es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
275
Suscriptores
Sin datos24 horas
+27 días
+2630 días
Archivo de publicaciones
◾️လွှတ်တော်ရွေးကောက်ပွဲများ ကာလရွှေ့ဆိုင်းရန် လက်ဘနွန်ခေါင်းဆောင်များ သဘောတူ ယခုနှစ် မေလအတွင်း လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပမည့်အစီအစဉ် ကာလ ရွှေ့ဆိုင်းရေး အဆိုပြုချက်ကို လက်ဘနွန်ခေါင်းဆောင်များက လက်ခံသ ဘောတူထား ကြောင်း မတ် ၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ ယခုသီတင်းပတ်အတွင်း အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုတို့အကြား စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်လွှတ်တော်ရွေးကောက်ပွဲများ ကာလ ရွှေ့ဆိုင်းရန် လက်ဘနွန်ခေါင်းဆောင်များက သဘောတူထားခြင်းဖြစ်သည်။ ယင်းအပြင် လက်ရှိလွှတ်တော်၏ သက်တမ်းကိုလည်း နှစ်နှစ်ထပ်တိုးရန် သဘောတူညီ ချက် ရယူထားကြောင်းလည်း လက်ဘနွန်အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြော ကြားထားသည်။ လက်ဘနွန်နိုင်ငံသည် ၂၀၂၂ခုနှစ်တွင် လွှတ်တော်ရွေးကောက်ပွဲများ နောက်ဆုံးတစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား စစ်ရေးပဋိပက္ခများကြောင့် လွှတ်တော်ရွေးကောက်ပွဲများ ကာလရွှေ့ဆိုင်းထားရေးကို လက်ဘနွန်သမ္မတ၊ ဝန်ကြီးချုပ် နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က သဘောတူထားကြောင်းသိရသည်။ သို့ရာတွင် အထက်ပါ အဆိုပြုချက်ကို အတည်ပြုနိုင်ရေးအတွက်လက်ဘနွန်လွှတ်တော် အမတ်အများစု၏ ထောက်ခံမှုကို ရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း အစိုးရသတင်းအရင်း အမြစ်များက ပြောကြားထားသည်။ ဟစ်ဇ်ဘိုလာအုပ်စုက မတ် ၃ရက်တွင် အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အီရန်စစ်ရေး ပဋိပက္ခတွင် လက်ဘနွန်ကြားညပ်ခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီရန်ပစ်မှတ် ၂၀၀၀ နီးပါးကို တိုက်ခိုက်နိုင်ခဲ့ကြောင်းအမေရိကန် ရေကြောင်းဗိုလ်ချုပ်ကြီး ဘရက်ကူးပါး ပြောကြား ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ မတ် ၃ ရက်အထိ အီရန်နိုင်ငံတွင်းရှိ ပစ်မှတ်ပေါင်း ၂၀၀၀ နီးပါးကို အမေရိကန် စစ်ဘက်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် ပူးတွဲ၍ အီရန်ကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပစ်မှတ်ပေါင်း ၂၀၀၀ နီးပါးကို တိုက်ခိုက်နိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက် အလယ်ပိုင်းစစ်ဒေသ စစ်ဌာနချုပ် အကြီးအကဲရေကြောင်းဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက မတ် ၄ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ မိမိတို့တိုက်ခိုက်နိုင်ခဲ့သော အီရန်ပစ်မှတ်များထဲတွင်ဘလစ်စတစ်ဒုံးကျည်များနှင့် မိမိတို့အား ပစ်ခတ်နိုင်သည့်လက်နက်မှန်သမျှ ပါဝင်ကြောင်း အမေရိကန်ရေကြောင်းဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံတွင်း၌ လူပေါင်း၇၈၇ ဦး သေဆုံးခဲ့ရကြောင်း အီရန်လခြမ်းနီအဖွဲ့က ပြောကြားထားသော်လည်း ယင်းကိန်းဂဏန်းမှာ မှန်ကန်ခြင်း ရှိ၊မရှိ အတည်မပြုနိုင်သေးပေ။ ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး၏ အဆိုအရ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်ခဲ့သော တိုက်ခိုက်မှုသည် ၂၀၀၃ ခုနှစ်အတွင်းအီရတ်နိုင်ငံကို စတင်တိုက်ခိုက်ချိန်ကထက် ပို၍ပြင်းထန်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုများကို အီရန်နိုင်ငံကလည်း အမေရိကန်စစ်စခန်းများ တည်ရှိရာ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့နိုင်ငံများကို ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များ သုံး၍တိုက်ခိုက်တုံ့ပြန်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဧပြီ ၁ ရက်မှစ၍ အခွန်မဆောင်သည့် မိုဘိုင်းဖုန်းများ တစ်လသာ အသုံးပြုခွင့်ရမည် လာမည့် ဧပြီ ၁ ရက်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ခွင့်ပြုစာရင်းတွင်မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်း ဆက်သွယ်ရေးကွန်ရက်များနှင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀)အတွင်းသာ ယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီ က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ကြေညာထားသည်။ အဆိုပါ ကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံတွင်း မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူပြည်သူများ စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် လက်ရှိအသုံးပြုနေသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထိုသို့ ခွင့်ပြုစာရင်းတွင်ပါရှိနိုင်ရန် မတ် ၃၁ ရက် နောက်ဆုံးထား၍ ဖုန်းများတွင် ဆက်သွယ်ရေးကွန်ရက် (MPT ၊ ATOM ၊ U9 ၊ Mytel) များ၏ SIM Card များ ထည့်သွင်း၍ ဖွင့်လှစ်အသုံး ပြုထားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ မိုဘိုင်း လက်ကိုင်ဖုန်း၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI)ကို https://www.ceir.gov.mm ၌ထည့်သွင်းပြီး အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။ နယ်စပ်ဒေသများ၊ အင်တာနက်ရရှိရန်ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

◾️ဗန်ကောက်ငလျင်တွင် သေဆုံး၊ ဒဏ်ရာရရှိခဲ့ သည့် မြန်မာများအတွက် လျော်ကြေးရ ဗန်ကောက်ငလျင်တွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၂၇ဦးနှင့် ဒဏ်ရာရသူ ခုနစ်ဦး အတွက်ဘတ် ၂၈ သန်း လေးသိန်း လျော်ကြေးရရှိခဲ့ကြောင်း မတ် ၃ ရက်တွင် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ချက်တူချပ်(Chatuchak)နယ်မြေ၌၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် ငလျင်ကြောင့် ဆောက်လုပ်ဆဲ အစိုးရစာရင်းစစ်ရုံးအဆောက်အအုံ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မတ် ၂ ရက်တွင် ဗန်ကောက်မြို့တော်ဝင်နာယကအောက်ရှိ ထိုင်းရှေ့နေများကောင်စီ အစည်းအဝေးခန်းမ၌ ငလျင်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ ၎င်းအခမ်းအနားသည် ဖြစ်စဉ်အတွင်း သေဆုံး/ ဒဏ်ရာရသူများအနက် စတုတ္ထအကြိမ် (နောက်ဆုံးအကြိမ်) စိစစ်အတည်ပြုပြီးသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ငလျင်ကြောင့် သေဆုံးသူ မြန်မာအလုပ်သမား ၁၂ ဦးတို့၏ မိသားစုဝင်များအား ITD-CREC ဖက်စပ်လုပ်ငန်းစုမှ ထောက်ပံ့ငွေ ဘတ် တစ်သန်းစီဖြင့် ဘတ် ၁၂ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ယခင်ကလည်း စိစစ်အတည်ပြုမှု သုံးကြိမ်အတွင်း ဒဏ်ရာရသူမြန်မာအလုပ်သမား ခုနစ်ဦးနှင့်သေဆုံးသူ ၁၅ ဦးတို့ကို ITD - CREC ဖက်စပ်လုပ်ငန်းစုမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ငလျင်ကြောင့် ထိုခိုက်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ နစ်နာကြေး ရရှိနိုင်ရန် ဗန်ကောက်မြို့မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့မှ သက်ဆိုင်ရာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ လေးကြိမ်စိစစ်မှုအတွင်း သေဆုံးသူ မြန်မာ အလုပ်သမား ၂၇ ဦးနှင့် ဒဏ်ရာရသူခုနစ်ဦး စုစုပေါင်း ၃၄ ဦးတို့အတွက် သေဆုံးသူ တစ်ဦးလျှင် ဘတ်တစ်သန်းစီနှင့် ဒဏ်ရာရသူ တစ်ဦးလျှင်ဘတ်နှစ်သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ဘတ် ၂၈ သန်းလေးသိန်း ပေးအပ်ထားပြီးဖြစ်ကြောင်းသိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- AP #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမည့်ရေနံတင်သင်္ဘောများကို အမေရိကန် ရေတပ်က လုံခြုံရေး ရယူပေးနိုင် အီရန်စစ်ရေးပဋိပက္ခကာလအတွင်း ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းမည့် ရေယာဉ်များ ကို အမေရိကန်ရေတပ်အနေဖြင့် လုံခြုံရေးအကူအညီပေးနိုင်ကြောင်းသမ္မတ ဒေါ်နယ်ထရန့် က မတ် ၃ ရက်တွင်လူမှုမီဒီယာစာမျက်နှာပေါ်၌ ကြေညာထားသည်။ ယင်းအပြင် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့အနီးပြုလုပ်နေသော ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများ၏ဘဏ္ဍာရေးအရလုံခြုံမှုကို အာမခံချက်ပေးနိုင်မည့် အာမခံမူဝါဒများဖော်ဆောင်ပေးရန်လည်သမ္မတဒေါ်နယ်ထရန့်က ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးရေးဌာန သို့ညွှန်ကြားထားကြောင်း သိရသည်။ လိုအပ်လာခဲ့ပါက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရမည့် ရေနံတင်သင်္ဘောများကို အမေရိကန်ရေတပ်က လုံခြုံရေးပေးမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာ စာမျက်နှာပေါ်တွင် ရေးသားထားသည်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်ရာ ယင်းရေလက်ကြားအား ဖြတ်သန်းရန် ကြိုးပမ်းသော မည်သည့်သင်္ဘောမျိုးကိုမဆို တိုက်ခိုက်မည်ဖြစ်ကြောင်း အီရန် တော်လှန် ရေးအစောင့်တပ်က ခြိမ်းခြောက်ခဲ့ပြီးနောက်သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါ ကမ်းလှမ်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ကိုစစ်ရေးအရတိုက်ခိုက်နေချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်က သတိပေးခဲ့ခြင်းဖြစ်သည်။ ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့၊ အာရေးဗီးယန်းပင်လယ်ကွေ့နှင့် ချိတ်ဆက်ပေး ထားသော ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံထုတ်ကုန် ၂၀ ရာခိုင်နှုန်း နေ့စဉ် ဖြတ်သန်း နေသည့် မဟာဗျူဟာမြောက်ရေလမ်းကြောင်း ဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှု ဖြစ်ပွား ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် ဆီဘောက်ဆာ ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မတ် ၃ ရက် ည ၉ နာရီ ၃၅မိနစ်ခန့်က ကျောက်တံခါးမြို့နယ်ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်- ၁၀၅/၆ နှင့်၇ ကြားတွင် ယာဉ်မောင်း ဦး...(၅၄)နှစ်၊ ရန်ကုန်တိုင်းဒေသကြီတိုက်ကြီးမြို့နယ်နေသူ မောင်းနှင်လာသော Mitsubishi Fuso (အဖြူရောင်)ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားရာသို့ ပဲနွယ်ကုန်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်သုံးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ကျောက်တံခါးမြို့နယ် မီးသတ် စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ခြောက်ဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ စုစုပေါင်း သန္ဓေ တပ်ဖွဲ့ဝင်ကိုးဦး၊ အရန်တပ်ဖွဲ့ဝင် ငါးဦး၊မီးငြှိမ်းသတ်ယာဉ် သုံးစီးတို့ဖြင့် သွားရောက်ခဲ့ပြီး မီးလောင်မှုမဖြစ်ပွားစေရေးအအေးပေးခြင်းနှင့် Foam ဆေးရည်ဖြင့် ကြိုတင်ပက်ဖျန်း ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည် တော် မြို့မဈေး Denko-4 ဆီဆိုင်သို့ ဆီသွား ရောက်ပို့ဆောင် ရန် ရိုးရိုး ဒီဇယ်ဂါလန်၁၁၆၀၊ ပရီမီယံဒီဇယ်ဂါလန်၁၆၂၀ ၊ 95-Octane ဂါလန် ၄၂၀ တင်ဆောင်လာသော ဆီဘောက်ဆာယာဉ်သည် ရန်ကုန်-မန္တလေးလမ်းဟောင်း အဆိုပါ နေရာအရောက် ယာဉ်မောင်းအိပ်ငိုက်ရာမှလမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ ဦးခေါင်းခွံကွဲ၊ ဦးခေါင်းပွင့်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး၊ ယာဉ်နောက်လိုက်ဖြစ်သူမှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ယာဉ်မောင်းအား ပဲနွယ် ကုန်းမြို့ တိုက်နယ်ဆေးရုံသို့ရွှေနွယ်မြေလူမှုကူညီအသင်းမှ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ -CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️စစ်ပွဲများ ထာ၀စဉ်တိုက်နေနိုင်လောက်အောင် လုံလောက်သည့် လက်နက်များ ပိုင်ဆိုင်ထားကြောင်း ထရန့် ပြောကြား စစ်ပွဲများကို ထာ၀စဉ်တိုက်ခိုက်နေနိုင်လောက်အောင် လုံလောက်သည့်လက်နက်များအား အမေရိကန်စစ်ဘက်က ပိုင်ဆိုင်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က မတ် ၃ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ရေးပဋိပက္ခ လေးရက်တာကာလ အတွင်းဝင်ရောက်လာ ချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်ဘက်၏ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်စွမ်းမှာ အကန့်အသတ်မရှိဘဲ စစ်ပွဲများကို ထာ၀စဉ်တိုက်၍ ရနိုင်လောက်အောင် လုံလောက်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည်ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကို အီရန်နိုင်ငံကလည်းပင်လယ်ကွေ့အာရပ်နိုင်ငံများကို တိုက်ခိုက် ခြင်းဖြင့် တုံ့ပြန်ခဲ့ရာ အီရန်စစ်ရေးပဋိပက္ခမှာ ၇၂ နာရီအတွင်း အရှေ့အလယ်ပိုင်းတစ်ခွင်လုံး ပျံ့နှံ့ခဲ့ရသည်။ လက်ရှိအချိန်တွင် အီရန်စစ်ရေးပဋိပက္ခ မည်မျှကြာမြင့်နိုင်မည်ကို သမ္မတဒေါ်နယ်ထရန့်က အတည်တကျ ပြောကြားထားခြင်းမရှိဘဲ သီတင်းပတ်လေးပတ်မှ ငါးပတ်အထိ ကြာမြင့် နိုင်ကြောင်းသာ ပြောကြားထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️နေ့စဥ် အသုံးပြုနိုင်သည့် မော်တော်ယာဥ်အမျိုးအစားထပ်မံဖြည့်စွက်ထုတ်ပြန် လာမည့် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင်ယာဉ်များအနေဖြင့် တစ်ရက်ခြားမောင်းနှင်ရန် သတ်မှတ်ထားမှုတွင် နေ့စဥ်အသုံးပြုနိုင်သည့် မော်တော်ယာဥ်အမျိုးအစားများ ယမန်နေ့(မတ် ၄ ရက်) ညပိုင်းတွင်ထပ်မံဖြည့်စွက်ထုတ်ပြန်သည်။ အဆိုပါမော်တော်ယာဥ်အုပ်စုတွင် (က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊ (ခ)ကုန်စည်ဖြန့်ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊(ဂ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊(ဃ) ကျောင်းကြို/ပို့ယာဉ်များ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ နေ့စဉ်အသုံးပြုသည့် မော်တော်ယာဉ်များအနေဖြင့် သုံးစွဲသည့်အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့်ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံဆောင်ရွက်ကြရန်၊ အထက်ပါ အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများတွင် လည်းကောင်း၊ ယာဉ်များတွင်လည်းကောင်း သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

◾️အီရန်စစ်သင်္ဘောအား ​တော်ပီဒိုဖြင့် နှစ်မြုပ်လိုက်​ဟု ကန်ကာကွယ်ရေးဝန်ကြီး​ပြော အီရန်စစ်သင်္ဘောတစ်စီးကို အ​မေရိကန််​ရေငုပ်သင်္ဘောတစ်စီးက သီရိလင်္ကာကမ်းလွန်၌ နှစ်မြုပ်ပစ်ခဲ့သည်ဟု အ​မေရိကန် ကာကွယ်​ရေးဝန်ကြီး ပိ ဟက်ဆက်က အတည်​ပြု​ပြောကြားခဲ့သည်။ "နိုင်ငံတကာ​​ရေပြင်မှာ လုံခြုံပြီလို့ အထင်​ရောက်​နေတဲ့ အီရန်စစ်သင်္ဘောတစ်စီးကို အ​မေရိကန်​ရေငုပ်သင်္ဘောတစ်စီးက ​တော်ပီဒိုနဲ့ နှစ်မြုပ်ပစ်လိုက်ပါတယ်" ဟု ဟက်ဆက်က သတင်း​ထောက်များကို ​ပြောသည်။ IRIS Dena ဖရီးဂိတ်သင်္ဘောမှ ​ရေတပ်သား ၃၂ ဦး ကိုကယ်ဆယ်ခဲ့​ကြောင်း သီရိလင်္ကာအာဏာပိုင်များက ​ပြောကြားခဲ့ကြသည်။ ကျန်သင်္ဘောသား ၁၄၈ ဦးမှာ ​ပျောက်ဆုံး​နေပြီး ​၎င်းတို့ကို တွေ့ရှိရန် အလားအလာလည်း နည်းပါး​နေသည်။ ဒုတိယ ကမ္ဘာစစ်​​​နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရန်သူ့စစ်သင်္ဘောတစ်စီးအား ​တော်ပီဒိုဖြင့် ​ချေမှုန်းခြင်းကို တိတ်ဆိတ်​သော​​မရဏမင်း ဟု ဟက်ဆက်က ​ပြောသည်။ " အဲဒီစစ်ပွဲမှာလိုပဲ ကျွန်​တော်တို့က အနိုင်ရဖို့ တိုက်​နေတာပါ" ဟု ၎င်းက ဆက်​ပြောသည်။ အီရန်အ​ပေါ် အ​မေရိကန်-အစ္စ​ရေး စစ်ဆင်​ရေး၏ အဓိရည်မှန်းချက်တစ်ခုမှာ အီရန်၏​ရေတပ်ကို အပြုတ်တိုက်​ရေး ဖြစ်​ကြောင်း ပင်တဂွန်က ​ပြောကြားထားသည်။ အီရန်စစ်ပွဲတွင် ကြား​နေ​သ​ဘောထား ရှိ​သောသီရိလင်္ကာက ကယ်ဆယ်ထား​သော အီရန်​နိုင်ငံသားများကို နိုင်ငံ​တောင်ပိုင်း ဂယ်လီမြို့ရှိ ​ဆေးရုံကြီး၌ ​ဆေးကုသမှုပေး​နေ​ကြောင်း သီရိလင်္ကာနိုင်ငံခြား​ရေးဝန်ကြီး ဗီဂျီသာ ဟာရက်သ်က ​ပြောသည်။ ၂၀၁၅ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး အီရန်​တောင်ပိုင်း​ရေယာဥ်အုပ်စု၌ ပါဝင်​သော IRIS Dena ​တိုက်ရေယာဥ်သည် မကြာ​သေးမီက အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့​​သော International Fleet Review 2026 စစ်​ရေး​လေ့ကျင့်မှုတွင် ပါဝင်ခဲ့​ကြောင်း သိရသည်။ သတင်း-ရဲမင်း ကိုးကား-AFP/BBC #နိုင်ငံတကာသတင်း

