es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 520 suscriptores, ocupando la posición 16 060 en la categoría Noticias y medios y el puesto 10 078 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 520 suscriptores.

Según los últimos datos del 19 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -278, y en las últimas 24 horas de -10, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 10.38%. Durante las primeras 24 horas tras publicar, el contenido suele obtener 9.08% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 300 visualizaciones. En el primer día suele acumular 1 137 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 16.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 20 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 520
Suscriptores
-1024 horas
-777 días
-27830 días
Archivo de publicaciones
အကြမ်းဖက်သမားများထိန်းချုပ်ထားသည့် အင်းတော်မြို့ကို တပ်မတော်ကပြန်လည်သိမ်းပိုက် ဧပြီ ၃၀၊ ၂၀၂၆
+9
အကြမ်းဖက်သမားများထိန်းချုပ်ထားသည့် အင်းတော်မြို့ကို တပ်မတော်ကပြန်လည်သိမ်းပိုက် ဧပြီ ၃၀၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိ။
+1
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိ။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကျင်းပ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ
+9
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကျင်းပ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများတက်ရောက်ကြည်ညိုခဲ့ကြပြီး ပိဋကတ် (၃) ပုံကို မင်္ဂလာဆင်ဖြူတော်ဖြင့်ပင့်ဆောင်ပြီး ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ လှိုဏ်ဂူတော်အားလှည့်လည်ပူဇော်ခဲ့ကြသည်။

ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့်ပစ်
+1
ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီလ ၃၀၊ ၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာသို့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်း အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြ သည့် မောင်လင်းခိုင်ခန့် (၉) နှစ်နှင့် မနန်းဝေဝေသင်း (၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီး NOM၊ဧပြီ၃၀၊
ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီး NOM၊ဧပြီ၃၀၊၂၀၂၆ ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီကျော်မှ စတင်ကာ လေပြင်းများ တိုက်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။ လေပြင်းတိုက်ခတ်မှုတွင်သာကေတ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပုဇွန်‌တောင်၊ တာမွေ၊ ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင် အစရှိသည့်မြို့နယ်အများအပြားတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့နယ်အချို့တွင် မိုးအနည်းငယ်ရွာသွန်းနေသည်ဟု သိရသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့) ရွှေတိဂုံစေတီတော်တွင် ကဆုန်ညောင်ရေသွန်းလောင်းသူများ နှင့် ဘုရားဖူးလာသူများပြား NOM၊ဧပြီ၃၀၊၂၀၂၆ ၁၃၈၈ ခုန
ကဆုန်လပြည့်(ဗုဒ္ဓနေ့) ရွှေတိဂုံစေတီတော်တွင် ကဆုန်ညောင်ရေသွန်းလောင်းသူများ နှင့် ဘုရားဖူးလာသူများပြား NOM၊ဧပြီ၃၀၊၂၀၂၆ ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ရွှေတိဂုံစေတီတော်တွင် ကဆုန်ညောင်ရေသွန်းလောင်းသူများ နှင့် ဘုရားဖူးလာသူ ဧည့်ပရိသတ်များပြားခဲ့ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်၏ (၄၃) ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကြီးကို ကဆုန်လပြည့်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်မှ စတင်၍ စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့သည်။စေတီတော်ရင်ပြင်တော် ထောင့်လေးထောင့်ရှိ ဗောဓိညောင်ပင်များတွင်လည်း ဘုရားဖူးလာပြည်သူများ လွယ်ကူစွာ ညောင်ရေသွန်းလောင်ပူဇော်ရန်စီစဉ်ထားကာ ကုသိုလ်ပြုညောင်ရေသွန်းလောင်သူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။

