The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
274
Suscriptores
+124 horas
+37 días
+2630 días
Archivo de publicaciones
◾️အင်းလေးဒေသ ရေခန်းခြောက်လာသဖြင့် ဒေသခံများကုန်းလမ်းအားအသုံးပြုနေရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၌ ရေခန်းခြောက်လာသဖြင့် ဒေသခံများမှာ ကုန်းလမ်းကိုသာအဓိကထားအသုံးပြုနေရကြောင်း ဒေသခံများထံမှသိရသည်။
ယခုနှစ်ဖေဖော်ဝါရီလလယ်မှစတင်ကာ အင်းလေးဒေသ၌ရေခန်းခြောက်မှုများဖြစ်ပေါ်ကာ ယခုဧပြီလ ပိုင်းတွင် ရေခမ်းခြောက်ခြင်းမှာပိုမိုဆိုးရွားလာကြောင်း ငါးရက်တစ်ဈေးရောင်းချသည့်ရေပေါ်စျေး မှာလည်း ရေမရှိတော့သဖြင့်ကုန်းပေါ်၌သာရောင်းချရပြီး ကျေးရွာအများစုမှာရေလမ်းအစား ကုန်းလမ်းကိုသာ ပိုမိုအသုံးပြုလာရကြောင်းသိရသည်။
"နှစ်စဉ်ဒီလိုအချိန်ဆိုအင်းလေးကန်ထဲမှာရေကျနေကြပါ။ ဒီလောက်တော့မဆိုးဘူး။ အခုနှစ်မှဘာလို့ ဆိုးရွားတာလဲဆိုရင် မနှစ်ကရေကြီးတဲ့အချိန်တုန်းကဆိုတောင်ပေါ်ကကျလာတဲ့ရေတွေက နုန်းတွေ အများကြီးပါလာတယ်။ အဲဒီနုန်းတွေက အခုလိုရာသီမှာရေခန်းခြောက်တဲ့အချိန်ကြတော့နုန်းတွေက ပေါ်လာတာပါ" ဟု အင်းလေးဒေသမှဆရာတော်ဥူးသုမနကမိန့်ကြားသည်။
လက်ရှိအင်းလေးကန်ဒေသအတွင်း အင်းလေးကန်အလယ်မှလွဲ၍ ကျန်သည့်ကျေးရွာများမှာကုန်လမ်း သာအသုံးပြုပြီး အလယ်ရွာတွင်ကုန်လမ်းမပေါက်သည့်အပြင်ရေအနည်ငယ်ရှိနေသည့်အတွက် သွားလားမှုများခက်ခဲနေကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - CJ(အင်းလေးဒေသရှိရေခန်းခြောက်နေသည့်နေရာတစ်ခုကို မတ်လအတွင်း တွေ့ရစဉ်)
◾️အမေရိကန်နှင့် ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်တပ်ဖွဲ့များ ပထမဆုံးအကြိမ်ပါဝင်လာ
အရှေ့အလယ်ပိုင်းစစ်ပွဲနောက်ခံ ရှိနေချိန်မှာပင်ထောင်နှင့်ချီသော အမေရိကန် နှင့် ဖိလစ်ပိုင်တပ်ဖွဲ့များသည် နှစ်စဉ်ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ကြပြီး ယင်းလေ့ကျင့်မှု၌ ဂျပန်တပ်ဖွဲ့များလည်း ပထမဆုံးအကြိမ် အမြောက်အမြား ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
ကျည်အစစ်များဖြင့် ပစ်ခတ်မှုများလည်း ပါဝင်သော လေ့ကျင့်မှုများကို ထိုင်ဝမ်ရေ လက်ကြားကို မျက်နှာမူနေသည့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နှင့်ဖိလစ်ပိုင်ကြား အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ကြသည့် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်နှင့် ကပ်လျက်ပြည်နယ်တွင်လည်း လုပ်ဆောင်သွားမည်ဟု သိရသည်။
တပ်ဖွဲ့ဝင်ပေါင်း ၁၄၀၀ ပါဝင်သော ဂျပန်တပ်ဖွဲ့သည် ဖိလစ်ပိုင်မြောက်ပိုင်း ပါအိုရေးဒေသကမ်းလွန်မှ ပစ်မှတ်သင်္ဘောတစ်စီးကို Type 88 ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လေ့ ကျင့်ရေးတပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဒင်းနစ်ဟာနန်ဒက်ဇ်က ပြောသည်။
