ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 422 名订阅者,在 新闻与媒体 类别中位列第 16 330,并在 缅甸 地区排名第 9 947 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 422 名订阅者。

根据 27 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -136,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.32% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 648 次浏览,首日通常累积 493 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 10。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 28 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 422
订阅者
-924 小时
-317 天
-13630 天
帖子存档
ရန်ကုန်-ပုဂံ ရထားလမ်းပိုင်း (အနောက်ဘက်လမ်းပိုင်း) ကို ယခင် ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲမည် NOM၊အောက်တိုဘာ၂၁၊၂၀၂၆ ပြေးဆွဲမှုရပ်နားထားသည့်တစ်နှစ်ကျော်ရှိပြီဖြစ်သော ရန်ကုန်-အောင်လံ-တောင်တွင်းကြီး-ပုဂံ ရထားလမ်းပိုင်း (အနောက်ဘက်လမ်းပိုင်း) ကို အောက်တိုဘာ ၂၃ ရက်မှစတင်၍ ယခင် ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မြန့်မာ့မီးရထားမှသိရသည်။ အဆိုပါ ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်းသည်၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက ပြည်-ပုဂံ ရထားလမ်းပိုင်း (ဝက္ကသေးရွာအနီး) ရှိ ရန်ပယ်ချောင်းတံတား ရေလယ်တိုင် အမှတ် ၂ နှင့် အမှတ် ၃ တို့ နိမ့်ကျမှုဖြစ်ပွားခြင်းကြောင့် ရထားများဖြတ်သန်းသွားလာရန် အဆင်မပြေတော့သဖြင့် ရန်ကုန်-အောင်လံ-တောင်တွင်းကြီး-ပုဂံရထားလမ်းပိုင်းတစ်လျှောက် တိုက်ရိုက်ပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ၎င်းခရီးစဉ်အတွက် ၂၀၂၅ အောက်တိုဘာ ၂၁ ရက်တွင် ရထားလမ်းကြောင်းပြောင်းလဲပြီး ရန်ကုန်-ပျဉ်းမနား–ပုဂံ ခရီးစဉ်အဖြစ် (အရှေ့ဘက်လမ်းပိုင်း) တွင် လက်ရှိအချိန်အထိ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
21 10月, 08:20

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စတိုးဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဂျပန်သွားရန်လူငယ်တစ်ဦး အသတ်ခံရ NOM အောက်တိုဘာ ၂၁၊ ၂၀၂၆ ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စတိုးဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဂျပန်သွားရန်လူငယ်တစ်ဦး အသတ်ခံရ NOM အောက်တိုဘာ ၂၁၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ အမှတ် (၂၁) ရှိ စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားသုံးဦးကအောက်တိုဘာ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ဝင်ရောက်ဓားပြတိုက်ပြီး အိမ်ရှိလူငယ်တစ်ဦးကိုသတ်ဖြတ်ခဲ့ကြောင်းသိရသည်။ "မနက်အစောပိုင်း စတိုးဆိုင်အနောက်ဘက်ကနေ အထဲဝင်ပြီး ဓားပြတိုက်တာ။ အဲဒီအချိန်မှာ ဂျပန်သွားမယ့်ကောင်လေးက အော်လိုက်တာ။ သူ့ကို ဓားပြတွေက ဓားနဲ့လည်ပင်းထိုးသတ်လိုက်တာလို့ သိရတယ်။ ပြီးတော့ ကောင်လေးရဲ့အဒေါ်ကလည်း ဒဏ်ရာတွေရပြီး အရေးပေါ် ဖြစ်နေတယ်။ အခင်းဖြစ်ပြီးတော့ ဓားပြသုံးယောက်က ထွက်ပြေးတာ။ တစ်ယောက်ကို ဖမ်းမိတယ်လို့ သိရတယ်" ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။ သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်‌ မောင်စိုပြည် (ခ) စွမ်းညီဖြစ်ပြီး ဂျပန်သို့သွားရန် စောင့်ဆိုင်းနေသူတစ်ဦးဖြစ်ကြောင်းသိရသည်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကိုစစ်ဆေးရာလုယက်သူများသည် ABC မှတ်တိုင်မှ ဒေါပုံဘက်သို့ ထွက်ပြေးသွားသည်ကိုတွေ့ရသဖြင့် အဖွဲ့များခွဲပြီးလိုက်လံဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်သော ကြက်ဘဲစျေးလုပ်သား မောင်မောင် (၁၉ရနှစ်) ကိုညနေ ၃:၃၀ နာရီအချိန်တွင် ဧရာဝဏ်လမ်းမကြီး၊ မင်းနန္ဒာအိမ်ယာအနီးတွင် လူသတ်ရာတွင် အသုံးပြုခဲ့သော အသွားခြောက်လက်မခွဲခန့်ရှိဓားဦးချွန်နှင့်အတူ ဖမ်းဆီးရမိပြီး စစ်ဆေးချက်အရ အတူပြစ်မှုကျူးလွန်သူများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် (၆) လမ်းနေအကြီးကောင်နှင့် အကြီးကောင်၏ သူငယ်ချင်းတစ်ဦးဖြစ်ကြောင်း သိရသဖြင့် ဆက်လက်ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်းနှင့် ဓားထိုးခံထားရသူတစ်ဦးဖြစ်သည့် ဒေါ်တင်တင်ဝင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်ကုသလျက်ရှိကြောင်းသိရသည်။
21 10月, 07:51

