es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 418 suscriptores, ocupando la posición 16 330 en la categoría Noticias y medios y el puesto 9 947 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 418 suscriptores.

Según los últimos datos del 27 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -136, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.67%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.32% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 648 visualizaciones. En el primer día suele acumular 493 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 418
Suscriptores
-924 horas
-317 días
-13630 días
Archivo de publicaciones
ရန်ကုန်တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦး‌အောင်နိုင်သူ မလေးရှားနိုင်ငံမှ‌ ပြန်လည် ရောက်ရှိလာသည့် ရခိုင်ပြည်သူများအား နိုင်ငံသားစိ
+3
ရန်ကုန်တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦး‌အောင်နိုင်သူ မလေးရှားနိုင်ငံမှ‌ ပြန်လည် ရောက်ရှိလာသည့် ရခိုင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားတက်ရောက် အောက်တိုဘာ ၁၁၊ ၂၀၂၆ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူထုတ်ပေးခြင်းနှင့် UID ကတ်ပြားများ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံး၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ တက်ရောက်သည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုး အခက်အခဲများစွာဖြစ်နေသည့်အတွက် နိုင်ငံတော်ဝန်ကြီး၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာအောင် ဆောင်ရွက်ပေးသည့် နိုင်ငံတော်၏ စေတနာကို နားလည်ကြစေလိုကြောင်း အားပေးစကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် လူဦးရေ(၁၇၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လူဦးရေ (၂၁၂) ဦးတို့အား UID ကတ်ပြားများကို ပေးအပ်ကြသည်။ ယင်းနောက် မလေးရှားပြန် ရခိုင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြန်လည်ရောက်ရှိလာသည့် မလေးရှားပြန် ရခိုင်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး  အလုပ်အကိုင် လုပ်ကိုင်လိုသူများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ အလုပ်သမားမှတ်ပုံတင်ကတ်ပြားများကို ပြုလုပ်ပေးကြပြီး တာဝန်ရှိသူများက အလုပ်အကိုင်လုပ်ကိုင်လိုသည့် စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်စေရန် အခက်အခဲမရှိ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။ မလေး‌ရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ရှိသူများကဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
11 oct, 01:34

အမေရိကန် အရေးပေါ် အရန်ရေနံများမှ ရေနံစိမ်း စည်ပေါင်း ၄ သန်း ထုတ်ယူခွင့်ပြု အမေရိကန် အရှေ့တောင်ဘက်ပိုင်းတွင် ဟာရီကိန်းမုန်တိုင
အမေရိကန် အရေးပေါ် အရန်ရေနံများမှ ရေနံစိမ်း စည်ပေါင်း ၄ သန်း ထုတ်ယူခွင့်ပြု အမေရိကန် အရှေ့တောင်ဘက်ပိုင်းတွင် ဟာရီကိန်းမုန်တိုင်း Isaias ကြောင့် ရေနံထောက်ပံ့မှု အခက်အခဲများကို ကာမိစေရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက အမျိုးသား မဟာဗျူဟာမြောက် အရန်အရေနံ များမှ ရေနံစိမ်း စည်ပေါင်း ၄ သန်းအထိ ထုတ်ယူခွင့် ပေးလိုက်သည်။ ခေတ္တချေးယူသည့် သဘောတူညီချက်များအရ ကုမ္ပဏီများသည် ချေးယူထားသော ရေနံစိမ်းများကို အတိုးအဖြစ် အပိုရေနံစည်များနှင့်အတူ ၂၀၂၇ ခုနှစ်တွင် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ စက်တင်ဘာ ၃၀ ရက် စာရင်းများအရ အမေရိကန်​၏ အရေးပေါ် အရန်အရေနံပမာဏသည် စည်ပေါင်း ၂၈၃ သန်းသာ ကျန်ရှိတော့ပြီး၊ ဒါဟာ ၁၉၈၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးပမာဏသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ အရေးပေါ်အခြေအနေများအတွက် သီးသန့်ဖယ်ချန်ထားသော အဆိုပါ အရန်ရေနံစနစ်သည် ပြန်လည်ဖြည့်တင်းနိုင်သည်ထက် ပိုမိုမြန်ဆန်စွာ ကုန်လွန်နေသည်။ ဟာရီကိန်းမုန်တိုင်း၊ စစ်ပွဲနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု အကျပ်အတည်းများ အားလုံးသည် ယခု အကောင့်တစ်ခုတည်းမှပင် စုတ်ယူသုံးစွဲနေကြရပြီး၊ ပြန်လည်ပေးဆပ်ရန်မှာမူ လာမည့်နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။
11 oct, 01:32

