es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 511 suscriptores, ocupando la posición 16 060 en la categoría Noticias y medios y el puesto 10 067 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 511 suscriptores.

Según los últimos datos del 20 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -281, y en las últimas 24 horas de -11, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.99%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.36% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 250 visualizaciones. En el primer día suele acumular 670 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 511
Suscriptores
-1124 horas
-757 días
-28130 días
Archivo de publicaciones
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမြန်သွားတိုက်ခိုက် ရေးရေယာဉ်အုပ်စုကြီးဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့် ဂြိုဟ်တုဓာတ်
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမြန်သွားတိုက်ခိုက် ရေးရေယာဉ်အုပ်စုကြီးဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်​၏ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၃၃ စီးပါဝင်သော အုပ်စုကြီးတစ်ခုသည် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်ပြီးနောက် ကမ်းခြေသို့ ပြန်လည်ဦးတည်နေသည်ကို တွေ့ရှိရသည်။ အီရန်ရေတပ်သည် "လုံးဝဥဿုံ ပျက်စီးသွားပြီ" ဟု ဒေါ်နယ်ထရန့်က ပြောကြားထားသော်လည်း ယခုတွေ့ရှိရသည့် အခြေအနေမှာ ထိုပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အဆိုပါ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များသည် ယနေ့တွင် သင်္ဘော ၃ စီးကို တိုက်ခိုက်ရာ၌ ပါဝင်ခဲ့ပြီး ၎င်းတို့အနက် သင်္ဘော ၂ စီးကို သိမ်းဆည်းခဲ့ဖွယ်ရှိကြောင်းသိရသည်။ NOM

လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာအနီးရှိ ခြံဝင်းတစ်ခုအတွင်း MNDAA အကြမ်းဖက်အဖွဲ့ထောင် ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အ
လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာအနီးရှိ ခြံဝင်းတစ်ခုအတွင်း MNDAA အကြမ်းဖက်အဖွဲ့ထောင် ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၈ နာရီအချိန်၌ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာနေ မအေးစော (၁၉) နှစ်သည် ဟက်ကာ ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် MNDAA အကြမ်းဖက် အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိကာပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အီရတ်နိုင်ငံမြောက်ပိုင်း၊ အာဘေးလ် (Erbil) မြို့ရှိ အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ် လက်နက်ကိုင်အဖွဲ့များ စီမံခန့်ခွဲနေပြီး အစ္စရေးနှင့် ဆက်နွှယ်မှုရှိသော ရေနံမြေတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSF) ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘော ၂ စီး ကို သိမ်းဆည်းလိုက်ပ
အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSF) ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘော ၂ စီး ကို သိမ်းဆည်းလိုက်ပြီး အီရန်ကမ်းရိုးတန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

Repost from NOM.World News
ဂျပန်မှာ တကိုယ်တည်းသမား (single) တွေကို dating apps တွေ အသုံးပြုမယ်ဆိုရင် ငွေကြေးပေးမယ်ဆိုပြီး ဆွဲဆောင်နေပါပြီ။ ကိုချီစီရင်စု
ဂျပန်မှာ တကိုယ်တည်းသမား (single) တွေကို dating apps တွေ အသုံးပြုမယ်ဆိုရင် ငွေကြေးပေးမယ်ဆိုပြီး ဆွဲဆောင်နေပါပြီ။ ကိုချီစီရင်စုမှာ မွေးဖွားနှုန်းကျဆင်းမှုကို တိုက်ဖျက်ဖို့အတွက် ကြိုးပမ်းနေရာမှာ ဒါကို နည်းလမ်းတခုအဖြစ် အသုံးပြုလာတာပါ။ အသက် ၂၀ ကနေ ၃၉ နှစ်ကြား ရှိသူတွေဟာ Tapple လိုမျိုး လူကြိုက်များတဲ့ app အပါအဝင် dating apps တွေ အသုံးပြုလို့ ကုန်ကျမယ့် ငွေကြေးကို ကာမိစေဖို့အတွက် တဦးကို ယန်း ၂ သောင်း (၁၂၅ ဒေါ်လာ) အထိ ရရှိကြမှာပါ။ ဒါကြောင့် dating apps တွေကို အသုံးပြုတဲ့အခါမှာ ငွေကြေးကုန်ကျမှာကို ပူစရာလိုမှာမဟုတ်တော့ပါဘူး။ ဒီအစီအစဉ်က အလုပ်ဖြစ်၊ မဖြစ်ဆိုတာကို စစ်တမ်းကောက်ယူပြီး အကဲဖြတ်သွားမယ်လို့ စီရင်စုအရာရှိတွေက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

