cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

နီပိန်းတိုက်ဖျက်ရေး

နီပေါတိုက်ဖျက်ရေး

Mostrar más
Publicaciones publicitarias
2 327
Suscriptores
+924 horas
+407 días
+16230 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
နယ်မြေ ၆၀% ကို သိမ်းထားပြီလို့ အော်တယ်။ အဖြစ်မှန်က နယ်မြေ ၆၀% မှာ nug pdf တွေ ဇောင်းထပြီး ပြည်သူကို သတ် ဖြတ်ဓားပြတိုက်နေကြတာ။ သူတို့ဇောင်းထ ဓားပြတိုက်နေတဲ့ နယ်မှာ ပြည်သူတွေ မနေရဲတော့လို့ တပ်မတော် ရှိတဲ့ အေးချမ်းတဲ့နယ်မြေတွေကို တိမ်းရှောင်နေကြရတယ်။ ဂျင်းသတင်းတွေထက် လက်တွေ့က သက်သေပဲလေနော်။ ပြည်သူ့လုပ်ရပ်က ပြည်သူ့ သဘောထား စစ်စစ်ပဲ။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်။ တပ်မတော် အင်အားတောင့်တင့်မှ တိုင်းပြည် အေးချမ်းမယ်။ယုံပြီမလား ။ မယုံရင် pdf တွေ ဇောင်းထနေတဲ့ စစ်ကိုင်းတိုင်းကို ပြောင်းနေကြည့်လေနော်။
Mostrar todo...
👍 18
Facebook ကို ဘာကြောင့်ပိတ်သင့်တာလဲ ဆိုရင် အကြောင်းချက်နှစ်ခုကြောင့်ပဲ။ ရာဇဝတ်မှု ကာကွယ်တားဆီးရေး နဲ ပြည်သူတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်အရေးပဲ။ လောင်းကစား ကြော်ငြာတွေကို ခွင့်ပြုထားတယ်။ မင်းမော်ကွန်း ပန်ဆယ်လိုတို့လို အဆဲအဆို ညစ်ညမ်းမှုတွေကို ခွင့်ပြုထားတယ်။ လူသတ်ဖို့ လက်နက်အလှုခံသူတွေ ၊ လူသတ်ဖို့ အားပေးနေသူတွေရဲ့ အကောင့်ကို မဖျက်ပဲ ခုထိ သုံးစွဲခွင့်ပေးနေတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေ အားလုံးရဲ့ (၈၀)% က Facebook ကနေလာတာနော်။ ပြည်သူတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်အရေးကို Facebook က ချုပ်ကိုင်ထားတယ်။ Tiktok မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရပေမယ့် Facebook မှာ အနီတွေအကြိုက်ပဲ ပြောခွင့်ရှိတယ်။ Tiktok မှာ ပြည်သူစစ်စစ်တွေရဲ့ အသံနဲ့ အနီအစိမ်း ပြည်သူတွေရဲ့ အသံကို မျှမျှတတကြားရတယ်။ ဒီနှစ်ချက်ကို Facebook က ပြန်ပြင်ပေးမယ်ဆိုရင် Facebook ကို ပြန်သုံးခွင့်ပေးရမယ်။ မပြင်ပေးရင် အပြီးတိုင်ပိတ်ပစ်ရပါမယ်။
Mostrar todo...
