es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
275
Suscriptores
Sin datos24 horas
+27 días
+2630 días
Archivo de publicaciones
◾️ယူအေအီးရောက် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက သံရုံးသို့ အကူအညီတောင်းခံနိုင်ဟု ထုတ်ပြန် အရှေ့အလယ်ပိုင်းဒေသတွင်းနှင့် ယူအေအီးနိုင်ငံရှိ မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက သံရုံးသို့ အကူအညီတောင်းခံနိုင်ကြောင်း အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံသို့ပြန်လည်ထွက်ခွာလိုပါကသက်ဆိုင်ရာ လေ ကြောင်းလိုင်းများက လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များ နှင့်တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်းနှင့် အဆက်အခဲရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။ ယူအေအီးနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံကို ပြန်လည် ထွက်ခွာနိုင်ရေးနှင့် စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှ ယူအေအီးနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှုအရ မတ် ၆ ရက်မှစတင်ကာ ရန်ကုန်-ဒူဘိုင်း-ရန်ကုန်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့ကြောင်းသိရသည်။ ထို့ပြင် MAI လေကြောင်းလိုင်းအနေဖြင့် မတ် ၈ ရက် ၊ မတ် ၁၁ရက်နှင့် မတ် ၁၃ ရက်တို့ တွင်လည်းပုံမှန် ပျံသန်းပြေးဆွဲမည် ဖြစ်ပြီးအခြား လေကြောင်းလိုင်းများလည်း ပုံမှန် အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MAI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အမေရိကန်ပြည်ထောင်စု မစ်ချီဂန်ပြည်နယ်၌လေဆင်နှာမောင်းတိုက်ခတ်၊ လေးဦးသေဆုံး အမေရိကန်ပြည်ထောင်စု မစ်ချီဂန်ပြည်နယ်တောင်ပိုင်း၌ မတ် ၆ ရက်က လေဆင်နှာမောင်း များနှင့်လေပြင်းများတိုက်ခတ်ခဲ့ရာ အနည်းဆုံးလူ လေးဦးသေဆုံး၍ အများအပြားဒဏ်ရာ ရရှိခဲ့သည်။ ယင်းအပြင် လေဆင်နှာမောင်းများကြောင့်နေအိမ်များ ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူထောင် ပေါင်းများစွာတို့မှာလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ လေဆင်နှာမောင်းများ တိုက်ခိုက်မှုဒဏ်ကိုသရီးရေးဗားမြို့နှင့် ယူနီယံစီးတီးမြို့များ၌ အဆိုးရွားဆုံးခံစားခဲ့ရသည်။အမေရိကန်အစိုးရ အမျိုးသားမိုးလေ၀သဌာနက မစ်ချီဂန် ပြည်နယ်အတွက် လေဆင်နှာမောင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့ပြီးမကြာမီမှာပင် လေဆင်နှာမောင်းများတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေဆင်နှာမောင်အန္တရာယ်ကြောင့် မစ်ချီဂန်ပြည်နယ် ဘရန့်ခ်ျခရိုင်၌ သုံးဦးသေဆုံး၍လူ ပေါင်း တစ်ဒါဇင် ဒဏ်ရာရရှိခဲ့ပြီး ကတ်စ်ခရိုင်တွင်တစ်ဦးသေဆုံး၍ ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်းမစ်ချီဂန်ပြည်နယ်မှ တာဝန်ရှိသူများက ပြောကြားသည်။ ယင်းအပြင် လေဆင်နှာမောင်းဒဏ်ကြောင့်ကတ်စ်ခရိုင်အတွင်းရှိ လူနေအိမ်များနှင့် အရွယ် အစားကြီးမားသော အဆောက်အအုံများ ၌ အပျက်အစီးများရှိခဲ့ရကြောင်း အမေရိကန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။ လေဆင်နှာမောင်းများ တိုက်ခတ်စဉ်အတွင်းသရီးရေးဗားမြို့နှင့် ယူနီယံစီးတီးမြို့များ၌ လူနေအိမ်များ အမိုးများကျွတ်ထွက်၍ မော်တော်ယာဉ်များ၊ ဓာတ်တိုင်များနှင့် လမ်း အမှတ်အသားများလေဝဲနှင့်အတူ ပါခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီရန်အလှည့် ပြီးလျှင် ကျူးဘားအလှည့် လာမည်ဟုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား အီရန်ပြဿနာကို ဖြေရှင်းပြီးပါက ကျူးဘားပြဿနာအား ဆက်လက်ဖြေရှင်းမည်ဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကစီအင်န်အင်န်သတင်းဌာနနှင့် မတ် ၆ ရက်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေး မြန်းခန်းတွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်အစိုးရ၏ စွမ်းအင်ပိတ်ဆို့မှုကြောင့် လက်ရှိအချိန်မှာပင် အားနည်းချည့်နဲ့နေပြီ ဖြစ်သော ကျူးဘားနိုင်ငံမှာ မကြာခင်ပြိုလဲရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က ဟောကိန်းထုတ်ခဲ့သည်။ လက်ရှိ အမေရိကန် ပြည်ထောင်စုအနေဖြင့်အီရန်ပြဿနာတစ်ခုတည်းကို အာရုံစိုက်ထား ပြီးအီရန်ပြီးပါက ကျူးဘားအရေးကို ဆက်လက်ဖြေရှင်းမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောကြားထားသည်။ ကျူးဘားပြဿနာ ဖြေရှင်းရေးတာဝန်ကိုနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တာဝန်ယူ ဖြေရှင်းမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကထုတ်ပြောထားသည်။ သမ္မတ ဒေါ်နယ် ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ နှစ်ဦးစလုံးသည် ကျူးဘားနိုင်ငံ၌ အစိုးရ အပြောင်းအလဲရှိလာရေးကို လိုလားထောက်ခံသူများဖြစ်ကြသည်။ လက်ရှိအချိန်တွင် အမေရိကန် အစိုးရကကျူးဘားနိုင်ငံကို စွမ်းအင် ပိတ်ဆို့မှုများ ပြုလုပ်ထားရာ ဇန်နဝါရီ ၉ ရက်မှစ၍ ကျူးဘားနိုင်ငံသို့လောင်စာဆီဝင်ရောက်မှု မရှိတော့ပေ။ အမေရိကန်ပြည်ထောင်စုသည် ကျူးဘားနိုင်ငံကို ၁၉၆၂ ခုနှစ် ကပင် ကုန်သွယ်ရေးပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကမူသမ္မတရာထူး ဒုတိယအကြိမ် စတင်ရယူ ခဲ့သော၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာပင် ကျူးဘားကို အကြမ်းဖက်ဝါဒအားပေး နိုင်ငံများ စာရင်းထဲတွင် ပြန်လည်ထည့်သွင်းခဲ့သည်။ ကိုးကား-ရိုက်တာ သတင်း-ဗျည်းနွဲ့ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ်တွင် မတ် ၅ ရက်က တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄၁ ဦး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်း၏ ဖော်ပြ ချက်အရ သိရသည်။ ဆောင်ခလာခရိုင်၊ ရတ္တဖုမ္မိ၊ ကမ်ဖင်ဖတ်တိုက်နယ်၊ မူ ၁၃ ရှိ အပန်းဖြေစခန်းတစ်ခုတွင် ၎င်းတို့အား ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအပြင် တရားမဝင် နယ်စပ် ဖြတ်ကျော်ရန် ကူညီပေးသည့် ထိုင်းနိုင်ငံသား ငါးဦးနှင့် ညှိနှိုင်းပေးသူ မြန်မာနိုင်ငံ သားနှစ်ဦး တို့ကိုဖမ်းဆီးခဲ့ကြောင်းသိရသည်။ ဖမ်းဆီးရမိသူများထဲတွင်အသက် ငါးနှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် (၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၄၁ ဦး ပါဝင်ပြီး မည်သည့်နိုင်ငံကူး လက်မှတ်နှင့် အထောက်အထားမျှ ပြသနိုင်ခြင်းမရှိကြောင်းသိရသည်။ သယ်ယူ ပို့ဆောင်ရေးတွင်အသုံးပြုသည့် ပစ်ကပ်ကားသုံးစီးနှင့်အလုပ်သမားများကို လာကြိုမည့်ကားလေးစီး၊ စုစုပေါင်း ခုနစ်စီးကိုလည်းသိမ်းဆည်းခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အီရန်စစ်ပွဲမှာ ပင်လယ်ကွေ့နိုင်ငံတွေပါလာတော့မလား

