es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 539 suscriptores, ocupando la posición 16 068 en la categoría Noticias y medios y el puesto 10 064 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 539 suscriptores.

Según los últimos datos del 17 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -265, y en las últimas 24 horas de -4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.37%. Durante las primeras 24 horas tras publicar, el contenido suele obtener 10.05% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 925 visualizaciones. En el primer día suele acumular 1 262 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 16.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 539
Suscriptores
-424 horas
-517 días
-26530 días
Archivo de publicaciones
ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာနေ ရာအိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် မေ ၁၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်က
ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာနေ ရာအိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် မေ ၁၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာနေ ရာအိမ်မှူး ဦးဇော်လွင် (၅၈) နှစ်သည် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးဇော်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အစိုးရရှေ့နေများက ထောင်ဒဏ် ၅ နှစ် ချမှတ်ရန် တောင်းဆိုပြီးနောက် အင်ဒိုနီးရှား ဒုဝန်ကြီးဟောင်းက သူ "ဒီထက် ပိုခိုးခဲ့သင့်သည်" ဟု
အစိုးရရှေ့နေများက ထောင်ဒဏ် နှစ် ချမှတ်ရန် တောင်းဆိုပြီးနောက် အင်ဒိုနီးရှား ဒုဝန်ကြီးဟောင်းက သူ "ဒီထက် ပိုခိုးခဲ့သင့်သည်" ဟု ပြောကြား အင်မန်နျူရယ် အီဘန်နီဇာ (Immanuel Ebenezer) က သူကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀ ခန့် တန်ဖိုးရှိတဲ့ ခြစားမှုကို နောက်ထပ် တရားခံတစ်ဦးရဲ့ အမှုနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုခဲ့တာပါ။ အဲဒီနောက်ထပ် တရားခံတစ်ယောက်ဟာ ဒေါ်လာ ၄.၂ သန်း အထိ အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံထားရပေမဲ့ ထောင်ဒဏ် ၆ နှစ်ပဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဘန်နီဇာက သူ့ရဲ့ အမှုနဲ့ နှိုင်းယှဉ်ရင် ပြစ်ဒဏ်ပမာဏ မမျှမတ ဖြစ်နေတာကို မကျေမနပ်ဖြစ်ပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ NOM

