ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဖိုးမှန်

ဖိုးမှန်

الذهاب إلى القناة على Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
4 707
المشتركون
-324 ساعات
-587 أيام
-29630 أيام
أرشيف المشاركات
စစ်မျက်နှာက ဗန်းမော်တင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကို ဖြန့်ပြီး ထိုးစစ်ဆင်နေတာပါ။ သေချာတာ တစ်ခုက ရခိုင်ကိုလည်း မကြာခင် သတင်းထူ
စစ်မျက်နှာက ဗန်းမော်တင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကို ဖြန့်ပြီး ထိုးစစ်ဆင်နေတာပါ။ သေချာတာ တစ်ခုက ရခိုင်ကိုလည်း မကြာခင် သတင်းထူးတွေ ကြားရတော့မှာမို့ စောင့်ကြည့်ကြပါအုန်း။

မိန်းကလေးတစ်ဦးကို စက်ရုပ်တစ်ရုပ်က မဖွယ်မရာပြုခဲ့မှု ဂျာမနီရဲတပ်ဖွဲ စုံစမ်းစစ်ဆေးနေ ဂျာမနီနိုင်ငံတွင် လူငယ်နှစ်ဦးက ထိန်းချုပ်ထ
မိန်းကလေးတစ်ဦးကို စက်ရုပ်တစ်ရုပ်က မဖွယ်မရာပြုခဲ့မှု ဂျာမနီရဲတပ်ဖွဲ စုံစမ်းစစ်ဆေးနေ ဂျာမနီနိုင်ငံတွင် လူငယ်နှစ်ဦးက ထိန်းချုပ်ထားသည့် စက်ရုပ်တစ်ရုပ်က အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ တင်ပါးကို သွားကိုင်ကာ မဖွယ်မရာများ ပြုလုပ်ခဲ့မှု ဖြစ်ပွားပြီးနောက် ထိုဖြစ်စဉ်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဖြစ်နိုင်ခြေဖြင့် ရဲတပ်ဖွဲက စုံစမ်းစစ်ဆေးနေသည်။ဂျာမနီအနောက်ပိုင်းရှိ ကိုလုံးမြိုတွင် အောက်တိုဘာ ၁၀ ရက်ညမှ အောက်တိုဘာ ၁၁ ရက်မနက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုပ်ပိုင်ရှင်ဟု ယူဆရသည့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် အဖော်တစ်ဦးတိုက ဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ယူကရိန်းနဲ့ သတင်းအချက်အလက် မျှဝေတာကို အမေရိကန်က မရပ်ပါဘူးဟု ထရမ့်ဆို ယူကရိန်းကို သတင်းအချက်အလက်တွေ မျှဝေပေးနေတာကို အမေရိကန်ဘက
ယူကရိန်းနဲ့ သတင်းအချက်အလက် မျှဝေတာကို အမေရိကန်က မရပ်ပါဘူးဟု ထရမ့်ဆို ယူကရိန်းကို သတင်းအချက်အလက်တွေ မျှဝေပေးနေတာကို အမေရိကန်ဘက်က ရပ်တန့်လိုက်တာမျိုး မရှိသေးပါဘူးလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယိုတွင် အဆုတ်ကင်ဆာအမျိုးအစားတစ်ခု စစ်ဆေးတွေ့ရှိ Published 14 October 2026 ■ သက်တော် ၇၁ နှစ်ရှိပြီဖြစ်တဲ့
ပုပ်ရဟန်းမင်းကြီး လီယိုတွင် အဆုတ်ကင်ဆာအမျိုးအစားတစ်ခု စစ်ဆေးတွေ့ရှိ Published 14 October 2026 ■ သက်တော် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ညာဘက်အဆုတ်အစိတ်အပိုင်းကို အင်္ဂါနေ့မှာ ခွဲစိတ်ဖယ်ရှားခဲ့ပြီးနောက် အဆုတ်ကင်ဆာရောဂါ လက္ခဏာတွေ့ရှိခဲ့ရကြောင်း ဗာတီကန်ရဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) အဖွဲဝင်အဖြစ် ယူကရိန်း ရွေးချယ်ခံရ ယူကရိန်းနိုင်ငံဟာ ၂၀၂၇ ကနေ ၂၀၂၉ အထိ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) အဖွဲဝင်အဖြစ် ယူကရိန်း ရွေးချယ်ခံရ ယူကရိန်းနိုင်ငံဟာ ၂၀၂၇ ကနေ ၂၀၂၉ အထိ သုံးနှစ်တာကာလအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) အဖွဲဝင်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