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉)(၉/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာ
+1
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉)(၉/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ အောက်တိုဘာ ၁၁၊ ၂၀၂၆ နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)(၉/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက် တွေ့ဆုံအားပေးသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ/နိုင်ငံသား အားလုံးကိုကာကွယ်စောင့် ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွ ပူးပေါင်း၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)(၉/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သား ကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီး နွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
11 oct, 01:20

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံဆင်ခြေလျှော နိမ့်ကျမှုအား ကာကွယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိ အ
+5
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံဆင်ခြေလျှော နိမ့်ကျမှုအား ကာကွယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိ အောက်တိုဘာ ၁၁၊ ၂၀၂၆  မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် ယမန်နေ့ည ၉နာရီအချိန်ခန့်မှ စတင်၍ တမံထိပ်မျက်နှာပြင်တွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောကျမှုဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၄ နာရီအချိန်၌ အဆိုပါဖြစ်စဉ်နေရာတွင် နိမ့်မြင့်မှတ် ၃၃၀ပေမှ မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ရာ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တမံဆင်ခြေလျှော လျှောအိကျသည့်နေရာနှင့် အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းစေရေး ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် တာတမံ တာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေ ဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ ပြည်သူများအား ရေလွတ်ရာ ကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်နေမှုများကို ကြီးကြပ်ကွပ်ကဲ စစ်ဆေးဆောင်ရွက်ကာ ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တမံတာခြေထောက်ခြင်းလုပ်ငန်းအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများ အသုံးပြု၍ အလျား ၁၅ပေ၊ အနက် ၇ပေ တူးဖော် ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိကြောင်းနှင့် စက်ယန္တရားများအသုံးပြု၍ တမံတာအခြေထောက်ခြင်းလုပ်ငန်းများအား အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
11 oct, 00:41

ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် စမ်းချောင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ အောက်တိုဘာ ၁၀၊ ၂၀၂၆ ကျိုင်းတုံမြို့န
ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် စမ်းချောင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ အောက်တိုဘာ ၁၀၊ ၂၀၂၆ ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၅၁၀ တန်ဖိုး၊ လားရှိုးမြို့၌ ငွေကျပ် ၆၇၅ သိန်းတန်ဖိုး၊ စမ်းချောင်း မြို့နယ်၌ ငွေကျပ်သိန်း ၂၀၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ပြီး ဖမ်းဆီးရမိသူများကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရကျိုင်းတုံမြို့နယ် ကျိုင်းဖောင်းရွာအနီးတွင်မိုင်းပျဉ်း မြို့နယ် ဝမ်ပုံရွာနေ စိုင်းဆမ်ရှဲန် (၄၂)နှစ် မောင်းနှင်လာသော TOYOTA HILUX VIGO အမျိုး အစားယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းစိမ်း ၅၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် ၁၀ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၁၀) ဖမ်းဆီးရမိသဖြင့်စိုင်းဆမ်ရှဲန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။ ထို့အတူ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လားရှိုးမြို့ ရပ်ကွက်(၁) လားရှိုး- မယ်ဟန်သွားကားလမ်းတွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၃)နေသူများဖြစ်သည့် အောင်ကိုကိုညီ (၃၇)နှစ် မောင်းနှင်ပြီး မဟန်နီစိုး (ခ) ဟွမ်ခမ်း (၁၉)နှစ် လိုက်ပါ လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်နှင့် လားရှိုးမြို့ ရပ်ကွက်(၇)နေ ကျော်နိုင် (ခ) အားစွင့် (၃၁)နှစ် မောင်းနှင်လာသော KENBO SCOPPY အမျိုးအစား ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့သုံးဦး သယ်ဆောင်လာ သည့် စိတ်ပြောင်းဆေးဝါး HAPPY WATER ၁ ဒသမ ၅ ကီလို(တစ်ကီလို လျှင်ငွေကျပ်သိန်း ၄၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၆၇၅ သိန်း) ဖမ်းဆီးရမိသဖြင့် အောင်ကိုကိုညီ၊ မဟန်နီစိုး(ခ) ဟွမ်ခမ်းနှင့် ကျော်နိုင်(ခ)အားစွင့် တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်းသိရသည်။ အလားတူ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်)ရပ်ကွက် ဗဟိုလမ်းမကြီး အတိုင်း လမ်းလျှောက်လာသူ ကြည့်မြင်တိုင်မြို့နယ် သာဓု (အရှေ့) ရပ်ကွက်နေ မသန်းသန်း ထွေး(ခ) သေးသေး(၂၉)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထား သည့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၀၀၀၀(တစ်ပြား လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂၀၀)ဖမ်းဆီးရမိသဖြင့် မသန်းသန်း ထွေး(ခ)သေးသေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။
10 oct, 23:40

