ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 510 名订阅者,在 新闻与媒体 类别中位列第 16 060,并在 缅甸 地区排名第 10 067

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 510 名订阅者。

根据 20 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -281,过去 24 小时变化为 -11,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.99%。内容发布后 24 小时内通常能获得 5.36% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 250 次浏览,首日通常累积 670 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 21 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 510
订阅者
-1124 小时
-757
-28130
帖子存档
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၉/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၉/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၀/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၀/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၁/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၁/၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ဗာဂျီးနီးယားပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းကဇနီးကိုသတ် NOM ဗာဂျီးနီးယားပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂျက်စတင် ဖဲယားဖ
ဗာဂျီးနီးယားပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းကဇနီးကိုသတ် NOM ဗာဂျီးနီးယားပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂျက်စတင် ဖဲယားဖက်စ်သည် ဗာဂျီးနီးယားရှိ၄င်းတို့နေအိမ်တွင်ဇနီးကိုပစ်သတ်ပြီးနောက် မိမိကိုယ်ကိုသတ်သေသွားခဲ့သည်။

ပုလောမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့​၏ ပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိ
ပုလောမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့​၏ ပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိ

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန် (အတက်နေ့) ညနေပိုင်းမြင်က
+5
၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန် (အတက်နေ့) ညနေပိုင်းမြင်ကွင်း (၁၆.၄.၂၀၂၆)

အစ္စရေးကလက်ဘနွန်တွင်ဆယ်ရက်အပစ်အခတ်ရပ်စဲမည်ဟုသမ္မတထရမ့်ကကြေငြာသည်။
အစ္စရေးကလက်ဘနွန်တွင်ဆယ်ရက်အပစ်အခတ်ရပ်စဲမည်ဟုသမ္မတထရမ့်ကကြေငြာသည်။