ရှမ်း၊ ပဲခူးနှင့် မွန်တွင် တရားမဝင်လောင်းကစားမှုများအား ဖမ်းဆီးအရေးယူမှုဆောင်ရွက်
ရှမ်း၊ ပဲခူးနှင့် မွန်တွင် တရားမဝင်လောင်းကစားမှုများအား ဖမ်းဆီးအရေးယူမှုဆောင်ရွက်

ကယား၊ ရန်ကုန်၊ မွန်၊ ရှမ်းဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကွင်းဆင်းဆောက်ရွက်မှုများ
ကယား၊ ရန်ကုန်၊ မွန်၊ ရှမ်းဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကွင်းဆင်းဆောက်ရွက်မှုများ

နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ယနေ့ ဧပြီလ ၂၂ ရက်နေ့၌ လက်ခံတွေ့ဆုံခဲ့သည်။
+3
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ယနေ့ ဧပြီလ ၂၂ ရက်နေ့၌ လက်ခံတွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတကထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ NOM၊ဧပြီ၂၂၊၂၀၂၆ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိင် သည် ထိုင်း
နိုင်ငံတော်သမ္မတကထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ NOM၊ဧပြီ၂၂၊၂၀၂၆ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိင် သည် ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးကို ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံ တွေ့ဆုံခဲ့သည်။

မိုးကောင်း - မိုးညှင်းလမ်းပိုင်း စတင်ပြုပြင်နေ NOM၊ဧပြီ၂၂၊၂၀၂၆ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် ပါ၀င်သောမြစ်ကြီးနား - မိုးညှင်
မိုးကောင်း - မိုးညှင်းလမ်းပိုင်း စတင်ပြုပြင်နေ NOM၊ဧပြီ၂၂၊၂၀၂၆ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် ပါ၀င်သောမြစ်ကြီးနား - မိုးညှင်းလမ်းပိုင်းအတွင်း တံတားနှင့်လမ်းများ ပြုပြင်ရေးဆိုသည့်စီမံချက်အတွက်မြန်မာ့မီးရထားမှတာ၀န်ရှိသူများက အမြန်ဆုံးစတင်ဆောင်ရွက်ချက်အဖြစ် မိုးကောင်းမှမိုးညှင်းကြား သံလမ်းများကို စတင်စစ်ဆေးပြီးအစားထိုးလဲလှယ်ရန်လိုအပ်သည်များကိုဆောင်ရွက်နေရာ ဧပြီ၂၂ရက်တွင် မင်းကုန်းဘူတာအထိပြီးစီးပြီဟု သိရသည် ။ ယင်း မိုးကောင်းမှ မိုးညှင်းကြား သံလမ်းနှင့် တံတားများစစ်ဆေးပြပြင်ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားမှမိုးညှင်းအထိလူစီးရထားများ ပြေးဆွဲနိူင်မည်ဖြစ်ပြီးဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်‌ေကြာင်းသိရသည် ။

နိုင်ငံခြားသုံးငွေကြီးကြတ်မှုကေါ်မတီဖွဲ့စည်း
+1
နိုင်ငံခြားသုံးငွေကြီးကြတ်မှုကေါ်မတီဖွဲ့စည်း

လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ NOM၊ဧပြီ၂၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ NOM၊ဧပြီ၂၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့် ​မြောက်ပိုင်းခရိုင် မြို့နယ်များမှ စုဆောင်းလာသော အမှိုက်များကို အဓိက စုပေါင်းစွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် အမှိုက်တင်ဆောင်လာသည့် ယာဉ်အစီး​ရေ ၇၈ စီးဖြင့် ​ခေါက်​ရေ ၂၀၀ ​​​ကျော်အမှိုက်များကိုတင်​ဆောင်​နေ​ရ​ကြောင်း သိရသည်။ လက်ရှိတွင် လူဦးရေတိုးပွားလာခြင်းနှင့်အမျှ အမှိုက်ပမာဏလည်း တိုးလာနေပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀၀ ကျော်အထိ ရောက်ရှိလာ‌ ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာနေအိမ်အချို့ပျက်စီး၊ သစ်ပင်များလဲကြပြီးလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ NOM၊ဧပြီ၂၂၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယမန်နေ့ဧပြီ၂၁ရက်ညနေ၆နာရီခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ စည်ပင်ရပ်နှင့် သိကြားရပ်တို့တွင် နေအိမ်အချို့ပျက်စီး၊ သစ်ပင်များလဲကြပြီးလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်းညောင်ဦးမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ညောင်ဦးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေလိပ်တူးဘုရားအနီး၊ နှင့်အမှတ်(၅)ရပ်ကွက်၊ စည်ပင်ရပ်နှင့် သိကြားရပ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ ကားလမ်းပိတ် ဆို့မှုဖြစ်ပွားခဲ့သည့် လက်ရှိရှင်းလင်းမှုများပြုလုပ်နေကြောင်း သိရသည်။ "မနေ့ကတော့ အမှတ်(၇)ရပ်ကွက်၊ ရွှေလိပ်တူးဘုရားအနီး၊ ညောင်ဦး-တောင်ဘီသွားလမ်းပေါ် သစ်ပင်တွေလဲတော့ ကား တွေသွားမရတော့ဘူး ဒါနဲ့ကား တွေသွားလာမှုအဆင်ပြေဖို့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့အတူ ကားလမ်းတွေကို အရင်ရှင်းလင်းပေးတယ် ည၈နရီ လောက်မှာကားတွေပုံမှန်အတိုင်း သွားလို့ရအောင်လမ်းဖွင့်ခဲ့တယ် အခုမနက်မှာတော့ ပျက်စီးသွားတဲ့အိမ်တွေကိုသွားပြီးရှင်လင်းမှုတွေလုပ်ပေးနေပါတယ်ပျက်ဆီိစရင်း တော့မရသေးပါဘူး"ဟုညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လေပြင်းတိုက်ခတ်မှုဖြစ်ပွား ကြောင်းသတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်း၊ အမှတ်(၅)အရန်မီးသတ်စခန်း၊ မြင်းကပါအရန်မီးသတ်စခန်း၊ ဝံသာနုရက္ခိတအသင်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများထွက်ခွာဆောင်ရွက် နေကြောင်းသိရ သည်။

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း ထပ်ဆင့်ရှင်းလင်း ဧပြီ ၂၁၊ ၂၀၂၆ စီးပွားရေ
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း ထပ်ဆင့်ရှင်းလင်း ဧပြီ ၂၁၊ ၂၀၂၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းသည်။ ပြောကြား ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင် ပါရှိသော လမ်းညွှန်မှာကြားမှုများကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူ၍ အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကာလသည် မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယဖြစ်သည့်အပြင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်လည်း ပေါ်ထွန်းလာပြီဖြစ်သကဲ့သို့ လွှတ်တော်များလည်း ပြန်လည်အသက်ဝင်လာကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ကာလဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်တက်ကြွကြွ ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းသည် ဝန်ထမ်းတိုင်း၏ အခြေခံအကျဆုံး တာဝန်တစ်ရပ်ဖြစ်ကာ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုယန္တရားဖြစ်ပေါ်လာစေရန်အတွက် အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးတာဝန်ရှိသူ အဆင့်ဆင့်မှ စနစ်တကျထိန်းသိမ်းကြပ်မတ်သွားကြရန် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ကြရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံကျသည့်အုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ကြရာတွင် မိမိတို့ဝန်ကြီးဌာနသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းစဉ်များတွင် ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူချောမွေ့စေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ခေတ်မီနည်းပညာများကို အသုံးပြု၍ ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်အောင်ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် အမြဲမပြတ်ထိတွေ့ပြီး ဟန်ချက်ညီညီချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်ပဈေးကွက်သို့ မြန်မာ့ထုတ်ကုန်များ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ပြည်ပဈေးကွက်သစ်များ ရှာဖွေရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးကာကွယ်ပေးရေး၊ မူပိုင်ခွင့်ဆိုင်ရာအကာအကွယ်ပေးရေးတို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးဝင်းမြင့်ခိုင်တို့က ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် ပြည်ပရှိ စီးပွားရေးသံမှူးများ စုစုပေါင်း ၅၇၂ ဦးတို့က In person/ Virtual တို့ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်၌ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြ
+3
အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်၌ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည် ဧပြီ ၂၁၊ ၂၀၂၆ နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွား ပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန် - မန္တလေး - ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တစ်လျှောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်းငွေကျပ် ၄၈၀၀၀ နှင့် ပထမတန်းငွေကျပ် ၃၄၀၀၀ တို့ဖြစ်သည်။ ရန်ကုန် - နေပြည်တော် - ရန်ကုန် ခရီးစဉ်တစ်လျှောက် အမှတ် (၃၁) အဆန်/ အမှတ် (၃၂) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်းဖြစ်သည်။ ရန်ကုန် - နေပြည်တော် - ရန်ကုန် ခရီးစဉ်တစ်လျှောက် အမှတ် (၇) အဆန်/ အမှတ် (၈) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်းဖြစ်သည်။ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲမည့် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် DEMU လူစီးအမြန်ရထားများနှင့် ရန်ကုန် - နေပြည်တော် - ရန်ကုန်ခရီးစဉ်တွင် ပြေးဆွဲနေသော အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်၊ အမှတ် (၇) အဆန်/ အမှတ် (၈) အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

