင်းလေးဖောင်တော်ဦးပွဲတော် စတင်ပြီ
ညောင်ရွှေ၊ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားပွဲတော်သည် ယနေ့ (အောက်တိုဘာ ၁၂)၌ စတင်ကျင်းပနေပြီဖြစ်သည်။
ယနေ့တွင် ဖောင်တော်ဦးကျောင်းတော်မှ ရွှေအင်းတိန်သိုဒေသစာရီ ကြွချီတော်မူမည် ဖြစ်သည်။ ပွဲတော်သည် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
4 716
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခင်းအကျင်းနဲ့ LFC ရဲ့ လက်ဝှေ့ပြိုင်ပွဲ
LFC တည်ထောင်သူတစ်ဦးဖြစ်တဲ့ Nick Chapman က လက်ဝှေ့ကို ကမ္ဘာ့အဆင့် မြှင်တင်ဖိုလုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်လို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အချိန်နဲ့အမျှ တင်ပြပေးနေပါတယ်။ သူတိုရဲ့ ဆောင်ရွက်မှုပုံစံကို ကြည့်ရတာနဲ့တင် အတော်လေး အားရကျေနပ်နေမိပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာ့လက်ဝှေ့အားကစားဟာ မြှင့်တင်မယ့်သူမရှိလို ပုံရိပ်ကျဆင်းနေတဲ့ အခင်းအကျင်းမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေက စိတ်ဝင်တစားရှိပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးပြီး Lethwei Fighting Championship (LFC) ဆိုတာကို တစ်ဆင့်ချင်းတက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ပြင်ဆင်မှု ကာလအားဖြင့်လည်း တော်တော်လေး အချိန်ယူကြိုးစားလုပ်ဆောင်လာတာကို တွေ့ရပါတယ်။
4 716
ဂျပန်ရောက် မြန်မာနိုင်ငံသားများ ကောင်စစ်ကိစ္စများအတွက် လျှောက်လွှာပုံစံအသစ်ကိုသာ အသုံးပြုရမည်
ဂျပန်နိုင်ငံရှိ မြန်မာသံရုံး (တိုကျို) က ကောင်စစ်ဆိုင်ရာကိစ္စများ လျှောက်ထားရာတွင် အသုံးပြုရမည့် Application Form များကို ပြင်ဆင်အသစ်ပြောင်းလဲထားကြောင်း အသိပေးထားပါတယ်။
ဒါကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှစပြီး သံရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ လျှောက်လွှာပုံစံအသစ်ကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။
ထို့အပြင် လျှောက်လွှာနဲ့အတူ ထပ်မံတင်ပြရမယ့် စာရွက်စာတမ်းတွေကိုလည်း ဝက်ဘ်ဆိုက်မှာ အစိမ်းရောင်နဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လျှောက်ထားမှု မမှားယွင်းစေဖို့ သံရုံးဝက်ဘ်ဆိုက်က လျှောက်လွှာပုံစံအသစ်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။
4 716
ထရမ့်အဆိုပြုသည့် ‘စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ကို ထောက်ခံကြောင်း ဇယ်လင်စကီးဆို
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်တရမ့် ကြေညာခဲ့သည့် ရုရှားနှင့် စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အသေးစိတ်အချက်အလက်များကို စောင့်ဆိုင်းလျက်ရှိပြီး၊ ယင်းကဲ့သိုသော သဘောတူညီချက်မျိုးကို ယူကရိန်းအနေဖြင့် ထောက်ခံကြောင်း ပြောကြားသည်။
4 716
ရန်ကုန်တွင် လမ်းဖြတ်ကူးစည်းကမ်းဖောက်ဖျက်သူများကို ယနေ့မှစတင်ကာ ထိရောက်စွာ အရေးယူမည်
𝙊𝘾𝙏~𝟏𝟐
ရန်ကုန်မြိုတော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးရာ၌ သတ်မှတ်ထားသည့် လူကူးနေရာများကို အသုံးမပြုဘဲ စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာထားသည်။
4 716
ဗြိတိန်ရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ကျားခြံဝင်းအတွင်းဝင်သည့် အမျိုးသားတစ်ဦး ကျားကိုက်ခံရပြီး သေဆုံး
ဗြိတိန်နိုင်ငံရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ကျားခြံဝင်းအတွင်းဝင်ခဲ့သည့် အမျိုးသားတစ်ဦးကို ဆိုက်ဘေးရီးယား ကျားတစ်ကောင်က ကိုက်ခဲခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲက ပြောကြားခဲ့သည်။
4 716
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သို တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို
နေပြည်တော်၊ အောက်တိုဘာ ၁၁
