3 240
Suscriptores
Sin datos24 horas
-147 días
-6130 días
Archivo de publicaciones
3 240
နိုင်ငံခြားငွေ လိုတယ်ပြောတယ်။ သွင်းလာလိုက်တဲ့ iphone တွေကတော့ မနည်းဘူး။
လူငယ်တွေ စာသင်တဲ့ တစ်ပတ်ရစ် လက်တော့တွေကိုတော့ ပိတ်ထားတယ်။
iphone အရေးကြီးလား။ သင်ယူလေ့လာရေး လက်တော့က အရေးကြီးလား ကိုယ်တိုင်ပဲ ဖြေသွားတော့ကွယ်။
3 240
နိုင်ငံရဲ့ အခြေအနေက သမ္မာအာဇီဝ လုပ်ကိုင်စားကြရတဲ့ လုပ်ငန်းရှင်တွေ မွဲသထက် မွဲလာနေတယ်။ အလုပ်လုပ်ရင်း ဆင်းရဲလာနေကြရတယ်။
သေနတ်ကိုင် ဓားပြတိုက် ၊ ဂိတ်ကြေးကောက်၊ ခြစား လုပ်နေကြတဲ့သူတွေ ချမ်းသာနေကြတယ်။
မကောင်းတာ လုပ်မှ ချမ်းသားတယ်ဆိုတဲ့ အတွေး ပြည်သူထံမှာ သန္ဓေတည်သွားမှာ ကြောက်ရတယ်။
3 240
ကုန်ဈေးနှုန်းတက်တာကို ပြည်သူတွေ မအော်ဖူးဘူး။ ကြိတ်ပြီး ခံနေကြတာ ကြာပါပြီ။ ဒီတစ်ကြိမ် ဈေးတက်မှုကြီးကတော့ မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေကြပါတယ်။
နောက်ကွယ်ကနေ ဘယ်သူတွေ လုပ်နေကြတာလဲ။ ဘာကြောင့်လဲ။
3 240
Six One အိမ်ရာစီမံကိန်း နောက်ပြန်ဆုတ်သွားတဲ့ အကြောင်းကို အသိတစ်ယောက် ရှင်းပြလို့ ကြားသိရပါတယ်။
နိုင်ငံအတွက် ဆောက်လုပ်ရေး အလုပ်သမားပေါင်း များစွာ အလုပ်အကိုင်ဖန်တီးတိုင်မယ့် အခွင့်အရေးပျက်ခဲ့ ရပါတယ်။ ရင်းနှီးမြှပ်နှံသူ လုပ်ငန်းရှင်မှာလဲ ဆုံးရှုံးမှုတွေ ကြုံခဲ့ရပါတယ် ။
ပြဿနာကို အရင်းစစ်ကြည့်လိုက်တော့ ဆောက်လုပ်ခွင့် လျှောက်ထားမှုမှာ မလိုအပ်ပဲ ပညာရှင်မဆန်တဲ့ စိစစ်မှုတွေများနေပြီး ကြန့်ကြာခဲ့တာက နိုင်ငံတော်အတွက် ၊ ပြည်သူအတွက် ၊ ရင်းနှီးမြှပ်နှံသူ အားလုံးအတွက် ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မြင်ပါတယ်။
စီမံကိန်းတွေကို ပညာရှင်မဆန်ပဲ စိစစ်မှုတွေကြောင့် မလိုအပ်ပဲ ကြန့်ကြာခဲ့ပါတယ် ဆိုတဲ့ သတင်းစကားက နိုင်ငံရဲ့ ပြင်ပမှာရှိတဲ့ ရင်းနှီးမြှပ်နှံသူတွေထံကို ရောက်သွားခဲ့ရင် မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှုက အလွန်ကြီးမားပါတယ်။ နိုင်ငံခေါင်းဆောင်များရဲ့ မူဝါဒတွေနဲ့လဲ လုံးဝ ကွဲလွဲဆန့်ကျင်နေပါတယ်၊
မြန်မာနိုင်ငံမှာ Myanmar National Building Code ကို ၂၀၂၀ ထဲက ပြဌာန်းပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက် MNBC အတိုင်း လျော့ပြီးလဲစစ်ဖို့ မလိုပါဘူး။ ပိုပြီးလဲ စစ်ဖို့ မလိုပါဘူး။ တည်ဆဲ MNBC အတိုင်း ပညာရှင်ဆန်ဆန် အဂတိကင်းကင်းနဲ့ စစ်ဆေးပေးဖို့ပဲ လိုအပ်ပါတယ်။
ဘယ်နေရာမှာ ဘယ်လိုတွေကြောင့် ဆိုတဲ့ အသေးစိပ်ကိုတော့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ စစ်ဆေးရင် ပေါ်ပါမယ်။
3 240
ပဲကုလား က စကားပြောရိုင်းပေမယ့် သူပြောတဲ့အတိုင်း အနုပညာရှင်တွေ ၊ social influencers တွေ လုပ်သင့်တာတော့ အမှန်ပါ။
နိုင်ငံနဲ့ လူမျိုးရဲ့ အကျိုးကို လိုလားရင် ငြိမ်းချမ်းပါစေ မြန်မာပြည် ခေါင်းစဉ်နဲ့ တောထဲက လူငယ်တွေကို ပြန်ခေါ်သင့်ပါပြီ။
ဆယ်လီတွေ ဖျက်စီးခဲ့တာတွေကို ပြန်လည် အဖတ်ဆယ်စေချင်ပါတယ်။
ဖန် အင်အားများတဲ့ ဆယ်လီတွေ အားလုံး စုပေါင်းပြီးလုပ်ရင် အောင်မြင်ပါလိမ့်မယ်။ လူငယ်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။
3 240
နိုင်ငံနဲ့ ပြည်သူက ကြပ်တည်းလေ သူတို့က ချမ်းသာလေပါ။
အစိုးရလူကြီးတွေကို နာမည်အဖျက်ဆုံး နဲ့ ပြည်သူ အမုန်းဆုံးဌာနပါ။
နိုင်ငံကို အတွင်းလှိုက်စားပြီး ဖြိုချ ဖျက်စီးနေတာ pdf တွေထက်တောင် ပိုဆိုးပါတယ်။
နိုင်ငံက နိုင်ငံခြားငွေလိုလို့ အစီအစဉ်တစ်ကျလုပ်တယ်။ သူတို့က လာဘ်စားတယ်။
စုံစမ်းစစ်ဆေး အရေးယူပြီး ပိုင်ဆိုင်မှုတွေပါ သိမ်းစေချင်ပါတယ်။
3 240
နီပိန်းတွေ အိမ်ခြံမြေ ဈေးကွက်ပြိုပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒုက္ခရောက်ဖို့ ကြံစည်နေကြတယ်။
ဒေါ်လာဈေး ဝင်ကစားပြီး ဖွနေကြတယ်။
နီပိန်းတွေရဲ့ ပစ်မှတ်ကို သိထားကြဖို့ဖြစ်ပါတယ်။
3 240
အရင်က ည(၈) နာရီဆိုရင် ဟင်းတွေ အကုန်ကုန်တဲ့အထိ ရောင်းရတဲ့ ထမင်းဆိုင်လေး ၊(၉) နာရီ ထိုးတဲ့အထိ မကုန်သေးဘူး။
ဘာလို့ ရောင်းမကုန်တာလဲလို့ ဆိုင်ရှင် ညီမကို မေးကြည့်တော့ ကုန်ဈေးနှုန်းတွေ တက်လို့ လူတွေ မစားနိုင်ကြတော့ဘူး လို့ပြောတယ်။
ဟင်းတွေက မကုန်ရင် ပစ်ရမှာမို့ သူခမြာ ငိုမဲ့မဲ့ဆိုတော့ ကျုပ်လဲ နိုင်သလောက် ဝယ်အားပေးပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရတယ်။