ဘီလျံနာ အဒါနီက အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုပြီးနောက် အမေရိကန်အစိုးရက လိမ်လည်မှုစွဲချက်များကို ရု
ဘီလျံနာ အဒါနီက အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုပြီးနောက် အမေရိကန်အစိုးရက လိမ်လည်မှုစွဲချက်များကို ရုပ်သိမ်း အိန္ဒိယနိုင်ငံရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ခုကို ရရှိရန်အတွက် အဒါနီသည် အိန္ဒိယအရာရှိများကို လာဘ်ထိုးခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို လှည့်ဖြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီအပေါ် စွဲဆိုထားသည့် ရာဇ၀တ်မှုဆိုင်ရာ လိမ်လည်မှုစွဲချက်များကို ပယ်ဖျက်ရန် လုပ်ဆောင်ခဲ့သည်။ အဆိုပါအမှုတွင် အဒါနီသည် အိန္ဒိယနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်စီမံကိန်း ကန်ထရိုက်များရရှိရန် အိန္ဒိယအရာရှိများကို အမေရိကန်ဒေါ်လာ ၂၆၅ သန်းအထိ လာဘ်ထိုးခဲ့ပြီး အဆိုပါစီမံကိန်း ရရှိရန်အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို လိမ်လည်ပြောဆိုခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ဖြစ်သည်။ အဒါနီ၏ ကုမ္ပဏီကမူ ထိုစွပ်စွဲချက်များကို ကာလရှည်ကြာ ငြင်းဆိုလာခဲ့သည်။ အဒါနီက အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုပြီးနောက်တွင် အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) က ဤအမှုကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ နယူးယောက်အရှေ့ပိုင်းခရိုင် အမေရိကန်ခရိုင်တရားရုံးမှ တရားသူကြီး နီကိုလပ်စ် ဂါရော်ဖစ် (Nicholas Garaufis) ထံ တရားရေးဝန်ကြီးဌာနက ပေးပို့သည့် စာတိုတစ်စောင်တွင် “တရားရေးဝန်ကြီးဌာနအနေနဲ့ ဒီအမှုကို ပြန်လည်သုံးသပ်ပြီးနောက် တရားစွဲဆိုခွင့် အာဏာအရ အမှုတွဲပါ တရားခံတစ်ဦးချင်းစီအပေါ် စွဲဆိုထားတဲ့ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေအတွက် နောက်ထပ် အရင်းအမြစ်တွေ (အချိန်နဲ့ ငွေကြေး) ထပ်မံမသုံးစွဲတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဖော်ပြထားသည်။ သို့သော်လည်း တရားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို တရားသူကြီးက လက်မှတ်ရေးထိုး အတည်ပြုပေးရန် လိုအပ်နေသေးသည်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင် တရားရေးဝန်ကြီးဌာနက စတင်တရားစွဲဆိုခဲ့သည့် ဤအမှု၌ အဒါနီသည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ၏ နစ်နာမှုဖြင့် နေရောင်ခြည်စွမ်းအင် ကန်ထရိုက်များရရှိရန် အရာရှိများကို လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုစဉ်က နယူးယောက်အရှေ့ပိုင်းခရိုင် အမေရိကန်အစိုးရရှေ့နေ ဘရီယွန် ပိစ် (Breon Peace) က "တရားခံတွေဟာ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ကန်ထရိုက်တွေ ရရှိဖို့အတွက် အိန္ဒိယအစိုးရအရာရှိတွေကို လာဘ်ထိုးဖို့ စနစ်တကျ အစီအစဉ်ဆွဲခဲ့ကြပြီး ဂေါတမ် အက်စ် အဒါနီ၊ ဆာဂါ အာ အဒါနီ နဲ့ ဗနီးတ် အက်စ် ဂျိန်း တို့ဟာ အမေရိကန်နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ရန်ပုံငွေ ရှာဖွေတဲ့အခါမှာ ဒီလာဘ်ထိုးမှု အစီအစဉ်နဲ့ ပတ်သက်ပြီး လိမ်လည်ပြောဆိုခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။ အဒါနီ ဂရင်း အင်နာဂျီ (Adani Green Energy) ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့် ကန်ထရိုက်ကို ရရှိရန်အတွက် အရာရှိများကို လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ အဒါနီသည် မိမိကုမ္ပဏီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ မမှန်မကန် ပြောဆိုကာ ရင်းနှီးမြှုပ်နှံသူများကို လှည့်ဖြားခဲ့သည်ဟု ဆိုသည်။ ထိုသို့ လှည့်ဖြားမှုများ ပြုလုပ်ပြီး စွပ်စွဲခံရသူများနှင့် ၎င်း၏ ပူးပေါင်းကြံစည်သူများသည် ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရန်ပုံငွေ ရှာဖွေခဲ့ကြကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ အစိုးရက အမှုကို ရုပ်သိမ်းလိုက်ခြင်းသည် အဒါနီ၏ ရှေ့နေအဖွဲ့တွင် မကြာသေးမီက အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Bloomberg ဘီလျံနာညွှန်းကိန်းအရ ခန့်မှန်းခြေ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၈ ဘီလီယံဖြင့် ကမ္ဘာ့ ၁၇ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အဒါနီသည် ၎င်း၏ ရှေ့နေအဖွဲ့တွင် ရောဘတ် ဂျေ ဂျူးဖရာ ဂျူနီယာ (Robert J Giuffra Jr) ကို ခန့်အပ်ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က New York Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ၎င်းရှေ့နေသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာရှေ့နေများထဲမှ တစ်ဦးလည်း ဖြစ်နေသည်။ ရှေ့နေဖြစ်သူ ဂျူးဖရာ ဂျူနီယာ က အဒါနီအနေဖြင့် အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။ ထို့အပြင် ဘီလျံနာ အဒါနီအနေဖြင့် စွပ်စွဲချက်များကို ငြင်းဆိုထားကြောင်းကိုလည်း ရှေ့နေက ထပ်လောင်း အလေးအနက် ပြောကြားခဲ့သည်။ NOM

