es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 390 suscriptores, ocupando la posición 15 945 en la categoría Noticias y medios y el puesto 10 125 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 390 suscriptores.

Según los últimos datos del 11 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -201, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.96%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.70% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 987 visualizaciones. En el primer día suele acumular 707 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 14.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 12 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 390
Suscriptores
-924 horas
-567 días
-20130 días
Archivo de publicaciones
ပုံဝိုးကိစ္စတုန်းက အွန်လိုင်းလောင်ကစား ဖမ်းမိသတင်းကို ကျန်တဲ့ အသာပေး ဖော်ပြမှု မရှိခဲ့ဘူး။ ဒီကနေ့ သီပေါမြို့နယ်ထဲက အွန်လိုင်း
ပုံဝိုးကိစ္စတုန်းက အွန်လိုင်းလောင်ကစား ဖမ်းမိသတင်းကို ကျန်တဲ့ အသာပေး ဖော်ပြမှု မရှိခဲ့ဘူး။ ဒီကနေ့ သီပေါမြို့နယ်ထဲက အွန်လိုင်းလောင်းကစားဖမ်းမိတဲ့ ကိစ္စမှာ SSPP/SSA ၃ ဦး ပါတယ်ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာခဲ့ပြီ။ ဖမ်းဆီရမိ‌တွေမှာ ဘယ်အဆင့်တွေပါလည်းဆိုတာ သေချာမသိပေမယ့် ကွပ်ကဲမှု နယ်မြေခေါင်းဆောင်အဆင့်တွေ ပါဝင်ပတ်သက်မှု ရှိနေတာတော့ အသေအချာပဲ။ အနိမ့်ဆုံး အဆင့် အပေါ်ဌာနချုပ်က လွှဲချလို့ရတယ်ဆိုပေမယ့် ဒီပြဿနာက အတော်လေး ကြီးသွားပြီလို့ ယူဆရတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသလို မကောင်းတဲ့သွေးပါရင် ဖောက်ထုတ်ပစ်နိုင်ဖို့ အရေးကြီးပါတယ်။ (နရီမိုး)

အကြမ်းဖက် KIA ကတော့ ရှမ်းနီလူမျိုးတွေနေထိုင်တဲ့ ဗန်းမောက်မြို့ကို စတင် မီးလောင်တိုက်သွင်းနေပါပြီ (17-12-25) - ဗန်းမောက် PDF တွေကို လိုလိုလားလား ခေါ်သွင်းခဲ့တဲ့ ဒေသခံအချို့ရဲ့ အပြစ်တွေလည်း မကင်းဘူးပေါ့ - စစ်ခေါ်လာရင်တော့ အခုလို ပျက်စီးကြရစမြဲပဲ။ 🙄 - တိုက်ပွဲသတင်းစုံ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်းဖြစ်သူကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၈၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ငလှိုင်စမ်းကျေးရွာနေ မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်းဖြစ်သူ ကိုနိုင်ဝင်းပိုင် (၂၃) နှစ်သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်၌ အဆိုပါကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းဘေးရှိ သစ်တောပျိုးဥယျာဉ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး NOM ဒီဇင်ဘာ ၁၇၊ ၂၀၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နှင့်လွိုင်လင်မြို့နယ်တို့၌ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဘိန်းစိုက်ခင်း ၂၄၅ ဧကခန့်အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်မှ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံး မြို့နယ်၊ ဒုံလိကောင်ကျေးရွာ၏တောင်ဘက် ၂ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၈ ဧက ခန့်အားလည်းကောင်း။ အလားတူ နံနက် ၈ နာရီခွဲအချိန်မှ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ပင်းတလဲကျေးရွာ၏မြောက်ဘက် ၂ မိုင်ခန့်အကွာရှိသီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်နှင့် ပင်းတလဲကျေးရွာ၏မြောက်ဘက် ၃ မိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၆ ဧကခန့်အား လည်းကောင်း။ အလားတူ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပချားကလိုးကျေးရွာ၏မြောက်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၁ ဧကခန့်အားလည်းကောင်း။ ထို့အတူ နံနက် ၇ နာရီခွဲအချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ နောင်ပန်ပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ၃ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်နှင့် ကာဖီကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၅ ဧကခန့်အားလည်းကောင်း၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပန်းတိုင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၀ ဧကခန့် နှင့် အရှေ့တောင်ဘက် ၂ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၀ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

