cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

တိုက်ပွဲသတင်းစုံ

မှန်ကန်တိကျသော တိုက်ပွဲသတင်းများကို အချ်ိန်နှင့်တစ်ပြေးညီ ဖော်ပြပေးမည်...

Mostrar más
Publicaciones publicitarias
49 165
Suscriptores
+37824 horas
+1 7627 días
+4 25230 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

တိုက်ပွဲသတင်း(ဖယ်ခုံ) ဇူလိုင် ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ==================== ရှမ်းပြည်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ သေဆုံးအလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ၎င်းဖြစ်စဉ်တွင် အကြမ်းဖက်များထံမှ- -KNDF ၁ လောင်း -အမ်)၄_ ၁ လက် -ကျည်အိမ် ၁ ခု ကျည် ၁၀ တောင့် သံပိုက်လုံး ၃ လုံး သိမ်းဆည်းရမိခဲ့။ #တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 167👏 28 2🤣 1
Photo unavailableShow in Telegram
တိုက်ပွဲသတင်း(နောင်ချို) ဇူလိုင် ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ==================== ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့ နယ်မြေခံတပ်ရင်းသို့ နေရာ ၃ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၄၀ ဦးခန့်က ၁၀၇ မမ ရှော့တိုက်ဒုံး ၃၈ လုံး၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။ -အကြမ်းဖက် ၁ လောင်း -KO သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့။ #တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 137 5
Photo unavailableShow in Telegram
👍 247👏 29 13🤔 3
လေးယောက် ၁ လက် စစ်နည်းဗျူဟာ ============================ KIA ၊ PDF နဲ့ မျောက်သုံးကောင်( AA ၊ MNDAA ၊ TNLA) အဖွဲ့ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးအလွန်များပြားနေပေမယ့် သူတို့ရဲ့ အလောင်းတွေ ၊ ဒဏ်ရာရသူတွေရဲ့ ရုပ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မရောက်ရှိအောင် “လေးယောက် ၁ လက် စစ်နည်းဗျူဟာ” ကို ကျင့်သုံးလျက်ရှိပါတယ်…. အဲ့ဒီဗျူဟာအရ အစိုးရတပ်စခန်းတစ်ခုကို တိုက်ရင် သေနတ် ၁ လက် လူ ၄ ယောက် စုဖွဲ့ထားပြီး သေနတ်ကိုင် တစ်ယောက်၊ အလောင်းကောက် ၁ ယောက်၊ အုပ်ချုပ်မှု( စားသောက်ရေး) ၁ ယောက်၊ အရန် ၁ ယောက် တာဝန်ပေးထားပါတယ်… တိုက်ပွဲမှာ သေနတ်ကိုင်ထားတဲ့ တစ်ယောက် ကျဆုံး၊ ဒဏ်ရာရရင် အရန်လူကသေနတ် ဆက်ကိုင် တိုက်ပွဲဆက်ဝင်၊ အလောင်းကောက်သူက သူ့အလုပ်သူလုပ်ပြီး အလောင်းကို ဖျောက်ပစ်ရပါတယ်… တိုက်ပွဲတွေမှာ ရန်သူအင်အားဟာ လက်နက်ထက် လူအင်အား ၃ ဆက ပိုများပြီး သေနတ်မနား လူနားစနစ်နဲ့ တိုက်နေခြင်းဖြစ်ပါတယ်…PDF တွေနဲ့ ပူးပေါင်းတိုက်တဲ့ ပွဲတွေမှာတော့ PDF တွေကို ရှေ့ကထားတိုက်ခိုက်ပြီး အုပ်ချုပ်မှုအဖွဲ့ကိုတော့ EAOs တွေက တာဝန်ယူလေ့ရှိပါတယ်…. ဒါ့အပြင် အချို့တိုက်ပွဲကြီးတွေမှာ မူးယစ်ဆေးဝါးအသုံးပြုပြီး ကြောင်တောင်တောင်နဲ့ တိုက်ခိုက်နေသူတွေ မကြာခဏ တွေ့နေရပြီး အဲ့ဒီလို ရူးကြောင်ကြောင်နဲ့ အသိစိတ်လွတ်ပြီး အသေခံတိုက်သူတွေကို အများအပြားရှိကြောင်း သိရပါတယ်… #တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 363🤔 12 9👏 9💯 9😱 8🤣 5🔥 3🥰 3
