es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 390 suscriptores, ocupando la posición 15 945 en la categoría Noticias y medios y el puesto 10 125 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 390 suscriptores.

Según los últimos datos del 11 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -201, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.96%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.70% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 987 visualizaciones. En el primer día suele acumular 707 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 14.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 12 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 390
Suscriptores
-924 horas
-567 días
-20130 días
Archivo de publicaciones
Repost from NOM
BREAKING: Bondi ကမ်းခြေပစ်ခတ်မှုမှာ သေဆုံးသူ ၁၂ ဦးအထိ တိုးမြှင့်လာပြီး ကလေးတဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ - သေနတ်သမားနှစ်ဦးကို ရဲတွေက မဖမ်းဆီးနိုင်ခင် အရပ်သားတဦးက သေနတ်သမားတဦးဆီက သေနတ်ကို ဝင်ရောက်လုယူခဲ့ပါတယ်။ - သေနတ်သမားတဦး နေရာမှာတင် သေဆုံးခဲ့ပြီး ဒုတိယတဦးကိုတော့ ဒဏ်ရာနဲ့ ဖမ်းမိခဲ့ပါတယ်။ သူတို့ယူဆောင်လာတဲ့ ကားတစီးပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါဝင်လာတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ NOM

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင်လမ်း၌ စကားရပ်ပြောနေသည့် ကျောင်းဆရာတစ်ဦးနှင့် အရပ်သားပြည်သူနှစ်ဦးကို KIA အကြမ်းဖက်အဖွဲ့နှင
+2
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင်လမ်း၌ စကားရပ်ပြောနေသည့် ကျောင်းဆရာတစ်ဦးနှင့် အရပ်သားပြည်သူနှစ်ဦးကို KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက် NOM ဒီဇင်ဘာ ၁၄၊ ၂၀၂၅ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနေ ကဝါးယံကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဖြစ်သူ ဦးမင်းထက်နိုင် (၂၉) နှစ်သည် ကညင်မြိုင်ကျေးရွာမှ မန်ရွက်ကျေးရွာဘက်သို့ တစ်ဦးတည်း ထွက်ခွာလာခဲ့ရာ (၈) မိုင်ကျေးရွာလမ်းဆုံအနီးအရောက် သူငယ်ချင်းဖြစ်သူ ဦးမင်းမင်းထွန်း (၃၀) နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ မမေဇင်အောင် (၂၈) နှစ်တို့နှင့်တွေ့ဆုံ၍ စကားရပ်ပြောနေစဉ် ၎င်းတို့အနီးသို့ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
🇦🇺 သာမန်ဘေးလူတစ်ယောက်က ဆစ်ဒနီကမ်းခြေမှာ အကြမ်းဖက်သေနတ်သမားတစ်ယောက်ကို နောက်ကနေ လိုက်ဖမ်းပြီး သေနတ်ကို ဝင်လုနေခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်သေနတ်သမားဟာ ထွက်ပြေးဖို့တောင် ကြိုးစားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ NOM

Repost from NOM
ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ သားကောင်တဦးဖြစ်ခဲ့ပြီး ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ Arsen Ostrovsk
ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ သားကောင်တဦးဖြစ်ခဲ့ပြီး ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ Arsen Ostrovsky ကိုယ်တိုင် တင်ထားတဲ့ ရုပ်ပုံဖြစ်ပါတယ်။ NOM

Repost from NOM
ဘွန်ဒီကမ်းခြေပစ်ခတ်မှုရဲ့ အကြမ်းဖက်တဦးဟာ ပါကစ္စတန်ဖွား Naveed Akram ဆိုသူဖြစ်ကာ ၂၀၀၁ ဖွားမြင်ကာ အသက် ၂၄ နှစ်အ ရွယ်လို့ ဩစတြေး
+2
ဘွန်ဒီကမ်းခြေပစ်ခတ်မှုရဲ့ အကြမ်းဖက်တဦးဟာ ပါကစ္စတန်ဖွား Naveed Akram ဆိုသူဖြစ်ကာ ၂၀၀၁ ဖွားမြင်ကာ အသက် ၂၄ နှစ်အ ရွယ်လို့ ဩစတြေးလျမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ NOM

