uz
Feedback
The Standard Time Digital

The Standard Time Digital

Kanalga Telegram’da o‘tish

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
275
Obunachilar
Ma'lumot yo'q24 soatlar
+17 kunlar
+2630 kunlar
Postlar arxiv
◾️ထိုင်းနယ်စပ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်လာသည့် မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၁၆ ဦး ဖမ်းဆီးခံရကြောင်း Kanchanaburi News သတင်းဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင်အနက်ရောင် ပစ်ကပ်ကားတစ်စီးမှာ မြန်နှုန်းမြင့် မောင်းနှင်လာသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း၊ သို့သော်လည်း ယင်းကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသွားခဲ့ ကြောင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။ ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ မောင်းပြေးသည့်ကားကို နောက်မှလိုက်လံဖမ်းဆီးခဲ့ရာ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသတွင် ပစ်ကပ်ကားမှာ လမ်းဘေးသို့ ထိုးကျရပ်တန့်ခဲ့ကြောင်း၊ ကားထဲတွင် မြန်မာနိုင်ငံသား ၁၆ဦး (အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၁ ဦး)တို့ လိုက်ပါလာကြောင်း သိရသည်။ အဆိုပါကားထဲတွင် လိုက်ပါ လာသည့် မြန်မာနိုင်ငံသား ၁၆ ဦးကိုစစ်ဆေးရာနေထိုင်ခွင့် စာရွက်စာတမ်းများ မပါရှိကြောင်း၊ မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းဒေသမှတစ်ဆင့် ဗန်ကောက်မြို့သို့ ပို့ဆောင်ပေးရန် မောင်းလာခြင်းဖြစ်ကြောင်းနှင့် ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၄၀၀ စီ ပေးရကြောင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ သိရသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံသား ၁၆ ဦးနှင့်အတူ ယာဉ်မောင်းကိုလည်း ဥပဒေအရ အရေးယူနိုင်ရန် ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ကိုးကား-Kanchanaburi News #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

ထရန့်မိန့်ခွန်းပြောချိန်ဒီမိုကရက်အမတ်တွေဆန္ဒပြ

လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ဒေါက်တာကြူကြူစိန်နဲ့ဆက်သွယ်မေးမြန်းခြင်း