Photo unavailableShow in Telegram
မန္တလေး-မုံရွာသွား ကားလမ်းအတိုင်း မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား PDF အကြမ်းဖက်များမှ ပစ်ခတ်တိုက်ခိုက် ဇွန် ၃၀ ရက်၊ ချောင်းဦး စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး မိုင်းပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အင်အား(စိစစ်ဆဲ) အဖွဲ့က လက်လုပ်မိုင်း၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ယာဉ်ပေါ်ပါ ဆရာတော် ၁ ပါး(မစိုးရိမ်ရ)၊ အရပ်သား ကျား ၁၄ ဦး၊ မ ၁၀ ဦး၊ ပေါင်း ၂၄ ဦး(မစိုးရိမ်ရ) ဒဏ်ရာနှင့် မ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပြီး လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံး သိမ်းဆည်းရမိခဲ့။ # တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 172🤬 69😢 24 5🤔 3🤣 3
Photo unavailableShow in Telegram
တိုက်ပွဲသတင်း(နောင်ချို) ဇွန် ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နန့်ဆောင်ဟူး စာသင်ကျောင်းနှင့် ညောင်ပင် ကုန်း ဘုန်းကြီးကျောင်းရှိ TNLA နှင့် အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်အား လေ ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ကြိုတင်ပစ်ခတ်ချေမှုန်း၍ ချီတက်ရှင်းလင်းရာ ရန်သူမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူ့နေရာများအား သိမ်းပိုက်ရရှိခဲ့။ - ရန်သူ့အလောင်း ၂ လောင်း - အမ်အေ(၃) ၁ လက် - ကျည်မျိုးစုံ ၂၀၀ တောင့် - လက်ပစ်ဗုံး ၁ လုံး - လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။ # တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 252 23👏 16
ဘယ်မြို့ကျသွားပြီ ဘယ်စခန်းသိမ်းခံလိုက်ရပြီ ဘယ်တပ်တွေဆုတ်ကုန်ပြီ ဒီလိုသတင်းတွေဟာ တိုက်ပွဲတွေဖြစ်လာတိုင်း ရန်သူက အင်တိုက်အားတိုက် ဝါဒဖြန့်တတ်တဲ့ Propaganda တွေပါပဲ ​သတင်းကျောရိုးသေးသေးလေးကိုတည်ပြီး ​ခြောက်ခြားအောင် ချဲ့ကားရေးကြတဲ့ စိတ်ဓါတ်စစ်ဆင်ရေးပါပဲ အဓိကကတော့ မိမိစစ်သည်တွေ စိတ်ဓါတ်ပျက်ပြားဖို့ တိုက်လိုခိုက်လိုစိတ်ပျက်ပြားဖို့ အထက်အောက်ယုံကြည်မှုလျော့ဖို့ ပြည်သူလူထု ယုံကြည်မှုလျော့ဖို့ ဒါတွေအတွက် ရည်ရွယ်ချက်ရှိရှိ ဖော်ပြနေကြတဲ့သတင်းတွေချည်းပါပဲ အွန်လိုင်း သတင်း၊ ထင်သတင်း၊ ကြားသတင်း၊ ချဲ့ကားပြောတဲ့သတင်း စတဲ့သတင်းအားလုံးကို ဖြစ်နိုင်မဖြစ်နိုင်ဉာဏ်နဲ့ချင့်ချိန်ဆုံးဖြတ်ပြီးမှ ယုံသင့်သလောက် ယုံကြပါ တိုက်ပွဲတစ်ပွဲဆိုတာ မပြီးမခြင်းအရှုံးအနိုင်ပြောလို့မရပါဘူး တရားသောစစ်နိုင်ရမည်
Mostrar todo...