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ စကားတွေထဲက စစ်သား တစ်ယောက်အနေနဲ့၊ ပြည်သူ တစ်ယောက်အနေနဲ့ သိပ်ကြိုက်ဖိ
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ စကားတွေထဲက စစ်သား တစ်ယောက်အနေနဲ့၊ ပြည်သူ တစ်ယောက်အနေနဲ့ သိပ်ကြိုက်ဖို့ ကောင်းတဲ့ စကားလုံးတွေ ပါတယ်။ အထူးသဖြင့် အချက် (၃)ချက်တွေ့တယ်။ ------ နံပါတ်တစ်အချက်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲက နိုင်ငံတကာ ရွေးကောက်ပွဲမဟုတ်ဘူး။ ဘယ်နိုင်ငံတွေ ထောက်ခံ ခြင်း၊ မထောက်ခံခြင်းက ကိုယ်တွေအလုပ်မဟုတ်ဘူး ဆိုပြီး ပြောတဲ့တစ်ချက်။ --------- နံပါတ်နှစ်အချက်က မကောင်းတဲ့သွေး ဖောက်ထုတ်ပြစ်မယ်ဆိုတဲ့ စကားလုံး။ ဒါက လက်ရှိ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တွေထဲမှာကို ပိုက်ဆံရရင်ပြီးရော ပုံစံနဲ့ ကျားဖျန့် ရုံတွေ နေရာပြောင်းရွှေ့နေတဲ့ သတင်းတွေကို မက်ဆေချ့် ပေးလိုဟန်ရှိတယ်။ ဒီစကားလုံးက အတော်တာ သွားတယ်။ မဟုတ်ရင်…BGF က တပ်မတော်လက်အောက်ခံ ဖြစ်လို့ ၊ တပ်မတော်က ဘာလိုလို ညာလိုလို ဆိုတဲ့စကားတွေ ပြောခံရတာ သိပ် ကြားရတာ အဆင်မပြေဘူး။ ----------- နံပါတ်သုံး အချက်က KNU ကို မင်း ကလေး အကွက်တွေ ထလုပ်မနေနဲ့ဆိုပြီး ပြောသွား တာ။ အရှင်းဆုံး သက်သေအနေနဲ့ ထိုင်းဘက်ကို လက်နက်နဲ့ ပစ်တဲ့ Video ဖိုင်နဲ့ပါ သတင်းမီဒီယာတွေရှေ့ ချပြသွားတာ။ --------- ပြောရရင်…အစိုးရတစ်ရပ်အနေနဲ့ ဒီလို မာမာထန်ထန် ဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲတွေ မကြာခဏ လုပ်ပေးစေချင်ပါတယ်။ မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး အသံထွက်နေတဲ့ မလေးရှား၊ အာဆီယံနဲ့ ဘင်္ဂလားဒေရှ့် သံအမတ်တွေကိုလည်း သီးသန့်ခေါ်ပြီး ကောင်းကောင်းလေး လက်ချာရိုက်ပေးစေချင်ပါတယ်။ (နရီမိုး)

Repost from NOM
+1
Bondi ကမ်းခြေပစ်ခတ်ခံရမှုအတွင်းမှာ ကနဦးသတင်းတွေအရ ၅ ဦးသေဆုံးခဲ့ကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ "Jewish Hanukkah Festival" ပွဲ ကျင်းပနေချိန်အတွင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ NOM

Repost from NOM
+1
ဩစတြေးလျက Bondi ကမ်းခြေမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အနားယူအပန်းဖြေနေသူတွေ ၀ရုန်းသုန်းကားနဲ့ ထွက်ပြေးခဲ့ရပါတယ်။ ပစ်ခတ်ခံခဲ့ရသူတွေ များပြားတယ်လို့ သိရကာ သေနတ်သမား ၂ ဦးကို ပြန်လည်ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကာ အဆိုပါဧရိယာကို ရှောင်ရှားဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ NOM

ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင်သီချင်းတို့ကိုပေါင်းစပ်ပြီး သရုပ်ပျက်ဖျော်ဖြေခဲ့သည့် ဆိုင်
+2
ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင်သီချင်းတို့ကိုပေါင်းစပ်ပြီး သရုပ်ပျက်ဖျော်ဖြေခဲ့သည့် ဆိုင်းအဖွဲ့အား အရေးယူ NOM၊ဒီဇင်ဘာ၁၄၊၂၀၂၅ နေပြည်တော်ကောင်စီနယ် မြေ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာတွင် ဒီဇင် ဘာ၆ရက်က အောင်စိုးမင်းဂီတပဒေသာဆိုင်းအဖွဲ ဖျော် ဖြေမှုတွင် ကြာနီကန်ဆရာ တော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင်သီချင်းတို့ကို ပေါင်းစပ်ပြီး သရုပ်ပျက်ဖျော်ဖြေခဲ့သူများကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ အဆိုပါအောင်စိုးမင်းဆိုင်းအဖွဲ့က ဖျော်ဖြေရာတွင် လူရွှင်တော်က ကိုရီးယားသီချင်းတီးလုံးနှင့်သင်္ကန်း ဝတ်ဆင်သရုပ်ဖော်ပြီးနောက် သင်္ကန်းကိုချွတ်ကာ အများပြည်သူအမြင်မတင့်တယ်သည့်ညစ်ညမ်းသောအပြုအမူ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အောင်စိုးမင်းဆိုင်းက သရုပ်ပျက် ကပြဖျော်ဖြေခဲ့သော ဆိုင်းဆရာ၊ လူရွှင်တော်၊ ပါဝင်ကပြဖျော်ဖြေသည့် အမျိုးသားနှစ်ဦး၊ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တို့ကိုဖမ်းဆီးထားပြီး တောင်ညိုနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၉၅-ကဖြင့်အမှုဖွင့်အရေးယူထား‌ကြောင်းသိရသည်။

မန္တလေး-ရန်ကုန် ရထားလမ်းမှ သံလမ်းဆက်များအားဖြုတ်ယူဖျက်ဆီးသည့်အတွက် ကုန်ရထားလမ်းချော် NOM၊ဒီဇင်ဘာ၁၄၊၂၀၂၅ မန္တလေး-ရန်ကုန် ရထားလ
မန္တလေး-ရန်ကုန် ရထားလမ်းမှ သံလမ်းဆက်များအားဖြုတ်ယူဖျက်ဆီးသည့်အတွက် ကုန်ရထားလမ်းချော် NOM၊ဒီဇင်ဘာ၁၄၊၂၀၂၅ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းက စမုံ- သဲတောဘူတာကြားရှိရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီ၊ သံလမ်းထိန်းကလစ်များကို ဒီဇင်ဘာ၁၃ရက် နံနက်ပိုင်းကမသမာသူများကဖြုတ်ယူဖျက်ဆီးခဲ့ထားသည့်အတွက်ကုန်ရထားတစ်စင်း လမ်ချော်ကျမှုဖြစ်ပွားခဲ့‌ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် စမုံ-သဲတော အစုန်ရထားလမ်းပိုင်းကို ခေတ္တပိတ်ပြီး လမ်ချော်ကျသည့်ရထားတွဲများကို ဆွဲတင်ခြင်း၊ ပျက်စီးသွားသည့်ကွန်ကရစ်ဇလီဖားတုံးများကို အစားထိုးပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့၍ မွန်းလွဲ၂နာရီခွဲခန့်တွင်ကုန်ရထား ဆက်လက်ထွက်ခွာသွားခဲ့‌ကြောင်းသိရသည်။။ ယင်းရထားလမ်းပိုင်းကို မွန်းလွဲ၂း၄၀နာရီတွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားခရီးစဉ်များပုံမှန်ပြေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။

Repost from MyanmarDigitalNews
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ https://youtu.be/drtZSrybw_0?si=T_2tjB_P5zulJ6sS

