The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
274
Suscriptores
+124 horas
+67 días
+2430 días
Archivo de publicaciones
◾️ဗီဇာအာမခံကြေး ကင်းလွတ်ခွင့်ရရှိမှုနှင့်အတူ ကိပ်ဗာဒီဂိုးသမား၏ မိခင် အမေရိကန်သို့ လေကြောင်းခရီးချီ
ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် အင်အားကြီး စပိန်အသင်းကို ဂိုးမရှိသရေရလဒ် အံ့အားသင့်ဖွယ် ကစားပြခဲ့ပြီးနောက် ၎င်း၏ မိသားစုအခက်အခဲကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကြည့်ရှုရန် မိခင်ဖြစ်သူ မလိုက်ပါနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ငိုကြွေးနေခဲ့သော ကိပ်ဗာဒီ ဂိုးသမားကြီး ဗိုဇင်ညာ၏ အဖြစ်အပျက်ကို သိရှိခဲ့ပြီးနောက် အမေရိကန်အစိုးရဘက်က ဗိုဇင်ညာ၏မိခင် ဗီဇာအာမခံကြေး ကင်းလွတ်ခွင့်ဖြင့် အမေရိကန်ပြည်ထောင်စုဆီသို့ လာရောက်နိုင်စေရန် စီမံပေးခဲ့ကာ လက်ရှိတွင် ဗိုဇင်ညာ၏မိခင်က လေကြောင်းခရီးဖြင့် အမေရိကန်ပြည်ထောင်စုဆီသို့ ထွက်ခွာလာနေပြီဖြစ်ကြောင်း South China Morning Post သတင်းက ဖော်ပြထားသည်။
ဗိုဇင်ညာသည် စပိန်အသင်းနှင့်ပွဲအပြီးတွင် မီဒီယာများက"ဘာကြောင့် အခုလို ငိုကြွေးနေပါသလဲ”ဟု မေးမြန်းသည်ကို ဖြေကြားရာတွင် မိသားစုဆင်းရဲနွမ်းပါးမှုကြောင့် မိခင်ဖြစ်သူအနေဖြင့် အမေရိကန်သို့ လာရောက်ရန် သတ်မှတ်ထားသည့် ဗီဇာအာမခံကြေး အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကို မတတ်နိုင်ခဲ့ကြောင်းနှင့် ယနေ့ကဲ့သို့ သမိုင်းဝင်ပွဲစဉ်တွင် မိခင်ရှိစေချင်ခဲ့ကြောင်း ရင်ဖွင့်ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဗိုဇင်ညာ၏ မိခင်ဖြစ်သူအနေဖြင့် သားဖြစ်သူ ပါဝင်ကစားသော ကမ္ဘာ့ဖလားပွဲစဉ်များကို ကွင်းအတွင်းသို့ အမြန်ဆုံး လာရောက်ကြည့်ရှု အားပေးနိုင်စေရေးအတွက် အမေရိကန်အစိုးရသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ ကိပ်ဗာဒီ အာဏာပိုင်များနှင့် ပူးပေါင်း၍ ဗီဇာဆိုင်ရာ အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းပေးသွားခဲ့သည်။
အမေရိကန်အစိုးရက ဗီဇာကို တရားဝင် အတည်ပြုပေးခဲ့ရုံမျှသာမကဘဲ ဗီဇာကြေးနှင့် အာမခံကြေးများကိုပါ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ခရီးသွားလာရေး အစီအစဉ်များကိုပါ စနစ်တကျ စီစဉ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဗိုဇင်ညာ၏ မိခင်သည် ကိပ်ဗာဒီအသင်း၏ အုပ်စု (H) ပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲအမီ မိုင်ယာမီမြို့သို့ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် မိခင်ဖြစ်သူကို ပွဲကြည့်စင်ပေါ်မှ အားပေးခွင့်ရစေချင်သည့် ဂိုးသမား ဗိုဇင်ညာ၏ ဆန္ဒလည်း ပြည့်ဝတော့မည် ဖြစ်သည်။
လက်ရှိတွင် လေဆိပ်၌ အမေရိကန်ပြည်ထောင်စုသို့ သားဖြစ်သူ ကစားသည့် ကမ္ဘာ့ဖလားပွဲစဉ်များကိုကြည့်ရှုန် ဗီဇာကြေးကင်းလွတ်ခွင့်ဖြင့် သွားရောက်ခွင့်ရသော ဗိုဇင်ညာ၏ မိခင်မှာ လူထုစိတ်ဝင်စားမှု ခံရသူတစ်ဦး ဖြစ်နေခဲ့ပြီး ၎င်းနှင့် ၎င်း၏မိသားစုဝင်များ လေဆိပ်အတွင်းသို့ ဝင်ရောက်လာချိန်ကတည်းက အမှတ်တရဓာတ်ပုံ ရိုက်ကူးသူ အများအပြား ရှိနေခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
သတင်း- စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား- SCMP
◾️စီးပွားရေးပြုပြင်ပြောင်းလဲရေးအစီအစဉ်ကျူးဘားကွန်မြူနစ်ပါတီ အတည်ပြု
လွတ်လပ်သည့်စီးပွားရေးဈေးကွက် ဖော်ဆောင်ရေးအတွက် လမ်းဖွင့်ပေးထားသော အရေးပေါ် စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအမံများကိုကျူးဘားကွန်မြူနစ်ပါတီက ဇွန် ၁၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအတွက်အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ဖိအားပေးနေချိန်တွင် အရေးပေါ် စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအမံများကို ကျူးဘားကွန်မြူနစ်ပါတီက အတည်ပြုခဲ့ခြင်းဖြစ်သည်။
