es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 442 suscriptores, ocupando la posición 15 917 en la categoría Noticias y medios y el puesto 10 085 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 442 suscriptores.

Según los últimos datos del 04 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -222, y en las últimas 24 horas de -10, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.33%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.47% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 912 visualizaciones. En el primer día suele acumular 805 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 05 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 442
Suscriptores
-1024 horas
-347 días
-22230 días
Archivo de publicaciones
နိုင်ငံတော်ယာယီသမ္မတမဲဆန္ဒရှင်များကိုနှုတ်ဆက် NOM၊ဇန်နဝါရီ၂၆၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်ဇန်နဝါရီလ၂၅ရက်က ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

Repost from NOM
ဥရောပသမဂ္ဂအတွက် ရုရှားထောက်ပံ့ပေးနေတဲ့ LNG နဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကို အီးယူက လုံး၀ပိတ်ပင်လိုက်တယ်လို့ Reuters က ဖော်ပြခဲ့ပ
ဥရောပသမဂ္ဂအတွက် ရုရှားထောက်ပံ့ပေးနေတဲ့ LNG နဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကို အီးယူက လုံး၀ပိတ်ပင်လိုက်တယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။ အီးယူအတွက် LNG ထောက်ပံ့နေမှုကို ၂၀၂၇ ဇန်နဝါရီ ၁ ရက်နေ့စပြီး ရပ်ဆိုင်းမှာဖြစ်ကာ ၂၀၂၇ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး ပိုက်လိုင်းဓါတ်ငွေ့ကို ရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။ ၂၀၂၇ ကစပြီး ရုရှားဓါတ်ငွေ့တင်သွင်းမှု ပိတ်ပင်ချက်ကို ချိုးဖောက်တဲ့ ဥရောပကုမ္ပဏီတွေဟာ စာချုပ်တန်ဖိုးရဲ့ ၃၀၀% အထိ ဥရောပကော်မရှင်ဆီမှာ ဒဏ်ငွေပေးဆောင်ရမယ်လို့လည်း အီးယူကောင်စီက ကြေညာခဲ့ပါတယ်။ NOM

Repost from NOM
လစ်သူယေးနီးယားမှာ တက္ကစီယာဉ်မောင်းတွေဟာ လစ်သူယေးနီးယား ဘာသာစကား စာမေးပွဲကို မဖြေဆိုရဖို့အတွက် နားမကြားဟန်၊ ဆွံ့အချင်ဟန်ဆောင်န
လစ်သူယေးနီးယားမှာ တက္ကစီယာဉ်မောင်းတွေဟာ လစ်သူယေးနီးယား ဘာသာစကား စာမေးပွဲကို မဖြေဆိုရဖို့အတွက် နားမကြားဟန်၊ ဆွံ့အချင်ဟန်ဆောင်နေကြပါတယ်။ ဇန်နဝါရီလကစပြီး ဝန်ဆောင်မှုကဏ္ဍတိုင်းက နိုင်ငံခြားသားလုပ်သားတိုင်းဟာ စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ စာမေးပွဲဖြေဆိုဖို့ စိတ်မပါလက်မပါဖြစ်နေတယ်လို့လည်း ဒေသခံမီဒီယာတွေက‌ ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံခြားသား ၁၆၀၀၀ ခန့် လစ်သူယေးနီးယားမှာ ရှိ‌ပြီး နိုင်ငံတော်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ စာမေးပွဲကို အောင်မြင်သူ ၁၅၀ ခန့်သာ ရှိပါတယ်။ NOM

ဖြူးမြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့က အများပြည်သူအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အသံမိုင်းထောင်ဖောက်ခွဲမှုများလုပ်ဆောင်ခဲ့ NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့ကအများပြည်သူအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အသံမိုင်းထောင် ဖောက်ခွဲမှုများလုပ်ဆောင်ခဲ့ရာ ဖြူးမြို့နယ်၊ ဈေးရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး Max Mobile ဖုန်းဆိုင်ရှေ့တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်အချိန်၌ အသံမိုင်းတစ်လုံး၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်၌ ရုံးရပ်ကွက်၊ (၇) လမ်းထောင့်ရှိ ဗန်ဒါပင်ခြေရင်းတွင် အသံမိုင်းတစ်လုံး၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ ဘူတာတောင်ရပ်ကွက်၊ ကင်မွန်းခြုံကွက်သစ် (၂၃) လမ်းဘေးရှိ မြေကြီးရေမြောင်းဘေးတွင် အသံမိုင်းတစ်လုံးနှင့် နံနက် ၁၀ နာရီအချိန်၌ ညောင်ပင်သာကျေးရွာရှိ မဝါမုန့်ဟင်းခါးဆိုင်ရှေ့တွင် အသံမိုင်းတစ်လုံးတို့အသီးသီးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အကြမ်းဖက်သမားများက "သတင်းပေးများ" ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ကျေးရွာသို့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က ဆိုင်ကယ် ၁၀ စီးဖြင့်ရောက်လာပြီး အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးလှထွန်း (၆၂) နှစ်၊ ဦးလှိုင်ဌေး (၄၂) နှစ်နှင့် ဦးသန်းထွန်း (၆၃) နှစ်တို့အား "သတင်းပေးများ" ဟု စွပ်စွဲပြောဆိုကာ ၎င်းတို့၏ နေအိမ်အသီးသီးမှ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာရှိ မဲရုံအား PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် မဲရုံတ
မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာရှိ မဲရုံအား PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် မဲရုံတာဝန်ကျနေသည့် အစိုးရဝန်ထမ်းတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ မဲရုံအား ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ မဲရုံအနီးမြေကွက်လပ်ပေါ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မဲရုံတာဝန်ကျနေသူ မလှိုင် မြို့နယ်တရားရုံးမှ အငယ်တန်းစာရေး ဦးကျော်သူအောင် (၃၃) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မလှိုင်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့က အများပြည်သူအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အသံမိုင်းထောင်ဖောက်ခွဲမှုများလုပ်ဆောင် NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့က အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ မလှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဂေါက်ကွင်းအနီးတွင်အသံမိုင်းတစ်လုံးနှင့် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ သဲကန် ကျေးရွာရှိ ပုလ္လင်ကန်ဘုရားအနီးတွင် အသံမိုင်းသုံးလုံးတို့ ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၂၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည်ရုရှားနိုင်ငံကပ်ခ်ဒေသတွင်တိုက်ပွဲဝင်နေသောမ
+2
ဇန်နဝါရီလ၂၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည်ရုရှားနိုင်ငံကပ်ခ်ဒေသတွင်တိုက်ပွဲဝင်နေသောမြောက်ကိုးရီးယားစစ်သားများ၏ ဂုဏ်ပြုရုပ်ထုများထုလုပ်နေမှုကိုကိုယ်တိုင်ကြီးကြတ်နေသည်။(ဓါတ်ပုံ) ၂။အစ္စရေးသည်ကြိုတင်သတိပေးမှုမရှိပဲလက်ဘနွန်တောင်ပိုင်းကက်ဖာဒိုနင်မြို့ရှိကုန်လှောင်ရုံတစ်ခုကိုဟဇ်ဘိုလာ၏လက်နက်သိုလှောင်ရုံဟုဆိုကာဗုံးကြဲခဲ့သည်။(ဓါတ်ပုံ) ၃။ ဖိလစ်ပိုင်တောင်ပိုင်းတွင်ဇမ်ဘိုအန်ဂါမြို့နှင့်ဂျိုလိုကျွန်းသို့ပြေးဆွဲနေသည့်ဖယ်ရီသင်္ဘောယနေ့နစ်မြုတ်ရာ၁၃ဦးသေဆုံးပြီး၂၄ဦးပျောက်ဆုံးလျက်ရှိသည်။ ၄။အမေရိကန်သမ္မတဟောင်းများဖြစ်သော ဘားရက် အိုဘားမား နှင့် ဘီလ် ကလင်တန် တို့က မင်နီအာပိုလစ်မြို့၌ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများပစ်ခတ်သဖြင့် ပြည်သူတစ်ဦး ထပ်မံသေဆုံးခဲ့သည့် ဒုတိယမြောက်ဖြစ်ရပ် ဖြစ်ပွားပြီးနောက်၊ အမေရိကန်ပြည်သူများအနေဖြင့် မိမိတို့၏ တန်ဖိုးထားယုံကြည်ချက်များကို ကာကွယ်ထိန်းသိမ်းရန်  ပြင်းပြင်းထန်ထန် တိုက်တွန်းပြောကြားခဲ့သည်။ ၅။မိုင်ယာမီလေဆိပ်အတွင်းသံသယဖြစ်ဖွယ်ပစ္စည်းတစ်ခုတွေ့ရှိပြီးနောက်လေဆိပ်အတွင်းရှိလူများကိုဘေးလွတ်ရာသို့ပြောင်းရွှေ့ခိုင်းလျက်ရှိသည်။(ဗီဒီယို)

