uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 422 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 330-o'rinni va Myanma mintaqasida 9 947-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 422 obunachiga ega bo‘ldi.

27 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -136 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 648 marta ko‘riladi; birinchi sutkada odatda 493 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 10 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 422
Obunachilar
-924 soatlar
-317 kun
-13630 kun
Postlar arxiv
+1
အီလွန်မတ်စ်ခ်က ကားပျံကိုတီထွင် NOM အီလွန်မတ်စ်ခ်သည် ပျံသန်းနိုင်သော ကားတစ်စီးကို တီထွင်လိုက်ပြီဖြစ်ပြီး Tesla က Roadster စပို့စ်ကားသစ်ကို မိတ်ဆက်ပြသလိုက်သည်။ အဆိုပါ ကားသည် ဖိအားပေးထားသော ဓာတ်ငွေ့သုံး အရှိန်မြှင့်စနစ် ကို အသုံးပြု၍ မြေပြင်မှ လေထဲသို့ ပျံတက်နိုင်ပြီး အမျိုးမျိုးသော ဝေဟင်စွမ်းဆောင်ရည်များကို ပြုလုပ်နိုင်သည်။ အဆိုပါကားကို မော်ဒယ် သုံးမျိုး ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး လမ်းမပေါ်တွင် တရားဝင် မောင်းနှင်နိုင်သော မော်ဒယ်၊ ပြိုင်ကား မော်ဒယ်နှင့် SpaceX ၏ အရှိန်မြှင့်စနစ်များပါဝင်သည့် အလွန်အမင်း ပြင်းထန်စွမ်းဆောင်ရည်ရှိသော "Rocket" မော်ဒယ်တို့ဖြစ်သည်။ ထို အရှိန်မြှင့်စနစ်များသည် ဖိအားပေးထားသော ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးခြင်းဖြင့် ကားကို လေထဲသို့ မြှောက်တင်ပေးမည်ဖြစ်သည်။ ကား၏ အရှိန်နှုန်းမှာ ၁ စက္ကန့်ပင် မပြည့်သော ချိန်အတွင်း (၀.၅၉ စက္ကန့်အတွင်း) တစ်နာရီလျှင် ၀ မှ ၁၀၀ ကီလိုမီတာအထိ အရှိန်မြှင့်နိုင်မည်ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၃၇၀ ကီလိုမီတာ ဖြစ်သည်။ အမြောက်အမြား ထုတ်လုပ်မှုကို ၂၀၂၈ ခုနှစ်တွင် စတင်ရန် စီစဉ်ထားသည်။ သို့သော်လည်း "Rocket" မော်ဒယ်သည် အများပြည်သူသုံး လမ်းမများအတွက် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်သည့်အတွက် ဖိတ်ခေါ်ခံရသူများသာ ဝယ်ယူနိုင်မည်ဖြစ်သည်။
16 Okt, 09:10

နယ်ခြားစောင့်တပ် လုပ်ပါ့မယ် ဆိုရင်တောင် တစ်ချို့ လက်နက်ကိုင်တွေလို နောင်ဆယ်စုနှစ် တစ်ခုကြာလို့ ကပ်ခွာ ပြန်လုပ်ရင်.... ဘယ်လိုလုပ်မလဲ။ တသက်လုံး ပြည်ထောင်စု စိတ်ရှိလို့ နယ်ခြားစောင့် အသွင်သဏ္ဍန်ရှိရင်တော့ ကောင်းတာပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု နဲ့ အလဲအလှယ် ပေးခဲ့တာတောင် TNLA က လက်နက်ကိုင်ပြီး စစ်ပြန်တိုက်ခဲ့တာပဲလေ။ ဒီတော့ ဒီတိုင်းရင်းသား အမည်ခံ လူတစ်စုရဲ့ လောဘကို ဘယ်သူက အာမခံပေးမလဲ။ BGF ဆိုတာ သစ္စာမရှိရင် ရေတိုပဲ ရပါ့မယ်။ လူမျိုးစု တစ်စုစာအတွက် လက်နက်ကိုင်နေမှတော့ လူသစ်စု ဖို့လည်း လိုမယ်။ အကျိုးစီးပွားအတွက် ပြည်ထောင်စု လမ်းမပေါ်လည်း ဆက်ကြေး လာကောက်ဦးမှာပဲ။ ဒါကို ဘယ်ယန္တရားနဲ့ ဖြေရှင်းမလဲ။ ခုတောင် အင်အားကြီးသထက်ကြီးအောင် အပြိုင်တည်ဆောက်နေကြတာကို မြင်တွေ့နေနိုင်တာပဲ။ လက်နက်စွန့်ခိုင်းပါ။ ဖွဲ့စည်းပုံအရ အာဏာ Power Sharing လုပ်နိုင်ဖို့ ကြံဆပါ။ မပါလာရင် အပြုတ်တိုက် လမ်းစဉ် မူဝါဒ မချသရွေ့ ဒီတိုင်းပြည်က ပြည်တွင်းစစ်ပုံစံနဲ့ သံသရာ လည်နေဦးမှာပါ။ (နရီမိုး)
16 Okt, 05:54