ပြဿနာက မြေရှားဟာ တရုတ်ရဲ့ သဲခြေကြိုက် ဖြစ်နေတယ်။ မိုင်ဂျာယန်အပေါ် တဝိုက်၊ အထူးဒေသ ၁ ဘက်တွေမှာ မြေရှား ကျင်းတွေ Google map ကနေ
ပြဿနာက မြေရှားဟာ တရုတ်ရဲ့ သဲခြေကြိုက် ဖြစ်နေတယ်။ မိုင်ဂျာယန်အပေါ် တဝိုက်၊ အထူးဒေသ ၁ ဘက်တွေမှာ မြေရှား ကျင်းတွေ Google map ကနေ တွေ့နေပေမယ့် ထိရောက်တဲ့ ဖိအား မပေးနိုင်လေတော့..... တရုတ်အားကိုးရှိတဲ့၊ တနည်းအားဖြင့် တရုတ်သဲခြေကြိုက် ဖြစ်နေတဲ့ မြေရှား ကိုင်ထားသူတွေက State Actor အဆင့်ထက် ကျော်ပြီး G to G သွားရမယ့်ဟာကို ကျင့်ဝတ်တွေပါ ပျက်လာတာ၊ မထီမဲ့မြင် ပြုလာတာလို့ ပြောလို့ရတယ်။ တဖက်က အိန္ဒိယ ကိုကြည့်ရင် တရုတ်-KIA ဆက်ဆံရေး အနေအထားကိုကြည့်ပြီး အစိုးရ ဘာမှ မတုန့်ပြန်တာ မြင်တော့ သူကပါ ရောင့်တက် လာတဲ့ သဘောရှိတယ်။ အကောင်းဆုံးက ကချင်ပြည်နယ် မြေရှားကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ တိုက်ရိုက် စကားပြောဖို့ လိုပြီထင်တာပဲ။ ပြီးရင် ဒီနေရာတွေ ပြတ်ပြတ်သားသား ကိုင်တွယ်ပေါ့။ ဗဟိုထိန်းချုပ်မှုအောက်ပြန်ရောက်မှ မျှတတဲ့ အနေအထားနဲ့ ဆက်သွားပေါ့ ။ ခုက ဗဟိုနဲ့ တိုက်ရိုက် ချိတ်ဆက်မှု မရှိတော့ မြေရှားကဝင်တဲ့ ပိုက်ဆံက KIA ဆီရောက်တယ်။ ကချင်ပြည်သူလူထု လက်ထဲလည်း မရောက်။ ဒီပိုက်ဆံတွေက လက်နက်ထုတ်ပြီး ချင်းနဲ့ ရခိုင်အပါအဝင် အညာဒေသ တွေကို ပြန်ရောက်လာမယ်။ သေချာပေါက် ကိုင်တွယ်ရမယ့် ပြဿနာပါ။ (နရီမိုး)

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံကြား ပြဿနာ ဖြစ်စေရန် KNU က ထိုင်းနိုင်ငံဘက်သို့ ပစ်ခတ်ခြင်းများ ရှိနေကြောင်းနှင့် ယင်း အပြုအမူများကို နှစ်နိုင်ငံ ချစ်ကြည်မှုဖြင့် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီဒီယို သက်သေဖြင့် ပြောကြားသည်။ - တိုက်ပွဲသတင်းစုံ

🇺🇸🇸🇾⚡ ဆီးရီးယားနိုင်ငံ၊ Palmyra ဒေသတွင် အမေရိကန်တပ်ဖွဲ့များနှင့် ဆီးရီးယား HTS (Hayat Tahrir al-Sham) ပူးပေါင်းအဖွဲ့လုံခြ
🇺🇸🇸🇾⚡ ဆီးရီးယားနိုင်ငံ၊ Palmyra ဒေသတွင် အမေရိကန်တပ်ဖွဲ့များနှင့် ဆီးရီးယား HTS (Hayat Tahrir al-Sham) ပူးပေါင်းအဖွဲ့လုံခြုံရေးကင်းလှည့်လည်အပြီး နေ့လည်စာစားနေစဉ် လုံခြုံရေးတ ပ်ဖွဲ့ဝင်တစ်ဦး (ယခင် ISIS အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်သမားဟောင်း) က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အမေရိကန်စစ်သားနှစ်ဦးနှင့် အမေရိကန်အရပ်သားစကားပြန်တစ်ဦးတို့သေဆုံးခဲ့ပြီး HTS တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရ NOM

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်နေ အဘွားအိုတစ်ဦးကို PDF အကြမ်းဖက်သမားသုံးဦးက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၃၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်နေ ဒေါ်ခင်မြင့် (၇၈) နှစ်သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်ရှေ့တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးခန့်က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၁၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ ဒီဇင်ဘာ ၁၃ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၄၁၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၆၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၈၀၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+3