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ ပျက်ပြားသွားပြီးနောက်၊ ရေနံဈေးနှုန်းသ
အီရန်စစ်ပွဲနှင့် ပတ်သက်၍ ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ ပျက်ပြားသွားပြီးနောက်၊ ရေနံဈေးနှုန်းသည် နာရီပိုင်းအတွင်း တစ်စည်လျှင် ၁၁၀ ဒေါ်လာ သို့ အရှိန်အဟုန်ဖြင့်မြင့်တက်သွားခဲ့သည်။
21 10月, 06:24

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ National Historical and Cultural Museum-Reserve “Nesvizh” သို့ သွားရောက်လေ့လာ အောက်တိုဘာ ၂၁၊ ၂၀၂၆ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ပြည်ထောင်စုကောင်စီဥက္ကဋ္ဌ မစ္စစ် နာတာလျာကိုချန်နိုဗာ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ညှက်စဘစ်ရှ် (Nesvizh) မြို့ရှိ National Historical and Cultural Museum-Reserve “Nesvizh” ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။ အဆိုပါပြတိုက်ကို ၂၀၀၅ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်ခဲ့ပြီး သမိုင်းဝင်ပစ္စည်း ၂၄,၀၀၀ ကျော်ကို ပြသထားသည့် ပြခန်း ၁၅ ခန်း ပါဝင်သည်။ ထို့ပြင် ပြတိုက်အဆောက်အအုံအစုအဝေးတွင် Nesvizh မြို့တော်ခန်းမ၊ သမိုင်းဝင် Slutsk Gate နှင့် သမိုင်းဝင်ပန်းခြံ ၅ ခု ပါဝင်ကြောင်း သိရသည်။
21 10月, 06:21

ရန်ကုန်တိုင်းဒေသကြီး၌ အသက်(၉)လမှ (၅၉)လအရွယ် ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း ဆေ
ရန်ကုန်တိုင်းဒေသကြီး၌ အသက်(၉)လမှ (၅၉)လအရွယ် ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အသိပညာပေး ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ အောက်တိုဘာ ၂၁၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၌ အသက်(၉)လမှ (၅၉)လအရွယ် ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အသိပညာပေး ဆွေးနွေး ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး‌ဒေါ်နှင်းနှင်းအေး၊ တိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း အထိမ်းအမှတ်သီချင်းဗီဒီယိုအား ပြသသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက အသက်(၉)လမှ (၅၉)လ အရွယ်ကလေးများ၏ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
21 10月, 06:18

