es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 447 suscriptores, ocupando la posición 15 917 en la categoría Noticias y medios y el puesto 10 085 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 447 suscriptores.

Según los últimos datos del 04 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -222, y en las últimas 24 horas de -10, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.33%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.47% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 912 visualizaciones. En el primer día suele acumular 805 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 05 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 447
Suscriptores
-1024 horas
-347 días
-22230 días
Archivo de publicaciones
ဖားကန့်ရဲ့ ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် လွှတ်တော်သုံးရပ်လုံးမှာ ပြည်ခိုင်ဖြိုးကပ
ဖားကန့်ရဲ့ ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် လွှတ်တော်သုံးရပ်လုံးမှာ ပြည်ခိုင်ဖြိုးကပဲ အနိုင်ရရှိသွားပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဖားကန့်မှာကြိုတင်မဲမရှိ တပ်မဲမရှိတဲ့အကြောင်းပါ။ ဖားကန့်မှာ တာဝန်ကျတဲ့တပ်မတော်သားတွေဟာ သူတို့မူရင်းတပ်ရှိရာဒေသမှာသာ မဲပေးရတာမို့ ဖားကန့်မှာကြိုတင်မဲမရှိတာပါ။ ပြီးရင် လွယ်လွယ်နဲ့ရခဲ့ကြတာလည်းမဟုတ်ပါဘူး။ အဓိက အံ့အားသင့်စရာကောင်းတာက PPPပါတီပါ။ မဲတွေသိပ်မကွာပဲ အကြိတ်အနယ်ပြိုင်ခဲ့ကြရပါတယ်။ ပြည်သူ့လွှတ်တော်အနိုင်ရတဲ့ ကိုသက်ပိုင်ထူးနဲ့ PPPအမတ်လောင်းဟာ ၁၆၇၅နဲ့ ၁၃၉၇ အမှတ်နှစ်ရာကျော်သာ ကွာခြားခဲ့တာဖြစ်ပါတယ်။ အခြားပြည်နယ်လွတ်တော်နဲ့အမျိုးသားလွှတ်တော်၂ခုလုံးမှာလည်း မဲကပ်ပြီးနိုင်ခဲ့တာပါ။ ကျန်တဲ့ပါတီတခုဖြစ်တဲ့ရှမ်းနီပါတီကလည်း မဲရုံတိုင်းကနေ မဲရခဲ့တာကိုတွေ့ရပါတယ်။ ဒီတော့ ဒီရွေးကောက်ပွဲဟာ တဖက်သက်ရွေးကောက်ပွဲ ကိုယ့်ဖဲကိုယ်ချိုးတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ တွေ့မြင်ရမှာဖြစ်သလို ယှဉ်ပြိုင်တဲ့အမတ်တိုင်း အခွင့်အရေးတန်းတူရကြတယ်ဆိုတာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ အမတ်တွေဟာဆက်ကြေးကောက်လို့လည်းမရသလို လူဆွဲလို့လည်းမရပါဘူး။ ကျောက်သိမ်းလို့လည်းမရသလို အတင်းအစုယူလို့လည်းမရပါဘူး။ အခုအခြေအနေထက် ပိုဆိုးလာစရာဘာအကြောင်းမှမရှိတာမို့ သူတို့အရည်ချင်းရှိရင်ရှိသလို ပြည်သူက အကျိုးရှိဖို့သာများပါတယ်။ ဒါကြောင့် လက်ရှိအနိုင်ရအမတ်တွေနဲ့အစိုးရသစ်တက်လာတဲ့အခါ ပြည်သူတွေအသံပိုထွက်လာနိုင်ဖို့လိုသလို ပြည်သူကအစိုးရကိုပြန်ထိမ်းကြောင်းနိုင်ကြဖို့လည်း အရေးကြီးပါတယ်။ ဒီတော့ ကိုသက်ပိုင်ထူးနဲ့တကွ အနိုင်ရအမတ်များအားလုံးကို welcome to hpakant ပါ။ ဖားကန့်မြေမှ ကြိုဆိုပါတယ်။ From FB user: Hkun Naung