👏 11👍 2
တစ်နိုင်ငံလုံးရှိတဲ့ ပြည်သူက သူတို့ကို မဲပေးခဲ့တယ် ပြောတယ်။ မဲစာရင်းတောင်းတော့ ပတ်ပြေးတယ်။ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ် ဝင်ပြိုင်ပါဆိုတော့ မပြိုင်ဘူး။ ဇောင်းထတယ်။ သက်ဆင်ရဲ့ ဖူထိုင်းပါတီက အာဏာသိမ်းခံရရင် ရွေးကောက်ပွဲ အမြန်ပြန်လုပ်ဖို့ပဲ တောင်းဆိုတယ်။ တစ်နိုင်ငံလုံး ဖူထိုင်းကို ထောက်ခံလို့ သက်ဆင်တို့ပဲ အာဏာပြန်ရတယ်။ ပြည်သူ့အတွက်ဆိုပြီး ကားတာယာတွေကို မီးရှို့တယ်။ အသက်ကြီးတဲ့လူတွေ အသက်ရှုကြပ်ပြီး ရောဂါပိုဆိုးကုန်တယ်။ ပြည်သူ့အတွက်ဆိုပြီး ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက် ဆန္ဒပြတယ်။ အိမ်တွေ မီးစွဲကုန်လို့ ရပ်ကွက်က မောင်းထုတ်တော့ ရပ်ကွက်ကို ဆဲတယ်။ ပြည်သူ့အတွက်ဆိုပြီး ဖုန်းဝာာဝါတိုင်တွေချိုးတယ်။ အင်တာနက်မရတော့ စစ်တပ်က ဖျက်ထားတာပါဆိုပြီး ဆဲတယ်။ ပြည်သူ့အတွက်ဆိုပြီး ကျောင်းတွေ မီးရှို့တယ်။ ကလေးတွေ ကျောင်းတက်မရလို့ ပညာရေးနှောင့်နှေးကုန်တော့ ရူးချင်ယောင်ဆောင်နေကြတယ်။ ပြည်သူ့အတွက်ဆိုပြီး လက်နက် အလှုခံတယ်။ လက်နက်ရလာတော့ ဇောင်းထပြီး ပြည်သူကို ပြန်သတ်တယ်။ ဓားပြတိုက်တယ်။ ငွေညှစ်တယ်။ ပြည်သူ့အတွက် ဆိုပြီး အလှုခံတယ်။ ရလာတော့ မိသားစုလိုက် အမေရိကားခေါ်ပြီး အိမ်ဝယ်နေတယ်။ ပြည်သူ့အတွက်ဆိုပြီး မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ခိုင်းတယ်။ ပြည်သူတွေ စီးပွားရေးကြပ်တည်းပြီး အလှုငွေမရတော့ ပြည်သူကို ဆဲတယ်။ ပြည်သူ့အတွက်ဆိုပြီး တံတားတွေ ချိုးတယ်။ လမ်းတွေဖျက်တယ်။ ကုန်စည်ပို့ဆောင်ရေး ခက်ခဲပြီး ကုန်ဈေးနှုန်းတက်တော့ ရူးချင်ယောင်ဆောင်နေတယ်။ ပြည်သူ့အတွက်ဆိုပြီး တော်လှန်တယ်။ မြို့ပေါ်ရောက် အိမ်တွေကို လုယက်ဖောက်ထွင်းတယ်။ မင်းတို့က စစ်တပ်ကို တိုက်နေတာလား ။ ပြည်သူကို တိုက်နေတာလား။ ပြည်သူတွေ သိလာကြပြီနော်။
Mostrar todo...
👍 17
Photo unavailableShow in Telegram
တောထဲကသူတွေ မသနားကြဘူးလား မျက်ရည်ချူပြီး ဆူတဲ့ အကွက်ကို နီပိန်းတွေသုံးလို့ မရတော့ဘူး။ လူလိမ်တွေ၊ မြို့ရွာဖျက်တဲ့ လူဆိုး ဓားပြတွေမှန်းသိလို့ ပြည်သူတွေ သိသွားကြပြီ။ အရေးအခင်းပြီးရင် ပြည်သူကို ပြန်သတ်တဲ့ pdf တွေကို ပြည်သူတွေ ချီးထက်ရွံလိမ့်မယ်။ ၈၈ လက်နက်ကိုင် ကျောင်းသားတွေကတောင် ဂုဏ်သိက္ခာရှိသေးတယ်။ ငြိမ်းချမ်းသွားရင် pdf လုပ်ခဲ့သူတွေကို ပြည်သူက သူခိုးဂျပိုးဓားပြ လို့ပဲ မြင်လိမ့်မယ်နော်။
Mostrar todo...
