နီပိန်းတိုက်ဖျက်ရေး
Kanalga Telegram’da o‘tish
3 498
Obunachilar
-424 soatlar
-287 kunlar
-6130 kunlar
Postlar arxiv
3 498
ဇွန်လ (၄) ရက်နေ့က ရေးခဲ့တာပါ။
မိုးရေကို အဝီစိကနေတစ်ဆင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းဖို့ အကြံပြုခဲ့ပါတယ်။
https://t.me/nipaw/7776
3 498
+1
ရေကြီးရေလျှံတာကို ကာကွယ်ဖို့၊ မြေအောက်ရေကို ထိန်းသိမ်းဖို့ မိုးရေကို အဝီစိတွင်းထဲ ပြန့်ထည့်ဖို့ကို ရေးခဲ့ဖူးပါတယ်။
တရုတ်သွားတော့ တရုတ်မှာ ကျင့်သုံးနေတာကို သိခွင့်ရခဲ့ကြပြီလို့ မြင်ပါတယ်။
3 498
+1
တွေ့တော့ ယီးဖြစ်လားလို့ အိန္ဒိယ က ပြန်မပြောဘူးလား ။ တစ်ရာဖိုး သုံးယောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့က စွကျောကြီးနဲ့ တောင်းဆိုနေတယ်။
ကုလသမဂ္ဂတောင် အရေးမပါ နေရာမရောက်တော့လို့ ပျက်တော့မှာ ။ ကုလသမဂ္ဂက ဝန်ထမ်းဟောင်း (၃) ယောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့က တောင်းဆိုတာကို လူဦးရေ (၁.၄) ဘီလီယံရှိတဲ့ နိုင်ငံက သမ္မတက ယီးလုပ်ရမှာလား။
3 498
မြန်မာပြည်သူတွေမှာ Laptop အသစ်ကို ဝယ်မသုံးနိုင်တော့တာ ကြာပါပြီ။ အရင် က (၉) သိန်း (၁၀) သိန်းပဲ ပေးရတဲ့ Second Hand Laptop တစ်လုံးကို အနိမ့်ဆုံး သိန်း(၂၀) လောက်ဖြစ်နေပါတယ်။
နည်းပညာခေတ်ကြီးမှာ Laptop ဆိုတာ ကျောင်းသားတွေအတွက် စာသင်ခန်းပါ။ ပညာရှင်တွေအတွက် အသေးစား စက်ရုံတစ်ခုပါ။ ရုံးဝန်ထမ်းတွေအတွက် အထောက်အကူပြု စက်ပစ္စည်းပါ။ Laptop က ဇိမ်ခံ ပစ္စည်းမဟုတ်ပါ။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ကျောင်းသားတွေ ပညာဆည်းပူးလေ့လာဖို့ အခြေခံအကျဆုံး ပစ္စည်းဖြစ်ပါတယ်။
.
AI ထွန်းကားနေတဲ့ ခေတ်ကြီးမှာ နိုင်ငံခြားငွေလျော့ချချင်လို့ Laptop အသစ်တွေကို ပိတ်ထားတယ် ဆိုရင်တောင် Second Hand Laptop တွေကို အကောက်ခွန်နည်းနည်းကောက်ပြီး ဖွင့်ပေးသင့်ပါတယ်။
ကျောင်းသားတွေ ၊ ဝန်ထမ်းတွေ ၊ပညာရှင်တွေ အဆင်မပြေ ဖြစ်ပြီး လူငယ်တွေရဲ့ ပညာရေးတိုးတက်မှုနဲ့
နိုင်ငံရဲ့ အသိပညာဆိုင်ရာ ထုတ်ကုန် ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လုံးဝ ဆန့်ကျင်နေတယ်လို့ မြင်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေ မြင်ပါစေလို့ ဆုတောင်းပါတယ်။