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ရေး ဆွေးနွေး အောက်တိုဘာ ၁၀၊ ၂၀၂၆ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာ
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ရေး ဆွေးနွေး အောက်တိုဘာ ၁၀၊ ၂၀၂၆ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာတွင် တရားမဝင်လမ်းကြောင်းမှ ရွှေ့ပြောင်းသွားလာမှု လျော့ကျစေပြီး တရားဝင် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် စနစ်တကျစီမံခန့်ခွဲခြင်းကို အလေးထားဆောင်ရွက်ရန်နှင့် ပြည်ပတွင်ရောက်ရှိနေသည့် လုပ်သားများကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က ပြောကြားခဲ့သည်။ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကထိုသို့ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပ၌ အလုပ်လုပ်ကိုင် နေကြသည့် လုပ်သားများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် လုပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် မိသားစုလွှဲပို့ငွေကို တရားဝင်လမ်း ကြောင်းမှ ပိုမိုလွှဲပို့စေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ဘဏ်များနှင့် RBL လိုင်စင်ရဘဏ်များ ပူးပေါင်း ဆောင်ရွက်၍ လုံခြုံစိတ်ချရပြီး လွယ်ကူစွာလွှဲပို့စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပြည်ပတွင်ရောက်ရှိနေသည့် လုပ်သားများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ကူညီဆောင်ရွက် ပေးမည့်နည်းလမ်းများ၊ မိသားစုလွှဲပို့ငွေအား တရားဝင် လမ်းကြောင်းမှ ပိုမိုလွှဲပို့စေရေး ဆောင်ရွက်ပေး နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာအေဂျင်စီများ၊ သက်ဆိုင်ရာဌာနများက ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အကျိုးစီးပွားများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဖြေလျှော့ပေးနိုင် သည်များကို ဖြေလျှော့ပေးရန် ဆွေးနွေးမှာကြားသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဒေါက်တာရင်ရင်နွယ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပြင်ပ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိကဘဏ်များနှင့် RBL လိုင်စင် ရရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာအလုပ်သမားများ ရောက်ရှိလုပ်ကိုင် နေသည့် နိုင်ငံများမှ မြန်မာသံအမတ်ကြီးများက Online မှ တက်ရောက်ကြသည်။
10 oct, 23:39

အီရန်ခွင့်မပြုထားသည့် ရေလမ်းကြောင်းမှ ထွက်ခွာရန်ကြိုးစားသည် ရေနံတင်သင်္ဘောကြီး ရေမြုပ်မိုင်းထိ ဟော်မုဇ်ရေလက်ကြားတွင် ထွက်ခွာလာသည့် ရေနံတင်သင်္ဘောကြီးတစ်စင်းသည် ဘယ်ဘက်ခြမ်း (Port side) ကို ထိမှန်ခဲ့ရာမှ မီးလောင်ကျွမ်းသွားကြောင်း ဗြိတိသျှရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများအဖွဲ့ (UKMTO) သို့ သင်္ဘောကပ္ပတိန်က ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောမှာ ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံစိမ်း သန်း (၂) သန်းတင်ဆောင်လာသည့် VLCC အမျိုးအစား ကြီးမားသော ရေနံတင်သင်္ဘောတစ်စင်းဖြစ်ကြောင်း သိရသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်၏ ထုတ်ပြန်ချက်အရ ရေလက်ကြားမှ "ခွင့်ပြုချက်မရှိသည့် လမ်းကြောင်း" ဖြင့် ထွက်ခွာလာသော စူပါရေနံတင်သင်္ဘောတစ်စင်းသည် ရေမြုပ်မိုင်းနှင့်တိုက်မိပြီး ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
10 oct, 23:38

