es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
274
Suscriptores
-124 horas
+47 días
+2530 días
Archivo de publicaciones
◾️ဟုမ္မလင်းဆိပ်ကမ်းမီး ၁၇ နာရီကြာသည်အထိ ဆက်လက်လောင်ကျွမ်းနေ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်း၌မီးလောင်မှုမှာ ယနေ့(ဧပြီ ၂၁ ရက်) နံနက် ၁၁ နာရီ၊ နာရီပေါင်း ၁၇ နာရီကြာသည်အထိလောင်ကျွမ်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ယမန်နေ့(ဧပြီ ၂၀ ရက်) ညနေ ၆ နာရီ ၂၀ မိနစ်တွင်ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းတွင်ရပ်ထားသည့် ဆီတင်မော်တော်မှပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး အနီးရှိမော်တော်ရေယာဉ်ကိုးစီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ အမျိုးသမီးတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။ "လက်ရှိငြှိမ်းသတ်နေဆဲပါ။ မီးလောင်မှုအကြောင်းရင်းကိုမစစ်ဆေးရသေးဘူး။ လက်ရှိဒဏ်ရာရသူနဲ့ လူသေဆုံမှု၊ မီးလောင်ခံရတဲ့မော်တော်ရေယာဉ်အစီးရေတွေကတော့ လောလောဆယ်စာရင်းအရပဲသိ သေးတယ်။ နောက်ဆက်တွဲတော့မသိရသေးဘူး" ဟု စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်ပွားရာသို့ ဟုမ္မလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းငြှိမ်းသတ်လျက်ရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဟုမ္မလင်းမြို့နယ်ရှိ ခုတင် ၁၀၀ ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - MFSD #ပြည်တွင်းသတင်း

◾️လက်ဘနွန်တောင်ပိုင်း၌ အဝါရောင်နယ်စည်းမျဉ်းသတ်မှတ်ချက် အစ္စရေး ကြေညာ လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ဂါဇာကမ်းမြောင် ဒေသမှာကဲ့သို့ပင်အဝါရောင်နယ်စည်း သတ်မှတ်ထားလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဧပြီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်းအစ္စရေးတပ်များအနေဖြင့် လက်ဘနွန်တောင်ပိုင်း အဝါရောင်နယ်စည်း၏ တောင်ဘက်ခြမ်းတွင် စတင်လှုပ်ရှားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်သူအကြမ်းဖက်သမားများကို ဖော်ထုတ်ရှင်းလင်းနေကြောင်း အစ္စရေးစစ်ဘက်၏ကြေညာချက်၌ ဖော်ပြထားသည်။ လက်ဘနွန်တောင်ပိုင်း၌ အဝါရောင်နယ်စည်းမျဉ်းခေါ် ကြားခံလုံခြုံရေးနယ်မြေ သတ်မှတ်ထားရှိမှုကိုအစ္စရေးစစ်ဘက်က ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေးနှင့်လက်ဘနွန်အကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်း၌ အဝါရောင်နယ်စည်းမျဉ်း သတ်မှတ်ချက်ကို အစ္စရေးစစ်ဘက်က ကြေညာခဲ့ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီးချိန်တွင်လည်းဂါဇာကမ်းမြောင်ဒေသ၌ အဝါရောင်နယ်စည်းမျဉ်း သတ်မှတ်ချက်ဖြင့်ကြားခံလုံခြုံရေးနယ်မြေ ထားရှိခဲ့သည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုသည် မတ် ၂ ရက်တွင်အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား စစ်ရေးပဋိပက္ခများပြန်လည်စတင်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️မလေးရှား၌ ရေပေါ်ကျေးရွာ မီးလောင်၊ လူနေအိမ် အလုံး ၁၀၀၀ ခန့် ပျက်စီးခဲ့ရ မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ဘော်နီယိုကျွန်းရှိ ကမ်းရိုးတန်း ရေပေါ်ကျေးရွာတစ်ခု၌ ဧပြီ ၁၉ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာလူနေအိမ် ၁၀၀၀ ခန့် မီးလောင် ပျက်စီးခဲ့ရပြီး ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ကမ်းရိုးတန်းရေပေါ်ကျေးရွာသည် စန်ဒါကာခရိုင်၌ တည်ရှိပြီးပင်လယ်ရေပြင်ထဲ၌ ခြေတံရှည်နေအိမ်များဖြင့် ဖွဲ့စည်းထားသောကျေးရွာဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားနေချိန်တွင်လေတိုက်ခတ်မှုပြင်းထန်လျက်ရှိရာတစ်အိမ်နှင့်တစ်အိမ် အနီးကပ်တည်ရှိနေသော ကျေးရွာတစ်ခွင်လုံးကိုလျင်မြန်စွာ မီးကူးစက်ခဲ့ကြောင်းဆာဘားပြည်နယ်တာဝန်ရှိသူများ၏အဆိုအရ သိရသည်။ အလားတူ မီးသတ်ယာဉ်များဝင်ထွက်နိုင်သည့် လမ်းကြောင်းများကျဉ်းမြောင်းခြင်း၊ ဒီရေကျနေချိန်ဖြစ်ခြင်းတို့ကြောင့်လည်း မီးသတ်သမားများအနေဖြင့် မီးကိုထိန်းချုပ်ရန်ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ ရေပေါ်ကျေးရွာ မီးလောင်မှုကြောင့် အသက်သေဆုံးသူ မရှိခဲ့သော်လည်း လူနေအိမ် ၁၀၀၀ ခန့် မီးလောင်ပျက်စီး၍ ပြည်သူ ၉၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမလေးရှား တာဝန်ရှိသူများက ပြောကြားသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ရေပေါ်ကျေးရွာသည် ဌာနေတိုင်းရင်းသားများနှင့် နိုင်ငံမဲ့များ အများဆုံးနေထိုင်သော ဆင်းရဲသားကျေးရွာဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရေပေါ်ကျေးရွာမီးလောင်ကျွမ်းမှု နောက်ခံအကြောင်းတရားကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️မီးပူတိုက်ပြီး မီးခလုတ်ပိတ်ရန်မေ့လျော့ခဲ့ရာမှ မီးလောင်မှုဖြစ်ပွား ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အမှတ်(၁၄) ရပ်ကွက် ဥမ္မာဒန္တီ(၂)လမ်းတွင် မီးပူတိုက်ပြီး မီးခလုတ်ပိတ်ရန် မေ့လျော့ခဲ့ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဧပြီ ၁၉ ရက် နံနက် ၂ နာရီ ၁၅မိနစ်ခန့်တွင် ပုသိမ်မြို့နယ် အမှတ်(၁၄) ရပ်ကွက် ဥမ္မာဒန္တီ (၂) လမ်းရှိ ပိုင်ရှင် ဒေါ်. ... (၂၄) နှစ်၏(၁၅x၅၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးပို့သဖြင့်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းဦးစီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀၊အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ ပစ်တိုင်းထောင်လူမှုကူညီရေးအသင်းမှ ငါးဦးနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ပုသိမ်ခရိုင်မီးသတ်စခန်း၊ မြို့နယ်မီးသတ်စခန်း၊ ငဝန်ကျွန်းသာနယ်မြေစခန်း၊ ရွှေစေတီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်၊ရေသယ်ယာဉ်များစုပေါင်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်တွင်မီးထိန်းနိုင်ပြီး နံနက် ၂ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်မှု အကြောင်းရင်းမှာ မီးပူတိုက်ပြီး မီးခလုတ်ပိတ်ရန်မေ့လျော့ခဲ့ရာမှ မီးပူအပူလွန်ကဲ၍ အနီးရှိ အဝတ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် မီးစတင်လောင်သည့် နေအိမ်ပိုင်ရှင်အားပုသိမ်နယ်မြေရဲစခန်းက (ပ) ၄၅ ။ ၂၀၂၆၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-MFSD #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️PDF အပါအ၀င်လက်နက်ကိုင်အဖွဲ့များ ရက်ပေါင်း ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဦးမင်းအောင်လှိုင်ပြော ‎ ‎PDF များအပါအ၀င် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အစိုးရသစ် ရက်ပေါင်း ၁၀၀ကာလဖြစ်သည့် ဇူလိုင်လကုန်မတိုင်မီ ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးရန် သမ္မတ ဦးမင်းအောင်လှိုင်ကပြောသည်။ ‎ ‎ယမန်နေ့ (ဧပြီ ၂၀ရက်)က နေပြည်တော်၌ပြု လုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် မိန့်ခွန်းပြောစဉ် ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ‎ ‎"ကျွန်တော်တို့ကကြိုဆိုပါတယ်၊PDF နဲ့ပတ်သက်ပြီးတော့ ရက်ပေါင်း ၁၀၀အတွင်းမှာ ငြိမ်းချမ်းရေးအတွက်လာကြပါ"ဟု၎င်းကပြောသည်။ ‎ ‎သို့သော် ငြိမ်းချမ်းရေးတွင်မဖြစ်နိုင်သည်များကိုတောင်းဆိုကာ မိမိအဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်သာ လုပ်နေ၍မရဟုလည်း သမ္မတဦးမင်းအောင်လှိုင်ကပြောသည်။ ‎ ‎"လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေရှိလာပါလိမ့်မယ်" ဟုလည်း ၎င်းက ပြောသည်။ ‎ ‎လက်ရှိတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဒေသများတွင် ‎PDF များ အလင်း၀င်မှုရှိနေသလို ထပ်မံချိတ် ဆက်ထားမှုများလည်းရှိ‌နေသည်ဟုဆိုသည်။ ‎ ‎သို့‌သော် PDF အဖွဲ့တစ်ချို့ကမူ ၎င်းတို့တပ်ဖွဲ့၀င်အများအပြား အလင်း၀င်ခဲ့သည်ဆိုခြင်းမှာမဟုတ်မှန်ကြောင်း တုံ့ပြန်ပြောဆိုမှုများရှိခဲ့သည်။ ‎ ‎တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်မူ NCA စာချုပ်လက်မှတ်ထိုးထားသည့် အဖွဲ့များ၊လက်မှတ်ထိုးမထားသည့်အဖွဲ့များရှိနေ‌ရာ လက်မှတ်မထိုးထားသည့်အဖွဲ့များရော၊ လက်မှတ်ထိုးထားသော်လည်း ပြီးခဲ့သည့်ကာလအတွင်း တွေ့ဆုံဆွေးနွေးမှုရှိမထားသည့် အဖွဲ့များကိုပါ ဖိတ်ခေါ်ကြောင်း ဦးမင်းအောင်လှိုင်ကပြောသည်။ ‎ ‎"ဥပမာအားဖြင့် KNU တို့၊CNF တို့၊ABSDF တို့ အဖွဲ့တွေကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်၊ဘာလုပ်ချင်လဲဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကိုဖိတ်ခေါ်ပါတယ်"ဟု ၎င်းကပြောသည်။ ‎ ‎အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် NCA စာချုပ် ပျက်ပြယ်ပြီဟု ထုတ်ဖော်ကြေညာထားသည့်အဖွဲ့များလည်းဖြစ်သည်။ ‎ ‎ ‎သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ-MOI ‎#ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ထိုင်းနိုင်ငံရှိ အဲကွန်းစက်ရုံတွင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၁ ဦး အလုပ်ထုတ်ခံရ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နောင်းယိုင်မြို့နယ်တွင် မြန်မာအလုပ်သမား ၁၁ ဦး အလုပ်ထုတ်ခံရသည့်အတွက် ကူညီပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ အဆိုပါ မြန်မာအလုပ်သမား၁၁ ဦးမှာ နောင်းယိုင်မြို့ရှိ အဲကွန်းစက်ရုံတစ်ရုံတွင် ငါးလမှ ခြောက်လခန့်အထိ အလုပ်လုပ်နေကြသူများဖြစ်ပြီး ဧပြီ ၉ ရက်တွင် စက်ရုံ၏Line Application Group မှ ဧပြီ ၁၁ရက်အထိသာ အလုပ်နောက်ဆုံးဆင်းရမည်ဖြစ်ကြောင်း စာပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ အလုပ်သမားများအနေဖြင့် ကျန့်အော် (အလုပ်ထွက်စာ)နှင့် လုပ်အားခများ ပြန်လည်ရရှိရေး အတွက် အကူ အညီတောင်းခဲ့သော ကြောင့် ဧပြီ ၂၀ ရက်တွင် မြို့နယ် စဝပ်ဒီကန် အလုပ်သမားရုံးတွင် နစ် နာကြေးရရှိရန် ကူညီတိုင်ကြားပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။ ထို့ပြင် ပါကျင်ဘူလီခရိုင် ကဘင်ဘူလီမြို့နယ်ရှိ အဲကွန်းစက်ရုံ တစ်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၆၂၂ ဦးကို စက်ရုံဘက်မှ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့သည့်အတွက် အမှုလက်ခံ ကူညီပေးနေကြောင်း WAG အဖွဲ့မှ သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အမေရိကန်၌ သေနတ်ပစ်ခတ်မှုဖြစ်၊ကလေးရှစ်ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် ရှရီဗီပို့သ်မြို့၌ ဧပြီ၁၉ ရက်က အမျိုးသားတစ်ဦး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးရှစ်ဦးသေဆုံး၍ လူပေါင်း ၁၀ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း