3 498
အာဆီယံက လက်မခံသေးရင် ထွက်လိုက်တာ ကောင်းပါတယ်။ ကမ္ဘာ့အင်အင်အားကြီး (၄) နိုင်ငံမှာ ရုရှား ၊ တရုတ် ၊ အိန္ဒိယ နိုင်ငံတွေက ခိုင်ခိုင်မာမာ ထောက်ခံနေပြီ။ ပရောဂျက်တွေစဖို့ကိုလဲ လိုလားနေကြပြီ။
လက်နက် ၊ နည်းပညာ နဲ့ ငွေကြေးတွေ လာတော့မှာပါ။ ပြည်တွင်းငြိမ်းချမ်းရေးမှာ ကန့်လန့်ဖြတ်နေတာကို အနာခံပြီး အမြတ်ပြတ် ရှင်းဖို့ပဲ လိုတော့ပါတယ်။
အာဆီယံထဲ စလုံးက တင်းခံနေတာ၊ မြန်မာ အဆင်ပြေသွားရင် သူထိခိုက်မှာပါ။ မြန်မာ မတိုးတက်အောင် စလုံးက ဘက်ပေါင်းစုံကနေ ဖိအားပေးနေမှာပါ။
3 498
လူရည်ချွန် ဆုရတဲ့ ကလေးတွေကို ဘင်ခရာတီးဝိုင်းနဲ့ အိမ်အထိ ကြိုဆိုဂုဏ်ပြုပေးတဲ့ အစီအစဥ်က အလွန်ကောင်းပါတယ်။
ပြည်သူတွေလဲ သဘောကျကြပါတယ်။ လူငယ်တွေရဲ့ ကြိုးစားလိုစိတ်ကိုလဲ လှုံ့ဆော်ပေးပါတယ်။ အစိုးရကျောင်းတွေကိုလဲ လူကြိုက်များလာပြီး ယုံကြည်မှု တိုးပွားလာစေပါတယ်။
3 498
အဖွားတစ်ယောက်က လမ်းဘေး ထမင်းဆိုင်လေးမှာ ငြီးတွားနေတယ်။
သူ့မြေးမလေး မနှစ်က သူငယ်တန်း ကျောင်းထားတာ အဖြူအစိမ်း ဂါဝန်အရှည်လေးတွေ နဲ့ အင်္ကျီလေးတွေ နဲ့ အဆင်ပြေတယ် တဲ့။
ဒီနှစ် ကလေးက မထွားလာလို့ ဆက်ဝတ်လို့ ရသေးတယ်။ ကျောင်းဝတ်စုံ မဝယ်ရတော့ဘူးဆိုပြီး ပျော်နေတာမှာ ကျောင်းက ထမီနဲ့ ရင်ဖုံးအင်္ကျီ ဝတ်ရမယ်ဆိုလို့ ထပ်ချုပ်ရဦးမှာ ဆိုပြီး ငြီးတွားနေတယ်။
အင်္ကျီက ချုပ်ပြီးသား မရှိလို့ စက်ချုပ်ဆိုင်အပ်တာမှာ တစ်ထည်ကို တစ်သောင်းတဲ့။ ထမီကတော့ အိမ်မှာပဲ လက်ချုပ်လေးနဲ့ ချုပ်တော့မယ်တဲ့။ အဖွားကို ဘယ်ကျောင်းလဲမေးတော့ ရွေပြည်သာထဲ က ကျောင်းတစ်ကျောင်းလို့ သိရပါတယ်။ သူလဲ အမက တွေ အလက တွေ မသိတော့ ဆက်မမေးတော့ပါဘူး။
စာရေးကိရိယာဖိုးတွေ ၊ လွယ်အိတ် ဖိနပ် စတာတွေရဲ့ စရိတ်က ကျောင်းထားချင်တဲ့ မိဘတွေအတွက် အတားအဆီးဖြစ်နေရတဲ့ ကြားထဲမှာ ဝယ်ထားတဲ့ ဝတ်စုံ ပြန်ဝတ်မရအောင်ထုတ်တဲ့ ကျောင်းရဲ့ စည်းကမ်းတွေက ကျောင်းသားတွေကို ကျောင်းပြင်ပရောက်အောင် ကန်ထုတ်နေသလို ဖြစ်နေပါတယ်။
မပြေလည်တဲ့ မိဘတွေကို ကလေးတွေကို ကျောင်းပို့အောင် မနဲစည်းရုံးနေရတဲ့ အခက်အခဲကြားမှာ ကျောင်းဝတ်စုံ ကန့်သတ်ချက်တွေက ဝန်ပိစေပါတယ်။