👍 436 40👏 11🤣 2
ရှမ်းပြည် (မြောက်ပိုင်း) တိုက်ပွဲများတွင် တပ်မတော်က ပြင်းပြင်းထန်ထန် နှိမ်နင်းလျှက်ရှိ နေပြည်တော်၊ ဇွန် ၃၀ ရှမ်းပြည် (မြောက်ပိုင်း)တွင် TNLA/PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ပြန်လည်လုပ်ဆောင်လျက်ရှိရာ တပ်မတော်က နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။ ဇွန်လ ၂၉ ရက် မိုးမိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၄ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ၃ လောင်း၊ Type(81) ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အလားတူ ဇွန်လ ၂၉ ရက် နောင်ချိုမြို့ နယ်မြေခံတပ်ရင်းအနီးရှိ မင်္ဂလာပါဆီဆိုင်အနီးနှင့် နမ့်ဆောင်ဟူးကျေးရွာတစ်ဝိုက်သို့ TNLA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က (၁) ကြိမ်၊ ရန်သူအင်အား ၇၀ ဦးခန့်က (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နှိမ်နင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ လက်နက် ၂ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အတည်ပြုဆဲသတင်းများအရ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်မတော်မှ လေကြောင်းမှ ကင်းထောက်ပြီး TNLA၊  PDF အကြမ်းဖက်အဖွဲ့များ၏ အခြေပြုနေရာများကို ဗုံးအများအပြား ကြဲချတိက်ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တုန်ဖုန်းကားများဖြင့် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ များ၏ ပြောကြားချက်များအရ သိရှိရပါသည်။ TNLA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်များတွင် သေဆုံးဒဏ်ရာရသူများကို အရပ်သားများသဖွယ် လုပ်ကြံဖန်တီး ထုတ်ပြန်၍ တပ်မတော်က အရပ်သားများကို ပစ်ခတ်နေသယောင် ဝါဒဖြန့် လိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေမြင်းဝင်ဘုန်းကြီးကျောင်း သို့ ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီခွဲခန့်က  အကြမ်းဖက်အင်အား ၅၀ ဦးခန့်ကလည်းကောင်း၊ ကျပ်ပြင်ရဲစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း drone၊ လက်နက် ကြီး/ ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၅၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၉ ရက်နေ့က  ပြင်ဦးလွင်မြို့မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာနေရာသို့ ပျံသန်းလာသည့် ရန်သူ့ Drone  ၁ စီးအား တွေ့ရှိသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun ဖြင့် ပစ်ခတ် ဆွဲချခဲ့ရာ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာသို့ ပျက်ကျခဲ့သဖြင့် သွားရောက်ရှင်းလင်းစဉ် ရန်သူ့ Drone ၁ စီးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရာ ရန်သူသည် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားများထံမှ အမ်အေ(၁) လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈၄ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ Drone ၁ စီး သိမ်းဆည်းရမိခဲ့သည်။ ကချင်ပြည်နယ်၊ ဗန်းမော်မြိုနယ်အတွင်း ဇွန်လ ၂၉ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KIA နှင့် အကြမ်းဖက်အင်အား ၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရာ KIA အကြမ်းဖက်စခန်းမှ ပစ်ကျင်း ၅ ကျင်း၊ ဘီဇူကာဒုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၉ ရက် ည ၇နာရီခန့်အချိန်ထိ သံတွဲမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် သံတွဲလေဆိပ်များသို့ AA အကြမ်းဖက်အဖွဲ့ က Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ နေရာ ၅ နေရာမှ ရန်သူအင်အား ၁၈၀ ဦးခန့်က လက်နက်ကြီး/ငယ် Drop Bomb ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်လ ၂၉ ရက်နေ့က ကောလင်းမြို့၊ ကြူတောရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များအား KIA/PDF ပူးပေါင်းအင်အား ၂၅ ဦးခန့်က ပစ်ခတ်သဖြင့် ပြန်လည်ချေမှုန်းခဲ့ရာ KIAအကြမ်းဖက်သမား ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Mostrar todo...