photo content

◾️အီရန်စစ်ဆင်ရေးဖြစ်နိုင်ခြေအတွက် အမေရိကန်နှင့် ကာ့ဒ်များ ဆွေးနွေးနေ အီရန်နိုင်ငံအ‌နောက်ပိုင်းတွင် အီရန်လုံခြုံရေးတပ်ဖွဲ့ကိစ္စများနှင့်ပတ်သက်၍ အီရန်နိုင်ငံမှ ကာ့ဒ်လက်နက်ကိုင်အဖွဲ့များနှင့်အမေရိကန် မကြာမီရက်ပိုင်းက ဆွေးနွေးခဲ့သည်ဟု ယင်းကိစ္စကိုသိရှိထားသူ သတင်းရင်းမြစ်သုံးဦးက ပြောကြားကြသည်။ အမေရိကန်နှင့် အစ္စရေးက အီရန်ပစ်မှတ်များကို ဒုံးကျည်များ၊ ဗုံးကြဲမှုများဖြင့် အကြီးအကျယ်ထိုးနှက်တိုက်ခိုက်နေကြစဉ် အီရန်၏ စစ်တပ်ပိုမိုအားနည်းသွားစေရေး တိုက်ခိုက်မှုစတင်ရန် အီရန်နိုင်ငံမှ ကာ့ဒ်မဟာမိတ်အုပ်စုများက လေ့ကျင့်နေကြကြောင်း သိရသည်။ ယင်းအဖွဲ့များသည် အီရတ်ကာဒစ်စတန်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ အီရန်-အီရတ်နယ်စပ်တွင် အ‌ခြေစိုက်ထားကြသည်။ ရည်ရွယ်ချက်မှာ အမေရိကန်-အစ္စရေးပူးတွဲ လေကြောင်းထိုးစစ်ကြောင့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမီနီ နှင့် အခြားထိပ်တန်းအရာရှိများ သေဆုံးသွားခဲ့ပြီဖြစ်ရာ အစ္စလာမ်မစ်အစိုးရကို ဆန့်ကျင်သည့် အီရန်နိုင်ငံသားများက ပုန်ကန်ထကြွမှုလုပ်နိုင်ရေး နေရာ ဖန်တီးပေးရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားကြသည်။ စစ်ဆင်မှုလုပ်ရေးနှင့် စတင်မည့်အချိန်တို့နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း အကဲဆတ်သောစစ်ရေးအကြောင်းအရာများကို လွတ်လပ်စွာ ပြောဆိုနိုင်ရန် အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောသည်။ ကာ့ဒ်အုပ်စုများက အမေရိကန်၏ စစ်ရေးအထောက်အပံ့ကို တောင်းဆိုထားကြောင်း နှင့် ကာ့ဒ်ဒေသမှာ အီရတ်ခေါင်းဆောင်များ နှင့် ဘဂ္ဂဒက်မြို့မှ ခေါင်းဆောင်များကလည်း မကြာမီရက်များ၌ ထရန့်အစိုးရနှင့် ဆက်သွယ်နေကြောင်း ၎င်းတို့က ပြောကြားကြသည်။ စီအိုင်အေ က လက်နက်များ ထောက်ပံ့ပေးရေးကို ကာ့ဒ်တပ်ဖွဲ့များက အမေရိကန်နှင့် ဆွေးနွေးနေသည်ဟု သတင်းရင်းမြစ် နှစ်ဦးက ဆိုသည်။ ကာ့ဒ်အဖွဲ့များနှင့် စီအိုင်အေ ပါဝင်ပတ်သက်မှုအကြောင်းကို စီအန်အန် သတင်းဌာနက ဦးစွာဖော်ပြခဲ့ပြီး ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရတ်ကာ့ဒ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တယ်လီဖုန်းပြောကြားခဲ့သည်ဟု Axios သတင်းဌာန က ယခုသီတင်းပတ်အတွင်း ဖော်ပြခဲ့သည်။ စစ်ဆင်‌ရေးစီစဉ်ရာ၌ စီအိုင်အေပါဝင်မှု အတိုင်းအတာ နှင့် ကာ့ဒ်အုပ်စုများနှင့်အတူ အမေရိကန်တပ်ဖွဲ့များလည်း အီရန်ထဲသို့ ဝင်ရောက်သွားမည်လား စသည်တို့ကို ရိုက်တာက သီးခြားအတည်မပြုနိုင်ကြောင်း သတင်းက ဖော်ပြသည်။ သတင်း - ရဲမင်း ကိုးကား - Reuters #နိုင်ငံတကာသတင်း