အမေရိကန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။ သေနတ်သမားအမျိုးသားသည် ၎င်း၏ ကလေး ခုနစ်ဦးကို ဦးစွာပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ကလေးတစ်ဦးကိုပါ ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ အဆိုအရ သိရသည်။ ၎င်းအမျိုးသားသည် ပစ်ခတ်မှုများ ကျူးလွန်ပြီးနောက် မော်တော်ယာဉ်တစ်စီးကို ခိုးယူ၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်တားဆီးမှုကြောင့် သေဆုံးခဲ့ရသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုများ ကျူးလွန်ပြီးနောက် ထွက်ပြေးရန်ကြိုးပမ်းစဉ်အဆိုပါသေနတ်သမား၏ ထပ်မံပစ်ခတ်မှုများကြောင့် လူပေါင်း ၁၀ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ရှရီဗီပို့သ်မြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။ ဧပြီ ၁၉ ရက် ပစ်ခတ်မှုကို အိမ်တွင်းရေးပြဿနာတစ်ရပ်နှင့် ဆက်နွှယ်နေသည့် ပစ်ခတ်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။ အဆိုပါပစ်ခတ်မှုသည် အမေရိကန်ပြည်ထောင်စုအတွက် ၂၀၂၄ ခုနှစ်ဇန်နဝါရီလနောက်ပိုင်း လူအသေအပျောက်အများဆုံး သေနတ်ပစ်ခတ်တိုက်ခိုက်မှုဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ရန်ကုန်မှ ဟိုချီမင်း ခရီးစဉ်ဒစ်၈ျစ်တယ် ကြိုတင်ဆိုက်ရောက်အချက်အလက် ဖြည့် သွင်းရမည့်စနစ် စတင်အသုံးပြုမည် MAIနှင့် ရန်ကုန်မှ ဟိုချီမင်းသို့ပျံသန်းမည့် (RGN–SGN) ခရီးစဉ်များအတွက် အွန်လိုင်းမှတစ်ဆင့်Digital Pre-Arrival Informationအား မဖြစ်မနေ ဖြည့်သွင်းရမည့်စနစ်ကိုစတင် အသုံးပြုမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)မှ သတင်းထုတ်ပြန်ထားသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပခရီးသည်များအနေဖြင့် ခရီးစဉ်မထွက်ခွာမီ ကြိုတင်၍ ပေးထားသော QR Code ကို scan ပြုလုပ်ကာ လိုအပ်သော အချက်အလက်များကို မဖြစ်မနေ ဖြည့်သွင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ MAI check in-counter များတွင်လည်း QR scanများကို ထားရှိပေးမည်ဖြစ်ပြီး ဗီယက်နမ်-ဟိုချီမင်း ခရီးစဉ်အတွက်လေယာဉ်စီးခ၊ အစားအသောက်နှင့်အခြား ကဏ္ဍများတွင် လျှော့ဈေးများပေးအပ်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)မှ သိရသည်။ သတင်းး-လူ့တလူ ဓာတ်ပုံ-MAI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ဂျပန်တွင် ၇ ဒသမ ၅ မဂ္ဂနီကျု့ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက်ထုတ်ပြန် ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ၇ ဒသမ ၅ မဂ္ဂနီကျု့အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ကထုတ်ပြန်လိုက်ပြီး အီဝါတဲ၊ အောမိုရီနှင့် ဟော့ကိုင်းဒိုး စီရင်စုများတွင် ၃ မီတာအမြင့်ရှိ ဆူနာမီလှိုင်းများဖြစ်နိုင်ကြောင်းသတိပေးချက်ထုတ်ပြန်ထားသည်။ ငလျင်သည် ဂျပန်ဒေသစံတော်ချိန် ယနေ့ ညနေ ၄ နာရီ ၅၃ မိနစ် ( မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့် )တွင် အီဝါတဲစီရင်စု မြောက်ဘက် ကမ်းလွန် ‌ရေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ငလျင်၏ တုန်ခါမှုမှာ ပြင်းထန်ပြီး ကီလိုမီတာရာပေါင်းများစွာ ဝေးကွာသည့် တိုကျိုမြို့တော်မှ အဆောက်အဦးကြီးများကိုပင် လှုပ်ယမ်းစေခဲ့သည်။ ထို့နောက် ငလျင်လှုပ်ခတ်မှုကြောင့် တိုကျိုနှင့် ရှင် - ‌အော်မိုရီဘူတာအကြား ကျည်ဆံရထားပြေးဆွဲမှုကို ဆိုင်းငံ့လိုက်ကြောင်း တိုဟူကို ရှင်ကန်ဆန်ကုမ္ပဏီက ကြေညာထားသည်။ သတင်း- စံတော်ချိန်ဒစ်ဂျစ်တယ် ကိုးကား - CNA #နိုင်ငံတကာသတင်း