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၇)သင်တန်းဆင်း အောက်တိုဘာ ၁၀၊ ၂၀၂၆ စာရေးဝန်ထမ်းသင်တန်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၇)သင်တန်းဆင်း အောက်တိုဘာ ၁၀၊ ၂၀၂၆ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၁၇) ၏ သင်တန်း ဆင်းစစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရှိ စစ်ရေးပြကွင်း၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြားရေး)၊ တက္ကသိုလ် သင်ကြား / စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ပါမောက္ခချုပ်အား အလေးပြုကာ ပါမောက္ခချုပ်က ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်၍ သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသား သင်တန်းသူ ကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနအဖွဲ့အစည်း အသီးသီးမှ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး နှင့် အဆင့်တူ သင်တန်းသား ၁၄၄ ဦး၊ သင်တန်းသူ ၂၈၈ ဦး စုစုပေါင်း ၄၃၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။
10 oct, 22:30

ဟော်မုဇ်ရေလက်ကြားတွင် စူပါရေနံတင်သင်္ဘောကြီးတစ်စင်း ရေမြုပ် မိုင်းထိမှန်ခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ကြေညာလိုက်သည်။
10 oct, 22:17

ယမန်နေ့က ယမန်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ဘက်မှ ဆော်ဒီနိုင်ငံ၊ ကင်းခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ် (King Khalid International
ယမန်နေ့က ယမန်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ဘက်မှ ဆော်ဒီနိုင်ငံ၊ ကင်းခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ် (King Khalid International Airport) အားတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃၀၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အရပ်ဘက်လေကြောင်းဦးစီးဌာနက ကြေညာလိုက်သည်။ သေဆုံးသူများထဲတွင် ဆော်ဒီနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး၊ နှင့် အမေရိကန်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ပါလက်စတိုင်းနှင့် ဆူဒန်နိုင်ငံသား ၁ ဦးစီ ပါဝင်သည်။
10 oct, 22:12

ဆော်ဒီထောက်ပံ့ထားသောတပ်ဖွဲ့များဟူသီတို့ထံလက်နက်ချ NOM ဒါဇင်ပေါင်းများစွာသောဆော်ဒီအထောက်အပံ့ပေးထားသည့်ယီမင်သမ္မတ၏တပ်ဖွဲ့များသည်ဟူသီများထံလက်နက်ချခဲ့ကြသည်။
10 oct, 15:18

"ယူကရိန်းအနေနဲ့ သမ္မတသစ်တစ်ယောက် ခန့်အပ်ဖို့ အချိန်တန်ပြီ။ ဇလင်စကီးဟာ တစ်ကမ္ဘာလုံးကိုပြဿနာတွေ ဖန်တီးနေတယ် — အမေရိကန်သမ္မတထရမ့်"
10 oct, 14:16

+1
ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့​၏ ဒုံးကျည်ဖြင့် လက်တုံ့ပြန် ပစ်ခတ်ခဲ့မှုကြောင့် ဆော်ဒီနိုင်ငံ၊ ရီယတ်ဒ်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦး အပါအဝင် လူ ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အခြားသော ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် နိုင်ငံခြားသားများနှင့် ဆော်ဒီနိုင်ငံသားအချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ကာ အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိပြီး သေဆုံးသူများလည်း ရှိလာနိုင်ဖွယ်ရှိသည်။
10 oct, 12:07

+1
ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်ဖြင့် လက်တုံ့ပြန်ပစ်ခတ်ခဲ့မှုကြောင့် ဆော်ဒီနိုင်ငံ၊ ရီယတ်ဒ်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦး အပါအဝင် လူ ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အခြားသော ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် နိုင်ငံခြားသားများနှင့် ဆော်ဒီနိုင်ငံသားအချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ကာ အထူးကြပ်မတ်ကုသဆောင်တွင် ထားပြီး သေဆုံးသူများလည်း ရှိလာနိုင်ဖွယ်ရှိသည်။
10 oct, 12:05
10 oct, ~12:05