နတ်မောက်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက ဖမ်းဆီးခေါ်ဆေ
နတ်မောက်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဦးခေါင်းအားသေနတ်ဖြင့်ပစ်သတ်သွား NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာနေ ဦးအောင်ဝင်း (၅၈) နှစ် သည် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာ၏ အနောက်ဘက် ဒီးဒုတ်ကုန်းချောင်းအတွင်းရှိ သဲသောင်ပြင်ပေါ်တွေင် သေနတ်ဖြင့် ပစ်ခတါသတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ဝင်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရေစကြိုမြို့နယ်တွင် နေအိမ်သို့ မိသားစုနှင့်အတူပြန်လာသည့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ ဓါး၊ သေနတ်များဖြင့် ထိုးခုတ်ပစ်သတ်ပြီး ၎င်း​၏ဇနီးနှင့် တစ်လသားအရွယ် ကလေးငယ်လေးတို့ကို ဖမ်းဆီးခေါ်ဆောင် သွား NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၈) ရပ်ကွက်နေ ကိုဟန်ဝင်းရွှေ (၂၅) နှစ်သည် ဇနီး ဖြစ်သူ မခိုင်ဖြိုးဝေ (၂၄) နှစ်၊ သမီးဖြစ်သူ မသင်းမြတ်ခိုင် (၁) လသားတို့နှင့်အတူ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ပေကုန်းကျေးရွာမှ အမှတ် (၈) ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်သို့ ဘတ္တရီစက်ဘီးဖြင့် ရေစကြို-ပခုက္ကူသွားကားလမ်းအတိုင်း ပြန်လာစဉ် အမှတ် (၇) ရပ်ကွက်ရှိ ဘက်စုံစိုက်ပျိုးရေးပန်းခြံအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က စက်ဘီးအား တားဆီးကာ ကိုဟန်ဝင်းရွှေအား ဓား/သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်၍ မခိုင်ဖြိုးဝေနှင့် မသင်းမြတ်ခိုင်တို့အား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ကိုဟန်ဝင်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

NUG အကြမ်းဖက်အဖွဲ့​၏ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်​၏ စခန်းမှူး အဏ္ဏဝါ (ခ) စောသက်နိုင်က PDF ရဲမေ ဒေါင်းမလေးကို အလိုမတူ
+8
NUG အကြမ်းဖက်အဖွဲ့​၏ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်​၏ စခန်းမှူး အဏ္ဏဝါ (ခ) စောသက်နိုင်က PDF ရဲမေ ဒေါင်းမလေးကို အလိုမတူဘဲ အဓမ္မနှစ်ကြိမ်ပြုကျင့်ပြီးသတ်ဖြတ်ကာ အလောင်းကို အဝတ်ဗလာအနေအထားဖြင့် ဧရာဝတီမြစ်ထဲမျှောပြီး ဖျောက်ဖျက် NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ ညအချိန်က မိုးကုတ်တွင် တရားမဝင်ကျောက်ခိုးတူးနေသူများအား တပ်မတော်စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးရာ ကျောက်ခိုးတူးသူ ၂၀၀ ကျော်ဖမ်းမိကြောင်းသိရှိရသည်။ Source: K.W.M

မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း တပ်မတော်ကာ
+4
မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်ပြောကြား (၂၅.၁.၂၀၂၆) NOM ဇန်နဝါရီ ၂၅၊ ၂၀၂၆

Repost from NOM
အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက “အမေရိကန်-ဇီယွန်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကို ကျနော်တို့ ရင်ဆိုင်ရမယ်ဆိုရင် ကျနော်တို့ရဲ့ တုံ့ပြန်မှုက အရင်ကထက် ပိုမိုပြတ်သားပြီး နာကျင်စရာကောင်းလာပါလိမ့်မယ်” လို့ ပြောဆိုလိုက်ပါတယ်။ NOM

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာ NOM ဇန်နဝါရ
+1
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာ NOM ဇန်နဝါရီလ ၂၆၊ ၂၀၂၆