၁၉ ရက်ကြာပြုလုပ်မည့် Balikatan ( ရင်ပေါင်တန်း ) စစ်ရေးလေ့ကျင့်မှုများတွင် ဩစတြေးလျ၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါတို့မှ တပ်ဖွဲ့များလည်း ပါဝင်ပြီး စုစုပေါင်း ကြည်း၊ ရေ ၊ လေတပ်ဖွဲ့ဝင် ၁၇၀၀၀ ဦးခန့် ပါဝင်ကာ ပြီးခဲ့သည့်နှစ်က အရေအတွက်နှင့် အတူတူခန့်ဖြစ်သည်။
Balikatan စစ်ရေးလေ့ကျင့်မှုသည် ဖိလစ်ပိုင်နိုင်ငံနှင့် အလွန်ခိုင်မာသော မဟာမိတ်ဖွဲ့မှုကို ကိုယ်စားပြုသလို လွတ်လပ်ပွင့်လင်းသော အင်ဒို - ပစိဖိတ်ဖြစ်ရေး ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုကိုလည်း ပြသနေကြောင်း အမေရိကန်စစ်ရေးလေ့ကျင့်မှုမှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ရောဘတ်ဘန်းက ယနေ့ လေ့ကျင့်မှုများ မစတင်မီ ပြောကြားသည်။
၎င်းတို့ပိုင်နက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လိုအပ်ပါက အင်အားသုံး၍ ရယူသွားမည်ဟု ပေကျင်းက ပြောကြားထားသည့် ထိုင်ဝမ်အပေါ် ပေကျင်းက စစ်ရေးဖိအားများ တိုးမြှင့်နေစဉ် အမေရိကန်၊ ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်ဝမ်ကျွန်းနှင့် ပတ်ပတ်လည်ရေပြင်သည် ဖိလစ်ပိုင်နှင့် နီးကပ်နေသဖြင့် ထိုင်ဝမ်ကို စစ်ပြုခဲ့ပါက ဖိလစ်ပိုင်ကလည်း စစ်ပွဲအတွင်း ဆွဲသွင်းခံရမည် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- AFP
#နိုင်ငံတကာသတင်း
◾️တိုက်တန်းနစ်အသက်ကယ်အင်္ကျီ ဒေါ်လာကိုးသိန်းကျော်ဖြင့် လေလံတင်ရောင်းချ
ကမ္ဘာကျော် အာရ်အမ်အက်စ် တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သော ခရီးသည်တစ်ဦးဝတ်ဆင်ခဲ့သည့် အသက်ကယ်အင်္ကျီကို ဧပြီ ၁၈ ရက်တွင်အမေရိကန်ဒေါ်လာ ကိုးသိန်းကျော်ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအသက်ကယ်အင်္ကျီကို တိုက်တန်းနစ်သင်္ဘောပေါ်၌ ပထမတန်းခရီးသည်တစ်ဦးအဖြစ် လိုက်ပါခဲ့ သော လော်ရာမေဘယ်ဖရန်ကာတယ်လီအမည်ရှိ အမျိုးသမီးတစ်ဦး ဝတ်ဆင်ခဲ့သော အသက်ကယ်အင်္ကျီ ဖြစ်သည်။
အဆိုပါ အသက်ကယ်အင်္ကျီပေါ်တွင်တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ခဲ့စဉ်က အဆိုပါအမျိုးသမီးနှင့်အတူ အသက်ကယ်လှေတစ်စင်းတည်းဖြင့် အတူလွတ်မြောက်လာခဲ့သူများ၏လက်မှတ်များလည်း အမှတ်တရ ရေးထိုးထားကြောင်း သိရသည်။