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ
+3
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲ တက်ရောက် အောက်တိုဘာ ၁၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက်  ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီပိုင်  အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ယနေ့နံနက်  ၇ နာရီ အချိန် ဖွင့်လှစ်ရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ  ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀န်ကြီး မြို့တော်၀န်  ဦးမျိုးမြင့်အောင်  ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများက မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူက အရောင်းဆိုင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့သည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ  နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများလိုက်ပါ၍ ဈေးဆိုင်အား ကြည့်ရှုအားပေး ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက်  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်   ဈေးများဖြစ် သော မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ အမှတ်(၂) ဈေး ၊ (ဃ) ဈေး ၊ ရတနာသိင်္ဂီဈေးများတွင် ပြည်သူများအား အခြေခံစား သောက်ကုန် ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။
16 Okt, 05:53

တိုကျိုမြို့တွင် အမေရိကန် - မြန်မာ ဆွေးနွေးပွဲများ ပြန်လည်စတင် NOM အမေရိကန်နှင့် မြန်မာအစိုးရတို့သည် လွန်ခဲ့သောသီတင်းပတ်က ဂျပန်နိုင်င၊ တိုကျိုမြို့တွင် နောက်ထပ်တစ်ကြိမ် လျှို့ဝှက်ဆွေးနွေးပွဲ ကျင်းပခဲ့ကြပြီး တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြလိုက်သည်။ ထို ဆွေးနွေးပွဲများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် က ဦးဆောင်ခဲ့ပြီး အမေရိကန်အရာရှိ ၁၂ ဦးထက်မက ပါဝင်ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ယင်းတွေ့ဆုံမှုသည် စက်တင်ဘာလလယ်က နေပြည်တော်၌ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို လွတ်မြောက်ရေးနှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုက်ဘာငွေလိမ်စင်တာများ (scam centres) ပိတ်သိမ်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲဖြစ်သည်။ ယခုလို သံတမန်လမ်းကြောင်း ပြန်လည်စတင်လာခြင်းသည် ၂၀၂၁ ခုနှစ် အာဏာထိန်းပြီးနောက် ဝါရှင်တန်က မြန်မာတပ်မတော်အြကီးအကဲများကို သီးခြားခွဲထုတ်ပစ်ခဲ့သည့် မူဝါဒမှ ကွဲထွက်ပြောင်းလဲလာခြင်းဖြစ်ပြီး ပဋိပက္ခများ၊ အစိတ်စိတ်အမွှာမွှာ ထိန်းချုပ်မှုများနှင့် တရုတ်၏ ပါဝင်ပတ်သက်မှုတို့ကြောင့် ရှုပ်ထွေးနေသည့် မြန်မာ့အဓိက မြေရှားသတ္တု ထုတ်လုပ်မှုအပါအဝင် ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများအတွက် လမ်းစပွင့်သွားဖွယ် ရှိသည်။ ဂျပန်နိုင်ငံသည် နောက်ဆုံးကျင်းပခဲ့သည့် တွေ့ဆုံပွဲကို လက်ခံကျင်းပပေးခဲ့ပြီး နှစ်ဖက်စလုံးနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သော်လည်း သီးခြားဆွေးနွေးချက်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်တွင်းစစ်ကြောင့် ဖိအားပေးမှုများ ဆက်လက်ရှိနေသော်လည်း ယခုဆွေးနွေးပွဲများသည် အမေရိကန်အနေဖြင့် မြန်မာ့အုပ်ချုပ်သူများနှင့် အကန့်အသတ်ဖြင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ပြုလုပ်နေကြောင်း ပြသနေသည်။
16 Okt, 05:04