ရွှေဘိုမြို့နယ်၊ ငါးပိအိုးကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့စခန်းကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုပြုလုပ် NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ငါးပိအိုးကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၂ နာရီ ၃၈ မိနစ်အချိန်၌ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားများထိခိုက်သေဆုံးမှုများရှိကြောင်းသိရသည်။ News Of Myanmar NOM

လက်ရှိကျင်းပ ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အားသာချက် ရှိစေတဲ့ အချက်တစ်ခုက မဲပေးစက် သုံးသွားတဲ့ ကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ အရင်က တံဆိပ်တုံးထုရတယ်။ အမှန်ခြစ်ရတယ်။ ပယ်မဲတွေ အများကြီး ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်ပေါ့။ ခု မဲပေးစက်ရဲ့ အားသာချက်က ပယ်မဲ လုံးဝ မဖြစ်နိုင်တော့ဘူး။ ကိုယ်ရွေးချယ်လိုက်တဲ့ ပါတီပဲ Auto ထွက်လာလိမ့်မယ်။ အားသာချက်က မဲပေးကြာချိန်ကို လျှော့ချနိုင်လိုက်တာပါပဲ။ ဆိုတော့....အရင် လက်ထက်တွေလို ဖယောင်း သုတ်ပါတယ် ဆိုတာတွေ၊ တံဆိပ်တုံး အတု ကိစ္စတွေ ပြောစရာ မဖြစ်လာခဲ့ဘူး။ ဒါပေမယ့် အားနည်းချက်ကတော့ မဲပေးခါနီး မဲဆန္ဒရှင်စာရင်းတွေ ကို ပြန်ရှာရတဲ့ ဒုက္ခပဲ။ ဒါလည်း ကြားဖြတ်လောက်ဆို အချိန်မီ ပြင်ဆင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲ အတားအဆီးတွေ ကြားထဲကနေ ရွေးကောက်ပွဲ တစ်ခုကတော့ အောင်အောင်မြင်မြင်ပဲ ပြီးဆုံးသွားခဲ့ပါပြီ။ အနိုင်ရတဲ့ ပါတီတွေလည်း အစိုးရဖွဲ့ဖို့ ပြင်ဆင်ကြတော့မှာ ဖြစ်သလို ထုံးစံအတိုင်း အစိုးရရဲ့ ပထမ ရက် (၁၀၀) စီမံကိန်းမှာ ဘာတွေ အပြောင်းအလဲ စလုပ်မှာလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရတော့မှာပေါ့လေ။ ပါတီနိုင်ငံရေးအတွက် အကြံပြုလိုတာကတော့ ရွေးကောက်ပွဲ ပြီးသွားရင်တောင် ကိုယ်စားပြုဒေသခံပြည်သူနဲ့ အဆက်အသွယ် မပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ရေရှည် Long-term Plan တွေးကြဖို့ပါပဲ။ ခုချိန်ကာလဟာ လူငယ်တွေကို အတွေ့အကြုံအတွက် လက်တွဲ သင်ယူခေါ်ဖို့ အကောင်းဆုံး အချိန်လို့လည်း မြင်ပါတယ်။ နိုင်ငံရေး မျိုးဆက်မပြတ်ဖို့ အရေးကြီးပါတယ်။ အနိုင်ရသူတွေလည်း ဒီ ၅ နှစ်မှာ ပြည်သူထောက်ခံရကျိုးနပ်အောင် စွမ်းဆောင်ကြရမှာ ဖြစ်သလို နောက် ၅ နှစ်ကာလအတွက်ပါ မျိုးဆက်သစ်တွေကို ကိုယ်စားပြု ရွေးကောက်ခံမယ့် ဒေသမှာ မျက်နှာကြိုပြနေဖို့လည်း လိုအပ်ပါတယ်။ ရှုံးနိမ့်သွားတဲ့ တသီးပုဂ္ဂလတွေ၊ နိုင်ငံရေး Third party တွေအနေနဲ့လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျန်နေသေးသလို လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းကနေ C & B လုပ်နိုင်မယ့် အခွင့်အရေးလည်း ရှိနေနိုင်ပါသေးတယ်။ တကယ်လိုများ အစိုးရဖွဲ့နိုင်တဲ့ ပါတီ အနေနဲ့ နိုင်ငံရေး သဘောထားများပိုကြီးရင် သီခြား ကော်မတီ ဥက္ကဋ္ဌ ရာထူးတာဝန်တွေလည်း ပေးအပ်ရင်း နိုင်ငံရေး အရွေ့တစ်ခုကို တွန်းတင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။ အဓိကကတော့ တိုင်းပြည်အပေါ် စေတနာမှန်တဲ့ အစိုးရနဲ့ ညီညွှတ်ရေးကိုသာ ဦးတည်တဲ့ အတိုက်အခံ မျိုးကပဲ မြန်မာ့နိုင်ငံရေး အရွေ့ကို တွန်းတင်သွားပါလိမ့်မယ်။ အရေးကြီးတာကတော့ အစိုးရ ဖွဲ့လာနိုင်မယ့် နိုင်ငံရေး ပါတီ အနေနဲ့ တကယ် လက်တွေ့ကြတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြနိုင်ဖို့ အရေးကြီးပါတယ်။ NLD ပါတီ ဦးဆောင်တဲ့ အစိုးရခေတ်မှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်လိုမျိုး ဆိုးဆိုးရွားရွား အဂတိတွေ နာမည်မထွက်ဖို့ လိုပါတယ်။ တိုင်းပြည်က တကယ်လည်း လုပ်စရာတွေ များပါတယ်။ ယာယီသမ္မတကြီး မြေပြင်ဆင်းတော့မှ မြို့အင်္ဂါရပ်နဲ့ မညီတဲ့ ကျူးကျော်ဆိုင်ခန်းတွေ၊ ရေစီး ရေလာ မကောင်းတဲ့ ပြဿနာတွေ၊ စည်ပင် လမ်းမြေကို ကျော်ဆောက်ထားတဲ့ အမိုးအကာတွေ....ကို ပြောနေ၊ မှာကြားနေရတာက မြင်ရ၊ကြားရတာ သိပ်တော့ အဆင်မပြေပါဘူး။ ဒီလို အောက်ခြေသိမ်း အလုပ်တွေ ဆိုတာက မြို့တော်ဝန်၊ စည်ပင်နဲ့ ဝန်ကြီးချုပ်တွေမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ကိုယ့်မြို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းဒေသကြီးမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်ဖို့ဆိုတာ ခြေဥ ၂၀၀၈ ရဲ့ ဇယား၂ ထဲမှာ ရှိနေတယ် ဆိုတဲ့အချက်ကို ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ရွေးကောက်ခံ အစိုးရလက်ထက်မှာ ဘယ်ပြည်နယ်၊ တိုင်းက အစိုးရတွေက တကယ်အလုပ်လုပ်ပြတယ်ဆိုတာ ပြည်သူက မျက်စေ့ဒေါက်ထောင့်ကြည့်နေတော့မှာပါ။ (နရီမိုး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး (ရုပ်သံ) NOM ဇန်နဝါရီ ၂၅၊ ၂၀၂၆