သန်လျင်မြို့နယ် ညောင်သုံးပင်အပိုင်းတွင် ရထားတိုက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး NOM၊အောက်တိုဘာ၂၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး
သန်လျင်မြို့နယ် ညောင်သုံးပင်အပိုင်းတွင် ရထားတိုက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး NOM၊အောက်တိုဘာ၂၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းရှိ ရထားလမ်းမပေါ်တွင် ယမန်နေ့(အောက်တိုဘာ ၂၀ ရက် )နံနက်ပိုင်းက ရထားတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းလောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာသေဆုံးသူ ကိုအောင်သူအသက်၂၇နှစ်သည် ရန်ကုန်မြို့တွင်အလုပ် လုပ်နေသူဖြစ်ပြီး အောက်တိုဘာ၁၉ရက်တွင်ဘိုးဘွားများအားလာကန်တော့ပြီးဘုန်းကြီးကျောင်းတွင်သွားအိပ်မည်ဟုပြောပြီးထွက်သွားခဲ့ ကြောင်းသိရသည်။ "ကျွန်တော်တို့ကြားရတာညကဘုန်းကြီးကျောင်းမှာအိပ်တယ်မနက်အစောကြီးအဘွားအိမ်ကိုပြန်တယ်ထယ် သူရထားတိုက်ခံရပြီးသေဆုံးတဲ့နေရာနဲ့ သူအဘွားအိမ်နဲ့က ကိုက်၁၀၀လောက်ဘဲကွာပါတယ် "ဟု လောကအလင်း လူမှုကူညီကယ်ဆယ်ရေး အသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို လောကအလင်းလူမှုကူညီရေးအသင်းက သန်လျင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
21 10月, 02:45

ဟော်မုဇ်ရေလက်ကြားတွင်အီရန်၏သင်္ဘောဖျက်ဒုံးကျည်ထိမှန်သွားသောရေနံတင်သင်္ဘောကြီး
21 10月, 02:27

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့်စစ်သည်များပါ၀င်သ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့်စစ်သည်များပါ၀င်သော မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များ ဗီယက်နမ်နိုင်ငံသို့ လေ့လာခရီးထွက်ခွာ   အောက်တိုဘာ ၂၀၊ ၂၀၂၆   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် အစားခန့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။   အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။   အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံးရရှိသော ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး လူရည်ချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူ ခုနစ်ဦး၊ ဂုဏ်ထူး သုံးဘာသာဖြင့် အောင်မြင်သော စစ်သည်နှစ်ဦး၊ ကျောင်းအုပ်ကြီးတစ်ဦး၊ အုပ်ချုပ်မှု တာဝန်ခံလေးဦး စုစုပေါင်း ၃၀ တို့ပါဝင်ကြပြီး ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂၆ ရက်အထိ လေ့လာရေးခရီးစဉ်ကာလအတွင်း ဗီယက်နမ်နိုင်ငံရှိ FPT Software Center နှင့် viettel Academy၊ ဗီယက်နမ် Data Base စီမံခန့်ခွဲရေးကုမ္ပဏီ၏ Data Center၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး တက္ကသိုလ် (Quoc Tu Giam) ရှိ စာပေဗိမာန် (Temple Of literature)၊ ဗီယက်နမ်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းများထဲမှ တစ်ဆူ‌ဖြစ်သည့် West Lake ရှိ ဗုဒ္ဓဘာသာဝင်တို့၏ Tran Quoc ဘုရားကျောင်း၊ ရှေးဟောင်းမြို့တော်(Hoa Lu)မြို့၊ ကမ္ဘာ့အမွေ အနှစ်နေရာများဖြစ်သည့် Trang An (ထရန်အန်)၊ Holong Bay နှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။   တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန် လူငယ်များအား ၂၀၂၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
21 10月, 02:12

အမျိုးသမီးတစ်ဦးကို ကိုရီးယားနိုင်ငံသားဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်   အောက်တိုဘာ ၂၀၊ ၂၀၂၆   အမျိုးသမီးတစ်ဦးကို ကိုရီးယားနိုင်ငံသားဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ပြီး တိမ်းရှောင်တရားခံ အေးအေးဝင်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မြရတနာ (၅) လမ်းနေ အမျိုးသမီးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ထီးတန်းကမ်းနားလမ်းနေ သိမ့်သိမ့်နွေးနှင့် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဝဇီရာ (၆) လမ်းနေ အေးအေးဝင်းတို့က ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းပါက တင်တောင်းငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လစဉ်ထောက်ပံ့ကြေးရရှိရေးနှင့် ကိုရီးယားနိုင်ငံ၌ မိသားစုများ အလုပ်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ဆောင်ရွက်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ) ၁၀၈/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်တွင် အလုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သိမ့်သိမ့်နွေးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးအေးဝင်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
21 10月, 01:59

တပ်မတော်(လေ)သက်ကြီးပူဇော်ပွဲကျင်းပ NOM၊အောက်တိုဘာ၂၁၊၂၀၂၆ တပ်မတော်(လေ)မိသားစုများ၏အဌမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲကိုယနေ့အောက်တ
တပ်မတော်(လေ)သက်ကြီးပူဇော်ပွဲကျင်းပ NOM၊အောက်တိုဘာ၂၁၊၂၀၂၆ တပ်မတော်(လေ)မိသားစုများ၏အဌမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲကိုယနေ့အောက်တိုဘာလ၂၁ရက်နံနက်ကမြဝတီမီဒီယာစင်တာတွင်ကျင်းပခဲ့ကြောင်းသိရသည်။ကန်တော့ပွဲတွင်အသက်၁၀၂နှစ်ရှိအငြိမ်းစားလေတပ်ဦးစီးချုပ်ဗိုလ်ချုပ်သူရစောဖြူနှင့်အငြိမ်းစားလေတပ်ဦးစီးချုပ်များ၊အငြိမ်းစားစက်မှုလက်မှုအရာရှိချုပ်များအပါအဝင်အသက်၇၅နှစ်အထက်အငြိမ်းစားဆရာသမားများကိုမိသားစုများမှကန်တော့ခဲ့ပြီးအငြိမ်းစားလေတပ်ဦးစီးချုပ်ဗိုလ်ချုပ်မြင့်ဆွေကဆုတောင်းစကါးပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
21 10月, 01:13

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ယာဉ်များအတွက် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ယာဉ်များအတွက် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိ   အောက်တိုဘာ ၂၀၊ ၂၀၂၆   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေစေရန်အတွက် “က” ကုန်စည်ယာဉ် ၁၂၇၅ စီး၊ “ခ” ခရီးသည်တင်ယာဉ် YBS ၅၅၁၆ စီးနှင့် အခြား ၆၄၂ စီး၊ “ဂ’’ စင်းလုံးငှား / Taxi ၁၇၉၉၁ စီး ၊ “ဃ” ကြိုပို့ယာဉ် ၁၈၄ စီး၊ “င” ကိုယ်ပိုင်စီးပွားသုံးယာဉ် ၁၁၅၉ စီး၊ ဌာနဆိုင်ရာယာဉ် ၁၉၀ စုစုပေါင်း ၂၆၉၅၇ စီးကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ယာဉ်များအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးထားပြီး လိုအပ်သောဓာတ်ငွေ့များကို မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်မှ ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးရောင်းချရန်စီမံထားရှိပြီး ထိုသို့ဖြန့်ဖြူးရာတွင် ကားအစီးရေနှင့် အကြိမ်အရေအတွက် ကန့်သတ်မှုမရှိဘဲ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိသည်။   ခရီးသွားပြည်သူများ ယာဉ်စီးခသက်သာစွာ သွားလာနိုင်ရန်အတွက်လည်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ကို 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကာ လက်ရှိတွင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၁ ဆိုင်သို့ နေ့စဉ် YBS ယာဉ် ၃၃၀၀ ခန့်၊ Taxi ၃၁၀၀၀ ခန့်နှင့် အခြားယာဉ် ၁၅၀၀ ခန့် စုစုပေါင်းယာဉ် ၃၆၀၀၀ ခန့် (တစ်နေ့လျှင် ၂ ကြိမ် ဖြည့်သောယာဉ်များအပါအဝင်) လာရောက်ဖြည့်သွင်းလျက်ရှိပြီး နေ့စဉ်သဘာဝဓာတ်ငွေ့ ၂၆ ကုဗပေ သန်းခန့် လုံလောက်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
20 10月, 20:15