ကလေးတွေအတွက် လုံခြုံ ပေါ့ပါးတဲ့ ဝတ်စုံတိုင်းက ကျောင်းဝတ်စုံဖြစ်ရပါမယ် ကျောင်းကသတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံကို မဝယ်နိုင်လို့ ကျောင်းမတက်ရပါဘူးဆိုတဲ့ ကလေးမျိုး မရှိသင့်ပါဘူး။
3 498
+1
ဘုန်းကံဆိုတာ ဒါမျိုးကိုခေါ်တယ်။ သူအုပ်ချုပ်တဲ့အချိန်မှာ ရှာတွေ့တာဆိုတော့ သူနဲ့ ပြည်သူ ကံစပ်တယ်ပြောမလား။
ဆဲဆို ရမ်းကားနေတဲ့ ဒေါ်စု သားသမီးတွေကြောင့် ဒေါ်စုလဲ ကံမှိန်တယ် ပြောရမယ်။ ဒေါ်စု လက်ထက်မှာ ဘယ်ဓာတ်ငွေ့သိုက်မှ မတွေ့ဘူး။
3 498
မြို့တွေကိုရွာတွေကို စစ်တပ်က မီးရှို့ပါတယ်လို့ နီပိနိး မီဒီယာတွေက ဘယ်လိုပဲ ဝါဒဖြန့်ပါစေ၊ မြေပြင် အရှိတရားကတော့ တပ်မတော်က မြို့ပြန်သိမ်းပြီးမှ ပြည်သူတွေ မြို့ရွာတွေကို ပြန်လာရဲကြတာ ဖြစ်ပါတယ်။
တပ်မတော် အုပ်ချုပ်စဥ်ကာလမှာ မြို့ရွာတွေ အေးချမ်းနေပြီး ၊ nug pdf တွေ မြို့ဝင်သိမ်းပြီးနောက်မှာ ပြည်သူ့အိမ်တွေ ပြောင်သလင်းခါသွားအောင် အခိုးခံရ တာကလဲ မြေပြင်အရှိတရားပဲ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ လက်တွေ့လုပ်ရပ်အရဆို ပြည်သူတွေက တပ်မတော်ကို ထောက်ခံတာလား။ nug pdf တွေကို ထောက်ခံကြတာလား။
နီပိန်းမီဒီယာတွေ ကြီးစိုးတဲ့ ဖွဘုတ်ပေါ်မှာ ဘယ်လိုပင် ဝါဒဖြန့်နေပါစေ ပြည်သူက အဖြစ်မှန်ကို လက်တွေ့လုပ်ရပ်နဲ့ ထောက်ပြညွှန်းဆိုနေပါတယ်။
ပြည်သူ့မှတ်တမ်း ဓာတ်ပုံ ၊ vdo တွေအရ nug pdf တွေဟာ မြန်မာ့သမိုင်းမှာ အကြမ်းဖက်အဖွဲ့အဖြစ် မှတ်တမ်းဝင်နေတော့မှာ ဖြစ်ပါတယ်။
3 498
သီတဂူဆရာတော်ကြီးကို ပိုးဆိုးပက်စက် စော်ကားထားတဲ့ မိန်းမ။ သီတဂူ ဆရာတော်ကြီးက ဘာမလုပ်ပါဘူး။ မေတ္တာပဲ ထားခဲ့တာပါ။
အခုတော့ သူ့ယောင်္ကျားက မရှုမလှ သတ်သွားပြီ။
နီပိန်းတွေရဲ့ မိုက်ရိုင်းစော်ကား၊ လုသတ် အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လိမ်လည်လှည့်ဖြား ခွက်စောင်းခုတ်ကြတဲ့ အကျင့်ဆိုး ၊ စရိုက်ဆိုးတွေကို အနာဂါတ်ရှိတဲ့ လူငယ်တွေကို မကူးစက်အောင် နိုင်ငံတော် အကြီးအကဲတွေ၊ လွှတ်တော်အမတ်တွေ၊ ပညာရေးဝန်ထမ်းတွေ အနေနဲ့ အလုပ်တွေ အများကြီး လုပ်ကြရဦးမယ်။