Repost from NOM
အစ္စရေးအမျိုးသမီးတဦးဟာ သတင်းမီဒီယာအများအပြားထက်မှာ သူက အီရန်မှာ ဆန္ဒပြရင်း သေဆုံးသွားတဲ့ အီရန်အမျိုးသမီး Sanaz Javaherian လို့ ဖော်ပြခံနေရတာတွေကို မြင်တွေ့ခဲ့ချိန်မှာ ထိတ်လန့်ခဲ့ရတယ်လို့ ပြောဆိုနေခဲ့တာပါ။ သူမက အသက်ရှင်နေဆဲဖြစ်ပြီး အီရန်လူမျိုးလည်း မဟုတ်ဘူးလို့ သူမက ဗီဒီယိုဖိုင်နဲ့တကွ ပြောဆိုမှုတွေ လုပ်ကာ ရှင်းပြနေရပါတယ်။ NOM

၁၃ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်မြန်မာကဆုတံဆိပ်၅၉ခုရရှိ NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ
၁၃ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်မြန်မာကဆုတံဆိပ်၅၉ခုရရှိ NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် အားကစားနည်း(၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၁၉)နှင့် ကြေးတံဆိပ်(၂၀) စုစုပေါင်း ဆုတံဆိပ်(၅၉)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၆)ရခဲ့ကြောင်းသိရသည်။

အီရန်ကါကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ၏ထုတ်ပြန်ချက် NOM အီရန်ကါကွယ်ရေးဝန်ကြီးဌာနျပြာျရးဆိုခွင့်ရသူဗိုလ်မှူးချုပ်ရီဇာအာလာအ
အီရန်ကါကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ၏ထုတ်ပြန်ချက် NOM အီရန်ကါကွယ်ရေးဝန်ကြီးဌာနျပြာျရးဆိုခွင့်ရသူဗိုလ်မှူးချုပ်ရီဇာအာလာအီက “အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် အသင့်ရှိနေပြီး အမြင့်ဆုံးတပ်လှန့်ထားကာ ထရမ့်၏ခြိမ်းခြောက်မှုများနှင့် နေတန်ယာဟု၏လှုံ့ဆော်မှုများကို စောင့်ကြည့်နေပါသည်။ အီရန်၏စစ်ရေးစွမ်းရည်နှင့်ကာကွယ်ရေးအင်အားသည် ယခင်ကထက် များစွာပိုမိုအားကောင်းလာပါသည်။”ဟုထုတ်ပြန်လိုက်သည်။

နိုင်ငံတော်ယာယီသမ္မတအားတာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွါမည့်ထိုင်းသံအမတ်ကြီးလာရောက်နှုတ်ဆက်ဂါရဝပြု
နိုင်ငံတော်ယာယီသမ္မတအားတာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွါမည့်ထိုင်းသံအမတ်ကြီးလာရောက်နှုတ်ဆက်ဂါရဝပြု