အဆိုပါအသက်ကယ်အင်္ကျီကို အင်္ဂလန်အနောက်ပိုင်း ဒီဗီဇက်စ်မြို့၌ ကျင်းပခဲ့သောတိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုအမှတ်တရပစ္စည်းများ လေလံတင်ရောင်းချပွဲတွင် အမေရိကန်ဒေါ်လာ ၉၀၆၀၀၀ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်တန်းနစ်သင်္ဘောသည် အင်္ဂလန်မှအမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်တွင် ဦးတည်ခုတ်မောင်းနေစဉ် နစ်မြုပ်ခဲ့ရာ သင်္ဘောပေါ်လိုက်ပါလာသူခရီးသည်နှင့်ရေယာဉ်အမှုထမ်း ၂၂၀၀ အနက်၁၅၀၀ သေဆုံးခဲ့ရကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ယခုနှစ်၏ သတ္တမမြောက်ဒုံးကျည် ပစ်ခတ်စမ်းသပ်မှု မြောက်ကိုရီးယားနိုင်ငံ ပြုလုပ်
မြောက်ကိုရီးယားနိုင်ငံသည် ဧပြီ ၁၉ ရက်တွင် အရှေ့ဘက်ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်းသို့ ဘလစ်စတစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က သတင်းထုတ်ပြန် ထားသည်။
အဆိုပါဒုံးကျည်ပစ်ခတ်စမ်းသပ်မှုသည် မြောက်ကိုရီးယားနိုင်ငံအတွက်ယခုလ၏ စတုထ္ထအကြိမ်မြောက်နှင့် ယခုနှစ်၏ သတ္တမမြောက် ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုဖြစ်ကြောင်း သိရသည်။
အီရန်စစ်ပွဲတင်းမာမှု ပြင်းထန်နေချိန်၊ အမေရိကန်ပြည်ထောင်စု၊တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား တို့အကြား ဆွေးနွေးမှုများ ရှိလာနိုင်ကြောင်း သတင်းများပေါ်ထွက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံက ယခုလအတွင်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားတို့နှင့် စေ့စပ်ဆွေးနွေးမှုများ မပြုလုပ်မီ အင်အားပြသည့် သဘောဖြင့်ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဧပြီ ၁၉ ရက်တွင် အရှေ့ဘက်ကမ်းရိုးတန်းဒေသ စင်ပိုအမည်ရှိ မြို့အနီးမှ တစ်ဆင့် ကမ်းလွန်ရေပြင်အတွင်းသို့ ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၄၀ ခန့် ပျံသန်းခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းအနီး ကျရောက်ခဲ့ပြီးဂျပန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်မှု မရှိခဲ့ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပြည်တွင်း စက်သုံးဆီဈေးနှုန်းများဘင်္ဂလားဒေ့ရှ်အစိုးရ ထပ်မံမြှင့်တင်
ပြည်တွင်းစက်သုံးဆီ လက်လီဈေးနှုန်းများကို ဘင်္ဂလားဒေ့ရှ်အစိုးရကဧပြီ ၁၈ ရက်တွင် ၁၅ ရာခိုင်နှုန်း ထပ်မံမြှင့်တင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထပ်မံမြှင့်တင်လိုက်သည့် စွမ်းအင်ဈေးနှုန်းများအရ ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ ဓာတ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် မူလ တာကာငွေ ၁၁၆ တာကာမှ ၁၃၅ တာကာအထိ မြင့်တက်လာကြောင်း သိရသည်။