photo content
+3

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၁၃၃ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ NOM ဒီဇင်ဘာ ၁၇၊ ၂၀၂၅ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောဆိုဒ်အတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၈၅ ဦး၊ ကင်ညာနိုင်ငံသား ၃၉ ဦး၊ ယူဂန္ဓာနိုင်ငံသား သုံးဦး၊ ဂီနီနိုင်ငံသား နှစ်ဦး၊ မလေးရှားနိုင်ငံသား နှစ်ဦး၊ ဘူရွန်ဒီ နိုင်ငံသား တစ်ဦးနှင့်မာဒါဂါစီကာရာနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၃ ဦး ထပ်မံ ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၉၂၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၇၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၈၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်း ထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသား များနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

photo content
+3

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်နေသည့် ရွှေတြိဂံဒေသနှင့် ဆက်စပ်နေသည့် အတွက် ပရီကာဆာဓာတုပစ္စည်းများကို ရှည်လျားသော နယ်စပ်ဒေသတစ်လျှောက်မှ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအနေဖြင့် ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲများစွာရှိသည့်အတွက် ထိရောက်စွာထိန်းချုပ်နိုင်ရေး လိုအပ်သည့် အကူအညီများပေးစေ လိုပါကြောင်း၊ မူးယစ်ဆေးဝါးချက်လုပ်သည့် နည်းလမ်းများတွင်ပါဝင်သည့် ဓာတုပစ္စည်းများကို သတင်းဖလှယ် ပေးပို့စေလိုကြောင်းနှင့် နယ်စပ်ဒေသမှ ဓာတုပညာရှင်များ ဝင်ရောက်နေမှုကိုလည်း ထိန်းချုပ်တားဆီးပေးစေလိုပါကြောင်း၊ မူးယစ်ဂိုဏ်းအဖွဲ့များ၏ ပြည်တွင်းပြည်ပ ကွန်ရက်ချိတ်ဆက် တည်ဆောက်ပြီးခေတ်မီနည်းပညာများ၊ စက်ပစ္စည်းကိရိယာများနှင့် လက်နက်များကိုင်ဆောင် အသုံးပြုလာခြင်းများသည်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုသည် နှစ်နိုင်ငံနယ်စပ်ဒေသများရှိ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်၊သယ်ဆောင် ရောင်းဝယ်သူများ အတွက် နည်းလမ်းအသစ်များ၊ပုံစံအသစ်များ အသုံးပြုလာစေရန် တွန်းအားတစ်ရပ်ဖြစ်လာခြင်းကြောင့် ပူးပေါင်းစုံစမ်းစစ်ဆေးခြင်းနှင့် သတင်းဖလှယ်ခြင်း နည်းလမ်းများကိုလည်း ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲရန် လိုအပ်ပါကြောင်း။ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရန်အတွက် နှစ်နိုင်ငံသတင်းဖလှယ်ခြင်း၊ ပူးတွဲစစ်ဆင်ရေး များဆောင်ရွက်ခြင်း၊ လုပ်ငန်းစွမ်းရည်မြင့်မားစေရေးအတွက် သင်တန်းများခေါ်ယူလေ့ကျင့်ပေးခြင်း၊ နှစ်နိုင်ငံအလိုရှိ တရားခံပြေးများ စုံစမ်းဖော်ထုတ်ခြင်းနှင့်တရားခံလွှဲပြောင်းပေးခြင်းများ နီးကပ်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများသည် လူငယ်မျိုးဆက်သစ်များ၏ ဘဝလုံခြုံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုမှာဖြစ်ကြောင်း။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကိုအခြေခံပြီးမူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုများကို နှစ်နိုင်ငံ ပူးပေါင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်းဖြင့် အကျိုးရလဒ်ကောင်းများ တိုးတက်ရရှိလိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသား မူးယစ် ဆေးဝါးထိန်းချုပ်ရေးကော်မရှင်၊ဒုတိယအတွင်းရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen (မစ္စတာကျောက်ကျုံးချန်) မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမှ ယခုအစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆောင်ရွက် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အောင်မြင်မှုများစွာလည်းရရှိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေးကဏ္ဍတွင် ဓာတုပစ္စည်းများထိန်းချုပ်ရေးမှာ အလွန်အရေးကြီးကြောင်း၊ဓာတုပစ္စည်း များထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံသတင်းဖလှယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံသို့ တင်သွင်းမည့်ဓာတုပစ္စည်းများကိုလည်း သေချာစွာစိစစ်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ မူးယစ် တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့်နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်ဖွဲ့ကျူးလွန်မှုများ တားဆီးနှိမ်နင်းရေးတို့ကိုလည်း သတင်းဖလှယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအမြင်ချင်းတူစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် ၁၅ ဦးနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်မှ ဒုတိယအတွင်းရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen (မစ္စတာ ကျောက်ကျုံးချန်) ဦးဆောင်သော ကိုယ်စားလှယ် ၇ ဦးတို့ တက်ရောက်ခဲ့ကြပြီး နှစ်ဖက်ကိုယ်စားလှယ်များမှ နယ်စပ်ဒေသ လက်ရှိ မူးယစ်ဆေးဝါးအခြေအနေများနှင့် သတင်းဖလှယ်မှုအခြေအနေများ၊ထိန်းချုပ်ဓာတုပစ္စည်း အခြေအနေ များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ဂြိုဟ်တုဓာတ်ပုံဖြင့် ဘိန်းခင်းတိုင်းတာခြင်း နှင့် (၂၁) ကြိမ်မြောက် အစည်းအဝေးကို တရုတ်နိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးကိစ္စရပ် များအားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