KTLA က KNU ကိုခြုံခိုတိုက်၊ KNU ၅ ဦးသေ
+1
KTLA က KNU ကိုခြုံခိုတိုက်၊ KNU ၅ ဦးသေ

ဟုမ္မလင်းဆိပ်ကမ်းမီး လောင်မှု ၂ရက်ခန့်ကြာသည်အထိ ငြှိမ်းသတ်ခဲ့ရပြီးလူငါးဦးသေဆုံး NOM၊ဧပြီ၂၂၊၂၀၂၆ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြိ
ဟုမ္မလင်းဆိပ်ကမ်းမီး လောင်မှု ၂ရက်ခန့်ကြာသည်အထိ ငြှိမ်းသတ်ခဲ့ရပြီးလူငါးဦးသေဆုံး NOM၊ဧပြီ၂၂၊၂၀၂၆ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်း၌မီးလောင်မှုမှာ ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၉နာရီခွဲတွင် မီးငြိမ်းသွား ကြောင်း စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဧပြီ ၂၀ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင်ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းတွင်ရပ်ထားသည့် ဆီတင်မော်တော်မှ ဆီလှယ်ရာမှမီးလောင် မှုစတင် ဖြစ်ပွားခြင်းဖြစ်ပြီး အနီးရှိမော်တော်ရေယာဉ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့်လက်ရှိအမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းငါးဦးသေဆုံးခဲ့ပြီး ရှစ်ဥဦးဒဏ်ရာရှိခဲ့ကြောင်းလက်ရှိမော်တော် ရေယာဉ်ကိုးစီး၊ မော်တော်ယာဉ်များပါမီးလောင်ဆုံးရှူံးခဲ့ကြောင်းသိရသည်။

သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးလမ်း
+1
သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးလမ်းများတွင် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို ဧပြီ ၂၁၊ ၂၀၂၆ “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် ခေါ်ယူလေ့ကျင့်ပေးပြီး တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်စေလျက်ရှိသည်။ ထိုသို့ တပ်ရင်း/တပ်ဖွဲ့များ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ အခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းပေးအပ်ခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏ နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်သည်။ ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း၊ တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦးပီသစွာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်လာခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးများတွင်လည်း ၎င်းတို့၏ အောင်မြင်စွာနှင့် ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့မှုအပေါ် မိသားစုဝင်များသာမက ဒေသခံပြည်သူများကပါ ဝမ်းသာဂုဏ်ယူမဆုံးဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ဂုဏ်ပြုပန်းခြင်းများ၊ အောင်သပြေပန်းခက်များ၊ အိုးစည်ဒိုးပတ်များဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။ တာဝန်ပြီးမြောက်၍ မိသားစုများထံသို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုများအနေဖြင့် တပ်မတော်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မှု၊ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုအပေါ် ဝမ်းမြောက်မှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရခြင်းအပေါ် ပျော်ရွှင်ရမှုနှင့် ၎င်းတို့အပေါ် မိသားစုနှင့် ပတ်ဝန်းကျင်ကပါ ဂုဏ်ယူလေးစားစွာ ကြိုဆိုခဲ့မှုအပေါ် ကြည်နူးဂုဏ်ယူရမှုတို့ကို ၎င်းတို့၏ အိမ်ပြန်ခရီးကြိုဆိုမှုမြင်ကွင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ယခုကဲ့သို့ တွေ့မြင်ရပါသည်။ အဆိုပါနိုင်ငံ့သားကောင်းစစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် ကူညီကယ်ဆယ်ရေးတာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည့်အပြင် စစ်မှုထမ်းကာလပြီးမြောက်ပါက အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးသို တက
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးသို တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ကြေညာချက်အမှတ် ၁ / ၂၀၂
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ကြေညာချက်အမှတ် ၁ / ၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်)