👍 13
သံတွဲမှာ စီးပွားရေးလုပ်ရင်း ကြီးပွားနေတဲ့ နီပိန်း သူငယ်ချင်းတစ်ယောက်ရှိတယ်။ မွေမွေ nld အစိုးရက ရခိုင်တွေကို မုန်းတော့ သူလဲ ရခိုင်တွေကို မုန်းပါတယ်။ သင်္ကြန်မှာ ရခိုင်တွေပျော်တော့ လိုင်းပေါ်ကနေ ကြွက်သွားလို ဆရာကြီးအထာနဲ့ ဆူတယ်။ ဆဲတယ်လေ။ aa တွေ သတ်လို့ တပ်မိသားစုတွေ ကျဆုံးကုန်တော့ ပျော်ပြသေးတယ်။ aa က တောင်ကုတ် သံတွဲကို လာတိုက်တော့ အသံပြောင်းသွားတယ်။ သံတွဲကျလို့ မဖြစ်ဘူးတဲ့နော်။ သံတွဲ မကျအောင် သံတွဲမြို့မပျက်အောင် ဘာဝိုင်းကူရမလဲနဲ့ သောကမီးဝိုင်းနေတယ်။ ခုဆို သံတွဲမြို့ကနေ ထွက်ပြေးပြီး ရန်ကုန်ရောက်နေလာက်ပြီလေ။ နီပိန်းတွေ အချိန်မနှောင်းခင် နားလည်လာကြလို့ ကျေနပ်တယ်။
Mostrar todo...
👍 21
၁၀၂၇ တုန်းက လက်ခုပ်တီးခဲ့တဲ့ နီပိန်းတွေ ဒီတစ်ခါမှာ အောင့်သက်သက်ကြီးဖြစ်နေကြပြီ။ ရခိုင်ကိစ္စ ၊ အခု ရှမ်းမြောက်ကိစ္စမှာ နောက်ကွယ်က လက်မဲကြီးကို သိလာကြပြီ ဆိုတော့ တပ်မတော်ကို အောင့်သက်သက်နဲ့ ထောက်ခံချင်လာကြပြီ။ တိုင်းတပါးလက်ဝေခံတွေရဲ့ အောက်ကို ရောက်မှာဆိုတော့ မကျေနပ်ကြတော့ဘူး။ နီပိန်းတွေက အနောက်အုပ်စု မီဒီယာတွေရဲ့ လွှမ်းမိုးမှုကြောင့် အမေရိကန်ကို လိုလားပြီး တရုတ်ကို မုန်းကြတယ်လေ။ မြေပြင်မှာလဲ နီပိန်းတွေပဲ သတင်းပေးလာကြတယ်။ ရပ်ကွက်ထဲက နီပိန်းတွေလဲ စစ်သွေးစစ်မာန် တက်ကြွနေကြတယ်။ မြို့ရွာပျက်တာကို နီပိန်းတွေပဲ ခံကြတာဆိုတော့ တပ်မတော်ကို ထောက်ခံမှု လာကြတယ်။ ပြည်ပြေး နီပိန်းတွေကတော့ တိုင်းပြည်ပျက်မှ ပြန်လာလို့ရမှာဆိုတော့ တိုင်းပြည်ပျက်အောင် ဆက်လုပ်နေတုန်းပဲ။ အဘရေ တက်ကုန်ဖွင့် ရွက်ကုန်ဖွင့်ပါတော့နော်။
Mostrar todo...
👍 32
nug နဲ့ အပေါင်းအပါ ရွှေကုန်သည်တွေ ဒေါ်လာပွဲစားတွေက ဒေါ်လာဈေး ရွေဈေး ရုတ်တရက် တက်အောင် ကစားလေ့ရှိတယ်။ ခေတ်သစ်တို့လို မီဒီယာတွေကို ငွေပေးပြီး လိုချင်တဲ့ သတင်းရေးခိုင်းပြီး ဈေးတက်အောင် ဖွတယ်။ ဒေါ်လာဈေး ရုတ်တရက်တက်ရင် ခံနိုင်အောင် ကုန်သည်တွေက ကုန်ပစ္စည်းတွေကို မူရင်းဈေးကနေ ၃၀% ကနေ ၇၀% အထိ ခွာထားကြတယ်။ လက်ရှိ ကုန်ဈေးနှုန်းတွေ ကြီးနေရခြင်းက ဒေါ်လာဈေး ရွှေဈေး မတည်ငြိမ်အောင် ကစားနေတဲ့သူတွေကြောင့်ပဲ။
Mostrar todo...