လူမှုကွန်ယက်ပေါ်တွင် မဟာမုနိဘုရားကြီးဂေါပကအဖွဲ၏အမည်ကို အသုံးပြု၍ လိမ်လည်အလှူခံနေသည့် အကောင့်ကို အမှုဖွင့်အရေးယူ
လူမှုကွန်ယက်ပေါ်တွင် မဟာမုနိဘုရားကြီးဂေါပကအဖွဲ၏အမည်ကို အသုံးပြု၍ လိမ်လည်အလှူခံနေသည့် အကောင့်ကို အမှုဖွင့်အရေးယူ

စင်္ကာပူ နဲ့ မလေးရှား ဂျိုဟိုးဗာရူး ကို ၅ မိနစ်ပဲမောင်းမယ့် မောင်းသူမဲ့ ရထား စင်္ကာပူ-Johor Bahru RTS Link အတွက် အသုံးပြု ပြေ
စင်္ကာပူ နဲ့ မလေးရှား ဂျိုဟိုးဗာရူး ကို ၅ မိနစ်ပဲမောင်းမယ့် မောင်းသူမဲ့ ရထား စင်္ကာပူ-Johor Bahru RTS Link အတွက် အသုံးပြု ပြေးဆွဲမယ့် မောင်းသူမဲ့ ရထား ၈ စင်း ထဲက တစီး စင်္ကာပူကို ရောက်ရှိနေပြီး ရထားရဲ့ ပုံစံကို မြင်တွေ့နိုင်ကြပါပြီ ရထားလမ်းကြောင်း စနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ၅၆% ပြီးစီးနေတာဖြစ်လို ၂၀၂၆ အကုန်မှာ ခရီးသည်ဝန်ဆောင်မှု စတင်နိုင်မယ်လို မျှော်မှန်းနေပါတယ်

တက္ကသိုလ်ကျောင်းသားများ ကျောင်းယာယီရပ်နားကာ နှစ်နှစ် စစ်မှုထမ်းရမည်ဆိုသည်မှာ သတင်းအမှားသာဖြစ် တက္ကသိုလ်ကျောင်းသားများ ကျောင်း
တက္ကသိုလ်ကျောင်းသားများ ကျောင်းယာယီရပ်နားကာ နှစ်နှစ် စစ်မှုထမ်းရမည်ဆိုသည်မှာ သတင်းအမှားသာဖြစ် တက္ကသိုလ်ကျောင်းသားများ ကျောင်းယာယီရပ်နားကာ နှစ်နှစ် စစ်မှုထမ်းရမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်သည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲက ထုတ်ပြန်သည်။ Online ပေါ်တွင် Yangon Media ဟု အမည်ရှိသည့် Page တစ်ခုမှ တက္ကသိုလ် ကျောင်းသားများ ယာယီကျောင်းနား၍ စစ်မှုထမ်းဆောင်ရမည် ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းတု /သတင်းမှားများ ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု သိရသည်။

ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၁၂ ဆူ အပေါ်တွင် ပေါက်ရောက်နေသော အပင်များ ဆေးထိုးဖယ်ရှားပြီး ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်
ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၁၂ ဆူ အပေါ်တွင် ပေါက်ရောက်နေသော အပင်များ ဆေးထိုးဖယ်ရှားပြီး ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေ ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၁၂ ဆူ အပေါ်တွင် ပေါက်ရောက်နေသည့် အပင်များအား ဆေးထိုးဖယ်ရှားပြီး ပြုပြင်ထိန်းသိမ်းမှုများအား ၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှစတင်လုပ်ဆောင်နေကြောင်း သိရသည်။ အပင်များ ဆေးထိုးဖယ်ရှားပြီးနောက် ပျက်စီးနေသည့် အုပ်ချပ်များမှ ရေယိုစိမ့်မှု မရှိစေရန် အုပ်ကြားသိပ်ခြင်း နှင့် အင်္ဂတေထိုးသွင်းခြင်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်နေသည့် Future Bangan အဖွဲထံမှ သိရသည်။