မြောက်ကိုးရီးယားကခရုဇ်ဒုံးကျည်နှင့်သင်္ဘောဖျက်ဒုံးကျည်စမ်းသပ် NOM မြောက်ကိုရီးယားသည် ကင်ဂျုံအမ်၏ ဦးဆောင်မှုအောက်တွင် ဖျက်သင်္
+1
မြောက်ကိုးရီးယားကခရုဇ်ဒုံးကျည်နှင့်သင်္ဘောဖျက်ဒုံးကျည်စမ်းသပ် NOM မြောက်ကိုရီးယားသည် ကင်ဂျုံအမ်၏ ဦးဆောင်မှုအောက်တွင် ဖျက်သင်္ဘော "ချိုဟွန်" မှ ခရုဇ်ဒုံးကျည်နှင့် သင်္ဘောဖျက်ဒုံးကျည်များကို စမ်းသပ်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ခရုဇ်ဒုံးကျည်နှစ်ခုစလုံးသည် ၂ နာရီနှင့် ၁၁ မိနစ်ခန့် ပျံသန်းခဲ့ပြီး သင်္ဘောဖျက်ဒုံးကျည်များသည် ၃၂-၃၃ မိနစ်ခန့် ပျံသန်းခဲ့ပြီး ကိုရီးယား အနောက်ပင်လယ်ရှိ ပစ်မှတ်များကို ထိမှန်ခဲ့သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဘားအံမြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများတွင် ရေကစားကြသူများအထူးစည်ကား ဧပြီ ၁၆၊ ၂၀၂၆ ယနေ့သည် မြန
+4
မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဘားအံမြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများတွင် ရေကစားကြသူများအထူးစည်ကား ဧပြီ ၁၆၊ ၂၀၂၆ ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ဖြစ်သည်နှင့်အညီ ဘားအံမြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာတည်ခင်းဧည့်ခံကျွေးမွေးကြသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိ ကွင်းရှိ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊နိုင်ငံကျော်တေးသံရှင် အစ္စဏီ၊ D ဖြိုး၊ ရိုဇယ်(လ်)လီတို့၏ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်း၍ ယိမ်းအဖွဲ့များနှင့်တေးသံရှင်များအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဗဟိုမဏ္ဍပ်စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဖူးငုံပွင့်သစ်အမှတ်(၁)ရေကစား မဏ္ဍပ်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ်မိသားစုရေကစားမဏ္ဍပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကရင်ပြည်နယ်ဝန်ထမ်း မိသားစုများ ရေကစားမဏ္ဍပ်၊ ပိတောက်ထိပ်ထားအမှတ်(၅)ဖျော်ဖြေရေးမဏ္ဍပ်၊ ဖူးပွင့်ဆင်ယင်လှာကမြင် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၊ ကရင်ပြည်နယ်စည်ပင်သာယာရေးမဏ္ဍပ်၊ ပိတောက်ဖူးငုံရွှေနောင်လုံ ရေကစားမဏ္ဍပ်၊ ကော့က သောင်ခရီးစဉ်ဒေသ၊ ပိတောက်လက်ဆောင်လှာကဒေါင်ရေကစားမဏ္ဍပ်၊ ပိတောက်မြတ်နိုးအမှတ်(၉)ရေကစားမဏ္ဍပ်များ သို့လှည့်လည်ရေကစားကြရာ ရောက်ရှိလာသော ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား သက်ဆိုင်ရာသင်္ကြန်မဏ္ဍပ်အသီးသီးမှ တာဝန်ရှိသူများနှင့် သင်္ကြန်ပျိုမေလေးများက ပန်းကုံးစွပ်၍ အောင်သပြေခက်ဖြင့် အတာရေပက်ဖြန်းခရီးဦးကြိုပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကာ ဂုဏ်ပြုဆုများ အသီးသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရေကစားမဏ္ဍပ်များနှင့်ဖျော်ဖြေရေးမဏ္ဍပ်များတွင် ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများအား အတာရေအေးပက်ဖြန်းပေး၍ စတုဒိသာအဖြစ်တည်ခင်းဧည့်ခံသော သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေယဉ်အေး အစရှိသော သင်္ကြန်စာများကို သုံဆောင်ကြကာ ရေပက်ရေကစားကြသူများအားဝေငှပေး၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ အလားတူ မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ စတုတ္ထည ယှဉ်ပြိုင်မှုကို ဧပြီ ၁၅ ရက် ညပိုင်းက ဘားအံမြို့ သီရိကွင်း ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများက Copy သံစဉ်ယိမ်း ၁၄ ဖွဲ့၊ တပင်တိုင် ၆ ဦးတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ်ထည့်သွင်းကျင်းပသော နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ရှိ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမဏ္ဍပ်တွင် နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ဒုတိယညအဖြစ် ခလေးပွဲ ၇ ပွဲ၊ လူလတ်ပွဲ ၁၀ ပွဲ၊ စာချုပ်စိန်ခေါ်ပွဲ ၇ ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဧပြီ ၁၆ ၂၀၂၆ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ အတက်နေ့၌ ရန်ကုန်မြို
+9
နေပြည်တော်၊ ဧပြီ ၁၆ ၂၀၂၆ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊  မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ အတက်နေ့၌  ရန်ကုန်မြို့အခြေစိုက်သံတမန်များနှင့် မိသားစုဝင်များ၊ စစ်သံမှူးနှင့် မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူး ဆောင်ကောင်စစ်ဝန်များနှင့်မိသားစုများက နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ ဧပြီ ၁၆၊ ၂၀၂၆

ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများ​၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိ။
ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများ​၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကေ
+2
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့်  ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သား များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဧပြီ ၁၆၊ ၂၀၂၆ NOM

နွားထိုးကြီးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
နွားထိုးကြီးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ယခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ ‌‌ရေကစားသူများ ပိုမိုစည်ကား ဧပ
+9
ယခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ ‌‌ရေကစားသူများ ပိုမိုစည်ကား ဧပြီ ၁၆၊ ၂၀၂၆ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မြို့နယ်များရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၌ ‌‌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူများ စည်ကားများပြားလျက်ရှိသည်။ ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးပိုမိုစည်ကားလျက်ရှိသည်။ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ရှမ်းပြည်နယ် လင်းခေး၊ ဆီဆိုင်၊ သီပေါ၊ ကွန်ဟိန်း၊ လွိုင်လင်၊ ခိုလမ်၊ တန့်ယန်းနှင့် ဖယ်ခုံမြို့နယ်တို့၌ လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံ၊ မြဝတီမြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ တိုက်ကြီးနှင့် တံတား မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်၊ ရွှေတောင်၊ မိုးညို၊ သဲကုန်း၊ အုတ်ဖို၊ ပေါက်ခေါင်း၊ ကဝ၊ ပေါင်၊ သာယာဝတီ၊ ရွှေကျင်မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ ကျုံပျော်၊ ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်း၊ ငွေဆောင်၊ ငပုတော၊ အိမ်မဲမြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးနှင့် ဝမ်းတွင်းမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူး၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ချောက်နှင့် ဆိပ်ဖြူ မြို့နယ်တို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ လည်းကောင်း ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလျက်ရှိသည်။ ထို့အတူ အမြို့မြို့အနယ်နယ်တိုင်းရှိ ရေကစားမဏ္ဍပ်များ၌ ယနေ့ မဟာသင်္ကြန် အတက်နေ့တွင် ရေကစားရန် လာရောက်သူများအား သင်္ကြန်ဓလေ့ ရိုးရာအစားအစာများဖြင့် နေ့စဉ်စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ တေးသံရှင်များ၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအပါအဝင် လမ်းလျှောက်သင်္ကြန် သနပ်ခါးမဏ္ဍပ်မှ သနပ်ခါးများလိမ်းခြင်းနှင့် လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များကျွေးမွေးခြင်း အစီအစဉ်များဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိသည်။ ထို့ပြင် ရေကစားသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက အဘက်ဘက်မှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိသင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန်အတက်နေ့တွင် လူကြီး၊ လူငယ်အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူး ကုသိုလ်ကောင်းမှုများဖြင့် နှစ်သစ်ကိုကြိုဆိုလျက်ရှိကြောင်း သိရသည်။