မလှိုင်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဝါးခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် မေ ၁၉၊ ၂
မလှိုင်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဝါးခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် မေ ၁၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဝါးခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း (၆၅) နှစ် သည် မေလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကာ ပြူကန်ကျေးရွာအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးကြည်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ NOM

မောတောင်မြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ် မေ ၁၉၊ ၂၀၂၆
+4
မောတောင်မြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ် မေ ၁၉၊ ၂၀၂၆

ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား NOM၊မေ၁၉၊၂၀၂၆ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အောင်နန်းရပ်ကွက်၊နယ်မြေ ၁၂ တွင် ယနေ့ (မေ ၁
ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား NOM၊မေ၁၉၊၂၀၂၆ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အောင်နန်းရပ်ကွက်၊နယ်မြေ ၁၂ တွင် ယနေ့ (မေ ၁၉ ရက်)နံနက်၈နာရီခန့်က နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ််ဦးစီးဌာနမှထုတ်ပြန်ထားသည်။ "အပေါ်ထပ်မှာ တပ်ထားတဲ့ ပန်ကာအပူလွန်ပြီး ဘေးက ထရံကိုပါ မီးကူးစက်လောင်တာပေါ့။အပေါ်ထပ် တစ်ထပ်လောင်သွားတာ။လူထိခိုက်မှုတော့မရှိဘူး"ဟုကချင် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှုမှာ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များသို့မီးကူးစက်ခြင်းမရှိကြောင်း၊အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အနေဖြင့် ခန့်မှန်း ကျပ် သိန်း ၃၀ ခန့်ရှိ‌ကြောင်း သိရသည်။

မန္တလေးမြို့တော်ခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး မေ ၁၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီးအစိုးရအဖ
+1
မန္တလေးမြို့တော်ခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး    မေ  ၁၉၊ ၂၀၂၆   မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။   ‌ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားရာ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့်ဖြစ်ပွားနိုင်ပြီး လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့အပြင် မိမိသားသမီး၊ ဆွေမျိုး နီးစပ်ရာကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့ကလည်း အဂတိလိုက်စားမှု ပုံစံများဖြစ်ပါကြောင်း၊  အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ပြီး တွန်းလှန်တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး လက်တွဲညီညီပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ကြရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောတာဝန်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အစိုးရဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်လည်း ပါဝင်ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် ကျင့်ဝတ်စည်းကမ်းနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကောင်းအောင် ကြိုးစားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။   ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောကြပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။   အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ စုစုပေါင်း ၁၆၇ ဦး တက်ရောက်ကြသည်။   ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန် ခေါင်းဆောင်၍ မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမေရိကန် အထက်လွှတ်တော်အမတ် ခရစ်မာဖီ က လောင်စာဆီနှင့် စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းသည် အမေရိကန် မိသားစုများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။ ၎င်းက ကုန်ကျစရိတ်များ မြင့်တက်လာရခြင်းမှာ ဒေါ်နယ်ထရမ့် ၏ အနောက်အာရှ (အရှေ့အလယ်ပိုင်း) မူဝါဒကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် “မိမိအလိုအလျောက်ရွေးချယ်ခဲ့သော စစ်ပွဲ” (War Of Choice) ကို အဆုံးသတ်ရန် တောင်းဆိုလိုက်သည်။ NOM

မွန်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်
+1
မွန်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်   မေ ၁၉၊ ၂၀၂၆   စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် အရာရှိများ၊ ပြည်သူ့စစ်မှုထမ်းစစ်သည်များ တက်ရောက်သည်။   ဦးစွာ အခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းစစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လက်မှတ်နှင့်ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။   ထို့နောက် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းကလည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းစစ်သည် (၃) ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် (၃) ဦးအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ကလည်းကောင်း လက်မှတ်နှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။   မွန်ပြည်နယ်၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေး၊ ကျန်းမာရေး၊ သင်ကြားရေးစတဲ့ကိစ္စရပ်များ အဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်ပေးရမှာဖြစ်ပြီး ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာဌာနများအားလုံးပူးပေါင်းမှသာ ကလေးများရဲ့ပညာရေးကို ဆက်လက်မြှင့်တင်နိုင်မှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေး၊ ဘေးကင်းလုံခြုံစွာပညာသင်ကြားခွင့်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။   ထို့နောက် ပြည်နယ်ပညာရေးမှူးမှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်ပညာရေးမှူးများက စာသင်ကျောင်းများ ဖွင့်လှစ်မည့်အခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။   ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဂျာမန် ဆယ်ကျော်သက်တစ်ဦး အစိုးရထံမှ တရားစွဲဆိုစာ လက်ခံရရှိမှုအား အင်တာနက်ပေါ်တွင် ထုတ်ဖော်ပြသ အင်တာနက်လိုင်း နှေးကွေးမှုနှင့်
+1
ဂျာမန် ဆယ်ကျော်သက်တစ်ဦး အစိုးရထံမှ တရားစွဲဆိုစာ လက်ခံရရှိမှုအား အင်တာနက်ပေါ်တွင် ထုတ်ဖော်ပြသ အင်တာနက်လိုင်း နှေးကွေးမှုနှင့် ပတ်သက်၍ ဂျာမန်အဓိပတိ အိုလက်ဖ် ရှောလ်ဇ် အား ဝေဖန်သည့် ပို့စ်ကို ဆယ်ကျော်သက်တစ်ဦးက X (ယခင်တွစ်တာ) တွင်တင်ခဲ့ တာဝန်ရှိသူများက 'နိုင်ငံရေးသမားတစ်ဦးအား စော်ကား နစ်နာစေမှု' ဖြင့် အဆိုပါဆယ်ကျော်သက်အား ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်မှုများ စတင်ခဲ့ ၎င်းက အဆိုပါပို့စ်ကို ပြန်လည်ဖျက်သိမ်းလိုက်ပြီးနောက် တာဝန်ရှိသူများက အမှုပိတ်မ်းခဲ့သော်လည်း ၎င်းရရှိခဲ့သည့် မူရင်းတရားစွဲဆိုစာကို အင်တာနက်ပေါ်တွင် ပြန်လည်ထုတ်ဖော်ပြသခဲ့ NOM

အာဏာပိုင်များက ဂျာနယ်လစ်များနှင့် ရုပ်သံသတင်းဌာနများကိုလည်း ရွေးကောက်ပွဲ သတင်းတင်ဆက်မှုတွေမှာ အီမရန်ခန်းရဲ့ ပါတီအကြောင်း ထည့်သွင်းပြောဆိုခြင်း မပြုရန် အမိန့်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ အဲလစ် ဂျေးလ် အက်ဒဝပ်စ် (Alice Jill Edwards) က အီမရန်ခန်းကို ထောင်သွင်းအကျဉ်းချထားတဲ့ အခြေအနေဟာ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် လူမဆန်စွာ နှိမ့်ချဆက်ဆံမှု မြောက်နေကြောင်း သတိပေးခဲ့ပါတယ်။ အက်ဒဝပ်စ်ရဲ့ ပြောကြားချက်အရ အီမရန်ခန်းကို သဘာဝအလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းကောင်းမရတဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ အချိန်အတော်ကြာ တစ်ဦးတည်း သီးသန့်ပိတ်လှောင်ထားကြောင်း သိရပါတယ်။ လေဝင်လေထွက် မကောင်းတာကြောင့် အနံ့အသက်ဆိုးများနှင့် ပိုးမွှားပြဿနာများ ဖြစ်ပွားကာ အီမရန်ခန်းမှာ မူးဝေအော့အန်ခြင်းနှင့် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်းတို့ကို ခံစားနေရပါတယ်။ အသက် ၇၂ နှစ်အရွယ် ခရစ်ကက် ကစားသမားဟောင်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းဟာ ၂၀၁၃ ခုနှစ်မှာ မတော်တဆမှုကြောင့် ပြင်းထန်တဲ့ ခါးရိုးဒဏ်ရာနှင့် ၂၀၂၂ ခုနှစ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအတွင်း ရရှိခဲ့တဲ့ သေနတ်ဒဏ်ရာများ အပါအဝင် ကြီးမားတဲ့ ကျန်းမာရေး စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ NOM