အလားတူ ဒီဇယ်ဆီတစ်လီတာဈေးနှုန်းမှာလည်း ၁၁၅ တာကာအထိရှိလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ လောင်စာဆီဈေးနှုန်းများမြင့်တက်လာမှု၊ သီတင်းရှစ်ပတ်ကြာ အရှေ့အလယ်ပိုင်းစစ်ပွဲ နောက်ဆက်တွဲအဖြစ်ပြည်တွင်းဈေးကွက်၌ လောင်စာဆီဖြည့်ဆည်းနိုင်စွမ်း လျော့ပါးလာမှုတို့ကြောင့်ပြည်တွင်းစက်သုံးဆီဈေးနှုန်းများကို ထပ်မံမြှင့်တင်ခဲ့ရခြင်းဖြစ်ကြောင်း
ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသော စွမ်းအင်များကို အကြီးအကျယ် မှီခိုအားပြုနေရသည့် နိုင်ငံဖြစ်သည်။
လောင်စာဆီဈေးနှုန်းထပ်မံမြှင့်တင်ထားမှုကြောင့် ငွေကြေးဖောင်းပွမှုဖိအားပိုမိုကြီးမားလာနိုင်ပြီး စားနပ်ရိက္ခာဈေးနှုန်းများနှင့်အခြေခံလူသုံးပစ္စည်းဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်များဆက်လက်ဝယ်ယူတင်သွင်းနိုင်ရေးအတွက် ပြည်ပဘဏ္ဍာရေးအကူအညီ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရရှိရန် ကြိုးစားလျက်ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ တိုးတက်မှုများရှိခဲ့ကြောင်း အမေရိကန်နှင့်အီရန်ခေါင်းဆောင်များ ပြောကြား
အမေရိကန်ပြည်ထောင်စုနှင့်မကြာသေးမီကာလအတွင်း ကျင်းပခဲ့သော ဆွေးနွေးပွဲများ၌ တိုးတက်မှုများရှိခဲ့သော်လည်း အီရန်နျူကလီးယားအစီအစဉ်ကိစ္စ၊ ဟော်မုဇ်ရေလက်ကြား ကိစ္စများနှင့်ပတ်သက်၍သဘောထားကွဲပြားမှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း အီရန်အစိုးရ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အကြီး အကဲ မိုဟမ်မက်ဘာကာကာလီဘက်ဖ်က ဧပြီ ၁၈ရက်တွင် နိုင်ငံပိုင်သတင်းဌာနများသို့ထုတ်ဖော်ပြောကြားထားသည်။
အလားတူ မကြာသေးမီကာလများအတွင်း အီရန်နှင့် အမေရိကန်တာဝန်ရှိသူများအကြား ကျင်းပခဲ့သော ဆွေးနွေးပွဲများ၌ တိုးတက်မှုများရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားပြီးအသေးစိတ်အချက်အလက်များကိုထုတ်ဖော်ခြင်းမရှိသေးပေ။
သို့ရာတွင် အီရန်အနေဖြင့်မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို အသုံးချ၍ အကျပ်ကိုင်
ခြင်းမျိုးမပြုလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေးထားသည်။
လက်ရှိအချိန်တွင် အီရန်နှင့်အမေရိကန် နှစ်ဖက်စလုံးက ကျင်းပဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အခြေအနေနှင့်ပတ်သက်၍ အထူးတလည်ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးပေ။
အလားတူ ပါကစ္စတန်နိုင်ငံ၏ကြားဝင်ညှိနှိုင်းမှုဖြင့် အီရန်နှင့်အမေရိကန် ပြည်ထောင်စုတို့ ရယူထား
သော သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း ဧပြီ ၂၂ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်ကို စစ်ရေးအရ
တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းရှစ်ပတ်ကြာ အီရန်စစ်ပွဲ စတင်ခဲ့ရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းဆုန်ခရမ်ကာလအတွင်း မြန်မာအလုပ်သမား ၆၀၀ ကျော် အလုပ်ထုတ်ခံရ