ဘယ်သူတွေကြောင့် ဘာတွေဖြစ်နေကြတာလဲ ကျုပ်လဲ မသိဘူး။ လုပ်နေတဲ့သူတွေကို ဖမ်းသင့်ရင် ဖမ်း။ ရှင်းသင့်ရင် ရဲရဲရှင်းသင့်ပါတယ်။
ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်နေကြတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေက အဲ့လူတွေကြောင့် ဒီဒုက္ခတွေ ခံစားနေရတယ် ဆိုရင် အမြန်ဆုံးရှင်းသင့်ပါတယ်။
အတွင်းလှိုက်စားနေတဲ့ အနာတွေလဲ ရှင်း ၊ အပြင်က ပြည်တည်နာတွေကိုလဲ ရဲရဲရှင်းသင့်ပါတယ်။
တတိုင်းပြည်ဖျက်တဲ့သူတွေကို ညှာတာခဲ့ကြလို့ မဆိုင်တဲ့ပြည်သူတွေလဲ ဘေးသင့်ခဲ့ပါပြီ။
3 240
အလုပ် မလုပ်ပဲ အချောင်ခိုနေတဲ့ လွှတ်တော်အမတ်တွေက များနေပါတယ်။ တစ်ချို့မြို့နယ်တွေမှာဆိုရင် မဲဆွယ်တုန်းကပဲ မြင်ဖူးကြပြီး အမတ်ဖြစ်တော့ ပေါ်မလာတဲ့ အမတ်တွေ အများကြီးရှိပါတယ်။
ပလက်ဖောင်းတွေ ယိုယွင်းနေတာတွေ၊ ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ဒုက္ခကို နားထောင်ပေးတာတွေ၊ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကို ပြည်သူတွေနဲ့ တွေ့ဆုံပြီး ဖြေဖျောက်ပေးတာတွေ လုပ်ပေးတဲ့ အမတ်ဆိုတာ ရှားပါးပါတယ်။
အနီးစပ်ဆုံး ပြည်သူတွေ ခံစားရဆုံး စစ်မှုထမ်း ပေါ်တာဆွဲတဲ့ ကိစ္စကိုတောင် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ဖြေရှင်းပေးနေတဲ့ အမတ်ဆိုတာ မကြားရပါဘူး။
ပေါ်တာဆွဲခံရရင် ကျွန်တော် ကျွန်မကို ဆက်သွယ်ပေးပါဆိုပြီး ပြည်သူကို အသိပေးတဲ့ အမတ်ဆိုတာ ခုထိ မမြင်ရသေးပါဘူး။
သတင်းတွေကြောင့် Popular ဖြစ်လာတဲ့ ကိစ္စကို မေးခွန်းမေးတာမျိုးက ပြည်သူအတွက် စွမ်းဆောင်နေတာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ လိုအပ်ချက်ကို တစ်ကယ်သိရှိပြီး ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်တဲ့သူမှ ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်ပါ။ ပြည်သူ့ အကျိုးမဆောင်ရွက်ပဲနဲ့ ကျွန်တော်က လွှတ်တော် ကိုယ်စားလှယ်ပါလို့ မပြောပါနဲ့။ အဲ့တာ ပြည်သူရဲ့မဲကို အပြောနဲ့ လိမ်ညာယူထားတဲ့သူပါ။
တိုင်းပြည် အခက်အခဲဖြစ်ပြီး ကုန်ဈေးနှုန်းတွေ ကြီးနေချိန်မှာ လွှတ်တော် အမတ်တွေ နေ့မအား ညမအား အလုပ်လုပ်ပါ။ သာမန်ထက် သုံးလေးဆ အလုပ်လုပ်ပါ။ ထက်မြက်တဲ့ အတွေးအခေါ်တွေ နဲ့ အလုပ်လုပ်ပြီး ပြည်သူကို စည်းရုံးပါ၊ ကယ်တင်ပါ လို့ တိုက်တွန်းပါတယ်။