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေက CI (Certificate of Identity) စာအုပ်ပြုလုပ်ရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်သံတွေ၊ ငြင်းဆန်တာတွေ မြင်လာရတယ်။ ထုံးစံအတိုင်း လက်ရှိအစိုးရကို နိုင်ငံရေးအရဆန့်ကျင်ပြီး ထိုင်းနိုင်ငံကို ရောက်လာကြတာ ဆိုတော့ မြန်မာသံရုံးနဲ့ မဆက်သွယ်ချင်ဘူး၊ CI စာအုပ်လုပ်တာတွေကို မလုပ်ချင်ကြတဲ့သဘော။ ငွေလွှဲရမှာ‌တွေ၊ အခွန် ဆောင်ရမှာတွေကလည်း အကြောင်းပြချက် တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီတော့ ယာယီနေထိုင်ခွင့်လို့ သူတို့ပြောတဲ့ ပန်းရောင်ကတ်နဲ့ပဲ ထိုင်းနိုင်ငံမှာ နေခွင့်နဲ့ အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုနေကြတယ်။ ဒီနေရာမှာ ပထမဆုံး သတိပြုရမဲ့ အချက်က ထိုင်းနိုင်ငံမှာ သုံးနေတဲ့ ပန်းရောင်ကတ်နဲ့ CI စာအုပ်တို့က ရည်ရွယ်ချက်နဲ့ ဥပဒေဆိုင်ရာ အခန်းကဏ္ဍ မတူညီကြဘူးဆိုတာကို နားလည်ဖို့က ပိုအရေးကြီးတယ်။ နိုင်ငံရေးက ကိုယ့်ဖာသာ မကျေနပ်လို့ မဆက်ဆံချင်တာက တပိုင်းသပ်သပ်ပါ။ ပန်းရောင်ကတ်ဆိုတာက နိုင်ငံခြားသားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ နေထိုင်မှုအခြေအနေ‌ တွေကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက လိုအပ်ချိန်မှာ လိုအပ်သလို စီမံခန့်ခွဲနိုင်ဖို့ အသုံးပြုတဲ့ ယာယီအထောက်အထား ပုံစံမျိုးပဲရှိတယ်။ ဒီပန်းရောင်ကတ်နဲ့ပဲ Visa သက်တမ်းတိုးမယ်။ အလုပ်လုပ်ခွင့်ပြုမယ်ဆိုရင် Migration ကိစ္စက ထိုင်းအတွက် သေချာပေါက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာတော့မယ်။ နောက် ပန်းရောင်ကတ်ရဲ့ပြဿနာက နယ်ကျော် ခွင့်မပြုဘူး။ မိရင် ဖမ်းခံရမယ်။ ပိုက်ဆံပေးရမယ်။ အနိုင်ကျင့်ခံရဖို့လည်း သိပ်လွယ်လောက်မယ်။ နောက် ပြဿနာ တစ်ခုက ပန်းရောင်ကတ်တစ်ခုတည်းကို အားကိုးပြီး ရေရှည်နေထိုင်ဖို့ ကြိုးစားတာက သက်ဆိုင်ရာအလုပ်သမားဥပဒေအရ တခုခု အခက်အခဲ ဖြစ်လာရင် ဥပဒေအကြောင်းအရ အကာအကွယ်မဲ့ တယ်ဆိုတာ နားလည်ဖို့လည်း လိုသေးတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား လုပ်ခ မပေးတာ၊ အနိုင်ကျင့်တာမျိုး ဖြစ်လာရင် ရဲတောင် မတိုင်ရဲတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ ပန်းရောင်ကတ်မှာပဲ ပွဲစား ယဉ်ကျေးမှု ထပ်ရှိလာနိုင်မယ်။ သေချာတာကတော့ ဂုဏ်သိက္ခာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား တစ်ယောက်က သက်ဆိုင်ရာ မိမိနိုင်ငံရဲ့ သက်သေခံ အထောက်အထားကတော့ မဖြစ်မနေရှိသင့်တယ်လို့ မြင်တယ်။ ဒီနေရာမှာ မြဝတီ၊ တာချီလိတ်က ခိုးဝင်ပြီး ပန်းရောင်ကတ်နဲ့ပဲ ထိုင်းမှာ တသက်လုံး နေခွင့်ရချင်တာကလည်း သူတို့ ဆန္ဒပေါ့။ ဒါပေမယ့် ပန်းရောင်ကတ်ရဲ့ သဘောသဘာဝကို ကျော်လွန်ပြီး ထိုင်းဘက်က ဥပဒေ ဖြေလျော့ပေးမယ်လို့လည်း မမြင်ပါဘူး။ ဒါ့ကြောင့် ပန်းရောင်ကတ် တခုတည်းကိုင်ပြီး ထိုင်နိုင်ငံမှာ ရေရှည်ရပ်တည်နေဖို့ ရွေးချယ်တယ်ဆိုတာ ...ကိုယ့်ဖြစ်ကိုယ်ခံလို့ပဲ ပြောရမှာပါ။ နိုင်ငံရေးဆန္ဒက သပ်သပ်၊ ဥပဒေ လုပ်ထုံးလုပ်နည်းက သပ်သပ်ဆိုတာ နားလည်ဖို့က ပိုအရေးကြီးပါတယ်။ (နရီမိုး)
20 10月, 19:31