ထိုင်းဆုန်ခရမ် ရေကစားပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံ ပါကျင်ဘူလီခရိုင် ကဘင်ဘူလီမြို့နယ်ရှိ အဲကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား ၆၂၂ ဦး အလုပ်ထုတ်ခံရကြောင်း သိရသည်။
၎င်းမြန်မာအလုပ်သမားများကို ဧပြီ ၁၄ရက်တွင် အလုပ်ထုတ်ခံရကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါအလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများအနေဖြင့် ယင်းအဲကွန်းစက်ရုံတွင် လုပ်သက်နှစ်လမှ တစ်နှစ်အတွင်းရှိကြပြီး အလုပ်သမားအခွင့်အရေးနှင့် လုပ်ခလစာများ ပြန်လည်ရရှိလိုခြင်းကြောင့် အလုပ်သမားအရေးဆောင်ရွက်နေသူများထံ အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့က ထုတ်ပြန်ခဲ့သည်။
သတင်း-တိဗ္ဗ
ဓာတ်ပုံ-WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
“လူမှာ ခိုင်းတာ နှစ်မျိုးရှိတယ်။ တဏှာကတစ်မျိုး၊ သဒ္ဓါကတစ်မျိုး၊ တဏှာက သဒ္ဓါထက် ပိုအား ကောင်းတယ်။ ဒါကြောင့်သဒ္ဓါခိုင်းလို့လုပ်တာက နည်းနည်း။ တဏှာခိုင်းလို့ လုပ်တာကများတယ်။ အားလုံးသိထားဖို့က သဒ္ဓါခိုင်းတာ လုပ်ရင် ကုသိုလ်ရမယ်။ တဏှာက အကုသိုလ်ဆိုတော့ကုသိုလ် အလုပ်ကို မခိုင်းဘူး။ သဒ္ဓါကလည်းကုသိုလ် ဆိုတော့ အကုသိုလ်အလုပ်ကိုမခိုင်းဘူး။
“ကံကုန် မိုးချုပ်လို့ ဘ၀တစ်ပါး ကူးပြောင်းသွားတဲ့အခါ မိမိယူသွားနိုင်တာကကုသိုလ်နဲ့ အကုသိုလ်။ ကုသိုလ်ယူသွားချင်သလား၊ အကုသိုလ်ယူသွားချင်သလား။ သေချာစဉ်းစား၊ ကုသိုလ်ယူသွားချင်ရင် သဒ္ဓါခိုင်းတာ များများလုပ်၊အကုသိုလ်ယူသွားချင်ရင် တဏှာခိုင်းတာများများလုပ် ရှင်းနေတာပဲ”
ထို့ကြောင့် ဓမ္မပီယဆရာတော်၏ မိန့်ဆိုချက်ကို အပြန်ပြန်အလှန်လှန် နှလုံးသွင်းရင်း သဒ္ဓါဘက်မှာရပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက်ပိုင်ဆိုင်မှုအချို့ကို ခေတ္တနေရာ အပြောင်းအရွှေ့လုပ်ပြီး သံသရာအတွက် ကြိုတင်လက်မှတ်ဝယ်ထားလိုက်သည်။
ဒီလိုနှင့် နောက်ဆုံးတွင် အင်အားကြီးမားသောတဏှာကို သဒ္ဓါက အချိန်ပို ကစားစရာမလိုဘဲ အနိုင်ရယူ လိုက်ပြီးနောက် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်အလိုတွင် သား ကိုရင်လေး‘ရှင်ပညာလင်္ကာရ’ အား ဝမ်းမြောက်ပီတိဖြင့်ကြည်ညိုခဲ့ရလေသည်။
X X X
ကျွန်တော်သည် ‘ဘီလ်ဂိတ်’ မဟုတ်သလို ‘မတ်ခ်ဇူကာဘတ်’ လည်း မဟုတ်ပေ။ ထို့အတူလုပ်ငန်းရှင် ခရိုနီတစ်ယောက် မဟုတ်သလို စုံ၊ မစနစ်နှင့် ပတ် သက်သူတစ်ယောက်လည်း မဟုတ်ပေ။