အီမရန်ခန်းကို ရာထူးကနေ မဖယ်ရှားရင် 'အခြေအနေတွေ ခက်ခဲလာလိမ့်မယ်' လို့ အမေရိကန်က ပါကစ္စတန်ကို ပြောခဲ့ကြောင်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းများက ဖော်ပြ ပါကစ္စတန်ပိုင်နက်ထဲမှာ အမေရိကန် မောင်းသူမဲ့ဒရုန်းအခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေ (CIA) ကို ခွင့်ပြုရန် ငြင်းဆန်ခဲ့ပြီးနောက်ဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းကို ဖြုတ်ချတဲ့ အာဏာသိမ်းမှုမှာ ၎င်းတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း အမေရိကန်က နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရာထူးမှ ဖယ်ရှားရန် အမေရိကန် ထိပ်တန်းသံတမန်တစ်ဦးက အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း ပါကစ္စတန်ရဲ့ လျှို့ဝှက်သံတမန်ရေးရာ ကြေးနန်းစာတစ်စောင်က အတည်ပြုပေးလိုက်ပြီး အဆိုပါစာကို မေလ ၁၈ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ Drop Site News က ထုတ်ဖော်ပြသခဲ့တဲ့ အဆိုပါ ကြေးနန်းစာအရ ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်ဘက်နှင့် ဗဟိုအာရှရေးရာ လက်ထောက်အတွင်းရေးမှူး ဒေါ်နယ်လူး က ဝါရှင်တန်ဒီစီရှိ ပါကစ္စတန်သံအမတ်ကြီး အာဆတ် မာဂျစ်ခန်း (Asad Majeed Khan) ကို ပြောကြားရာမှာ အကယ်၍ ဝန်ကြီးချုပ်ဟောင်းကို လွှတ်တော်တွင်း အယုံအကြည်မရှိအဆိုဖြင့် ရာထူးမှ ဖယ်ရှားပေးမယ်ဆိုရင် "အရာအားလုံးကို ခွင့်လွှတ်ပေးမှာဖြစ်ကြောင်း" ပြောဆိုခဲ့ပါတယ်။ ရုရှားက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာပဲ အီမရန်ခန်းဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို သွားရောက်ခဲ့ပြီးနောက် အဆိုပါ ကြေးနန်းစာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက် နေ့စွဲပါရှိပြီး "လျှို့ဝှက် / ပြင်ပသို့ မဖြန့်ဝေရ" (Secret / No Circulation) ဟု သတ်မှတ်ထားသော အဆိုပါ ကြေးနန်းစာတွင် အီမရန်ခန်းနှင့် ပူတင်တို့ မော်စကို၌ တွေ့ဆုံမှုသည် ဝါရှင်တန်တွင် "ပြင်းထန်သော စိုးရိမ်ပူပန်မှု" ဖြစ်ပေါ်စေခဲ့ကြောင်း ဒေါ်နယ်လူးက ပြောကြားခဲ့သည်ဟု မှတ်တမ်းတင်ထားပါတယ်။ အစ္စလမာဘတ် (ပါကစ္စတန်အစိုးရ) ကမူ အီမရန်ခန်းရဲ့ မော်စကိုခရီးစဉ်ဟာ လပေါင်းများစွာကတည်းက ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ရုရှားရဲ့ အထူးစစ်ဆင်ရေးနဲ့ မသက်ဆိုင်ကြောင်း၊ ပါကစ္စတန်အနေနဲ့ စစ်ပွဲအပေါ် "ကြားနေ" မူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။ အဆိုပါ ကြေးနန်းစာထဲမှာ သံအမတ်ကြီး အာဆတ် မာဂျစ်ခန်းရဲ့ သုံးသပ်ချက်လည်း ပါဝင်ပြီး ဒေါ်နယ်လူးဟာ ထိုသဝဏ်လွှာကို ပေးပို့ဖို့ အိမ်ဖြူတော်ရဲ့ အတည်ပြုချက်ကို ရရှိထားပုံရကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေါ်နယ်လူးရဲ့ ပြောကြားချက်တွေဟာ ပါကစ္စတန်ရဲ့ ပြည်တွင်းရေးကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။ ဒီလျှို့ဝှက်စာရွက်စာတမ်းကို ဝန်ကြီးချုပ်ရုံးအတွင်းရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီး၊ စစ်ဦးစီးချုပ်၊ ထောက်လှမ်းရေး (ISI) အကြီးအကဲနှင့် ရဲချုပ် (SSP) အပါအဝင် ပါကစ္စတန် ထိပ်တန်းတာဝန်ရှိသူ အသီးသီးထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ခြောက်ပတ်အကြာ ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာတော့ အီမရန်ခန်းဟာ လွှတ်တော်တွင်း ဖြုတ်ချခြင်း ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက အီမရန်ခန်းဟာ ဒီကြေးနန်းစာ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သူ့ကို ရာထူးက ဖယ်ရှားတာဟာ "အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရအပြောင်းအလဲ လုပ်ဆောင်မှု" ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အယုံအကြည်မရှိအဆိုဖြင့် အီမရန်ခန်းကို ဖယ်ရှားပြီးနောက်ပိုင်း ပါကစ္စတန်အစိုးရသစ်ဟာ ဝါရှင်တန်နဲ့ ဆက်ဆံရေး ပိုမို ရင်းနှီးလာခဲ့ပါတယ်။ ရာထူးကနေ မဖယ်ရှားခံရမီက အီမရန်ခန်းဟာ တိုက်ခိုက်မှုတွေနဲ့ လုပ်ကြံမှုတွေ ပြုလုပ်ဖို့အတွက် ပါကစ္စတန်ပိုင်နက်ထဲမှာ ဒရုန်းအခြေစိုက်စခန်းတွေ တည်ဆောက်မယ့် စီအိုင်အေရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အီမရန်ခန်း ဖယ်ရှားခံရပြီးနောက် ပါကစ္စတန်ဟာ အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာတွေနဲ့ တတိယနိုင်ငံ ကြားခံတွေကတစ်ဆင့် ယူကရိန်းထံ လက်နက်များ စတင်ထောက်ပံ့ပေးခဲ့ကြောင်း Drop Site News က ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ချေးငွေရရှိဖို့ အမေရိကန်ရဲ့ ထောက်ခံမှုဟာ အဆိုပါ လက်နက်တင်ပို့မှုတွေအပေါ် မူတည်နေခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ IMF က အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ချေးငွေကို အတည်ပြုပေးခဲ့ပါတယ်။ လက်ရှိတွင် အီမရန်ခန်းဟာ တရားရင်ဆိုင်ရမယ့် အမှုပေါင်း ၁၅၀ ကျော် ရင်ဆိုင်နေရပါတယ်။ သူဟာ ၂၀၂၃ ခုနှစ် မေလတွင် အစ္စလမာဘတ် တရားလွှတ်တော်ချုပ် အဆောက်အအုံအတွင်း၌ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာပဲ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ထိုရွေးကောက်ပွဲတွင် ၎င်းရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ "တရားမျှတမှုလှုပ်ရှားမှုပါတီ (PTI)" ကို ပါတီရဲ့ အမှတ်အသားဖြစ်တဲ့ ခရစ်ကက်ပုံသင်္ကေတ အသုံးပြုခွင့်ကိုပါ ပိတ်ပင်ခဲ့ပါတယ်။