3 240
စီးပွားရေးသမားတွေကကုန်ထုတ်လုပ်မှု လုပ်ငန်းတွေထဲမှာ ရင်းနှီးမြှပ်နှံမှု မလုပ်ကြပဲ အိမ်ခြံမြေ ဈေးကစားတဲ့ ကျားဖြန့်တွေနောက်ကို လိုက်ပြီး ဈေးကစားကြတယ်။
ဝန်ထမ်းတွေက အကျင့်ပျက်ခြစားဖို့အတွက် အစိုးရ လုပ်ငန်းစဉ်တွေကို ခက်ခဲအောင်လုပ်ထားကြတယ်။ ပြည်သူတွေကို အလုပ်အကိုင်ဖန်တီးပေးမယ့် လုပ်ငန်းတွေကို နှောင့်နှေးအောင် လုပ်ကြတယ်။
pdf တွေက ဂိတ်ကြေးတွေ ကောက် ကြတယ်။
တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်မရအောင် မြေဈေးတွေကို ဈေးကစားကြတယ်။
လောင်းကစားလုပ်ငန်းတွေကို ရဲက မဖမ်းတော့ ပြည်သူတွေ အကြွေးနွံနစ်နေကြတယ်။
pdf တွေကြောင့် တိုင်းပြည်ပျက်တာထက် အတွင်းလှိုက်စားလို့ ပျက်နေတာက ပိုများနေပါတယ်။ တိုင်းပြည်ကို တစ်ကယ်ချစ်ရင် ခြေမကောင်း ခြေမ ၊ လက်မ မကောင်းရင် လက်မ ၊ ရဲရဲဝံ့ဝ့ ဖော်ဖို့ လိုပါတယ်။
3 240
ကားမောင်းရင် ကျောင်းကားတွေကို လမ်းပေးဖြစ်တယ်။ ရပ်စောင့်ပေးဖြစ်ပါတယ်။
နောက်က တက္ကစီ ဆရာတွေက ဟွန်းတီး ဖိအားပေးပြီး ဆဲကြတာပါ။
3 240
+7
စလုံးက မြန်မာတွေ မီးခိုးမြူတွေ ထူလာတဲ့အကြောင်း တင်နေကြတော့ ၂၀၂၁ က နီပိန်း အဖျက်သမားတွေ တာယာမီးရှို့ပြီး မြို့နေလူထုကို အညှော်တိုက်ပြီး အသက်ကြီးရွယ်အိုတွေကို သတ်ခဲ့ကြတာကို မှတ်မိသွားတယ်။
အဲ့လိုလုပ်ဖို့ မြောက်ပေးခဲ့ကြတဲ့ စလုံးက နီပေါတွေကိုလဲ သတိရပါတယ်။
ဝဋ်ဆိုတာ ဘဝ မကူးပါဘူး။
3 240
ကျုပ်တို့ ငယ်ငယ်ကဆိုရင် ဆရာမကို ပြန်မပြောရဲဘူး။ ခုခေတ် ကလေးတွေက သူတို့ အမြင်ကို အမှန်တိုင်း ပြောရဲတဲ့ သတ္တိရှိနေကြပြီ။
ဒီမိုကရေစီ ယဉ်ကျေးမှုကို ငယ်ငယ်ထဲက ပျိုးထောင်နေတဲ့ ပညာရေးစနစ်ဆိုတာ ထင်ရှားပါတယ်။
မှန်တာပြောရင်တောင် ဝိုင်းဆဲကြတဲ့ နီပိန်းတွေက ဒီမိုကရေစီကို တည်ဆောက်နေသူတွေလား ၊ ဖျက်စီးနေသူတွေလား ဆိုတာကို ခေါကြီးတို့ မြအေးတို့ ဖြေကြည့်ကြပါဦး။
3 240
လမ်းကြားထဲ အမှိုက်ပစ်ချသူတွေကို ဥပဒေအတိုင်း အရေးယူနိုင်မှ နိုင်ငံတိုးတက်ပါမယ်။
လွှတ်တော် ကိုယ်စားလှယ် ဦးညီညီသွယ်ကိုတော့ အားရပါတယ်။ လမ်းမတော်က စံပြ မြို့နယ် ဖြစ်လာပါလိမ့်မယ်။