(၂၀) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ NOM ဒီဇင်ဘာလ ၁၇၊ ၂၀၂၅ (၂၀) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၁၇ ရက်နေ့ နေ့လယ် ၁၃၃၀ အချိန်တွင် မြန်မာနိုင်ငံ၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ရာအစည်းအဝေးဖွင့်ပွဲ အခမ်းအနား၌ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ် မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မရှင်မှဒုတိယအတွင်းရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen (မစ္စတာကျောက်ကျုံးချန်) မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ် မှကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကြုံတွေ့နေရသည့် အဓိကပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်၊သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းသည် နိုင်ငံအတွင်းမှုခင်းများ များပြားလာစေသည့်အပြင် စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါး ဈေးကွက်ကျယ်ပြန့်လာခြင်း နှင့်အတူအဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီးနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကိုခြိမ်းခြောက်လျက်ရှိကြောင်း။ ယနေ့ခေတ် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင်လတ်တလောဖြစ်ပွားနေမှု အခြေအနေ အပေါ်သာ အာရုံစိုက်ဖြေရှင်းခြင်းထက် နောက်ခံအကြောင်းရင်းများနှင့် ပြဿနာ၏ မူလဇစ်မြစ် အခြေအနေမှန်များကိုပါ ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ဖြေရှင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေချိန်တွင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကိုဖမ်းဆီးရမိမှုဖြစ်စဉ်များမှ စစ်ဆေး ဖော်ထုတ်တွေ့ရှိရကြောင်း၊မူးယစ်ဆေးဝါးရောင်းဝယ်မှုမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပြီးနိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့်လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည်တစ်နိုင်ငံတည်း ကိုင်တွယ်ဖြေရှင်း၍ရသည့် ပြဿနာမဟုတ်ဘဲနိုင်ငံအားလုံး ရေရှည်ပူးပေါင်း ဖြေရှင်းဆောင်ရွက် သွားရမည့်စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း။

