es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
276
Suscriptores
Sin datos24 horas
+17 días
+2630 días
Archivo de publicaciones
◾️ခါးပိုက်နှိုက်ဖမ်းပေးသည့် ယာဉ်မောင်းအပါအဝင် YBS ယာဉ်မောင်း ၁၀၇ ဦးအားဆုများချီးမြှင့် ရန်ကုန်မြို့အတွင်းမောင်းနှင်နေသည့် YBS ယာဉ်မောင်း ၁၀၇ ဦးအား စံပြယာဉ်မောင်းဆုနှင့် တာဝန်ကျေပွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရုံးချုပ်၌ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ၂၀၂၅ ခုနှစ်အတွက် YBS ယာဉ်မောင်း ၁၀၇ ဦးထဲမှ ၁၀၆ ဦးအား စံပြယာဉ်မောင်းဆု၊ ခါးပိုက်နှိုက်ဖမ်းပေးသည့်ယာဉ်မောင်းတစ်ဦးအား တာဝန်‌ကျေပွန်ဆုတို့ချီးမြှင့်ခဲ့သည်။ "ယနေ့ချီးမြှင့်တဲ့ဆုများဟာ မိမိတို့ရဲ့ကျေးဇူးရှင်များဖြစ်တဲ့ခရီးသွားပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးကို အလေးထားဆောင်ရွက်နိုင်တဲ့ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးအတွက် စံပြယာဉ်မောင်းများနဲ့ မိမိရဲ့ အသက်အန္တရာယ်ကိုပင်ဂရုမစိုက်ဘဲ ခါးပိုက်နှိုက်တစ်ဦးကို ဖမ်းဆီးပြီးရဲစခန်းအပ်နှံခဲ့တဲ့တာဝန်ကျေပွန်ဆုတို့ကို ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်" ဟု YRTC ဒုဥက္ကဌကပြောသည်။ စံပြယာဉ်မောင်းဆုရရှိသည့်ယာဉ်မောင်းများကို တစ်ဦးလျှင် ငွေကျပ်ရှစ်သိန်းချီးမြှင့်ပြီး တာဝန်ကျေပွန်ဆုရရှိသည့်ယာဉ်မောင်းတစ်ဦးကို ငွေကျပ်ငါးသိန်းချီးမြှင့်ကြောင်းသိရသည်။ စံပြယာဉ်မောင်းဆုရွေးချယ်ရာတွင် YRTC မှထုတ်ပြန်ထားသည့် ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ပါ ပြစ်ဒဏ်ကင်းရှင်းသူ၊ Yangon Traffic Control Center နှင့် Yangon Bus Operator (YBO) စစ်ဆေးချက် မှတ်တမ်းပါ ပြစ်မှုကင်းရှင်းသူ၊ YRTC ID Card ရှိသူ၊ ကုမ္ပဏီတွင်အနည်းဆုံးလုပ်သက် (၁) နှစ်နှင့် အထက် မောင်းနှင်ဖူးသူ၊ အလုပ်ဆင်းရက်အများဆုံးနှင့် ခေါက်ရေအများဆုံးမောင်းနှင်ထားသူ၊ ပြစ်မှုပြစ်ဒဏ်ကင်းသူ စသည့်အချက်များကိုအခြေခံပြီး စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်းသိရသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ - ခန့်ညီ #ပြည်တွင်းသတင်း

◾️၂၀၂၅ ခုနှစ်အတွင်း သတင်းရယူရင်းသေဆုံးသူသတင်းသမား ၁၂၉ ဦးရှိ ၂၀၂၅ ခုနှစ်အတွင်း သတင်းရယူရန် ကြိုးပမ်းရင်း သေဆုံးခဲ့ကြရသောသတင်းသမားနှင့် မီဒီယာလုပ်သား အရေအတွက်မှာ ၁၂၉ ဦးအထိ စံချိန်တင်ရှိခဲ့ရကြောင်း အမေရိကန် ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီ(စီပီဂျေ)က ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ်အတွင်း သတင်းရယူရင်း သေဆုံးခဲ့ကြရသော သတင်းသမားနှင့် မီဒီယာလုပ်သား စုစုပေါင်း၏ သုံးပုံနှစ်ပုံမှာ အစ္စရေးတပ်ဖွဲ့ဝင်များ၏ပယောဂကြောင့် သေဆုံးခဲ့ကြရ သူများ ဖြစ်ကြောင်း စီပီဂျေ ၏ အဆိုအရ သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သတင်းသမား ၈၆ ဦး သေဆုံးခဲ့ရာ အများစုမှာ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း သတင်းသမားများ ဖြစ်ကြကြောင်း စီပီဂျေ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ယင်းအပြင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသတ်ဖြတ်မှုအဖြစ် စီပီဂျေကသတ်မှတ်ထားသော သတင်းသမားသေဆုံးမှု ၄၇ မှုအနက် ၈၁ ရာခိုင်နှုန်းမှာအစ္စရေးတွင် တာဝန်ရှိကြောင်း စီပီဂျေအစီရင်ခံစာတွင် သုံးသပ်ထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ယီမင်နိုင်ငံရှိ ဟူသီ သတင်းမီဒီယာဌာနတစ်ခု တိုက်ခိုက်ခံရမှုတွင် မီဒီယာလုပ်သား ၃၁ ဦး သေဆုံးခဲ့ရာ စီပီဂျေက မှတ်တမ်းတင်ခဲ့ဖူးသမျှ မီဒီယာ လုပ်သားသေဆုံးမှု ဒုတိယအမြင့်မားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်အတွင်း သတင်းသမားများသေဆုံးခဲ့ရသော နိုင်ငံများထဲတွင်ဆူဒန်၊ မက္ကဆီကို စသည့်နိုင်ငံများလည်းပါဝင်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️နျူကလီးယားလက်နက်အင်အား မြောက်ကိုရီးယား မြှင့်တင်မည် နျူကလီးယား လက်နက်အင်အားကို မြှင့်တင်တည်ဆောက်ရေးအတွက် မိမိအနေဖြင့် အလေးထားကြိုးပမ်းမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာလိုက်သည်။ ကိုရီးယားအလုပ်သမားပါတီန၀မအကြိမ် ပါတီညီလာခံ ပြီးဆုံးမှုအထိမ်းအမှတ်အဖြစ် ပြုံယမ်းမြို့တော်၌ ကျင်းပခဲ့သော စစ်ရေးပြချီတက်ပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင်က အထက်ပါအတိုင်းကြေညာခဲ့ခြင်းဖြစ်သည်။ အမျိုးသား နျူကလီးယားအင်အားကို မြှင့်တင်ရေး၊ နျူကလီးယား အင်အားရှင်နိုင်ငံအဖြစ် ရပ်တည်ရေးတို့သည် ကိုရီးယားအလုပ်သမားပါတီ၏ ခိုင်မာသောဆန္ဒဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ရေးပြချီတက်ပွဲ၌ ပြောကြားခဲ့သည်။ အလားတူ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှု အလားအလာများမှာ အမေရိကန်အစိုးရ၏ ရပ်တည်ချက်အပေါ် လုံးလုံးလျားလျား မူတည်နေကြောင်းလည်းကင်ဂျုံအန်းက ပြောကြားထားသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် နျူကလီးယားထိပ်ဖူး ၅၀ ခန့် ပိုင်ဆိုင် ထားကြောင်းဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက်နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ခန့်မှန်းထားသည်။ အလားတူ မြောက်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်ထားသည့် နျူကလီးယားကုန်ကြမ်းပမာဏမှာ နျူကလီးယားထိပ်ဖူး အခု ၄၀ ထုတ်လုပ်ရေးအတွက်လုံလောက်မှုရှိကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု၏ အဆိုအရသိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဖုန်ဂျိုင်ထိုင်းပါတီ၏ ရွေးကောက်ပွဲရလဒ်ကို တရားဝင်အတည်ပြု အိမ်စောင့်အစိုးရဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်ဦးဆောင်သော ကွန်ဆာဗေးတစ် နိုင်ငံရေး ပါတီဖြစ်သည့် ဖုန်ဂျိုင်ထိုင်းပါတီ၏ အောက်လွှတ်တော်ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ထိုင်းရွေး ကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၅ ရက်တွင်အတည်ပြုလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သောအောက်လွှတ်တော်ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော လွှတ်တော်အမတ်သစ် ၃၉၆ ဦးတို့၏ ရလဒ်များကို စိစစ်အတည်ပြုခဲ့ပြီးနောက် ဖုန်ဂျိုင်ထိုင်း ပါတီ၏ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ အောက်လွှတ်တော်အမတ်နေရာ ၅၀၀အတွက် ကျင်းပခဲ့သော ဖေဖော်ဝါရီ ၈ ရက် ရွေးကောက် ပွဲတွင် အနိုင်ရရှိထားသော အမတ်သစ်၃၉၆ ဦးတို့၏ ရလဒ်များကို အတည်ပြုနိုင်ခဲ့ပြီး ဖုန်ဂျိုင်ထိုင်းပါတီက အမတ်နေရာအများဆုံး ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၌ ဖော်ပြထားသည်။ ရွေးကောက်ပွဲကော်မရှင်၏ အဆိုအရဖုန်ဂျိုင်ထိုင်းပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၁၇၀ ရရှိထားပြီး ပြုပြင်ပြောင်းလဲရေးဝါဒီပါတီဖြစ်သော ပြည်သူ့ပါတီက အမတ်နေရာ ၈၈ နေရာနှင့် ပွေထိုင်းပါတီက အမတ်နေရာ ၅၈ နေရာရရှိထားကြောင်း သိရသည်။ ထိုင်းရွေးကောက်ပွဲ ဥပဒေများအရ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၁၀၀ ကို ပါတီများက စာရင်းတင်သွင်းထားသော အမတ်လောင်းများက ရယူကြရမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် မည်သည့်ပါတီကမျှ ပြတ်ပြတ်သား သား အနိုင်မရခဲ့ခြင်းကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် ဖုန်ဂျိုင်ထိုင်းပါတီနှင့် ပွေထိုင်းပါတီတို့က သဘောတူညီချက် ရယူထားသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်သစ်မခေါ်ယူမီ အနိုင်ရအမတ်လောင်း ၉၅ ရာခိုင်နှုန်း၏ရလဒ်များကို အတည်ပြုပေးရမည်ဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဂျာမနီဝန်ကြီးချုပ် ဖရိုက်ဒရစ်မားဇ်နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့ ပေကျင်းမြို့တော်၌ တွေ့ဆုံ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဂျာမနီဝန်ကြီးချုပ် ဖရိုက်ဒရစ်မားဇ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင်တရုတ်သမ္မတ ရှီကျင်ပင်းနှင့်ပေကျင်းမြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံအနေဖြင့် ဂျာမနီနှင့် တရုတ်တို့အကြား မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် ဆန္ဒရှိကြောင်း ဂျာမနီဝန်ကြီးချုပ်က တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အလားတူ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ရှုပ်ထွေးမှုများပိုများလာချိန်တွင် တရုတ်နှင့် ဂျာမနီ တို့အနေဖြင့် နှစ်နိုင်ငံမဟာဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်ရန်၊နှစ်နိုင်ငံအကြား အပြန် အလှန်ယုံကြည်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းကလည်း သုံးသပ်ပြောကြားခဲ့သည်။ လက်ရှိ တရုတ်ခရီးစဉ်သည်ဂျာမနီဝန်ကြီးချုပ် ဖရိုက်ဒရစ်မားဇ်အတွက် ဝန်ကြီးချုပ်ရာထူး ရယူပြီးနောက်ပိုင်း ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်သည်။ ဂျာမနီဝန်ကြီးချုပ် အနေဖြင့်တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ဂျာမနီနိုင်ငံအတွက် ကုန် သွယ်ရေးလိုငွေ ပြသမှုပြဿနာကိုလျှော့ချရေးအတွက် တရုတ်နှင့်ဂျာမနီတို့ အကြား စီးပွားရေး ဆက်ဆံမှု ပုံစံကို ထိန်းထိန်းဆဆ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေရသည်။ အမေရိကန်အစိုးရ၏ ခန့်မှန်းရခက်ခဲသောမူဝါဒများကြောင့် ဥရောပခေါင်းဆောင်များက တရုတ်နိုင်ငံ နှင့်ဆက်ဆံရေးပုံစံများကို ပြင်ဆင် ရန်ကြိုးပမ်းလာကြချိန်တွင် တရုတ်နိုင်ငံသို့ ဂျာမနီဝန်ကြီးချုပ် ရောက်ရှိနေခြင်းဖြစ်သည်။ ဂျာမနီဝန်ကြီးချုပ် ဖရိုက်ဒရစ်မားဇ်၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် ဗောက်စ်ဝက်ဂွန်း ကားကုမ္ပဏီအပါအဝင် ဂျာမနီကုမ္ပဏီ ၃၀ တို့မှ အကြီးအကဲများလိုက်ပါလာကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းတွင် ပစ်ကပ်ကားတိမ်းမှောက်၊ မြန်မာ ၂၀ ကျော်ဒဏ်ရာရ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်က မြန်မာ အလုပ်သမားများတင်ဆောင်လာသော ပစ်ကပ်ကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမား၂၀ကျော်တွင်ထိခိုက်ဒဏ်ရာများရရှိ၍ လူမှုကူညီရေး အသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူမှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ပြီး ကျန်မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသို့ ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။ ကန်ချနဘူရီပြည်နယ် မောင်းခရိုင် ဝမ်ဒန်းဒေသခွဲ နောင်ဆမ်ဖရန်ကျေးရွာအုပ်စုရှိ အဝေးပြေး လမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံ သားများအားတင်ဆောင်လာသောပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ရန်တားဆီးခဲ့ကြောင်းသိရသည်။ ထိုသို့ တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက် သွားခဲ့ကာ လိုက်ပါလာသည့် မြန်မာအလုပ်သမားအချို့မှာ လမ်းမပေါ်သို့ လွင့်စဉ်ပြုတ်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

‎အမေရိကန်မျက်စိအောက်ကအီရန်နဲ့စောင့်ကြည့်ရမယ့်မနက်ဖြန်

လူ့စကားကိုခွေးနားလည်နိုင်တဲ့ဟောင်သံအဖြစ်ပြောင်းပေးနိုင်တဲ့ အေအိုင်ဆော့ဖ်ဝဲ

◾️ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစီကိုဗုံးခြိမ်းခြောက်မှုကြောင့် ဘေးကင်းရာ ရွှေ့ခဲ့ ရ ဗုံးခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ဩစတြေးလျ ရဲတပ်ဖွဲ့ဝင်များက ဝန်ကြီးချုပ် အယ်လ်ဘာနီစီကို ဝန်ကြီးချုပ်အိမ်တော်မှ ဘေးကင်းလုံခြုံရာသို့ ဖေဖော်ဝါရီ၂၄ ရက်တွင် နာရီအတန်ကြာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ လုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ဝန်ကြီးချုပ် အယ်လ်ဘာနီစီကိုကင်ဘာရာမြို့တော်ရှိ ဝန်ကြီးချုပ်အိမ်တော်ဘေးကင်းလုံခြုံမှုရှိသော နေရာတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဩစတြေးလျရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ဝန်ကြီးချုပ်နေအိမ်တစ်ခုလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ မည်သည့် မသင်္ကာဖွယ်ရာမျှ မတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။ ရှာဖွေရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘေးကင်းလုံခြုံကြောင်း အတည်ပြုနိုင်ချိန်တွင် ဝန်ကြီးချုပ် အယ်လ်ဘာနီစီကို နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။ ဝန်ကြီးချုပ်နေအိမ် ဗုံးခြိမ်းခြောက်မှုပြဿနာသည် တရုတ်နိုင်ငံ၌ဖျော်ဖြေခွင့် ပိတ်ပင်ခံထားရ သော်လည်း ဩစတြေးလျနိုင်ငံ၌ ယခုလအတွင်းဖျော်ဖြေသည့် တရုတ်အကပညာရှင် ရှန်ယွန်း နှင့် ဆက်စပ်နေနိုင်ကြောင်းဩစတြေးလျမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဗုံးခြိမ်းခြောက်မှု သတင်းစကားသည် ရှန်ယွန်း၏ ကပြဖျော်ဖြေပွဲအားစီစဉ်ပေးမည့် ဩစတြေးလျအဖွဲ့အစည်းတစ်ခုထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရှန်ယွန်း၏ ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါက ဝန်ကြီးချုပ်အိမ်အနီး ဗုံးခွဲတိုက်ခိုက်ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်စာ၌ ဖော်ပြထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️တရုတ်(တိုင်ပေ)အနီး ကျွန်းတစ်ကျွန်း၌ ဝေဟင်ပစ်ဒုံးကျည်စနစ် ဂျပန်ဖြန့်ကြက်မည် ဂျပန်နိုင်ငံ အနောက်ပိုင်းကျွန်းစုဒေသများအနက် တရုတ်(တိုင်ပေ)အနီးတွင် တည်ရှိနေသော ကျွန်းတစ်ကျွန်းပေါ်၌ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များကို၂၀၃၁ ခုနှစ် မတ်လ အရောက် တွင်နေရာချ ဖြန့်ကြက်ထားရန် ဂျပန်အစိုးရက စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၂၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၁ခုနှစ် မတ်လတွင် ယိုနာဂူနီကျွန်းပေါ်၌မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်များဖြန့်ကြက်ထားရန် စီစဉ်ထားကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမီက သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုကြေညာထားသည်။ ယိုနာဂူနီကျွန်းပေါ်၌ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များ ချထားမည့် အစီအစဉ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်တွင်ကြေညာခဲ့သော်လည်း ဖြန့်ကြက်မည့် အချိန်ကာလ အတိအကျကို ယခုမှသာ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။ မြေပြင်မှဝေဟင်ပစ်တရုတ်(တိုင်ပေ)နှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာနေချိန်တွင် တရုတ်(တိုင်ပေ)အနီးရှိ ယိုနာဂူနီကျွန်းပေါ်၌မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များဖြန့်ကြက်မည့် အချိန်ကာလကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ ခဲ့ခြင်းဖြစ်သည်။ ယိုနာဂူနီကျွန်းသည် တရုတ်(တိုင်ပေ) အရှေ့ဘက် ကီလိုမီတာ၁၁၀၊ ဂျပန်နိုင်ငံ တိုကျိုမြို့တော် အနောက်တောင်ဘက် ကီလိုမီတာ၁၉၀၀ အကွာ ရေပြင်အတွင်း တည်ရှိသော ကျွန်းဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️တရုတ်နိုင်ငံလုပ် သင်္ဘောဖျက်ဒုံးကျည်စနစ်များဝယ်ယူရေး သဘောတူညီချက် အီရန်ရယူဖွယ်ရှိ အဆင့်မြင့်နည်းပညာသုံး သင်္ဘောဖျက်ခရုစ်ဒုံးကျည်များ ဝယ်ယူရေးအတွက် အီရန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် သဘောတူညီချက် ရယူရန် နီးစပ်နေပြီဖြစ်ကြောင်းအီရန်အစိုးရ သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ လိုအပ်ပါက အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရေးအတွက် အီရန်ကမ်းရိုးတန်းအနီး ပင်လယ်ကွေ့ရေပြင်အတွင်း အမေရိကန်ရေတပ်က စစ်အင်အား စုစည်းထားချိန်တွင် တရုတ်နိုင်ငံလုပ် သင်္ဘောဖျက်ခရုစ်ဒုံးကျည်များဝယ်ယူရန် အီရန်က စီစဉ်နေမှုသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံထုတ် စီအမ်-၃၀၂ အမျိုးအစားသင်္ဘောဖျက်ဒုံးကျည်များ ဝယ်ယူရေးအတွက် သဘောတူညီချက် ရယူရန် အီရန်နိုင်ငံအနေဖြင့် နီးစပ်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားသည်။ သို့ရာတွင် ယင်းဒုံးကျည်စနစ်များ အီရန်သို့လွှဲပြောင်းပေးရမည့် အချိန်ကာလနှင့် ပတ်သက်၍ သဘောတူညီချက် မရသေးကြောင်း သိရသည်။စီအမ်-၃၀၂ ဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၂၉၀ ခန့်ကို အသံ၏မြန်နှုန်းထက် ပိုလွန်သော အမြန်နှုန်းဖြင့် အနိမ့်ပျံ ပျံသန်းနိုင် သည်ဖြစ်ရာ လေကြောင်းရန်ကာကွယ်ရေးစနစ်များ တားဆီးရန်ခက်ခဲသည့် ဒုံးကျည် စနစ်မျိုး ဖြစ်သည်။ စီအမ်-၃၀၂ ဒုံးကျည်များသည် ပင်လယ်ကွေ့ရှိအမေရိကန်ရေတပ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content