◾️ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး လူသတ်မှုများအတွက် ခွင့် ပြုချက်ပေးခဲ့ ဟုဆို ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးသည် သမ္မတရာထူးရယူထားစဉ် ပြုလုပ်ခဲ့သော မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအတွင်းလူသတ်မှုများကျူးလွန်ရန် ကိုယ်တိုင်ခွင့်ပြုချက်ပေးခဲ့ပြီး သတ်ဖြတ်ရမည့်သူအချို့ကိုလည်း ကိုယ်တိုင်ရွေးချယ်ပေးခဲ့ကြောင်း နိုင်ငံတကာရာဇဝတ်တ ရားရုံး (အိုင်စီစီ) ရှေ့နေများက ဖေဖော်ဝါရီ ၂၃ ရက်တွင်ပြောကြားလိုက်သည်။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီတရားရုံး၌ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်ခဲ့ သော သမ္မတဟောင်းဒူတာတေး၏အမှုများနှင့်ပတ်သက်၍ တရားခွင်အကြို စစ်ဆေးကြားနာ မှုတွင် အိုင်စီစီရှေ့နေများက အထက်ပါအတိုင်း စွဲချက်တင်ခဲ့ကြခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၃ ရက် တရားခွင်အကြို စစ်ဆေးကြားနာပွဲသို့အသက် (၈၀) အရွယ် ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။ သမ္မတဟောင်းဒူတာတေးအပေါ် စွဲဆိုထားသော စွဲချက်များနှင့်ပတ်သက်၍ တရားခွင်အကြို စစ်ဆေးကြားနာမှုသည် သီတင်းတစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး ကြားနာပွဲပြီးဆုံးပြီး ရက်ပေါင်း ၆၀ အတွင်းသမ္မတဟောင်းဒူတာတေးအား အပြည့်အဝ တရားခွင်တင်ရန် သင့်၊မသင့် အိုင်စီစီတရားသူကြီးများက ဆုံးဖြတ်မည်ဖြစ်သည်။ သမ္မတဟောင်းဒူတာတေးသည် မူးယစ်တိုက်ခိုက်ရေး စစ်ပွဲကာလ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား ကာလအတွင်း ဖြစ်ပွားခဲ့သောလူသတ်မှုများအနက် အနည်းဆုံး ၇၆ မှုတွင် ပါဝင်ပတ်သက်နေကြောင်းအိုင်စီစီရှေ့နေများက စွဲချက်တင်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီရန်တက္ကသိုလ်ကျောင်းသားများ တတိယမြောက်နေ့ ဆက်လက်ဆန္ဒပြ အီရန်အာဏာပိုင်များ၏ သတိပေးချက်ကိုအာခံ၍ အီရန်ကျောင်းသားများက ဖေဖော်ဝါရီ ၂၃ ရက်တွင် တတိယမြောက်နေ့အဖြစ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဆက်လက်ပြုလုပ်ခဲ့ ကြောင်း သိရသည်။ အီရန်အစိုးရ မီဒီယာများ၏ အဆိုအရ တီဟီရန်တက္ကသိုလ်အပါအဝင် တီဟီရန်မြို့တော်တွင်းရှိ တက္ကသိုလ်ကြီးသုံးခုတို့၌ ကျောင်းသားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး အီရန်အလံများ မီးရှိုခဲ့ကြကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း ပေါ်ပေါက်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးသီတင်းပတ် အနည်းငယ်အကြာတွင် တက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒပြပွဲများ ပေါ်ပေါက်နေခြင်းဖြစ်သည်။ အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရေးအတွက် အမေရိကန်အစိုးရက ချိန်ဆနေ ချိန်တွင် အီရန်နိုင်ငံ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလအတွင်း အီရန်နိုင်ငံ၌အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်အီရန်အစိုးရအား စစ်ရေးအရ သတိပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ထားသည်။ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားဆွေးနွေးပွဲများ၌ သဘောတူညီချက် ရယူနိုင်ခြင်းမရှိခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကပင် ဒေါ်နယ်ထရန့်က သတိပေးထားသည်။ အီရန်နှင့်အမေရိကန် တတိယအကျော့နျူကလီးယားဆွေးနွေးပွဲများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပမည်ဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အိန္ဒိယ၌ ဆေးဘက်ဆိုင်ရာ အရေးပေါ်လေယာဉ်ပျက်ကျ၊ ခုနစ်ဦးသေဆုံး အိန္ဒိယနိုင်ငံ ဂျဟားခန်ပြည်နယ်၌ ဆေးဘက်ဆိုင်ရာအရေးပေါ် လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးစလုံး သေဆုံးခဲ့ရကြောင်း သိရသည်။ ပျက်ကျခဲ့သည့် ဆေးဘက်ဆိုင်ရာ အရေးပေါ်လေယာဉ်မှာ ဘိခ်ျခရက်ဖ်စီ-၉၀ အမျိုးအစား လေယာဉ်ဖြစ်ပြီး လေယာဉ်မှူးနှစ်ဦး၊ လူနာတစ်ဦးနှင့် လူနာ၏ဆွေမျိုးလေးဦးတို့ လိုက်ပါ လာကြောင်းအိန္ဒိယတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ ယင်းလေယာဉ်သည် ဂျဟားခန်ပြည်နယ်မြို့တော်ဖြစ်သည့် ရန်ချီမြို့တော် လေယာဉ်ကွင်းမှ ပျံတက်ခဲ့ပြီး မကြာမီမှာပင် လေကြောင်းထိန်းချုပ်ရေးမျှော်စင်နှင့် အဆက်အသွယ် ပြတ် တောက်ခဲ့၍ရေဒါမြင်ကွင်းမှ ကွယ်ပျောက်သွားခြင်းဖြစ်ကြောင်းအိန္ဒိယမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ရန်ချီမြို့လေဆိပ်မှ ပျံတက်ခဲ့ပြီး မကြာမီမှာပင်ရာသီဥတုအခြေအနေကြောင့် လေယာဉ်လမ်း ကြောင်းပြောင်းလဲခွင့်ပေးရန် လေယာဉ်မှူးများကမေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လကလည်း လီယာဂျက်အမျိုးအစား လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုကြောင့် မဟာရက်ရှ်တြပြည်နယ် ဒုတိယဝန်ကြီးချုပ်အပါအဝင် ငါးဦးသေဆုံးခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ရန်ကုန်မြို့ရှိဖင်လန်နိုင်ငံသံရုံးပိတ်သိမ်းမည် ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးပိတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံးက ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။ ဗီဇာနှင့် သက်ဆိုင်သောဝန်ဆောင်မှုများအတွက်ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမည် ဖြစ်ပြီး အခြားကိစ္စရပ်များနှင့် ပတ်သက်၍ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာ ဌာနကိုဆက်သွယ်နိုင်ကြောင်း ဖင်လန်သံရုံးက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ပိတ်သိမ်းမည်ဖြစ်ပြီး ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာဆိုင်ရာ နိုတြီထောက်ခံလက်မှတ်များ အပါအဝင် ကောင်စစ်ဆိုင်ရာ အလုပ်များအားလုံးကို ဗန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-Embassy of Finland in Yangon #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️လယောင်မြို့နယ်ရှိ အိမ်သုံးပရိဘောဂထုတ်လုပ်သည့် စက်ရုံမှမြန်မာအလုပ်သမား ၃၂ ဦး ကြိုတင်မသိဘဲ အလုပ်ထုတ်ခံရ ထိုင်းနိုင်ငံ လယောင်မြို့နယ် နိခွန်းဖတ်ထနာအတွင်းရှိအိမ်သုံးပရိဘောဂထုတ်လုပ်သည့်စက်ရုံရှိ မြန်မာအလုပ်သမား၃၂ ဦးအား ဖေဖော်ဝါရီ ၁၈ ရက်တွင် စက်ရုံကကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်လိုက်သည့်အတွက်အကူအညီပေးနေကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။ အလုပ်သမားများသည် ယင်းစက်ရုံတွင် သုံးလမှ ခြောက်လခန့် အထိ အလုပ်လုပ်နေသူများ ဖြစ်ပြီး ယင်းစက်ရုံတွင် အလုပ်လုပ်ရန်အေဂျင်စီကို စမတ်ခ (အလုပ်လျှောက်ခ) ဘတ် ၇၀၀၀ ခန့် ပေးခဲ့ရကြောင်းသိရသည်။ အလုပ်သမားအား အေဂျင်စီက အလုပ်တစ်ခုပြန်ရှာပေးခဲ့သော်လည်း ယင်းအလုပ်သည် အာမခံချက်မရှိသောကြောင့် အလုပ်သမားများက လက်မခံကြဘဲ နစ်နာကြေး (သို့)စမတ်ကြေး ပြန်လည်ရရှိလိုသဖြင့်ဖေဖော်ဝါရီ ၂၂ ရက်တွင် အကူအညီတောင်းခံခဲ့ကြောင်း WAG အဖွဲ့မှသိရ သည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မျက်စိဆေးရုံကြီးတွင်ပြသလိုသူများ အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင် မျက်စိရောဂါ အထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုသူများအနေဖြင့် အွန်လိုင်းမှ ကြိုတင် စာရင်းသွင်းနိုင်ကြောင်း သိရသည်။ ရုံးဖွင့်ရက်များတွင် မျက်ခွံ၊မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါ အထူးစမ်းသပ်ခြင်း၊ မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင်မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူး စမ်းသပ်ခြင်း၊ တနင်္လာ၊အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့များတွင် ရေတိမ်ရောဂါ မျက်စိ အထူးစမ်းသပ်ခြင်း၊ တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့များတွင် ကလေးမျက်စိ ရောဂါ ဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်)တွင် ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးများက စက်ကိရိယာ အစုံအလင်ဖြင့် ၂၄ နာရီ ကုသပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကုသမှုခံယူလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် Online မှတစ်ဆင့်(သို့) ဖုန်း-၀၉- ၈၈၈၆၂၉၉၅၄၊ ၀၉-၇၅၅၈၉၈၀၀၈၊ ၀၉-၈၈၈၆၂၉၉၄၅ တို့သို့ဆက်သွယ်၍ ဘိုကင်တင်နိုင်ကြောင်း သိရသည်။ Online ကြိုတင်ဘွတ်ကင်တင်လိုသူများအနေဖြင့် Care Me Patient App ကို Playstore/App Store တို့တွင်ဒေါင်းလုခ်ဆွဲကာ ဘိုကင်တင်နိုင်ပြီး အွန်လိုင်းဘိုကင်တင်ထားကြောင်းကို ဆေးရုံရောက်ရှိ ပါက