သို့သော် ရေစက်ချ အမျှပေးဝေပြီးသည့်အချိန်တွင် သူတို့ထက်ပိုပြီး ပြည့်စုံချမ်းသာသောလူတစ်ယောက် ဖြစ်သွားခဲ့ခြင်းပင် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် တစ်ဦးတည်းသော သားလေးကို ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်အဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ထို့အတူ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဓမ္မနည်းပါးမှုကြောင့် ဓာတ်ကြီးလေးပါး၏ လက်ပြန် ရိုက်ချက် များကို တားဆီးနိုင်ရန် တဏှာနှင့်သဒ္ဓါကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြဖို့ပင်ဖြစ်သည်။
(သင်္ကြန်ကာလ တစ်ခုက ဘောက်ထော်စွန်းလွန်းဂူကျောင်းတွင် ရှင်သာမဏေဝတ်ပေးခဲ့သော ကုသိုလ်ကောင်းမှုလေးသို့)
ရေး-မောင်မိုးဦး
#စံတောသတင်းစာ_ဆောင်းပါး
◾️ကူးပြောင်းခြင်း မင်္ဂလာ
လူတွေ ဓမ္မအားနည်းလာရင် လောကကြီးက ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောဆိုတဲ့ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးနဲ့လှောင်ပြောင်တယ်၊ ပမာမခန့်လုပ်တယ်၊ပြက်ရယ်ပြုတယ်၊ မြေငလျင် လှုပ်တယ်၊
ရေကြီးတယ်၊ လေတိုက်တယ်၊ မိုးသီးကြွေတယ်၊ မီးလောင်တယ်၊ ဒါတွေက လူတွေဓမ္မနည်းလို့ ဖြစ်လာတာ။
ဒါကြောင့် ဓမ္မအားကောင်းအောင် လုပ်ကြ။ နေ့တိုင်း ဒါန၊သရဏဂုံ၊ မေတ္တာ၊ သီလ၊ သမာဓိ၊ ပညာစတဲ့ ဓမ္မတွေ တစ်ခုမဟုတ်တစ်ခု ရအောင်လုပ်ကြ။ ဓမ္မဆိုတာ လောကကို အနိုင်ယူဖို့ပေါ်လာတာ။ လူကို လောကက နိုင်တယ်။လောကကို ဓမ္မက နိုင်တယ်။ ဓမ္မအားကောင်းအောင် နေ့တိုင်းလုပ်ကြ။
(တိပိဋက ယောဆရာတော်)
X X X
ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သော ကျွန်တော်တို့ အနေဖြင့် ယောဆရာတော်ကြီး၏ မိန့်မှာချက်အတိုင်း ဓမ္မကို ကိုယ်စားပြုသောကုသိုလ်ကောင်းမှုများကို လုပ်ဖို့လိုသည်။
‘ကုသိုလ်ကောင်းမှု’ ဆိုသည် ထက် ‘ကုသိုလ်စိတ်’ က ပိုပြီးအရေးကြီးသည်ဟု ပါချုပ်ဆရာတော်ကြီးက မိန့်
ဆိုခဲ့သည်။
ကုသိုလ်စိတ် ဆိုသည်မှာ-
- မိမိကိုယ်တိုင် ဒါနမပြုနိုင်သော်လည်းကုသိုလ်ပြုရန် တွေးတောနေရန်၊
- ယခင်က ပြုခဲ့သော ကုသိုလ်ကောင်းမှုများကို နှလုံးသွင်းနေရန်၊
- ပြုခဲ့သော မကောင်းမှုများကို မေ့ပစ်ရန်၊
- မိမိမလှူနိုင်သော်လည်း သူတစ်ပါး လှူနိုင်ရန် အသိပေး ပြောပြရန်၊
- သူတစ်ပါး၏ အလှူကို ဖြူစင်သောစိတ်နှင့် ဝိုင်းဝန်းကူညီရန်... တို့ ဖြစ်သည်။
ယခုလို သင်္ကြန်ကျရန် ရက်ပိုင်းမျှလောက်အလိုတွင် ကျွန်တော့်နှလုံးသားထဲသို့ စနစ်တကျ ဝင်ရောက် နေသော ကုသိုလ်စိတ်မှာ ယခင်ကပြုခဲ့သော ကုသိုလ်ကောင်းမှုများကို နှလုံးသွင်းနေရန်ဆိုသော စိတ်ဖြစ်သည်။
ထို့ကြောင့် ကာလတစ်ခုကဓမ္မနှင့်နွှယ်သော ကုသိုလ်ကောင်းမှုလေးတစ်ခုကိုသတိရနေမိသည်။