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင်၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၈) ရက်နေ့ မှ (၂၄) ရက်နေ့အထိ ကျင်းပမည့် (၅)ကြိမ်မြောက်အာရှမသန်စွမ်းအား
ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင်၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၈) ရက်နေ့ မှ (၂၄) ရက်နေ့အထိ ကျင်းပမည့် (၅)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့သည် အောက်တိုဘာလ ၁၃ ရက် ည‌နေပိုင်းတွင် TG 304 လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ် မှ ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့ မှ တဆင့်  ဂျပန်နိုင်ငံ၊ နာဂိုယာမြို့သို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ကို အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုသိမ်ကန်သုံးဆင့်ပန်းခြံ၌ အပူရှောင်သူများအနားယူနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် အပူရှောင်သူ မ
ပုသိမ်ကန်သုံးဆင့်ပန်းခြံ၌ အပူရှောင်သူများအနားယူနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် အပူရှောင်သူ များစိတ်အေးချမ်းသာစွာအနားယူနိုင်ရေးအတွက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကန်သုံးဆင့်ပန်းခြံအား ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယ ရွေး/ကော်ကို မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဝိုင်းပြနေကြပြီ အောက်တိုဘာ - ၁၄ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ် ဂန္ဒီ ဦးဆောင်တဲ့ အတိုက်အခံဆန္ဒပြသူ ရာနဲ့ချီဟာ မဲဆန္ဒရှင် စာရင်းတွေကို ပြင်ဆင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဂျာနက်ရှ် ကူးမားကို ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုရင်း တနင်္လာနေ့က နယူးဒေလီမြို့ရှိ အိန္ဒိယတရားရုံးချုပ်ဆီကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆယ်စုနှစ်တစ်ခုကျော် ကြန့်ကြာခဲ့သည့် တရုတ်-မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော်တံတားသစ် အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည် တရုတ်နှင
ဆယ်စုနှစ်တစ်ခုကျော် ကြန့်ကြာခဲ့သည့် တရုတ်-မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော်တံတားသစ် အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သည့် နယ်စပ်ဖြတ်ကျော်တံတားသစ်ကို အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်ကို ကိုးကား၍ CNA သတင်းဌာနက ရေးသားထားသည်။

၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ၊ နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး မိသာ
၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ၊ နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး မိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း ================= (၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့သည်။ မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားကို ဗဟန်းမြိုနယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ကျောက်တံတားမြိုနယ်ရှိ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ၌ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

မမြရေလှောင်တမံ တမံအိလျောမှုအခြေအနေများကို ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ တိုးတက်ကောင်းမွန်လာပြီဟုဆ
မမြရေလှောင်တမံ တမံအိလျောမှုအခြေအနေများကို ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ တိုးတက်ကောင်းမွန်လာပြီဟုဆို 14 October 2026 ■ မြန်အောင်ခရိုင်၊ မြန်အောင်မြိုနယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက်နေ့နံနက်တွင်တမံအောက်ပိုင်းအိလျောကျမှုဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ကုသမှုကြောင့် တစ်ဆထက်တစ်ဆ အခြေအနေတိုးတက်ကောင်းမွန်လာနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ၏ ထုတ်ပြန်ချက်အရသိရသည်။ ■ အဆိုပါ မမြရေလှောင်တမံသည်မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၁၅ ပေ မှ ယနေ့တွင် တမံရေမှတ်လျော့ကျမှုမှာ ၃၁၀.၃ ပေသို စုစုပေါင်း ၄.၇ပေ တမံရေလျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း