◾️ခြွင်းချက်မရှိ လက်နက်ချရန် အီရန်ကို သမ္မတထရန့် တောင်းဆို အီရန်နိုင်ငံအနေဖြင့် ခြွင်းချက်မရှိ လက်နက်ချပေးရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်(ဝဲပုံ)က မတ် ၆ ရက်တွင် တောင်းဆိုလိုက်သည်။ အီရန်နိုင်ငံ လက်နက်ချရန် သမ္မတဒေါ်နယ်ထရန့် တောင်းဆိုလာမှုကြောင့် အီရန်စစ်ရေး ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် သံတမန်အရကြိုးပမ်းမှုများ ပိုမိုခက်ခဲ လာနိုင်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်စစ်ပွဲ ဒုတိယ သီတင်းပတ်ကာလအတွင်းသို့ စတင်ဝင်ရောက်လာချိန်တွင် ခြွင်းချက်မရှိ လက်နက်ချရန်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ခြွင်းချက်မရှိ လက်နက်ချရေးမှ တစ်ပါး အီရန်နိုင်ငံနှင့် မည်သည့် သဘောတူညီချက်မျှ ယူလိမ့်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က၎င်း၏ လူမှုမီဒီယာ စာမျက်နှာပေါ်တွင် ရေးသားထားသည်။ ယင်းအပြင် အများလက်ခံနိုင် သော အီရန်ခေါင်းဆောင်များ၊ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များက ပျက်စီးခြင်းငါးပါးဆိုက်မည့်အရေးမှ အီရန်ကိုကယ်တင်၍ စီးပွားရေးအရ ယခင်ကထက် ပိုမိုအင်အားကြီးမည့်နိုင်ငံ ဖြစ်လာစေရေးအတွက် ကြိုးပမ်းနေကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။ အက်ပစ်ဖျူရီစစ်ဆင်ရေး ပထမနေ့ဖြစ်သော ဖေဖော်ဝါရီ ၂၈ ရက်တွင်သေဆုံးခဲ့ရသည့် အီရန်ခေါင်းဆောင် အရာတိုလာအလီခါမီနီ၏ အရိုက်အရာဆက်ခံမည့်သူကို ရွေးချယ်ရာ၌ မိမိလည်း ပါဝင်ရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က မတ် ၅ ရက်တွင် ရိုက်တာ သတင်းဌာနသို့ ထုတ်ဖော်ပြောကြားထားသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အက်ပစ်ဖျူရီ စစ်ဆင်ရေးသည်လက်ရှိတွင် ဒုတိယသီတင်းပတ်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ကလည်း တီဟီရန်မြို့တော်အပါအဝင် အီရန်ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်လျက်ရှိသည်။ လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေး နေသော နိုင်ငံများ ရှိနေပြီဖြစ်ကြောင်း အီရန်သမ္မတ ပီဇက်ရှ်ကီအန်ကပြော ကြားခဲ့ပြီး နောက် ခြွင်းချက်မရှိ လက်နက်ချရန် အမေရိကန်သမ္မတကတောင်းဆိုထားခြင်းဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီရန်အစိုးရကို စစ်ရေးအရ စတင်တိုက်ခိုက်ရန် အီရန်ကာ့ဒ်တပ်ဖွဲ့များအားထရန့်တိုက်တွန်း အီရန်အစိုးရကို စစ်ရေးအရစတင်တိုက်ခိုက်ရေးအတွက် အမေရိကန် သမ္မတဒေါ်နယ်ထရန့် က အီရန်ကာ့ဒ်လူမျိုး လက်နက်ကိုင်တပ်များကိုတိုက်တွန်းထားကြောင်း မတ် ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အီရန်စစ်ရေး ပဋိပက္ခ ပိုမိုကျယ်ပြန့်လာချိန်တွင် အီရန်အစိုးရကိုတိုက်ခိုက်မှုများစတင်ရန် အီရန်ကာ့ဒ်တပ်ဖွဲ့များကို သမ္မတဒေါ်နယ်ထရန့်က တိုက်တွန်းထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အီရန်စစ်ရေးပဋိပက္ခသည် ခုနစ်ရက်တာကြာမြင့်လာပြီဖြစ်ပြီး ပင်လယ် ကွေ့အာရပ်နိုင်ငံများအပြင် ဆိုက်ပရပ်၊ တူရကီနှင့်အဇာဘိုင်ဂျန်နိုင်ငံများကိုပါ အီရန်နိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ အီရန် မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်မှုအတွက် အီရန်ဒုံးကျည်စခန်းများကို ပစ်မှတ် ထားတုံ့ပြန် တိုက်ခိုက်ရလိမ့်မည် ဖြစ်ကြောင်းအဇာဘိုင်ဂျန်အစိုးရက သတိပေး ထားသည်။ ယခုဖြစ်ပွားနေသော