ဒီနေ့ ထူးခြားသတင်းတွေကို ပြောရမယ်ဆိုရင်- ဗန်းမော်ဘက် လက်နက်ငယ်သံ တစ်ချက် မကြားရပါ။ အားလုံး အေးဆေးလျက်ရှိ။ ဖားကန့်မြို့နယ်၊ ယူမာဒေသဘက်မှာတော့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်လောက်ဖြစ်ပွားပြီး အကြမ်းဖက် KIA တွေ ထွက်ပြေးသွားကာ KIA ၁ လောင်း၊ သေနတ် ၁ လက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိ (မိမိစစ်သည် ၁ ဦး ဒဏ်)။ မြစ်ကြီးနားမြို့နယ်၊ စံကားဒေသ ဘက်မှာ KIA ရဲ့ စခန်း ၁ ခုကို သိမ်းပိုက်ရရှိကာ အရှင်မိ KIA ၂ ဦး၊ သေနတ် ၃ လက်၊ ဘန်ကာ/ပစ်ကျင်းများ သိမ်းပိုက်ရရှိ ခဲ့ပါတယ်။ - လေးမျက်နှာ၊ စောပြာဒေသမှာ ထိတွေ့မှုဖြစ်ပြီး မိမိစစ်သည် ၁ ဦး စိုးရိမ်ရ ဒဏ်ရာရကာ AA အလောင်း ၂ လောင်း၊ သေနတ် ၃ လက်၊ ခဲယမ်း/ဗုံးသီးတွေ သိမ်းဆည်းရတဲ့ ဖြစ်စဉ်ရှိသလို သာပေါင်းမြိုနယ်၊ သဲဖြူချောင်းမှာလည်း ထိတွေ့မှု ကြီးကြီးမားမားရှိပါတယ် (သတင်းထပ်မံဖော်ပြပါမယ်)။ - တောင်တွင်းကြီး၊ နတ်မောက်၊ အုတ်သျှစ်မျှောင်ဒေသအနီးမှာ ကင်းပုန်းဝပ်နေစဉ် မိုင်းထောင်နေတဲ့ PDF ၂ ဦးကို မိုင်း ၃ လုံးနဲ့အတူ အသေ ဖမ်းဆီးရမိခဲ့။ - ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဈေးရပ်ကွက်နဲ့ ရုံးရက်ကွက်မှာ အသံမိုင်း ၂ လုံးပေါက်ကွဲပြီး ညောက်ခြေထောက်ရွာမှာ Drop Bomb ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုတော့ မရှိပါ။ - တောင်ကြီးမှာ DPLA က RPG ဟု အမည်ရတဲ့ PDF အမျိုးသမီး ၂ ဦး လက်နက်ချ အလင်းဝင်လာပါတယ်။ - ဒါတွေက သတင်းအမှန်တွေပါ။ အကြမ်းဖက်သူပုန်တွေရဲ့ သတင်းအတု၊ သတင်းအမှားတွေကို မိမိဆင်ခြင်တုံတရားနဲ့ ချင့်ချိန်ယုံကြဖို့ ပြောချင်ပါတယ်။ - တိုက်ပွဲသတင်းစုံ

ကျောက်ဖြူမြို့နယ်၊ မူရွင်းရွာဖြစ်စဉ်က စစ်ရှောင်စခန်းလား? စစ်သင်တန်း Camp လား? ဆိုတာ ဖြေကြည့်ပါဦး အကြမ်းဖက် AA - တိုက်ပွဲသတင်းစုံ

အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် အီရန်အပေါ် ရန်လိုသော စစ်ရေးလှုပ်ရှားမှုများအတွက် ၎င်း၏လေပိုင်နက်၊ ကုန်းမြေ သို့မဟုတ် နယ်မြေရေပြင်များကို အသုံးပြုခွင့်မပြုကြောင်း ကြေညာ NOM “ယူအေအီးသည် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများတွင် ၎င်း၏လေပိုင်နက်၊ နယ်မြေ သို့မဟုတ် ရေပြင်များကို အသုံးပြုခွင့်မပြုရန် ကတိကဝတ်ကို ထပ်မံအတည်ပြုသည် နိုင်ငံခြားရေးဝန်ကြီးဌာန (MoFA) သည် အီရန်အပေါ် ရန်လိုသော စစ်ရေးလှုပ်ရှားမှုများတွင် ၎င်း၏လေပိုင်နက်၊ နယ်မြေ သို့မဟုတ် ရေပြင်များကို အသုံးပြုခွင့်မပြုရန်နှင့် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုမျှ မပေးရန် အာရပ်စော်ဘွားများပြည်ထောင်စု၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။ ယူအေအီး၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆွေးနွေးမှု၊ တင်းမာမှုလျှော့ချခြင်း၊ နိုင်ငံတကာဥပဒေကို လိုက်နာခြင်းနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို လေးစားခြင်းသည် လက်ရှိအကျပ်အတည်းများကို ဖြေရှင်းရန် အထိရောက်ဆုံးအုတ်မြစ်များဖြစ်ကြောင်း ယုံကြည်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး သံတမန်နည်းလမ်းများဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန် UAE ၏ ချဉ်းကပ်မှုကို အလေးပေးဖော်ပြခဲ့သည်။”