အိုဇမ်ပစ် Ozempic ဆေးသုံးပြီးနောက် မျက်စိကွယ်သွားသည့် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှ အမျိုးသားတစ်ဦး Novo Nordisk ကုမ္ပဏီကို တရားစွဲဆို အသက် ၆၃ နှစ်အရွယ် တော့ဒ် အင်းဂဲလ် (Todd Engel) သည် ၂၀၂၃ ခုနှစ်တွင် ဆီးချိုရောဂါအတွက် ထိုဆေးကိုသုံးရန် ဆရာဝန်၏ ညွှန်ကြားခံခဲ့ရပြီး လေးလအကြာတွင် ရုတ်တရက် ပြန်ကောင်းမလာနိုင်တော့သည့် မျက်စိကွယ်သွားစေသော ရောဂါအခြေအနေကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ ကုမ္ပဏီဘက်ကမူ မျက်စိကွယ်ခြင်းသည် ယင်းဆေးကြောင့်ဖြစ်သည်ဟူသော အချက်ကို ငြင်းဆိုထားသည်။
16 Okt, 04:27

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြိုနယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက
+3
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြိုနယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု အောက်တိုဘာ ၁၆၊ ၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းကြီးမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် နာဂပုရသာမဏေကျော် စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများကို အောက်တိုဘာလ(၁၄)ရက်နေ့က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။ ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စာမေးပွဲကြီး အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုမည့်နေရာများ ပြင်ဆင်ထားရှိမှု၊ ရဟန်း၊ သာမဏေနှင့် သီလရှင်များ အဆင်ပြေစေရေးစီစဉ်ဆောင်ရွက်ထားရှိမှု၊ ဒေသခံပြည်သူများလုပ်အားပေးဆောင်ရွက်နေမှု၊ နေရာထိုင်ခင်းနှင့် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့အပြင် စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးလိုသည်များ အချိန်မီဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ နာဂပုရသာမဏေကျော်စာမေးပွဲကြီးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့မှ နိုဝင်ဘာလ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းဘုန်းတော်ကြီးကျောင်းများမှ မူလတန်းအဆင့်၊ ပထမဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းအပါး(၄၀၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
16 Okt, 01:45

ရန်ကုန်-ပြည်လမ်းကြီးတွင်ယာဥ်တိုက်မှုဖြစ်တစ်ဦး‌ သေဆုံး NOM၊အောက်တိုဘာ၁၆၊၂၀၂၆ မင်္ဂလာဒုံ​မြို့နယ် ၊ထောက်ကြန့်မြို့၊ရန်ကုန်-ပြည
ရန်ကုန်-ပြည်လမ်းကြီးတွင်ယာဥ်တိုက်မှုဖြစ်တစ်ဦး‌ သေဆုံး NOM၊အောက်တိုဘာ၁၆၊၂၀၂၆ မင်္ဂလာဒုံ​မြို့နယ် ၊ထောက်ကြန့်မြို့၊ရန်ကုန်-ပြည်လမ်းကြီး၊ ညောင်ပင်မှတ်တိုင် အနီးတွင် အောက်တိုဘာ ၁၅ရက် ညနေ ၄နာရီခွဲခန့်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မှော်ဘီဘက်မှ လာသော canter ၆ဘီးယာဥ်ကလမ်းဖြတ်ကူးသော ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်သဖြင့် ဆိုင်ကယ်စီးအမျိုးသား၊သေဆုံးခဲ့ကြောင်းသိရသည်။
16 Okt, 01:01

မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား နွေးထွေးစွာကြိုဆို အောက်တိ
+5
မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား နွေးထွေးစွာကြိုဆို   အောက်တိုဘာ ၁၆၊ ၂၀၂၆   နိုင်ငံတော်မှပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်ပေးလျက်ရှိရာ မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ယနေ့နံနက်ပိုင်းက မြိတ်မြို့မှတစ်ဆင့် ကော့သောင်းမြို့နေရပ်ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့မဆိပ်ကမ်းတွင် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။   နိုင်ငံတော်အစိုးရသည် မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ကြုံ တွေ့နေရသည့် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားပြီး လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းကာ  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သူ (၁၄၂)ဦးကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် တိုင်းဒေသကြီးအတွင်းရှိ နေရပ်ဒေသအသီးသီးသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့‌နယ်အတွင်း‌နေထိုင်သူ (၁၅) ဦးအား ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ဟံသာဝတီခန်းမတွင် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ UID စစ်ဆေးခြင်း၊ e-ID စစ်ဆေးခြင်းနှင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်၍  သက်ဆိုင်ရာနေရပ်‌အသီးသီးသို့ မိဘ/အုပ်ထိန်းသူများအတူ တစ်ပါတည်းလွှဲပြောင်းပေးလျက်ရှိကြောင်းသိရသည်။
16 Okt, 00:54

အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် အောက်တိုဘာ ၁၅၊ ၂၀၂၆ အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နေ အမျိုးသမီးငယ်တစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်နေ အမျိုးသမီးတစ်ဦးတို့ကို မခိုင်သဇင်ထွန်း (ခ) မခိုင်က ၎င်း၏ TikTok အကောင့် ခိုင်ရီးအမည်ဖြင့် အမျိုးသမီးနှစ်ဦး၏ TikTok အကောင့်သို့ အလုပ်လိုချင်လား၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ပြုသည့် အလုပ်ရှိကြောင်း၊ ခြောက်လ တစ်နှစ် နေရမည်ဖြစ်ကြောင်း၊ တရုတ်ငွေယွမ် ၃၀၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ အိမ်ထောင်ပြုသည့် တရုတ်အမျိုးသားမှ မုန့်ဖိုးအဖြစ် တစ်လမြန်မာငွေကျပ် သိန်း (၂၀/ ၃၀) ပေးမည်ဖြစ်ကြောင်း၊ တစ်နှစ်ပြည့်က ပြန်လာရမည်ဖြစ်ကြောင်း၊ လမ်းခရီးစရိတ်ကျခံပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်လာကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၁၂၈/ ၂၀၂၆ ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မခိုင်သဇင်ထွန်း (ခ) မခိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
16 Okt, 00:45

အီရန်နိုင်ငံတွင် အသုံးပြုနိုင်သော TEL (ဒုံးကျည်ပစ်လွှတ်ရေး ယာဉ်) ၄၀၀ ခန့် ရှိနေပြီး ၎င်းပမာဏသည် စစ်ပွဲမဖြစ်ပွားမီက ရှိခဲ့သည့်
အီရန်နိုင်ငံတွင် အသုံးပြုနိုင်သော TEL (ဒုံးကျည်ပစ်လွှတ်ရေး ယာဉ်) ၄၀၀ ခန့် ရှိနေပြီး ၎င်းပမာဏသည် စစ်ပွဲမဖြစ်ပွားမီက ရှိခဲ့သည့် ပမာဏနှင့် ခန့်မှန်းခြေအားဖြင့် အတူတူပင် ဖြစ်သည် — အစ္စရေး Channel 16 သတင်းဌာန
16 Okt, 00:23

ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုကြောင်း နိုင်ငံတော်သမ္မတပြောကြား ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ
ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုကြောင်း နိုင်ငံတော်သမ္မတပြောကြား ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ယင်းဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဟူသည့် သဘောထားကို အလေးထားကြရန်လိုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက‌ ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် နိုင်ငံတော်ကိုစိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်းမှုရရှိစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်နေသည့် တပ်မတော်သာဖြစ်စေလိုကာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများအချင်းချင်း တိုက်ခိုက်နေရသည့် တပ်မတော်မဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
16 Okt, 00:21

နောင်ချိုမြို့တွင် ငွေကျပ် သိန်း ၃၁၈၀ တန်ဖိုး၊ ဝေါမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးနှင့် ရွာငံမြို့နယ်တွင် ငွေကျပ် သိန်
နောင်ချိုမြို့တွင် ငွေကျပ် သိန်း ၃၁၈၀ တန်ဖိုး၊ ဝေါမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးနှင့် ရွာငံမြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ   အောက်တိုဘာ ၁၅၊ ၂၀၂၆   နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၃၁၈၀ တန်ဖိုး၊ ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးနှင့် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် မကျီးရေရွာအနီးတွင် သီပေါမြို့နယ် ဝမ်ပန်ရွာနေ စိုင်းဆောနန္ဒာ (ခ) အိုက်ပီး (၄၅)နှစ် မောင်းနှင်ပြီး နမ့်ခမ်းမြို့နယ် နမ္မရွာနေ စိုင်းအိုက်စော (၄၃)နှစ်နှင့် မိုင်းရှူးမြို့နယ် ဝမ်လုံရွာနေ မနန်းဆိုင်ဖောင်း (၄၀)နှစ်တို့ လိုက်ပါလာသော Toyota Kluger အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၆၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၅၀)ကို ဖမ်းဆီးရမိသည်။   အလားတူ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်အနီးတွင် သီပေါမြို့နယ် နားမွန်းရွာနေ မပီခေါင် (ခ) မဖြူ (၄၆)နှစ် မောင်းနှင်ပြီး သီပေါမြို့နယ် ပန်မိတ်ရွာနေ မနန်းလှယုံ (၄၂)နှစ် လိုက်ပါလာသော CZI-125 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၂၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၃၀) ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   ထို့ပြင် အောက်တိုဘာ ၁၃ ရက် နံနက် ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ရွာအနီးတွင် ဘားအံမြို့နယ် ဓူဝေလေးရွာနေ စိုင်းသိန်းဇော် (ခ) အိုင်နောင့် (၂၈)နှစ် မောင်းနှင်လာသော Honda Insight အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀) ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ယင်းနေ့နံနက် ၁၀ နာရီခွဲတွင် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ဘားအံမြို့ အမှတ် (၈) ရပ်ကွက်နေ စိုင်းဇင်မင်းထွေး (ခ) ရှန်ရှန် (၂၂) နှစ်အား ဘားအံမြို့ အမှတ် (၉) ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   အလားတူ အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွာငံမြို့နယ် မြို့ကြီးရွာအနီးတွင် ပင်းတယ-မန္တလေးပြေးဆွဲသည့် Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၂၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀၀) သိမ်းဆည်းရမိသဖြင့် မဖြူသွယ်ဝင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
16 Okt, 00:20

နိုင်ငံရေးလောကထဲမှာ ဘယ်သူ့ကိုမှ မယုံဘူး ဟု အမေရိကန်သမ္မတထရမ့်ပြောကြား နယူးမက်စ်သတင်းဌာနနှင့် သီးသန့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အင်တာဗျူးသူက - သမ္မတကြီးအနေနဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ယုံကြည်ပါသလား။ သမ္မတထရမ့် - ငါဘယ်သူ့ကိုမှ မယုံဘူး။ ရိုးရိုးသားသား ပြောရရင် နိုင်ငံရေးလောကထဲမှာ ဘယ်သူ့ကိုမှ မယုံဘူး။
16 Okt, 00:17

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M.Alhowish
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M.Alhowishan နှင့် တွေ့ဆုံဆွေးနွေး   အောက်တိုဘာ ၁၅၊ ၂၀၂၆   သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M.Alhowishan နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။   တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ဟဂျ်ဝတ်ပြုသွားရောက်ရာတွင် အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးအတွက် မင်းတုန်းမင်းကြီးလက်ထက်က ဒေါင်းဇရပ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ဟဂျ်ဘုရားဖူးခရီးစဉ် သွားရောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။   မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံ အမတ်ကြီးက မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဟဂျ်ဝတ်ပြုသွားရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘာသာပေါင်းစုံအတွက် တတ်နိုင်သမျှ ဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။   ယင်းနောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
16 Okt, 00:10

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့ အောက်တိုဘာ ၁၅၊
၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့   အောက်တိုဘာ ၁၅၊ ၂၀၂၆   ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပ ရတနာကုန်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။   နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် ခင်းကျင်းပြသထားသည့် အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေးကြသည်။   ယနေ့ပြပွဲတွင် အုပ်စု (အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၁၁၀၁) မှ (၁၆၀၅) အထိ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၄၁၂ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာပေးသည်။   ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်ခင်းကွင်းနယ်မြေအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားရှိမှု၊ ပြည်တွင်းရတနာကုန်သည်များက အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုနှင့် တင်ဒါအောင်မြင်သည့် ကျောက်စိမ်းအတွဲများ အောင်စာရင်းထုတ်ပြန်ကြေညာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။   ပြပွဲနဝမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၁၆၀၆) မှ (၂၃၅၅) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါကျောက်စိမ်းအတွဲများအတွက် ရောင်းချရသည့်အတွဲများကိုလည်း ကြေညာပေးသွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ အဖိုးတန်ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့စေမှုနှင့် မြန်မာ့ရေ၊ မြေအလှတရားများကို ထာဝစဉ်တည်တံ့စေရန် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
16 Okt, 00:08

