ဖိုးမှန်
前往频道在 Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
显示更多未指定国家未指定类别
1 371
订阅者
+124 小时
+17 天
+130 天
帖子存档
1 371
+9
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီး အောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
https://t.me/phoehmann007
#ဖိုးမှန်
1 371
+1
မန္တလေး-မြစ်ကြီးနားရထားလမ်းတွင် သံလမ်းထိန်းကလစ်များ ခိုးယူခံရ၍ ရထားလမ်းချော်မှုဖြစ်
📌 မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် သံလမ်းထိန်းကလစ်များ အခိုးခံရခြင်းကြောင့် လုံခြုံရေးကင်းလှည့်ရထား လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ခဲ့၊၊
🔹 ဇူလိုင် ၂၂ ရက်က အဆိုပါလမ်းပိုင်းတွင် ကင်းလှည့်ရထား စက်ခေါင်းနှင့်တွဲ ၂ တွဲ လမ်းချော်ခဲ့သဖြင့် ရထားလမ်းပိုင်းကို ယာယီပိတ်ခဲ့ရ၊၊
🔹 သံလမ်း ၆ ဆက်အတွင်းရှိ သံလမ်းထိန်းကလစ် ၄၀၈ ခု ဖြုတ်ယူခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြုပြင်ပြီးနောက် ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်၊၊
💀 ဒီလို ပြည်သူတွေ ထိခိုက်အောင်လုပ်တတ်တာ ဘယ်အဖွဲ့တွေလဲဆိုတာ ထွေထွေထူးထူး ပြောနေဖို့မလိုဘူး ထင်ပါတယ်
#ဖိုးမှန်
#Myanmar #Railway #MandalayMyitkyina #LocalNews
1 371
+1
ကလေးနှင့် မန္တလေးတွင် ကျပ် ၂.၉၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅.၆ သိန်း ဖမ်းဆီးရမိ
📌 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် ကလေးနှင့် မန္တလေးမြို့တို့တွင် စုစုပေါင်း ငွေကျပ် ၂.၉၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅.၆ သိန်းကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဥပဒေဖြင့် အရေးယူထားပါတယ်၊၊
🔹 ကလေးနှင့် မန္တလေးတွင် ဆက်တိုက်ဖမ်းဆီးမှုများကြောင့် ပါဝင်သူအများအပြားကို ဖမ်းဆီးနိုင်ခဲ့သော်လည်း အဓိကတရားခံနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်၊၊
🔹 မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရပါ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါတယ်၊၊
#ဖိုးမှန်
#Myanmar #DrugsSeizure #Kalay #Mandalay #LocalNews
1 371
+4
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: မနက်ဖြန်နံနက်အထိ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းတို့တွင် မိုးပိုလာနိုင်ပါသည်)
🌧သတိပြုရန် (မိုးတိမ်တောင်): ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း(မြောက်/အရှေ့) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ၎င်းတို့ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားအသင့်အတင့်ရှိနေသဖြင့် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၇ ပေ မှ ၉ ပေခန့် ရှိနိုင်ပါသည်)
မြို့ကြီးများ: နေပြည်တော်နှင့် ရန်ကုန်တွင် မိုး (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ရွာမည်ဖြစ်ပြီး၊ မန္တလေးတွင် နေရာကွက်ကျား မိုးရွာပါမည်။ (ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်)
#ဖိုးမှန်
1 371
DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သူ အမျိုးသမီးလေးဦး အမှုဖွင့်အရေးယူ
🚆 ရန်ကုန်-မန္တလေး DEMU ရထားပေါ်တွင် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေရန် စကားကျယ်လောင်စွာပြောဆိုခြင်း၊ ထိုင်ခုံများတွင် ကွမ်း/ထုံးနှင့် ကွမ်းတံတွေးများ ပေကျံစေခြင်းတို့ ပြုလုပ်ခဲ့သည့် အမျိုးသမီးလေးဦးကို အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရှိရပါတယ်။
🔹 ပျဉ်းမနားမြို့နေ ခင်မာလွင်၊ ဖြူဖြူလွင်၊ သန်းသန်းထွေးနှင့် ခင်သန္တာအောင်တို့ လေးဦးသည် ဇူလိုင် ၂၀ ရက်က ရန်ကုန်-မန္တလေး DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းနှင့် အခြားခရီးသည်များကို စိတ်ငြိုငြင်စေရန် ပြုမူခဲ့ကြပါတယ်။
🔹 တာဝန်ရှိသူများက ဇူလိုင် ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်း၌ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရှိရပါတယ်။
ဒို့မြန်မာတွေ စည်းကမ်းရှိဖို့လိုပြီ
#ဖိုးမှန်
#Myanmar #DEMUTrain #Railway #LocalNews
1 371
နာတတ်ပါစေ... ဗမာ(PDF) တွေ...
သူတို့ ကချင် ရှောရင်တော့ မရ ရအောင် အလောင်းပြန်သယ်ပြီး... ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးတယ်...