photo content
+9

photo content
+9

photo content
+9

- အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စု သည် - ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အိုးအိမ် အိမ်ရာနှင့် နန့်ယားရွာလယ်တံတား နေရာများသို့ ၆၀ မမ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့၊ မြို့မရဲစခန်းအား Drone များ အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ နှင့် ဆားလင်းကြီးမြို့များ အတွင်းသို့ Drop Bomb များ၊ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ မင်းကန်ဓာတ်ငွေ့ ပိုက်လိုင်းနေရာ၊ ရုံးစည်ကြီးကျေးရွာ၊ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ထန်းတော)၊ မြင်းခြံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လယ်သစ်ကျေးရွာတို့အား Drop Bomb ချတိုက်ခိုက်ခြင်း၊ FPV Suicide Drone များဖြင့် တိုက်ခိုက်ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး ၊ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာ၊ ဇေယျဝတီမြို့နယ် ညောင်ခြေထောက် ကျေးရွာနှင့် ရေတာရှည်မြို့နယ်တို့အား Drop Bomb ချတိုက်ခိုက်ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို အပိုင်း(၃) မဲဆန္ဒနယ် ၆၁ မြို့နယ်အနက် ၁၁ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ အပစ်မဲ့အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့် ပြည်သူလူထုက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်သည့် လမ်းကြောင်းဖြစ် သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိ စေရေး၊ အစိုးရနှင့်ပြည်သူလက်တွဲ၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို နှောင့်နှေးစေရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးစေရန်အတွက် ရွေးကောက်ပွဲအကြိုကာလများမှ စတင်၍ နည်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို ဖန်တီးလုပ်ဆောင်ခဲ့ကြသော် လည်း ပြည်သူလူထုဘဝတည်ငြိမ်အေးချမ်းရေး နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံတော်အစိုးရ၏စေတနာနှင့် ရည်ရွယ်ချက်များကို နားလည်သဘောပေါက်စွာဖြင့် ပြည်သူအများစုမှ မိမိတို့ကြိုက်နှစ် သက်ရာ ပါတီကိုယ်စားလှယ်လောင်းမျာအား ရွေးချယ်မဲပေးခဲ့ကြသည်ကို တွေ့ရှိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ယှဉ်ပြိုင်ကြမည့် ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီးနှင့်ပြည် နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့် ပါတီ ၅၁ ပါတီ၊ စုစုပေါင်း ၅၇ ပါတီဖြင့် ရွေးကောက်ပွဲကျင်းပရန် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၊ သံတမန်များ၊ သတင်းမီဒီယာများနှင့် စိတ်အားထက်သန်စွာ ကိုယ်တိုင်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ရှေ့မှောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို သိမ်မွေ့သောနည်းလမ်းဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရေစီစနစ်ကို ထောက်ခံကြိုဆိုကြသည့် နိုင်ငံတော် အေးချမ်းသာယာမှုနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုကို လိုလားကြသည့် တာဝန်သိပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများနှင့် သံသယဖြစ်ဖွယ်ရာများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးပို့ နိုင်ပါရန် မြဝတီရုပ်မြင်သံကြားက တိုက်တွန်းသတင်း ထုတ်ပြန်အပ်ပါသည်။

- ဆက်လက်၍လည်း အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁) ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၈၂)၌ လက်လုပ်အသံမိုင်း ဖောက်ခွဲခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်အတွင်းသို့ ၁၀၇ မမ လက်လုပ် ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်အနီးနှင့် အမှတ်(၅)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီးတို့၌ ဒေသန္တရလက်လုပ်မိုင်းများ ဖောက်ခွဲ ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအား Fixed Wing ဖြင့်ပစ်ခတ်ခြင်း၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ယုဇနဆီအုန်းကုမ္ပဏီ၊ မာရမ်းပျိုးခြံမှ ဆန္ဒမဲပေးရန် မဲရုံသို့ သွားရောက်သည့် ဆီအုန်းခြံလုပ်သား ၁၇၀ဦးအားတားဆီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၂) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းမြို့၊ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ လက်လုပ်ရှော့တိုက်ဒုံး(၆)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တမူးမြို့၊ စော်ဘွား(၁)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၃) အနီးသို့ Drop Bomb ချတိုက်ခိုက် ခြင်း၊ ကသာမြို့ မြောက်ဘက်နှင့် တောင်ဘက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအတွင်းနှင့် အောင်မြေသာဇံမြို့နယ် အတွင်း တို့သို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့ ထွေ/အုပ်ရုံးအနီး၊ တရားရုံးအနီးနှင့် ဗဟိုအကျဉ်းထောင်ကြားလမ်း အနီးတို့သို့ Drop Bomb ข တိုက်ခိုက်ခြင်း၊ ညောင်ဦးမြို့နယ်၊ ဇုန်အမှတ်(၉)၊ မဲရုံအမှတ်(၆၄)၊ အခြေခံပညာမူလ တန်းကျောင်း(ပြွန်)စာသင်ကျောင်းအနီးသို့ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေမှ ၂၈ ရက်နေ့ ညနေပိုင်းအထိ အပိုင်း(၁) မဲဆန္ဒနယ် (၁၀၂) မြို့နယ် အနက် မြို့နယ် (၁၁) ခုတို့၌ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြရာ ပြည်သူ ၅ ဦးခန့် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုသည် ကယား ပြည်နယ်၊ ဖရူဆိုမြို့အတွင်းသို့ Drone များအသုံးပြု၍ Drop Bomb ချ တိုက်ခိုက် ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးအုပ်စု၊ တောင်သုံးလုံးကျေးရွာ ၏ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့များ အတွင်းသို့ Fixed Wing များ၊ ရှော့တိုက်ဒုံးများ၊ Drop Bombများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့များအတွင်းသို့ လက်လုပ်ရှော့ တိုက်ဒုံးများ၊ Drop Bombများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့ အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို အပိုင်း(၂) မဲဆန္ဒနယ် ၁၀၀ မြို့နယ်အနက် ၁၀ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ သစ္စာရှိနိုင်ငံ့ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ဝန်ထမ်း ၂ ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများ၏ အဖျက်အမှောင့် လုပ်ရပ်များကြားမှ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီး နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ ၏ အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူ တစ်ရပ်လုံးလိုလားတောင့်တသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာကျင့်သုံးနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်း လိုက်ကျင်းပဆောင်ရွက်ပေးခဲ့ရာ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများ၏ အဖျက်အမှောင့်လုပ်ရပ်များအကြားမှ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ် (၁၀၂) မြို့နယ်၌ လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ် (၁၀၀) မြို့နယ်၌ လည်းကောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် (၆၁)မြို့နယ်၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နံနက် ၆ နာရီမှ မဲရုံပိတ်သိမ်းသည်အထိ မည်သည့်ဖိအား တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏လွတ်လပ်သည့်သဘောထားဆန္ဒများအလျောက် တက် တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာ နိုင်ငံသားတစ်ယောက်၏တာဝန် ကျေပွန်စွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်ကို အားလုံး တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကိုရွေးချယ် နေချိန်တွင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးရေး၊ အစိုးရနှင့် ပြည်သူတို့၏ လက်တွဲညီစွာ ကြိုးပမ်း ဆောင်ရွက်မှုများကို မလိုလားဘဲ ပြည်သူလူထု၏ လူမှုစီးပွားဘဝကိုပျက်စီးစေပြီး ရွေးကောက်ပွဲအထမမြောက်စေရေး၊ အေးချမ်းစွာ ဆန္ဒမဲပေးမှုများ ဆောင်ရွက်နေကြသည့် မဲဆန္ဒရှင်ပြည်သူများ အထိတ်တလန့်ဖြစ်စေရေး စသည့် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်းပြုလုပ်ခြင်း၊ ခြိမ်းခြောက်စာများပို့ခြင်း၊ အဝေးမှ လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နှောင့်ယှက်ခြင်း၊ အသံမိုင်းများဖောက်ခွဲပြခြင်း၊ ဒရုန်းများဖြင့် Drop Bomb ချခြင်း၊ Fixed Wing ဖြင့်ပစ်ခတ်ခြင်း၊ မဲရုံသို့ လာရောက်ရန် ကြို/ပို့ ယာဉ်များအား တားဆီးခြိမ်းခြောက်ခြင်း၊ ပြည်ဖျက် ပြည်ပြေး မီဒီယာများမှတဆင့် မမှန်မကန်ဝါဒဖြန့် လုပ်ကြံရေးသားဖြန့်ဝေခြင်း များကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ ထို့အပြင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြိုကာလများတွင်လည်း ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ ကို လုပ်ဆောင်ခဲ့ရာ မြို့နယ်ပေါင်း ၄၁ မြို့နယ်တွင် အများပြည်သူဆိုင်ရာနေရာများ၌ မဟုတ်မမှန် ဝါဒဖြန့် စာစောင်များဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန်လှုံ့ဆော်အော်ဟစ် ပြောဆိုခြင်း/ဆဲဆိုခြင်း၊ မဲမပေးရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများအား ရိုက်ချိုးခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်၊ မဲရုံလုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောင့် ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း ၄ ကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ၆ ကြိမ်၊ လက်လုပ် အသံမိုင်းခွဲနှောင့်ယှက်ခြင်း ၂ ကြိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက် ခိုက်ခြင်း ၆ ကြိမ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၃ ကြိမ်၊ ရွေးကောက်ပွဲ တာဝန်ခံ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင် များအား လက်နက် ကိုင်ခြိမ်းခြောက်ခြင်း ၃ ကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ၆ ကြိမ်၊ စုစုပေါင်း ၅၄ ကြိမ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