အထက်ပါ အရေးပေါ်စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအမံများတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ရှင်သန်ရပ်တည်ရေးအတွက် လမ်းဖွင့်ပေးထားကြောင်း သိရသည်။
အရေးပေါ်စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအမံများတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်များကို ကျူးဘားအစိုးရက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
သို့ရာတွင် အထက်ပါ အရေးပေါ်စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအမံများကို ကျူးဘာ း ကွန်မြူနစ်ပါတီက ကျူးဘားအမျိုးသားလွှတ်တော်သို့ဇွန် ၁၈ ရက်တွင် တင်သွင်းထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် ကျူးဘားအစိုးရကို ဖိအားပေးလျက်ရှိပြီး ကျူးဘားသမ္မတ ဒီအက်ဇ်ကာနယ် အပါအဝင် ကျူးဘားခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
◾️ဆော်ဒီအလံတင်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း
ဆော်ဒီအလံတင်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ရန်စစ်ပွဲ ပြီးဆုံးရေးဆိုင်ရာ ယာယီသဘောတူညီချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇွန် ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နာရီအနည်းငယ်အကြာ၌ ဆော်ဒီအာရေဗျအလံတင် ရေနံတင်သင်္ဘောသုံးစင်းနှင့်အခြားသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်ကျော်ခဲ့ကြကြောင်း သင်္ဘောခရီးစဉ်စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များက သတင်းထုတ်ပြန်ထားသည်။
ဇွန် ၁၈ ရက်တွင် ဟော်မုဇ်ရေလက်ကြားအားဖြတ်သန်းခဲ့သော ဆော်ဒီအလံတင်ရေနံတင်သင်္ဘော သုံးစင်းသည် ရေနံစိမ်းစည်ပေါင်းခြောက်သန်း တင်ဆောင်ထားကြောင်းသိရသည်။
ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောများနှင့် အခြားသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဇွန် ၁၈ ရက်တွင် ဖြတ်သန်းမှုသည်အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းသင်္ဘောစင်းရေအများဆုံးဟော်မုဇ်ရေလက်ကြားဖြတ် သန်းမှုဖြစ်ကြောင်းလေ့လာသူများက သုံးသပ်ထားသည်။
ဆော်ဒီအာရေဗျရေနံတင်သင်္ဘောများနှင့်အတူ ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းခဲ့သောအခြား သင်္ဘောများမှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ရေပြင်အတွင်းမှထွက်ခွာလာသော ရေနံတင်သင်္ဘောများဖြစ်ကြကြောင်း သိရသည်။
သို့ရာတွင် ဟော်မုဇ်ရေလက်ကြားရေလမ်းကြောင်းများက အပြည့်အဝပြန်ဖွင့်ရေးအတွက်ရေမြုပ်မိုင်းများ ရှင်းလင်းရန် လိုအပ်ဆဲဖြစ်သည်။
ကိုးကား-ရိုက်တာ
◾️အီရန်နှင့် အမေရိကန်တို့၏ ဘာဂျင်စတော့ ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်း
ဆွစ်ဇာလန်နိုင်ငံ ဘာဂျင်စတော့ အပန်းဖြေစခန်းမြို့၌ ဇွန် ၁၉ ရက်တွင်ကျင်းပမည့် အမေရိကန် ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကိုဖျက်သိမ်းထားကြောင်း ဆွစ်ဇာလန်နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အီရန်တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးရေးအတွက် ဘာဂျင်စတော့အပန်းဖြေစခန်းမြို့သို့ သွားရောက်မည့်အစီအစဉ်ကို အမေရိကန်ဒုတိယသမ္မတဂျေဒီဗင့်စ်က ဖျက်သိမ်းခဲ့ပြီးနောက် ဘာဂျင်စတော့ ဆွေးနွေးပွဲအစီအစဉ်ကိုပျက်ပြားခဲ့ရခြင်းဖြစ်သည်။