အမေရိကန်ပစ်ခတ်မှုကိုးဦးသေ NOM အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူကိုးဦး သေဆုံးသွားခဲ့သည်။ CBS News ၏ ဖော်ပြချက်အရ သေဆုံးသူများထဲတွင် ကလေးငယ် နှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ ဥပဒေစိုးမိုးရေး အရာရှိများသည် ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ကို လက်ခံရရှိပြီးနောက် ဖြစ်ရပ်နေရာသို့ ရောက်ရှိလာခဲ့ပြီး အပြင်ဘက်တွင် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကိုလည်းကောင်း၊ ကျန်ရှိနေသည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို လူနေအဆောက်အအုံ အတွင်းပိုင်းတွင်လည်းကောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သံသယရှိသူမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် သတ်သေသွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်သည့် အခြေအနေများကို ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။
10 oct, 11:04

ထရမ့်-ပူတင် ဒီဇယ်သဘောတူညီချက် ထွက်ပေါ်လာပြီးနောက် မိုင်ယာမီမြို့ရှိ ယူကရိန်း-အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရုတ်တရက် ပြီးဆုံးသွား ယူကရိန်းတာဝန်ရှိသူများနှင့် ထရမ့်၏ သံတမန်များဖြစ်ကြသော စတိဗ် ဝစ်ကော့ဖ် (Steve Witkoff)၊ ဂျဲရဒ် ကူးရှ်နာ (Jared Kushner) တို့အကြား ဆွေးနွေးပွဲများသည် သတ်မှတ်ထားသည့် ရက်ထက် တစ်ရက်စော၍ ပြီးဆုံးသွားခဲ့ပြီး ဒုတိယမြောက်နေ့ ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်သည်။ အမေရိကန် အစိုးရအနေဖြင့် ရုရှားနှင့် သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း ယူကရိန်း၏ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို အကာအကွယ် (အယောင်ပြ) အဖြစ် အသုံးပြုခဲ့သည်ဟု စွပ်စွဲကာ ယူကရိန်းသမ္မတ ဇယ်လင်းစကီးက အဆိုပါ ဒီဇယ်သဘောတူညီချက်အပေါ် ပြင်းပြင်းထန်ထန် ဒေါသထွက်တုံ့ပြန်ခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် ရုရှား၏ စစ်ဆင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပေးလိုက်ခြင်းဖြစ်ပြီး မိတ်ဖက်နိုင်ငံများအကြား ယုံကြည်မှုကို သစ္စာဖောက်လိုက်ခြင်းဖြစ်ကြောင်း ဇယ်လင်းစကီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ယင်းဆွေးနွေးပွဲများတွင် ဥရောပနိုင်ငံများနှင့် နေတိုး NATO အဖွဲ့မှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
10 oct, 10:48

4926 Operation  ၁၀-၁၀-၂၀၂၆ ရက်နေ့ ယနေ့ ရခိုင်ပြည်နယ် ပေါက်တောဒေသ ငပြီကျွန်းအတွင်း ပုံးအောင်းကျန်ရှိနေတဲ့  လူမျိုးရေးအစွန်းရောက် အကြမ်းဖက် ရခီးဘိန်းစား AA အဖွဲ့တွေကို တပ်မတော်ဒရုန်းတပ်ဖွဲ့ကချေမှုန်းသုတ်သင်နေ မှိုင်းဝေ
10 oct, 10:40

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၆ ထပ် အဆောက်အအုံ
+6
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၆ ထပ် အဆောက်အအုံ ၁ လုံးအား စနစ်တကျထပ်မံ ဖြိုချဖျက်ဆီး အောက်တိုဘာ ၁၀၊ ၂၀၂၆
10 oct, 10:36