အီတလီဒုတိယဝန်ကြီးချုပ်မက်တီယိုဆယ်လ်ဗီနီကယူကရိန်းသမ္မတဇလင်စကီးနှင့်ပတ်သက်ပြီးပြောကြားချက် NOM “ကျွန်တော်တို့က ဇလင်စကီး ပြောနေတာတွေကို ကြားရပါတယ်။ ကျွန်တော်တို့သူ့ကိုငွေအမြောက်အများ ပေးပြီးပြီး၊ ကြိုးပမ်းအားထုတ်မှုတွေ အများကြီး လုပ်ပေးပြီးပြီး၊ အကူအညီတွေ အများကြီး ပေးပြီးသားဖြစ်နေပေမယ့် သူက ဆင်ခြေမျိုးစုံနဲ့ပြောဆိုရဲတဲ့ အလွန်အမင်း သင့်တော် မှုတောင် ပြုလုပ်နေပါတယ်။ မိတ်ဆွေ၊ ခင်ဗျားက စစ်ပွဲကို ရှုံးနေတာပါ၊ လူတွေကို ဆုံးရှုံးနေတာပါ၊ အာဏာသြဇာနဲ့ ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးနေတာပါ။ အမြန်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါ။”

တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ခွဲတွေရဲ့ ပေးပို့တင်ပြချက်တွေကို ပါတီဌာနချုပ်စောင့်ကြည့်လေ့လာရေးအဖွဲ့ရုံးခန်းကနေတဆင့် ရွေးကောက်ပွဲ
+8
တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ခွဲတွေရဲ့ ပေးပို့တင်ပြချက်တွေကို ပါတီဌာနချုပ်စောင့်ကြည့်လေ့လာရေးအဖွဲ့ရုံးခန်းကနေတဆင့် ရွေးကောက်ပွဲအပိုင်း (၃) ရဲ့ မဲရလဒ်တွေကို ကျွန်တော်တို့အချိန်နှင့်တပြေးညီစောင့်ကြည့်ပြီးပေါင်းစပ်ဆွေးနွေးတာတွေကို ဒီကနေ့ ( ၂၆.၀၁.၂၀၂၆ ) ရက်နေ့ မနက်ပိုင်းမှာဆောင်ရွက်လျှက်ရှိပါတယ်။ ရလဒ်တွေကိုမကြာမီတရားဝင်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ Mandate အတိုင်းပိုမိုခိုင်မာတဲ့နိုင်ငံတော်ကြီးကို အတူတကွတည်ဆောက်နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများကိုမဲပေးရွေးချယ်ခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံးကို လေးလေးနက်နက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ #StrongerMyanmar #USDP #Election2025 #fyp #ပိုမိုခိုင်မာပြည်မြန်မာ

အီရန်နဲ့ အမေရိကန်စစ်ဖြစ်ခဲ့ရင် အမေရိကန်အနေနဲ့ ဗင်နီဇွဲလားကို လွယ်လွယ်ကူကူတိုက်ခိုက်ခဲ့သလိုမျိုး အီရန်ကိုတိုက်လို့ရနိုင်မလား?
Anonymous voting