မူလက အမေရိကန်နှင့်အီရန် တာဝန်ရှိသူများသည် ဇွန် ၁၆ ရက်တွင် ရယူထားသော အချက် ၁၄ ချက်ပါ အီရန်စစ်ပွဲအဆုံးသတ်ရေး ယာယီသဘောတူညီချက် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ဘာဂျင်စတော့မြို့၌တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
အမေရိကန်နှင့် အီရန်တို့၏ ဘာဂျင်စတော့ဆွေးနွေးပွဲ ပျက်ပြားခဲ့ရခြင်းကြောင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူနိုင်ရေးအတွက် မရေရာမှုများရှိလာခဲ့ပြီဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
အလားတူ အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ငြိမ်းချမ်းရေဆွေးနွေးပွဲတွင်ပါဝင်ခြင်းမရှိသော အစ္စရေးနိုင်ငံကလည်း လက်ဘနွန်အခြေစိုက်ဟစ်ဇ်ဘိုလာအုပ်စုကို စစ်ရေးအရ ဆက်လက်တိုက်ခိုက် လျက်ရှိရာ အချက် ၁၄ချက်ပါ အီရန်စစ်ပွဲပြီးဆုံးရေး ယာယီသဘောတူညီချက် ခိုင်မြဲနိုင်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ မေးခွန်းများလည်း ပေါ်ထွက်လာခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန်မဟာမိတ်များကလည်း အချက် ၁၄ ချက်ပါ အီရန်စစ်ပွဲအဆုံးသတ်ရေး ယာယီသဘောတူညီချက်နှင့်ပတ်သက်၍ အလိုမကျဖြစ်နေကြကြောင်း သိရ သည်။
ကိုးကား-ရိုက်တာ
◾️ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင်DEMU အထူး အမြန်ရထားများ ပြေးဆွဲသွားမည်
ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းပြေးဆွဲမည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထားများကိုမကြာမီ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
DEMU အထူးအမြန်ရထားများ ပြေးဆွဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အစည်း အဝေးတွင် DEMU အထူး အမြန်ရထားများ မပြေးဆွဲမီရထားလမ်းတစ်လျှောက် လွတ်ကင်းမှုမရှိသည့် သစ်ပင်များနှင့် အဆောက်အအုံများကို အချိန်မီဖယ်ရှား ရှင်းလင်းရေး၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းရေးနှင့်လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် မဖြစ်မနေအသုံးပြုရမည့် မီးရထားလမ်းကူးနေရာများတွင် ရပ်ကွက်နှင့် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်များနှင့် ဂိတ်တံခါးများကို စနစ်တကျထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မီးရထားလမ်းဖြတ်သန်းရာ ရပ်ကွက်နှင့်ကျေးရွာများအလိုက် မြန်မာ့မီးရထားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်လိုက်နာစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်းDEMU အထူးအမြန်ရထားဖြတ်သန်းမည့် မြို့များနှင့်
ကျေးရွာများတွင် အစုန်၊ အဆန် ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်
◾️အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး ကာလအတွင်းဂါဇာကမ်းမြောင်ဒေသ၌ လူ ၁၀၀၀ ကျော်သေဆုံး
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း အစ္စရေးနှင့်ဂါဇာကမ်းမြောင်အခြေစိုက် ဟားမားစ်အုပ်စုတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူခဲ့ပြီးနောက်ပိုင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသ၌လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများကဇွန် ၁၇ ရက်တွင် ပြောကြားထားသည်။
အစ္စရေးနိုင်ငံသည် ဟားမားစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီးနောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသကို နေ့စဉ်နီးပါးမျှတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၀၀၅ ဦး သေဆုံးခဲ့ရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။