3 498
ဘန်ကောက်ရဲ့ တိုးရစ်ဧရိယာက စားသောက်ဆိုင်တွေမှာ ရောင်းတဲ့ ဈေးနှုန်းကို တစ်ခါတည်း ရေးထားရပါတယ်။ အဲ့လိုလုပ်ဖို့ အစိုးရက ညွှန်ကြားထားတာပါ။
အခုလဲ မြန်မာနိုင်ငံက ပြည်သူတွေ အော်နေကြပါပြီ။ ဈေးနှုန်းမရေးထားကြပဲ စားပြီးမှ မတန်တဲ့ဈေးနှုန်းတွေကို တောင်းနေကြတာကို ပြည်သူတွေ ကြုံတွေ့ခံစားနေရပါတယ်။
စားသုံးကာကွယ်ရေးအဖွဲ့ အနေနဲ့ စည်းကမ်းတွေ ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး စားသောက်ဆိုင်တွေကို လိုက်နာစေသင့်ပါတယ်။
ဈေးနှုန်းမရေးထားတဲ့ စားသောက်ဆိုင်တွေက အစားအသောက်တွေကို အလကား စားလို့ရကြောင်း ထုတ်ပြန် ကြေညာထားရင် အားလုံးလိုက်နာလာကြမှာ ဖြစ်ပါတယ်။
3 498
စုံမ ကိစ္စကို လွှတ်တော်ထဲအထိ အော်လာတာကို ကျေနပ်လှပါတယ်။ ဒီမိုကရေစီ စနစ်ကြီး စတင် အသက်ဝင်လာတော့ ပြည်သူတစ်ယောက်အနေနဲ့ မြင်လာရတာ အလွန် ကျေနပ်မိပါတယ်။ ယခုထက်ပိုပြီး စွမ်းဆောင်ပေးဖို့လဲ တောင်းဆိုပါတယ်။
တာဝန်မကျေတဲ့ ဝန်ကြီးဌာနတွေ ၊
မေးခွန်းတ်ေါကို ထိထိမိမိ မဖြေကြားနိုင်တဲ့ ဝန်ကြီးတွေကို လွှတ်တော်ကြီးက ဆင့်ခေါ်ပြီး ဆူနိုင်ရင်၊ စွပ်စွဲပြစ်တင်နိုင်ရင် ပြည်သူတွေက ပိုပြီး ကျေနပ်ကြပါဦးမယ် ။
ဒီမိုကရေစီစနစ်ကြီးကို အသက်ဝင်အောင် ဖော်ကျူးနိုင်လေ နီပိန်းတွေ ကျရှုံးလေပါ။ ဒီမိုကရေစီစနစ် အသက်ဝင်နေကြောင်း သက်သေပြနိုင်လေ နိုင်ငံတကာက ထောက်ခံလေ ဖြစ်လာမှာပါ။
လွှတ်တော် မဏ္ဍိုင် ၊ အုပ်ချုပ်ရေး မဏ္ဍိုင် နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေက တာဝန်ကျေပွန်စွာ ဖော်ဆောင်ပြနိုင်ရင် နီပိန်းတွေရဲ့ နိဂုံးချုပ်က များမကြာသော ကာလတွေမှာ မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။
3 498
တပ်မတော် မှာ တာဝန်ထမ်းလို့ တာဝန်ကျေပွန်ရင် ခံစားခွင့်တွေက အများကြီးရှိပါတယ်။
ပြည်သူ့စစ်မှုထမ်းဆိုလဲ နှစ်နှစ်ပါ။ နှစ်ပြည့်ရင် နေရပ်ပြန်ပြီး နားလို့ရပါပြီ။
pdf ထဲတင်ရင် ဘယ်တော့ပြန်ရမယ်မှန်း မသိနိုင်ပါ။ ထွက်ပြေးရင် တပ်ပြေးဆိုပြီး ပစ်သတ်ခံရ ၊ နှိပ်စက်ခံရပါတယ်။
nug ကလူတွေ ၊ ထောက်ပို့တွေကတော့ အလှုခံချမ်းသာပြီးရင် အနားယူကြောင်း post လေးတင်ပြီး နားလို့ရပါတယ်။ တပ်ပြေးလဲ မဖြစ်ပါ။ အနှိပ်စက်လဲ မခံရပါ။