ဒဂုံမြို့သစ်(တောင်ပိုင်း)တွင်ယာဉ်တိုက်မှုဖြစ်ပွားအမျိုးသား လေးဦးဒဏ် ရာရရှိ NOM၊ဇန်နဝါရီ၂၆၊၂၀၂၆ ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တေ
ဒဂုံမြို့သစ်(တောင်ပိုင်း)တွင်ယာဉ်တိုက်မှုဖြစ်ပွားအမျိုးသား လေးဦးဒဏ် ရာရရှိ NOM၊ဇန်နဝါရီ၂၆၊၂၀၂၆ ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် အမှတ်(၂) လမ်းထောင့်တွင်ယမန်နေ့ဇန်နဝါရီ၂၅ရက်ည၆နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား လေးဦးဒဏ်ရာရရှိခဲ့ကြောင်းမီးသတ် တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ YBS ၅၉ယာဉ်သည်ဂိတ်တွင်ရပ်ထားသည်ကိုဟိုက်ဂျက်ကားကနောက်မှ ဝင်တိုက်ခဲ့သည့်အတွက် ဟိုက်ဂျက်ယာဉ်ပေါ်ပါအမျိုးသား လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား လေးဦး တို့အား ကံပရဟိတအသင်း၊ မြို့ဦးလုလင်ပရဟိတအသင်း၊ အဖြူရောင်နှလုံးသားပရဟိတအသင်းနှင့် သီရိမင်္ဂလာပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး NOM ဇန်နဝါရီ ၂၅၊ ၂၀၂၆