👍 18
01:00
Video unavailableShow in Telegram
အမေရိကန်၊ ဂျာမနီတို့မှာလဲ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ စစ်ပွဲကိုခေါ်တဲ့အကျိုးတွေပဲ။
Mostrar todo...
12.42 MB
👍 14👏 6
ဘောမ နေတာ မဟုတ်ဘူး။ ပြည်သူ့ အကျိုးစီးပွားဖျက်စီးနေတဲ့သူတွေ၊ မြို့တွေရွာတွေကို ဖျက်စီးနေတဲ့သူတွေကို ရှိနေလို့ ပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်တာလေး ထွက်ပြီး ကူညီကာကွယ်ပေးနေတာနော်။ ခင်ဗျားတို့ အစိမ်းတွေလဲ တပ်မတော်ထောက်ခံသူ ဘောမ လို့ မခံယူထားပဲ ပြည်သူအကျိုးစီးပွား ကာကွယ်သူ၊ နိုင်ငံတော်ကို သစ္စာရှိ ကာကွယ်သူတွေ အဖြစ်ခံယူထားသင့်တယ်။ နိုင်ငံတော်ကို သစ္စာရှိ ကာကွယ်တဲ့ အဖွဲ့စည်းတိုင်းကို ထောက်ခံတယ်။ ခုတော့ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးကို တပ်မတော်က ကာကွယ်နေလို့ တပ်မတော်ကို ထောက်ခံတယ်။ nld က နိုင်ငံတော်ကို သစ္စာရှိတယ်၊ ပြည်သူ့အကျိုးကို ကာကွယ်ဆိုရင်လဲ ထောက်ခံမှာပဲ ။ တံတားချိုး မိုင်းခွဲ ၊ နိုင်ငံခြားသားနဲ့ ပေါင်းပြီး ပြည်သု့အကျိုးစီးပွားပျက်အောင်လုပ်နေရင်တော့ ရန်သူပဲလေနော်။ နိုင်ငံတော်ကို သစ္စာရှိသူ၊ သစ္စာမဲ့သူ။ ပြည်သူ့အကျိုးစီးပွား တည်ဆောက်သူ နဲ့ ဖျက်စီးသူကို ကွဲပြားမြင်အောင် ခွဲခြားပြီး ထောက်ခံကြပါနော်။
Mostrar todo...
👍 4
အနီကြောင်တွေက အိမ်တွေ၊  ခြံတွေ၊ လမ်းမှာတပ်ထားတဲ့ cctv တွေကိုဖြုတ်ခိုင်းတယ်။ ခေတ်သစ်က cctv နဲ့ အြို့ပြကို မသတ်နဲ့လို့ ထပြီး လှုံ့ဆော်တယ်။ ခင်ဗျားတို့ နီပိန်းတွေ အသိဉာဏ်မဲ့ပြီး လိုက်လုပ်တယ်။ အကျိုးဆက်ရလာဒ်က ခိုးဆိုးလုနှိုက်တွေ ခေါင်းထောင်လာတော့တာပဲလေ။ ရာဇဝတ်သားတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်တာကို အနီကြောင်တွေ တာဝန်ခံလား ။ ခေတ်သစ်က တာဝန်ခံလား။  တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးနော်။ နိုင်ငံတော် အာဏာကို ခဏ တာဝန်ယူထားရတဲ့ တပ်မတော် အစိုးရပဲ တာဝန်ယူ တာဝန်ခံ ဖြေရှင်းရတယ်။ ခိုးဆိုးလုနှိုက် လူသတ်တဲ့ ရာဇဝတ်သားတွေကို ဖမ်းရင်တောင် ပေါ်တာဆွဲပါတယ် ဆိုပြီး ခေတ်သစ်တို့လို မီဒီယာတွေက ဖွလိုက်သေးတယ်နော်။ pdf လက်နက်ကိုင်တွေက တံတားတွေကို ချိုးတယ်။ လမ်းတွေကိုဖျက်တယ်။ ဆက်ကြေးကောက်တယ်။ အကျိုးရလာဒ်က ပြည်သူတွေ သွားလာရေး နဲ့ ကုန်စည်ပို့ဆောင်ရေး ခက်ခဲတယ်။ ကုန်ဈေးနှုန်းကြီးတယ်။ ပြည်သူတွေပဲ ထိခိုက်နစ်နာကြရတယ်။ အနီလော်ဘီတွေက ပြည်သူတွေကို  ဘဏ်တွေကနေ ပိုက်ဆံတွေ ထုတ်ဖို့ ခိုင်းတယ် ။ နီပိန်းတွေ ရေတို ရေရှည် မစဥ်းစားပဲ အသိဉာဏ်မဲ့စွာ လိုက်လုပ်ကြတယ်။ အကျိုးရလာဒ်က ဘဏ်ကထုတ်ထားကြတဲ့ ပိုက်ဆံတွေကြောင့် ငွေကြေးဖောင်းပွလာကြတယ်။ စီးပွားရေးစနစ်ပျက်တယ်။ ကုန်ဈေးနှုန်းတွေ ကြီးလာကြတယ်။ ပြည်သူတွေပဲ ခံစားကြရတယ်။ လှုံ့ဆော်တဲ့ မီဒီယာတွေ ၊ အလှုခံတွေ၊ ထောက်ပို့တွေ ချမ်းသာသွားကြတယ်။ တာဝန်ခံ ဖြေရှင်းရသူကတော့ နိုင်ငံတော်အာဏာကို ခဏတာ ရယူထားတဲ့ တပ်မတော်အစိုးရပါပဲ။ တပ်မတော်အစိုးလက်ထက် မြန်မာ့ ခရီးသွားနှစ် ၉၆ နဲ့ စီးပွားရေးအရှိန်ရစပြုလာတဲ့ မြန်မာနိုင်ငံကို ၉၇ မှာ ဒေါ်စုက အနောက်နိုင်ငံတွေကို စာရေးပြီး စီးပွားရေးပိတ်ခိုင်းတယ်။ အကျိုးရလဒ်က ပြည်သူတွေ ဆင်းရဲ မွဲတေမှုကို ခါးသီးစွာ ခံခဲ့ရတယ်။ ၂၀၁၂ မှာ ပိတ်ဆို့အရေးယူခဲ့တဲ့ အမေရိကန် ကိုယ်တိုင် ပိတ်ဆို့မှုဆွေက အလုပ်မဖြစ်ပဲ ပြည်သူတွေပဲ ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်။ ပိတ်ဆို့အရေးယူခိုင်းတဲ့ ဒေါ်စုရဲ့ အမှားအဖြစ် မြန်မာနိုင်ငံ သမိုင်းမှာ မှတ်တမ်းတွင်ခဲ့တယ်။ nld လော်ဘီတွေနဲ့ နောက်လိုက်တွေက မြန်မာပြည်သူတွေရဲ့ ဆင်းရဲမွဲတွေမှု အကြောင်းရင်းခံနဲ့ ဒေါ်စု အမှားကို ခုထိတိုင် ဖုံးကွယ်ခဲ့ကြတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ပဲ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အရှိန်ရပ်တန့်သွားခဲ့ရတယ် ၊ ပြည်သူတွေပဲ ထိခိုက်ခံစားခဲ့ရတယ် ဆိုတာကို အမေရိကန်အစိုးရ ကိုယ်တိုင် ဝန်ခံထားတယ်။ လေ့လာသုံးသပ်ကြည့်ရင် nug pdf တွေရဲ့ လုပ်ရပ်အားလုံးသည် တပ်မတော်အစိုးရကို တိုက်ခိုက်ခြင်း မဟုတ်ပဲ ၊ ပြည်သူတွေ ဆင်းရဲကြပ်တည်းအောင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေခြင်းသာ ဖြစ်တယ်ဆိုတာကို တွေ့ရှိကြရပါမယ်။ တပ်မတော်ကို တိုက်ခိုက်နေသလို ဗန်းပြပြီး ပြည်သူအကျိုးစီးပွား တိုက်ခိုက်ဖျက်စီးနေခြင်းသာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Mostrar todo...
👍 24
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.