သမ္မတထရမ့်က Newsmax သတင်းဌာန နှင့် အင်တာဗျူးတွင် - "လွန်ခဲ့တဲ့ရက်ပိုင်းက ယူကရိန်းနိုင်ငံသူ အမျိုးသမီးငယ်တစ်ယောက်ရဲ့ အင်တာဗျူးကို ကျွန်တော်ကြည့်ခဲ့ရတယ်။ သူက 'သမ္မတ ဇယ်လန်စကီးဟာ ငါတို့နိုင်ငံကို ပျက်စီးသွားအောင် လုပ်ခဲ့တယ်။ သမ္မတ ဇယ်လန်စကီးဟာ ငါတို့ရဲ့ အမျိုးသားတွေကို ငါတို့ဆီကနေ ခေါ်ဆောင်သွားခဲ့တယ်။ ငါတို့ရဲ့ အမျိုးသားတွေမှာ ခြေမရှိ၊ လက်မရှိကြတော့ဘူး။ ကိစ္စအတော်များများမှာ ငါတို့ရဲ့ အမျိုးသားတွေဟာ စိတ်ကျန်းမာရေးဆေးရုံတွေမှာ ရောက်နေကြရတယ်၊ ဒါမှမဟုတ်ရင်လည်း သေဆုံးသွားကြပြီ' လို့ ပြောခဲ့ပါတယ်။"
16 Okt, 00:07

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc အား လက်ခံတွေ့ဆုံ အောက်တိုဘာ ၁၅၊ ၂၀
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc အား လက်ခံတွေ့ဆုံ အောက်တိုဘာ ၁၅၊ ၂၀၂၆ ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတ၏ဖိတ်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့မှု၊ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြားဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး(Comprehensive Cooperative Partnership)ကို ထူထောင်ထားရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အိမ်နီးချင်းဒေသတွင်းမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ နှစ်နိုင်ငံအကြားစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များ၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
15 Okt, 23:23

အမေရိကန်တွင်စာသင်ကျောင်းအတွင်းပစ်ခတ်မှုဖြစ် NOM အိုရီဂွန်ပြည်နယ်ဘန့်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည်။ ကြာသပတေးနေ့၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် အမည်မသိသေနတ်သမားတစ်ဦးသည် ကျောင်းအဆောက်အအုံအနီးရှိ ကားတစ်စီးကို ဦးစွာပစ်ခတ်ခဲ့ပြီးနောက် ကျောင်းအတွင်းသို့ ဝင်ရောက်ပစ်ခတ်ရာကလေးတစ်ဦးအပါအဝင် အနည်းဆုံး လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။
15 Okt, 20:11

ပြည်ပမှခွင့်ပြန်လာမည့်အလုပ်သမားများအတွက်အလုပ်ရှင်၏ခွင့်စာနှင့်သံရုံးထောက်ခံချက်မလိုကြောင်းဖြေေလျော့
ပြည်ပမှခွင့်ပြန်လာမည့်အလုပ်သမားများအတွက်အလုပ်ရှင်၏ခွင့်စာနှင့်သံရုံးထောက်ခံချက်မလိုကြောင်းဖြေေလျော့
15 Okt, 19:57

ဟူသီတပ်ဖွဲ့က အဒင်မြို့ရှိ သမ္မတနန်းတော်ကို တိုက်ခိုက် NOM ဆာဘာ (Saba) သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ တိုက်ခိုက်မှုသည် နန်းတော်အတွင်းရှိ စစ်ဆင်ရေးဌာနချုပ်နှင့် လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆော်ဒီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အစိုးရ၏ သတင်းအချက်အလက်ဝန်ကြီးဌာနမှ အစီရင်ခံစာများအရ ဝန်ကြီးချုပ် ရှာယာ အယ်လ်-ဇင်ဒါနီ ၏ သက်တော်စောင့်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် အယ်လ်-ဇင်ဒါနီ ကိုယ်တိုင်နှင့် အခြားအစိုးရအဖွဲ့ဝင်များမှာမူ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သတင်းရရှိသည်။
15 Okt, 14:09