တော်လှန်ရေးမှာ နိုင်နေကြတဲ့ လူကြီးမင်းတို့က အဘယ့်ကြောင့် ယခုလိုတွေ တင်နေတယ်ဆိုတာကို ကျွန်ုပ်မှာ စဉ်းစားရမရနိုင် ဖြစ်မိပေ။။ သင
တော်လှန်ရေးမှာ နိုင်နေကြတဲ့ လူကြီးမင်းတို့က အဘယ့်ကြောင့် ယခုလိုတွေ တင်နေတယ်ဆိုတာကို ကျွန်ုပ်မှာ စဉ်းစားရမရနိုင် ဖြစ်မိပေ။။ သင်တို့၏တော်လှန်ရေးနိုင်တယ်ဆို အဟုတ်လော...ဂျင်းလော ခ်ခ် မှိုင်းဝေ

Repost from NOM
အမေရိကန်ရဲ့ ပြည်နှင်ဒဏ်ပေးနေမှုမှာ အမှားအယွင်းတွေ ဖြစ်ပေါ်နေပြီး လက်ဝတ်ရတနာသူခိုးတဦးကို အိမ်ပြန်လက်မှတ် ပေးမိခဲ့တဲ့ ဖြစ်ရပ်ဖြ
အမေရိကန်ရဲ့ ပြည်နှင်ဒဏ်ပေးနေမှုမှာ အမှားအယွင်းတွေ ဖြစ်ပေါ်နေပြီး လက်ဝတ်ရတနာသူခိုးတဦးကို အိမ်ပြန်လက်မှတ် ပေးမိခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ Jason Nelona Presilla Flores ဆိုတဲ့ အမျိုးသားဟာ ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို လုယက်မှုမှာ ပါဝင်ခဲ့သူပါ။ ရဲတွေက အထောက်အထားတွေ စုဆောင်းနေချိန်မှာပဲ သူက ခိုးယူထားတဲ့ လက်ဝတ်ရတနာတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက Jason ကို အီကွေဒေါဆီ ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးမယ့်အကြောင်း အစိုးရရှေ့နေတွေဆီ အကြောင်းမကြားမိခဲ့ပါဘူး။ ရလဒ်အနေနဲ့ ရဲဖမ်းခံရမယ့်အရေးကနေ Jason က လွတ်မြောက်ခဲ့သလို အမေရိကန်နိုင်ငံတွင်းကနေ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကာ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အခုလောက်ဆို သူက နေအိမ်မှာ ဘ၀ကို သာသာယာယာဖြတ်သန်းရင်း အမေရိကန်ရဲ့ တရားစီရင်ရေးစနစ်ကို ရယ်မောနေပါပြီ။ ဒီဖြစ်ရပ်အတွက် စုံစမ်းနေဆဲဖြစ်ကာ ရွှေ့ပြောင်းနေထိုင်မှုလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေကို ပြသနေတာပါပဲ။ ဟာသဉာဏ်ရွှင်သူတွေကတော့ ဒီအဖြစ်အပျက်ကို “ခိုးယူ၊ စားသောက်၊ ထွက်ခွာ” လို့ နာမည်ပေးနေကြပါတယ်။ NOM

အမေရိကန်လေယာဥ်တင်သင်္ဘောကိုနှစ်မြှုတ်သည့်ရုပ်သံပြသ NOM အီရန်ရုပ်သံကအမေရိကန်လေယာဥ်တင်သင်္ဘောကိုပစ်ခတ်နှစ်မြုတ်သည့်ဗီဒီယိုကိုစိတ်ဓါတ်စစ်ဆင်ရေးအဖြစ်ပြသလျက်ရှိသည်။ ဗီဒီယိုတွင်ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးပျံများကအမေရိကန်လေယာဥ်တင်သင်္ဘောအေဗရာဟင်လင်ကွန်းကိုပစ်ခတ်နှစ်မြှုတ်သည့်ပြကွက်ကိုဖန်တီးထားသည်။ရုပ်သံတွင်သာမကမြို့ကြီးများရှိLEDဘုတ်များတွင်လည်းပြသလျက်ရှိသည်။