လက်ကိုင်ဖုန်းသုံးသော လူတစ်ယောက်ဖေ့စ်ဘွတ်ခ်မှာ သူတင်ထားသော ပို့စ်တစ်ခု အချိန်ကျသည်နှင့် နှစ်အကန့်အသတ်ဖြင့် ဖုန်းထဲမှာပြန်ပေါ်လာသလို ကာလတစ်ခုက ကျွန်တော်၏ ကုသိုလ်ကောင်းမှု လေးကလည်း သင်္ကြန်ကျရန်သီတင်းတစ်ပတ်လောက်အလိုတွင် ကျွန်တော့်နှလုံးသားစာမျက်နှာပေါ်သို့ အမှားအယွင်းမရှိ ပြန်ရောက်လာခဲ့လေသည်။
X X X
သင်္ကြန်မကျမီ တစ်ရက်မှာဖြစ်သည်။
သင်္ကြန်ရက်များအတွင်း သားလေးကိုသာသနာ့ဘောင်သို့ သွတ်သွင်းရန် အမျိုးသမီးကအဆိုပြုလာခဲ့သည်။
ထိုအကြောင်းအရာသည်သားလေးမွေးပြီးကတည်းက ကျွန်တော်မက်ခဲ့သော အိပ်မက်ဖြစ်သည်။ သို့သော် ဝန်ထမ်းလစာလေးဖြင့် ရက် ၃၀ ကို ပြစ်ဒဏ်ဘောမထိရန် ဖြတ်သန်းနေရသော အနေအထားတွင် ‘အလှူ့ဒကာ’ဆိုသည့် ဝေါဟာရ လေးလည်း အဝေးရောက်နေခဲ့သည်။
ထို့ကြောင့် ‘ကြိုးစားမည်’ ဟူသော နှစ်သိမ့်ဆုပေးနိုင်ခဲ့သည်။’ရှင်ပြု ရဟန်းခံ အလှူတော်မင်္ဂလာ’
ဆိုသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက် အထွတ်အမြတ်ထားကြသော
ဘာသာရေး အခမ်းအနားတစ်ခုဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း သားတော် ‘ရာဟုလာ’ အား သာသနာ့ဘောင်သို့ သွတ်သွင်း
ပေးပြီး ဗုဒ္ဓ၏အမွေအနှစ်ကို ဆက်ခံစေခဲ့ခြင်းသည်ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းတွင် ထူးခြားမွန်မြတ်
လှပြီး မိဘက သားသမီးကို ပထမဆုံးအမွေပေးသောရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာဖြစ်သည်။
“စေတီ၊ ပုထိုး၊ ကျောင်းကန် ဇရပ်တည်ဆောက်ရုံနဲ့တော့ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမကို ပြန့်ပွားစေသူတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓသာသနာကို ပံ့ပိုးပေးသူတစ်ယောက်ပဲ ဖြစ်လိမ့်
မယ်။ ကိုယ့်ရင်က မွေးလာတဲ့ရင်သွေးကို ဗုဒ္ဓမြတ်စွာဘုရားရဲ့သားတော်အဖြစ်နဲ့ သံဃာ့ဘောင်
ကို သွတ်သွင်းပေးနိုင်မှသာ ဗုဒ္ဓသာသနာကိုစည်ပင်ပြန့်ပွားစေသူဖြစ် မယ်” ဟု ‘အသောကမင်း
ကြီး’၏ အမေးကို ‘အရှင်ထေရ’ က ဖြေကြားခဲ့ကြောင်း ကျွန်တော်မှတ်သားဖူးသည်။
ထို့ပြင် အလွန်ရခဲသော တရားငါးပါးရှိသည်။
ဘုရားအဖြစ်ကိုရခဲခြင်း၊ လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊ ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏
အကျိုးကို ယုံကြည်သောစိတ်ဓာတ်ကို ရခဲခြင်း၊သာမဏေရဟန်းအဖြစ် ရခဲခြင်းနှင့် သူတော်
ကောင်းတို့၏ တရားစစ်တရားမှန်ကို ကြားနာရခဲခြင်း စသည်တို့ဖြစ်သည်။
“ဆယ်ကျော်သက်အရွယ် ကလေးငယ်တွေကို ရှင်သာမဏေဝတ်ခိုင်းတာ အင်မတန် မွန်မြတ်လှပါတယ်။ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဗုဒ္ဓရဲ့ အဓိပ္ပာယ်ကို နားလည်လာနိုင်တယ်။ကလေးတွေအနေနဲ့ ကျောင်းပိတ်ရက်ကို ကောင်းကောင်းအသုံးချနိုင်လို့ မိဘနဲ့ သားသမီးနှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ် “ဟု ဆရာတော် ‘ဦးသောဘိတ’ ၏ ဆုံးမစကားကလည်း သားလေးကိုရှင်သာမဏေ ဝတ်ပေးချင်သော ကျွန်တော်၏ဆန္ဒများကို သိပ်သည်းဆများစေခဲ့သည်။