ကျားဖျန့်နှိမ်နင်းဖို့ ကြိုးစားကြတဲ့အခါအစိုးရတာဝန်ရှိသူတွေအနေနဲ့ မဖြစ်မနေ ပထမဆုံး လုပ်ရမယ့်အချက်က  အော်ပရေတာတွေရဲ့ ဆင်းကဒ်တွေကို စနစ်တကျ ထိမ်းသိမ်းကြပ်မတ်ဖို့ပဲ။ တခြားနိုင်ငံတွေမှာ နိုင်ငံသား တယောက်က ဆင်းကဒ် တစ်ခုတည်း သုံးကြတယ်။ နိုင်ငံသားတိုင်း ပတ်ပို့ ရှိကြတယ်။ ဆင်းကဒ်တခု တရားဝင်မှတ်ပုံတင်နိုင်ဖို့ Main Database ထဲမှာ ပတ်စ်ပို့ နံပါတ်ပေးပြီးမှပဲ ဒီလုပ်ငန်းစဉ်က ပြီးမြောက်တယ်။ ဆိုတော့ ရဲဌာနတွေအတွက် နိုင်ငံသား တစ်ဦးရဲ့ ပတ်စ်ပို့နံပါတ် ရိုက်ချလိုက်တာနဲ့ ဒီလူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်ထွက်ကျလာတယ်။ ဆင်းကဒ် တကဒ် တရားဝင်သုံးနိုင်ဖို့ ကိုယ့်မှတ်ပုံတင် အမှန်ပေးရတာဆိုတော့ ဘယ်သူကမှ မကောင်းတာ လုပ်ဖို့ မကြိုးစားကြတော့ဘူး။ မဟုတ်တာလုပ်ဖို့ ရာခိုင်နှုန်း အားဖြင့် အတော်နည်းသွားတယ်။  ကိုယ်တွေ မြန်မာနိုင်ငံမှာက သောက်တလွဲ။ ဆင်းကဒ်တွေ မှတ်ပုံတင်ရမယ်ဆိုတော့ ရောင်းနေတဲ့ ဈေးဆိုင်ကပဲ ဘယ်ကမှန်း မသိတဲ့ မှတ်ပုံတင် နံပါတ်တွေနဲ့ မှတ်ပုံတင် ရောင်းကြတယ်။ တခါတလေ ကိုယ်တိုင်မှတ်ပုံတင်ထားလည်း မှတ်ပုံ မတင်ထားဘူး လို့ အော်ပရေတာက ပြောပြန်တယ်။ သေချာတာကတော့ စနစ်မမှန်သေးတာတွေ့ရတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ တဆင့်ခံ ဖုန်းဆိုင်တွေက လွဲရင် တခြားနေရာတွေကနေ ဖုန်းဆင်းကဒ်တွေက ပေါပေါသီသီ ဝယ်လို့ရနေတာကလည်း ခုလို ကျားဖျန့်ကို နှိမ်နင်းကြတဲ့အခါ အခက်တွေ့နေရဦးမှာပါပဲ။ ကျားဖျန့်ဆိုတဲ့ သဘောက ဖုန်းရှိမယ်။ အင်တာနက်ရှိမယ်။ ဆင်းကဒ် ရှိမယ်ဆိုရင် လိမ်လို့ရတဲ့ သဘောပါပဲ။ အခြေခံ အဆင့်ဖြစ်တဲ့ ဆင်းကဒ်တွေကို စနစ်ကျအောင် အရင်လိုက်ပြင်ဖို့ လိုပါတယ်။ နောက်မှ ဂိုဏ်းအကြီးကြီးတွေ ဖမ်းကြပေါ့။ ၂ လုံး ၃ လုံး ကိစ္စတွေကလည်း  သက်ဆိုင်ရာ နယ်မြေခံ တာဝန်ရှိသူတွေကို လိုင်းကြေးပေးပြီး လုပ်လို့ ရနေတာကလည်း ပြဿနာပါပဲ။ ပိုဆိုးတာက ကား ShowRoom တွေကအစ ၃ လုံး ကို အမှီပြုပြီး ကံစမ်းမဲတွေ လုပ်လာတာတွေ့ရတယ်။ အောက်ခြေ နယ်မြေခံ တာဝန်ရှိသူတွေ အဂတိတရား မကင်းရှင်းရင် ဒီလုပ်ငန်းစုတွေ ပပျောက်ဖို့ မလွယ်ကူပါဘူး။ ဒါက အနိမ့်ဆုံး အဆင့်ကို ပြောပြတာ။ သိန်းထောင်ချီပေးပြီး လုံခြုံရေး အရ အကာအကွယ်ပေးရတဲ့ ပုံဝိုးနားက ဖမ်းမိလိုက်တဲ့  ကျားဖျန့်တွေဆိုရင်တော့ ဆိုဖွယ်မရှိတော့ဘူးပေါ့။ ဆိုတော့ ကျားဖျန့်နှိမ်နင်းရေးကိစ္စက မှားနေတဲ့ အခြေခံ စနစ်တွေ ပြင်ဖို့ လိုပါတယ်။ ဒါတွေ မပြင်နိုင်ဘဲ လုပ်နေတဲ့ ဂိုဏ်းတွေကိုပဲ ဖမ်းဖို့ ကြိုးစားတာက မူးယစ်ဆေးဝါးကိစ္စလိုပဲ သံသရာ လည်နေဦးမှာပါ။ အဓိက ဒီပြဿနာတွေ ဖြစ်စေတဲ့ အခြေခံ ပစ်မှတ်တွေကို ဖျက်ဆီးပစ်နိုင်ဖို့ ပိုအရေးကြီးပါတယ်။ အနည်းဆုံး တရားဝင် ဆင်းကဒ် မှတ်ပုံတင်ထားရင် အွန်လိုင်းပေါ်မှာတောင် ပေါက်ပန်းလေးဆယ် ရေးဖို့ လက်တွန့်သွားကြမှာပေါ့။ (နရီမိုး)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ယာဉ်တိုက်မှုဖြစ်ပွားတစ်ဦး သေဆုံး ၁၆ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၇၊၂၀၂၅ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်
+1
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ယာဉ်တိုက်မှုဖြစ်ပွားတစ်ဦး သေဆုံး ၁၆ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၇၊၂၀၂၅ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၀)အနီးတွင် ယမန်နေ့(ဒီဇင်ဘာ၁၆ရက်) ညနေ၆နာရီခန့်က Express ကားနှင့်မီနီဘက်(စ်) ကားနှစ်စီးတိုက်မိရာ တစ်ဦးသေဆုံပြီး၁၆ဦးဒဏ်ရာရရှိခဲ့ကြောင်းလှည်းကူးမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၀)အနီးတွင် စက်ရုံကြိုပို့ဖယ်ရီကားနှင့်မီနီဘက်(စ်) နှင့်ခရီးသည်တင် Expressကားတိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၆ဦး၊ အမျိုး သမီး ၁၀ဦးဒဏ်ရာရရှိခဲ့ပြီးမီနီဘတ်(စ်) ယာဉ်မှယာဉ်နောက်လိုက်မှာအခင်း ဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။ "ဖြစ်စဉ်ကိုတော့ကျွန်တော်တို့မသိပါဘူးလူနားတွေများ တယ်ဆိုလိုကျွန်တော်တို့ကသွားရောက်ကူညီပေးတာပါ လူနာတွေကတာ့မီနီဘတ်စ် ကားပေါ်ကသူတွေပါသူကစက်ရုံကြိုပြီးပြန်လာတဲ့ကားပါ ယာဉ်နောက်လိုက်ကတော့နေရာမှာဘဲသေဆုံခဲ့တာပါ"ဟုလှည်းကူးမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Repost from NOM
ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်ခွင့်ရှိနေတဲ့ ရေနံတင်သင်္ဘောအားလုံးကို သွားလို့မရအောင် ပိတ်ဆို့ထားဖို့ အမိန့်ပေးလိုက်ကြောင်း ဒေါ
ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်ခွင့်ရှိနေတဲ့ ရေနံတင်သင်္ဘောအားလုံးကို သွားလို့မရအောင် ပိတ်ဆို့ထားဖို့ အမိန့်ပေးလိုက်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ မာဒူရိုအစိုးရကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး အမေရိကန်ပိုင်ဆိုင်မှုတွေကို ခိုးယူတဲ့အပြင် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ လူကုန်ကူးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း Turth Social က ပို့စ်တခုမှာလည်း သူက ရေးသားခဲ့ပါတယ်။ NOM

ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တေ
ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း အစုန်/အဆန် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

Repost from NOM
အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဒေါ်နယ်ထရမ့်က ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ တောင်ဆူဒန်နဲ့ ဆီးရီးယား
အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဒေါ်နယ်ထရမ့်က ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ တောင်ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ပါလက်စတိုင်းအာဏာပိုင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကိုလည်း ငြင်းပယ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာ ဒီဥပဒေက စတင်အသက်ဝင်မှာဖြစ်ပြီး အရင်ပိတ်ပင်ထားတဲ့ နိုင်ငံတွေစာရင်းမှာ ထပ်မံတိုးပွားသွားခဲ့ပြီဖြစ်ပါတယ်။ NOM

စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ ဒီဇင်ဘာ ၁၆ စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမှရဲတပ်ဖွဲ့မှသိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက်ညနေ ၄ နာရီတွင် စစ်ကိုင်းမြို့၊ ရွာထောင်(မီးရထား)ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ နေအိမ်မှ စိုးလွင်နှင့် မခင်ဆွေမြင့်တို့ ၂ ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့် အတူ မိုးမင်းစံနှင့် မျိုးသူရတို့  ၂ ဦးကို ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအားလည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော်တို့ ၂ ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလီယံ)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလီယံ) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ (ခ)သားငယ်(ဖမ်းဆီးရန်ကျန်)နှင့် ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး (ဖမ်းဆီးရန်ကျန်) တို့၏ အစီအမံဖြင့် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင် (ဖမ်းဆီးရန်ကျန်)သည် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