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) သို တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်း တွင် ကျိုင်းတုံမြိုရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲဝင်များ တက်ရောက်ကြသည်။
4 716
အစိုးရဝန်ထမ်းအင်အား တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ထိုင်းနိုင်ငံတွင် စောစီးစွာအငြိမ်းစားယူရေးအစီအစဉ် ကျင့်သုံးမည်
ထိုင်းနိုင်ငံတွင် အစိုးရအသုံးစရိတ် လျှော့ချနိုင်ရေးအတွက် အစိုးရဝန်ထမ်းအင်အားကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ရည်ရွယ်၍ ဝန်ထမ်းများ စောစီးစွာအငြိမ်းစားယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ရန် စီစဉ်နေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ပခွန်း နီးလ်ပရာပန့်က ပြောကြားသည်။|
အဆိုပါအစီအစဉ်တွင် ကနဦးအနေဖြင့် အသက် ၅၀ နှင့်အထက် အစိုးရဝန်ထမ်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးအခြေအနေ သိုမဟုတ် မိသားစုဝင်များအား ပြုစုစောင့်ရှောက်ရန် လိုအပ်ချက်ရှိသည့် အသက် ၄၀ နှင့်အထက် ဝန်ထမ်းများကိုလည်း ပါဝင်ခွင့်ပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အစီအစဉ်၏ ပထမအဆင့်အတွက် အစိုးရက ဘတ် ၇ ဘီလျံခန့် သုံးစွဲရမည်ဟု ခန့်မှန်းထားပြီး စောစီးစွာအငြိမ်းစားယူမည့် ဝန်ထမ်းများအား လစဉ်လစာ၏ ၁၂ ဆထက်ပိုသော လျော်ကြေးငွေ ပေးအပ်နိုင်ရန် စဉ်းစားလျက်ရှိသည်။
4 716
နီပေါအလယ်ပိုင်း၌ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး အိမ်များ၊တံတားများ မျောပါ
အောက်တိုဘာ ၁၁ ရက်က နီပေါနိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသတွင် အင်အားပြင်းသည့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားရာ မြစ်တစ်စင်းရေလျှံသွားခဲ့ပြီး အိမ်အများအပြား မျောပါသွားခဲ့သည်။
ကားလမ်းများ ပျက်စီးသွားသည့်အပြင်တံဝာားများနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ပျက်စီးသွားခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားသည်။
ဘူဒီဂန်ဒါကီမြစ်ရေကြီးမှုသည် မြစ်ညာပိုင်း၌ မြေပြိုခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရေမျက်နှာပြင် ရုတ်တရက်မြင့်တက်လာခဲ့သည်ဟု နီပေါရဲတပ်ဖွဲပြောရေးဆိုခွင့်ရှိသူ အဘီနာရာယန်ကာဖယ်က ပြောကြားခဲ့သည်။
4 716
ရုရှားသမ္မတဗလာဒီမာပူတင်က ယူရိန်းစစ်ပွဲကို ပြေငြိမ်းလိုနေသည်ဟု သမ္မတဒေါ်နယ်ထရန့် ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကရုရှားသမ္မတ ဗလာဒီမာပူတင်သည်ယူကရိန်းစစ်ပွဲတွင် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလိုသော်လည်းယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန် ငြင်းဆန်နေသည်ဟု ပြောကြားခဲ့သည်။
4 716
ရွှေရောင်ကိုယ်လုံးတီးပုံဖြင့် ထရန့်ရုပ်တုကို ဥရောပပါလီမန်တွင် ပြသ
ပြင်သစ်နိုင်ငံ စထရာ့စ်ဘတ်မြိုရှိ ဥရောပပါလီမန် အဆောက်အအုံအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သရော်ထားသည့် ရွှေရောင်ရုပ်တုတစ်ခုကို ပြသခဲ့သည်။
ဒိန်းမတ်အနုပညာရှင် ယန်းစ်ဂဲလ်ရွှတ်၏ လက်ရာဖြစ်ပြီး အမြင့် ၂ ဒသမ ၅ မီတာရှိ အဆိုပါရုပ်တုကို “Orange Plague” ဟု အမည်ပေးထားသည်။ ထိုရုပ်တုကို ရွှေ ၂၃ ကာရက်ဖြင့် အုပ်ထားကြောင်း ဖန်တီးသူကဆိုပြီး “မတရားမှုတို၏ဘုရင်” ဟုလည်း ခေါ်သည်။
ရုပ်တုတွင် အမေရိကန်သမ္မတ ထရန့်က ပိန်လှီပြီး လူကောင်သေးငယ်သည့် လူတစ်ဦး၏ပခုံးပေါ်တွင် ခွထိုင်နေပုံကို ပုံဖော်ထားသည်။ ထရန့်၏ ပေါင်နှင့် တွဲကျနေသည့်ဗိုက်က ထိုလူ၏ဦးခေါင်းကို တင်းတင်းကျပ်ကျပ် ချုပ်မိုးထားပြီး လက်တစ်ဖက်က ဂေါက်ရိုက်တံရှည်တစ်ချောင်းနှင့် နောက်လက်တစ်ဖက်က တရားမျှတမှုကို ကိုယ်စားပြုသည့်ချိန်ခွင်ကို ကိုင်ထားသည်။
4 716
ရန်ကုန်မြိုတွင်း သတ်မှတ်နေရာမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ အရေးယူမည်