photo content

တရုတ်သမ္မတ ရှီဟာ အမေရိကန်စစ်တပ်အပေါ် 'အံ့ဩမှင်သက်' ခဲ့ရတယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ နောက်ဆုံးထွက် စိတ်ကူးယဉ်ပုံပြင် ပြောကြားလိုက်ပါတယ်။ "သမ္မတ ရှီဟာ ကျွန်တော်တို့စစ်တပ်အပေါ် အရမ်းကို ချီးကျူးစကားပြောခဲ့ပါတယ်။ တကယ်တော့ သူဟာ ကျွန်တော်တို့စစ်တပ်ကို ကြည့်ပြီး အံ့ဩမှင်သက်သွားခဲ့တာပါ" လို့ 'စိတ်ဖောက်ပြန်နေတဲ့ ဒွန်' (ထရမ့်) က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံအတွင်းမှာ အမေရိကန် လေယာဉ်တွေ မီးလောင်ပျက်စီးနေတာ၊ ဟော်မုဇ်ရေလက်ကြားထဲကနေ အမေရိကန်ဖျက်သင်္ဘောတွေ ထွက်ပြေးနေရတာ၊ လေကြောင်းပြပွဲမှာ အမေရိကန်တိုက်လေယာဉ်တွေ ပျက်ကျနေတာတွေနဲ့ ထရမ့်တစ်ယောက် AI နဲ့လုပ်ထားတဲ့ စစ်ပွဲပုံရိပ် (War memes) တွေကို အွန်လိုင်းပေါ် လျှောက်ဖြန့်နေတာတွေကို တရုတ်နိုင်ငံက စောင့်ကြည့်နေတာပါ။ ဒီလို အစွမ်းအစမျိုးတွေအတွက်ဆိုရင် "အံ့ဩမှင်သက်တယ်" ဆိုတဲ့ စကားလုံးကတောင် နည်းလွန်းပါသေးတယ်။ NOM

ဒဏ်ရာရရှိထားသူတစ်ဦးကို ကူညီဖို့ ကြိုးပမ်းနေကြတဲ့ ပါလက်စတိုင်းလူမျိုးတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်း။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်အဖွဲအစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေ ၁၈၊ ၂
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်အဖွဲအစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေ ၁၈၊ ၂၀၂၆ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူငယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၉ နာရီက နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ တွေ့ဆုံသည်။ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိလူငယ်များအနေဖြင့် သမိုင်းကြောင်းအစဉ်အလာကောင်းမွန်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည် ယနေ့အခမ်းအနားတက်ရောက်လာကြသည့် အသင်းအဖွဲ့အစည်းများရှိ လူငယ်များတွင်လည်း တာဝန်ရှိပါကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့အစည်းများ၊ ပြည်သူများ ယခုထက်ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းပြင်ပလူငယ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျောင်းနေလူငယ်များ အသိပညာ၊ အတတ်ပညာ ပိုမိုပြည့်စုံလာစေရေး၊ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းအကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင်များက ပူတာအိုမြို ဖုန်ကန်
ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင်များက ပူတာအိုမြို ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံ ရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း မေ ၁၈၊ ၂၀၂၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာ သိရှိနားလည်ရေး တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအပေါ် သုံးသပ်ရှင်းလင်းသည်။ အဆိုပါ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲများကို ပူတာအိုမြို့တွင် တိုင်းခမ်းတီနှင့် ဂျိန်ဖော့မျိုးနွယ်စုများ၊ မချမ်းဘောမြို့တို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မေလ ၁၉ ရက်နေ့၌ နိုင်ငံတော်၏ သဘောထားအမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူ အမျိုးသား/အမျိ
+8
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မေလ ၁၉ ရက်နေ့၌ နိုင်ငံတော်၏ သဘောထားအမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူ အမျိုးသား/အမျိုးသမီးစုစုပေါင်း ၃၁၂ ဦးအား မိဘများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနား ကျင်းပပြုလုပ်

ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲရန် အီရန်နိုင်ငံက အသစ်ဖွဲ့စည်းလိုက်သော ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) သည် ၎င
ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲရန် အီရန်နိုင်ငံက အသစ်ဖွဲ့စည်းလိုက်သော ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) သည် ၎င်းတို့၏ တရားဝင် X (Twitter) အကောင့်ကို စတင်ဖွင့်လှစ်လိုက်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။ PGSA အဖွဲ့သည် ဟော်မုဇ်ရေလက်ကြားအတွင်း လုပ်ငန်းလည်ပတ်မှုများနှင့် နောက်ဆုံးရဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဟု ကတိပြုထားသည်။ NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား တစ် ဦး ထပ်မံဖော်ထုတ်ထိ
+1
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား တစ် ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ မေ ၁၈၊ ၂၀၂၆