Repost from NOM.World News
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဘာလင်နဲ့ အငြင်းပွားမှုတွေ မြင့်တက်လာချိန်မှာ ကန်အစိုးရအဖွဲ့ဟာ ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဘာလင်နဲ့ အငြင်းပွားမှုတွေ မြင့်တက်လာချိန်မှာ ကန်အစိုးရအဖွဲ့ဟာ ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လျှော့ချနိုင်ခြေကို ပြန်လည်သုံးသပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ အချိန်တိုအတွင်းမှာ ဆုံးဖြတ်သွားမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေမှာ အီရန်က အမေရိကန်ကို အရှက်ခွဲနိုင်ခဲ့တယ်လို့ ဂျာမနီအဓိပတိ Merz က ပြောဆိုပြီး နောက်တရက်မှာပဲ ထရမ့်ဘက်က အခုလိုမျိုး ပြောဆိုခဲ့တာပါ။ Merz က “အီရန်တွေဟာ ညှိနှိုင်းရာမှာ အရမ်းကျွမ်းကျင်ပြီး အစ္စလာမ္မဘတ်ကနေ အမေရိကန်ကို ဘယ်လိုရလဒ်မှ မရှိစေဘဲ ပြန်ထွက်သွားစေခဲ့တယ်” လို့ Marsberg မှာ ကျောင်းသားတွေနဲ့ တွေ့ချိန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ News Of Myanmar NOM

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ ကျင်းပ ဧ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ ကျင်းပ ဧပြီ ၂၉၊ ၂၀၂၆ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များပါဝင်ကြောင်း၊ နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံ အချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူသော မူဝါဒကို ချမှတ်ထားကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒ၏ အဓိပ္ပာယ်ဖော်ပြချက်များကို တိတိကျကျသိရှိနားလည်ထားကြရန်နှင့် ယင်းမူဝါဒအပေါ်တွင် ရပ်တည်၍ ဆက်ဆံဆောင်ရွက်သွားရမည်ဆိုသည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဟန်ချက်ညီဖြစ်စေ ရေး၊ အာဆီယံအဖွဲ့နှင့် မိတ်ဖက်ဆက်ဆံရေး၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကဏ္ဍပေါင်းစုံတွင် ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို နိုင်ငံတော်သမ္မတ၏ အဓိကလမ်းညွှန်ချက်များအဖြစ် ရက်(၁၀၀)စီမံကိန်းတွင် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်နိုင်သည့်နေရာမှ ပါဝင်အကောင်အထည်ဖော်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စက်မှုကဏ္ဍ MSME ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ နိုင်ငံသားများ ဥပဒေအကာအကွယ်ရရှိရေး စသည့်ကဏ္ဍ အသီးသီးတွင်လည်း လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ထမ်းများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ ထို့အပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြစ်သော တည်ငြိမ်အေးချမ်းမှု မရှိသေးသည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားများအား ဥပဒေဘောင်အတွင်း နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရေး၊ ကုန်ထုတ်လုပ်မှု မြှင့်တင်၍ ပို့ကုန်တိုးမြှင့်နိုင်ရေး၊ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလယ်ယာ စိုက်ပျိုးရေးမှ ကုန်ချောများကို ပြည်ပသို့တင်ပို့နိုင်ရေးစသည့် လမ်းညွှန်မှုများအပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီးဌာနများနှင့် ဆက်စပ်၍ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်သွားသင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဗီဒီယိုတစ်ခုတွင် ဘုရင် ချားလ်စ် (King Charles) က လက်ဆွဲနှုတ်ဆက်ရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတ ထရမ့်က ၎င်း၏ အစိုးရအဖွဲ့ဝင်များကို အရင်ဦးဆုံး နှုတ်ဆက်ရန်အတွက် ကြားဖြတ်ဝင်ရောက်သွားသောကြောင့် နောက်ဆုံးတွင် (လက်ဆွဲနှုတ်ဆက်ရန်) လက်လျှော့လိုက်ရသည်ကို တွေ့ရသည်။ မိဖုရား (Queen Camilla) သည်လည်း ထိုသို့ပင် ကြုံတွေ့ခဲ့ရသည်။ ဗြိတိန်ဘုရင် ချားလ်စ်နှင့် မိဖုရား ကာမီလာတို့သည် အမေရိကန်နိုင်ငံ၏ ၂၅၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန် အိမ်ဖြူတော်သို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် အတော်လေး ပျံ့နှံ့နေပြီး သမ္မတ ထရမ့်အနေဖြင့် တော်ဝင်မိသားစုဝင်များအပေါ် လိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသကဲ့သို့ အချို့ကလည်း ၎င်း၏ ပုံစံအတိုင်းပင် ရဲရဲတင်းတင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးနေကြသည်။ NOM