photo content

အေးသာယာမြို့တွင် စက်သုံးဆီဆိုင်တစ််ဆိုင်မီးလောင်မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၁၆၊၂၀၂၅ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယနေ့(ဒီဇင်ဘာ၁၆ရက်)မွန်လွဲ၁၂နာရီ၃၅မိနစ်တွင် စက်သုံးဆီဆိုင်တစ််ဆိုင်မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ "အခုချိန်ထိတော့ကျွန်တော်တို့ဆီကိုမီလောင်မှုဖြစ်စဉ်နဲ့ပတ် သက် တဲ့ကြေးနန်း တော့မရောက်သေးပါဘူးစစ်ဆေးမှုတွေတော့လုပ်နေပါတယ်မကြာခင်မှာထုတ်ပြန်ပေးမှာပါ"ဟုရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)မှ တာဝန်ရှိသူတစ်ဦးကပြန်လည်းဖြေကြားခဲ့သည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ကြီး ခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် အေးသာယာမြို့နယ်မီးသတ် စခန်းတို့မှ မီးသတ်ယာဉ်များ၊ ဒေသခံလူမှု ကူညီရေးအသင်း များဖြင့်ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာမွန်လွဲ၁နာရီခွဲတွင်မီးငြိမ်းသွားကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ NOM၊ဒီဇင်ဘာ၁၆၊၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ  ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့မထပ်ဆင့်ဓာတ်အားခွဲရုံမှ လည်းကောင်း၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ ပြင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံများမှ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၈၈ ရွာမှ မီးသုံးသူဦးရေ စုစုပေါင်း ၂၇၉၃၁ ဦးအား ဓာတ်အားဖြန့်ဖြူး ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ယင်းနေ့မှ စတင်၍ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သော်လည်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ အင်ဂျင်နီယာ များ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၈ ဦးဖြင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက်လက်ပြုပြင် ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာတွင် ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နွားထိုးကြီးမြို့ပေါ် အရေးကြီးနေရာများနှင့် ဌာနဆိုင်ရာ ရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မ ဓာတ်အားခွဲရုံရှိ ပျက်စီး သွားသော ထရန်စဖော်မာအား ယာယီအစားထိုးဆောင်ရွက်ခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ် ရပ်ကွက်များရှိ ဖြန့်ဖြူးရေး ထရန်စဖော်မာအချို့အား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအခြေစိုက်ရုံးများနှင့် အရေးကြီး နေရာအချို့အား ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ တစ်မြို့နယ်လုံးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ဒီဇင်ဘာလ၁၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။နှစ်သစ်ကူးညတွင်ဗုံးခွဲမည့်ပါလက်စတိုင်းအစွန်းရောက်အုပ်စုဝင်လေးဦးကိုFBIကဖမ်းဆီးလိုက်
ဒီဇင်ဘာလ၁၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။နှစ်သစ်ကူးညတွင်ဗုံးခွဲမည့်ပါလက်စတိုင်းအစွန်းရောက်အုပ်စုဝင်လေးဦးကိုFBIကဖမ်းဆီးလိုက်သည်။ ၂။ယူကရိန်းသမ္မတသည်ယူကရိန်းငြိမ်းချမ်းရေးအတွက်ယနေ့ ဂျာမနီတွင်အမေရိကန်ကိုယ်စားလှယ်၊ ဥရောပခေါင်းဆောင်များနှင့်ဆွေးနွေးမည်။ ၃။ရုရှားနှင့်တိုက်ခိုက်ရန်ဗြိတိန်လူငယ်များအသင့်ပြင်ဆင်ထားသင့်သည်ဟုဗြိတိန်ကာကွယ်ရေးဦးစီးချုပ်လေတပ်ဗိုလ်ချုပ်ကြီးရစ်ချစ်နေတန်ကပြောလိုက်သည်။ ၄။နှစ်နိုင်ငံဆက်ဆံရေးဆိုးဝါးလာသဖြင့်တရုတ်ကဂျပန်သို့ငှားထားသောပန်ဒါဝက်ဝံအားလုံးကိုပြန်သိမ်းလိုက်သည်။(ဓါတ်ပုံ) ၅။သဘာဝဘေးကြောင့်ကမ္ဘာကြီးသည်၂၀၂၅ခုနှစ်အတွင်းဘီလီယံ၂၂၀ဆုံးရှုံးသည်။

Repost from NOM
၁၉၇၃ နောက်ပိုင်း ဂျပန်နဲ့ အဆိုးရွားဆုံး ဆက်ဆံရေးတွေ ဖြစ်လာခဲ့ပြီးနောက် တရုတ်ဟာ ဂျပန်ကို ချစ်ကြည်ရေးအဖြစ် လက်ဆောင်ပေးထားတဲ့ ပန
၁၉၇၃ နောက်ပိုင်း ဂျပန်နဲ့ အဆိုးရွားဆုံး ဆက်ဆံရေးတွေ ဖြစ်လာခဲ့ပြီးနောက် တရုတ်ဟာ ဂျပန်ကို ချစ်ကြည်ရေးအဖြစ် လက်ဆောင်ပေးထားတဲ့ ပန်ဒါဝက်ဝံအားလုံးကို ပြန်သိမ်းတော့မှာဖြစ်ကြောင်း Kyodo News က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဝက်ဝံတွေဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး တရုတ်ဘက်က ဒီလိုမျိုး လုပ်ဆောင်တာဟာ နှစ်နိုင်ငံကြား ဆိုးရွားပြင်းထန်တဲ့ နိုင်ငံရေးပဋိပက္ခတခုဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ဂျပန်မှာ ပန်ဒါဝက်ဝံတွေကို ဇန်နဝါရီလကုန်အထိသာ ကြည့်ရှုနိုင်တော့မှာဖြစ်ပြီး အချိန်သိပ်မကျန်တော့လို့ လက်မှတ်တွေကို အလျင်စလိုရောင်းချနေတယ်လို့လည်း သိရပါတယ်။ NOM