👍 167👏 16 7
တိုက်ပွဲသတင်းထုတ်ပြန်ချက် ဇွန်လ ၂၉/၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ========================= မန္တလေးတိုင်း ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီခွဲခန့်က မိုးကုတ်မြို့နယ် ရွှေမြင်းဝင်ဘုန်းကြီးကျောင်း သို့ အကြမ်းဖက်အင်အား ၅၀ ဦးခန့်ကလည်းကောင်း၊ ကျပ်ပြင်ရဲစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း drone၊ လက်နက် ကြီး/ ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ >>>အကြမ်းဖက် ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၅၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့။ ရှမ်းပြည်(မြောက်ပိုင်း) ဇွန်လ ၂၉ ရက် မိုးမိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၄ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ >>>TNLA ၃ လောင်း၊ Type(81) ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့် သိမ်းဆည်းရမိခဲ့။ ကချင်ပြည်နယ် ဇွန်လ ၂၉ ရက် ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KIA နှင့် အကြမ်းဖက်အင်အား ၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ >>>ပစ်ကျင်း ၅ ကျင်း၊ ဘီဇူကာဒုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့. ရှမ်းပြည်နယ်(မြောက်ပိုင်း) ဇွန်လ ၂၉ ရက် နောင်ချိုမြို့ နယ်မြေခံတပ်ရင်းအနီးရှိ မင်္ဂလာပါဆီဆိုင်အနီးနှင့် နမ့်ဆောင်ဟူးကျေးရွာတစ်ဝိုက်သို့ TNLA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က (၁) ကြိမ်၊ ရန်သူအင်အား ၇၀ ဦးခန့်က (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ >>>အလောင်း ၂ လောင်း၊ လက်နက် ၂ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့။ အတည်ပြုဆဲသတင်းများအရ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်မတော်မှ လေကြောင်းမှ ကင်းထောက်ပြီး TNLA၊ PDF အခြေပြုနေရာများကို ဗုံးအများအပြား ကြဲချတ်ိုက်ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တုန်ဖုန်းကားများဖြင့် သယ်ဆော​င်သွားကြောင်း မျက်မြင်တွေ့ရှိသူ များ၏ ပြောကြားချက်များအရ သိရှိရပါသည်။ ရခိုင်ပြည်နယ် ဇွန်လ ၂၉ ရက် ည ၇နာရီခန့်အချိန်ထိ သံတွဲမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် သံတွဲလေဆိပ်များသို့ AA သကသ အင်အား(စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ နေရာ ၅ နေရာမှ ရန်သူအင်အား ၁၈၀ ဦးခန့်က လက်နက်ကြီး/ငယ် Drop Bomb ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။ စစ်ကိုင်းတိုင်း ဇွန်လ ၂၉ ရက် ကောလင်းမြို့အနီး ကြူတောရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား KIA+PDF ပူးပေါင်းအင်အား ၂၅ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ >>>KIA ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့။ မန္တလေးတိုင်း ဇွန်လ ၂၉ ရက်၊ ပြင်ဦးလွင်မြို့မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာနေရာသို့ ပျံသန်းလာသည့် ရန်သူ့ Drone ၁ စီးအား တွေ့ရှိသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun ဖြင့် ပစ်ခတ် ဆွဲချခဲ့ရာ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာသို့ ပျက်ကျခဲ့သဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ - ရန်သူ့ Drone ၁ စီးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ဆက်လက်ရှင်းလင်းစဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ရာ ရန်သူသည် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။ >>>အမ်အေ(၁) လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈၄ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ Drone ၁ စီး သိမ်းဆည်းရမိခဲ့။ #တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 461 42👏 30🤣 3🤔 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.