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲ ရှိလိမ့်မယ်ဆိုတာက လက်ရှိ EAO တွေကို ဥပမာပေးလိုတာ။ KIA မှာတပည့်ခံပြီး ၂၀၀၉ မှာ ကျောက်တော် မှာ
+3
ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲ ရှိလိမ့်မယ်ဆိုတာက လက်ရှိ EAO တွေကို ဥပမာပေးလိုတာ။ KIA မှာတပည့်ခံပြီး ၂၀၀၉ မှာ ကျောက်တော် မှာ တိုက်ပွဲ စဖော်ဆောင်တယ်။ လူ လေး ၂၀ မကျော်တဲ့ အနေအထားတစ်ခုအောက်မှာ State Actor အဆင့်က ဘယ်ဆင်း စကားပြောမလဲ။ ရှေ့မှာ သူ့ထက် သက်တမ်းရင့်တဲ့ အဖွဲ့က ရှိနေပြီးသား။ ဆိုတော့ မူဝါဒတူရင် လက်နက်ကိုင်အဖွဲ့ပေါင်းပြီး အစိုးရနဲ့ ဆွေးနွေးကြပေါ့။ အဲ့လိုလည်း မဟုတ်ဘူး။ ရခိုင် လက်နက်ကိုင်အဖွဲ့ချင်း အတူတူတောင် လစ်ရင် လစ်သလို သတ်ဖြတ်ကြချိန်မှာ .....ဘယ်လိုလုပ် ငြိမ်းချမ်းရေး အရွေ့တွေ ထ ဖြစ်မလဲ။ ------ ပိုဆိုးတာက AA အပါအဝင် ထောက်ခံသူတွေ ကိုယ်တိုင် ကွန်ဖက်ထရိတ် ဆန်ဆန်၊ အဖ ရခိုင်ပြည်တွေ ထ လုပ်လာတာပဲ။ အင်အားတည်ဆောက်ဖို့ ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါးကုန်ကူးတာက ငွေကြေးအရ အဆင်ပြေတယ်ဆိုပေမယ့် ရေရှည် ရခိုင်လူထု အတွက်တော့ အဆင်ပြေမနေဘူး။ အဓိက ကတော့ စစ်ပွဲ ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ ရခိုင်ပြည်သူတွေ ငတ်လာတဲ့ ကိစ္စပဲ။ ------ စစ်ဘောင်ကျယ်တဲ့ စစ်ရေး ပဋိပက္ခ အတွက် လူမျိုးရေး မူဝါဒကို အကြောင်းပြ၊ ဗမာမုန်းတီးရေး စိတ်ဓာတ်တွေနဲ့ လူသစ်စု .....၊ ကြာလာတော့ ရခိုင် လူငယ်ထုဆိုတာ ရှားလာခဲ့ပြီ။ ဒါက ဘယ်လို ငြင်းငြင်း အရှိတရားပဲ။ ကြည်း၊ ရေ၊ လေ အစုံရှိတဲ့ တပ်ကို လက်တလော စစ်ဘောင်ကျယ်နေလို့သာ နယ်မြေ ဆုံးရှုံးနေရချိန်မှာ တသက်လုံး တပ်က ထိုးစစ် မစနိုင်ဘူးလို့ ယုံကြည်မျှော်လင့်နေကြတာလည်း သူတို့ ယုံကြည်ချက်ပဲ။ ------- State Actor နဲ့ ယှဉ်ပြီး ရေရှည် စစ်ပွဲ ဖန်တီးမှုက အလုပ် ဖြစ်မဖြစ် ဆိုတာ ယုံကြည်ရင်လည်း စမ်းကြည့်ကြပေါ့။ လက်နက်ခဲယမ်းနဲ့ ငွေကြေး ရိက္ခာဆိုတာ မိဘလက်ရင်း အလုပ်ကနေ ခပ်ယူနေလို့ရတဲ့ ကိစ္စမှမဟုတ်ပဲ။ အဓိကကတော့ နိုင်ငံကြီးတွေရဲ့ ဒီပလိုမေစီက ပြည်နယ်တွင်း လက်နက်ကိုင်အင်အားစုနဲ့ စကားပြောမှာလား၊ တကယ့် Ligitemacy ရှိတဲ့ အာဏာရ အစိုးရနဲ့ ပြောကြမှာလား ဆိုတဲ့ အချက်က အဓိက နိုင်ဖဲ ပဲ။ ------- ရေရှည်အတွက် ပြောတာပါ။ ဆက်မိုက်နေရင် .....ဒီထက် ဆုံးရှုံး နစ်နာမှုတွေ ပိုများပါလိမ့်မယ်။ (နရီမိုး)