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KIA အဖွဲ့နှင့် KPDF အမည်ခံအဖွဲ့ဝင် ၄ ဦး လက်နက်ခဲ
+1
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KIA အဖွဲ့နှင့် KPDF အမည်ခံအဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် ဧပြီ ၂၉၊ ၂၀၂၆ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KIA အဖွဲ့ နှင့် KPDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။ ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်ရှိရဲမာန်အောင်ခန်းမ၌ ပြုလုပ်ရာ တနိုင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။ ဦးစွာ တာဝန်ရှိသူတစ်ဦးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ လူငယ်များအား အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် Ko ပါရီသေနတ် ၁ လက်၊ KA-25 ဗုံးပစ်လောင်ချာတွဲသေနတ် ၁ လက်၊ K-25 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၆၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စကားပြောစက် ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၂ လက်အတွက် ငွေကျပ်သိန်း ၁၀၀၊ K-25 ဗုံးပစ်လောင်ချာတွဲသေနတ် ၁ လက်အတွက် ငွေကျပ် ၇၅ သိန်း လက်ပစ်ဗုံး ၄ လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၀၊ စုစုပေါင်းငွေကျပ် ၂၀၉ သိန်းကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌက ရေနံတွင်းများကို တိုက်ရိုက်ထုတ်လွှင့် (LIVESTREAM) ပြသရန် ကမ်းလှမ်းလိုက် သမ္မတ ထရမ့်က အီရန်အနေဖြင့် ၎င
အီရန်လွှတ်တော်ဥက္ကဋ္ဌက ရေနံတွင်းများကို တိုက်ရိုက်ထုတ်လွှင့် (LIVESTREAM) ပြသရန် ကမ်းလှမ်းလိုက် သမ္မတ ထရမ့်က အီရန်အနေဖြင့် ၎င်း၏ရေနံများကို ပြည်ပသို့ မတင်ပို့နိုင်အောင် ပိတ်ဆို့ခံထားရခြင်းကြောင့် ပိုက်လိုင်းများနှင့် ရေနံတွင်းများတွင် ဖိအားများကာ ပေါက်ကွဲပျက်စီးသွားလိမ့်မည်ဟု သတိပေး (သို့မဟုတ်) ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် Mohammad Bagher Ghalibaf က ထရမ့်၏ ပြောဆိုချက်မှာ အဓိပ္ပာယ်မရှိသော "အမှိုက်" ကဲ့သို့ အကြံဉာဏ်များသာဖြစ်သည်ဟု လှောင်ပြောင်ခဲ့ပြီး ရေနံတွင်းများ ပေါက်ကွဲခြင်းမရှိဘဲ ပုံမှန်အတိုင်းရှိနေကြောင်း သက်သေပြရန် ဗီဒီယိုဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု တုံ့ပြန်ခဲ့သည်။ ယခုပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ အထက်သို့ မြင့်တက်နေပြီး အီရန်ဘက်က ၁၄၀ ဒေါ်လာအထိ ဆက်လက်တက်ဦးမည်ဟု ခန့်မှန်းပြောဆိုနေသည်။ NOM

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည် ၄၀ မဂ္ဂါဝပ်နှင့်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည် ၄၀ မဂ္ဂါဝပ်နှင့် သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖွင့်ပွဲအခမ်းအနား ကျင်းပ ဧပြီ ၂၉၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ Leader Power Co., Ltd. မှ တည်ဆောက်သော သာစည် ၄၀ မဂ္ဂါဝပ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. မှ တည်ဆောက်သော သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။ ဦးစွာ အဆိုပါစက်ရုံရှေ့ ဖွင့်ပွဲမုခ်ဦးနေရာ၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ဓာတ်အားပေးစက်ရုံ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုပြီးစီးသည့် စီမံကိန်းနှစ်ခုသည် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၃၀၀၀၀ ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မကြာမီတွင် ဆောင်ရွက်ဆဲ ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကြောင်း၊ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။ နိုင်ငံတော်အတွက် ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့် စီမံကိန်းများသည် နှောင့်နှေးကြန့်ကြာမှုများရှိနေပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်လျက်ရှိသည့် စက်ရုံများအနက်မှ အချို့သည်လည်း ဖျက်ဆီးမှုများခံခဲ့ရသည့်အတွက် ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းလျက်ရှိပါကြောင်း၊ ပို့လွှတ်မှုအပိုင်းတွင်လည်း ဝေးလံသည့် ခရီးတစ်လျှောက် ပို့လွှတ်ရသဖြင့် ဓာတ်အားများ လျော့နည်းဆုံးရှုံးသကဲ့သို့ သဘာဝဘေးဒဏ်နှင့် လူတို့၏ဖျက်ဆီးခြင်းခံရသဖြင့် အချို့ဓာတ်အားလိုင်းကြီးများ ပျက်စီးလျက်ရှိပါကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းမွန်သည့် ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေရသဖြင့် မကြာခဏ System Break Down ဖြစ်၍ ဓာတ်အားပြတ်တောက် မှုများဖြစ်ပါကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင်လည်း ဖြန့်ဖြူးသည့် နည်းစနစ်၏ အားနည်းမှုနှင့် မသမာမှုများကြောင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ ရှိနေပါကြောင်း၊ ယင်းသို့ အားနည်းချက်များရှိနေသည့်အတွက် ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် ဓာတ်အားကို မျှဝေသုံးစွဲနေရပါကြောင်း၊ ယင်းသို့ လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် ရေတိုရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဖြန့်ဖြူးရေးအပိုင်းတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကိုလည်း နည်းပညာဖြင့် ထိန်းကျောင်းခြင်းအပါအဝင် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စက်ရုံများတည်ဆောက်ခဲ့မှု Documentary Movie ကို ကြည့်ရှုပြီး ဓာတ်အားပေးစက်ရုံ ဧရိယာအတွင်း လှည့်လည်စစ်ဆေးကာ ရှုရပ်မှနေ၍ ဆိုလာများ တပ်ဆင်ထားမှုအခြေအနေကို ကြည့်ရှုကြသည်။ ဆက်လက်၍ ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ ထပ်မံအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း တည်ဆောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတ ထရမ့်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို 'ထရမ့် ရေလက်ကြား' (Strait of Trump) ဟု အမည်ပြောင်းလဲလိုက်ဟန်ရှိသည့်
သမ္မတ ထရမ့်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို 'ထရမ့် ရေလက်ကြား' (Strait of Trump) ဟု အမည်ပြောင်းလဲလိုက်ဟန်ရှိသည့် ပုံရိပ်တစ်ခုကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။ NOM

အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူသုံးဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ဧပြီ ၂၉၊ ၂၀၂၆ ပြည်ပတွင် ရောက
အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူသုံးဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ဧပြီ ၂၉၊ ၂၀၂၆ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲကြုံတွေ့လာပါက နိုင်ငံတော်အစိုးရသည် နိုင်ငံသားများအပေါ် အလေးအနက်ထား၊ တန်ဖိုးထားကာ မည်သို့သောအခြေအနေတွင်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူခင်စမ်းဌေး၊ သင်းသင်းအေးနှင့် ဖြိုးအိမာတို့ကို အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရေး ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ အီရတ် နိုင်ငံ လူကုန်ကူးတားဆီးကာကွယ် ရေးရဲတပ်ဖွဲ့၊ အီရတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အခက်အခဲကြုံတွေ့ရသည့်အခါ မြန်မာသံရုံးက ဆက်သွယ်အကူအညီတောင်းခံလေ့ရှိသည့် အီရတ်မိတ်ဆွေများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်မှုဖြင့် ဧပြီ ၂၇ ရက်တွင် ဘဂ္ဂဒက်မြို့မှ ရှာဂျာခရီးစဉ်၊ ဧပြီ ၂၈ ရက်တွင် ရှာဂျာ-ဘန်ကောက်ခရီးစဉ်၊ ဧပြီ ၂၉ ရက်‌တွင် ဘန်ကောက်-ရန်ကုန် ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ယနေ့နံနက် ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာ နိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး လျက်ရှိပြီး ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရ စဉ် ကူညီကယ်တင်ပေးမှုကို အလုပ်သမားနှင့်မိဘဆွေမျိုးများအနေဖြင့် နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေ
ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ဧပြီ ၂၉၊ ၂၀၂၆ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ မြန်မာသံရုံးဆိုးလ်မြို့က ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးကာ ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးထားသော E9 Friends Law Firm ကုမ္ပဏီတို့နှင့်အတူ လုပ်ဆောင်ပေးခဲ့ကြောင်း၊ ဈာပနအခမ်းအနား ကိုလည်း မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများက လိုက်ပါပို့ဆောင်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။ ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံ၌ နေထိုင်စဉ်ကာလအတွင်း သွားလာနေထိုင်ရေးကိစ္စများ အဆင်ပြေစေရေး၊ ယာယီဘဏ်အကောင့် ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည့် စာရွက်စာတမ်းကိစ္စရပ်များ ပံ့ပိုးကူညီခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရသင့်ရထိုက်သည်များရရှိရန် ညှိနှိုင်းခြင်းတို့ကို မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးမှုများကြောင့် ကွယ်လွန်သူမောင်စန်းယု၏ဇနီးမှာ လုပ်သက်ဆုကြေးများ၊ လုပ်ခလစာကျန်ငွေများ၊ အချိန်ပိုကြေးနှင့် ခွင့်ဆုကြေးများ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံငွေများ၊ အသုဘစရိတ် ထောက်ပံ့ငွေများ၊ အလုပ်ရှင်မှပေးအပ်သည့် နစ်နာကြေးများ စသည့် ခံစားပိုင်ခွင့်ရှိသည်တို့ကို ပြည့်ပြည့်ဝဝတိုက်ရိုက်ရရှိခဲ့သည့်အပြင် ရှေ့နေခကိုလည်း အနည်းဆုံးနှုန်းထားဖြင့်ရရှိအောင် ညှိနှိုင်းပေးနိုင် ခဲ့သည်။ မြန်မာသံရုံး ဆိုးလ်မြို့က ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တရားဝင်လာရောက်လုပ်ကိုင်နေသူများအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားများအား နှစ်နိုင်ငံ တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
+2
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Pattana Promphat နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းမြှင့်တင်ဆောင်ရွက်နိုင်ရေး သီးခြားတွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားများ၏ မျှော်မှန်းလူ့သက်တမ်းတိုးမြှင့် လာစေရေး၊ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး မူဝါဒများချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ထားဝယ်ဆေးရုံ အဆင့်မြှင့်တင် ရေးစီမံကိန်းနှင့် ဆရာဝန်၊ သူနာပြုများအား လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများ ပို့ချနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အဆင့်မြှင့်တင်ရေးနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage- UHC) ပန်းတိုင်ရရှိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍတွင် အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခို
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဧပြီ ၂၉၊ ၂၀၂၆ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Pattana Promphat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဘန်ကောက်မြို့ Eastin Grand Hotel Phaya-thai တွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက် အထိကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာ ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။ ညီလာခံသို့ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်များ၊ ကျန်းမာရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ World Hepatitis Alliance မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့ တောင်အာရှနှင့် အနောက်ပစိဖိတ် ဒေသဆိုင်ရာရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော အသည်းအထူးကု ဆေးပညာရှင်များ၊ ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် "Elimination for Everyone, Everywhere, Right Now" ဆောင်ပုဒ်နှင့်အညီ ကျင်းပသော ယနေ့အခမ်းအနားသည် အသည်းရောင်ရောဂါ တိုက်ဖျက်ရေးတွင် မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်ချက်များနှင့် လည်းများစွာ တူညီမှုရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အသည်းရောင်ရောဂါ ကင်းဝေးရေးပန်းတိုင်ရရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားကောင်းလာစေရေးနှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage-UHC)ရရှိစေရေး အခြေခံလိုအပ်ချက်ဖြစ်သည့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း။ မြန်မာနိုင်ငံ၏ အသည်းရောင် ရောဂါကာကွယ်၊ ကုသမှုလုပ်ငန်းများတွင် အောင်မြင်တိုးတက်မှုများအနေဖြင့် အခမဲ့အသည်းရောင် ရောဂါစီပိုးကုသမှုကို ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်းပြည်သူ့ဆေးရုံ ၃၆ ရုံအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူလူထုနှင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသည်းရောင်ရောဂါ ဘီကာကွယ်ဆေးကို အမျိုးသားကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းထားပြီး မွေးကင်းစကလေးငယ် တိုင်းအားလုံးကိုလည်း မွေးပြီးပြီးချင်း ထိုးနှံပေးလျက်ရှိပါကြောင်း၊ အမျိုးသားသွေးလှူဘဏ်နှင့် နိုင်ငံတစ်ဝန်းရှိ သွေးလှူဘဏ်များ အားလုံးတွင်လည်း ၂၀၁၂ ခုနှစ် မှစတင်၍ လုံခြုံစိတ်ချရသည့် သွေးလှူဒါန်းခြင်းဆိုင်ရာ အစီ အစဉ်ကို စနစ်တကျဆောင်ရွက် နိုင်ခဲ့ပြီး အသည်းရောင်ရောဂါ ဘီရောဂါဖြစ်ပွားမှုနှုန်းနှင့် အသည်းရောင်ရောဂါစီ ဖြစ်ပွားမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း။ အသည်းရောင်ရောဂါ ကုသရေးဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေးဆောင်ရွက်လျက်ရှိပြီး မိခင်မှကလေးသို့ အသည်းရောင်ရောဂါများ မကူးစက်နိုင်ရေးကာကွယ်ရေးနှင့် ပြည်သူဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသည်းရောင်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ လူတိုင်း လက်လှမ်းမီစေရေး အသည်းရောင်ရောဂါဆိုင်ရာ အမျိုးသားမဟာ ဗျူဟာစီမံကိန်းချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အသည်းရောဂါ ဖောင်ဒေးရှင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအား အရှိန် အဟုန်မြှင့် တွန်းအားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ညီလာခံမှတစ်ဆင့် တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများအားလုံး အသည်းရောင်ရောဂါ ကာကွယ်ကုသရေးအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း၊ အမဲချောင်းတွင် ဂဏန်းပိုက်ချနေသည့်အမျိုးသားတစ်ဦးကို မိကျောင်းကိုက်သေဆုံး NOM၊ဧပြီ၂၉၊၂၀၂၉ ဧရာဝတီတိုင်း‌ေဒသကြီး၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း၊ အမဲချောင်းတွင် ဂဏန်းပိုက်ချနေသည့်အမျိုးသားတစ်ဦးကို ၁၅ ပေ ရှည်သော မိကျောင်းက ကိုက်ချီသွားခဲ့‌၍သေဆုံးခဲ့ကြောင်း ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှထုတ်ပြန်ချက်အရသိရသည်။ ဖြစ်စဉ်မှာဧပြီ ၂၇ ရက်ည ၇ နာရီက ချောင်းထဲ ဂဏန်းပိုက်ချနေအသက်၁၈နှစ်အမျိုးသားတစ်ဦး၏လှေကို အလျား ၁၅ ပေ၊ ဗြက် ၃ ပေခန့်ရှိမိကျောင်းက ‌ရေထဲကနေ လှမ်းကိုက်လိုက်သည့်အချိန် လှေကို ထိလို့ လှေမှောက်သွားခဲ့ပြီး ရေထဲကျသွားတဲ့အချိန် မိကျောင်းက ကိုက်ချီသွားခဲ့ပြီးနောက်တစ်နာရီ လောက်အကြာတွင် ဒေသခံများကအမျိုးသား ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့သည်။သေဆုံးသူ ရုပ်အလောင်းကို စက်ဆန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်‌ေပးခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံ ဧပြီ ၂၈၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ရှိ ဧည့်ခန်းမတွင် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ဧပြီလ ဒုတိယပတ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးရေးတို့အတွက် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးသွားရန် ပြင်ဆင်နေသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကိစ္စတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။