အင်းတော်မြို့
အင်းတော်မြို့
10 oct, 10:33

+8
ဥရောပ အာဏာပိုင်အဝန်းအဝိုင်း လူထုဒေါသနှင့် ရင်ဆိုင်ရန် ပြင်ဆင်နေကြရပြီ တိုက်ကြီးတစ်ဝန်းတွင် စစ်ရေးအသုံးစရိတ်များနှင့် ကြားခံစစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေချိန်၌ စာသင်ကျောင်းများ ယိုယွင်းပျက်စီးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြိုလဲလာခြင်းတို့ကြောင့် လူထု၏ မကျေနပ်ချက်များမှာ ဆူပွက်လာပြီး လမ်းမများပေါ်အထိ ပျံ့နှံ့ထွက်ပေါ်လာနေသည်။ ပြင်သစ်နိုင်ငံတွင် စာသင်ခန်းများ နေရာထိုင်ခင်းကျပ်တည်းလွန်းခြင်း၊ ဆရာ/ဆရာမ လိုအပ်ချက်နှင့် ကျောင်းများ ယိုယွင်းပျက်စီးခြင်းတို့ကြောင့် စက်တင်ဘာလနှောင်းပိုင်းက စတင်ခဲ့သော ဆန္ဒပြပွဲများသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ပြည်သူ့ဝန်ဆောင်မှုများ၊ တိုးပွားလာသော ဒုက္ခသည်များဝင်ရောက်လာမှုများ နှင့် သမ္မတ မက်ခရွန်၏ အသုံးစရိတ် ဦးစားပေးမှုများအပေါ် ဒေါသထွက်မှုများသည် ဖရိုဖရဲဖြစ်မှုများ၊ ပစ္စည်းလုယက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသို့ပါ ထိုမတည်ငြိမ်မှုများ ကူးစက်လာခဲ့ပြီး လူဦးရေ ၃၀,০০০ ခန့်က မူဝါဒတင်းကျပ်မှုကို ဆန့်ကျင်သည့် အမျိုးသားအဆင့် သပိတ်မှောက်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဘရပ်ဆဲမြို့တွင် ဆန္ဒပြလူငယ်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရဲတပ်ဖွဲ့က ရာဘာကျည်၊ မျက်ရည်ယိုဗုံးနှင့် ရေပက်ကားများ အသုံးပြု နှိမ်နင်းခဲ့သည်။ လီယေ့ဂ် (Liege) မြို့တွင်လည်း ပြင်သစ်ကို အတုယူကာ ပညာရေးဘတ်ဂျက်ဖြတ်တောက်မှုကို ဆန္ဒပြကြသည့် လူငယ်ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး လူ ၂၀၀ ခန့် အဖမ်းခံခဲ့ရသည်။ ဂျာမနီနိုင်ငံတွင် အဓိပတိခေါင်းဆောင် ဖရီးဒရစ် မာ့ဇ် (Friedrich Merz) အား ရာထူးမှနုတ်ထွက်ရန်၊ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်၊ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများချမှတ်ရန်၊ အခွန်နှင့် စွမ်းအင်စရိတ်များ လျှော့ချပေးရန်နှင့် ယူကရိန်းကြားခံစစ်ပွဲအပါအဝင် စစ်ပွဲများကို တာဝန်မဲ့ ငွေကြေးထောက်ပံ့နေမှုများ ရပ်တန့်ရန် Project M1llion လှုပ်ရှားမှုက တောင်းဆိုခဲ့သည်။ ရိုမေးနီးယားနိုင်ငံတွင်လည်း စက်တင်ဘာလအတွင်း လယ်သမားများ ဆန္ဒပြစဉ်အတွင်း အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံးများ သုံးစွဲခဲ့ရသည်။ ထိုနိုင်ငံတွင် ပိုမိုကျယ်ပြန့်လာသော မကျေနပ်ချက်များမှာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရှေ့ဆုံးမှ ရပ်တည်နေသူ ကာလင် ဂျော်ဂျက်စကူ (Calin Georgescu) ပထမအဆင့် အနိုင်ရရှိပြီးနောက် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းက နိုင်ငံကို EU ၏ လက်အောက်ခံ နယ်မြေတစ်ခုအဖြစ် ပိုမိုခိုင်မာသွားစေခဲ့သည်။ သာမန်ဥရောပပြည်သူများအနေဖြင့် စာသင်ကျောင်းများ၊ လူမှုဖူလုံရေးနှင့် လူနေမှုဘဝအဆင့်အတန်းများကို လျစ်လျူရှုထားပြီး စစ်အာဏာရှင်ဆန်ဆန် စစ်ရေးတည်ဆောက်မှုကို ငွေကြေးထောက်ပံ့နေသော EU ၏ ပုံစံကို ဆန့်ကျင်လာကြသည်နှင့်အမျှ ရဲတပ်ဖွဲ့၏ ကြမ်းကြုတ်ရက်စက်မှုများ (ရေပက်ကား၊ မျက်ရည်ယိုဗုံး၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ) မှာ ပုံမှန်လို ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
10 oct, 10:32