ပြရမည်ဖြစ်ကာအသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၉၇၃၈၀၀၀၄၄ နှင့် ၀၉-၉၄၁၅၅၅၉၅၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အာဖဂန်နယ်စပ်တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၇၀ သေဆုံးခဲ့ဟု ပါကစ္စတန်ပြောကြား ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော အာဖဂန်နယ်စပ်တစ် လျှောက် ပြုလုပ်ခဲ့သော တိုက်ခိုက်မှု များတွင် စစ်သွေးကြွအနည်းဆုံး ၇၀ သေဆုံးခဲ့ရကြောင်း ပါကစ္စတန်ပြည် ထဲရေးတာဝန်ရှိသူများက ထုတ်ဖော် ပြောကြားထားသည်။ အာဖဂန်နစ္စတန် နယ်မြေများ ကို ခြေကုပ်ယူလှုပ်ရှားနေသော စစ် သွေးကြွအုပ်စုများက ပါကစ္စတန်ပြည် တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် ပါကစ္စတန်စစ်ဘက်က အာဖဂန်နယ် စပ်တစ်လျှောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန် စစ်ဘက်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထား သည့် တာလီဘန်အဖွဲ့က အတည်ပြု ထားပြီး အာဖဂန်နစ္စတန်၏ ဝေဟင် ပိုင်နက်နှင့် အချုပ်အခြာအာဏာတို့ ကို ချိုးဖောက်မှုအဖြစ် ဝေဖန်ထား သည်။ ပါကစ္စတန်စစ်ဘက်၏ တိုက် ခိုက်မှုကြောင့် အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်နှင့် ပက်တီကာ ပြည်နယ်တို့၌ အမျိုးသမီးနှင့်ကလေး များအပါအဝင် လူအများအပြား သေဆုံးခဲ့ ကြရ၊ ဒဏ်ရာများ ရရှိခဲ့ကြရ ကြောင်း တာလီဘန်အစိုးရ ပြောရေး ဆို ခွင့်ရှိသူကပြောကြား ထားသည်။ ပါကစ္စတန် ပြည်တွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် နေသော စစ်သွေးကြွများကို တာလီ ဘန်အုပ်စုက အာဖဂန်နယ်စပ်တစ် လျှောက်တွင် လက်ခံနေရာပေးထား ကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲ ထားသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကလည်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ချယ်ရီကူးတို့သင်္ဘောများနှင့်စက်တပ်သမ္ဗန်များတွင် ခရီးသည်လိုက်ပါစီးနင်းမှု လျော့နည်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)ကြိုးတံတားကြီး ဖွင့်လှစ်ပြီးနောက် ပိုင်း ရန်ကုန် (ပန်းဆိုးတန်း)နှင့် ဒလမြို့သို့ ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် ချယ်ရီကူးတို့ သင်္ဘော များနှင့် စက်တပ် သမ္ဗန်ရေယာဉ်များတွင် ခရီးသည်များ လိုက်ပါစီးနင်းမှု သိသိသာသာ လျော့နည်း သွားကြောင်း သိရသည်။ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)ကြိုးတံတားဖွင့်လှစ်ပြီးနောက် YBS ခရီးသည်တင်ယာဉ် များ ဒလမြို့အထိ ခရီးသည်ပို့ဆောင်ပြေးဆွဲပေးခြင်းကလည်း ကူးတို့သင်္ဘောနှင့် စက်တပ် သမ္ဗန်များ တွင် ခရီးသည်များလိုက်ပါစီးနင်းမှု လျော့နည်းစေခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း စက်တပ် သမ္ဗန်ဆိပ်တစ်ခုမှ ဂိတ်မှူးတစ်ဦးက ပြောသည်။ “တစ်ဖက်က ကမ်းပါးပြိုရင် အခြားတစ်ဖက်မှာ သောင်ထွန်းတာ သဘာ၀ပဲလေ၊ တံတား ကြီးဖွင့်လိုက်တော့ ခရီးသွားတွေကလည်း သူတို့အဆင်ပြေတာနဲ့သွားကြမှာပဲလေ၊ သမ္ဗန်စီးတဲ့ ခရီးသည်က သမ္ဗန်ဆိပ်နဲ့ နီးတဲ့ရပ်ကွက်ကသူတွေပဲ စီးကြတယ်၊ အရင်က သမ္ဗန်စီးတဲ့ခရီးသည် အရေ အတွက်နဲ့စာရင် သိသိသာသာ လျော့နည်းသွားတယ်” ဟု ကမာကသွယ်သမ္ဗန်ဆိပ်အနီး ဈေးရောင်း သူတစ်ဦးက ပြောသည်။ ချယ်ရီကူးတို့ သင်္ဘောစီးနင်းလိုက်ပါသည့် ခရီးသည် များ လျော့နည်းသွားကြောင်း၊ ယခင်က ရုံးတက်၊ ရုံးဆင်းချိန်နှင့် ညပိုင်းရန်ကုန်မြို့တွင်း အလုပ်ပြန်ကြသူများဖြင့် များပြားသော်လည်း ယခု အခါ ချယ်ရီကူးတို့စီးကြသည့် ခရီးသည်အရေအတွက်မှာ လျော့နည်းသွားကြောင်း သိရသည်။ ဒလမြို့သို့ ခရီးသည်ပို့ဆောင်ပြေးဆွဲနေသည့် YBS ယာဉ်များသည် စတင်ပြေးဆွဲစဉ်က ဒလမြို့ အမှတ် (၄) အထကကျောင်းရှေ့တွင် ဂိတ်ထိုးပြေးဆွဲရာမှ ယခုအခါ ကျန်စစ်သားရပ်ကွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအနီးတွင်လည်း တိုးချဲ့ဂိတ်ထိုးပြေးဆွဲပေးသည့်အတွက် ခရီးသည် များ အဆင်ပြေ လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်လည်း ဂိတ်ထိုးပြေးဆွဲ ပေးစေလို ကြောင်း ခရီးသည်များထံမှ သိရသည်။ သတင်း-မောင်ဆူး ဓာတ်ပုံ-CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

The Standard Time Digital - Telegram kanali @sdtimech statistikasi va tahlili