မင်းတို့ PDF တွေ ရှောရင်တော့ မြင်တဲ့အတိုင်းပဲ...
ရှင်စဉ်လည်း အသုံးချခံ... သေတော့လည်း စွန့်ပြစ်ခံ...
ဒါတောင်မှ မနာတတ်သေးရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲပေါ့
https://t.me/phoehmann007
#ဖိုးမှန်
1 371
📰 နေပြည်တော်မှာ သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်ပြီ👴👵
အခြေခံကျန်းမာရေးစောင့်ရှောက်မှု: ဂေဟာသို့ လာရောက်ဝန်ဆောင်မှုယူမည့် သက်ကြီးပုဂ္ဂိုလ်များကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်။
လူမှုရေးဝန်ဆောင်မှုနှင့် အပန်းဖြေခြင်း: လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အပန်းဖြေအနားယူမှုများကို ရရှိခံစားနိုင်မည် ဖြစ်။
အသိပညာများ ပြန်လည်ဝေမျှခြင်း: သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ အသိပညာများကို ပြန်လည်ဝေမျှပေးနိုင်သည့် ဝါသနာပါရာလုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်း သိရှိရ။
#ဖိုးမှန်
#Myanmar #NayPyiTaw #ElderlyCare #LocalNews
1 371
+6
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် အထက်တည်ရှိနိုင်။
🚨 စစ်တောင်းမြစ်ရေ တောင်ငူမြို့၌ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
☁️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။
https://t.me/phoehmann007
#ဖိုးမှန်
1 371
လာမည့် ၄၈ နာရီအတွင်း စစ်တောင်းမြစ်ရေ တောင်ငူမြို့၏စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
ပဲခူးတိုင်းရှိ စစ်တောင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၂၃ ရက်ညနေပိုင်းက တိုင်းထွာချက်အရ တောင်ငူမြို့၏စိုးရိမ်ရေမှတ်အောက် (၃)ပေခွဲကျော်အလိုတွင်ရောက်ရှိနေကြောင်း သိရှိရ။
1 371
+2
Press Statement on the ASEAN Five-Point Statement, known as the ASEAN Five-Point Consensus
1 371
+2
အာဆီယံတူညီဆန္ဒ (၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅)ရပ်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်။
1 371
ရေဘေး အသိပညာပေး
🚨“ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ”🚨
https://t.me/phoehmann007
#ဖိုးမှန်
1 371
📰 တိုကျိုတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် လူ ၂၆၀ ကျော် အရေးပေါ်ဆေးရုံတင်ရ
🌡 ဂျပန်နိုင်ငံတဝန်း အပူလှိုင်းဆက်တိုက်ဖြတ်နေတာကြောင့် ဇူလိုင်လ ၂၁ ရက်က တိုကျိုမြို့မှာ အပူရှပ်တယ်လို့ ယူဆရသူ လူနာ ၂၆၁ ယောက်ကို ဆေးရုံသို့ တင်ပို့ကုသခဲ့ရပါတယ်။
💬 အဓိက အချက်များ:
🔹 ဇူလိုင် ၂၁ ရက် ည ၉ နာရီအထိ ရရှိတဲ့စာရင်းတွေအရ ဒါဟာ ၂၀၂၂ ခုနှစ်မှစတင် မှတ်တမ်းတင်ခဲ့တဲ့အချက်အလက်တွေထဲမှာ တစ်ရက်တာအမြင့်ဆုံးစံချိန် ဖြစ်လာခဲ့ပါတယ်။
🔹 အရေးပေါ် လူနာတင်ယာဉ်ပြေးဆွဲမှု ၃,၄၅၄ ကြိမ်အထိ ရှိခဲ့ပြီး ၁၉၆၃ ခုနှစ် စာရင်းစတင်ကောက်ယူကတည်းက အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
🔹 အပူရှပ်လူနာတွေထဲမှာ အသက် ၈၀ အရွယ်တွေက ၅၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး အသက် ၇၀ အရွယ် ၅၃ ယောက်နဲ့ အသက် ၅၀ အရွယ် ၂၇ ယောက် အသီးသီးပါဝင်ကာ ဇူလိုင် ၂၁ ရက်က တိုကျိုမြို့လယ်ခေါင်မှာ အပူချိန် ၃၆ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပါတယ်။
#ဖိုးမှန်
#Japan #Tokyo #Heatwave #LocalNews
1 371
ရခိုင်ပြည်နယ်အတွင်း AA ၏ လူမဆန်သော လုပ်ရပ်များအပေါ် ဝေဖန်မှုများ မြင့်တက်လာနေ
📌ရခိုင်ပြည်နယ် လက်ရှိပဋိပက္ခများအတွင်း AA မှ ဒေသခံများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံ ပြည်သူများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝေဖန်ပြစ်တင်မှုများ မြင့်တက်လာနေပါတယ်။
#ဖိုးမှန်
#Myanmar #Rakhine #AA #HumanRights #LocalNews