ပါလက်စတိုင်းထောက်ခံသည့်ဆန္ဒပြပွဲအတွင်းသက်ကြီးရွယ်အိုတစ်ဦးကိုဂျာမန်ရဲကအကြမ်းဖက်ဖမ်းဆီး NOM ဂျာမနီနိုင်ငံ၊ အူလမ် မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြပွဲတစ်ခု၌ အသက် ၇၆ နှစ်အရွယ် ဆန္ဒပြသူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ဒဏ်ရာရရှိခဲ့သည်။ ဗွီဒီယိုဖိုင်တွင် "Stand With Iran" ဟုရေးသားထားသော တီရှပ်ဝတ်ဆင်ထားသည့် အဆိုပါပင်စင်စားအမျိုးသားကို ရဲတပ်ဖွဲ့ဝင်များက မြေပြင်ပေါ်သို့ ဖိနှိပ်ချုပ်နှောင်ထားပြီး၊ နောက်ပိုင်းတွင် ဦးခေါင်းနှင့် မျက်နှာတို့၌ သွေးများစွန်းထပ်လျက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ရသည်။ အဆိုပါဗွီဒီယိုမှာ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး တက်ကြွလှုပ်ရှားသူများက ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ပြင်းထန်သော စွပ်စွဲချက်များ ထုတ်ဖော်ပြောဆိုနေကြသည်။ အဆိုပါဆန္ဒပြပွဲကို အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Elbit Systems ၏ အူလမ်မြို့ရုံးခန်းများကို ပစ်မှတ်ထားကာ တစ်ပတ်ကြာပြုလုပ်သည့် ဆန္ဒပြစခန်းချလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အောက်တိုဘာ ၁၇ ရက်၊ စနေနေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အူလမ်မြို့ ကက်သဒရယ်ရင်ပြင် မှ ဆန္ဒပြစခန်းသို့ လူ ၁၀၀ ခန့် ချီတက်ခဲ့ကြသည်။
20 10月, 14:28

ပါကစ္စတန်ဦးစီးချုပ်နှင့်အီရန်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး NOM အီရန်သို့ရောက်ရှိနေသောပါကစ္စတန်စစ်ဦးစီးချုပ်သည်အီရန်လွှတ်တော်ဥ
+1
ပါကစ္စတန်ဦးစီးချုပ်နှင့်အီရန်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး NOM အီရန်သို့ရောက်ရှိနေသောပါကစ္စတန်စစ်ဦးစီးချုပ်သည်အီရန်လွှတ်တော်ဥက္ကဌ၊အမျိုးသားလုံူခြုံရေးကေါင်စီအတွင်းရေးမှူးတို့ဖြင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသတင်းအရရေနံစျေးနှုန်းသည်အနည်းငယ် ပြန်လည်ကျဆင်းသွားသည်။
20 10月, 14:16