သင်္ကြန်အတက်နေ့ ရန်ကုန်မြို့ အတာရေသဘင်ပွဲတော်ဆင်နွှဲသူများ အထူးစည်ကား ဧပြီ ၁၆၊ ၂၀၂၆ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်မှ ၁၃၈၈ ခုနှစ်သိ
+6
သင်္ကြန်အတက်နေ့ ရန်ကုန်မြို့ အတာရေသဘင်ပွဲတော်ဆင်နွှဲသူများ အထူးစည်ကား ဧပြီ ၁၆၊ ၂၀၂၆ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့်ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်များနှင့်လမ်းလျှောက်သင်္ကြန်တို့တွင် ပြည်သူများကိုယ်စိတ်နှလုံးပျော်ရွှင်အေးချမ်းစွာဖြင့် ယနေ့မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့နံနက်ပိုင်းမှစ၍ အတာရေသဘင်ပွဲတော်ကို ဆင်နွှဲကြပြီး ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိလမ်းလျှောက်သင်္ကြန်၊ ပြည်သူ့ရင်ပြင်သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူပြည်သူများ အထူးစည်ကားသည်။ ယနေ့တွင်ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် တိုင်းရင်းသားအကအဖွဲ့များ ကပြဖျော်ဖြေတင်ဆက်ကြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တေးသံရှင်များ၊ နိုင်ငံ​ကျော်အနုပညာရှင်များက ပရိသတ်အကြိုက်တေးသီချင်းများဖြင့် မြူးမြူးကြွကြွဖျော်ဖြေကြကာသင်္ကြန်ပွဲတော်လာပြည်သူများက လိုက်ပါသီဆိုကခုန်ကြရင်း သင်္ကြန်အတက်နေ့ကို ​အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ထို့အတူ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်တို့တွင် သင်္ကြန်အတက်နေ့တွင်ရေကစားကြသည့် ပရိသတ်ကို မင်းသားဖိုးချစ်နှင့်အဖွဲ့၊ အနုပညာရှင်များမှ တေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိပြီး လာရောက်ဆင်နွှဲသူများအတွက် သနပ်ခါး လိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။ အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များစီစဥ်ထား၍ အတာရေသဘင်ပွဲတော် ဆင်နွှဲသူများ စည်ကားလျက်ရှိသည်။ ဖျော်ဖြေရေးမဏ္ဍပ်အပြင် စားသောက်ဆိုင်တန်းတွင်အပန်းဖြေ အနားယူစားသောက်ကြသူများ စည်ကားခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှ ခရိုင်၊မြို့နယ်တို့ရှိသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင်လည်း အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြ ကြောင်းသိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသင်္ကြန်အတက်နေ့ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲ ဧပြီ ၁၆၊ ၂၀၂၆ ကချင်ပြည်နယ်မြို့တော် မြစ်က
+3
ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသင်္ကြန်အတက်နေ့ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲ ဧပြီ ၁၆၊ ၂၀၂၆ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၆ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပသည့်နေရာများနှင့် မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ရှိရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်မှ ယိမ်း အကအလှများ၊ ဒေသခံတေးသံရှင်များ၏ ဖျော်ဖြေမှု၊ မြူးကြွ လှပသည့် ခေတ်ပေါ်အကများ၊ ဒီဂျေ တေးသီချင်းများ ဖျော်ဖြေတင်ဆင်မှုဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ သင်္ကြန်ချစ်သူများ နှင့်အတူ ပျော်ရွှင်စွာ အတာရေသဘင်ကို ဆင်နွှဲကြသည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒီသာမဏ္ဍပ်များတွင် မြန်မာ့ရိုးရာ အစာအစားများဖြစ်သည့် လက်ဖက်၊ ထမင်းနဲ၊ မုန့်လုံးရေပေါ် စသည့် သင်္ကြန်အစားအစာများအား စတုဒီသာမဏ္ဍပ်များတွင် ဧည့်ခံကျွေးမွေးမှုများ၊ မြန်မာ့သနပ်ခါးမဏ္ဍပ် သနပ်ခါးလိမ်းခြယ်သူများ၊ ရေပက်ကစားခြင်းတို့အပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိသည့် မင်းရပ် ပြည်သူ့အားကစားကွင်း လမ်းလျှောက်သင်္ကြန်နှင့် ဧရာဝတီရှုခင်းသာ လမ်းလျှောက်သင်္ကြန်ပွဲတော် များတွင်လည်း ခေတ်ပေါ် တေးဂီတဖျော်ဖြေမှုများ၊ ဒီဂျေသီချင်းများအား မိသားစုလိုက်၊ အစုအဖွဲ့ အလိုက် လာရောက် လည်ပတ်ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ ယမန်နေ့ ညပိုင်းကလည်း ဗဟိုမဏ္ဍပ်၌ ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့များနှင့် ရပ်ကွက် ယိမ်းအဖွဲ့များက ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်ဆိုင်းဝိုင်းဖြင့် လည်းကောင်း၊ ကိုပိုင်သံ စဉ်/ ကိုယ်ပိုင်စာသား/ CD ဖြင့်လည်းကောင်း၊ CD တေးသီချင်းများဖြင့် လည်းကောင်း ယှဉ်ပြိုင်လျက်ရှိရာ သင်္ကြန်ချစ်သူပရိတ်သတ်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြကာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဆိုင်းဝိုင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်အပါ
+2
ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၁၆၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက်သို့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေ ကြသည့် ဆန်းချီရပ်ကွက်နေ ဦးမင်းမင်းစိုး (၄၄) နှစ်၊ ၎င်း၏သားဖြစ်သူ မောင်ကောင်းဉာဏ်ဇွဲ (၁၀) နှစ်နှင့် မောင်စွမ်းရည်မင်း (၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM

မုဒုံမြို့နယ်၊ ကမာဝက်ရပ်ကွက်နေ အပြစ်မဲ့အရပ်သား ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး
+1
မုဒုံမြို့နယ်၊ ကမာဝက်ရပ်ကွက်နေ အပြစ်မဲ့အရပ်သား ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ ဧပြီ ၁၅၊ ၂၀၂၆ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရပ်ကွက်နေ ဦးငြိမ်းဦး (၅၀) နှစ်သည် ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်၌ ၎င်း၏သားဖြစ်သူ ကိုရဲလွင်ဦး (၂၄) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးငြိမ်းဦးနှင့် ကိုရဲလွင်ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေစဉ် ကိုရဲလွင်ဦးမှာ ရရှိထားသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများက တေ
+5
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများက တောင်ငူမြို့မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် အုတ်တွင်းတပ်နယ်အတွင်းရှိ ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။