စစ်ပွဲသည် အီရန်နိုင်ငံရပ်တည်ရေးအတွက် သေရေးရှင်ရေး စစ်ပွဲ ဖြစ်ရာအမေရိကန်တပ်များရှိနေသော မည်သည့်နေရာမျိုးကိုမဆို တိုက်ခိုက်ရန်မှ တစ်ပါး မိမိတို့တွင် ရွေးချယ်စရာမရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေး ဝန်ကြီဆာအိဒ်ခါတီဇာဒီက မတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ အီရန်စစ်ရေးပဋိပက္ခ သတ္တမမြောက်နေ့ဖြစ်သော မတ် ၆ ရက်တွင်အစ္စရေးနှင့် အမေရိကန် တပ်များကတီဟီရန်မြို့တော်အပါအဝင် အီရန်နိုင်ငံတွင်းရှိ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အီရန်ကို စစ်ရေးအရတိုက်ခိုက်မှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် နိုင်ငံရေး လောင်းကစားပွဲတစ်ခုဖြစ်ပြီး အများပြည်သူထောက်ခံမှု နည်းပါးကြောင်းလူထု သဘော ထားစစ်တမ်း ထောက်ခံချက်များအရ သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ရေနံစိမ်းများဝယ်ယူရေးအတွက် နေရာသစ်များကို အာရှဝယ်လက်များ အပူတပြင်း ရှာနေ အရှေ့အလယ်ပိုင်းဒေသ ရေနံထုတ်လုပ်သူနိုင်ငံများမှ ရေနံများ အီရန်စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြားဖြတ်ကျော်ဝင်ရောက်နိုင်မှု ကျဆင်းလာသည်ဖြစ်ရာ အာရှမှရေနံ ကုန်သည် များအနေဖြင့် နေရာသစ်များမှရေနံများဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေရကြောင်း မတ် ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေနံဝင်ရောက်မှု ကျဆင်းလာခြင်းကြောင့် သင်္ဘောများသုံးစွဲနေ ကြရသည့် Bunker Fuel ခေါ် သင်္ဘောသုံးလောင်စာဆီတစ်မျိုးလည်း ဈေးနှုန်းမြင့်တက် လာခဲ့ရာ ရေနံသယ်ယူပို့ဆောင်ရေးစရိတ်စကများလည်း ထပ်မံမြင့်တက်လာခဲ့ရသည်။ ပုံမှန်အားဖြင့် ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ အာရှသို့ လစဉ် ဝင်ရောက်လာသော ရေနံစိမ်းပမာဏမှာ ပျမ်းမျှ မက်ထရစ် တန် ၁ဒသမ ၂ သန်း၊တစ်နည်းအားဖြင့် တစ်ရက် လျှင် ရေနံစိမ်းစည် ၂၄၆၀၀၀ထိ ရှိခဲ့ပြီး ယင်းရေနံစိမ်းများအနက် ၇၀ ရာခိုင်နှုန်းခန့်မှာ အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိခဲ့သော ရေနံစိမ်းများဖြစ်ကြသည်။ လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသမှ ရေနံများ အဝင် ကျဆင်းလာမှုကြောင့် အာရှ နိုင်ငံများအနေဖြင့် ရေနံစိမ်းများ ဝယ်ယူနိုင်မည့်နေရာအရင်းအမြစ်သစ်များကို အပူတပြင်း ရှာဖွေနေကြောင်း သိရသည်။ အဆိုပါနေရာသစ်များထဲတွင် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ဗင်နီဇွဲလား နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။အလားတူ အာရှရေနံကုန်သည်များအနေဖြင့် အနောက်အုပ်စု နိုင်ငံများမှလည်း ရေနံများဝယ်ယူနိုင်ရေးအတွက် မျှော်လင့်လျက်ရှိသည်။ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်း သတင်းအရင်းအမြစ် များ၏အဆိုအရ လက်ရှိ ကာလအတွင်း ဟော်မုဇ်ရေလယ်ကြားအား ရေနံတင်သင်္ဘောများဖြတ်သန်း နေမှုနှုန်းမှာ ပြီးခဲ့သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။ သတင်း-ဗျည်း ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် ဆေးရုံဖြေစာစစ်ဌာနများ ဖွင့် လှစ်ဆောင်ရွက်ပေးမည် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြ သောကျောင်းသား၊ ကျောင်းသူများ ပညာရေးနစ်နာမှုမရှိစေရန်ဆေးရုံဖြေ စာစစ်ဌာနများ ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဆေးရုံဖြေစာစစ်ဌာနများအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မြောက်ဥက္ကလာပ ပြည်သူ့ ဆေးရုံကြီး၊ ဗဟို အမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)၊အထူးကူဆေးရုံကြီး(ဝေဘာဂီ)၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) တို့ ၌ ဆေးရုံဖြေ စာစစ်ဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ခရိုင်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဆေးရုံ တက်ရောက် ကုသမှုခံယူနေသည့် စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူ(လူနာ)များအတွက်လည်း သက်ဆိုင်ရာ ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က ညိနှိုင်းလာပါက အဆိုပါဆေးရုံကြီးများတွင်ဆေးရုံ ဖြေစာစစ်ဌာန ဖွင့်လှစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

‎◾️တရားမ၀င် ၀င်ရောက်လာသည့်မြန်မာနိုင်ငံသား၁၆ဦးထိုင်းတွင်ဖမ်းခံရ ‎ ‎ထိုင်းနိုင်ငံကန်ချနပူရီခရိုင် ဘန့်ကောက်(Ban Kao) ရပ်ကွက်အတွင်းတွင်ကားတစ်စီးဖြင့် တရားမ၀င် ၀င်ရောက်လာသည့်မြန်မာနိုင်ငံသား ၁၆ဦးအားဖမ်းမိခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့ကမတ်၆ရက်တွင်ထုတ်ပြန်ထားသည်။ ‎ ‎အဝေးပြေးလမ်းမကြီးအမှတ် ၃၀၈၅ပေါ်တွင် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အရှိန်ပြင်းစွာမောင်းနှင်နေသောကုန်တင်ပစ်ကပ်ကားတစ်စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရန်ကြိုးပမ်းခဲ့စဉ် ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်းသိရသည်။ ‎ ‎ထို့နောက်၎င်းကားသည်အိမ်တစ်လုံးအတွင်းသို့ ၀င်ရောက်ရပ်တန့်ခဲ့ပြီးကားပေါ်ပါလာသူများသည်အိမ်နောက်ဖက်ရှိတောအုပ်အတွင်းသို့ ထွက်ပြေးခဲ့ကြသော်လည်း ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ရာ တောအုပ်အတွင်းတွင်မြန်မာအလုပ်သမား ၁၆ဦးနှင့်၎င်းတို့နှင့်အတူ ပါလာသူငါးဦး၊ စုစုပေါင်း ၂၁ဦးကိုထိန်းသိမ်း နိုင်ခဲ့ကြောင်းသိရသည်။ ‎ ‎ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသူအားလုံးကိုဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ဆက်လက်ခြေရာခံလိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရသည်။ ‎ ‎သတင်း-ဇော်ကိုထက် ‎ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့ ‎#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

‎◾️ရန်ကုန်-ဒူဘိုင်းလေကြောင်းခရီးစဉ်ပြန်လည်ပျံသန်း ‎ ‎ယာယီရပ်နားထားသည့် MAI ၏ ရန်ကုန်-ဒူဘိုင်းလေကြောင်းခရီးစဉ်ပြန်လည်ပျံသန်းနေပြီဖြစ်ကြောင်း Myanmar Airways International(MAI) မှသိရသည်။ ‎ ‎ဒေသတွင်လေကြောင်းလမ်းပိတ်ဆို့မှုများကြောင့် Myanmar Airways International (MAI)အနေဖြင့် ရန်ကုန်-ဒူဘိုင်းလေကြောင်းခရီးစဉ်ယာယီရပ်နားထားခဲ့ရာမှ မတ်လ၆ရ်ြမှစတင်ပြီး MAI၏ MAI ၏ ရန်ကုန်-ဒူဘိုင်းလေကြောင်းခရီးစဉ်ပြန်လည်ပျံသန်းနေပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှသိရသည်။ ‎ ‎ ‎Myanmar Airways International (MAI)က ဒူဘိုင်းတွင်ဒေသဆိုင်ရာလေပိုင်နက် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီမတ်၆ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းအသိပေးကြေညာထားသည်။ ‎ ‎သတင်း-အာကာနွေ ‎ဓာတ်ပုံ-MAI ‎#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း ‎