ယူကရိန်းသမ္မတဇလင်စကီး၏ဥရောပအလှူခံခရီးစဉ်ကိိုလှောင်ပြောင်ထားသည့်ကါတွန်း
ယူကရိန်းသမ္မတဇလင်စကီး၏ဥရောပအလှူခံခရီးစဉ်ကိိုလှောင်ပြောင်ထားသည့်ကါတွန်း
20 10月, 14:04
01 11月, ~14:28

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ အောက်တိုဘာ ၂၀၊ ၂၀၂၆   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ရုံးတော်၊ ဧည့်ခန်းမ၌လာရောက် ဂါရဝပြု တွေ့ဆုံသည်။
20 10月, 10:48

တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍
+2
တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍ ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက်
20 10月, 10:46
01 11月, ~22:45

တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍
+9
တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍ ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက်။
20 10月, 10:38

ရဲတပ်ဖွဲ့က "ထိန်းချုပ်နိုင်စွမ်း မရှိတော့" သဖြင့် စနေနေ့ ဆန္ဒပြပွဲများအတွက် ပြင်သစ် စစ်သားများ စေလွှတ်မည် NOM ပြင်သစ်နိုင်ငံတ
ရဲတပ်ဖွဲ့က "ထိန်းချုပ်နိုင်စွမ်း မရှိတော့" သဖြင့် စနေနေ့ ဆန္ဒပြပွဲများအတွက် ပြင်သစ် စစ်သားများ စေလွှတ်မည် NOM ပြင်သစ်နိုင်ငံတွင် လာမည့်စနေနေ့၌ ကျင်းပရန် စီစဉ်ထားသော ဆန္ဒပြပွဲများအတွင်းမျစစ်သားများကို ချထားပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး လော်ရင့် နူးညက်ဇ် က ပြောကြားခဲ့သည်။ ထိုစစ်သားများသည် ပြည်ထဲရေးလုံခြုံရေးတပ်ဖွဲ့များ၏ နေရာတွင် ဝင်ရောက်၍ အဓိကနေရာများကို စောင့်ကြပ်ပေးမည်ဖြစ်ပြီး၊ ၎င်းက ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူအုပ်ကြီးနှင့် ရင်ဆိုင်ရန်အတွက် အင်အားလုံလောက်စွာလွတ်စေမည်ဖြစ်ကြောင်း နူးညက်ဇ်က ဆိုသည်။ ဝန်ကြီးချုပ် ဆီဘက်စတီယင် လီကိုနူး ကလည်း အကြီးစား ရဲတပ်ဖွဲ့ အင်အားဖြန့်ကျက်မှု ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အခြေအနေကို "ထိန်းချုပ်နိုင်စွမ်း မရှိတော့" ကြောင်း နူးညက်ဇ်က ဝန်ခံခဲ့ပြီး ပဲရစ်မြို့နှင့် အခြားမြို့ကြီးအချို့တွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားသည်။ ဆန္ဒပြပွဲများအတွင်း စစ်တပ်ကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကဖြစ်သည်။
20 10月, 10:28

အမေရိကန်၏မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်ပစ်ချခံရပြန် NOM ဟော်မုဇ် ရေလက်ကြားပေါ်တွင် အမေရိကန်၏ MQ-9A Reaper တိုက်ခိုက်ရေး လူမဲ့
အမေရိကန်၏မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်ပစ်ချခံရပြန် NOM ဟော်မုဇ် ရေလက်ကြားပေါ်တွင် အမေရိကန်၏ MQ-9A Reaper တိုက်ခိုက်ရေး လူမဲ့လေယာဉ် (UCAV) ကို ပစ်ချခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။ယခုပစ်ချခံရသည့်မောင်းသူမဲ့လေယာဉ်သည်အီရန်ကပစ်ချခဲ့သည့်၅၄စီးမြောက်မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်။
20 10月, 08:50