အိန္ဒိယတွင် ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံရ ၏ အိန္ဒိယတွင် ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်နှစ
အိန္ဒိယတွင် ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံရ ၏ အိန္ဒိယတွင် ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံ၏ လူငယ်များ ဦးဆောင်သည့် ပိုးဟပ် ဂျန်တာပါတီ (CJP) ၏ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သော အာရှူးတော့ရှ် ရန်ကာနှင့် ဆူရာ့ဗ် ဒက်စ်တိုသည် တရားမဝင် ကျူးကျော်ဝင်ရောက်မှု စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံခဲ့ရကြောင်း အဆိုပါ ပါတီက ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် CI စခန်း ၅ ခု ယနေ့ ပြန်လည်ဖွင့်လှစ် 14 October 2026 ■ ထိုင်းနိုင်ငံတွ
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် CI စခန်း ၅ ခု ယနေ့ ပြန်လည်ဖွင့်လှစ် 14 October 2026 ■ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အ ထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်း ၅ ခုကို ယနေ့ အောက်တိုဘာ ၁၄ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မူဆယ် ရေပြာအိုင်တွင် ရေကစားရာမှ လူငယ် ၂ ဦး ရေနစ်သေဆုံး ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ် ကျင်စန်းကျော့နှင့် ကြူကုတ်ပန်ဆိုင်
မူဆယ် ရေပြာအိုင်တွင် ရေကစားရာမှ လူငယ် ၂ ဦး ရေနစ်သေဆုံး ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ် ကျင်စန်းကျော့နှင့် ကြူကုတ်ပန်ဆိုင်းကြား ရေပြာအိုင် ရေတံခွန်တွင် ရေနစ်ပျောက်ဆုံးသွားသူ ၂ ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ အောက်တိုဘာ ၁၁ ရက်တွင် ရေပြာအိုင် ရေတံခွန်သို မူဆယ်မြိုမှ လာရောက်လည်ပတ်သူ ၂ ဦးသည် ရေဆော့ကစားရာမှ ရေနစ်မြုပ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းပျောက်ဆုံးနေသည့်သူများကို ဒေသခံများ ရေငုပ်ကျွမ်းကျင်သူများ ပရဟိတအသင်းများက စုပေါင်းရှာဖွေကြရာ အောက်တိုဘာ ၁၃ ရက်တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လိမ်လည်မှုလုပ်ငန်းများ သည် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာ မြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်
အိန္ဒိယနိုင်ငံတွင် လိမ်လည်မှုလုပ်ငန်းများ သည် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာ မြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်ခဲ့ကြပြီး ပြည်သူများလည်း ဒီလုပ်ငန်းတွေရဲ့ သားကောင်အဖြစ်နဲ့ နစ်နာဆုံးရှုးမှုတွေ ဖြစ်ခဲ့ရပါတယ်။ အဓိက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်ရာ ကရင်ပြည်နယ် ရွှေကုက္ကို၊ KK Park တိုမှာ ယနေ့အချိန်အထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်ရာ အဆောက်အဦများကို အစိုးရက ဖြိုချဖျက်ဆီးရှင်းလင်းမှုများ ယနေ့တိုင် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းဟာ ဒီနေရာမှာ အခြေပြုပြီး ကမ္ဘာအရပ်ရပ်က သားကောင်များကို ပစ်မှတ်ထားတဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။

လူ့ဦးနှောက်ဟာ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ ဇီဝဗေဒဆိုင်ရာ အပြောင်းအလဲကြီးတစ်ခုကို ဖြတ်သန်းရတယ်လို သိပ္ပံပညာရှင်တွေဆို 14 October
လူ့ဦးနှောက်ဟာ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ ဇီဝဗေဒဆိုင်ရာ အပြောင်းအလဲကြီးတစ်ခုကို ဖြတ်သန်းရတယ်လို သိပ္ပံပညာရှင်တွေဆို 14 October 2026 ■ Science ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတွေ့ရှိချက်အရ လူ့ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ သင်ယူမှုကို ထိန်းချုပ်ပေးတဲ့ hippocampus အပိုင်းဟာ အသက်အရွယ်အလိုက် တစ်သမတ်တည်း တဖြည်းဖြည်းတရိပ်ရိပ် အိုမင်းသွားတာမျိုး မဟုတ်ဘဲ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ ဇီဝဗေဒဆိုင်ရာအပြောင်းအလဲကြီးတွေကို သိသိသာသာ ကြုံတွေ့ရတယ်လို သိရပါတယ်။ ■ အဓိက တွေ့ရှိချက်တွေအနေနဲ့ကတော့ ဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေ  နေရာမှာ သွေးဖြူဥဆဲလ် တွေနဲ့ တူတဲ့ဆဲလ်တွေက ဝင်ရောက်နေရာယူလာခြင်း၊ အာဟာရနဲ့ ပံ့ပိုးပေးတဲ့ ဆဲလ်တွေ သိသိသာသာ လျော့ပါးလာခြင်းနဲ့ မျိုးဗီဇထိန်းချုပ်မှုတွေကို ပြောင်းလဲစေနိုင်တဲ့ DNA ရဲ့ သုံးဖက်မြင် ဖွဲစည်းပုံတွေပျက်ယွင်းလာတာတွေပဲ ဖြစ်ပါတယ်။