အထက်ဖော်ပြပါ သေဆုံးသူများအနက် အများစုမှာ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဂါဇာကမ်း မြောင်အလယ်ပိုင်းနှင့် ဂါဇာစီးတီးမြို့တော်တို့ကိုအစ္စရေးနိုင်ငံက မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ကြရသူများဖြစ်ကြောင်း အထက်ပါ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ဇွန် ၁၇ ရက်မှာပင် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်ယူနစ်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ပါလက်စတိုင်းနှစ်ဦးသေဆုံး၍ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ရန်ကုန်၌ စက်သုံးဆီစျေးနှုန်းများ ထပ်ကျ
ရန်ကုန်မြို့ရှိ 92 နှင့် 95 စက်သုံးဆီ စျေးနှုန်းများ ယနေ့(ဇွန် ၁၉ ရက်)တွင် ထပ်မံကျသွားခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(ဇွန် ၁၉ ရက်) တွင် ရန်ကုန်၌ 92 တစ်လီတာလျှင် ၃၇၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၃၈၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၉၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၇၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(ဇွန် ၁၁ ရက်)စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၃၈၈၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၉၁၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၉၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၈၀၀ ကျပ်ဖြစ်သည်။
ထို့ကြောင့် 92 တစ်လီတာလျှင် ၉၅ ကျပ် စျေးကျခဲ့ပြီး 95 တစ်လီတာလျှင် ၈၅ ကျပ် စျေးကျသွားကြောင်း သိရသည်။
ထို့ပြင် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၈၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၈၀ ကျပ် စျေးကျလာခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️အင်တာနက်သုံးစွဲမှုများကို ၂၄ နာရီစောင့်ကြည့်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော
အင်တာနက်ပေါ်တွင် သတင်းတု၊သတင်းမှားများတင်ခြင်း၊မဖွယ်မရာတင်ခြင်း၊နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများနှင့် ပတ်သက်၍ ၂၄ နာရီစောင့်ကြည့်စိစစ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ကပြောသည်။
ယမန်နေ့ (ဇွန် ၁၈ရက်)က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး၏ မေးမြန်းမှုကို ပြည်ထဲရေး ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အင်တာနက်ပေါ်မှ ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ၂၄ နာရီ စောင့်ကြည့်ရေးအဖွဲ့၊ တန်ပြန်ဆောင်ရွက်ရေးအဖွဲ့၊ ဘဏ်အကောင့်မှတ်တမ်းများရရှိရေးနှင့် ပိတ်သိမ်းဆောင်ရွက်ရေးအဖွဲ့၊ ကန့်ကွက်စာ၊ အကြောင်းကြားစာများ ပေးပို့ဆောင်ရွက်ရေးအဖွဲ့၊ တရားစွဲ အရေးယူနိုင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
အဆိုပါအဖွဲ့အစည်းများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ သတင်းတု၊ သတင်းမှားများတန်ပြန်ဆောင်ရွက်မှု ၂,၄၈၆ ခု၊ မဖွယ်မရာထုတ်လွှင့်မှုများနှင့်ပတ်သက်ပြီး တယ်လီ ဖုန်းနံပါတ် ၁,၃၈၇ ခုနှင့် ဘဏ်အကောင့် ၇၂၅ ခုတို့အား ပိတ်သိမ်းခဲ့သည့်အပြင် နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများ နှင့်ပတ်သက်၍ အမှု ၁,၈၄၆ မှု ရေး/ဖွင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် လူမှုကွန်ရက်အမျိုးမျိုးအား အသုံးပြု၍ အကြမ်းဖက်ရန်လှုံ့ဆော်နေသူများနှင့် မမှန်သတင်း ဖြန့်ချိမှုများ ကို ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂ နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့အရ အရေးယူဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုဝန်ကြီးကပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ နှင့် ၅၂ တို့အရ ၂၀၂၄ ခုနှစ်အတွင်း ၉,၃၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၈,၄၃၅ ဦး၊၂၀၂၆ မေလအထိ ၁,၇၅၀ ဦးတို့ကိုအရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အရေးယူခံရသူ ၂၀၂၄ ခုနှစ်တွင် ၁,၁၅၂ ဦး၊၂၀၂၅ ခုနှစ်တွင် ၆၁၆ ဦး၊ယခုနှစ် မေလအထိ ၁၀၄ ဦးတို့ကိုအရေးယူခဲ့သည် ဟုဆိုသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️အီရန်စစ်ပွဲ သဘောတူညီချက်ကြောင့် နိုင်ငံတကာရေနံဈေးနှုန်းများ ကျဆင်း
သုံးလကျော်ကြာ အီရန်စစ်ပွဲပြီးဆုံးရေး ယာယီသဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးကွက်၌ရေနံဈေးနှုန်းများ ထပ်မံကျဆင်းလာကြောင်း ဇွန် ၁၈ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ဇွန် ၁၈ ရက်တွင် ကမ္ဘာ့ရေနံဈေးကွက်၌ ဘရန့်စံမှတ်ရေနံစိမ်းဈေးနှုန်းမှာ ၂ ဒသမ ၀၆ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြီး ရေနံစိမ်းတစ်စည်ပေါက်ဈေး အမေရိကန်ဒေါ်လာ ၇၇ဒသမ ၉၁ ဒေါ်လာ အထိကျခဲ့ရသည်။
ဇွန် ၁၇ ရက်တွင် လက်မှတ်ရေးထိုးထားသောအီရန်စစ်ပွဲ အဆုံးသတ်ရေးဆိုင်ရာ ယာယီသဘောတူညီချက် အရ အမေရိကန်နှင့် အီရန်တို့အနေဖြင့် စစ်ပွဲကိုရပ်တန့်၍ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သည်။
အလားတူ အချက် (၁၄) ချက်ပါ အီရန်စစ်ပွဲပြီးဆုံးရေးယာယီသဘောတူညီချက်တွင် ယခုနှစ်ဧပြီ ၈ ရက်က ရယူခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရက်ပေါင်း ၆၀ သက်တမ်းထပ်တိုးပေးထား ကြောင်း သိရသည်။
သို့ရာတွင် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်သည့်တိုင် ရေတိုအားဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံစိမ်းဝင်ရောက်မှု ဆက်လက်နည်းပါးနေနိုင်ဆဲဖြစ်ကြောင်းလေ့လာသူများက သတိပေးထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မွမ်ဘိုင်းမြို့တော် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ရေပေးဝေမှု ဖြတ်တောက်
၁၀ နှစ်ကျော် ကာလအတွင်း အပူပြင်းဆုံး၊အခြောက်သွေ့ဆုံး ဇွန်လနှင့်ရင်ဆိုင်နေရသော အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တော်သည် ဇွန် ၁၇ ရက်မှစ၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ရေပေးဝေမှုဖြတ်တောက်ခဲ့ ပြီးစက်မှုလုပ်ငန်းများ၏ ရေသုံးစွဲမှုနှုန်းကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ချလိုက်ကြောင်း သိရသည်။
ဇွန်လအတွင်း ရာသီဥတုပူပြင်းခြောက်သွေ့နေမှုနှင့်အတူ ရေလှောင်ကန်များ၏ ရေမျက်နှာပြင်အဆင့်ကျဆင်းလာမှုကြောင့် မွမ်ဘိုင်းမြို့တော်တာဝန်ရှိသူများကဆောက်လုပ်ရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ၏ရေသုံးစွဲမှုပမာဏကို လျှော့ချထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း၌ တည်ရှိသော မွမ်ဘိုင်းမြို့တော်သည် မြို့တော်၏ရေလိုအပ်ချက်အတွက် မြို့ပြင်ရှိရေကန်ကြီးခုနစ်ကန်ကို အားပြုနေရသည့်မြို့တော်ဖြစ်သည်။
သို့ရာတွင် ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့်အထက်ပါရေကန်ကြီးများ၏ စုစုပေါင်းရေသိုလှောင်ထားနိုင်စွမ်းမှာ ၁၀ ဒသမ ၃၅ ရာခိုင်နှုန်းအထိသာရှိတော့ကြောင်းမွမ်ဘိုင်းမြို့တော် တာဝန်ရှိသူများက ပြောကြားသည်။
အထက်ပါရေပမာဏမှာ လူဦးရေ ၁၃ သန်း မှီတင်းနေထိုင်သော မွမ်ဘိုင်းမြို့တော်အတွက် ရက်ပေါင်း ၄၀ စာသာလုံလောက်မှုရှိကြောင်း သိရသည်။
မွမ်ဘိုင်းမြို့တော်တည်ရှိရာ မဟာရက်ရှ်တြပြည်နယ်သည် ယခုနှစ်ဇွန်လ၏ ပထမ ၁၆ ရက်အတွင်း နှစ်စဉ်ရမြဲမိုးရေချိန် ၇၅ ရာခိုင်နှုန်းကိုသာ ရရှိခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