+2
ဒီဇင်ဘာလ၁၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်ကဗင်နီဇွဲလားရှိမူးယစ်ဂိုဏ်းများအားမြေပြင်တိုက်ခိုက်မှုစတင်ပြီဟုကြေညာလိုက်သည်။(ဗီဒီယို) ၂။ရုရှား၏ယူကရိန်းနိုင်ငံအိုဒက်ဆာဆိပ်ကမ်းကို အစ်ကန်ဒါဒုံးပျံဖြင့်တိုက်ခိုက်မှုအတွင်းတူရကီကုန်သင်္ဘောထိမှန်မီးလောင်ခဲ့သည်။(ဗီဒီယို) ၃။တူရကီနိုင်ငံခြားရေးဝန်ကြီးဖီဒန်ကယူကရိန်းအနေဖြင့်နယ်မြေအဆုံးခံပြီးငြိမ်းချမ်းရေးယူရန်တိုက်တွန်းလိုက်သည်။ ၄။ထိုင်ဝမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည်ထိုင်ဝမ်ကျွန်း၏လေကာစနစ်T-Domeအတွက်အစ္စရေးသို့လျို့ဝှက်ခရီးသွားရောက်ခဲ့သည်။ ၅။အမေရိကန်သည်G-7နေရာကိုC-5ဟုခေါ်သောအမေရိကန်၊ရုရှား၊တရုတ်၊အိန္ဒိယနှင့်ဂျပန်တို့ဖြင့်အစားထိုးရန်ကြံရွယ်နေသည်။(ဓါတ်ပုံ)

ကျိုင်းတုံမြို့၌ ၁၂ဘီးကားပေါ်တွင်အမျိုးသားတစ်ဦး ဆွဲကြိုးချ‌သေဆုံး NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ ရှမ်းပြည်နယ်(အရှေ့ပိုင်)ကျိုင်းတုံမြို့
ကျိုင်းတုံမြို့၌ ၁၂ဘီးကားပေါ်တွင်အမျိုးသားတစ်ဦး ဆွဲကြိုးချ‌သေဆုံး NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ ရှမ်းပြည်နယ်(အရှေ့ပိုင်)ကျိုင်းတုံမြို့အခါဈေးလမ်းထိပ်ရှိ ၁၂ဘီးကားပေါ်တွင်ယမန်နေ့ ဒီဇင်ဘာ ၁၂ရက်နံနက်၁၀နာရီခွဲခန့်ကအမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးခဲ့သည့်ဟု နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့) မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာအိမ်ဆောက်ပစွည်းများတင်ဆောင်ထားသည့် ၁၂ဘီးကားစပယ်ရာလိုက်နေသည့် မောင်လင်းထက်အသက်၂၈နှစ်သည်ရည်းစားနှင့် အဆင်မပြေဖြစ်ပြီး ကားပေါ်တွင် မိမိကိုယ် မိမိကြိုးဆွဲချသေကြောင်းကြံခဲ့ ကြောင်းသိရသည်။ "လူတစ်ယောက်ကြိုးဆွဲချသေဆုံးနေလို့ လာရောက် ကူညီပေးဖို့ ကျွန်တော်တို့အသင်းရုံးဆက်သွယ်လာလို့ သွားရောက်ခဲ့တာပါ။ သတ်သေရတဲ့အကြောင်းကလည်းသူြကောင်မလေးနဲ့အဆင်မပြေလို့ဆိုတာဘဲသိရတယ်ပြီးတော့သူကိုဆေးရုံပို့ခဲ့ပါတယ်"ဟုနှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း ၊ကျိုင်းတုံမြို့ မှတာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံသူ၏ DB အားနှလုံးလှပိုင်ရှင်များ လူမှုကူညီရေး အသင်း၊ကျိုင်းတုံမြို့အသင်း ကားဖြင့် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

News Of Myanmar - Estadísticas y analítica del canal de Telegram @newsofmyanmar