သို့သော် ပိုင်ဆိုင်မှုကိန်းဂဏန်းက ကျွန်တော်၏ ဆန္ဒကို အနီကတ်ပြဖို့ ကြိုးစားသည်။ထို့ကြောင့် “သားကို ရှင်ပြုပေးဖြစ်မှာလား” ဆိုသောအမျိုးသမီး၏ ကွက်ရှင်ကို ခေါင်းညိတ်၊ ခေါင်းခါမလုပ်နိုင်ခဲ့ပေ။
ထိုစဉ် ဖတ်ခဲ့ဖူးသော ‘ဓမ္မပီယ ဆရာတော်’၏ မိန့်ဆိုချက်ကိုလည်း သတိရလာမိသည်။
◾️ဆွေးနွေးပွဲပျက်ပြီးနောက် ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ထရန့် အမိန့်ထုတ်
ပါကစ္စတန်နိုင်ငံမှ အပစ်ရပ်ရေးဆွေးနွေးပွဲများ သဘောတူညီမှု မရဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် ဟောမုဇ်ရေလက်ကြားသို့ အဝင်အထွက် လုပ်သည့် သင်္ဘောများကို အမေရိကန် ရေတပ်က အမြန်ဆုံး ပိတ်ဆို့မှု စတင်သွားမည်ဖြစ်ကြောင်း သမ္မတ ထရန့်က ပြောကြားသည်။
အီရန်စံတော်ချိန် ယနေ့ ညနေ ၅ နာရီခွဲမှ စ၍ အီရန်ဆိပ်ကမ်းများအားလုံးသို့ ဝင်ထွက်သည့် သင်္ဘောများကို တားဆီးပိတ်ဆို့သွားမည် ဟု အမေရိကန်အလယ်ပိုင်းစစ်ဘက်ကွပ်ကဲရေး ဌာန(CENTCOM)က ပြောသည်။
တားဆီးပိတ်ဆို့မှုများကို မည်သည့်နိုင်ငံမှ သင်္ဘောများအပေါ်မဆို ဘက်မလိုက်ဘဲ စည်းကြပ်သွားမည် ဖြစ်ကြောင်း နှင့် အီရန်နှင့် မသက်ဆိုင်သော ဆိပ်ကမ်းများသို့ ဝင်ထွက်သည့် သင်္ဘောများကိုမူ လွတ် လပ်စွာ ဖြတ်သန်းခွင့် ပေးမည်ဟု CENTCOM က ပြောသည်။
အပစ်အခတ် ရပ်စဲထားချိန်မှာပင် ရေလက်ကြားအား ဖြတ်သန်းသွားသည့် သင်္ဘော အနည်းငယ်သာ ရှိပြီး အစီး ၄၀ ခန့်သာ ဖြတ်သန်းနိုင်ခဲ့ကြောင်း ရေကြောင်းလုပ်ငန်း ခြေရာခံသူများက ပြောသည်။
ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်ကို အခကြေးငွေပေးသည့် ရေယာဥ်များကို အရေးယူသွားမည်ဟုလည်း ထရန့်က ပြောသည်။
အီရန် တော်လှန်ရေးအစောင့်တပ် ( IRGC)ကမူ ဟောမုဇ်ရေလက်ကြားသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိကြောင်းနှင့် စစ်ရေးနှင့်မသက်ဆိုင်သော သင်္ဘောများအတွက် ဖွင့်ပေးထားသော်လည်း စစ်ရေယာဥ်များကို အင်အားနှင့် တုံ့ပြန်သွားမည် ဟု ပြောသည်။
သီတင်းပတ်ကုန် ရက်များတွင် အမေရိကန် ဖျက်သင်္ဘော နှစ်စီး ရေလက်ကြားကို ဖြတ်သန်းသွားကြောင်း အမေရိကန်ရေတပ်က ပြောကြားသော်လည်း မဟုတ်မှန်ကြောင်းအီရန်က ငြင်းဆိုထားသည်။
"ခင်ဗျားတို့ တိုက်ခိုက်ရင် ကျွန်တော်တို့ကလည်း ပြန်တိုက်သွားမယ်" ဟု အီရန်ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သည့် ပါလီမန်ဥက္ကဌ ကာလီဘက်ဖ်က ထရန့်အား တုံ့ပြန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-FRANCE 24
#နိုင်ငံတကာသတင်း
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