လူငယ်တွေ ဓမ္မနဲ့ အဓမ္မကို သေချာခွဲခြား သိမြင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
3 498
မင်းဇင် Case က နီပိန်းတွေကို အတော်လှုပ်ခတ်နေတယ်။ နီပိန်းတွေ ပြေးစရာမြေ ပျောက်နေကြပြီလို့ ထင်ကြတယ်။
မြန်မာနိုင်ငံမှာ တရုတ် ဩဇာကြီးထွားလာပြီ ဆိုပြီး အမေရိကန်ကို ပြေးကပ်ဖို့ ဇာတ်လမ်းထွင်ဖို့ကိုလဲ ကြံစည်နေကြတယ်။
လူသတ်အကြမ်းဖက်ထားတဲ့
နီပိန်းတွေအဖို့ ထိုင်းမှာလဲ မလှုံခြုံတော့ဘူး။ နီပိန်းတွေအဖို့ ပြေးစရာမြေ က တီမောပဲ ကျန်တော့တယ်။
(၈၈) မှာက လူသတ် အကြမ်းဖက်ထားတာ မရှိတော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေပြေးလို့ရတယ်။ အခု နီပိန်းတွေက လူသတ်အကြမ်းဖက်သမားတွေ ဖြစ်နေတော့ လက်ခံထားရင် သူတို့နိုင်ငံတွေ အတွက်လဲ အကျိုးမရှိနိုင်တာကို သိနေကြပါပြီ။
3 498
ဒီစစ်ပွဲကို ခေါ်ခဲ့တာ တပ်မတော်မဟုတ်ပါဘူး။ NCA ကိုဖောက်ဖျက်ပြီး စစ်ကို စတင်ခေါ်ခဲ့သူက knu ပါ ။ အညာဒေသ စစ်ပွဲခေါ်သူက nug အညာသားတွေပါ။ kia cna cdf kndf mndaa tnla aa အစသဖြင့် စစ်ပွဲကိုခေါ်ခဲ့ကြတာပါ။
လက်နက်ကိုင်ပြီး အကျိုးစီးပွားရှာကြတဲ့ လူတွေရဲ့ စစ်ပွဲတွေ ပြီးဆုံးဖို့ဆိုရင် စစ်ပွဲကို အကြောင်းပြုပြီး အကျိုးစီးပွားရှာကြတဲ့ အုပ်စု အမြစ်ပြတ်မှ ဖြစ်ပါမယ်။
အခုအချိန်မှာ မြို့တွေလဲ ပျက်စီးနေပါပြီ။ ဒီတစ်ကြိမ် ပေါက်တဲ့နဖူး မထူးတော့ပဲ ရေရှည်ဒုက္ခပေးနေတဲ့ ပြည်တည်နာကို ဖောက်ထုတ်မှ ဖြစ်ပါတော့မယ်။
ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး ကူညီကြရင် အနာဂါတ်မှာ အခုလိုမျိုး နောက်တစ်ကြိမ် ကြုံရတော့မှာ မဟုတ်ပါ။
3 498
မီဒီယာကျင့်ဝတ်နဲ့ မညီတဲ့ မင်းတို့လို မီဒီယာသမားတွေအတွက် သွားစရာ မြေက ကျဥ်းလာမှာပါ။ မီဒီယာကနေ ပြည်သူကို အမုန်းတရားထည့်ပေးပြီး လူသတ်ဖို့ မြောက်ပေးခဲ့ကြတဲ့လုပ်ရပ်ကို ခံစားကြရတော့မယ်။
(၁၀) နှစ် ၊ နှစ် (၂၀) ကြာပါစေ။ မင်းတို့ဆီကနေ အကြွေးပြန်ရဖို့ ကြိုးစားမှာပါ။ မင်းသေသွားလဲ မင်းနာမည်က နောင်လာနောက်သားတွေကြားမှာ နာမည်ပျက်နဲ့ ရှင်သန်စေရမယ်။
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
